← Chapters

အခန်း ၄၂၂

Vol. 33 Ch. 422

အခန်း ၄၂၂

Vol. 33 Ch. 422

အပိုင်း (၄၂၂) - ကတိတည်သူ

ကူမော့ကို မြင်လိုက်ရချိန်တွင် ယုရှီကျို သည် သက်ပြင်း ချလိုက်ပြီး မေးလိုက်သည်။

"သူရဲကောင်း ကူမော့... ကျွန်တော်တို့ မီးဝိညာဉ်မျိုးနွယ်စု အတွက် မျှော်လင့်ချက် ရှိသေးလား..."

ကူမော့ ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆိုသည်။

"ငါ မီးဝိညာဉ်မျိုးနွယ်စု ရဲ့ သမိုင်းကို သိပါတယ်... မင်းတို့ရဲ့ ဘိုးဘေး ဟာ ကြီးမြတ်တဲ့ သူတစ်ယောက်ပါ၊ ပြီးတော့ မီးဝိညာဉ်မျိုးနွယ်စု ဟာလည်း လူသားလောက အတွက် အကျိုးပြုခဲ့ပါတယ်... မင်းတို့သာ ဝင်္ကပါ ကို ပြုပြင်နိုင်မယ် ဆိုရင်၊ လုပ်ပါလို့ ပြောဖို့ ငါ လာခဲ့တာပါ..."

"ယုရှီအာ မသေခင်မှာ မင်းတို့ မီးဝိညာဉ်မျိုးနွယ်စု ရဲ့ ကျိန်စာကို ဖယ်ရှားပေးဖို့ ငါ့ကို တာဝန်ပေးခဲ့တယ်... ငါ မကြာခင် အဲဒီကို လာခဲ့မယ်... အဲဒီအချိန်အတောအတွင်း၊ မင်းတို့ မျိုးနွယ်စုဝင် တွေက ဘယ်သူတွေ ကျိန်စာ ကို ဖယ်ရှားချင်လဲ ဆိုတာအချင်းချင်း ဆွေးနွေးသင့်တယ်...”

“ အဲဒီအချိန်ကျရင် ငါ ဖယ်ရှားပေးပါ့မယ်... တစ်ချိန်တည်းမှာပဲ၊ မင်းတို့ အခုချိန်ကစပြီး သာမန် လူတွေရဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့ နေရာတစ်ခု ရှာဖို့လည်း ငါ ကူညီပေးနိုင်ပါတယ်..."

ယုရှီကျို သည် ကူမော့၏ ရှေ့တွင် "ဒူးထောက်" လိုက်ပြီး

"ကျေးဇူးတင်ပါတယ်၊ သူရဲကောင်း ကူမော့... ကျွန်တော်တို့ မီးဝိညာဉ်မျိုးနွယ်စု ဟာ ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

"ငါ့ရဲ့ ကျေးဇူးကို မှတ်မထားပါနဲ့..."

ကူမော့က

"ရှီကျို... ငါ မီးဝိညာဉ်မျိုးနွယ်စု ကို ကူညီတာက ယုရှီအာ နဲ့ သဘောတူညီချက် တစ်ခု ရှိလို့ပါ... ဒါကြောင့် မင်းရော၊ မီးဝိညာဉ်မျိုးနွယ်စု က လူတွေရော ငါ့အပေါ် ကျေးဇူးတင်နေစရာ မလိုပါဘူး... မင်းတို့ ငါ့ကို ဘာမှ အကြွေးမတင်ပါဘူး..."

ကူမော့သည် ယုရှီကျို ကို ညင်သာစွာ ဆွဲထူလိုက်ပြီး

"ရှီကျို... အခုချိန်ကစပြီး မင်း ကိုယ်ပိုင် ဘဝကို လိုက်လျှောက်နိုင်ပြီ..."

ထိုသို့ ပြောပြီးတဲ့နောက်၊

ကူမော့သည် ထွက်ခွာသွားပြီး ခို့ရွှီး ရှေးဟောင်းမြို့တော် သို့ ပြန်သွားလေသည်။

ယဲ့ကျင့်လန်သည် ရှေးဟောင်းမြို့တော်အတွင်း ရတနာများရှာဖွေရန် စစ်တပ်ကို ဦးဆောင်နေစဉ်၊ ကူမော့သည် ဓားပျံကို စီးနင်းကာ ချန်အန်းမြို့ရှိ မြေအောက်တစ္ဆေမြို့တော်သို့ သွားရောက်ခဲ့သည်။

သူသည် အလောင်းပိုးအိမ်လိုဏ်ဂူအတွင်းရှိ ယုရှီအာ၏နေအိမ်သို့ အလွယ်တကူဝင်ရောက်နိုင်ခဲ့ပြီး ထိုနေရာရှိ အဖိုးတန်ရတနာများနှင့် အဆိပ်အမျိုးမျိုး၊ ချီလင်အရိုးနှင့် နတ်ဝိညာဉ်ဝါးမြိုခြင်းလက်ဝါးကျမ်းစာတို့ကို ရွေးချယ်ယူဆောင်ခဲ့သည်။

ထို့နောက် ယုရှီအာ၏နေအိမ်ကို မူလဝိညာဉ်စွမ်းအားဖြင့် ပိတ်ဆို့ကာ မြောက်ဘက်ကန္တာရသို့ ချက်ချင်းပြန်လည်ထွက်ခွာခဲ့ပြီး အပြန်လမ်းခရီး ၌ ထိုကျမ်းစာကို စတင်ဖတ်ရှုလေသည်။

ယုရှီအာ ပြောခဲ့သည့်အတိုင်း ကူမော့သည် ထိုသိုင်းပညာကို တစ်ချက်ကြည့်ရုံဖြင့် အလွယ်တကူ တတ်မြောက်သွားသည်။ ထို့နောက် ခို့ရွှီးရှေးဟောင်းမြို့တော်သို့ ချက်ချင်းမပြန်သေးဘဲ မြောက်ဘက်ကန္တာရရှိ တံခါးခြောက်ချပ်အဖွဲ့သို့ သွားရောက်ခဲ့၏။

ထိုနေရာတွင် ကူမော့သည် သူ၏လမ်းပြအဖြစ် လိုက်ပါဖူးပြီးနောက် ရာထူးအဆင့်ဆင့်တိုးမြှင့်ခံထားရသည့် တပ်မှူး ချန်ရှုယွမ်ကို ရှာတွေ့ကာ မီးဝိညာဉ်မျိုးနွယ်စုအတွက် စွန့်ပစ်ထားသော ရွာတစ်ရွာ ရှာဖွေပေးရန် အကူအညီတောင်းခဲ့သည်။

ချန်ရှုယွမ်သည်လည်း သင့်လျော်သောရွာတစ်ရွာကို အလျင်အမြန်ရှာဖွေကာ ကိုယ်တိုင်ဦးစီး၍ လိုအပ်သည်များကို စီစဉ်ပေးခဲ့ပြီးနောက် ကူမော့သည် ခို့ရွှီးရှေးဟောင်းမြို့တော်သို့ ပြန်သွားခဲ့တော့သည်။

သုံးရက်ကြာပြီးနောက်

ခို့ရွှီးရှေးဟောင်းမြို့တော်ကြီးသည် သဲဝါမုန်တိုင်းနှင့်အတူ မြေအောက်သို့ ဖြည်းညင်းစွာ နစ်မြုပ်ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် အဝေးမှ တောင်စောင်းတစ်ခုပေါ်၌ ယဲ့ကျင့်လန်နှင့် ကူမော့တို့ အတူရပ်ကြည့်နေကြပြီး သူတို့ဘေးမှ ရတနာများပြည့်နှက်နေသည့် မြင်းရထားတန်းရှည်ကြီးနှင့် စစ်တပ်ကြီး ဖြည်းညင်းစွာ ထွက်ခွာသွားခြင်းက ယဲ့ကျင့်လန်၏ ရတနာရှာဖွေမှု မည်မျှအောင်မြင်ကြောင်း သက်သေပြနေသည်။

ယဲ့ကျင့်လန်သည် တဖြည်းဖြည်း ကွယ်ပျောက်သွားသော မြို့တော်ဟောင်းကို ကြည့်ကာ

"ဟင်းလင်းပြင်ဝင်္ကပါ က ပျက်စီးသွားပြီ... ဒီတစ်ခါ နစ်မြုပ်သွားပြီးရင် ခို့ရွှီး ရှေးဟောင်းမြို့တော် ဟာ ဘယ်တော့မှ မပေါ်လာတော့မှာ ငါ စိုးရိမ်မိတယ်..."

ကူမော့ က

"အဲဒါက အစကတည်းက ပေါ်မလာသင့်တာပါ... ပေါ်လာတိုင်း ရုတ်ရုတ်သဲသဲတွေ အများကြီး ဖြစ်ရတယ်... ပြီးတော့၊ အခု အထဲမှာ ရှိတဲ့ စည်းစိမ်ချမ်းသာ တွေ အားလုံးကို ယူပြီးသွားပြီဆိုတော့၊ သူ ပြန်ပေါ်လာတာက သိပ်ပြီး အဓိပ္ပာယ် မရှိတော့ပါဘူး..."

ယဲ့ကျင့်လန် ပြုံးလိုက်ပြီး

"ငါတို့က အရှင်မင်းကြီး ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး... ဒီတစ်ကြိမ် ခို့ရွှီး ရှေးဟောင်းမြို့တော် ကနေ လုယူလာတဲ့ စည်းစိမ်ချမ်းသာ တွေက ရှေ့တန်းကို အနည်းဆုံး ခြောက်လလောက် ထောက်ပံ့ပေးဖို့ လုံလောက်ပါတယ် “

"အဲဒါက သူတို့ကို အသက်ရှူချောင်စေမှာ မဟုတ်ပါဘူး..."

ကူမော့ ခေါင်းအနည်းငယ် ခါယမ်းလျက်

"စစ်ပွဲ ဆက်ဖြစ်နေသရွေ့ အခွန်အခတွေက ပြည်သူတွေ အပေါ်မှာ အရမ်းကို လေးလံနေဦးမှာပဲ၊ သူတို့တွေ ရပ်တည်နိုင်မှာ မဟုတ်ဘူး..."

ယဲ့ကျင့်လန် သည် ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။

ကူမော့သည် ပေတစ်ပေခန့် ရှည်ပြီး ကြည်လင်နေသော အရိုးတစ်ချောင်းကို ယဲ့ကျင့်လန် ထံသို့ ကမ်းပေးလိုက်ပြီး

"ဒါက ချီလင် ကျောရိုး ပါ... မင်း မြင်တဲ့အတိုင်းပဲ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မီးဝိညာဉ်မျိုးနွယ်စု ဝင်တွေဆီက ဝိညာဉ် စွမ်းအင် အားလုံးကို ဒီအရိုးထဲကို ငါ လွှဲပြောင်းပေးခဲ့တယ်... အဲဒါကို သန့်စင်ဖို့ အချိန်နည်းနည်း ယူလိုက်ပါ၊ အဲဒါက မင်းကို အဆင့်တက်အောင် ကူညီပေးနိုင်မှာပါ..."

ယဲ့ကျင့်လန် သည် ချီလင် အရိုးကို ယူလိုက်ပြီး

"ငါ အားနာမနေတော့ပါဘူး... စွမ်းအားကို ရဖို့အတွက် ချီမြောင်ရွှမ် နဲ့ ငါ ပူးပေါင်းခဲ့တာဆိုတော့၊ ဒီအရာကို ငါ တကယ်ပဲ ငြင်းလို့ မရပါဘူး..."

ကူမော့ ခပ်ဖွဖွ ပြုံးလိုက်ပြီး

"နောက်ကျရင် တိုက်ခိုက်ဖို့ ငါ့ကို လာရှာဖို့ မမေ့နဲ့..."

ယဲ့ကျင့်လန် ၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားပြီး သူက

"မင်းက တကယ်ပြောနေတာလား... ငါ့ကို လှောင် နေတာလား..."

ကူမော့က နောက်ပြောင်လိုက်သည်။

"အဲ့ဒါက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာ မဟုတ်ဘူးလား..."

"မင်းက ငါ့ကို ရိုက်နှက်ဖို့ အကြောင်းပြချက် ရှာနေတာလို့ ငါ ခံစားရတယ်..."

ယဲ့ကျင့်လန် ပြောလိုက်သည်။

"အင်း..."

ယဲ့ကျင့်လန် က

"မီးဝိညာဉ်မျိုးနွယ်စု က လူအချို့ အပြင်ကို မထွက်လာဘူးနဲ့ တူတယ်..."

ကူမော့က ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

"တစ်ဒါဇင်ကျော် ရှိတယ်... သူတို့က အပြင်လောကကို မရင်ဆိုင်ချင်ကြဘူး၊ ပြီးတော့ သူတို့က အရမ်း အိုမင်းနေပြီလေ... သူတို့ရဲ့ ဝိညာဉ် စွမ်းအင် ကို လွှတ်ပေးလိုက်တာနဲ့ ရက်အနည်းငယ်ထက် ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး..."

ယဲ့ကျင့်လန် က တိုးညင်းစွာ ဆိုသည်။

"မီးဝိညာဉ်မျိုးနွယ်စု က ဒီရွေးချယ်မှုအတွက် နောင်တရမယ်လို့ မင်း ထင်လား... ဘာပဲဖြစ်ဖြစ်၊ သာမန် လူတွေ ဖြစ်လာတာက သူတို့တွေ ဒဏ်ရာတွေ ရလာပြီး သက်တမ်းတွေ တိုတောင်းသွားမယ် ဆိုတဲ့ အဓိပ္ပာယ်ပဲလေ..."

"ငါ မသိဘူး..."

ကူမော့ ခေါင်းယမ်းလိုက်သည်။

"ဒါပေမဲ့ ယုရှီကျို ကတော့ သေချာပေါက် နောင်တရမှာ မဟုတ်ဘူး"

"အဲဒီ ကောင်လေး..."

ယဲ့ကျင့်လန် က ခပ်ဖွဖွ ရယ်မောလိုက်သည်။

"သူက အနာဂတ်မှာ ထိပ်တန်း ဓားသမား တစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ..."

ကူမော့ က ဆိုသည်။

" သူ ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်... မီးဝိညာဉ်မျိုးနွယ်စု ဟာ အပြင် လောကနဲ့ အမြဲတမ်း အဆက်အသွယ် ပြတ်နေခဲ့တာ၊ သူတို့ရဲ့ စိတ်တွေက ဖြူစင်တယ်၊ အပြင်လောက အကြောင်း ဘာမှ နားမလည်ကြဘူး၊ အားလုံးက ကလေးတွေလိုပဲ... ယုရှီကျို ခေါင်းကိုက်စရာတွေ အများကြီး ရှိလာလိမ့်မယ်..."

ယဲ့ကျင့်လန် ပြုံးလိုက်သော်လည်း သူ၏ မျက်ခုံးကြားတွင် စိုးရိမ်မှု အချို့ ရှိနေပြီး

"ငါ နည်းနည်း စိုးရိမ်နေတာ၊ အဲဒီ အဘိုးကြီး ချီမြောင်ရွှမ် က ငါ့အပေါ် တစ်ခုခုများ လုပ်သွားခဲ့တာလား..."

ကူမော့ က

"စိတ်မပူပါနဲ့၊ သူ မလုပ်ခဲ့ပါဘူး..."

"အဲဒီလောက်တောင် သေချာလား... ငါ သိသွားမှာကို သူ စိုးရိမ်နေတာလား..."

"မဟုတ်ဘူး၊ သူက မင်းကို အထင်သေးနေတာ..."

ယဲ့ကျင့်လန်... "..."

ကူမော့ ပြုံးလိုက်ပြီး

"အခု ငါ ပိုသိချင်တာက အဲဒီ အဘိုးကြီးမှာ ရှိတဲ့ မိုးပြာ နဂါး ရဲ့ ဝိညာဉ်ကို အနိုင်ယူနိုင်မလား ဆိုတာပဲ..."

"နဂါး ဝိညာဉ်..."

ယဲ့ကျင့်လန်ယဲ့ကျင့်လန် က ဇဝေဇဝါဖြင့် မေးလိုက်သည်။

ကူမော့ ရှင်းပြသည်။

"ပိုင်ယွီကျင်း က ငါ့ကို မိုးပြာ နဂါး ရဲ့ ကျန်ရစ်တဲ့ ဝိညာဉ် တစ်ခုလို့ အထင်မှားသွားခဲ့တယ်... ချီမြောင်ရွှမ် နဲ့ ငါ တိုက်ခိုက်တုန်းက အဲဒီဓားသွားကနေ နဂါးရဲ့ အရှိန်အဝါ တစ်ခု ထွက်ပေါ်လာတယ်...”

“ ချီမြောင်ရွှမ် ဟာ အဲဒီ နဂါး ဝိညာဉ် ရဲ့ ကျေးကျွန် တစ်ယောက် ဖြစ်ပြီး သူမှာ နာကြည်းချက်တွေ ရှိနေမယ်လို့ ယူဆနိုင်တယ်... ဒါကြောင့်၊ မိုးပြာ နဂါး ကို တန်ပြန်ဖို့ မီးချီလင် ရဲ့ စွမ်းအားကို သုံးဖို့ သူကြံစည်နေတာပဲ၊ အဲဒါက ကျေးကျွန်က သူ့ရဲ့ သခင်ကို ပြန်လည် ဝါးမြိုတဲ့ ကိစ္စ တစ်ခုပေါ့"

All Chapters