အခန်း ၄၂၃
Vol. 33 Ch. 423
အပိုင်း (၄၂၃) - ကံကြမ္မာမှ ရွေးချယ်ခံရသူ ၁
လျှို့ဝှက်ဆန်းကြယ်လှသော မြေအောက်နန်းတော်ကြီးအတွင်း၌ အထက်အမိုးခုံးမှ အေးစက်သော လေစီးကြောင်းများနှင့် အောက်ခြေမှ ခရမ်းရင့်ရောင် ချော်ရည်ပူတို့ ကြောင့် ထူးဆန်းသော အဖြူရောင်မြူခိုးများ ဖြစ်ပေါ်နေသည်။
ထိုနေရာ၏ လေထဲတွင် ချီမြောင်ရွှမ်သည် မျောလွင့်ထိုင်နေသည်။ သူ၏ပတ်လည်တွင် အလင်းတန်းလေးများဖြင့် ဖွဲ့စည်းထားသည့် မှော်ဝင်္ကပါကြီးများ ဖြည်းညင်းစွာ လည်ပတ်နေပြီး၊ ရှေးဟောင်းဖိအားများနှင့်အတူ တဖျတ်ဖျတ်လက်နေသည့် ဝိညာဉ်စွမ်းအင် အမျှင်တန်းများကို ထုတ်လွှတ်ဖြန့်ကျက်နေကြသည်။
အသက်ရှိသော သတ္တဝါကဲ့သို့ လှုပ်ရှားနေသည့် ဝိညာဉ် သံကြိုးများသည် ချီမြောင်ရွှမ်၏ ရင်ဘတ်ကို ဖောက်ထွင်းကာ သူ၏နှလုံးသားတွင် စိုက်ဝင်နေသော အမည်းရောင်ဓားမြှောင်ကို တင်းကျပ်စွာ ချည်နှောင်ထားသည်။
ချီမြောင်ရွှမ်က ရုန်းကန်လှုပ်ရှားရန် ကြိုးစားလိုက်တိုင်း ထိုသံကြိုးများက ပိုမိုတင်းကျပ်သွားပြီး ရင်ဘတ်တစ်ခုလုံးကို ပြင်းထန်သော နာကျင်မှုများ ယူဆောင်လာပေးနေတော့သည်။
"ဂရွမ်း..."
ဓားမြှောင်အတွင်းမှ နဂါးဝိညာဉ် ၏ ဟိန်းဟောက်သံများနှင့် အော်ဟစ်သံများ အစဉ်လိုက် ထွက်ပေါ်လာတော့သည်။
"အောက်တန်းကျတဲ့ ကျွန်... မင်းက ဘယ်လိုလုပ်ပြီး မင်းရဲ့ သခင်ကို ဝါးမြိုဖို့ ကြံစည်ရဲတာလဲ... မင်းမှာရှိတဲ့ အရာအားလုံးက ငါ ပေးထားတဲ့ လက်ဆောင်တွေချည်းပဲ... ငါ့ကို ထိန်းချုပ်ဖို့ မင်းမှာ ဘာနည်းလမ်းတွေ ရှိလို့လဲ... ငါက လောကကြီးရဲ့ နိယာမ တွေကနေ ဖန်တီးထားပြီး အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ကျော်လွန်နေတယ် ဆိုတာ မင်း မသိဘူးလား..."
အင်္ကျီဗလာ၊ အဖြူရောင် ဆံပင်များမှာ လွင့်ပျံ့နေသော ချီမြောင်ရွှမ် သည် မျက်လုံးများကို အနည်းငယ် ဖွင့်ကာ တည်ငြိမ်စွာ
"မိုးပြာ နဂါး... မင်း အဲဒီလို လုပ်လေလေ၊ မင်းက ပိုပြီး ရူးသွပ်နေပုံ ပေါက်လေလေပဲ..."
"ဟမ့်... အောက်တန်းကျတဲ့ ကျွန် မင်းက သေချင်နေတာပဲ..."
ဟိန်းဟောက်သံနှင့်အတူ ဓားမြှောင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး လေဟာနယ်အတွင်း ရစ်ခွေနေသော ခန္ဓာကိုယ်၊ ဆန့်တန်းထားသော အကြေးခွံများနှင့် ခြေသည်းများ ပါရှိသည့် အပြာရောင် နဂါးအရိပ်တစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
၎င်းသည် အရိပ်မျှသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ခမ်းနားထည်ဝါမှုကို ထုတ်လွှတ်နေပြီး နဂါးခေါင်းကို မြှောက်လိုက်သောအခါ စူးရှသော ဟိန်းဟောက်သံ သဲ့သဲ့မျှ ထွက်ပေါ်လာတော့သည်။
သို့သော် ထိုနဂါးအရိပ်သည် ရွှေရောင်မန္တန်များ ထွင်းထုထားသည့် သံကြိုးများဖြင့် ပတ်ရံခံထားရလေသည်။ နဂါး၏ ညည်းတွားသံနှင့် တုန်ခါမှုကြောင့် ထိုသံကြိုးများသည် အသက်ဝင်နေသည့်အလား ကျုံ့ဝင်ကာ တင်းကျပ်သွားတော့သည်။
ထိုအခိုက်အတန့်မှာပင် နဂါးသည် ဒေါသတကြီး ဟိန်းဟောက်လျက် ၎င်း၏ခန္ဓာကိုယ်ကို ကွေးညွှတ်ကာ၊ ကြေးဝါရောင်အကြေးခွံများမှတစ်ဆင့် ကမ္ဘာဖျက်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။
ပြင်းထန်လှသော ဖိအားကြောင့် နဂါး၏လည်ပင်းမှ အေးစက်သောသံကြိုးများ "ဂျွတ်" အသံဖြင့် ကြေမွပေါက်ကွဲသွားပြီး၊ လွင့်စင်သွားသော မီးပွားများက ဝိညာဉ်ကျောက်ဆောင်များကို အပိုင်းအစများအဖြစ် ခုတ်ပိုင်းပစ်လိုက်တော့သည်။
သံကြိုးများ ပျောက်ကွယ်သွားချိန်တွင် မိုးပြာရောင်နဂါးသည် အထက်သို့ ခုန်တက်ကာ အမြီးကို ဝှေ့ယမ်းလိုက်ရာ၊ ပိတ်လှောင်ထားသည့် မန္တန်အလင်းကန့်လန့်ကာမှာ ဖန်ကွဲစများအလား ကြေမွပျက်စီးသွားတော့သည်။
ထိုအခိုက်အတန့်တွင် "အောက်တန်းကျတဲ့ ကျေးကျွန်" ဟူသော ပြင်းထန်လှသည့် ဟိန်းဟောက်သံကြီးအတူ
"ကမ္ဘာမြေရဲ့ သွေးကြော စွမ်းအင် နည်းနည်းလေးနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကြီးကို မင်း တားဆီးနိုင်မယ်လို့ ထင်နေတာလား..."
ဖျက်ဆီးခြင်းအရှိန်အဝါနှင့် မိုးပြာနဂါးသည် ချီမြောင်ရွှမ်ကို ဝင်တိုက်လိုက်ရာ လေဟာနယ်တစ်ခုလုံး တုန်ခါသွားတော့သည်။ သူ၏ပါးစပ်မှထွက်လာသော လေပြင်းနှင့် အကြေးခွံများမှ လွင့်စင်လာသော မီးပွားများသည် နဂါးအရှိန်အဝါနှင့်အတူ ချီမြောင်ရွှမ်ဆီသို့ ချက်ချင်းရောက်ရှိသွားတော့သည်။
သို့သော် ချီမြောင်ရွှမ်သည် တည်ငြိမ်စွာရပ်နေပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်လေသည်။ သူ၏လက်ဖဝါးမှ ထွက်ပေါ်လာသော ခရမ်းရောင်မီးတောက်သည် မီးကြာပန်းကြီးအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး၊ ပြေးဝင်လာသော မိုးပြာနဂါးကို ဝါးမြိုပစ်လိုက်တော့သည်။
"အဲဒီ အမှိုက်သရိုက်၊ မီးချီလင် အသက်ရှင်နေတုန်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး အောက်တန်းကျတဲ့ ကျွန် မင်းက သူ့ရဲ့ ဘိုးဘေး မီးတောက် ကို ငါ့အပေါ် သုံးဖို့ အိပ်မက်မက်ရဲတယ်ပေါ့ စိတ်ကူးယဉ်နေတာပဲ"
နဂါးကြီးက လှောင်ပြောင်သံဖြင့်ပြောလိုက်သည်။
စကားမဆုံးမီမှာပင် နဂါးကို ရစ်ပတ်ထားသော ခရမ်းရောင်မီးတောက်များမှာ မြူခိုးများအဖြစ် ပေါက်ကွဲသွားပြီး၊ နဂါးမတုံ့ပြန်နိုင်မီမှာပင် ထိုမြူခိုးများသည် မန္တန်များနှင့် ရောယှက်နေသော နီလာခရမ်းရောင် သံကြိုးများအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် လေထဲ၌ အမည်းရောင် ယဇ်ပလ္လင်ကိုးခု ပေါ်လာကာ သံကြိုးများနှင့် မြွေများအလား ချိတ်ဆက်သွားပြီး မိုးပြာနဂါးကို ဖောက်ထွင်း၍မရနိုင်သော ဝင်္ကပါတစ်ခုဖြင့် ပိတ်လှောင်လိုက်တော့သည်။
နဂါးသည် အထင်သေးစွာဖြင့် ရုန်းကန်သော်လည်း သံကြိုးများက ၎င်း၏စွမ်းအားများကို စုပ်ယူကာ ပိုမိုတင်းကျပ်လာသည့်အပြင်၊ ၎င်း၏ဝိညာဉ်ခန္ဓာကိုယ်မှာလည်း အငွေ့ပျံ၍ သံကြိုးများအတွင်း ပေါင်းစပ်သွားတော့သည်။
ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဝင်္ကပါမန္တန်များ တောက်ပလာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို အဆက်မပြတ် ဖိသိပ်ပစ်လိုက်ရာ၊ ဧရာမနဂါးအရိပ်ကြီးမှာ သေးငယ်သွားအောင် ဖိညှစ်ခံရပြီး ပြင်းထန်သော နာကျင်မှုများနှင့်အတူ ဝိညာဉ်ခန္ဓာကိုယ်ပါ အက်ကွဲသွားတော့သည်။
နဂါး ၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"ဒါက ဘာလဲ..."
ချီမြောင်ရွှမ် သည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး၊ မိုးပြာ နဂါး ဆီသို့ လျှောက်သွားလေသည်။ သူက
"မိုးပြာ နဂါး... မင်း သေသွားတာ နှစ်ပေါင်း နှစ်ထောင့်ကျော်ပြီ၊ ပြောင်းပြန် အကြေးခွံ ဓား ထဲမှာ နှစ်ပေါင်း တစ်ထောင့်ရှစ်ရာကျော် အချိန်ဖြုန်းခဲ့တယ်၊ ပြီးတော့ ငါက မင်းရဲ့ ဓားတင်ခုံ အဖြစ် နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျော် အမှုထမ်းခဲ့တယ်"
"ဒီနှစ်ပေါင်း တစ်ထောင့်နှစ်ရာ အတွင်းမှာ မင်းက အိပ်မောကျနေခဲ့တာ၊ ရှားပါးအခြေနေမှ နိုးလာတာလေ... ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ထောင် အတွင်းမှာ လောကကြီး ဘယ်လောက်တောင် ပြောင်းလဲသွားခဲ့ပြီလဲ ဆိုတာကို မင်း မသိပါဘူး... “
“တိုက်ခိုက်ရေး ချီစွမ်းအား တွေအကြောင်း မင်း မသိဘူး၊ လက်ရှိ ဝင်္ကပါ တွေရဲ့ အဆင့်ကို မင်း မသိဘူး၊ ပြီးတော့ ဒီလောကမှာ ပါရမီရှင်တွေ ဘယ်လောက်တောင် ပေါ်ထွက်လာခဲ့ပြီလဲ၊ သိုင်းပညာ အမျိုးမျိုး ဘယ်လောက်တောင် အစွမ်းထက်လာခဲ့ပြီလဲ ဆိုတာကို မင်း မသိဘူး..."
"ငါ့အပေါ် မင်း ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေက..."
"ဒါက မင်းရဲ့ အဆင့်နဲ့ မတန်ပါဘူး... မီးချီလင် ရဲ့ ဘိုးဘေး မီးတောက် က မင်းကို အန္တရာယ် မပေးနိုင်ဘူး ဆိုတာလောက်ပဲ မင်း သိတယ်၊ ဒါပေမဲ့ မင်းရဲ့ စစ်မှန်တဲ့ နဂါး ခန္ဓာကိုယ်ကြီး ကျန်ရှိနေသေးရင်တောင်မှ၊ ဘိုးဘေး မီးတောက် ကို အူတိုင်အဖြစ် ဖန်တီးထားတဲ့ ကောင်းကင်လှည့်စား ဝင်္ကပါ ကနေ မင်း ရုန်းထွက်လို့ မရဘူး ဆိုတာကိုတော့ မင်း မသိပါဘူး..."
မိုးပြာ နဂါး မှာ ထိတ်လန့်သွားပြီး
"မင်း ငါ့ကို ခဏလောက် ထောင်ချထားရင်တောင်မှ၊ ထာဝရ ထောင်ချထားလို့ မရပါဘူး... ဘိုးဘေး မီးတောက် ရဲ့ စွမ်းအင်က အစွမ်းထက်တယ် ဆိုပေမဲ့ သူ့မှာ အကန့်အသတ် ရှိပါတယ်... သူက အသက်ရှိတဲ့ သတ္တဝါ မဟုတ်သလို အသိဉာဏ်လည်း မရှိဘူး၊ အလိုအလျောက် တုံ့ပြန်မှုပဲ ရှိတာ...”
“ သူ အလိုအလျောက် စုပ်ယူတဲ့ စွမ်းအင်က သူ သုံးစွဲတဲ့ စွမ်းအင်လောက် မများပါဘူး... ဘိုးဘေး မီးတောက် ရဲ့ စွမ်းအင် ကုန်ခမ်းသွားတာနဲ့၊ မင်းကို သေချင်လောက်အောင် ငါ လုပ်ပြမယ်"
ချီမြောင်ရွှမ် ခပ်ဖွဖွ ပြုံးလိုက်ပြီး
"မီးချီလင် ရဲ့ အလောင်းကို ဘာလို့ ပြန်ယူလာလဲဆိုတာ ခန့်မှန်းကြည့်စမ်း..."
မိုးပြာ နဂါး က လေးနက်သော လေသံဖြင့်
"အခု မင်း ဘာအကြံအစည်တွေ နဲ့ လှည့်ကွက်တွေ ကြံစည်နေတာလဲ..."
ချီမြောင်ရွှမ် က
"မီးချီလင် ရဲ့ စွမ်းအားကို စုပ်ယူဖို့ နည်းလမ်းကို ငါ ကျွမ်းကျင်နေပြီလေ... ငါ မီးချီလင် ကို ငါ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းလိုက်မယ်... အဲဒီအခါကျရင် ငါ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ဧရာမ ဝင်္ကပါကြီး တစ်ခု ဖြစ်သွားပြီး၊ ငါကိုယ်တိုင်က မီးချီလင် ဖြစ်လာမယ်...”
“ ကောင်းကင်နဲ့ မြေကြီး ရဲ့ ဝိညာဉ် စွမ်းအင်တွေကို ငါ အဆက်မပြတ် စုပ်ယူပြီး၊ ဘိုးဘေး မီးတောက် ဟာ စွမ်းအင် ဘယ်တော့မှ ပြတ်လပ်သွားမှာ မဟုတ်ဘူး..."
"မင်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ထွက်သွားဖို့ မစဉ်းစားပါနဲ့တော့... ငါ မင်းကို ဖြည်းဖြည်းချင်း သန့်စင်ပစ်မယ်၊ မင်းရဲ့ မူလဝိဉာဏ် ကို ပြောင်းပြန် အကြေးခွံ ဓား ထဲမှာ ထာဝရ ပိတ်လှောင်ထားမယ်"
မိုးပြာ နဂါး က ဟိန်းဟောက်လိုက်သည်။
"အောက်တန်းကျတဲ့ ကျွန်၊ မင်းရဲ့ သခင်ကို မင်း ဘယ်လိုလုပ် သစ္စာဖောက်ရဲတာလဲ..."
"ပါးစပ်ပိတ်ထား"
ချီမြောင်ရွှမ် က အော်ဟစ်လိုက်သည်။
"ငါက ငါ့သခင်ကို ဝါးမြိုတယ်လို့ စွပ်စွဲဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ... မင်းက တိရစ္ဆာန် တစ်ကောင် သက်သက်ပဲလေ... သေသွားပြီးတဲ့ နောက်မှာတောင်၊ လက်နက် ရဲ့ ဝိညာဉ် အဖြစ် သရုပ်ဆောင်ပြီးမှပဲ မင်း အသက်ရှင်နေတာလေ..”
“. ပြောင်းပြန် အကြေးခွံ ဓား က ငါ့ရဲ့ လက်နက်ပါ၊ ပြီးတော့ မင်း က ဓား ဝိညာဉ် သက်သက်ပဲ... ငါက သခင် ဖြစ်ပြီး၊ မင်းက သာကျွန်ပါ... အချိန်တစ်လျှောက်လုံး မင်းရဲ့ သခင်ကို ဝါးမြိုနေခဲ့တာက မင်းပဲ”
နဂါး က ဟိန်းဟောက်လိုက်သည်။
"အဓိပ္ပာယ် မရှိတာတွေ ငါသာ မင်းကို မသေနိုင်တဲ့ စွမ်းရည် မပေးခဲ့ရင်၊ မင်းက လွန်ခဲ့တဲ့ အချိန်ကတည်းက အရိုးစုလေး သက်သက် ဖြစ်နေမှာ"
ချီမြောင်ရွှမ် က လှောင်ပြောင်လိုက်သည်။
"အဲဒါ ဘာဖြစ်လို့လဲ... ငါတို့က ကိုယ်လိုချင်တာကို ကိုယ် ရခဲ့ကြတာလေ... ငါက မသေနိုင်တဲ့ စွမ်းရည် လိုအပ်ခဲ့ပြီး၊ မင်းက ငါ့ရဲ့ အရည်အချင်းကို လိုအပ်ခဲ့တာပါ... ငါက နဂါးရဲ့ မျက်နှာနဲ့ နေမင်းလို ဦးချိုတွေ ရှိတဲ့ မွေးရာပါ သူတော်စင် တစ်ယောက်ပါ... "
“ မင်း သတိပြန်ရလာဖို့အတွက် ငါ့ရဲ့ ကံကြမ္မာ ကို မင်း လိုအပ်တယ်... အသက်ရှင်ဖို့အတွက် ငါ့ရဲ့ မူလစွမ်းအား တချို့ကို မင်း လွှဲပြောင်းပေးခဲ့တယ်... ငါတို့က အပြန်အလှန် မှီခိုနေရတဲ့ သတ္တဝါတွေပါ၊ ဒါပေမဲ့ မင်းက နည်းလမ်းတွေကို သုံးပြီး ငါ့ကို နှစ်ပေါင်း တစ်ထောင်ကျော် ကျေးကျွန်အဖြစ် ထားခဲ့တယ်... အခုတော့ နေရာချင်း လဲရမယ့် အချိန် ရောက်ပြီ “
ချီမြောင်ရွှမ် သည် လက်ကို ဆန့်ထုတ်ကာ လှောင်အိမ်ထဲတွင် ပိတ်မိနေသော မိုးပြာ နဂါး ကို ဖမ်းဆွဲပြီး အောက်သို့ ဆွဲချလိုက်လေသည်။
ချီမြောင်ရွှမ် သည် မိုးပြာ နဂါး ကို ကြည့်ကာ ဆိုသည်။
"စိတ်မပူပါနဲ့၊ မင်းကို သန့်စင်ဖို့ ငါ အချိန်အကြာကြီး ယူရမှာပါ... စစ်မှန်တဲ့ မဟာတာအို ကို ငါ ဘယ်လို ကျွမ်းကျင်ပြီး ကောင်းကင်တာအို ဖြစ်လာမလဲ ဆိုတာကိုလည်း မင်း မြင်တွေ့နိုင်ပါတယ်"
မိုးပြာ နဂါး က အေးစက်စွာ ပြန်ဖြေသည်
"အရူးတစ်ယောက်ရဲ့ အိပ်မက်ပါပဲ ဒီလောကမှာ ကောင်းကင်တာအို ဆိုတာ မရှိပါဘူး၊ အဲဒါက သဘောတရား တစ်ခု သက်သက်ပဲ"
ချီမြောင်ရွှမ် က အေးစက်စွာ ဆိုသည်
"နိယာမ အားလုံးကို ငါ ဝါးမြိုပြီးသွားရင်တော့၊ အဲဒီအချိန်ကျရင် ငါဟာ ကောင်းကင်တာအို ဖြစ်လာမှာပါ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊
ချီမြောင်ရွှမ် သည် လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်ရာ လှောင်အိမ်ကို လက်သီးဆုပ် အရွယ်အစားခန့်ရှိသော ခရမ်းရောင် သံလုံး တစ်လုံးအဖြစ် လျင်မြန်စွာ ဖိသိပ်လိုက်လေသည်။
မိုးပြာ နဂါး မှာ အတွင်း၌ ပိတ်မိနေပြီး အဆက်မပြတ် ရုန်းကန်နေတော့သည်။
ချီမြောင်ရွှမ် သည် သံလုံးကို သူ၏ ရင်ဘတ်ရှိ ဒဏ်ရာအတွင်းသို့ ထိုးထည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် မြေအောက်နန်းတော်ကြီး ရုတ်တရက် ပူပြင်းလာပြီး မန္တန်များအလား သိပ်သည်းသော ရွှေရောင်အရည်များ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ ချီလင်ပုံရိပ်ယောင်တစ်ခု ဟိန်းဟောက်ထွက်ပေါ်လာတော့သည်။