← Chapters

အခန်း ၉၀၁

Vol. 61 Ch. 901

အခန်း ၉၀၁

Vol. 61 Ch. 901

အခန်း (၉၀၁) ကောင်းကင်နှင့် မြေကြီး၏ နိယာမ။ ဒုတိယ ကောင်းကင်ဘုံ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်။ (၁)

ရှီကျင့်ထျန်းက ပြင်းထန်သော ကတိသစ္စာပြုလိုက်သည်ကို မြင်သောအခါ လီစုန့်က အတင်းလုပ်ပြုံးကာ တောင်းပန်လိုက်သည်။ "ကျောက်တုံးဘုရင်... ခုနက ကျွန်တော် ဒီလိုလုပ်ခဲ့ရတာက တခြားနည်းလမ်းမရှိလို့ပါ။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို မယုံလို့ မဟုတ်ပါဘူး။ စိတ်ထဲ မထားပါနဲ့ခင်ဗျာ"

ထိုသို့ပြောရင်း လီစုန့်သည် နတ်ဘုရားမျိုးစေ့ နှစ်ခုကို ရှီကျင့်ထျန်းထံသို့ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကမ်းပေးလိုက်သည်။ သူ၏ မိသားစု ဆက်လက်ရှင်သန်နိုင်ရေးအတွက် ရှီကျင့်ထျန်းကဲ့သို့ ကြောက်စရာကောင်းသူ၏ ရှေ့တွင် ဒူးထောက် အလျှော့ပေးရန်မှတစ်ပါး အခြားနည်းလမ်း မရှိပေ။

ရှီကျင့်ထျန်းသည် နတ်ဘုရားမျိုးစေ့ နှစ်ခုကို လက်ခံယူကာ သေချာစွာ စစ်ဆေးပြီးနောက် ခါးရှိ ရတနာသိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူက ခပ်ဖွဖွ ရယ်မောရင်း လီစုန့်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ငါက ပြောတဲ့အတိုင်း လုပ်တဲ့သူပါ"

"ဟင်…. မင်း..."

သို့သော် လီစုန့်၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး နောက်သို့ ယိုင်နဲ့သွားတော့သည်။ ရှီကျင့်ထျန်း၏ လက်ဖဝါးမှ စွမ်းအင်တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေပြီး စွမ်းအင်အနည်းငယ်မျှပင် မထုတ်ဖော်နိုင်အောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ရှီကျင့်ထျန်း၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားပြီး အလွန်အေးစက်လာသည်။ "လီစုန့်... မင်း အသက်ရှင်ခဲ့တဲ့ နှစ်တွေက အလကားပဲ။ မင်း တကယ်ကို ရိုးအတာပဲ။ ငါ ပြင်းပြင်းထန်ထန် ကျိန်တော့ရော ဘာဖြစ်လဲ။ အဲဒီကတိကို ငါဖောက်ဖျက်တော့ရော ဘာဖြစ်လဲ။ ကောင်းကင်ဘုံကတောင် ငါ့ကို အပြစ်ပေးနိုင်မှာ မဟုတ်ဘူး။"

လီစုန့် ရင်ထဲတွင် အေးစိမ့်သွားတော့သည်။ ပြင်းထန်သော ကတိသစ္စာ ဆိုသည်မှာ ကိုယ်ကျင့်တရား ရှိသူများအပေါ်တွင်သာ သက်ရောက်မှု ရှိခြင်း ဖြစ်သည်။ ယန်မိသားစု ဘိုးဘေးကဲ့သို့သော သူများအတွက်မူ ကတိဖောက်ဖျက်လျှင် စိတ်အတွင်း၌ နတ်ဆိုးများ ဝင်ရောက်နိုင်သော်လည်း ရှီကျင့်ထျန်းကဲ့သို့သော သူအတွက်မူ ကတိဖောက်ဖျက်ခြင်းမှာ ဘာမှ မဟုတ်ပေ။ သူ့အပေါ်တွင် မည်သည့် အချုပ်အနှောင်မှ ရှိမနေပေ။

လူတစ်ယောက်သည် ကိုယ်ကျင့်တရား ကင်းမဲ့လေလေ ပို၍ ရက်စက်စွာ လုပ်ဆောင်နိုင်လေလေ ဖြစ်သည်။ ဒါက ထုံးစံပင်ဖြစ်သည်။

အခြားသူများ၏ သွေးမျိုးဆက် စွမ်းအားများကို အတင်းအဓမ္မ လုယူစားသုံးတတ်သော ရှီမိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် ရှီကျင့်ထျန်းသည် အင်အားအကြီးဆုံးသူသာ အမှန်တရား ဖြစ်သည်ဟု ယုံကြည်ထားသူ ဖြစ်သည်။

လီစုန့်ကတော့ နှုတ်ဆိတ်နေလျက် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ 'ဘိုးဘေးတို့... ကျွန်တော် တောင်းပန်ပါတယ်။ လီမိသားစုရဲ့ မျိုးဆက်က ကျွန်တော့်လက်ထဲမှာပဲ နိဂုံးချုပ်သွားရတော့မယ် ထင်ပါတယ်...'

'ကောင်းပြီ။ ဒီကျောက်တုံးကို ရွှေဖြစ်စေတဲ့ နတ်ဘုရားမျိုးစေ့နဲ့ဆိုရင် ငါ့ရဲ့ တောင်ကြီး စစ်ခန္ဓာကိုယ်ကို အထွတ်အထိပ်အထိ ကျင့်ကြံပြီးတာနဲ့ နတ်ဘုရားမျိုးစေ့တွေက အလိုအလျောက် ပေါ်လာလိမ့်မယ်။ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ နတ်ဘုရားမျိုးစေ့တွေကိုတောင် မလိုတော့ဘူး။ ဒီနတ်ဘုရားမျိုးစေ့ကို ငါသန့်စင်ပြီးရင် တတိယကောင်းကင်ဘုံ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်အထိ ရောက်နိုင်ပြီး နတ်ဘုရားခန္ဓာကို ကျင့်ကြံနိုင်ဖို့ နီးစပ်သွားပြီ။'

ရှီကျင့်ထျန်းသည် စိတ်ထဲတွင် အလွန် ကျေနပ်နေမိသည်။ ကျောက်ဝါ ဘိုးဘေး၏ နတ်ဘုရားမျိုးစေ့မှာ သူကျင့်ကြံသော ပညာရပ်နှင့် အလွန်ကိုက်ညီသဖြင့် သူ၏ တတိယမြောက် နတ်ဘုရားစွမ်းရည်အဖြစ် အသင့်တော်ဆုံးပင် ဖြစ်သည်။

"ဟင်"

သို့သော် ရှီကျင့်ထျန်း၏ မျက်နှာမှာ ရုတ်တရက် လေးနက်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ နန်းတော်အတွင်းသို့ လျှောက်လှမ်းလာသော အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

"တာ့ဝူဖုန်း"

ရှီကျင့်ထျန်းက မျက်လုံးကို မှေးကာ ထိုလူငယ်က မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုက်သည်။ ထိုသူမှာ စူးချန်ခုန်းပင် ဖြစ်သည်။

စူးချန်ခုန်းသည် ကျောက်ဝါ ကောင်းကင်ဂူနန်းအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာခြင်း ဖြစ်သည်။ ရှီကျင့်ထျန်းသည် ဤနေရာကို တစ်ကြိမ် ရှင်းလင်းပြီးဖြစ်ရာ အသေးအဖွဲ ပစ္စည်းအချို့သာ ကျန်ခဲ့သဖြင့် စူးချန်ခုန်းသည် ခရီးကို အရှိန်မြှင့်ခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီကမှ သူသည် နတ်ဘုရားမျိုးစေ့၏ အရှိန်အဝါကို ခံစားမိသဖြင့် ဤနေရာသို့ လိုက်လာခဲ့ခြင်း ဖြစ်သည်။

"ရှီကျင့်ထျန်း... လီစုန့်..."

စူးချန်ခုန်းသည် ခန်းမကြီးအတွင်း၌ သူတို့နှစ်ဦးကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် လီစုန့်၏ အခြေအနေက သိပ်မကောင်းပေ။ သူ၏ အရေပြားမှာ မီးခိုးရောင်သို့ ပြောင်းလဲနေပြီး ခန္ဓာကိုယ်ပေါ်တွင် ကျောက်သားလွှာများ ဖုံးအုပ်လာနေရာ ကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲတော့မည့် ပုံစံရှိသည်။

"ဆရာစူးလား။ ဆရာစူး ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

စူးချန်ခုန်း ရောက်လာသည်ကို မြင်သောအခါ လီစုန့်လည်း မှင်တက်သွားပြီး စူးချန်ခုန်း ဘာကြောင့် ဤနေရာသို့ ရောက်လာသည်ကို မသိနိုင်ဘဲ ဖြစ်နေသည်။

"လီကျန့်ကောင်းက ကျွန်တော့်ဆီ လာခဲ့လို့ပါ" ဟု စူးချန်ခုန်းက အကျိုးအကြောင်း ရှင်းပြလိုက်ရာ လီစုန့်သည် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားတော့သည်။ လီကျန့်ကောင်းသည် စာပေနိဗ္ဗာန်ဘုံမှ လွတ်မြောက်သွားပြီး လီမိသားစုအတွက် စိုးရိမ်သဖြင့် မဟာမီးလျှံအင်ပါယာသို့ သွားကာ စူးချန်ခုန်းကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

"တာ့ဝူဖုန်း... ငါတို့ မတွေ့တာ တစ်နှစ်ကျော်ပြီ။ အဲဒီအချိန်အတွင်းမှာ မင်း တော်တော် တိုးတက်လာတဲ့ပုံပဲ"

ရှီကျင့်ထျန်းသည် စူးချန်ခုန်းကို မျက်လုံးကို မှေး၍ ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။ သူသည် စူးချန်ခုန်းကို မှန်ကောင်းကင်ဘုံကမ္ဘာတွင် တွေ့ခဲ့ဖူးသဖြင့် တစ်ချက်ကြည့်ရုံနှင့် မှတ်မိသည်။ ထို့အပြင် စူးချန်ခုန်းသည်လည်း သူ့ကဲ့သို့ပင် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ တက်လှမ်းထားပြီဖြစ်ကြောင်း သူ အာရုံခံမိသည်။

"ရှီကျင့်ထျန်း... ဒါ ကျွန်တော်တို့ ဒုတိယအကြိမ် တွေ့တာပဲ" စူးချန်ခုန်းကလည်း ပြန်ပြောလိုက်သည်။ ရှီကျင့်ထျန်း၏ အရှိန်အဝါမှာ ဝေ့ရှန့်ရှင်းကဲ့သို့ နတ်ဘုရားမျိုးစေ့ကို သန့်စင်ပြီးမှ သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်လာသူများနှင့် မတူဘဲ အလွန်ပင် ထူးကဲပြင်းထန်ကြောင်း သူ သတိပြုမိသည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ"

ရှီကျင့်ထျန်းက တိုက်ရိုက်ပင် မေးလိုက်သည်။ စူးချန်ခုန်း ဤနေရာကို ရှာတွေ့သည်ဆိုလျှင် သူ၏ ရှီမိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သူ သိလေသည်။

"လီမိသားစုနဲ့ ကျွန်တော့်မှာ ရန်ငြိုးဟောင်းတွေ မရှိသလို သူတို့ကလည်း ခင်ဗျားကို ရန်မမူခဲ့ပါဘူး။ ဘာလို့ ဒီလောက်အထိ ရက်စက်နေရတာလဲ။ ကျွန်တော့်မျက်နှာကို ထောက်ထားပြီး လီမိသားစုကို နောက်ထပ် ဒုက္ခမပေးပါနဲ့လို့ တောင်းဆိုချင်ပါတယ်"

စူးချန်ခုန်းက သူ လာရခြင်း၏ အကြောင်းရင်းကို လေးလေးနက်နက် ပြောပြလိုက်သည်။ ထိုစကားကို ကြားသောအခါ ရှီကျင့်ထျန်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။ "တာ့ဝူဖုန်း... ငါ့ရဲ့ ရှီမိသားစုနဲ့ လီမိသားစုရဲ့ ဘိုးဘေးတွေကြားမှာ ရန်ငြိုးဟောင်းတွေ ရှိတယ်။ ဒါက ငါတို့ရဲ့ ကိစ္စပဲ။ ငါ မင်းနဲ့ ထိပ်တိုက်မတွေ့ချင်ဘူး။ ဒါပေမဲ့ မင်းလည်း တခြားသူကိစ္စထဲ ဝင်မပါရင် ပိုကောင်းမယ်"

ရှီကျင့်ထျန်းသည် လီမိသားစုကို အဘယ်ကြောင့် လွှတ်ပေးပါမည်နည်း။ နောင်တစ်ချိန်တွင် ရန်သူပြန်ဖြစ်လာမည်ကို ကာကွယ်ရန်အတွက်သာမက လီစုန့်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားမျိုးစေ့ကို ရယူရန်အတွက်ပါ သူသည် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ စူးချန်ခုန်း၏ စကားအနည်းငယ်နှင့် သူ၏ အစီအစဉ်ကို ဖျက်သိမ်းရန် အစီအစဉ်မရှိပေ။

"ခင်ဗျား တကယ်ပဲ လီမိသားစုကို လွှတ်မပေးနိုင်ဘူးလား။ သူတို့က ခင်ဗျားအတွက် ဘာခြိမ်းခြောက်မှုမှ မရှိပါဘူး" စူးချန်ခုန်းက မျက်မှောင်ကြုတ်လိုက်သည်။

ရှီကျင့်ထျန်းက လက်ကို နောက်ပစ်ကာ အေးစက်စွာ ဆိုလေ၏။ "ခြိမ်းခြောက်မှုဆိုတာ... သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ အမြစ်ကနေ သုတ်သင်ရမယ်။"

စူးချန်ခုန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ရှီကျင့်ထျန်းကို တိုက်ရိုက်ကြည့်ကာ သူ၏ မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အရောင်များ လက်ကနဲ ပေါ်လာသည်။ "ရှီကျင့်ထျန်း... ပွင့်ပွင့်လင်းလင်း ပြောရရင် ရှီပုဖော အပါအဝင် ရှီမိသားစုဝင် ဒါဇင်ပေါင်းများစွာက ကျွန်တော့်လက်ချက်နဲ့ သေခဲ့ရတာ။ ခင်ဗျားရဲ့ သဘောတရားအရဆိုရင် ခြိမ်းခြောက်မှုမှန်သမျှကို အမြစ်ဖြတ်ရမယ်ဆိုတော့... ကျွန်တော်ကလည်း ခင်ဗျားရဲ့ သတ်ဖြတ်ရမယ့် စာရင်းထဲမှာ ပါနေမှာပဲ။ ခင်ဗျားက ဒီရန်ငြိုးတွေကို လက်လွှတ်ဖို့ ဆန္ဒမရှိဘူးဆိုရင်တော့... ကျွန်တော်လည်း ခင်ဗျားကို အမြစ်ဖြတ်ပစ်ဖို့ကလွဲလို့ အခြားနည်းလမ်း မရှိတော့ဘူး။"

All Chapters