← Chapters

အခန်း (၁၂၆၉-၁၂၇၀)

Vol. 110 Ch. 1269-1270

အခန်း (၁၂၆၉-၁၂၇၀)

Vol. 110 Ch. 1269-1270

အခန်း ၁၂၆၉

ကျန်းယွင်ထျန်းသည် ဂျေဘီကို ရှာဖွေရန်နှင့် နောက်ဆုံးအသက်ရှင်ကျန်ရစ်သူကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း ပြောကြားရန် ရဟတ်ယာဉ်တစ်စင်းကို အထူးစီစဉ်ပေးခဲ့သည်။

“ခင်ဗျားတို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် ရှာတွေ့သွားတာလား...။ သူက ဘယ်နိုင်ငံက အသက်ရှင်ကျန်ရစ်သူလဲ။”

ဂျေဘီက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါတို့ ရှားနိုင်ငံက လူတစ်ယောက်ပါ။ အခြေအနေကတော့ နည်းနည်း ထူးခြားတယ်။”

ကျန်းယွက်ထျန်းက ပြန်ဖြေလိုက်သော်လည်း အသေးစိတ်ကိုမူ အများကြီး ရှင်းမပြခဲ့ပေ။

“အို... အခွင့်အရေးရရင် ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီကို လာပြီး လေ့လာကြည့်ချင်ပါသေးတယ်။”

ဂျေဘီက ခေါင်းအနည်းငယ်ညိတ်ရင်း ဆက်မမေးတော့ပေ။

လူတိုင်းသည် မိမိတို့၏ မြို့ပြန်ကျောက်များကို တစ်ယောက်ပြီးတစ်ယောက် အသုံးပြုခဲ့ကြ၏။

ရှောင်းယီသည် လီရှင်းကို ယီရန်ပင်း မဟာမိတ်အဖွဲ့သို့ ခေါ်ဆောင်လာခဲ့ပြီး ဗီလာဘေးတွင် အသစ်ဆောက်လုပ်ထားသော အိမ်အသေးလေးတစ်လုံး၌ နေရာချပေးခဲ့သည်။

“အခု အသက်ရှင်ကျန်ရစ်သူအားလုံးက SSS အဆင့်ကို ရောက်ကုန်ကြပြီ။ မင်းတစ်ယောက်ပဲ S အဆင့်မှာ ရှိနေသေးတာ။ ဒါကြောင့် ငါတို့ နောက်ထပ်အဆင့်ကို ဘယ်တော့ ကူးပြောင်းမလဲဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ်။”

ရှောင်းယီက လီရှင်းကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ ရှောင်ယီ၏ စကားကို ကြားသောအခါ လီရှင်းက ဘာကို ဆိုလိုမှန်း မသိဘဲ ဇဝေဇဝါဖြင့် ကြည့်နေခဲ့သည်။

သူ့တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိသည့်အပြင် လူသူမဲ့တိုက်ကြီးပေါ်တွင် နေထိုင်ခဲ့ရသဖြင့် ထိုသတင်းအချက်အလက်များကို သဘာဝအတိုင်း မသိရှိခဲ့ပေ။

ရှောင်းယီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ရာ လီရှင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ခါးသက်သက် ပြုံးလိုက်မိလေသည်။

“ဒါကြောင့်မို့လည်း ခင်ဗျား ငါ့ကို တိုက်ရိုက် မသတ်ခဲ့တာ ဖြစ်ရမယ်။”

ရှောင်းယီက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

“ဒါကတော့ ငြင်းလို့မရဘူး။ အဲ့ဒီဘက်က အကြောင်းပြချက်လည်း အမှန်တကယ် ရှိတာပေါ့။ ဒါပေမဲ့ မင်းက လူသားတွေကို အန္တရာယ်မပြုခဲ့ဘူးဆိုတဲ့ အချက်က မင်းကို အသက်ရှင်ကျန်ရစ်စေတဲ့ အဓိက အကြောင်းရင်းပဲ။”

လီရှင်းက ရှောင်းယီကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။

“ဗန်ပိုင်းယားတစ်ယောက်ရဲ့ စကားကို ဒီလောက်လွယ်လွယ် ယုံလိုက်တာလား...။ ဒါက လူကြီးလူကောင်းတစ်ယောက်ရဲ့ စတိုင်လ် မဟုတ်ဘူးနော်။”

“ငါ မင်းကို ယုံတာမဟုတ်ဘူး။ ငါ့ကိုယ်ငါ ယုံတာ။ မင်း လူသားတွေကို အန္တရာယ်မပြုခဲ့ဘူးဆိုတာကို ငါ သေချာပေါက် သိနိုင်တယ်။”

ရှောင်းယီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။ လီရှင်းသည် ခဏကြာအောင် မှင်တက်သွားပြီးနောက် ထိုကိစ္စကို ထပ်တွေးမနေတော့ဘဲ လိုရင်းကိုသာ မေးလိုက်သည်။

“ငါ ဘာလုပ်ပေးရမလဲ။”

“မင်းရဲ့ လက်ရှိအဆင့်ကိုပဲ ထိန်းထားပါ။ SSS အဆင့်ကို အလောတကြီး မတက်နဲ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အလဲအလှယ်အနေနဲ့ မင်းကို ပုံမှန်လူတစ်ယောက်လို ပြန်ဖြစ်လာနိုင်မလားဆိုတာ စမ်းသပ်ကြည့်ဖို့ မဟာမိတ် ဆေးရုံအဖွဲ့ကို ကူညီကုသပေးခိုင်းမယ်။”

ရှောင်းယီ၏ စကားကို ကြားရသောအခါ လီရှင်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ကောင်းပြီ။ ခင်ဗျား တောင်းဆိုတဲ့အတိုင်း အတိအကျ လုပ်ပေးမယ်။”

“ကောင်းပြီ။ မင်းကို ကူညီစစ်ဆေးပေးဖို့ ဆေးဘက်ဆိုင်ရာ စက်ရုပ်တစ်ကောင်ကို ငါ စီစဉ်ပေးမယ်။”

ရှောင်းယီက နာ့နာကို ချက်ချင်း ခေါ်ယူလိုက်သည်။

နာ့နာက သူ့ကို စစ်ဆေးပေးနေစဉ်အတွင်း ရှောင်းယီက ယီထျန်းဂရုချတ်ထဲတွင် လှမ်းပြောလိုက်သည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျုပ် နောက်ဆုံးလူကို ရှာတွေ့ခဲ့ပါပြီ။ သူက သူ့ရဲ့ အဆင့်တက်မယ့်နှုန်းကို ထိန်းချုပ်ဖို့ ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်။ သူက လက်ရှိမှာ S အဆင့်ပဲ ရှိသေးတယ်။”

ရှောင်းယီ ပို့လိုက်သော ဤမက်ဆေ့ခ်ျကို မြင်သောအခါ ယီထျန်းဂရုချတ်မှာ ချက်ချင်းပင် အုတ်အော်သောင်းနင်း ဖြစ်သွားတော့လေသည်။

“သူဌေး အရမ်း လန်းတယ်ဟေ့။ တကယ်ကြီး ရှာတွေ့သွားတာလား။”

“ငါ တကယ် သိချင်မိတယ်။ သူဌေးက သူ့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။”

“အဲ့ဒါကို စူးစမ်းနေမယ့်အစား တခြားကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အမြန်ထွက်ရှာကြပါလား။”

“မှန်တယ်။ ငါတို့ မဟာမိတ်အဖွဲ့က ဒီနေ့တင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် သုံးခု ရှာတွေ့ထားတယ်။ အချိန်သာ လုံလုံလောက်လောက် ရမယ်ဆိုရင် လူတိုင်းအတွက် တစ်ယောက်တစ်ခု ရအောင် တကယ် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်။”

“ဟုတ်တယ်။ ငါတို့ မဟာမိတ်အဖွဲ့ကလည်း နှစ်ခု ရှာတွေ့ထားတယ်။ အားလုံးပဲ ဆက်ကြိုးစားကြရအောင်...။ ‌သူဌေးက အခြေအနေကို ထိန်းချုပ်ဖို့ ကူညီပေးထားတာဆိုတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ရှာဖို့ အစွမ်းကုန် ကြိုးစားကြမယ်။”

“ယီရန်ပင်း မဟာမိတ်အဖွဲ့မှာရှိတဲ့ ရဟတ်ယာဉ်တွေကို အခု အများပြည်သူအတွက် ငှားရမ်းနိုင်ဖို့ ဖွင့်လှစ်ပေးလိုက်ပါပြီ။ အားလုံးပဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အမြန်ဆုံး လိုက်ရှာကြပါ။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေး... ရဟတ်ယာဉ်တွေ ရှိလာရင် ရှာဖွေရေး စွမ်းဆောင်ရည်က အများကြီး ပိုမြင့်မားလာတော့မှာပဲ။”

“မြန်မြန်သွားငှားကြစို့။”

“ဘာလို့ ငါ့မှာ မျှော်လင့်ချက်တွေ ရုတ်တရက် ပြန်ရှင်သန်လာသလို ခံစားနေရတာလဲ။”

“စိတ်ကို အေးအေးထားကြပါ။ မဟုတ်ရင် နောက်ဆုံးမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် လုံလုံလောက်လောက် မရှာနိုင်ခဲ့ရင် ငါတို့ တစ်ခါထပ်ပြီး စိတ်ပျက်ရလိမ့်မယ်။”

ဂရုထဲရှိ လူတိုင်းကို စိတ်သက်သာရာရစေပြီးနောက် ရှောင်းယီက စစ်ဆေးနေဆဲဖြစ်သော နာ့နာကို ကြည့်ကာ ညွှန်ကြားလိုက်သည်။

“သူ့ရဲ့ အလင်းကြောက်တဲ့ရောဂါနဲ့ သွေးဆာတဲ့ စိတ်တွေကို ကုသပေးရုံတင်မကဘဲ သူ့ရဲ့ အဆင့်ကို အလွန်အမင်း မြန်မြန်ဆန်ဆန် တက်မလာအောင် ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကိုပါ ဂရုစိုက်ပေးပါ။”

“နားလည်ပါပြီ။”

နာ့နာက ပြန်ဖြေလိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ရှာဖွေခြင်းအပြင် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့အနေဖြင့် ပိုမိုအစွမ်းထက်လာသော ရှေးဦးဧရာမသားရဲကြီးများနှင့် ရေနေသတ္တဝါများကိုလည်း ရင်ဆိုင်ကိုင်တွယ်နေရဆဲပင်။

သို့သော်လည်း ရှောင်းယီ၏ ဘက်စုံပံ့ပိုးကူညီမှုကြောင့် ၎င်းတို့ အဆင်ပြေပြေ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြသည်။

တစ်ရက်တာအချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဂရုထဲမှ လူတိုင်းသည် ၎င်းတို့မဟာမိတ်အဖွဲ့၏ ရလဒ်ကောင်းများအကြောင်းကို ပြောဆိုနေကြသည်။

“သူဌေးရဲ့ ရဟတ်ယာဉ်တွေကို သုံးရတာ တကယ်မိုက်တယ်။ ငါတို့ ဒီနေ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ၁၂ ခုတောင် ရှာတွေ့ခဲ့တယ်။”

“အဲ့လောက်တောင် များတာလား...။ ငါတို့ကးတော့ ငါးခုပဲ ရှာတွေ့ခဲ့တယ်။”

“ဒီကမ္ဘာပေါ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ တော်တော်များများ ကျန်သေးတဲ့ပုံပဲ။ ဆက်ကြိုးစားကြရအောင်...။ ငါတို့အဖွဲ့သားတွေအားလုံး နောက်ထပ်အဆင့်ကို ကူးပြောင်းဖို့အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် သေချာပေါက် အလုံအလောက် ရှာတွေ့မှာပါ။”

“သူဌေးက တကယ်ကို စွမ်းဆောင်ရည်ရှိတာပဲ။ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူရဲ့ အဆင့်ကို ထိန်းချုပ်ထားနိုင်ရုံတင်မကဘဲ ရဟတ်ယာဉ်တွေကိုပါ ပံ့ပိုးပေးထားသေးတယ်။ ဒီလို ဗျူဟာမြောက် လုပ်ဆောင်ချက်တွေအောက်မှာ ကမ္ဘာ့စည်းမျဉ်းတွေတောင် ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့ရလိမ့်မယ်။”

ရှောင်းယီက ဂရုထဲမှ စကားဝိုင်းကို ကြည့်ကာ မေးလိုက်သည်။

“ဦးလေးအန်း... ဒီနေ့ ကျုပ်တို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဘယ်နှစ်ခု ရှာတွေ့ခဲ့လဲ။”

“ကျွန်းသခင်ကို သတင်းပို့ပါတယ်...။ ငါတို့ စုစုပေါင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ၃၁ ခု ရှာတွေ့ခဲ့ပါတယ်။”

အန်းယွဲ့၏ လေသံထဲတွင် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထား၍ မရခဲ့ပေ။ ရှောင်းယီက ခေါင်းငြိမ့်ပြကာ ဆက်မေးလိုက်သည်။

“အခု ကျုပ်တို့ ဘယ်လောက် လိုသေးလဲ။”

“၂၁၂ ခုပါ။”

အန်းယွဲ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိသေးတဲ့ အသက်ရှင်ကျန်ရစ်သူတွေ အဲ့ဒီလောက်တောင် များနေသေးတာလား။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ အန်းယွဲ့က ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအချိန်တွင် နာ့နာသည် အပြင်မှ လျှောက်ဝင်လာပြီး ရှောင်းယီကို သတင်းပို့လာခဲ့လေသည်။

“ကျွန်းပိုင်ရှင်... လီရှင်းရဲ့ ခန္ဓာကိုယ်ကို ကုသဖို့ နည်းလမ်းရှိပါတယ်။ ပြီးတော့ သူ့ရဲ့ အဆင့်တက်မယ့်နှုန်းကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းက သူ့ကို ယာယီအိပ်မွေ့ချအခြေအနေထဲ ထည့်ထားဖို့ပါပဲ။”

ရှောင်းယီက အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။

“သူ့ကို အိပ်မွေ့ချထားမယ်ဆိုရင် ငါတို့ အချိန် ဘယ်နှစ်ရက်လောက် ဆွဲထားနိုင်လဲ။”

“သူ့ရဲ့ လက်ရှိအခြေအနေအရဆိုရင် အနည်းဆုံး သုံးရက်ပါ။”

နာ့နာက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ တခြား မျိုးဗီဇပြောင်းလဲမှုတွေ ရှိလာမယ်ဆိုရင်တော့ မသေချာပါဘူး။”

“သုံးရက်ဆိုရင် အကြမ်းဖျင်းတော့ လုံလောက်ပါတယ်။”

ရှောင်းယီ မတ်တပ်ရပ်လိုက်ပြီး လီရှင်း၏ အခန်းသို့ လျှောက်းသွားလိုက်သည်။ ထိုအချိန်တွင် လီရှင်းသည် ကုတင်ပေါ်၌ လှဲလျောင်းရင်း ခေတ်မီလူနေမှုဘဝကို သာယာနေခဲ့သည်။ ဘဲသံ ကြားလိုက်ရသဖြင့် တံခါးဖွင့်ရန် ထရပ်လိုက်သည်။

“ကျွန်းပိုင်ရှင်...”

လီရှင်က ရိုရိုသေသေ နှုတ်ဆက်လိုက်၏။

“နာ့နာ့က စစ်ဆေးမှုရလဒ်တွေကို ငါ့ကို အခုလေးတင် ပြောပြတယ်။ မင်းရဲ့ခန္ဓာကိုယ်ကို ကုသလို့ရတယ်။ ဒါပေမဲ့ မေ့ဆေးပေးပြီး ဆောင်းခိုအိပ်စက်ခြင်း ကုထုံးကို သုံးရလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ဆောင်းခိုအိပ်စက်ပြီးတဲ့နောက် မင်းရဲ့ အဆင့်ကို ပိုပြီး ကောင်းကောင်း ထိန်းချုပ်နိုင်လိမ့်မယ်။”

ရှောင်းယီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“မင်း ဒါအတွက် ပြဿနာရှိလား။”

“ဘာပြဿနာမှ မရှိပါဘူး။ ကျွန်းပိုင်ရှင်ရဲ့ တောင်းဆိုချက်ကို ကျုပ် အပြည့်အဝ လိုက်နာပါ့မယ်။”

လီရှင်းက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

အမှန်တကယ်တော့ သူ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆောင်းခိုအိပ်စက်ခြင်းခံရမည့် ရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း သူ သိရှိပြီးသား ဖြစ်သည်။

ရှောင်းယီက သူ့ကို ပွင့်ပွင့်လင်းလင်း လာရောက်ပြောပြခြင်းကပင် သူ့ကို မျက်နှာသာအများကြီး ပေးရာရောက်နေသဖြင့် သူ အခွင့်အရေး မယူချင်တော့ပေ။

“ကောင်းပြီ... စိတ်အေးအေးထားပါ။ မင်း နောက်တစ်ကြိမ် ပြန်နိုးလာတဲ့အခါ ကျန်းကျန်းမာမာ ရှိနေစေရမယ်။ သာမန်လူတစ်ယောက်နဲ့ ဘာမှ မကွဲပြားမခြားနားစေရဘူး။”

ရှောင်းယီက ကတိပေးလိုက်သည်။

“ဟုတ်ကဲ့... ကျူးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

လီရှင်းသည် သူ နာရီဝက်ခန့်သာ နေထိုင်ခဲ့ရသေးသော ခေတ်မီအခန်းလေးကို နှမြောတသစွာဖြင့် လှည့်ကြည့်ရင်း မဟာမိတ်ဆေးရုံသို့ သွားရန် မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။

လီရှင်းကို မေ့ဆေးပေးပြီးနောက် နာ့နာနှင့် တခြားစက်ရုပ်အချို့သည် ခွဲစိတ်ကုသမှုများကို လုပ်ဆောင်ခဲ့ကြ၏။

“လီရှင်းရဲ့ အဆင့်ကို အမြဲတမ်း စောင့်ကြည့်စစ်ဆေးနေပါ။ အကယ်၍ အဆင့်တက်လာတာ ရှိရင် ငါ့ထံ ချက်ချင်း သတင်းပို့။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

နာ့နာ့က ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် လှည့်ထွက်သွားကာ ဆေးရုံမှ ထွက်ခွာသွားခဲ့ပြီး ဗီလာသို့ ပြန်ရောက်သောအခါ သူ၏ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ယီထျန်းဂရုချတ်ထဲတွင် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။

“အခြေအနေအရဆိုရင် ကျုပ်တို့ဘက်ကနေ သုံးရက်လောက် အချိန်ဆွဲထားနိုင်ပါတယ်။ အားလုံးပဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို အမြန်ဆုံး လိုက်ရှာကြပါ။”

အခန်း ၁၂၇၀

“သုံးရက်ပဲလား... အဲ့ဒီလောက်တောင် မြန်တာလား။ အဲ့ဒီလူရဲ့ အဆင့်က S အဆင့်ပဲ ရှိသေးတယ်လို့ မပြောထားဘူးလား။”

“S အဆင့်ပဲဖြစ်ဖြစ်၊ C အဆင့်ပဲဖြစ်ဖြစ် ထားလိုက်ပါတော့...။ ကမ္ဘာ့စည်းမျဉ်းတွေက သူတို့ဘာသာသူတို့ အဆင့်ကို အတင်းတိုးမြှင့်ပေးနေတဲ့ အခြေအနေမျိုးမှာ ဘယ်သူမှ ကြာကြာ တောင့်မခံနိုင်ဘူး။”

“သုံးရက်ဆိုရင်တော့ အချိန်ကို အသုံးချဖို့ လုံလောက်ပါတယ်။ အကယ်၍ မနက်ဖြန်မှာလည်း ဒီနေ့လိုမျိုး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ထပ်ရှာတွေ့မယ်ဆိုရင်တော့ မနက်ဖြန်ကျရင် လူတိုင်း တစ်ယောက်တစ်ခုစီ ရဖို့ အာမခံနိုင်လိမ့်မယ်။”

“မင်းတို့အဖွဲ့က အဲ့ဒီလောက်တောင် မြန်တာလား။ ငါတို့ကတော့ တော်တော်လေး နောက်ကျကျန်နေသေးသလို ခံစားနေရတယ်။”

“အားလုံးပဲ အစွမ်းကုန် ကြိုးစားကြရအောင်။ ဒါဆိုရင် ငါတို့အားလုံးမှာ အခွင့်အရေး ရှိလာမှာပါ။”

“ဒေါက်... ဒေါက်... ဒေါက်”

ရှောင်းယီ၏ အိပ်ခန်းတံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်၏။

“ဝင်ခဲ့ပါ”

ရှောင်းယီက လှမ်းပြောလိုက်ရာ အန်းရန်တစ်ယောက် တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။

အန်းရန် ဖြစ်နေသည်ကို မြင်သောအခါ ရှောင်းယီက ကုတင်ဘေးကို ပုတ်ပြရင်းပြောလိုက်သည်။

“လာ... ဒီမှာ ထိုင်ဦး။”

အန်းရန်က ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။ သူမ ကုတင်စောင်းတွင် ထိုင်လိုက်သည်နှင့်ပင် ရှောင်းယီ၏ မငြိမ်မသက်ဖြစ်နေသော လက်များက လှုပ်ရှားလာခဲ့သည်။

“မနောက်နဲ့...ငါ နင့်ကို ပြောစရာ အရေးကြီးကိစ္စ ရှိလို့။”

အန်းရန်က ရှောင်းယီ၏ လက်များကို ပုတ်ထုတ်လိုက်ပြီး အလွန်တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

အန်းရန်၏ တည်ကြည်သော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ရှောင်းယီ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

“ဘာဖြစ်လို့လဲ။”

“ငါ့မှာ ကိုယ်ဝန်ရှိနေပြီ။”

အန်းရန်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“ဘာ... ဘာပြောတယ်။”

ကုတင်ပေါ်တွင် တစ်ဝက်မှီကာ လှဲလျောင်းနေသော ရှောင်းယီသည် ခုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်မိ၏။

“မင်းမှာ ကလေး ရှိနေပြီ ဟုတ်လား။”

အန်းရန်က ခေါင်းကို အလေးအနက် ညိတ်ပြလိုက်သည်။ အစစ်အမှန် အရိုးစုနဂါးနှင့် ရင်ဆိုင်တိုက်ခိုက်ရစဉ်ကပင် အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိခဲ့သော ရှောင်းယီသည် ယခုမူ ဘာလုပ်လို့ ကိုင်ရမှန်းမသိဘဲ လုံးဝ ဆွံ့အသွားခဲ့ရသည်။

“ဒါ... ဒါဆို ငါ ဘာလုပ်ရမလဲ။ မင်းကို စစ်ဆေးဖို့ ဆေးရုံ ချက်ချင်း လိုက်ပို့ရမလား။”

ရှောင်းယီက အလောတကြီး မေးလိုက်သည်။

ဘာလုပ်ရမှန်းမသိဘဲ ပျာပျာသလဲ ဖြစ်နေသော ရှောင်းယီကို ကြည့်ပြီး အန်းရန်က နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်မိ၏။

“မလိုပါဘူး။ ငါ သွားပြပြီးပြီ။ အားလုံး ပုံမှန်ပဲတဲ့။”

“ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘာလို့ ငါ့ကို စောစောမပြောရတာလဲ။ ငါ မင်းနဲ့အတူ လိုက်ခဲ့သင့်တာပေါ့။ မင်းတစ်ယောက်တည်း သွားတာ သိပ်အန္တရာယ်များလွန်းတယ်။”

ရှောင်းယီက တည်တံ့သော မျက်နှာဖြင့် ပြောလိုက်သည်။ အန်းရန်က သူ့ကို မျက်စောင်းလေး ထိုးလိုက်သည်။

“ငါတို့ ကိုယ်ပိုင်ကျွန်းပေါ်မှာတောင် အန္တရာယ်ရှိနေဦးမယ်ဆိုရင် ငါ ဘယ်မှ မသွားသင့်တော့ဘူး။”

“ဒါပေမဲ့လည်း မင်းတစ်ယောက်တည်းတော့ မသွားသင့်ဘူးလေ။”

ရှောင်းယီက ဇွတ်ငြင်းနေဆဲပင်။

“ဆုဝမ် ငါနဲ့အတူ လိုက်ခဲ့ပေးပါတယ်။”

အန်းရန်က ဆိုသည်။

“နောက်ဆိုရင် ဒီကိစ္စတွေကို ငါ့ဘာသာငါပဲ ကိုင်တွယ်ပါ့မယ်။”

ရှောင်းယီက တိုးတိုးလေး ပြောလိုက်ပြီးသည်။

“ဒါနဲ့... ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဘာလို့ ငါ့ကို ကြိုမပြောခဲ့တာလဲ။”

“ဒီရက်ပိုင်း နင် အရမ်းအလုပ်ရှုပ်နေတာလေ။ ငါ နင့်ရဲ့ အချိန်တွေကို မဖြုန်းချင်လို့ပါ။”

အန်းရန်က ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာပဲဖြစ်ဖြစ် ငါတို့ကလေးထက် ပိုပြီးအရေးကြီးတဲ့အရာ ဒီမှာ ဘာမှမရှိဘူး။”

ရှောင်းယီက အလွန်အမင်း တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

“အင်းပါ... ငါ သိပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက...”

အန်းရန် မျက်မှောင် ပြန်ကြုတ်သွားခဲ့သည်။ ထိုစကားကို ကြားရသောအခါ ရှောင်းယီသည်လည်း အခြေအနေ၏ ပြင်းထန်မှုကို သတိပြုမိသွားခဲ့သည်။ သူသည် အန်းရန် ကိုယ်ဝန်ရှိသည့် သတင်းကြောင့် ပျော်ရွှင်မှုများ လွှမ်းမိုးနေခဲ့ရာမှ ယခုမှ သတိပြန်ဝင်လာခဲ့ခြင်း ဖြစ်သည်။ ဤအချိန်တွင် ကိုယ်ဝန်ရရှိခြင်းက အလွန် စိုးရိမ်စရာ ကောင်းလှသည်။

အန်းရန် ကိုယ်ဝန်ရှိပြီးနောက် နောက်ထပ်အဆင့်သို့ ကူးပြောင်းသွားသည့်အခါ အကယ်၍ လူတိုင်း လမ်းခွဲသွားကြရမည်ဆိုပါက သူမသည် ကလေးမွေးဖွားခြင်းနှင့် ကလေးပြုစုပျိုးထောင်ခြင်း ကိစ္စရပ်အားလုံးကို သူမကိုယ်တိုင်သာ လုံးဝ အားကိုးလုပ်ဆောင်ရပေလိမ့်မည်။

ထို့အပြင် ကမ္ဘာ့စည်းမျဉ်းများ၏ အစဉ်မပြတ် စမ်းသပ်မှုများနှင့် ပေါင်းစပ်လိုက်လျှင် အန်းရန်နှင့် သူမဝမ်းဗိုက်ထဲရှိ ကလေးငယ်မှာ သေမင်းတံခါးဝသို့ ခြေတစ်ဖက် လှမ်းထားရသလို ဖြစ်နေချေပြီ။

ကလေးတစ်ယောက်ကို တစ်ကိုယ်တော် ပြုစုပျိုးထောင်ရင်း ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သော ကျန်ယွင်ထျန်းကို ကြည့်ခြင်းအားဖြင့် ကလေးတစ်ယောက်ကို စောင့်ရှောက်ရင်း အသက်ရှင်နိုင်ရန် မည်မျှအထိ ခက်ခဲ ကြမ်းတမ်းသည်ကို သိနိုင်သည်။

အန်းရန်အနေဖြင့် နောက်ထပ်အဆင့်တွင် ရှောင်းယီကဲ့သို့ အစွမ်းထက်သော အသက်ရှင်ကျန်ရစ်သူတစ်ဦးနှင့် အချိန်တိုအတွင်း ဆုံတွေ့နိုင်မည်ဟု မည်သူမျှ အာမမခံနိုင်သလို ထိုအစွမ်းထက်သူက ကူညီရန် လက်ကမ်းပေးလိမ့်မည်ဟုလည်း မသေချာပေ။

အစောပိုင်းက ရှောင်းယီသည် ကျန်ယွင်ထျန်းကို ကူညီရန် လက်ကမ်းပေးခဲ့ခြင်းမှာ ကျန်ယွင်ထျန်း၏ စွမ်းဆောင်ရည်ကို တန်ဖိုးထားသောကြောင့် ဖြစ်ပြီး နောက်ပိုင်းတွင်မူ အတူတကွ အချိန်ကြာမြင့်စွာ ဖြတ်သန်းခဲ့ကြသဖြင့် နက်ရှိုင်းသော သံယောဇဉ်ကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အန်းရန်မှာမူ သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူမတွင် ကိုယ်ဝန်ရှိနေမည်ဆိုပါက သူမကို ကူညီပေးရန် မည်သူမျှ ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။

အန်းရန်၏ မျက်မှောင်ကြုတ်နေမှုကို မြင်သောအခါ ရှောင်းယီသည် သူမကို သူ၏ ရင်ခွင်ထဲသို့ ချက်ချင်း ဆွဲဖက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ရန်ရန်... မင်း ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ငါ အမြဲတမ်း မင်းရဲ့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးသွားမှာပါ။ ငါ ရှိနေသရွေ့တော့ မိုးပြိုရင်တောင် ခံနိုင်ရည် ရှိစေရမယ်။”

အန်းရန်က ခေါင်းညိတ်ပြလိုက်သည်။ အန်းရန်ကို ဖက်ထားရင်း ရှောင်းယီ၏ မျက်နှာအမူအရာက ပြတ်သား တည်ကြည်နေပြီး အန်းရန်၏ ဘေးကင်းလုံခြုံရေးကို မည်သို့ အာမခံချက် ပေးရမည်နည်းဟူသော အချက်ကို သူ၏ စိတ်ထဲတွင် အစဉ်မပြတ် တွေးတောနေခဲ့သည်။

“မနက်ဖြန် လက်မှတ်ထိုးဝင်ခြင်းရဲ့ ဆုလာဘ်က စည်းမျဉ်းချမှတ်သူနဲ့ ဆက်သွယ်ဖို့ မင်းအတွက် အခွင့်အရေးတစ်ခု ဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီး ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အရယူပါ။”

စနစ်၏ သတိပေးသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

အန်းရန်သည် ရှောင်းယီ၏ ပုံမှန်မဟုတ်သော အပြုအမူကို သိသာထင်ရှားစွာ ခံစားမိသဖြင့် မော့ကြည့်ကာ မေးလိုက်သည်။

“ရှောင်းယီ... ဘာဖြစ်လို့လဲ။”

“ဘာမှမဟုတ်ပါဘူး။ ဖြစ်နိုင်တာက ဒီပြဿနာကို မနက်ဖြန်ကျရင် ဖြေရှင်းနိုင်လိမ့်မယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။။အန်းရန်တစ်ယောက် ဇဝေဇဝါ ဖြစ်သွားသော်လည်း ထပ်ဆင့်၍ မမေးတော့ပေ။

ထိုညတွင် အန်းရန်သည် သူမ၏ ကိုယ်ပိုင်အခန်းသို့ ပြန်မသွားခဲ့ပေ။ ရှောင်းယီသည်လည်း သူမကို တစ်ညလုံး ဖက်ထားခဲ့ပြီး တခြား မလိုအပ်သော အပြုအမူများကို မလုပ်ဆောင်ခဲ့ပေ။

နံနက်အစောပိုင်း အချိန်တွင် ရှောင်းယီသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး အန်းရန်၏ ခေါင်းအောက်မှ သူ၏ လက်မောင်းကို အသာအယာ ပြန်ဆွဲထုတ်လိုက်သည်။

အန်းရန်က တစ်ဖက်သို့ လှည့်ကာ သက်တောင့်သက်သာရှိသော အနေအထားကို ရှာဖွေပြီး ဆက်လက် အိပ်စက်နေခဲ့သည်။ ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း သူမသည် ပိုမို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်လာခဲ့သည်။

မှောင်မိုက်နေသောအခန်းထဲတွင် ရှောင်းယီသည် အန်းရန်၏ အလွန်အမင်း လှပလွန်းသော မျက်နှာလေးကို ငေးကြည့်ရင်း ဤအလှတရားကို ကာကွယ်စောင့်ရှောက်ရန် သူ၏ နှလုံးသားထဲတွင် ပိုမို ပြတ်သားသော စိတ်ပိုင်းဖြတ်မှုကို မွေးမြူလိုက်မိသည်။

“ကန့်လန့်ကာနောက်ကွယ်က လူနဲ့ စကားပြောရမယ့် အချိန်ရောက်ပြီ။”

ရှောင်းယီသည် ညဦးပိုင်းကတည်းက သူ၏ အတွေးအမြင်များကို ပြင်ဆင်ထားပြီး ဖြစ်သည်။

ရှောင်းယီသည် ကုတင်ပေါ်မှ ညင်သာစွာ ထလိုက်ပြီး မှန်တံခါးကို တွန်းကာ အပြင်ဘက်ရှိ ဝရန်တာသို့ ထွက်လာခဲ့လိုက်သည်။

လမင်းက သာယာ လင်းပွင့်နေပြီး ကြယ်ပွင့်များက ကျဲပါးနေကာ ဘေးပတ်ပတ်လည်တွင် ပုရစ်များ၏ အော်မြည်သံများကို ကြားနေရသည်။

ရှောင်းယီ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်တော့သည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - တည်နေရာသတ်မှတ် အသံလွှင့် အဆောင် ၁ ။”

“တည်နေရာသတ်မှတ် အသံလွှင့် အဆောင် - တစ်ကြိမ်သုံး ပစ္စည်းဖြစ်သည်။ ဟင်းလင်းပြင် အကွာအဝေးကို ဥပေက္ခာပြု၍ သတ်မှတ်ထားသော လူတစ်ဦးနှင့် နာရီဝက်ကြာ စကားပြောနိုင်သည်။ အသုံးပြုပုံ - ဆုတ်ဖြဲလိုက်ရုံပင်။”

စနစ်၏ သတိပေးချက်ကို မြင်သောအခါ ရှောင်းယီ အံ့အားသင့်သွားသည်။

တည်နေရာသတ်မှတ် အသံလွှင့် အဆောင်လား... အဆောင်နည်းပညာပေါ့။

ဟင်းလင်းပြင် အကွာအဝေးကိုပါ ဥပေက္ခာပြုနိုင်တာလား...။ ဒါက ဘယ်လိုမျိုး နည်းလမ်းကြီးလဲ။

ရှောင်းယီသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူ၏ လက်ထဲရှိ တည်နေရာသတ်မှတ် အသံလွှင့် အဆောင်ကို ပြတ်ပြတ်သားသား ဆုတ်ဖြဲလိုက်တော့သည်။

တည်နေရာသတ်မှတ် အသံလွှင့် အဆောင်ကို ဆုတ်ဖြဲလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ မျက်စိရှေ့တွင် မှေးမှိန်သော အလင်းဖြူများ ဖြာထွက်နေသည့် စခရင်တစ်ခု ပေါ်လာခဲ့ပြီး ထိုစခရင်ပေါ်တွင် ဝေဝါးနေသော ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။

“ဟင်...ဒါက သူ့ရဲ့ အငွေ့အသက်ပဲ။ မင်းလား...”

အံ့အားသင့်ခြင်းနှင့် သံသယများ ပြည့်နှက်နေသော အသံတစ်သံက ရှောင်းယီ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် ယခင်က ဟင်းလင်းပြင် အက်ကွဲကြောင်းတွင် သူ့ကို ကယ်တင်ခဲ့သော လူနှင့် တစ်ယောက်တည်း ဖြစ်ကြောင်း သူ အသေအချာ သိလိုက်သည်။

“ကျုပ်ပါ...ကျုပ်နာမည်က ရှောင်းယီပါ။ ခင်ဗျား ပြောနေတဲ့ ‘သူ’ ဆိုတာ ဘယ်သူလဲဆိုတာကိုတော့ ကျုပ် မသိပါဘူး။”

ရှောင်းယီက တိုးတိုးလေး ပြောလိုက်သည်။

“ဟူး... သူ မဟုတ်ပြန်ဘူးပဲ။”

တစ်ဖက်လူ၏ လေသံတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားခဲ့ပြီးနောက် ချက်ချင်း မေးလိုက်သည်။

“မင်း ဒီပစ္စည်းကို ဘယ်ကနေ ရလာတာလဲ။”

“စိတ်မကောင်းပါဘူး...။ ဒါကိုတော့ ကျုပ ခင်ဗျားကို ပြောပြလို့မရဘူး။”

ရှောင်းယီက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ သူ၏ ကိုယ်ပေါ်တွင် ရှိနေသော စနစ်ကို လုံးဝ ထုတ်ဖော်ပြသ၍ မဖြစ်ပေ။ တစ်ဖက်လူက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စကားစလိုက်သည်။

“ထားလိုက်ပါတော့...။ သူက မင်းကို ဒီအထိ လမ်းညွှန်ပေးခဲ့ကတည်းက မင်းမှာ တောင်းဆိုစရာ တစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်။ ပြောသာပြောလိုက်ပါ။”

ရှောင်းယီက အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို ပြောင်းလဲပေးဖို့ မျှော်လင့်ပါတယ်။”

“စည်းမျဉ်းတွေကို ပြောင်းလဲပေးဖို့ ဟုတ်လား။”

တစ်ဖက်လူက သိသာထင်ရှားစွာပင် အလွန်အမင်း အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“မင်းတို့ ရှိနေတဲ့ ဂြိုဟ်ပေါ်မှာ စမ်းသပ်မှု ခံယူသူတွေ ရေတွက်လို့မရအောင် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလို တောင်းဆိုချက်မျိုးကို မလုပ်ရဲခဲ့ဘူး။”

“သူတို့ မလုပ်ရဲခဲ့တာ မဟုတ်ပါဘူး။ သူတို့ တောင်းဆိုခဲ့ရင်တောင် ခင်ဗျား ကြားရမှာ မဟုတ်လို့ပါ။ အကယ်၍ ကျုပ်မှာ ထူးခြားတဲ့ ဆုံဆည်းမှုအချို့ မရှိခဲ့ရင် ခင်ဗျား ကျုပ်အသံကိုလည်း ကြားရမှာ မဟုတ်ပါဘူး။”

ရှောင်းယီက မထောင်လွှား မနှိမ့်ချသော လေသံဖြင့် ပြောလိုက်သည်။

“အဲ့ဒါလည်း ဟုတ်တာပဲ... မင်းရဲ့ တောင်းဆိုချက်ကို ဆက်ပြောပါဦး။”

တစ်ဖက်လူက ဆိုသည်။

“ကျုပ်တို့ စမ်းသပ်မှု ခံယူသူတွေက ဒီနေ့အထိ အသက်ရှင်နိုင်ဖို့အတွက် ဒုက္ခပေါင်းစုံကို ခံစားခဲ့ရပြီးပါပြီ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မရှိရုံတင်နဲ့ ကျုပ်တို့ကို တိုက်ရိုက် ချေဖျက်ပစ်တာမျိုး မလုပ်သင့်ဘူး။”

ရှောင်းယီက ညင်သာစွာ ပြောလိုက်သည်။

“ကျုပ်တို့ အခုထိ အသက်ရှင်နေနိုင်တာကပဲ ခင်ဗျားတို့ရဲ့ စမ်းသပ်မှုတွေကို အောင်မြင်ခဲ့တယ်လို့ သတ်မှတ်လို့ရပြီး ဆက်လက် အသက်ရှင်သန်ဖို့အတွက် အရည်အချင်း ပြည့်မီသင့်ပါတယ်။”

“ဆက်ပြောပါ။”

တစ်ဖက်လူက သဘောတူခြင်း၊ မတူခြင်းကို မပြဘဲ ဆိုလိုက်သည်။

All Chapters