← Chapters

အခန်း ၄၂၁

Vol. 33 Ch. 421

အခန်း ၄၂၁

Vol. 33 Ch. 421

အပိုင်း (၄၂၁) - ကပ်ဆိုးနတ်ဘုရားအားသတ်ဖြတ်ခြင်း ၂

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်သည်။ ဤအရာက သိုင်းလောက ဒဏ္ဍာရီတစ်ခု၏ ပြင်းထန်သော လေးနက်မှု ပေးစွမ်းနိုင်လေသည်။ သိုင်းလောက တွင် ဤကဲ့သို့သော ဒဏ္ဍာရီများ မရှားပါး‌ ပေး။ ဤကဲ့သို့ ဒဏ္ဍာရီတိုင်းသည် မရေမတွက်နိုင်သော သွေးထွက်သံယို တိုက်ပွဲများနှင့် ယှဉ်တွဲနေတတ်လေသည် ။

ထိုအချိန်မှာပင်

စနစ်၏ အသိပေးချက် တစ်ခု ကူမော့၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။

[ပစ်မှတ်အသစ်ကို ရှာဖွေတွေ့ရှိပါသည်]

[ဝရမ်းပြေး ပစ်မှတ်—ထျဲ့ဟန်ဆန်း]

[တာဝန်အဆင့်: ကြယ်ကိုးပွင့်]

[တာဝန်ဆုလာဘ်: အမြင့်ဆုံးအဆင့် မြင့်မြတ်သော နှလုံးသား နည်းစနစ်]

မြင့်မြတ်သော နှလုံးသားနည်းစနစ်ကို မြင်လိုက်ရသည့်ခဏ၌ ကူမော့သည် ၎င်းမှာ မိမိနှင့် အပြည့်အဝ ကိုက်ညီမှုရှိနေကြောင်း ခံစားလိုက်ရသည်။ နှစ်ပေါင်းတစ်ထောင်ကျော် အသက်ရှင်နေထိုင်ခဲ့သည့် ရှေးဟောင်းမိစ္ဆာအိုကြီးတစ်ကောင်ကို သတ်ဖြတ်ခြင်းအတွက် ရရှိလာသော ဆုလာဘ်မှာ ထိုမိစ္ဆာအိုကြီးကိုယ်တိုင် ဖန်တီးခဲ့သည့် သိုင်းပညာရပ်ပင် ဖြစ်နေတော့သည်။

ထိုမြင့်မြတ်သော နှလုံးသားနည်းစနစ်သည် သာမန်သိုင်းပညာရပ်များ၏ အဆင့်အတန်းထက် များစွာကျော်လွန်နေပြီး မသေနိုင်ခြင်းနှင့် ရှင်သန်ထမြောက်ခြင်း စွမ်းရည်တို့ကို ပိုင်ဆိုင်ထားသည်။

၎င်းတွင်း မြင့်မြတ်သော နှလုံးသား၏ ကပ်ဘေးလေးပါးနှင့် နည်းစနစ်လေးပါး၊ ကောင်းကင်ဘုံနန်းတော်ပုံရိပ်ယောင်၊ သေစေနိုင်သော နယ်ပယ်ခုနစ်ခု၊ အတားအဆီးမဲ့ တက်လှမ်းခြင်းခြေလှမ်းများ နှင့် သမုဒ္ဒရာကို စုပ်ယူခြင်း မြင့်မြတ်သော နှလုံးသားမန္တန် စသည့် အထူးစွမ်းရည်များလည်း အစုံအလင် ပါဝင်နေလေသည်။

တစ်ဖက်တွင်လည်း ထျဲ့ဟန်ဆန်း၏အမည်နောက်၌ မေးခွန်းသင်္ကေတ ပြနေခြင်းနှင့် ပတ်သက်၍ ချီမြောင်ရွှမ်၌ ထျဲ့ဟန်ဆန်းဟူသော ဝရမ်းပြေးအမည်တစ်ခုထက်မက ရှိနေကြောင်း စနစ်က ထောက်လှမ်းသိရှိသွားသောကြောင့် ဖြစ်သည်ဟု ကူမော့ သဘောပေါက်သွားခဲ့သည်။

စနစ်က ဝရမ်းပြေးအဆင့်ကို အကဲဖြတ်ရာတွင် ခွန်အားနှင့် ကျင့်ကြံမှုအပေါ် အခြေခံခြင်းမဟုတ်ဘဲ၊ ထိုဝရမ်းပြေး၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုနှင့် ဆိုးရွားမှုအတိုင်းအတာအပေါ်တွင်သာ ပိုမိုအခြေခံခြင်းဖြစ်သည်။

ထို့ကြောင့် အချို့လူများသည် တိတ်တဆိတ် မကောင်းမှုအများအပြားကို ကျူးလွန်ကြသော်လည်း မည်သူမျှ မသိရှိကြသဖြင့် ဝရမ်းပြေးအဖြစ် သတ်မှတ်ခံရမည့် စံနှုန်းများနှင့် မကိုက်ညီဘဲ ဝရမ်းပြေးစာရင်းတွင် ထည့်သွင်းခြင်းမခံရခြင်း ဖြစ်လေသည်။

"ခင်ဗျား ပြောချင်တာ တစ်ခုခု ကျန်သေးလား..."

ကူမော့က မေးလိုက်သည်။

ယုရှီအာ ခေါင်းအနည်းငယ် ခါယမ်းလျက်

"ကျေးဇူးတင်ပါတယ်..."

ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို တကယ် ယုံကြည်တာပဲ..."

ယုရှီအာ က ပြန်ဖြေသည်။

"ကူမော့ ဟာ သူ့စကားကို ဘယ်တော့မှ မဖျက်ပါဘူး... လောကမှာ မင်းရဲ့ စရိုက်ကို သံသယ ဝင်မယ့်သူ တစ်ယောက်မှ မရှိဘူး..."

ကူမော့သည် သူ၏ ဓားလက်ကိုင်ပေါ်တွင် လက်တစ်ဖက်ကို တင်လိုက်ပြီး

"အဲဒါဆိုရင်လည်း၊ ယုရှီအာ... ခင်ဗျား သေသင့်ပါပြီ"

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်၊

ကူမော့သည် ထိုက်ရွှီးဓား ကို ဆွဲထုတ်လိုက်လေသည်။ ကူမော့၏ ပြင်းထန်လှသော မူလဝိညာဉ် စွမ်းအားမှာ ဓားစွမ်းအင် တစ်ခုစီတိုင်းတွင် တွယ်ကပ်နေတော့သည်။ ထိုအခိုက်အတန့်တွင်၊ ယုရှီအာ ၏ မူလဝိညာဉ် မှာ ကြေမွသွားပြီး အပိုင်းအစများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်မှာပင်၊

အသိပေးချက် တစ်ခု ကူမော့၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။

[ကြယ်ရှစ်ပွင့် ဝရမ်းပြေး တစ်ဦးကို သုတ်သင်ခြင်း]

[ကြယ်ဆုလာဘ် တစ်ခုကို ရရှိပါသည် - အမြင့်ဆုံးအဆင့် စစ်နတ်ဘုရား မှတ်တမ်း]

[အခု ယူမယ်]

ကူမော့ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါက တားမြစ်ချက် ဆယ့်သုံးခု ထဲမှာ အားအနည်းဆုံး ဖြစ်ရမယ်..."

ပြောရလျှင်၊ ယုရှီအာ မှာ အားနည်းခြင်း မရှိပါချေ၊ သူသည် တက်လှမ်းခြင်းနယ်ပယ် မှ မူလဝိညာဉ် တစ်ခု ဖြစ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော အဆိပ်များလည်း ရှိနေသောကြောင့် ပင် ဖြစ်လေသည်။ သို့သော်လည်း၊ တားမြစ်ချက် ဆယ့်သုံးခု ထဲရှိ တည်ရှိမှုများနှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ သေချာပေါက် အားနည်းလေသည်။

တားမြစ်ခံရသူ ဆယ့်သုံးဦး ထဲမှ နောက်တစ်ဦး ဖြစ်သော ကျန်းရွှေရှု ပင်လျှင် ယုရှီအာ ထက် ပို၍ အစွမ်းထက်မည်ဟု ကူမော့ ခန့်မှန်းထားလေသည်။

ကျန်း‌ ရော့ရှု သည် တက်လှမ်းခြင်းနယ်ပယ် သို့ သေချာပေါက် ရောက်ရှိနေပြီ ဖြစ်ကာ သူ၏ အဆင့်မှာ ယုရှီအာ ထက် နိမ့်ကျမည် မဟုတ်ပါချေ။ သို့သော်လည်း၊ ကျန်းရို့ရွှီ ၏ တိုက်ခိုက်လိုစိတ် နှင့် စွမ်းရည်မှာ အလွန် ပြင်းထန်ပြီး၊ ယုရှီအာ ၏ တိုက်ခိုက်ရေး အသိဉာဏ်မှာမူ အားမကောင်းလှပါချေ။

သူသည် အဓိကအားဖြင့် အဆိပ်ကို အသုံးပြုသောကြောင့် တိုက်ရိုက် ရင်ဆိုင်ရာတွင် ကျန်းရို့ရွှီ ကို သေချာပေါက် မယှဉ်နိုင်ပါချေ။

ယုရှီအာ ၏ တိုက်ခိုက်ရေး စွမ်းအားမှာ တားမြစ်ချက် ဆယ့်သုံးခု ထဲတွင် အနိမ့်ဆုံး ဖြစ်သော်လည်း၊ သူ၏ ဝရမ်းပြေး အဆင့်မှာ အလွန် မြင့်မားလေသည်။ ထိုသူသည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများစွာနှင့် မရေမတွက်နိုင်သော ကပ်ရောဂါများတွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် ပင် ဖြစ်လေသည်။

ချက်ချင်းပင်၊

ကူမော့သည် စစ်နတ်ဘုရား မှတ်တမ်း ကို ရယူရန် ရွေးချယ်လိုက်လေသည်။

ထိုအခိုက်အတန့်တွင်၊ သူ၏ အသိစိတ် ပင်လယ်အတွင်း၌ မိုးကြိုးသံများ ဟိန်းဟောက်လာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပြီး၊ သူ၏ ဝိညာဉ် အနက်ရှိုင်းဆုံး နေရာတွင် မိုးကြိုး ဘီလီယံချီ၍ တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလား ပင် ဖြစ်လေသည်။

၎င်းမှာ နာကျင်မှု မဟုတ်ဘဲ၊ စိတ်လှုပ်ရှားဖွယ် ခံစားချက် တစ်မျိုး ပင် ဖြစ်လေသည်။

သူ၏ အသိစိတ်သည် ရုပ်ခန္ဓာ၏ နယ်နိမိတ်ကို ဖောက်ထွက်သွားပြီးနောက်၊ ကမ္ဘာမြေ၏ ဝိညာဉ်သွေးကြောများကို ကွင်းကွင်းကွက်ကွက် မြင်တွေ့လိုက်ရသည်။ ထိုမှတစ်ဆင့် အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်ကာ စကြဝဠာအတွင်းရှိ ကြယ်တာရာများ၏ ဖြစ်တည်မှုနှင့် ပေါက်ကွဲမှုများကို ခံစားသိရှိသွားသည်။

နောက်ဆုံးတွင် အလင်းနှင့် အရာအားလုံးကို ဝါးမြိုနေသည့် ကြယ်စုတန်း၏ အမည်းရောင်တွင်းဝဲဂယက်ကြီးထဲရှိ အပြိုင်စကြဝဠာများစွာမှ မရေမတွက်နိုင်သော သူ၏ အသွင်ကွဲများကို မြင်တွေ့လိုက်ရသည်။

"အဲဒီလို ဖြစ်နေတာကိုး...”

ဤအခိုက်အတန့်တွင် ယုရှီအာ နှင့် ချီမြောင်ရွှမ် တို့ ပြောခဲ့သော နိယာမ ကို ကူမော့ ရုတ်တရက် နားလည်သွားခဲ့လေသည်။

စစ်နတ်ဘုရားမှတ်တမ်းတွင် လောက၏ နိယာမနှင့် တက်လှမ်းခြင်းနယ်ပယ်သို့ ပို့ဆောင်ပေးနိုင်သော သိုင်းအယူအဆများ ကိန်းအောင်းနေသည့် ရုပ်ပုံ လေးဆယ့်ကိုးခု ပါဝင်သည်။ ၎င်းတို့အနက် မည်သည့်ပုံမဆို စကြဝဠာနိယာမတစ်ခုဖြစ်ပြီး ထိုလေးဆယ့်ကိုးခုစလုံးကို ပေါင်းစပ်နိုင်ပါက တက်လှမ်းခြင်းနယ်ပယ်ကိုပင် ကျော်လွန်၍ တစ်လောကလုံးကို အုပ်စိုးမည့် နိယာမများကို နားလည်သဘောပေါက်သွားမည် ဖြစ်သည်။

"ကောင်းကင်နဲ့ မြေကြီးက ရက်စက်တယ်၊ အရာအားလုံးကို ကောက်ရိုးခွေးတွေလိုပဲ သဘောထားတယ်"

ကူမော့သည် ကောင်းကင်နှင့်မြေကြီး၏ မျက်နှာမလိုက်၊ အဆင့်အတန်းမခွဲခြားဘဲ အရာခပ်သိမ်းကို တန်းတူရည်တူသဘောထားသည့် လောကနိယာမကို နားလည်သဘောပေါက်သွားသည်။

ထိုသို့ နိယာမကို မြင်တွေ့ပြီးနောက် သူဖန်တီးထားသော နယ်မြေကွယ်ပျောက်သွားပြီး မီးတောက်များလွှမ်းခြုံနေသည့် ခို့ရွှီးရှေးဟောင်းမြို့တော်ကြီး ပြန်လည်ပေါ်လာသည်။ ကူမော့သည် နတ်ဘုရားနဂါးသိုင်းပညာ၏ လေမိုးနည်းစနစ်နှင့် ရေခဲစွမ်းအားကို အသုံးပြုကာ မြို့တွင်းရှိ မီးတောက်များကို ငြိမ်းသတ်လိုက်၏။

ထို့နောက် မြို့တွင်းသို့ တပ်ဖွဲ့များခေါ်ဆောင်လာရန် မြို့ပြင်ရှိ ယဲ့ကျင့်လန်ထံ အသံလွှင့်ညွှန်ကြားလိုက်သည်။ အချိန်တိုအတွင်း စစ်တပ်ကြီး မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာပြီး ရှေ့ဆုံးမှပျံသန်းလာသော ယဲ့ကျင့်လန်သည် ကူမော့ဘေးသို့ ရောက်ရှိကာ အလျင်အမြန် မေးမြန်းလိုက်သည်။

"အစ်ကို ကူ... အခြေအနေ ဘယ်လိုရှိလဲ..."

ကူမော့က ပြန်ဖြေသည်။

"မီးချီလင် သေသွားပြီ၊ ကပ်ဆိုးနတ်ဘုရား လည်း သေသွားပြီ၊ ပြီးတော့ အဘိုးကြီး ချီမြောင်ရွှမ် က မီးချီလင် ရဲ့ အလောင်းကို ယူပြီး ထွက်ပြေးသွားတယ်"

ယဲ့ကျင့်လန် မှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွားတော့သည်။

"အသေးစိတ်ကို နောက်မှ ရှင်းပြမယ်..."

ကူမော့ က ဆိုသည်။

"မင်းက မင်းလူတွေကို ခေါ်ပြီး မြို့ထဲက တန်ဖိုးရှိတဲ့ အရာတွေကို မြန်မြန် ယူလိုက်တော့... ပြီးတော့ မီးဝိညာဉ်မျိုးနွယ်စု ကို အန္တရာယ် မပေးပါနဲ့..."

"ပြဿနာ မရှိပါဘူး..."

ချက်ချင်းပင် ယဲ့ကျင့်လန် သည် သူ၏ အဖွဲ့ကို ဦးဆောင်ကာ မြို့အတွင်း ရတနာများနှင့် ဒဏ်ရာရသူများကို ရှာဖွေလေတော့သည်။

ကူမော့သည် ယုရှီကျို ကို လျင်မြန်စွာ ရှာဖွေလိုက်လေသည်။

ယုရှီကျို မှာ ကံကောင်းလေသည်။ ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း သူ မသေခဲ့ပါချေ။

မီးချီလင်၏ ထိန်းချုပ်မှုအောက်တွင် ချီလင်တိုက်ခိုက်ရေးဝင်္ကပါအဖြစ် အသုံးပြုခြင်းခံခဲ့ရသော မီးဝိညာဉ်မျိုးနွယ်စုဝင်များအနက် တစ်ဝက်ကျော်မှာ သေဆုံးသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ တစ်ရာကျော်ခန့်သာ ကျန်ရှိတော့သည်။

သို့ရာတွင် ၎င်းတို့၌ ချက်ချင်းအသတ်ခံရခြင်းမရှိပါက အတွင်းဒဏ်ရာများကိုပင် သူ့အလိုလို ပြန်လည်သက်သာစေနိုင်သည့် ထူးခြားသောစွမ်းရည် ရှိပေသည်။

မီးချီလင် သေဆုံးသွားပြီးနောက်တွင်မူ သူတို့သည် ရူးသွပ်မှုများ ငြိမ်းအေးသွားကာ မီးဝိညာဉ်ရွာသို့ အမြန်ဆုတ်ခွာသွားကြ၏။ သို့သော် ဟင်းလင်းပြင်ဝင်္ကပါ ပြင်းထန်စွာပျက်စီးသွားသဖြင့် မီးဝိညာဉ်ရွာသည် အစစ်မှန်နှင့် ပုံရိပ်ယောင်ကြားတွင် တည်ရှိနေဆဲဖြစ်သော်လည်း ကောင်းစွာမဖုံးကွယ်နိုင်တော့ချေ။

ထို့ကြောင့် ကျန်ရစ်သူ မျိုးနွယ်စုဝင် တစ်ရာကျော်တို့သည် ရွာအဝင်ဝ၌ လက်နက်ကိုယ်စီကိုင်ဆောင်ကာ ထိတ်လန့်တကြား စောင့်ကြိုနေကြတော့သည်။

ကူမော့သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီးမီးဝိညာဉ်ရွာ အတွင်းသို့ ဝင်ရောက်သွားလေသည်။

All Chapters