← Chapters

အခန်း ၄၀၈

Vol. 33 Ch. 408

အခန်း ၄၀၈

Vol. 33 Ch. 408

အပိုင်း (၄၀၈) - ကပ်ဆိုးနတ်ဘုရား

ယုရှီကျို ရုတ်တရက် အံ့ဩသွားပြီး အော်ဟစ်လိုက်သည်။

"ခင်ဗျားဘယ်သူလဲ... ဘာတွေကို သိထားတာလဲ..."

အမည်းရောင် မြူခိုးပုံစံက ဆိုသည်

"မင်း သိထားတာတွေကို ငါ သိတယ်၊ မင်း မသိသေးတာတွေကိုလည်း ငါ သိတယ်... ယုရှီကျို... ငါလည်း မင်းလိုပဲ မီးဝိညာဉ်မျိုးနွယ်စု ကို ကာကွယ်ပေးတဲ့ သူ တစ်ယောက်ပါပဲ... ငါ့ရဲ့ နာမည်ကတော့ယုရှီအာ"

ယုရှီကျို အံ့ဩစွာဖြင့် အော်ဟစ်လိုက်သည်။

"ခင်ဗျားက... အဲဒီသစ္စာဖောက် ဆိုတဲ့လူလား.. ခင်ဗျား တကယ်ပဲ အသက်ရှင်နေသေးတာလား..."

ယုရှီအာ က ဆိုသည်။

"ငါက သစ္စာဖောက် မဟုတ်ပါဘူး... ငါက... ငါ မီးဝိညာဉ်မျိုးနွယ်စု နဲ့ မီးနတ်ဘုရား ကို ဘယ်တုန်းကမှ သစ္စာ မဖောက်ခဲ့ပါဘူး... အဲဒီတုန်းက ငါ ခိုးယူခဲ့တဲ့ ရတနာ ဆိုတာကလည်း မီးဝိညာဉ်မျိုးနွယ်စု ထဲက အဖိုးတန်ဆုံး ရတနာ မဟုတ်ပါဘူး...”

“ အဲဒါက မီးနတ်ဘုရား ကို ထိခိုက်အောင် လုပ်ခဲ့ပြီး ရတနာကို လုယူဖို့ ကြိုးစားတဲ့ မသေမျိုး တစ်ယောက်ကို အဲဒီ ရတနာက အရင်ဆုံး ဆွဲဆောင်ဖို့ ကြိုးစားခဲ့တာ၊ ငါ ရတနာကို အရင်ယူပြီး လမ်းကြောင်း လွှဲပေးဖို့ပဲ ရှိတော့တယ်... အဲဒီလိုနဲ့ မီးဝိညာဉ်မျိုးနွယ်စု ကို ကယ်တင်နိုင်ခဲ့တာပေါ့... လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ ကတည်းက ငါ မီးဝိညာဉ်မျိုးနွယ်စု ကို လျှို့ဝှက်စွာ ကာကွယ်ပေးလာခဲ့တာပါ"

ယုရှီကျို က မေးသည်။

"ဒါဆို ဘာလို့ အခုမှ ထွက်ပေါ်လာတာလဲ..."

ယုရှီအာ က ဆိုသည်။

"ဘာလို့လဲဆိုတော့ အကျပ်အတည်းတွေ ရောက်လာပြီမို့လို့ပါ... မကြာသေးခင်ကမှ နန်းတော်က စစ်တပ်တွေကို မြောက်ဘက်ကန္တာရ ဆီကို နယ်စပ် ကာကွယ်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ စေလွှတ်လိုက်တာပါ... တကယ်တမ်းကျတော့ သူတို့တွေက မီးနတ်ဘုရား ရဲ့ အပျက်အစီးများ ကို ရှာဖွေနေတာ...”

“အဲဒီတုန်းက မီးနတ်ဘုရား ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ မသေမျိုး က အဲဒီစစ်တပ်ထဲမှာ ပါဝင်နေပါတယ်... သူက မီးနတ်ဘုရား ကို နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်တော့မှာပါ၊ အဲဒီအခါ ငါတို့ရဲ့ မီးဝိညာဉ်မျိုးနွယ်စု ဟာ လောကကြီးထဲ ပေါ်ထွက်လာရတော့မှာပေါ့..."

"သူတို့တွေက မီးနတ်ဘုရား ကို သတ်ပစ်ကြမှာ ဖြစ်ပြီး ငါတို့ရဲ့ မီးဝိညာဉ်မျိုးနွယ်စု ကိုလည်း အမဲလိုက်ခံရပြီး အဖိုးတန် ဆေးဝါးတွေ အဖြစ် ပြောင်းလဲသွားတော့မှာပေါ့... လူတိုင်းက ငါတို့ကို ဖမ်းဆီးပြီးတော့ ငရဲခန်းထဲမှာ ဒုက္ခမျိုးစုံ ခံစားရစေမှာပဲ..."

ယုရှီကျို၏ အမူအရာမှာ တည်ငြိမ်သွားသည်။ မီးနတ်ဘုရားသည် ဒဏ္ဍာရီထဲမှ အကြောင်းအရာတစ်ခု ဟုတ်မဟုတ်ကို သူ သိပ်စိတ်မဝင်စားသော်လည်း၊ သူ၏ မီးဝိညာဉ်မျိုးနွယ်စုသာ လောကကြီးထဲ ပေါ်ထွက်လာခဲ့လျှင်မူ သူတို့၏ ဘဝများသည် ယုရှီအာ ပြောပြသည်ထက်ပင် ပို၍ ကြောက်စရာကောင်းလာမည်ကို သူ ကောင်းကောင်း သိသည်။

ယုရှီအာ က ဆက်ပြောသည်။

"အခုတော့ ငါတို့ ဒီအကျပ်အတည်းကနေ ယာယီ ထွက်ပြေးဖို့ပဲ ရှိတော့တယ်... ပြီးသွားရင်တော့ မီးဝိညာဉ်မျိုးနွယ်စု ထဲက လူတွေရဲ့ ခန္ဓာကိုယ် ထဲကနေ မီးနတ်ဘုရား ရဲ့ ကောင်းချီးတွေကို ထုတ်ယူပြီး သူတို့ကို ပုံမှန် လူသားတွေလိုမျိုး နေထိုင်နိုင်အောင် လုပ်ပေးသွားမယ်..."

သူ စကားပြောနေရင်းပင်၊ ယုရှီအာ ၏ လက်ထဲမှနေ၍ ကြက်ဥ အရွယ်အစားရှိသော ခရမ်းရောင် ပုလဲလုံး တစ်လုံးမှာ ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ သူက ဆိုသည်။

"ဒါကတော့ အနှစ်သုံးရာတိုင်အောင် ကမ္ဘာပေါ်က ရှားပါး အဆိပ်တွေကို စုစည်းထားတဲ့ အဆိပ် ပဲ ..."

"အဲဒါကို ယူပြီးတော့ ခို့ရွှီးအပျက်အစီးများ ထဲကို သွားပြီးတော့ ငါတို့ရဲ့ ရွာသူကြီးဆီ ပေးလိုက်ပါ... သူက အဲဒါကို ဟင်းလင်းပြင်ဝင်္ကပါ ရဲ့ အူတိုင်ထဲမှာ ထည့်ထားလိုက်မယ် ဆိုရင်တော့၊ ဝင်္ကပါ ဟာ ငါ့ရဲ့ နယ်ပယ် ဖြစ်မှာ... အဲဒီအခါမှာတော့ ဘယ်သူမှ ငါ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး..."

ယုရှီကျို သည် ယုရှီအာ ၏ လက်ထဲရှိ အဆိပ်ပုလဲကို ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

"ဘာလို့ ကိုယ်တိုင် အထဲဝင်ပြီး ရွာသူကြီးကို မရှာတာလဲ..."

ယုရှီအာ က ဆိုသည်။

"အဲဒီ မသေမျိုး က ငါ့ကို သိသလို ငါလည်း သူ့ကို သိတယ်... အခုအချိန်မှာသာ အပျက်အစီးများ ထဲကို ဝင်သွားရင် သူတို့အတွက် လမ်းခင်းပေးသလို ဖြစ်သွားမှာပေါ့..."

"ယုရှီကျို... ငါ့ရဲ့ အထောက်အထားကို မင်း သံသယ ဖြစ်စရာ မလိုပါဘူး၊ ငါက ယုရှီအာ ပါ... အပျက်အစီး ဟာ အခု ဟန်ရှကျူးတောင်ကြား ထဲမှာ ရှိတယ်ဆိုတာကို ငါ သိသလို၊ မီးနတ်ဘုရား ဟာ အပျက်အစီးများ ရဲ့ အပြင်ဘက် တောင်ကြား ထဲက မီးတောင် ထဲမှာ ပုန်းအောင်းနေတယ် ဆိုတာကိုလည်း ငါ သိတယ်... ပြီးတော့ ဝင်္ကပါ အက်ကြောင်းတွေကနေတဆင့် အပျက်အစီး ထဲကို ဘယ်လို ဝင်ရမလဲ ဆိုတာကိုလည်း ငါ သိတယ်..."

"တကယ်လို့သာ ငါ့မှာ မကောင်းတဲ့ရည်ရွယ်ချက် ရှိခဲ့ရင်တော့ မီးဝိညာဉ်မျိုးနွယ်စု ဟာ လွန်ခဲ့တဲ့ အချိန်ကတည်းက ပျက်စီးသွားခဲ့မှာပေါ့... ပြီးတော့ ရွာသူကြီးဆီ ပြန်သွားပြီး မင်း ငါ့ကို တွေ့ခဲ့တယ်လို့ ပြောပြလိုက်ပါ၊ သူ အကုန်လုံး နားလည်သွားလိမ့်မယ်..."

"ရွာသူကြီးက ခင်ဗျားရှိနေတာကို သိလို့လား..."

ယုရှီကျို က သံသယဖြင့် မေးလိုက်သည်။

ယုရှီအာ က ဆိုသည်။

"ငါကတော့ ခေတ်အဆက်ဆက် မီးဝိညာဉ်မျိုးနွယ်စု ရဲ့ အစောင့်အရှောက်တွေနဲ့ တွေ့ခဲ့ပြီးပါပြီး... ဒါပေမဲ့ အဲဒီကိစ္စကိုတော့ အစောင့်အရှောက်တွေနဲ့ ရွာသူကြီးပဲ သိကြတယ်... မင်းကို မပြောခဲ့တာကတော့ မင်းက ငယ်လွန်းသေးသလို လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ပါ့မလားလို့ ငါ စိုးရိမ်လို့ပါ၊ ဒါကြောင့်မို့လို့ မပြောပြခဲ့တာပါ..."

ယုရှီကျို သည် ယုရှီအာ ကို ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားကာ၊ ဖြည်းညင်းစွာ လက်ကို ဆန့်ထုတ်၍ ယုရှီအာ ၏ လက်ထဲမှ အဆိပ်ပုလဲကို ယူလိုက်ရင်း မေးလိုက်သည်။

"ဒါကို သုံးဖို့ ဘာလိုအပ်ချက်တွေ ရှိသေးလဲ..."

ယုရှီအာ က ဆိုသည်။

"ဘာမှ မလိုပါဘူး... ဝင်္ကပါ ရဲ့ အူတိုင်ထဲကိုပဲ ထည့်လိုက်ရုံပါပဲ..."

ယုရှီကျို သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး အဆိပ်ပုလဲကို ခါးကြားမှ အိတ်ထဲသို့ ထည့်လိုက်ရင်း မေးလိုက်သည်။

"ဒါနဲ့... ကျွန်တော့်ရဲ့ ဓားဟာ ဆရာကြီးကူ ဆီကနေ ဆင်းသက်လာတာမှန်း ခင်ဗျား ဘယ်လိုလုပ် သိတာလဲ..."

ယုရှီအာ က ဆိုသည်။

"ငါ ကူမော့ ကို တွေ့ဖူးသလို သူ တိုက်ခိုက်တာကိုလည်း အကြိမ်ကြိမ် မြင်ဖူးတယ်လေ... ငါက သူ့ဓားကို မင်းထက်တောင် ပိုပြီး သိနေသေးတယ်..."

"ဒါဆိုရင်တော့လည်း..."

ယုရှီကျို က နောက်ထပ် မေးလိုက်သည်။

" နောက်ထပ် မေးစရာ ရှိပါသေးတယ်... ကျွန်တော်တို့ မီးဝိညာဉ်မျိုးနွယ်စု ရဲ့ လူတွေဟာ သက်တမ်း ရှည်ကြတာ မှန်ပေမဲ့၊ ပုံမှန်အားဖြင့်တော့ နှစ်ပေါင်း ၁၃၀၊ ၁၄၀ လောက်ပဲ ရှိပြီး အများဆုံး ဆိုရင်တော့ ၁၈၀ လောက်ပါပဲ... ခင်ဗျားက ဘယ်လိုလုပ်ပြီး နှစ်ပေါင်း ၄၀၀ လောက်အထိ အသက်ရှင်နေနိုင်တာလဲ..."

ယုရှီအာ က ဆိုသည်။

"ဘာလို့လဲဆိုတော့ ငါက လူသား မဟုတ်တော့လို့လေ... မင်းရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်သေးပါဘူး... တက်လှမ်းခြင်းနယ်ပယ် ကို ရောက်တဲ့အခါကျရင် သိလာပါလိမ့်မယ်... နောက်ထပ် နှစ်ရာပေါင်းများစွာ အသက်ရှင်ချင်တယ် ဆိုရင်တော့ မင်းဆီမှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်...”

“ ငါ့ရဲ့ ရုပ် ခန္ဓာကိုယ်က သေသွားခဲ့တာ ကြာပါပြီ၊ အခု အသက်ရှင်နေတာကတော့ ခန္ဓာကိုယ် တစ်ခုကို ရှာတွေ့ထားတဲ့ မူလဝိညာဉ် ပဲလေ"

ယုရှီကျို က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"တက်လှမ်းခြင်းနယ်ပယ် ဆိုတာ တကယ် ရရှိတာလား..."

ယုရှီအာ က ဆိုသည်။

"မင်းက မီးဝိညာဉ်မျိုးနွယ်စု ရဲ့ လက်ရှိ အစောင့်အရှောက် ပဲလေ... မင်းရဲ့ အရည်အချင်း နဲ့ အလားအလာက ငါ အရင်တုန်းကလိုမျိုးပဲ... တကယ်တော့ မင်းရဲ့ ကျင့်ကြံမှု အလားအလာက ငါ့ထက်တောင် အများကြီး သာလွန်ပါသေးတယ်... ငါ့ရဲ့ အရည်အချင်းက ဆေးပညာဘက်မှာပဲ ရှိပြီး တက်လှမ်းခြင်းနယ်ပယ် အထိတော့ ကျင့်ကြံနိုင်ခဲ့ပါတယ်... ဒါကြောင့်မို့လို့ မင်းလည်း သေချာပေါက် ကျင့်ကြံနိုင်မှာပါ..."

ယုရှီကျို သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆိုသည်။

"ကောင်းပါပြီ... အဲဒါဆိုလည်း ပြီးတာပါပဲ... ကျွန်တော် ပြန်ပါတော့မယ်၊ ရွာသူကြီး ကို သွားတွေ့ရဦးမှာမို့လို့ပါ..."

ယုရှီအာ သည် လက်ကို ဝှေ့ယမ်းလိုက်ရာ အမည်းရောင် မြူခိုးများဖြင့် ဖွဲ့စည်းထားသော နယ်မြေမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

ယုရှီကျို သည် မြင်းပေါ်သို့ တက်လိုက်ပြီးမှ ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ခေါင်းကို အလျင်အမြန် လှည့်၍ မေးလိုက်သည်။

"လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ရှာထိုမြို့က ရှာထိုဘုရားကျောင်း မီးလောင်ပြီး ဆရာတော် ကျင်ကုန်း အသတ်ခံလိုက်ရတာ... ကျွန်တော် သုံးနှစ်တိုင်တိုင် စုံစမ်းခဲ့ပေမဲ့ ဘာသဲလွန်စမှ မရခဲ့ဘူး... အဲဒါ ခင်ဗျား လက်ချက်လား..."

ယုရှီအာ သည် ဝန်ခံလိုက်သည်။

"ငါ လုပ်တာပါ... မင်း တော်တော်လေး တုံးတဲ့အလုပ်ကို လုပ်ခဲ့တာပဲလေ... အစောင့်အရှောက်တွေရဲ့ စည်းမျဉ်းအရ ဆိုရင် မီးဝိညာဉ်မျိုးနွယ်စု ရဲ့ လျှို့ဝှက်ချက်တွေကို သိတဲ့သူတိုင်းကို ချက်ချင်း သတ်ပစ်ရမှာလေ၊ ဒါပေမဲ့ မင်းက သူတို့နဲ့ သူငယ်ချင်း ဖြစ်သွားခဲ့တယ်... မင်းက တကယ့်ကို တုံးတာပဲ..."

ယုရှီကျို က ဒေါသတကြီးဖြင့် ဆိုသည်။

"ဆရာတော် ကျင်ကုန်း က မတူဘူး... သူက ကျွန်တော့်ကို အမြဲ ကူညီပေးနေတဲ့သူပါ... ခင်ဗျား သူ့ကို မသတ်သင့်ဘူး"

ယုရှီအာ က လေးနက်သော လေသံဖြင့် ဆိုသည်။

"မင်းကတော့ မိုက်မဲနေဆဲပဲ... လူ့သဘာဝ နဲ့ လောင်းကစား မလုပ်ပါနဲ့... ယုရှီကျို၊ မင်းလုပ်ခဲ့တာက မီးဝိညာဉ်မျိုးနွယ်စု တစ်ခုလုံးကို လူတစ်ယောက်ရဲ့ သဘာဝ နဲ့ လောင်းကစား လုပ်နေတာပဲ... မင်းက တကယ့်ကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်"

ယုရှီကျို သည် သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ယုရှီအာ က ဆက်ပြောသည်။

"မင်းသူငယ်ချင်းအတွက် လက်စားချေချင်တယ် ဆိုရင်တော့ ငါ အရမ်း ဝမ်းသာမှာပါ... ဒါပေမဲ့ အဲဒီအတွက်ကတော့ ငါ့ကိုနိုင်ဖို့ လိုလိမ့်မယ်လေ... မင်းမှာ စကားပြောရင်လည်း မနိုင်ဘူး၊ လက်သီးနဲ့ဆိုရင်လည်း အားမရှိဘူး... ဘာလို့ ငါ့ကို ကြည့်နေတာလဲ... သွားစရာရှိတာ သွားလုပ်စမ်းပါဦး"

ယုရှီကျို သည် ဘာမှ ထပ်မပြောတော့ဘဲ မြင်းကို အရှိန်ပြင်းပြင်းဖြင့် နှင်၍ ထွက်ခွာသွားတော့သည်။

ယုရှီအာ သည် ယုရှီကျို ၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ဒီ ကောင်လေး တုံးလိုက်တာ...မင်းနဲ့….. မီးဝိညာဉ်မျိုးနွယ်စု ... အခုထိ အသက်ရှင်နေသေးတာဟာ တကယ့်ကို အံ့ဩစရာ ပါပဲ... ငါ မင်းတို့အတွက် အများကြီး ပေးဆပ်ခဲ့ရတာပါ"

...

All Chapters