အခန်း ၄၂၄
Vol. 33 Ch. 424
အပိုင်း (၄၂၄) - ကံကြမ္မာမှ ရွေးချယ်ခံရသူ ၂
တစ်ဖက်တွင် ကူမော့သည် မြောက်ဘက်ကန္တာရခရီးစဉ်မှ ကြယ်ခုနစ်ပွင့်အဆင့် ထာဂတာလက်ဖဝါး နှင့် ကြယ်ရှစ်ပွင့်အဆင့် စစ်နတ်ဘုရားမှတ်တမ်း သိုင်းပညာတို့ကို ရရှိခဲ့သည်။
အထူးသဖြင့် စစ်နတ်ဘုရားမှတ်တမ်းကြောင့် သူ၏ကျင့်ကြံမှုအဆင့်မှာ တက်လှမ်းခြင်းနယ်ပယ်အထက်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး လောကနိယာမများကို မြင်တွေ့နိုင်စွမ်း ရရှိခဲ့သည်။
သူ၏အသိစိတ်သည် လောကကြီး၏အပြင်ဘက်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားရပြီး၊ အရာအားလုံးကို ရုပ်ရှင်ပြကွက်များအလား အပြန်ပြန်အလှန်လှန် ထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ယခုအခါ ကူမော့၏မျက်လုံးထဲတွင် အနာဂတ်ဆိုသည်မှာ မသိနိုင်သောအရာမဟုတ်တော့ဘဲ၊ နိယာမများအောက်တွင် ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်စဉ်တစ်ခုအဖြစ်သာ ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
ထို့အပြင် နိယာမများ လည်ပတ်နေချိန်၌ မီးချီလင်သေဆုံးမှုမှ ထွက်ပေါ်လာသော ခရမ်းရောင်မီးတောက်နှင့်ဆင်တူသည့်၊ အလွန်ထူးခြားသော "နိယာမ ချီစွမ်းအား" တစ်မျိုး မွေးဖွားလာမည်ကိုလည်း သူ နားလည်သဘောပေါက်သွားခဲ့သည်။
ထိုအချိန်ကျမှသာလျှင်၊
ချီမြောင်ရွှမ် ကို အဘယ်ကြောင့် မသတ်နိုင်ရသည်ကို ကူမော့ နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော သူတို့သည် အဆင့်တူ လုံးဝ မဟုတ်ပေ။
ကူမော့သည် နတ်ဘုရားနဂါးသိုင်းပညာနှင့် တာအိုနှလုံးသားမိစ္ဆာမျိုးစေ့တို့မှတစ်ဆင့် သဘာဝနိယာမများကို အစောပိုင်းကတည်းက ခံစားသိရှိခဲ့သဖြင့်သာ ချီမြောင်ရွှမ်ကို ဒဏ်ရာရစေပြီး ချီလင်ကို သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်တိုက်ပွဲ၌ နတ်ဘုရားနဂါးသိုင်းပညာသည် မိုးပြာရောင်နဂါးဝိညာဉ်ကို မနိုးထစေခဲ့ပါက ဘေးအန္တရာယ်ကြီးမားနိုင်သော်လည်း၊ သူသည် စွမ်းအားအကုန်မသုံးခဲ့သည့်အပြင် နိယာမချီစွမ်းအားကို တစ်စိတ်တစ်ပိုင်း ပိုင်နိုင်ထားသောကြောင့် လုံးဝစွမ်းရည်မဲ့နေခဲ့ခြင်းတော့ မဟုတ်ပါချေ။
ခရီးစဉ်အတွင်း ကူမော့သည် ထာဂတာလက်ဖဝါးနှင့် စစ်နတ်ဘုရားမှတ်တမ်းတို့အပြင်၊ ယုရှီအာထံမှ ဆေးဘက်ဝင်အပင်များနှင့် ရှားပါးဆေးပညာများ၊ အဆိပ်ပုလဲစသည့် အဖိုးတန်ပစ္စည်းများကိုပါ ရရှိခဲ့သည်။
ထို့နောက် ယဲ့ကျင့်လန်၏အဖွဲ့ကို ချင်းကျိုးသို့ ဘေးကင်းစွာ လိုက်ပါစောင့်ရှောက်ပေးခဲ့ပြီးနောက်၊ နှစ်သစ်ကူးအကြိုနေ့တွင် လင်းကျန်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ "ကူ စံအိမ်တော်" ဟု အမည်ပြောင်းထားသော မူလပူအာစံအိမ်တော်သို့ ဆိုက်ရောက်သွားခဲ့တော့သည်။
"အစ်ကို... ပြန်ရောက်လာပြီလား"
ထိုအချိန်မှာပင် ကူချူတုန်း နှင့် အနီရောင် တို့သည် အပြင်မှ ပြန်လာကြပြီး၊ နှစ်ယောက်စလုံးက အိတ်ကြီး အိတ်ငယ်များကို သယ်ဆောင်လာကြလေသည်။
ကူချူတုန်း သည် ကူမော့ဆီသို့ အလျင်အမြန် ပြေးသွားပြီး
"ဘယ်လိုလဲ အစ်ကို... စံအိမ်တော် က ပြုပြင်မွမ်းမံထားတာ မကောင်းဘူးလား... ညီမ ပြောပြမယ်၊ အထဲက ပရိဘောဂတွေ အားလုံးကို ညီမ ကိုယ်တိုင် စီစဉ်ထားတာ... ပြီးတော့ အစေခံ ကောင်မလေး ဆယ်ယောက်ကျော်လောက်လည်း ဝယ်ထားတယ်၊ အဲဒါကြောင့် မရီး ဝင်လာတဲ့အခါ အစေခံတွေ ပြတ်လပ်နေမှာ မဟုတ်ဘူးလေ..."
ကူချူတုန်း သည် ကူမော့ကို စံအိမ်တော် အတွင်းသို့ ဆွဲခေါ်သွားပြီး လိုက်ပြလေတော့သည်။
ကူချူတုန်းသည် နေထိုင်ရန် သင့်တော်သော ပြီးပြည့်စုံသည့် စံအိမ်တော်အဖြစ် အလုံးစုံ ပြုပြင်မွမ်းမံခဲ့သည်။
ကူမိသားစုတွင် အဆင့်မြင့် အစောင့်အကြပ်များ မရှိသော်လည်း၊ ဆရာကြီးများနှင့် ယှဉ်နိုင်သော ကောင်းကင်မိစ္ဆာစောင်းပိုင်ရှင် ကူချူတုန်းအပြင် အထွတ်အထိပ်အဆင့်ရှိ အနီရောင် နှင့် ဂီတသမားတို့ ရှိနေသဖြင့် ထိုအားနည်းချက်မှာ ပြဿနာမရှိခဲ့ပေ။
ထို့နောက် ကူချူတုန်းသည် ကူမော့၏လက်ကိုဆွဲကာ စံအိမ်တော်အတွင်း ပျော်ရွှင်စွာ လှည့်လည်ပြသနေစဉ် ရုတ်တရက် စကားတစ်ခွန်း စတင်ပြောဆိုလိုက်လေသည်။
"ဒါနဲ့ အစ်ကို... နှစ်သစ်ကူး ပြီးရင် ကျွန်မတို့ မြို့တော် ကို ထပ်သွားရလောက်တယ်..."
ကူမော့က ဇဝေဇဝါဖြင့်
"ဘာဖြစ်လို့လဲ..."
ကူချူတုန်း က ဆိုသည်။
"လွန်ခဲ့တဲ့ နှစ်ရက်လောက်က အရှင်မင်းကြီး ဆီကနေ အခမ်းအနား တက်ဖို့ မြို့တော် ကို ဖိတ်ခေါ်တဲ့ စာတစ်စောင် ရောက်လာတယ်... ဒုတိယလ ရဲ့ ဒုတိယနေ့ က အိမ်ရှေ့မင်းသား တင်မြှောက်မယ့် နေ့ဖြစ်ပြီး၊ အခမ်းအနားကို နန်းတော် ထဲမှာ ကျင်းပမှာတဲ့”
ကူမော့ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
ဖုန်လိုင်ကျွန်း မှ ပြန်လာပြီးနောက်၊ ကန် ဧကရာဇ် ကို တွေ့ရန် နန်းတော် သို့ သူ သွားရောက်ခဲ့လေသည်။
ထိုအချိန်က ကန် ဧကရာဇ် သည် နန်းမွေခံ အဖြစ် ဒုတိယမင်းသား၊ ကျင်း မင်းသား၊ လီကျုံးချင် ကို ရွေးချယ်ပြီးပြီ ဖြစ်ကြောင်းနှင့်၊ ယခုအချိန်တွင် နန်းမွေခံ တင်မြှောက်သည့် အခမ်းအနားကို ကျင်းပရန်မှာ ပုံမှန်သာ ဖြစ်ကြောင်း သူ့အား အသိပေးခဲ့လေသည်။
"အချိန် သတ်မှတ်ပြီး သွားကြတာပေါ့”
ကူမော့သည် နန်းမွေခံ တင်မြှောက်မည့် ကိစ္စကို စိတ်ဝင်စားခြင်း မရှိသော်လည်း၊ အချိန်ကိုက်မှာ အလွန် ကောင်းမွန်နေသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် နှစ်သစ်ကူး ပြီးနောက် ချန်အန်း သို့ သွားရန် စီစဉ်ထားပြီး ဖြစ်သောကြောင့် ပင် ဖြစ်လေသည်။
ချန်အန်း တွင် ဖြေရှင်းရန် ကိစ္စ နှစ်ခု ရှိလေသည်။
ပထမတစ်ခုမှာ၊ တစ္ဆေမြို့တော် ရှိ အလောင်းပိုးအိမ် လိုဏ်ဂူ အောက်တွင် ယုရှီအာ ၏ အမွေအနှစ်များ ရှိနေသေးပြီး၊ ကူမော့သည် ထိုအရာများကို ပြန်လည် ရယူရန် လိုအပ်လေသည်။ ဒုတိယတစ်ခုမှာ၊ ချီမြောင်ရွှမ် ကြိုးကိုင်ထားသော အဆိပ်ပုလဲများ ပါဝင်သည့် ကစားပွဲ ပင် ဖြစ်လေသည်။
အဆိပ်ပုလဲများ၏ စွမ်းအားကို ကူမော့ ကောင်းကောင်း သိထားလေသည်။၎င်းသာ ချန်အန်း တွင် ပေါက်ကွဲသွားပါက၊ ထိတ်လန့်ဖွယ်ကောင်းသော အဆိပ်ပြင်းနှင့် ကပ်ရောဂါတို့မှာ ချန်အန်း ကို နှစ်ရက် အတွင်းမှာပင် သေဆုံးနေသော မြို့ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားစေနိုင်လေသည်။
ယဲ့ကျင့်လန် အား ကူမော့ အသိပေးခဲ့သော်လည်း၊ အဆိပ်ပုလဲ ၏ စွမ်းအားမှာ ယဲ့ကျင့်လန် နှင့် တော်ဝင် မိသားစုတို့ ထိန်းချုပ်နိုင်သည့် အရာမျိုး မဟုတ်ပါချေ။
...
ချန်အန်း၊ နန်းတော်။
နှင်းများ အလွန် သည်းထန်စွာ ကျဆင်းနေပြီး မြို့ကြီးကို အဖြူရောင်ဖြင့် ဖုံးလွှမ်းထားလေသည်။
မကြာမီ အိမ်ရှေ့မင်းသား ဖြစ်လာမည့် လီကျုံးချင် သည် နန်းတွင်း စာကြည့်ဆောင် တွင် ကန် ဧကရာဇ် နှင့် စကားပြောနေလေသည်။သားအဖ နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး အခန်းမှာ အနည်းငယ် အေးစိမ့်နေသည်။
ကန် ဧကရာဇ် သည် အစီရင်ခံစာ တစ်စောင်ကို လီကျုံးချင် ထံသို့ ကမ်းပေးကာ ဆိုသည်။
"ဒါက စာပို့ခိုကနေတစ်ဆင့် ဝန်ကြီး ယဲ့ကျင့်လန် ဆီက ရလာတဲ့ သတင်းစကားပဲ... ခို့ရွှီး ရှေးဟောင်းမြို့တော် ကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့ပြီး ရတနာတွေကို ရှာတွေ့ခဲ့ပြီတဲ့... ဒါက ရှေ့တန်းကို အနည်းဆုံး နောက်ထပ် ခြောက်လလောက် ထောက်ပံ့ပေးဖို့ လုံလောက်ပါတယ်"
လီကျုံးချင် က ဝမ်းသာအားရဖြင့်
"အဲဒါ အရမ်း ကောင်းတာပဲ…. ဂုဏ်ယူပါတယ် ခခမည်းတော်၊ ကျွန်တော်တို့ ဒီစစ်ပွဲကို သေချာပေါက် နိုင်မှာဖြစ်ပြီး၊ ခမည်းတော်က နယ်မြေတွေကို သေချာပေါက် ချဲ့ထွင်နိုင်ကာ သမိုင်းမှာ အမှတ်ရနေမှာပါ"
ကန် ဧကရာဇ် က လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆိုသည်
"ငါ ပြောချင်တာ အဲဒါ မဟုတ်ဘူး... ဝန်ကြီး ယဲ့ ရဲ့ စာထဲမှာ အဲဒီ လုပ်ငန်းစဉ် အတွင်းမှာ အခက်အခဲ တချို့ ရှိခဲ့တယ်လို့ ပါတယ်၊ ပြီးတော့ ဒဏ္ဍာရီလာ တားမြစ်ခံရသူတွေ မီးချီလင် နဲ့ ကပ်ဆိုးနတ်ဘုရား တောင်မှ တကယ်ပဲ ပေါ်လာခဲ့တယ်... ဒါပေမဲ့ သတင်းကောင်း ကတော့ တားမြစ်ခံရသူ နှစ်ဦးကို သူရဲကောင်း ကူ က သတ်လိုက်ပြီ"
လီကျုံးချင် ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတော့သည်။
ကန် ဧကရာဇ် က ဆက်ပြောသည်
"ဒါပေမဲ့ သတင်းဆိုး တစ်ခုလည်း ရှိတယ်... ကပ်ဆိနတ်ဘုရား ဟာ ချန်အန်း ကို မြို့ပျက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားစေနိုင်လောက်အောင် အစွမ်းထက်တဲ့ အဆိပ်ပုလဲ တစ်လုံးကို ချန်ထားခဲ့ပြီး၊ ထျဲ့ဟန်ဆန်း ရဲ့ အမွေအနှစ် ကနေတစ်ဆင့် သိုင်းလောက တစ်ခုလုံးကို ပျံ့နှံ့သွားစေဖို့ လုပ်ခဲ့တယ်..."
လီကျုံးချင် လန့်ဖြတ်သွားပြီး
"ဒီကိစ္စကို ကျွန်တော် ကြားဖူးပါတယ်... လွန်ခဲ့တဲ့ ခြောက်လလောက်က၊ သိုင်းလောက မှာ ရုတ်တရက် ကြီးမားတဲ့ ဂယက်ရိုက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်၊ အဲဒါ အားလုံးက ဟန်ဆန်း ရတနာတိုက် ရဲ့ ရတနာမြေပုံ ကြောင့်ပါ...”
“ ကောလာဟလ တွေအရ ဟန်ဆန်း ရတနာတိုက် မှာ ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာတွေ၊ တိုင်းဆမရနိုင်တဲ့ စည်းစိမ်ချမ်းသာ တွေနဲ့ လောကမှာ အစွမ်းအထက်ဆုံး နတ်ဘုရား လက်နက် တို့ ရှိတယ်လို့ ဆိုပါတယ်..."
ကန် ဧကရာဇ် က လေးနက်သော လေသံဖြင့်
"ဝန်ကြီး ယဲ့ ရဲ့ အဆိုအရ ဒါက ကပ်ဆိုးနတ်ဘုရား က လူသားတွေကို နှိပ်စက်ဖို့ ကစားခဲ့တဲ့ ကစားပွဲ တစ်ခု သက်သက်ပဲ၊ ချန်အန်းမြို့ တစ်ခုလုံးကို သေဆုံးခြင်းဆီ ဆွဲခေါ်သွားဖို့ ရည်ရွယ်ထားတာ..."
"သမိုင်းဝင် လျှို့ဝှက်ချက် တစ်ခုကို ဖန်တီးဖို့၊ ကျွန်တော်တို့တွေ အဆိပ်ပုလဲ ကို ရှာဖွေပြီး အကျပ်အတည်း ကို ဖယ်ရှားရမယ်... ဒါ့အပြင် သတင်းတွေ မပေါက်ကြားအောင်နဲ့ လျှို့ဝှက်ထားဖို့ကိုလည်း ဂရုစိုက်ရမယ်..."
"အခုဆိုရင် အိမ်ရှေ့မင်းသား တင်မြှောက်မယ့် အခမ်းအနား ကလည်း နီးကပ်နေပြီ၊ တိုင်းပြည် အသီးသီးက ကိုယ်စားလှယ်တွေ လာရောက် လေ့လာဖို့ စေလွှတ်ထားကြတယ်... ချူနိုင်ငံ ကလည်း မင်းသမီး ရှောင်ဇီယင် ဦးဆောင်ပြီး ရောက်လာတယ်... ဒီအမျိုးသမီး က သာမန် မဟုတ်ဘူး...”
“ သူမသာ အဆိပ်ပုလဲ အကြောင်း သိသွားရင်၊ သူမ အသက်ကိုတောင် စတေးပြီး ပေါက်ကွဲအောင် လုပ်ဖို့ နည်းလမ်း ရှာမှာ သေချာတယ်... အဆိပ်ပုလဲ သာ ချန်အန်း မှာ ပေါက်ကွဲသွားရင် ကန်နိုင်ငံ ဟာ ပြီးဆုံးသွားမှာဖြစ်ပြီး၊ ချူနိုင်ငံ က လောကကြီးကို ပေါင်းစည်းနိုင်ဖို့က လက်တစ်ကမ်းမှာပဲ ရှိတော့မှာပါ"
လီကျုံးချင် က ခေါင်းညိတ်လိုက်ပြီး
"ကျွန်တော်မျိုး သေချာပေါက် သတင်း မပေါက်ကြားစေရပါဘူး... ဒါပေမဲ့ ခမည်းတော် က ရှောင်ဇီယင် အတွက် စိုးရိမ်နေတာထက်၊ ကျွန်တော်မျိုး ကတော့ ရှောင်ဇီယင် နဲ့အတူ ခရီးသွားနေတဲ့ ယဲ့ချန် ကို ပိုပြီး စိုးရိမ်နေမိတယ်..."
"ယဲ့ချန်... သူက ဘယ်သူလဲ..."
ကန် ဧကရာဇ် က ဇဝေဇဝါဖြင့် မေးလိုက်သည်။
လီကျုံးချင် က ဆိုသည်။
"သူက ချူနိုင်ငံ က သိုင်းလောကသား တစ်ယောက်ပါ၊ ဘာရာထူး ၊ တာဝန်မှ မရှိပါဘူး... ခမည်းတော် သူ့ကို မသိတာက ပုံမှန်ပါပဲ... ကျွန်တော်မျိုး သာ ချူနိုင်ငံ မှာ ဓားစာခံ အနေနဲ့ ဆယ်နှစ်လောက် မနေခဲ့ရဘူး ဆိုရင်၊ ချူနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ထဲက သာမန် သိုင်းလောကသား တစ်ယောက်ကို သတိထားမိမှာ မဟုတ်ပါဘူး..."
"သူက ချူနိုင်ငံ မှာ အရမ်း နာမည်ကြီးပါတယ်... သူ့ကို ဒီနေ့ခေတ် ချူနိုင်ငံ ရဲ့ သိုင်းလောက မှာ အကျော်ကြားဆုံး ပါရမီရှင် လို့ ပြောလို့ရတယ်၊ အငြင်းပွားစရာ မရှိတဲ့ နံပါတ်တစ် ပါရမီရှင် ပါ... “
“ မူလကတော့ သူက ထူးခြားမှု မရှိသလို သိုင်းလောက မှာလည်း နာမည် မရှိခဲ့ပါဘူး... ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်က၊ သူက ရုတ်တရက်ကြီး ဘယ်ကနေမှန်း မသိ ပေါ်လာပြီး အချိန်တိုအတွင်းမှာပဲ ချူနိုင်ငံ မှာ ရေပန်းအစားဆုံး ပါရမီရှင် ဖြစ်လာခဲ့တာပါ..."
ကန် ဧကရာဇ် က မေးလိုက်သည်။
"အဲ့ဒီလူရဲ့ ထူးခြားချက်က ဘာလဲ..."
လီကျုံးချင် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဆိုသည်။
" ပြောရရင်၊ သူက ထူးဆန်းတယ်... ဘယ်လို ထူးဆန်းတာလဲဆိုတော့၊ ဒီလို ပြောပြပါရစေ... တခြားသူတွေက ချောက်ကမ်းပါး ကနေ ပြုတ်ကျရင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေမဲ့၊ သူကတော့ ဆရာ တစ်ယောက်နဲ့ တွေ့ပြီး၊ ဉာဏ်အလင်း ကိုတောင် ရသွားတတ်တယ်..."
"သူ သေချာပေါက် သေရတော့မယ့် အချိန်တိုင်း၊ နောက်ဆုံး အခိုက်အတန့်မှာ ထွက်ပေါက် တစ်ခုက ပေါ်လာတတ်တယ်။ဆရာ တစ်ယောက်ရဲ့ အကူအညီကြောင့် ဖြစ်စေ၊ တိုက်ပွဲ အတွင်း ထိုးဖောက်အောင်မြင်မှု တစ်ခုကြောင့် ဖြစ်စေ၊ အံ့ဩစရာကောင်းတဲ့ အသက်ရှင်ကျန်ရစ်မှု နဲ့ ကံကောင်းခြင်း တွေရရှိခဲ့တယ်..."
"အရေးကြီးဆုံးကတော့၊ သူက အမြဲတမ်း နှိမ့်ချတတ်တဲ့ သူ တစ်ယောက် ဖြစ်ပေမဲ့၊ ကောင်းတဲ့ အရာတွေ အားလုံးက သူ့ဆီကို ရောက်လာတတ်တယ်... သူက သိုင်းပညာ ကို ဘယ်တော့မှ မကျင့်ကြံဘူးလို့ ဆိုပေမဲ့၊ ကျွန်တော် တိုင်းပြည် ကို ပြန်လာတဲ့ အချိန်မှာ သူက ချူနိုင်ငံ ရဲ့ ကောင်းကင် အဆင့်သတ်မှတ်ချက် မှာ တတိယ နေရာကို ရနေပြီ... "
“အထူးဆန်းဆုံး ကတော့ သူ့ကို စော်ကားတဲ့ သူတွေဟာ ဆိုးရွားတဲ့ ကံကြမ္မာ တွေနဲ့ ကြုံတွေ့ရတတ်ပေမဲ့၊ စုံစမ်းကြည့်တဲ့ အခါမှာတော့ အဲဒါက သူ လုပ်တာ ဘယ်တော့မှ မဟုတ်ဘူး..."
ကန် ဧကရာဇ် က အံ့ဩထိတ်လန့်စွာဖြင့်
"အဲဒီလောက်တောင် ထူးဆန်းတာလား..."
လီကျုံးချင် ၏ အမူအရာမှာ လေးနက်သွားပြီး
"ဒီလူဟာ အကန့်အသတ်မဲ့တဲ့ ကောင်းချီးတွေကို ပိုင်ဆိုင်ထားပြီး ထူးခြားတဲ့ ကောင်းကင်ဘုံ ဖြစ်စဉ်တွေ ပါလာတဲ့ မွေးရာပါ သူတော်စင် တစ်ယောက်လို့ ဆိုပါတယ်"