အခန်း ၄၀၄
Vol. 33 Ch. 404
အပိုင်း (၄၀၄) - မြောက်ဘက်ကန္တာရဆီသို့ ဦးတည်ခြင်း - ၂
ဧကရာဇ်မင်းက -
"ကျွန်ုပ် အိမ်ရှေ့စံ အဖြစ် လျီကျန့်ချင်း ကို ရွေးချယ်လိုက်ပြီလေ... အဲဒီအတွက် ဆရာကြီး ကူ အနေနဲ့ရော ကျေနပ်မှု ရှိရဲ့လား..."
ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်ရင်း
"အရှင်မင်းကြီး ... ဒါက အရှင်မင်းကြီး၏ မိသားစု ကိစ္စပဲလေ၊ ကျွန်တော့်ကို ပြောပြနေဖို့ မလိုပါဘူး... ကျွန်တော်က ဘယ်တုန်းကမှ နန်းတွင်း ကိစ္စတွေထဲမှာ ဝင်ပါရတာကို ဝါသနာမပါခဲ့ပါဘူး..."
"ဒါကို ပြောပြဖို့ လိုအပ်ပါတယ်..."
ဧကရာဇ်မင်းက ဆိုသည်။
"ဘာလို့လဲဆိုတော့ လျီကျန့်ချင်း ဟာ ဆရာကြီးနှင့် ပတ်သက်မှုတွေ ရှိခဲ့ဖူးလို့ပါ... သူ ချူနိုင်ငံကနေ ပြန်လာတုန်းက၊ မြောက်ဘက်ကန္တာရမှာ လုပ်ကြံတာ ခံခဲ့ရစဉ်တုန်းက ဆရာကြီး၏ ကူညီမှုကြောင့်သာ သူ ဘေးကင်းကင်းနှင့် ပြန်လာနိုင်ခဲ့တာ မဟုတ်လား..."
"ဆရာကြီး အနေဖြင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့လို့ ကူညီပေးခဲ့တာ မှန်ပေမဲ့၊ အဲဒီဖြစ်ရပ်ကြောင့်ပဲ ဆရာကြီးရဲ့ မသိစိတ်အရ လျီကျန့်ယီကို စော်ကားမိသလို ဖြစ်သွားခဲ့တာလေ... အဲဒီနောက်ပိုင်းမှာလည်း၊ ချင်းကျိုးမှာ ဆရာကြီးက ထိုက်ရွှီးနတ်ဘုရားသံချပ်ကာကို ချိုးဖျက်ခဲ့သလို၊ ချင်းယဲ့ခန်းမ၏ ဂိုဏ်းချုပ် ဖြစ်သော ဝရမ်းပြေးကိုလည်း သတ်ခဲ့တာလေ၊ အဲဒီကိစ္စတွေ အားလုံးကလည်း လျီကျန့်ယီနှင့် ပတ်သက်နေတာပေါ့..."
"ကံကောင်းတာက အဲဒီကလေးက မအပါဘူး။ ဆရာကြီးက သူ့ကို တမင်တကာ ပစ်မှတ်ထားခဲ့တာ မဟုတ်ဘူးဆိုတာကို သူ သိနေခဲ့တာပေါ့... သူ စိတ်ထဲမှာ မကျေနပ်မှုတွေ ရှိနေခဲ့ရင်တောင်မှ၊ လက်စားချေဖို့တော့ မကြိုးစားခဲ့ပါဘူး...”
“ အခုတော့၊ ကျွန်ုပ်ဟာ သူ့ဆီက အာဏာတွေကို သိမ်းပိုက်လိုက်ပြီး၊ သူ့ရဲ့ နယ်မြေဆီကို ပို့လွှတ်လိုက်ကာ အေးအေးဆေးဆေး နေထိုင်ဖို့ စျီစဉ်ပေးလိုက်ပါပြီ... အခုဆိုရင် အိမ်ရှေ့စံကတော့ ဆရာကြီးအပေါ်မှာ ကျေးဇူးတင်နေတဲ့ အိမ်ရှေ့စံ ပဲ ဖြစ်လာမှာပေါ့..."
"ကျွန်ုပ် အနေနှင့် ဒီအကြောင်းတွေကို တမင်တကာ ပြောပြနေရတဲ့ အကြောင်းရင်းကတော့၊ ဆရာကြီးသည် နန်းတွင်း အာဏာလုပွဲတွေကို မကြိုက်မှန်း မသိလို့ မဟုတ်ပါဘူး၊ အဓိက ကတော့ မင်းကို အသိပေးချင်လို့ပါ “
“ နောင်တစ်ချိန် ကန်နိုင်ငံအတွင်းမှာ၊ ဆရာကြီး ဝရမ်းပြေးတွေကို ဖမ်းဆီးချင်တာပဲ ဖြစ်ဖြစ်၊ လောကရဲ့ပျော်စရာတွေကို ခံစားချင်တာပဲ ဖြစ်ဖြစ်၊ ဆရာကြီး စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်...”
“တော်ဝင်မျိုးနွယ်စုတွေ ထဲက ဘယ်သူကမှ ဆရာကြီးကို ပြဿနာ ရှာရဲမှာ မဟုတ်ပါဘူး လို့ ပြောချင်တာပါ... တစ်ခုခု လိုအပ်တာ ရှိရင်လည်း၊ ကျွန်ုပ်ကို အချိန်မရွေး ပြောနိုင်ပါတယ်..."
ကူမော့သည် အတန်ငယ် အံ့ဩသွားခဲ့သည်။ ကန်ဧကရာဇ်အနေဖြင့် ပါးနပ်စွာဖြင့် မိုက်မဲသော အပြုအမူမျိုး မလုပ်ဆောင်ခဲ့ခြင်းမှာ ၎င်းအတွက် အမှန်ပင် ကံကောင်းသည့်ကိစ္စဖြစ်သည်ဟု တွေးကာ သက်ပြင်းချလိုက်မိသည်။ ကူမော့သည် ထိုကိစ္စကို စိတ်ထဲ၌ ထားမနေတော့ဘဲ ကန်ဧကရာဇ်အား ဦးညွှတ်လျက် ယ ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."
ကန်ဧကရာဇ်က သဲ့သဲ့မျှ ပြုံးလိုက်ရင်း ဆိုသည်။
"ဒါကတော့ တော်ဝင်မျိုးနွယ်စုတွေ အနေနဲ့ သေမျိုးလောကထဲက နတ်ဘုရား တစ်ပါးအပေါ်မှာ ထားရှိရမယ့် ရိုသေလေးစားမှု ပါပဲ..."
ကူမော့သည် ပြုံးလိုက်ပြီးနောက် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရင်း
"တကယ်တော့၊ ကျွန်တော့်ဘက်ကလည်း အရှင်မင်းကြီးကို ပြောပြစရာ တစ်ခု ရှိနေလို့ပါ..."
ကန်ဧကရာဇ်က အလျင်အမြန်ပင် ဆိုသည်။
"ဆရာကြီး ကူ... ပြောပါ..."
ကူမော့က
""ဒီတစ်ခေါက် ကျွန်တော် အရှေ့ပင်လယ်က ဖုန်လိုင်ကျွန်းကို သွားတုန်းက၊ လောကမှာ အတော်ဆုံး ဗေဒင်ဆရာကြီးလို့ လူသိများတဲ့ ကျိဝူဆွမ်းနဲ့ ဆုံခဲ့ပါတယ်... သူက သိုင်းသမားတစ်ယောက် ဖြစ်ပေမဲ့လည်း နိုင်ငံရေးကိစ္စတွေကို အမြဲ စိုးရိမ်ပူပန်နေတတ်ပြီး အရှင်မင်းကြီးကိုလည်း အမျှော်အမြင်ရှိတဲ့ အုပ်ချုပ်သူတစ်ယောက်အဖြစ် ချီးကျူးခဲ့ပါသေးတယ်... ဒါကြောင့် သူက သူ့ရဲ့ ကျေးဇူးကြွေးတစ်ခုကို သုံးပြီး ကျွန်တော့်ကို ကန်နိုင်ငံအတွက် ကိစ္စတစ်ခု လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်..."
ကန်ဧကရာဇ်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"ဘာကိစ္စများလဲ..."
ကူမော့က ဆိုသည်
"ဆရာကြီး ကျိဝူဆွမ်းက နောက်ထပ် ဆယ်နှစ်အတွင်းမှာ နှစ်ပေါင်း ၇၀၀ ကြာ ရှုပ်ထွေးနေတဲ့ ဒီကမောက်ကမခေတ်ကြီး အဆုံးသတ်သွားလိမ့်မယ်လို့ ဟောခဲ့ပါတယ်... ပြီးတော့ ဒဏ္ဍာရီလာ နဂါးသွေးကြောကလည်း ပြန်ပေါ်လာတော့မှာပါ... “
“နဂါးသွေးကြောကို ဘယ်သူပိုင်ဆိုင်မလဲဆိုတာပေါ် မူတည်ပြီး အဲဒီနိုင်ငံရဲ့ ကံကြမ္မာကလည်း အဆုံးအဖြတ် ခံရမှာပေါ့... ဒါကြောင့် ကန်နိုင်ငံဘက်ကနေ နဂါးသွေးကြောကို ရအောင် ကူညီပေးဖို့ သူက ကျွန်တော့်ကို တောင်းဆိုခဲ့တာပါ အရှင်မင်းကြီး..."
"ဒါဆိုရင် ဆရာကြီးရဲ့ သဘောထားကရော ဘယ်လိုရှိလဲ..."
ကန်ဧကရာဇ်က အလောတကြီး မေးမြန်းလိုက်သည်။
"ကျွန်တော် သဘောတူလိုက်ပါတယ်..."
ကူမော့က ဆိုသည်။
ကန်ဧကရာဇ်သည် သူ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပြောလိုက်သည်။
"ရှေးကတည်းက နဂါးသွေးကြောဟာ လောကကြီးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးတယ်လို့ ပြောစမှတ်ရှိခဲ့တာပဲ။ ဒါက အမှန်လား မသေချာပေမဲ့ ဆရာကြီးကျိရော ဆရာကြီးကူပါ ပြောနေမှတော့ ဒါက သေချာပေါက် တည်ရှိနေမှာပါ။ ဆရာကြီးကူသာ ကူညီမယ်ဆိုရင် နဂါးသွေးကြောကို ကျွန်တော်တို့ပဲ ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်"
ကူမော့က -
"ကျွန်တော် ဒီနေ့ ဒီအကြောင်းကို တမင်ပြောပြရတာက အရှင်မင်းကြီးကို သတိပေးချင်လို့ပါ။ ဆရာကြီး ကျိဝူဆွမ်းက ဒီကမောက်ကမခေတ်ကြီးရဲ့ အဆုံးသတ်နဲ့ နဂါးသွေးကြော ပေါ်လာမယ့်အချက်ကို ကြိုမြင်နိုင်တယ်ဆိုမှတော့ အဲဒီနဂါးသွေးကြော ဘယ်မှာရှိလဲဆိုတာကိုလည်း သူ ရှာနိုင်မှာ သေချာပါတယ်။”
“ ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ ဒါကို ယုံကြည်တယ်ဆိုရင် သူ့ကို ရိုရိုသေသေ ဆက်ဆံပြီး နက္ခတ်ဗေဒင်ဦးစီးဌာနကို ဦးဆောင်ဖို့ ဖိတ်ခေါ်ကာ နဂါးသွေးကြောကို ရှာခိုင်းသင့်ပါတယ်။ နဂါးသွေးကြောကို ရှာတွေ့ပြီဆိုတာနဲ့ ကျွန်တော့်ဆီကို အကြောင်းကြားလိုက်ပါ။”
“ ကျွန်တော် တခြားအရာတွေကို အာမမခံနိုင်ပေမဲ့ တိုက်ခိုက်ရေးစွမ်းအားပိုင်းမှာတော့ ကန်နိုင်ငံဟာ တခြားဘယ်နိုင်ငံထက်မဆို မနိမ့်စေရဘူးလို့ အာမခံပါတယ် အရှင်မင်းကြီး"
"တကယ့်ကို ကောင်းတာပေါ့"
ကန်ဧကရာဇ် အလွန်ဝမ်းသာအားရ ဖြစ်သွားပြီး
"ကျွန်တော်တို့ ကန်နိုင်ငံမှာ ဆရာကြီးကူနဲ့ ဆရာကြီးကျိတို့လို လူတွေ ရှိနေတာဟာ နိုင်ငံရဲ့ ကံကြမ္မာ ကောင်းလွန်းလို့ပါပဲ။ ကျွန်တော့်ဘက်ကလည်း အဲဒီနဂါးသွေးကြောကို ရှာနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ"
ကူမော့သည် မြို့တော်တွင် ရက်အနည်းငယ် ကြာအောင် နေထိုင်ခဲ့ပြီး၊ ကျိုးချင်းဖုန်း၊ စုဇီယိုနှင့် တံခါးခြောက်ချပ်အဖွဲ့မှ ဝမ်ကျန်းကဲတို့နှင့် ဆုံတွေ့ခဲ့လေသည်။ အဲဒီနောက်မှာတော့ သူသည် ကူချူတုန်းနှင့်အတူ မြို့တော်မှ ထွက်ခွာလာခဲ့ကြလေသည်။
ကူချူတုန်းသည် ကူမော့၏ အစီအစဉ်ကို သိပ်မကျေနပ်ချေ။ အနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ လူသားမဟုတ်မှန်း သိရှိပြီးနောက် ကူမော့အတွက် နောက်ထပ် အိမ်ထောင်ဖက်တစ်ဦး ရှာပေးရန် သူမက စိတ်ကူးခဲ့သော်လည်း ကူမော့က ငြင်းပယ်ခဲ့သဖြင့် ကူချူတုန်းမှာ အတော်လေး စိုးရိမ်ပူပန်နေရသည်။
သို့သော် ကူမော့က လင်းကျန်းမြို့သို့ ပြန်ကာ ယခင် ပုအာစံအိမ်ကို ပြန်လည်ဝယ်ယူပြီး ကူမိသားစု၏ သီးသန့်စံအိမ်အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်သဖြင့် သူမ၏ စိတ်ခံစားချက်မှာ ချက်ချင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထိုပုအာစံအိမ်သည် မူလက အရက်ချက်စက်ရုံဖြစ်ပြီး နောက်ပိုင်းတွင် ရန်စန်းနျန်က ကျွီဖုန်းခန်းမအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော လဝက်ခန့်က လင်းကျန်းမြို့သို့ ပြန်ရောက်စဉ်ကပင် ကူချူတုန်းသည် ပုအာစံအိမ်ကို ဝယ်ယူချင်ခဲ့သော်လည်း ထိုစဉ်က ကူမော့က သဘောမတူသဖြင့် အစီအစဉ် ပျက်ပြယ်ခဲ့ရသည်။ ယခုအခါ ကူမော့ကိုယ်တိုင် ထိုကိစ္စကို ပြန်လည်စတင်လိုက်သဖြင့် ကူချူတုန်းမှာ အလွန်ဝမ်းသာသွားသော်လည်း အနည်းငယ် ဇဝေဇဝါဖြစ်ကာ မေးမြန်းလိုက်သည်။
"အစ်ကိုကြီး... အရင်တုန်းကတော့ အစ်ကိုကြီးက စံအိမ် ဝယ်တာက အဓိပ္ပာယ် မရှိဘူးဆိုပြီး ဝယ်ဖို့ ဝန်လေးနေခဲ့တာ မဟုတ်လား... အခုကျမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဝယ်ဖို့ ဆုံးဖြတ်လိုက်တာလဲ..."
ကူမော့က
"အကြောင်းရင်း နှစ်ခု ရှိပါတယ်၏။ ပထမ တစ်ခုကတော့၊ အခုဆိုရင် ငါ အိမ်မှာပဲ အချိန်ကုန်တာ များလာပြီလေ၊ ပြီးတော့ ငါ သုတ်သင်လို့ ရမည့် ဝရမ်းပြေးတွေကလည်း သိပ်ပြီး မရှိတော့ဘူး မဟုတ်လား... ဒုတိယ တစ်ခုကတော့၊ အနီရောင် နဲ့ စောင်းဆရာတို့ဟာ ချီကျင့်ကြံသူတွေ ဖြစ်ကြတော့၊ သူတို့ ကျင့်ကြံဖို့အတွက် လုံလောက်တဲ့ နေရာ တစ်ခု လိုအပ်နေလို့ပါပဲ..."
အနီရောင်နှင့် စောင်းဆရာတို့သည် လောကတွင် အတော်ဆုံးသော ချီကျင့်ကြံသူများထဲ၌ ပါဝင်သည်။ သို့သော် ကူမော့ ထုတ်မပြောခဲ့သည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးသည်။ သူ၏ အသိဉာဏ်များ နိုးထလာပြီးနောက် ပုအာစံအိမ်သည်သာလျှင် သူ့အတွက် အိမ်တစ်လုံးကဲ့သို့ အမှန်တကယ် ခံစားရစေသည့် တစ်ခုတည်းသော နေရာဖြစ်ခဲ့သောကြောင့် ဖြစ်သည်။
လင်းကျန်းမြို့သို့ ပြန်ရောက်ရောက်ချင်းမှာပင် ကူချူတုန်းသည် ပုအာစံအိမ်ကို ပထမဆုံး ဝယ်ယူလိုက်သည်။ ထို့နောက် ကူချူတုန်းက ပရိဘောဂများ စီစဉ်ခြင်း၊ အိမ်ကို အနည်းငယ် ပြုပြင်မွမ်းမံခြင်းနှင့် အစေခံများ ခေါ်ယူခြင်းတို့ဖြင့် အလုပ်ရှုပ်နေစဉ် ကူမော့သည် မြောက်ဘက်ကန္တာရသို့ တိုက်ရိုက် ဦးတည်ထွက်ခွာခဲ့သည်။
ကူချူတုန်း၏ ကျင့်ကြံမှုမှာလည်း အတော်လေး မြင့်မားနေပြီ ဖြစ်သည့်အပြင် အနီရောင် ၏ ကာကွယ်စောင့်ရှောက်မှုလည်း ရှိနေသည်။ ကူမော့သည် လင်းကျန်းမြို့မှ မြောက်ဘက်ကန္တာရသို့ နာရီဝက်ပင် မပြည့်မီ ရောက်ရှိသွားခဲ့သည်။
မြောက်ဘက်ကန္တာရသည် ကျယ်ပြောလှသော သဲကန္တာရ ဖြစ်သော်လည်း ဆောင်းရာသီ၏ လေနှင့် သဲမုန်တိုင်းများတွင် ပုံမှန်ထက် ပိုမိုအေးစက်နေသည်ဟု ထင်ရသည်။ နေ့နှင့်ည အပူချိန်ကွာခြားမှုမှာလည်း ကြီးမားလှပြီး ဆောင်းရာသီတွင်မူ ပိုမို၍ပင် ကွာခြားသွားတော့သည်။
နှင်းမကျသော်လည်း ညဘက်တွင် ဖြစ်ပေါ်လာသော ခါးသီးလှသည့် အအေးဒဏ်မှာ လူတစ်ယောက်ကိုပင် အေးခဲ၍ သေဆုံးသွားစေနိုင်သည်။ ထို့ကြောင့် စစ်တပ်စခန်းတစ်ခုလုံးတွင် မီးပုံများ တောက်လောင်နေကြလေသည်။
ဗဟိုစစ်ဌာနချုပ် တဲကြီးအတွင်းတွင် ယဲ့ကျင့်လန်သည် မြောက်ဘက်ကန္တာရ၏ မြေပုံကို ပုံဖော်ထားသော ဧရာမ သဲပုံမြေပုံကြီးဘေးတွင် ရပ်နေလေသည်။
သူသည် စာများစွာကို လက်တွင် ကိုင်ထားရင်း အဆက်မပြတ် ဖတ်ရှုနေကာ ဖတ်ပြီးတိုင်းတွင်လည်း အမှတ်အသားများ ပြုလုပ်နေသည်။ ခဏချင်းမှာပင် သူသည် သဲပုံမြေပုံ၏ ထောင့်တစ်နေရာတွင် အမှတ်အသားများ ပြည့်နှက်သွားအောင် ပြုလုပ်လိုက်ပြီးနောက်
"ခို့ရွှီး ကူးတို့ဆိပ် ကို အခုဆိုရင် ချန်လှပ်ထားလို့ ရပြီ၊ ပြီးတော့ အမည်းရောင်အပျက်အစီးများ လည်း အဲဒီမှာ မရှိတော့ဘူး..."
သူ စကားပြောနေရင်းပင် အိပ်ရာဆီသို့ လျှောက်သွားခဲ့ရာ အိပ်ရာပေါ်တွင် စောင်ခြုံထားလျက် လှဲလျောင်းနေသော ချီမြောင်ရွှမ် ကို တွေ့လိုက်ရ၏။ သူ၏ ဘေးတွင်တော့ မီးဖိုငယ် တစ်ခု တောက်လောင်နေပြီး လက်ဖက်ရည်အိုး တစ်အိုးကို တည်ထားသည်။
ယဲ့ကျင့်လန် က မေးလိုက်သည်
"အဘိုးကြီးချီ... ခို့ရွှီးအပျက်အစီး ဟာ တည်ငြိမ်ပြီး ရွှေ့လျားနေတာ မဟုတ်ဘူးဆိုတာ တကယ်သေချာရဲ့လား..."
ချီမြောင်ရွှမ်က
"ငါသေချာပါတယ်... ခို့ရွှီးအပျက်အစီးများ ရဲ့ ရွှေ့လျားမှုက ပုံစံတစ်ခု ဖြစ်နေပါတယ်... နှစ်လေးဆယ်မှာ တစ်ခါ ပေါ်လာပြီးနောက်မှာတော့ ဆယ်နှစ်ကြာအောင် ပိတ်သွားတတ်တယ်... ဒီအချိန်မှာတော့ ခို့ရွှီးအပျက်အစီး ရဲ့ တည်နေရာကို ငါတို့ ရှာတွေ့ပြီဆိုရင် တူးဖော်ဖို့ပဲ အာရုံစိုက်ရမှာလေ..."
ယဲ့ကျင့်လန် သည် ဖြည်းညင်းစွာ ဆိုသည်။
"ဒါဆို ကောင်းတာပေါ့... လက်ရှိ ရှာဖွေနေတဲ့ အရှိန်နှုန်းနဲ့ဆိုရင် နောက်ထပ် တစ်လဝက်အတွင်းမှာ တည်နေရာကို အတိအကျ သိနိုင်တော့မှာပါ..."
ချီမြောင်ရွှမ် သည် လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ရင်း ဆိုသည်။
"ငါ ပြောခဲ့သားပဲ ကောင်လေး... အလျင်စလို လုပ်နေဖို့ မလိုပါဘူး... အခုဆိုရင် ဖြစ်နိုင်ချေတွေကို တစ်ခုပြီးတစ်ခု ဖယ်ရှားနေတာပဲလေ... မနက်ဖြန်မှာ ရှာတွေ့သွားမယ် ဆိုတာလည်း ဘယ်သူသိမှာလဲ... ကျွမ်းကျင်တဲ့ အလုပ်တွေကို ကျွမ်းကျင်တဲ့သူတွေဆီမှာပဲ ထားလိုက်ပါတော့...”
“ သတ္တုတွင်း ရှာဖွေသူတွေနဲ့ ဗေဒင်ဆရာတွေကိုပဲ အဓိကလုပ်ခိုင်းလိုက်ပါ... မင်းလည်း ပုံမှန်အတိုင်းပဲ စားသောက်နေလိုက်ပါတော့၊ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် ဒီလောက်အထိ နိပ်စက်နေရတာလဲ..."
စကားပြောနေရင်းပင် ချီမြောင်ရွှမ် သည် လက်ဖက်ရည်ခွက်ကို ယဲ့ကျင့်လန် ထံသို့ ကမ်းပေးလိုက်သည်။
ယဲ့ကျင့်လန် သည် ခွက်ကို ယူလိုက်ပြီး
"ကျွန်တော် ဘာလို့ လောနေတာလဲ ဆိုတာကို မင်း မသိဘူးလား... ကျွန်တော် အကြောက်ဆုံးက မင်း ကိုပဲလေ..."
"ငါက ဘာလုပ်မိလို့လဲ..."
ချီမြောင်ရွှမ် က မေးသည်။
"ငါ ဘာမှ မလုပ်ပါဘူး... မီးချီလင် ကို သတ်ချင်ရုံ သက်သက်ပါ... ကျန်တဲ့ ကိစ္စတွေကတော့ မင်း ကြိုက်သလို လုပ်ပေါ့... ငါတို့ကြားမှာ အကျိုးစီးပွားချင်း မတူညီမှုတွေ မရှိဘူးလေ၊ အဲဒီတော့ မင်း ဘာကို ကြောက်နေတာလဲ..."