← Chapters

အခန်း ၉၁၄

Vol. 61 Ch. 914

အခန်း ၉၁၄

Vol. 61 Ch. 914

အခန်း (၉၁၄) ဓားသွားဝိညာဉ်၏ အထွတ်အထိပ်။ မိစ္ဆာသားရဲတစ်ကောင် မွေးဖွားလာခြင်း။ (၃)

စူးချန်ခုန်းသည် ဝိညာဉ်၏ လျှို့ဝှက်ချက်များကို တိတ်တဆိတ် ဆင်ခြင်နေခဲ့သည်။ သူ၏ ပါရမီမှာ သာမန်အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်ရာ ထိုပိုမိုမြင့်မားသော နယ်ပယ်ကို ထိတွေ့နိုင်ပြီး အသွင်ပြောင်းမှုကို ပြည့်မြောက်စေနိုင်မည်ဟု သူ ယုံကြည်နေသည်။

စူးချန်ခုန်း ဝိညာဉ်နက်နဲမှုကို ရှာဖွေနေစဉ် ပြင်ပလောကကြီးမှာ ပုံမှန်အတိုင်းပင် လည်ပတ်နေသည်။ အဖြူရောင်ညနိုင်ငံသည် ဆယ်နိုင်ငံအတွင်း အောက်ဆုံးသုံးနိုင်ငံတွင် ပါဝင်ပြီး သမိုင်းအစဉ်အလာ သိပ်မနက်နဲသော်လည်း ပထဝီအနေအထား ကောင်းမွန်ကာ ရှုခင်းများ လှပသဖြင့် ပြည်သူများမှာ အေးချမ်းစွာ နေထိုင်ကြသည်။

ညလင်းမြို့တော်၏ ညဈေးတန်းမှာ မီးရောင်စုံများဖြင့် လှပနေပြီး လူအများဖြင့် စည်ကားနေသည်။ ထိုစည်ကားနေသော လမ်းမပေါ်တွင် လူနှစ်ဦးမှာ ထူးထူးခြားခြား ပေါ်လွင်နေသည်။ တစ်ဦးမှာ အသားဖြူဝင်းပြီး အလွန်လှပသော အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးငယ် ဖုချင်းစစ် ဖြစ်ပြီး နောက်တစ်ဦးမှာ မျက်နှာကို ပုဝါပါးဖြင့် အုပ်ထားသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး ကျီးရွှယ်ရှောင်း ဖြစ်သည်။

သူတို့နှစ်ဦးမှာ ညီအစ်မများကဲ့သို့ လမ်းလျှောက်နေကြပြီး ချမ်းသာသော လူငယ်အများအပြား၏ အကြည့်များကို ဆွဲဆောင်နေသည်။ သို့သော် ကျီးရွှေရှောင်း၏ ထူးခြားသော အရှိန်အဝါကြောင့် မည်သူမျှ အနားမကပ်ရဲကြပေ။

"အစ်မရွှယ်ရှောင်း... အဖြူရောင်ညမြို့တော်ကို လာချင်နေတာ ကြာပြီ။ အဖေပြောသလိုပဲ ညဘက်ဆို အရမ်းလှတာပဲ" ဖုချင်းစစ်က ပျော်ရွှင်စွာ ပြောလိုက်သည်။

ကျီးရွှယ်ရှောင်းက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သော်လည်း တစ်ခုခုကို စဉ်းစားနေပုံရသည်။ ခေတ္တအကြာတွင် သူမက ဖုချင်းစစ်ကို ကြည့်ကာ "ချင်းစစ်... အစ်မ နောက်ရက် အနည်းငယ်နေရင် ထွက်သွားတော့မယ်" ဟု ပြောလိုက်သည်။

ဖုချင်းစစ်၏ ပျော်ရွှင်နေသော မျက်နှာမှာ ချက်ချင်းပင် တောင့်တင်းသွားတော့သည်။ ကျီးရွှယ်ရှောင်းမှာ ဝေးလံလှသော မြင့်မြတ်သော ရှေးဟောင်းနယ်မြေမှ လာသူဖြစ်ကြောင်း သူ သိသည်။ ကျီးရွှယ်ရှောင်းသည် မကြာသေးမီကပင် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သူဖြစ်သည်။ သူသည် ထူးခြားသော မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး အရွယ်နှင့်မမျှအောင် ပါရမီထူးချွန်ကာ ယခုအခါ စမ်းသပ်မှုများကို အောင်မြင်ပြီးနောက် မိမိနိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ခွဲခွာရမည်ကို မခံစားနိုင်သော ဖုချင်းစစ်က "အစ်မရွှယ်ရှောင်း... ညီမ အစ်မနဲ့အတူ လိုက်ခဲ့ချင်တယ်။ ညီမလေးမှာ တခြားဆွေမျိုးလည်း မရှိတော့ဘူး..." ဟု တောင်းဆိုလိုက်သည်။

ဖုချင်းစစ်သည် မူလက မျိုးရိုးမြင့်မိသားစုဝင် ဖြစ်သော်လည်း ရှေးဟောင်းမိစ္ဆာဂိုဏ်း၏ သုတ်သင်မှုကို ခံခဲ့ရသဖြင့် သူတစ်ဦးတည်းသာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ဤကာလအတွင်း ကျီးရွှယ်ရှောင်းက သူမကို ကျင့်ကြံမှုများ သင်ကြားပေးခဲ့သဖြင့် ကျီးရွှယ်ရှောင်းကို အလွန်ပင် တွယ်တာနေခဲ့သည်။

ကျီးရွှယ်ရှောင်းက သက်ပြင်းချကာ "ချင်းစစ်... အစ်မ ရှေးဟောင်းသန့်စင်နယ်မြေကို ပြန်တာက အိမ်ပြန်သလိုမျိုး ရိုးရိုးရှင်းရှင်း မဟုတ်ဘူး။ စမ်းသပ်မှုတွေ အများကြီး ရင်ဆိုင်ရဦးမှာ။ ညီမလေးကတော့ ဘဝသစ်တစ်ခု စနိုင်ပါတယ်။ တစ်နေ့မှာ ညီမလေး ချစ်တဲ့သူနဲ့တွေ့ပြီး အိမ်ထောင်ပြု၊ ကလေးမွေးတာဟာလည်း ပျော်ရွှင်မှုတစ်မျိုးပဲလေ" ဟု ဖျောင်းဖျလိုက်သည်။

"မဟုတ်ဘူး.. အစ်မရွှေရှောင်း ညီမ ဘယ်ယောက်ျားကိုမှ မချစ်ဘူး... ညီမ… ညီမက အစ်မနားမှာပဲ ထာဝရ နေချင်တာ။" ဖုချင်းစစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကျီးရွှယ်ရှောင်းမှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး ဖုချင်းစစ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူ ဘာပြောရမှန်းမသိ ဖြစ်နေစဉ်မှာပင် ရုတ်တရက် မျက်ခုံးများ တွန့်ချိုးသွားပြီး အကြည့်များက စူးရှကာ သတိရှိသွားတော့သည်။

ဖုချင်းစစ်သည်လည်း တစ်ခုခု မှားနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။

အရာအားလုံး တိတ်ဆိတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ စောစောက စည်ကားနေသော လမ်းမနှင့် ညဈေးတန်းမှာ ရုတ်တရက် ငြိမ်သက်သွားခဲ့လေပြီ။

"ဘုန်း ဘုန်း"

အဝေးမှ လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများမှာ တစ်ဦးပြီးတစ်ဦး မျက်လုံးများအတွင်းမှ အလင်းရောင်များ ပျောက်ကွယ်သွားကြသည်။ သူတို့၏ မျက်နှာများမှာ သေဆုံးခါနီး အမူအရာများအတိုင်း ရှိနေသော်လည်း ခန္ဓာကိုယ်များမှာ မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု လဲကျကုန်ကြသည်။

"သေကုန်ကြပြီ... အားလုံး သေကုန်ကြပြီလား"

ဖုချင်းစစ်သည် မှင်တက်ကာ ကြည့်နေမိသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ရာနှင့်ချီသော၊ ထောင်နှင့်ချီသော လူများ၏ အသက်ဓာတ်များမှာ ပျောက်ကွယ်သွားပြီး အေးစက်သော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

"ဒုန်း ဒုန်း ဒုန်း"

အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသော လမ်းမပေါ်တွင် လေးလံသော ခြေသံများ ထွက်ပေါ်လာသည်။ လမ်းအဆုံးတွင် ဝတ်စုံနက်နှင့် အရပ်ရှည်ရှည် ဗမာ့ ခန္ဓာကိုယ်နှင့် လူတစ်ဦးမှာ သူတို့ဆီသို့ အေးအေးလူလူ လမ်းလျှောက်လာသည်။ သူ ဖြတ်သန်းသွားသော နေရာတိုင်းရှိ သက်ရှိများ၊ သဘာဝ ဝိညာဉ်စွမ်းအင်များနှင့် လမ်းဘေးရှိ သစ်ပင်များမှာ ချက်ချင်းပင် ညှိုးနွမ်းသွားကြပြီး စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကြသည်။ သူသည် အရာအားလုံး၏ အထက်တွင် ရှိနေသော၊ ဖျက်ဆီးခြင်းအတွက် မွေးဖွားလာသော သတ္တဝါတစ်ဦးနှင့် တူလှသည်။

"နေရခက်လိုက်တာ..."

ဖုချင်းစစ်၏ ခန္ဓာကိုယ်မှာ ယိမ်းထိုးသွားသည်။ ထိုလူကို ကြည့်ရုံမျှဖြင့် သူမ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်အတွင်းမှ အတင်းအဓမ္မ ဆွဲထုတ်ခံနေရသကဲ့သို့ မူးဝေလာသည်။ ထိုစဉ် လက်တစ်ဖက်က သူမ၏ ပုခုံးပေါ်သို့ ရောက်လာပြီး အေးမြသော စွမ်းအားများက သူမကို သက်သာရာ ရစေခဲ့သည်။ ကျီးရွှယ်ရှောင်းမှာမူ ထိုလူကို ကြည့်ကာ မယုံနိုင်လောက်အောင် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် တိတ်ဆိတ်နေခဲ့သည်။

"မိန်းကလေးကျီး... မတွေ့တာ ကြာပြီနော်"

ထိုလူမှာ အလောမကြီးဘဲ လမ်းလျှောက်လာရင်း ပြုံးပြလိုက်သည်။ ၎င်းမှာ သာမန်အပြုံးတစ်ခု ဖြစ်သော်လည်း ကြည့်ရသူ၏ ဝိညာဉ်ကို တုန်လှုပ်ခြောက်ခြားစေသော အစွမ်း ရှိသည်။

"ဟုန်ကျန်းရှန့်လား"

ကျီးရွှယ်ရှောင်းက ထိုလူ၏ အမည်ကို ခေါ်လိုက်သည်။ အဖြူရောင်ညမြို့တော်၏ လမ်းမပေါ်တွင် ပေါ်လာသော အရပ်မြင့်မြင့်နှင့် ထိုလူမှာ ဟုန်ကျန်းရှန့်ပင်ဖြစ်သည်။ ကျီးရွှယ်ရှောင်းသည် သူဟာ စူးချန်ခုန်း၏ သူငယ်ချင်းဖြစ်ကြောင်း သိထားပြီး သူ၏ ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေကာ မိစ္ဆာသိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်းလည်း သိထားသည်။

"မဟုတ်ဘူး... နင် ဟုန်ကျန်းရှန့် မဟုတ်ဘူး။"

ကျီးရွှယ်ရှောင်းက ချက်ချင်းပင် ခွဲခြားသိမြင်လိုက်သည်။ ပုံစံတူသော်လည်း အရှိန်အဝါမှာ လုံးဝ ကွဲပြားနေသည်။ ဟုန်ကျန်းရှန့်သည် သူ၏ စွမ်းအားကို အမြဲ ထိန်းချုပ်ထားသူ ဖြစ်သော်လည်း ဤလူမှာမူ အထိန်းအကွပ်မရှိဘဲ ဟုန်ကျန်းရှန့်ထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ သူ၏ အရှိန်အဝါမှာ စက္ကန့်တိုင်း မြင့်တက်နေခြင်း ဖြစ်သည်။ ဝိညာဉ်စွမ်းအင်၊ အသက်ဓာတ်၊ ဝိညာဉ်နှင့် သွေးသားများ အားလုံးမှာ သူ၏ အင်အားအတွက် အာဟာရများ ဖြစ်နေကြသည်။

ဝှူး

လေပြင်းတစ်ချက် ဝှေ့ယမ်းသွားရာ လမ်းမပေါ်ရှိ အလောင်းထောင်ပေါင်းများစွာမှာ ပြာအဖြစ်သို့ ပြောင်းလဲကာ လွင့်စင်သွားတော့သည်။ မြေပြင်ပေါ်ရှိ ဖုန်မှုန့်များသာလျှင် လူများ ရှိခဲ့ကြောင်း သက်သေအဖြစ် ကျန်ရစ်ခဲ့တော့သည်။

"မိစ္ဆာသားရဲ... နင်က မိစ္ဆာသားရဲပဲ။ မိစ္ဆာသားရဲအစစ်ပဲ"

ထိုအချိန်တွင် ကျီးရွှယ်ရှောင်းသည် သူ၏ ဆရာ ပြောပြဖူးသော တည်ရှိမှုကို သတိရသွားပြီး တုန်လှုပ်စွာ အော်ဟစ်လိုက်တော့သည်။ စစ်မှန်သော မိစ္ဆာသားရဲတစ်ကောင် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

All Chapters