အခန်း ၄၁၀
Vol. 33 Ch. 410
အပိုင်း (၄၁၀) - မီးဝိညာဉ်မျိုးနွယ်အရင်းမြစ်
ယုတုန် ပုံပြင် ပြောပြသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက၊ မီးချီလင် ဆိုတဲ့ မိစ္ဆာ သားရဲ တစ်ကောင် ပေါ်ပေါက်လာခဲ့တယ်...
မီးချီလင် ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ဘေးအန္တရာယ်တွေရဲ့ အရင်းအမြစ် ဖြစ်ခဲ့တာပေါ့။
သူ ပေါ်လာတိုင်းမှာ ပျက်စီးခြင်းတွေနဲ့ အဆုံးမရှိတဲ့ တောမီးတွေ ဖြစ်ပေါ်လာပြီး လူအများကြီး သေဆုံးခဲ့ရတယ်လေ။
ဒီလို အခြေအနေမျိုးမှာ၊ ငါတို့ရဲ့ ဘိုးဘေးတွေက မီးချီလင် ကို သုတ်သင်ဖို့အတွက် ကျွမ်းကျင်သူ အများအပြားကို စုစည်းခဲ့ကြတာပေါ့။"
"တိုက်ပွဲမှာ အတော်လေး ပြင်းထန်ခဲ့ပေမဲ့ နောက်ဆုံးတော့ ငါတို့ ရှုံးနိမ့်သွားခဲ့သည်။ လူတိုင်းက သူတို့ သေရတော့မယ်လို့ ထင်နေချိန်မှာ၊ မီးချီလင် က တိုက်ခိုက်နေရင်း ဘိုးဘေးရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကို တွေ့သွားခဲ့သည်။ အဲဒီတော့ သူက ဘိုးဘေးနဲ့ စာချုပ်တစ်ခု လုပ်ချင်တယ်လို့ ပြောလာတယ်"
"စာချုပ်မှာ ဘာရေးထားလဲဆိုတော့၊ မီးနတ်ဘုရား က ငါတို့ ဘိုးဘေးရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကို အသုံးချပြီး ဝိညာဉ် မျိုးနွယ်စု တစ်ခုကို ပြုစုပျိုးထောင်ဖို့ပါ... ဝိညာဉ် မျိုးနွယ်စုဝင်တွေ ဟာ သာမန်လူတွေထက် ခန္ဓာကိုယ်ရော ဝိညာဉ်ရော ပိုပြီး သန့်ရှင်းစင်ကြယ်လို့..."
"မီးချီလင် က လူတွေနဲ့ တိရစ္ဆာန်တွေကို စားရတာ ပျင်းနေပါပြီ... သူက နတ်ဘုရား တစ်ပါး ဆိုတော့ စားဖို့ မလိုပါဘူး၊ ဒါပေမဲ့လည်း သူ့မှာ စားသောက်ဖို့ စိတ်ကူးတွေ ရှိနေဆဲပါ... ပြုပြင်ထားတဲ့ ဝိညာဉ် မျိုးနွယ်စုဝင် တစ်ယောက်ဟာ သူ့ အတွက်တော့ ပိုပြီး အရသာ ရှိတဲ့ အစားအစာ ဖြစ်နေမှာပေါ့..."
"ငါတို့ ဘိုးဘေး က အခြေအနေတွေကို သဘောတူလိုက်ရင်တော့၊ မီးချီလင် က လူသားလောက ကို ဒုက္ခ မပေးတော့ဘူး ဆိုပြီး ကတိပေးခဲ့တယ်... ဘာလို့လဲဆိုတော့ သူက ကမ္ဘာပေါ်မှာ အချိန်အတော်ကြာ နေရတာဟာ အရသာ ရှိတဲ့ အစားအစာတွေ ရှာဖို့ပဲ ...”
“ ဝိညာဉ် မျိုးနွယ်စုဝင် တစ်ယောက်ကို ပုံမှန် ပူဇော်ပသမှုတွေ ပြုလုပ်ပေးမယ် ဆိုရင်တော့၊ မီးနတ်ဘုရား က သူ့ရဲ့ အစီစဉ်ကို ရပ်တန့်မှာ ဖြစ်လို့ပါပဲ၊ တနည်းအားဖြင့် လူသားတွေရဲ့ ကပ်ဘေးကို လျော့ပါးစေမှာပေါ့..."
"နောက်ပိုင်းမှာတော့ လူတွေကို ကယ်တင်ဖို့ နဲ့ သူတို့ရဲ့ အပေါင်းအဖော်တွေကို ကယ်တင်ဖို့အတွက် ဘိုးဘေးတွေက ဘာမှ မတွန့်ဆုတ်ဘဲ မီးချီလင် နဲ့ စာချုပ် ရေးထိုးခဲ့ကြတယ်… အဲဒီအချိန်ကစလို့ မီးဝိညာဉ် မျိုးနွယ်စု က ပေါ်ပေါက်လာခဲ့တာပေါ့ “
“ငါတို့မှာ ရောဂါကင်း၊ ဘေးကင်း၊ အနာကင်းတဲ့ လက်ဆောင် ပါလာသလို သွေးထဲမှာလည်း သန့်ရှင်းတဲ့ စွမ်းအားတွေ ရှိနေတယ်… ဒါပေမဲ့ အဲဒါက မီးနတ်ဘုရား အတွက် ပိုပြီး အရသာ ရှိတဲ့ အစာဖြစ်ဖို့သက်သက်ပါပဲ။"
"ဒါဟာ ငါတို့ ရဲ့ လူတွေကို အသတ်ခံရပြီးနောက် တောင်တန်းကြီးထဲကို ပစ်ချလိုက်တာဟာ၊ နတ်ဘုရားတွေရဲ့ လက်ထဲကို ပြန်ရောက်သွားတာ မဟုတ်ဘဲ၊ တကယ်တမ်းမှာတော့ မီးချီလင် စားဖို့အတွက် ပို့လိုက်တာ ပဲ”
“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာအတွင်းမှာ မီးချီလင် အိပ်ပျော်နေတာကြောင့် အပြင်ကို ထွက်လာလေ့ မရှိပါဘူး .....ဒါကြောင့်မို့လို့ လူသားတွေကို ပူဇော်ဖို့ မလိုတော့တာပေါ့....အရင်တုန်းကတော့ သူ နိုးလာတိုင်း လူသားတွေကို ပူဇော်ဖို့ လိုအပ်ခဲ့တာဗျ။"
ဤစကားကို ကြားပြီးနောက်တွင်၊ ယုရှီကျို က ဇဝေဇဝါဖြင့် မေးသည်။
"ဒါဆိုရင် ကျွန်တော်တို့က ကျိန်စာကို မဖယ်ရှားသင့်ဘူးလား... ဘာလို့ ခင်ဗျားက တွန့်ဆုတ်နေတာလဲ..."
ယုတုန် က ဆိုသည်။
"ငါတို့တွေ စာချုပ်ကို ချိုးဖျက်လိုက်ရင်တော့၊ သူ က ကမ္ဘာပေါ်ကို ပြန်ပေါ်လာပြီး လူတွေကို ထပ်ပြီး ဒုက္ခပေးလိမ့်မယ်... အဲဒီအရာက ဘိုးဘေးတွေရဲ့ ဆန္ဒ နဲ့ ဆန့်ကျင်နေတာလေ..."
ယုရှီကျို က လေးနက်သော လေသံဖြင့် ဆိုသည်။
"ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးချယ်ပိုင်ခွင့် ရှိသင့်တယ်လေ... ဘာလို့ ကျွန်တော်တို့တွေက သူ့ရဲ့ အစားအစာ ဖြစ်ဖို့ မွေးဖွားလာရမှာလဲ... အရေးကြီးဆုံးကတော့၊ ကျွန်တော်တို့ ကာကွယ်ပေးတဲ့ လူသားတွေက အကြိမ်ကြိမ်..."
" ကျွန်တော်တို့ကို နှိပ်စက်နေတာလေ"
ယုတုန် သက်ပြင်းချကာ ဆိုသည်။
"ဟုတ်ပါတယ်၊ ဒါကြောင့်မို့လို့ ငါက နောက်မှ ပြောကြမယ် လို့ ပြောတာပါ၊ တိုက်ရိုက် ဆန့်ကျင်တာ မဟုတ်ပါဘူး... တကယ်လို့သာ ဖြစ်နိုင်မယ် ဆိုရင်တော့ ငါ တို့ လူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးမှာပါ"
“ဖယ်ရှားချင်တဲ့ သူတွေက ဖယ်ရှားနိုင်ပြီး၊ ထားချင်တဲ့ သူတွေက ထားနိုင်တာပေါ့... လူသားတွေအတွက် အကျိုးရှိတဲ့အပြင်၊ နောက်ထပ် အကြောင်းရင်း တစ်ခုကတော့၊ ယုရှီအာ က ချီလင် ရဲ့ ကောင်းချီးကို ဖယ်ရှားနိုင်မယ်လို့ ငါ မယုံတာကြောင့်ပါ...”
“ သူသာ မအောင်မြင်ဘဲ ချီလင် ကို ဒေါသထွက်အောင် လုပ်မိရင်၊ ကျွန်တော်တို့ မီးဝိညာဉ်မျိုးနွယ်စု ဟာ ပျက်စီးသွားမှာပါ... မီးချီလင် က ဝိညာဉ် မျိုးနွယ်စုဝင် တိုင်းရဲ့ အသက် ကို ချက်ချင်း ထိန်းချုပ်နိုင်တယ်... သမိုင်း တစ်လျှောက်မှာ မီးဝိညာဉ်မျိုးနွယ်စု က ဘယ်သူမှ မအောင်မြင်ခဲ့ကြပါဘူး..."
ယုရှီကျို က
"ဒါပေမဲ့ ယုရှီအာ က သူ ဖယ်ရှားနိုင်တယ်လို့ ပြောနေတာလေ..."
"ယုရှီအာ တကယ် လုပ်နိုင်မလား ဆိုတာတော့ ငါလည်း မသေချာဘူး..."
ယုတုန် က ဆိုသည်။
"ဒါပေမဲ့ ယုရှီအာ က အစောင့်အရှောက် ဖြစ်လာတဲ့ အချိန်မှာ ဆေးပညာ အရည်အချင်း ကို ဆက်ခံခဲ့တာမို့လို့၊ တကယ်ပဲ ဖြစ်နိုင်ကောင်းပါရဲ့..."
ယုရှီကျို သည် လက်ကို ဝှေ့ယမ်းလိုက်ရင်း
"ဒါတွေကို ခဏ ဖယ်ထားလိုက်ပါ၊ အရင်ဆုံး အဆိပ်ပုလဲ ကို ဝင်္ကပါ အူတိုင်ထဲ ထည့်လိုက်ရအောင်"
ယုတုန် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ယုရှီကျို အား ရွာအပြင်ဘက်ရှိ ကောင်းကင်နှင့် ထိကပ်နေသော တောင်ကုန်းမြင့်တစ်ခုဆီသို့ ခေါ်ဆောင်သွားလေသည်။ တောင်ထိပ်သို့ ရောက်ရှိသောအခါ သူတို့သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ရှေးဟောင်းမြို့တော်ကြီး တစ်ခု၏ အလယ်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
ယုတုန် က
"သေသေချာချာ ကြည့်စမ်း... ဒီ အပျက်အစီးများ မြို့တော် ဟာ ဝင်္ကပါကြီး တစ်ခုပါ၊ ဟင်းလင်းပြင်ဝင်္ကပါ ပေါ့... ငါတို့ မီးဝိညာဉ်မျိုးနွယ်စု ရဲ့ မီရာ့ချ်တောင်ကြား ဟာ မြို့တော်ထဲမှာ ရှိနေသလို ထင်ရပေမဲ့၊ တကယ်တမ်းမှာတော့ အပြင်ဘက်မှာ ရှိနေတာပါ... “
“ဒါပေမဲ့ ဒီဟင်းလင်းပြင်ဝင်္ကပါ ဟာ အမှန်တရားနဲ့ ပုံရိပ်ယောင်ကြားမှာ တည်ရှိနေလို့၊ ငါတို့တွေဟာ အပျက်အစီးများ ထဲမှာ ပုန်းအောင်းနေသလို အပြင်လောကမှာလည်း တည်ရှိနေတာပေါ့..."
စကားပြောနေရင်းပင် ယုတုန် သည် လက်သင်္ကေတများကို စတင် ပြုလုပ်လိုက်ရာ သူ၏ လက်ဖဝါးများမှ ထူးခြားသော စွမ်းအားများ ထွက်ပေါ်လာပြီး အဆိပ်ပုလဲကို ဖြည်းညင်းစွာ လေထဲသို့ ပင့်တင်လိုက်သည်။ တစ်ခဏမျှ အကြာတွင် ဝင်္ကပါ တစ်ခု၏ ပုံရိပ်ယောင်မှာ လေထဲတွင် ပေါ်လာပြီး မြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
အဆိပ်ပုလဲသည် ဝင်္ကပါ ၏ အလယ်ဗဟိုသို့ ပျံသန်းသွားပြီး အမည်းရောင် မြူခိုးများကို ဖြန့်ကျက်လိုက်ရာ ၎င်းတို့မှာ လှိုင်းထန်စွာ တိုးဝင် ချဲ့ထွင်လာခဲ့ကြပြီး ဝင်္ကပါ တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
"သွားကြစို့... တောင်အောက်ကို ဆင်းကြစို့”
ယုတုန် ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး အမောတကြီး အသက်ရှူနေရလေသည်။
ယုရှီကျို သည် ယုတုန် အား တောင်အောက်သို့ ဆင်းနိုင်ရန် အလျင်အမြန်ပင် ကူညီပေးလိုက်ရင်း မေးလိုက်သည်။
"ဒါနဲ့... ရွာသူကြီး၊ ကျွန်တော်တို့မှာ မီးချီလင် ကို နှိုးဖို့ နည်းလမ်း ရှိလား... ဒီကိစ္စ အားလုံးက အဲဒီ မသေမျိုး က ချီလင် ကို သတ်ဖို့ ကြိုးစားနေလို့ ဖြစ်လာတာပါ... ကျွန်တော်တို့ သူ့ ကို နှိုးပြီး အဲဒီ မသေမျိုး ကို ခုခံဖို့ ကူညီခိုင်းသင့်တယ်"
ယုတုန် ခေါင်းယမ်းလျက်
"ငါတို့ မျိုးနွယ်စု မှာ မီးချီလင် ကို ဆက်သွယ်ဖို့ နည်းလမ်း မရှိပါဘူး... ပြီးတော့ သန့်ရှင်းတဲ့ တောင်တန်းကြီး က မြေအောက်မှာ ရှိနေတာလေ... အဲဒီတွင်းထဲမှာ ဘာတွေ ရှိနေလဲဆိုတာ မင်း သိပါတယ်၊ ဘယ်သူမှ ဝင်လို့ မရနိုင်ဘူး..."
ယုရှီကျို ၏ အမူအရာမှာ လေးနက်နေ၏။
(မှတ်ချက် - မီးချီလင်ကို သူတို့က မီးနတ်ဘုရားလို့ ခေါ်ပါတယ် )
ယုတုန် သည် ယုရှီကျို ၏ ပုခုံးကို ပုတ်ကာ
"ငါတို့က မီးနတ်ဘုရား ရဲ့ ကျွန်တွေပါ... သူ့ အသက်က ငါတို့ အသက်ပါပဲ၊ သူ့ သေခြင်းက ငါတို့ သေခြင်းပါပဲ... သူ့ကို ကာကွယ်ပေးတာက ငါတို့ရဲ့ တာဝန်ပါ... စောဒက တက်စရာ မလိုပါဘူး... ဘိုးဘေးတွေက လူသားတွေအတွက် မီးနတ်ဘုရား နဲ့ စာချုပ် ချုပ်ခဲ့တာပါ “
“ အဲဒါက ကံကြမ္မာပါပဲ... ပြီးတော့ အဲဒီ စာချုပ်ကပဲ သူတို့တွေ အသက်ရှင်ဖို့ အခွင့်အရေး ရခဲ့တာလေ... တကယ်လို့သာ အဲဒီ စာချုပ် မရှိခဲ့ရင်၊ ငါတို့တွေလည်း အခုချိန်မှာ ရှိနေမှာ မဟုတ်ပါဘူး..."
...
မြောက်ဘက်ကန္တာရ၊ စစ်တပ်စခန်း။
အဝေးမှ သဲဝါတို့ တွင် မြင်းခွာသံများ ကြားနေရ၏။ စစ်သည် အချို့သည် အရေးပေါ် အမိန့်များကို ကိုင်ဆောင်ကာ ပြေးဝင်လာကြသည်။ ချက်ချင်းပင် စစ်သည်များက စစ်ဆေးရေးဂိတ်များကို ဖွင့်ပေးလိုက်ကြပြီး တမန်တော်များအား ဗဟို စစ်ဌာနချုပ် တဲကြီးဆီသို့ တိုက်ရိုက် မောင်းနှင်သွားခွင့် ပေးလိုက်၏။
"ဗိုလ်ချုပ် ယဲ့... ပစ်မှတ်ကို ရှာတွေ့ပါပြီ"
ယဲ့ကျင့်လန်၊ ကူမော့ နှင့် ချီမြောင်ရွှမ် တို့မှာ စခန်းထဲတွင် လက်ဖက်ရည် သောက်နေရင်း မော့ကြည့်လိုက်ကြသည်။
ယဲ့ကျင့်လန် အမြန်ပင် ထသွားပြီး အပြင်သို့ ထွက်သွားသည်။ ချီမြောင်ရွှမ် သည် ကုလားထိုင်ပေါ်တွင် မှီလျက်
"အတော်လေး ကြာသွားပြီ၊ နောက်ဆုံးတော့ ရှာတွေ့သွားပြီပေါ့….အခု ရှာမတွေ့ရင်တော့ နှစ်သစ်ကူး တောင် နီးနေပြီလေ"
ကူမော့ ခပ်ဖွဖွ ပြုံးလိုက်သည်။ သူသည် မြောက်ဘက်ကန္တာရတွင် ခုနစ်ရက် သို့မဟုတ် ရှစ်ရက်ခန့် ရှိနေပြီ ဖြစ်ကာ ဒီဇင်ဘာလကုန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တကယ်ပင် နှစ်သစ်ကူးမှာ နီးကပ်နေပြီ ဖြစ်ရာ၊ သူသည် အကယ်၍ ရှာမတွေ့သေးလျှင် နှစ်သစ်ကူး ညတွင် လင်းကျန်းသို့ ပြန်သွားပြီး ညီမလေးနှင့်အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းကာ နောက်မှ ပြန်လာရန် စီစဉ်ထားခဲ့သည်။
"ဒါပေမဲ့... ခင်ဗျားကရော နှစ်သစ်ကူး ကို ဆင်နွှဲမှာလား..."
ကူမော့က စူးစမ်းစွာဖြင့် မေးသည်။
ချီမြောင်ရွှမ် မျက်လုံးကို လန်ပြလိုက်ရင်း
"ငါက နှစ်သစ်ကူး စားဖို့ ဝက် မဟုတ်ဘူးလေ၊ ဘာလို့ မဆင်နွှဲရမှာလဲ..."
ထို့နောက် သူက ရုတ်တရက် မေးသည်။
"ကူမော့... မင်းက တကယ်ပဲ ချီလင် ရဲ့ စွမ်းအားကို စိတ်မဝင်စားတာလား... ငါ တကယ်ပြောတာပါ... မင်း လိုချင်တယ် ဆိုရင် ငါ တကယ် ကူညီပေးနိုင်ပါတယ်၊ ငါ လိမ်မှာ မဟုတ်ပါဘူး၊ မင်း ချီလင် ရဲ့ စွမ်းအားကို ရအောင် ကူညီပေးပါ့မယ်"
ကူမော့က လက်ကို ဝှေ့ယမ်းလိုက်ရင်း
"ခင်ဗျား ပြောလေလေ... ကျွန်တော် ယူရမှာ ပိုပြီး ကြောက်လာလေလေပဲ..."
ချီမြောင်ရွှမ်က ဇဝေဇဝါဖြင့် မေးသည်။
"ဒါဆို မင်းက ဘာကို လိုချင်တာလဲ..."
"ကျွန်တော် ပြောပြီးသားလေ... မီးချီလင် ကလည်း ဝရမ်းပြေး တစ်ယောက်ပါ၊ ယဲ့ကျင့်လန် ကလည်း ကျွန်တော့် သူငယ်ချင်း၊ အဲဒီလောက်ပါပဲ..."
ကူမော့ က ဆိုသည်။
ချီမြောင်ရွှမ် စကား ဆက်မပြောတော့ပါချေ၊ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင်မူ
"မင်း ပြောတာကို ငါ နားလည်ပါတယ်"
ဟူသော အရိပ်အယောင်များ ပေါ်နေ၏။
ကူမော့သည် ထပ်မံ၍ ရှင်းပြခြင်း မရှိတော့ပါချေ။
ခေတ္တမျှ ကြာပြီးနောက်တွင်၊ ယဲ့ကျင့်လန် ပြန်လာပြီး
"ကျွန်တော်တို့ ဒုန်းရှားတောင်ကြား မှာ ခို့ရွှီးအပျက်အစီး ရဲ့ သဲလွန်စတွေကို ရှာတွေ့သွားပါပြီ... ဗေဒင်ဆရာတွေကို ဝင်္ကပါ တည်ဆောက်ခိုင်းထားသလို၊ ဒီက စစ်တပ်ကြီးကလည်း ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ... သူတို့ ရောက်ရင်တော့ ချက်ချင်း တိုက်ပွဲ ဖြစ်လာမှာဖြစ်ပြီး ခို့ရွှီးအပျက်အစီး ကို ကျွန်တော်တို့ သေချာပေါက် ဖော်ထုတ်နိုင်မှာပါ"
ချီမြောင်ရွှမ် ချက်ချင်းပင် ထရပ်လိုက်ပြီး ဆိုသည်။
"ဒါဆို ဘာကို စောင့်နေကြတာလဲ... သွားကြစို့"
ကူမော့ ရုတ်တရက် ပြောလိုက်သည် ။
"တကယ်တော့... ကျွန်တော် မသေချာသေးတဲ့ အရာတစ်ခု ရှိနေသေးတယ်..."
"ဘာလဲ..."
ယဲ့ကျင့်လန် က မေးသည်။
ကူမော့ က ဆိုသည်
"မင်း ပြောသလို ... အဲဒီ မီးဝိညာဉ်မျိုးနွယ်စု ရဲ့ အစောင့်အရှောက် က ကပ်ရောဂါနတ်ဘုရား လေ... သူက ခို့ရွှီးအပျက်အစီး ကို နှစ်ပေါင်းများစွာ စောင့်ရှောက်လာတာ... သူ့ရဲ့ နည်းလမ်းတွေနဲ့ဆိုရင် အဆိပ်တွေကို လွှတ်လိုက်ရုံနဲ့တင် လုံလောက်နေပြီ မဟုတ်လား... စစ်တပ်ကြီးသာ အဆိပ်သင့်သွားရင် သူတို့တွေ ခို့ရွှီးအပျက်အစီး ကို ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူးလေ"
ချီမြောင်ရွှမ် လက်ကို ဝှေ့ယမ်းလိုက်ရင်း
"မင်း ငါ့ရဲ့ ဆေးပညာ အရည်အချင်း ကို တကယ်ပဲ အထင်သေးနေတာလား... သူ အဆိပ်လွှတ်ရင် ငါက ကုပေးနိုင်တယ်... ပြီးတော့ သူ အဆိပ်လွှတ်လိုက်တာနဲ့ သူ့ရဲ့ တည်နေရာကို ငါ အာရုံခံနိုင်တယ်... ခို့ရွှီးအပျက်အစီး ရဲ့ ဝင်္ကပါ အကူအညီ မပါဘဲနဲ့တော့ သူက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး...
“ ငါ အဲဒီအရာတွေကို ရှောင်နေတာက ကြောက်လို့ မဟုတ်ပါဘူး၊ သူနဲ့ အသေအလဲ တိုက်ချင်စိတ် မရှိလို့ပါ... ပြီးတော့ ဒီမှာလည်း စစ်တပ်ကြီး ရှိနေသေးတာပဲလေ... သူသာ အပြင်မှာ တစ်ခုခု လုပ်ရဲတယ် ဆိုရင်တော့ တကယ်ကို သေလမ်း ပဲပေါ့"
ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်ရင်း
"ကျွန်တော် တကယ်ကို သိချင်တာပါ၊ အဘိုးကြီး ခင်ဗျား ဘယ်လောက်အထိ အစွမ်းထက်တာလဲ..."
"ငါ့ရဲ့ လက်တွေ၊ ခြေထောက်တွေက အိုနေပြီလေ... မင်းတို့ လူငယ်တွေကိုတော့ ဘယ်နိုင်မလဲ"
ချီမြောင်ရွှမ် သည် ပြုံးလျက် လက်ကို ဝှေ့ယမ်းကာ ထွက်သွားတော့သည်။ ကူမော့ နှင့် ယဲ့ကျင့်လန် တို့မှာ အနောက်မှ လိုက်ပါသွားကြသည်။
"ဘာလဲ... အဘိုးကြီးချီ နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ ခံစားမိလား..."
ယဲ့ကျင့်လန် က မေးသည်။
ကူမော့ က
"ဘာ ထူးခြားတာ မတွေ့ပါဘူး... ပုံမှန်ပါပဲ၊ ဒါပေမဲ့ သူက အလွန် ပုံမှန် ဖြစ်နေတာကပဲ တစ်ခုခု မှားနေသလို ခံစားရတယ်...”
“နှစ်ပေါင်း ရာထောင်ချီ ရှင်သန်လာတဲ့ လူတစ်ယောက်ရဲ့ အတွေးအခေါ်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပုံမှန် ဖြစ်နိုင်မှာလဲ..."