← Chapters

အခန်း ၄၀၅

Vol. 33 Ch. 405

အခန်း ၄၀၅

Vol. 33 Ch. 405

အပိုင်း (၄၀၅) - မြောက်ဘက်ကန္တာရဆီသို့ ဦးတည်ခြင်း - ၃

ယဲ့ကျင့်လန် က

"မင်းရဲ့ အနောက်ကနေ ကြိုးကိုင်နေသူတွေကတော့ အဲဒီအတိုင်း မဟုတ်ဘူးလေ..."

ချီမြောင်ရွှမ်က လက်ကို ဝှေ့ယမ်းလိုက်ရင်း

" တကယ်ကို ဒီလိုမျိုးတွေ တွေးနေဖို့ မလိုပါဘူး... မင်း ပြောတာက အဓိပ္ပာယ် ရှိမှန်းတော့ ငါ မငြင်းပါဘူး၊ ဒါပေမဲ့ မင်းက လုပ်ရမှာပဲ မဟုတ်လား... တကယ်လို့သာ ငါက ရုတ်တရက် တစ်ခုခု လုပ်ချင်စိတ် ပေါက်လာမယ် ဆိုရင် မင်း တားနိုင်မယ်လို့ ထင်နေတာလား... "

“ဘာပဲဖြစ်ဖြစ် မင်း ပြောင်းလဲနိုင်မှာ မဟုတ်တဲ့ ကိစ္စတွေကို ဘာလို့ အဲ့လောက်အထိ တွေးနေရတာလဲ... အေးအေးဆေးဆေးပဲ နေလိုက်စမ်းပါဦး... ..."

ဤအချိန်တွင် ချီမြောင်ရွှမ် သည် ရုတ်တရက် "ဟင်" ဟူသော အသံလေးကို ခပ်ဖွဖွ ပြုလုပ်လိုက်ပြီး ရုတ်တရက် ခေါင်းမော့လိုက်ကာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။ သူက

"သတင်းကောင်းပဲ ယဲ့ကျင့်လန်... မင်းဆီကို အကူအညီတွေ ရောက်လာပြီ!"

ယဲ့ကျင့်လန် က ဇဝေဇဝါဖြင့် မေးသည်။

"ဘာကို ဆိုလိုတာလဲ..."

ထိုစဉ်မှာပင်...

တဲအပြင်ဘက်ရှိ စစ်သည် တစ်ဦးက အော်ဟစ်လိုက်သည်။

"ဗိုလ်ချုပ် ယဲ့... စခန်းအပြင်ဘက်မှာ လူတစ်ယောက် ရောက်လာပါတယ်၊ သူက သူ့ကိုယ်သူ သူရဲကောင်း ကူမော့ လို့ ပြောနေပါတယ်ခင်ဗျာ..."

ယဲ့ကျင့်လန် သည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် ချီမြောင်ရွှမ် ကို လှည့်ကြည့်လိုက်သည်။

ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုသည်။

"ဘာလို့ ငါ့ကို ကြည့်နေတာလဲ... မင်းရဲ့ အစ်ကိုကြီး ရောက်လာပြီလေ၊ မင်း သွားမတွေ့တော့ဘူးလား..."

ယဲ့ကျင့်လန် က လေးနက်သော လေသံဖြင့်

"ကူမော့ ရောက်လာပြီ ဆိုမှတော့ ကျွန်တော်တို့တွေ တစ်ဖက်နဲ့တစ်ဖက် ပြန်တိုက်ခိုက်ကြမှာကို မစိုးရိမ်ဘူးလား... ပြီးတော့ မီးချီလင် နဲ့ ကပ်ရောဂါနတ်ဘုရား လည်း ရှိနေသေးတာကို... ဖိအားတွေကို မခံစားရဘူးလား..."

ချီမြောင်ရွှမ်က လက်ကို ဝှေ့ယမ်းလိုက်ရင်း ဆိုသည်။

"မင်းသာ ငါ့ကို တကယ်ပဲ ခြိမ်းခြောက်နိုင်တယ်လို့ ခံစားရရင် ငါ အရမ်း ဝမ်းသာမှာပဲ..."

ယဲ့ကျင့်လန် က မေးသည်။

"ကူမော့ ရောက်လာတာကို အံ့ဩမှု မရှိဘူးလား..."

ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုသည်။

"လွယ်ပါတယ်... မင်းပဲ ပြောပြလိုက်တာလေ၊ ပြီးတော့ မင်း ငါ့ရဲ့ အထောက်အထားကိုလည်း ပြောပြပြီးသား ဖြစ်မှာပါ..."

"မင်း စိတ်မဆိုးဘူးလား..."

"စိတ်ဆိုးစရာ ဘာရှိလို့လဲ..."

ယဲ့ကျင့်လန် သည် ဘာမှ ထပ်မပြောတော့ဘဲ တဲထဲမှ ထွက်ခွာသွားသည်။ သူသည် တဲအပြင်ဘက်သို့ အမြန်ပင် ရောက်သွားပြီး အဝေးတွင် ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားသည့် ကူမော့ ကို မြင်လိုက်ရသည်။

သူသည် အလျင်အမြန်ပင် ပြေးသွားပြီး မေးလိုက်သည်။

"ဘာလို့ ရောက်လာတာလဲ..."

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်ရင်း

"ငါ ဘာလို့ မလာရမှာလဲ..."

ယဲ့ကျင့်လန် က စိတ်တိုတိုဖြင့် ဆိုသည်။

"ကျွန်တော် မင်းဆီ ပေးလိုက်တဲ့ စာထဲမှာ ဒီကိစ္စက အန္တရာယ် အလွန် များတယ်လို့ ပြောထားခဲ့တာ မဟုတ်လား... မင်း က သံယောဇဉ်တွေ နောက်ကို လိုက်မယ့်သူမျိုး မဟုတ်ဘူး မဟုတ်လား... ဒါမှမဟုတ် မင်းက ယောက်ျားလေးတွေကို စိတ်ဝင်စားနေတာလား... ငါ အန္တရာယ်ထဲ ရောက်နေတာကို မကြည့်ရက်လို့လား..."

"သေလိုက်စမ်း..."

ကူမော့က ဆိုသည်။

"ငါ လာရတဲ့ အကြောင်းရင်း ရှိတယ်လေ... မီးချီလင် နဲ့ ကပ်ရောဂါနတ်ဘုရား က ဝရမ်းပြေးတွေ ဖြစ်နေတယ်ဆိုတာ မင်း သိလား... ရှေးယခင်ကတည်းက ဒီနေ့အထိ အဲဒီလို ဝရမ်းပြေးတွေကို ဘယ်သူမှ မဖမ်းမိသေးဘူး... မင်း သိတဲ့အတိုင်းပဲ၊ ဝရမ်းပြေးတွေ နဲ့ ပတ်သက်ရင်တော့ ငါ့ဆီမှာ ခုခံနိုင်စွမ်း လုံးဝ မရှိဘူးလေ..."

ယဲ့ကျင့်လန် က မျက်လုံးကို လန်ပြလိုက်ပြီး

"အို အစ်ကိုကြီး ကူ ရယ်... ဒီကိစ္စက နောက်ပြောင်စရာ မဟုတ်ဘူးလေ... မင်း ကူမော့ က သိုင်းလောကမှာ အားကောင်းဆုံး ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ 'သိုင်းလောကမှာ အားကောင်းဆုံး' ဆိုတာ လူတွေနဲ့ ပြောတာလေ... အခု ကျွန်တော်တို့ ရင်ဆိုင်နေရတာက လူတွေ မဟုတ်ဘူး၊ မင်း..."

"ကောင်းပြီလေ..."

ကူမော့က လက်ကို ဝှေ့ယမ်းလိုက်ရင်း ယဲ့ကျင့်လန် ၏ စကားကို ဖြတ်ပြောလိုက်သည်။

"ငါတို့ ရောက်နေပြီဆိုမှတော့ အဓိပ္ပာယ် မရှိတာတွေ ပြောမနေကြပါနဲ့တော့... အေး... အဘိုးကြီးချီ ရှိနေလား... ငါ သူ့ကို တွေ့ချင်"

"သူကလည်း လူ မဟုတ်ဘူးလေ..."

ယဲ့ကျင့်လန် က ဆိုသည်။

"ငါက ဘယ်သူ့ကိုမှ စိတ်မဝင်စားပါဘူး!"

ကူမော့က ဆိုရင်း စစ်တပ်စခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလေသည်။

ယဲ့ကျင့်လန် သည် ကူမော့၏ နောက်ကျောကို ကြည့်ရင်း အကူအညီမဲ့စွာ ပြုံးလိုက်မိပြီး၊ နောက်ထပ် ဘာမှ မပြောတော့ဘဲ ကူမော့၏ နောက်မှ လိုက်သွားကာ တဲအတွင်းသို့ ခေါ်ဆောင်သွားခဲ့လေသည်။

တဲအတွင်းသို့ ဝင်ဝင်ချင်းမှာပင် ကူမော့သည် ချီမြောင်ရွှမ် အိပ်ရာပေါ်တွင် ပြုံးလျက် ထိုင်နေသည်ကို မြင်လိုက်ရလေသည်။

"ခမ်းနားလိုက်တာ..."

ကူမော့က ချီမြောင်ရွှမ် အား ဂါရဝပြုလိုက်သည်။ သူသည် မီးဖိုဘေးတွင် ထိုင်လိုက်ပြီး အံ့ဩစွာဖြင့်

"အဘိုးကြီးချီ... ခင်ဗျား တကယ်ကို လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲနော်"

ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။

"တော်တော်ပါပဲ... မင်းလည်း တကယ်ကို အံ့ဩစရာ ကောင်းတာပဲလေ... မင်းက လောကမှာ အားကောင်းဆုံး ဖြစ်လာနိုင်မယ့် အခွင့်အရေး အနည်းငယ်ပဲ ရှိမယ်လို့ ငါ ထင်ခဲ့တာပါ၊ အဲဒီလို ဖြစ်လာရင်တောင်မှ ဆယ်စုနှစ်တွေ အကြာကြီး စောင့်ရမယ်လို့ ထင်ခဲ့တာ...”

“ ဒီလောက်အထိ မြန်မြန်ဆန်ဆန်နဲ့ လောကနံပါတ် ၁ ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး... ငါ မင်းကို လေးစားပါတယ်"

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်ရင်း

"မင်းက အသက်လည်း ရှည်သလို အတွေ့အကြုံလည်း များတယ် မဟုတ်လား... ကျွန်တော့်ဆီမှာ မေးစရာ မေးခွန်း အနည်းငယ် ရှိနေလို့ပါ..."

"မင်းက တကယ့်ကို တဲ့တိုး ပြောတတ်တာပဲ..."

ချီမြောင်ရွှမ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

ကူမော့က ဆိုသည်။

"စကားအနည်းငယ်လောက်ပါပဲလေ... ခင်ဗျားသာ ဖြေပေးမယ် ဆိုရင်တော့ ကျွန်တော် အကျိုးရှိမှာပေါ့၊ မဖြေပေးဘူး ဆိုရင်လည်း ဘာမှ အရှုံးမရှိပါဘူး... ဘာလို့ ယဉ်ကျေးနေရမှာလဲ မဟုတ်လား..."

ချီမြောင်ရွှမ်က ရယ်မောလိုက်သည်။

"မေးလိုက်လေ"

ကူမော့က မေးမြန်းလိုက်သည်။

"ရိုးရိုးသားသားပဲ မေးပါရစေ၊ ပိုင်ယွီကျင်း နဲ့ အတွင်းမိစ္ဆာ ကို သတ်နိုင်မယ့် နည်းလမ်း တကယ်ရှိလား..."

All Chapters