← Chapters

အခန်း ၉၀၉

Vol. 61 Ch. 909

အခန်း ၉၀၉

Vol. 61 Ch. 909

အခန်း (၉၀၉) ကျောက်တုံးကို ရွှေဖြစ်စေခြင်း။ မျိုးနွယ်စု တစ်ခုလုံး သုတ်သင်ခံရခြင်း။ (၁)

ရှီမိသားစုမှ သိုင်းပညာရှင် အားလုံးမှာ မျက်နှာများ ပျက်ယွင်းကာ ခေါင်းများကို ငုံ့ထားကြသည်။

'ဒီအသုံးမကျတဲ့ လီမိသားစုက... ဒီလောက် အစွမ်းထက်တဲ့ ရန်သူကို ခေါ်လာနိုင်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ကျောက်တုံးဘုရင်က တကယ်ပဲ သူ့လက်ထဲမှာ သေသွားတာလား'

ရှီမိသားစုဝင် အချို့မှာ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေကြသည်။ ယခင်က အရာအားလုံးမှာ အဆင်ပြေချောမွေ့နေခဲ့သော်လည်း တာ့ဝူဖုန်း ပေါ်လာခြင်းကြောင့် အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားခဲ့ရလေပြီ။ ယခုမူ တစ်ဖက်လူက သူတို့ကို လွှတ်ပေးရန် မျှော်လင့်ချက်ဖြင့် ခေါင်းငုံ့ကာ အညံ့ခံနေကြရသည်။

"လီမိသားစု ခေါင်းဆောင်... ခင်ဗျား ဘယ်လိုထင်လဲ" စူးချန်ခုန်းက လီစုန့်နှင့် အခြားသူများ၏ သဘောထားကို မေးမြန်းလိုက်သည်။

"သူတို့ကို လွှတ်ပေးလို့ မဖြစ်ပါဘူး... ဒီရှီမိသားစုက လူတွေအားလုံးက ရက်စက်တဲ့ လူသတ်သမားတွေပဲ။"

"ကျွန်တော့်အဖေက... သူတို့လက်ချက်နဲ့ သေခဲ့ရတာ။ သူတို့ကို လွှတ်မပေးနိုင်ဘူး။"

လီမိသားစု တပည့်များမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။ ရှီမိသားစု ကျူးကျော်လာစဉ်က သူတို့အားလုံးကို ကျောက်ရုပ်များအဖြစ် ပြောင်းလဲခဲ့ရုံတင်မက လီစုန့်ကို အညံ့ခံစေရန် သူတို့၏ ဆွေမျိုးသားချင်းများကို သူတို့မျက်စိရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများပင် မအေးသေးမီ ရှီမိသားစုကို ခွင့်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။

လီစုန့်သည်လည်း ရှီမိသားစုကို မုန်းတီးနေပြီး အမှန်အတိုင်း ပြောလိုက်သည်။ "ကျွန်တော်တို့ လီမိသားစုဟာ ရှီမိသားစုကို မလွှတ်ပေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လည်း ကျွန်တော်တို့ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်လို့ပါပဲ... ဒါပေမဲ့ ဒါက အကြီးအကဲတာ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်"

လီစုန့်သည် သဘောထားကြီးပြီး တိုက်ခိုက်သတ်ဖြတ်ခြင်းကို မနှစ်သက်သော်လည်း သူက လူအမဟုတ်ပေ။ ရှီကျင့်ထျန်း သေဆုံးသွားပြီဖြစ်ရာ ရှီမိသားစုနှင့် သူတို့မှာ မပြေလည်နိုင်သော ရန်ငြိုးများ ဖြစ်ပေါ်သွားပြီ ဖြစ်သည်။ အကယ်၍ ရှီမိသားစုတွင် ယခု အင်အားမရှိလျှင် ငြိမ်နေကြမည်ဖြစ်သော်လည်း နောင်တစ်ချိန်တွင် သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ထွက်ပေါ်လာလျှင် သို့မဟုတ် စူးချန်ခုန်း ကွယ်လွန်သွားလျှင် သူတို့သည် လီမိသားစုကို လက်စားချေကြမည်မှာ သေချာပါသည်။ သူတို့မျိုးဆက်များသည် ဤရန်ငြိုးကို မည်သည့်အခါမျှ မေ့ပျောက်ကြလိမ့်မည် မဟုတ်ပေ။

သို့သော် လီစုန့်သည် စူးချန်ခုန်းကသာ ဤကိစ္စကို ဆုံးဖြတ်ရန် ထိုက်တန်သူဖြစ်ကြောင်း ခံစားမိသည်။

စူးချန်ခုန်းက ခပ်ထွားထွား ခန္ဓာကိုယ်နှင့် အကြီးအကဲကို ကြည့်ကာ အေးတိအေးစက် ပြောလိုက်သည်။ "ခင်ဗျားတို့ ရှီမိသားစုက ဆုတ်ယုတ်နေတဲ့ မျိုးရိုးမြင့် မျိုးနွယ်စုတွေကို ဖျက်ဆီးပြီး တခြားမိသားစုတွေရဲ့ သွေးမျိုးဆက် စွမ်းအားတွေကို စုပ်ယူခဲ့ကြတယ်။ ဒါကြောင့်လည်း ခင်ဗျားတို့ မိသားစုမှာ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒါဟာ ဘေးဒုက္ခရဲ့ အစပဲဆိုတာ ခင်ဗျားတို့ ကြိုသိထားသင့်တယ်။ ကျွန်တော်က သဘောထားကြီးတဲ့သူလို့ နာမည်ကြီးပေမဲ့... ကျွန်တော့်ရဲ့ ရန်သူတွေကိုတော့ ဘယ်တော့မှ မညှာတာတတ်ဘူး။"

စူးချန်ခုန်းသည် ရှီမိသားစု၏ လက်စားချေမှုကို မကြောက်သော်လည်း လီမိသားစုနှင့် ဝိညာဉ်လမ်းစဉ်ဂိုဏ်း အတွက် စိုးရိမ်ရသည်။ ကျူပင်ခုတ် ကျူငုတ်ပါ မကျန်အောင် မသုတ်သင်လျှင် ဘေးဒုက္ခကို ဖိတ်ခေါ်နေသကဲ့သို့ပင်။

"တာ့ဝူဖုန်း... အသေဆိုးနဲ့သေပါစေ" ထိုအကြီးအကဲမှာ တစ်ဖက်လူက သူတို့ကို လွှတ်ပေးမည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် ရူးသွပ်စွာ အော်ဟစ်ဆဲဆိုကာ စူးချန်ခုန်းကို တိုက်ခိုက်ရန် ပြေးဝင်လာသည်။

"ဖယ်စမ်း" လီကျန့်ကောင်းက လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းလိုက်ရာ စွမ်းအင်များ ပိတ်ဆို့ခံထားရသော အကြီးအကဲမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။

ကျန်ရှိသော ရှီမိသားစုဝင်များကို ဂရုမစိုက်တော့ဘဲ စူးချန်ခုန်းက လီစုန့်ကို ပြောလိုက်သည်။ "လီမိသားစု ခေါင်းဆောင်... ရှီမိသားစုကို ဒီအတိုင်း ထားခဲ့တာဟာ ဘေးဒုက္ခတစ်ခုပဲ။ ကျွန်တော်ကတော့ မကြောက်ပေမဲ့ အမြစ်ပါ မကျန်အောင် မသုတ်သင်တာက အမှားတစ်ခုပဲ။ ကျွန်တော် ခင်ဗျားတို့နဲ့အတူ ကျောက်တုံးတောင်ကို လိုက်ခဲ့မယ်"

"ကျေးဇူးတင်ပါတယ် အကြီးအကဲတာ့" လီစုန့်မှာ အတိုင်းမသိ ဝမ်းသာသွားရသည်။ ယခုအခါ ရန်သူဖြစ်သွားပြီဖြစ်ရာ ရှီမိသားစုကို အမြစ်ပြတ် သုတ်သင်မှသာ သူတို့ လီမိသားစု နောင်ရေးအတွက် စိတ်အေးရပေလိမ့်မည်။ ရန်သူအပေါ် ညှာတာခြင်းမှာ မိုက်မဲမှု၏ အစပင်။

ကျောက်တုံးတောင်သည် ရှီမိသားစု၏ ဘိုးဘွားပိုင်မြေ ဖြစ်သည်။ ၎င်းမှာ တကယ့် ကောင်းကင်ဂူနန်းအဆင့် မဟုတ်သော်လည်း ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နေရာဖြစ်ပြီး ရှီမိသားစုမှ ထူးချွန်သူများသာ ကျင့်ကြံခွင့်ရသည့် နေရာဖြစ်သည်။ စူးချန်ခုန်းသည် ရှီမိသားစု၏ အမြစ်ကို အပြီးတိုင် ရှင်းလင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

'ရှီမိသားစု... အဆုံးသတ်သွားပြီပဲ' ရှီမိသားစုဝင်များ၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုနှင့် အေးစိမ့်မှုများ ခံစားလိုက်ရသည်။ ခေတ်ကာလများ ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခင်က သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးရှိသော မိသားစုမှာ စိတ်ကြိုက် လုပ်နိုင်ခဲ့သော်လည်း ယခုအခါ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးပင်လျှင် ဆင်ခြင်တုံတရားမဲ့စွာ ပြုမူပါက မိသားစုတစ်ခုလုံးကို ဘေးဒုက္ခ ဆိုက်စေနိုင်သည် မဟုတ်ပါလား။

စူးချန်ခုန်းနှင့် လီမိသားစုဝင်များသည် ခေတ္တအနားယူပြီးနောက် ဝူကျိအင်ပါယာရှိ ကျောက်တုံးတောင်ဆီသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာလာခဲ့ကြသည်။ နှစ်ရက်အကြာတွင် စူးချန်ခုန်းနှင့် လီမိသားစု လူငယ်များသည် ထိုနေရာသို့ ရောက်ရှိလာကြသည်။ အပြင်ပန်းကြည့်လျှင် သာမန်တောင်တန်းတစ်ခုဟု ထင်ရသော်လည်း စူးချန်ခုန်းမှာ ဟင်းလင်းပြင်အတွင်း၌ သီးခြားတည်ရှိနေသော ကောင်းကင်ဂူနန်းနှင့် ဆင်တူသည့် နေရာလွတ်တစ်ခုကို အာရုံခံမိနေသည်။

စူးချန်ခုန်းက လီစုန့်ကို မေးလိုက်သည်။ "လီမိသားစု ခေါင်းဆောင်... ကျောက်တုံးတောင်ဆီကို သွားတဲ့ လမ်းကို ဖွင့်နိုင်မလား"

သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ဖန်တီးထားသော အခြေစိုက်စခန်းအတွင်းသို့ အပြင်လူများ ဝင်ရောက်ရန်မှာ အလွန်ခက်ခဲလှသည်။ ရှီမိသားစုဝင်များသည် ဘေးအန္တရာယ်ကို ရိပ်မိသဖြင့် ဝင်ပေါက်ကို ပိတ်၍ ကမ္ဘာကြီးမှ ဖုံးကွယ်ရန် ကြိုးစားနေပုံရသည်။ သို့သော် လီစုန့်သည် ကျောက်ဝါ ကောင်းကင်ဂူနန်းကိုပင် ဖွင့်နိုင်ခဲ့သူဖြစ်ရာ ဤနေရာကိုလည်း ဖွင့်နိုင်လိမ့်မည်ဟု စူးချန်ခုန်းက မျှော်လင့်ထားသည်။

"ဟုတ်ကဲ့... ကျွန်တော့်ကိုသာ အားကိုးလိုက်ပါ။ ကျွန်တော်တို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ပန်းချီကားကနေ အစစ်အမှန် ဖြစ်လာတဲ့ နတ်ဘုရားစွမ်းရည်ဟာ တိုက်ပွဲမှာ သိပ်မထူးခြားပေမဲ့ တခြားနေရာတွေမှာတော့ အသုံးဝင်ပါတယ်။ လမ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်ရုံနဲ့ ကျောက်တုံးတောင်ရဲ့ အတွင်းပိုင်းကို တိုက်ရိုက် ရောက်နိုင်ပါတယ်"

လီစုန့်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် စုတ်တံနှင့် မှင်ကို ထုတ်ယူကာ ဟင်းလင်းပြင်တွင် စတင်ရေးဆွဲလိုက်သည်။ သူ၏ စုတ်တံ လှုပ်ရှားလိုက်တိုင်း ဟင်းလင်းပြင်၌ တွန့်လိမ်နေသော လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာပြီး မကြာမီမှာပင် လူတစ်ယောက် ဖြတ်သန်းသွားလာနိုင်သော တည်ငြိမ်သည့် ဝင်ပေါက်တစ်ခု ဖြစ်ပေါ်လာတော့သည်။

All Chapters