← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁) ဓားထိန်းချုပ်ခြင်းကို အသေအချာလေ့ကျင့်ခြင်း၊ ဆိုင်အသေးလေးတစ်ဆိုင်ဖွင့်ခြင်း

"လင်းအာ၊ မကြာသေးခင်က ချန်ဖန်ဆီက ဘာသတင်း ထူးထူးခြားခြား ပြန်ကြားရသေးလဲ" ပျင်းရိငြီးငွေ့နေသည့် ချန်ကျီက ရုတ်တရက် မေး လိုက်သည်။

"သခင်၊ လောလောဆယ်တော့ မရှိသေးပါဘူး၊ ချန်ဖန်က မကြာသေးခင်ကတည်းက အပြင်မှာ တာဝန်တွေ ဆက်တိုက် ထွက်လုပ်နေတာဆိုတော့ ချင်းယွမ်ဂိုဏ်းဆီ မပြန်ရသေးပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် တာဝန်ပြီးသွားရင်တော့ သူက အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ပြဖို့ အခွင့်အရေး ရှာပြီး ချင်းယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်လာနိုင်ပါပြီ"

"အင်း... ကောင်းတာပေါ့" ချန်ကျီက တည်ငြိမ်စွာဖြင့် တစ်ချက် ရေရွတ်လိုက်ပြီးနောက် ဆက်မေးပြန်သည်။ "သံနက်မိုင်းတွင်းဘက်ကရော ဘယ်လိုလဲ၊ အမိန့်ကို မနာခံတဲ့သူတွေ ရှိနေသေးလား"

"သခင်၊ သံနက်မိုင်းတွင်းဘက်ကတော့ အားလုံး ပုံမှန်ပါပဲ၊ သတ်သင့်တဲ့သူတွေကိုလည်း ယဲ့မိသားစုဝင်တွေ အားလုံးရဲ့ မျက်စိအောက် မှာတင် အပြတ် ရှင်းပစ်လိုက်ပါတယ်။ အခုတော့ နေ့တိုင်း တူးဖော်ရရှိတဲ့ သံနက် အရေအတွက်ကလည်း တော်တော်လေး တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ ယဲ့မိသားစုဘက်က သံနက်မိုင်း လာရောက် သိမ်းဆည်းမယ့် ရက်က နီးကပ်လာပြီဆိုတော့ အကယ်၍ သံနက်မိုင်း တစ်စက်မှ အပေါ်ကို မအပ်နှံဘူးဆိုရင် ယဲ့မိသားစုက သေချာပေါက် သံသယဝင်ပြီး လူလွှတ် စစ်ဆေးခိုင်းပါလိမ့်မယ်"

ခဏမျှ စဉ်းစားတွေးတောပြီးနောက် ချန်ကျီက ပြော လိုက်၏။ "ကိစ္စမရှိဘူး၊ လာစစ်တဲ့သူ ရှိရင် တိုက်ရိုက် ဖမ်းဆီးပြီး မိုင်းတွင်းထဲ ထည့်တူးခိုင်းလိုက်ရုံပဲ၊ ယဲ့မိသားစုရဲ့ ရွှေအူတိုင်အဆင့် ထွက်မလာသရွေ့တော့ အားလုံးက ပြဿနာ မဟုတ်ဘူး။ အခု နောက်ထပ် ဆယ်ရက်၊ လတစ်ဝက်လောက် အချိန်ဆွဲထားနိုင်ရင် ယဲ့မိသားစုရဲ့ ရွှေအူတိုင်အဆင့် ကိုယ်တိုင် ရောက်လာရင်တောင် ပြဿနာ မရှိတော့ဘူး။ ငါ လဲလှယ်ထားတဲ့ ကိုယ်ပွားတွေကလည်း အလကားမှ မဟုတ်တာ၊ အကယ်၍ ယဲ့မိသားစုရဲ့ ရွှေအူတိုင်အဆင့် တကယ် ကိုယ်တိုင် ရောက်လာရင်တောင် ဘယ်သူ နိုင်မလဲဆိုတာ မရေရာသေးဘူး။ ဒါ့အပြင် ယဲ့မိသားစုမှာ ရွှေအူတိုင်အဆင့် တကယ် ရှိ၊ မရှိ ဆိုတာကလည်း မသေချာသေးတဲ့ ကိစ္စပဲ"

ဤဆယ်ရက်တာ အချိန်အတွင်းတွင် သံနက်မိုင်းတွင်းကနေ နေ့စဉ် အမှတ် နှစ်ထောင်ကျော် ပံ့ပိုးပေးနေသဖြင့် ချန်ကျီအနေဖြင့် အခြေခံအားဖြင့် နေ့တိုင်း ကိုယ်ပွား တစ်ယောက်နှုန်း လဲလှယ်နိုင်ခဲ့သည်။

လက်ရှိ သံနက်မိုင်းတွင်းထဲတွင် စုစုပေါင်း ကိုယ်ပွား ၂၄ ယောက် ရှိနေပြီဖြစ်ကာ အားလုံးက အုတ်မြစ်ချခြင်း စတုတ္ထအဆင့် ရှိသည့် ကိုယ်ပွားများ ဖြစ်ကြသည်။

သူတို့ထဲက တစ်ယောက်ကို ကျပန်း ထုတ်လိုက်ရုံနှင့်ပင် ယခင်က မိုင်းတွင်းထဲရှိ ယဲ့မိသားစု အစောင့်များကို အလွယ်တကူ အပြတ်ရှင်းပစ်နိုင်စွမ်း ရှိသည်။

ယဲ့မိသားစု၏ ရွှေအူတိုင်အဆင့် ရောက်လာခဲ့ရင်တောင် ဤကိုယ်ပွားများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနိုင်ရည် ရှိ၊ မရှိ ဆိုတာကို သေသေချာချာ စဉ်းစားတွက်ချက်ရပေလိမ့်မည်။

"သခင်၊ ကျောက်ယွမ်က သူ တာ့ချန်မင်းဆက်ရဲ့ နယ်စပ်ကနေ ထွက်လာပြီလို့ ပြော ပါတယ်၊ အဲ့မိုင်းလုပ်သားတွေကို ဟိုဘက် ပို့ပေးလိုက်ရမလား"

"ကျောက်ယွမ်ရဲ့ အမြန်နှုန်းက ဒီလောက်တောင် မြန်တာလား"

"ကျောက်ယွမ် ပြောတာကတော့ ဓားထိန်းချုပ်ခြင်း ကြောင့် ဒီလောက် မြန်မြန် ခရီးနှင်နိုင်တာပါ တဲ့"

ချန်ကျီက နှုတ်ခမ်းကို မသိမသာ တစ်ချက် တွန့်လိုက်ရင်း စိတ်ထဲကနေ တွေးမိသည်။ "ဒါပေါ့၊ ဘယ်လိုအဆင့်ရှိတဲ့ ဓားထိန်းချုပ်ခြင်းလဲ ဆိုတာကို မကြည့်ဘူးလား"

ချန်ကျီက ဤဓားထိန်းချုပ်ခြင်းကို လေ့ကျင့်ရန်အတွက် 'ကြယ်ရွှေ့ပြောင်းခြင်း ဓား ဆယ့်သုံးလက် ဓား သိုင်း' ၏ ကျွမ်းကျင်မှုအဆင့် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် ဓားထိန်းချုပ်ခြင်းဘက်သို့ တိုက်ရိုက် ကူးပြောင်း လေ့ ကျင့်ခဲ့ခြင်း ဖြစ်သည်။

ရည်ရွယ်ချက်ကတော့ ဓားပျံစီးပြီး ပျံသန်းချင်ရုံသက်သက် ဖြစ်သော်လည်း တစ်လမ်းလုံး တိုက်ရိုက် လေ့ ကျင့်လိုက်ရာ 'ဂရန်းမာစတာ အဆင့်' သို့ တိုက်ရိုက် ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။

လက်ရှိ ဓားထိန်းချုပ်ခြင်းကမူ ယခင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရတော့ပေ ၊ ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုလျှင် တစ်ရက်ကို မိုင်တစ်ထောင် ခရီးနှင်နိုင်ခြင်းက အနည်းဆုံးပမာဏသာ ဖြစ်ပေသည်။

"အဲ့မိုင်းလုပ်သားတွေကို လွှတ်ပေးလိုက်တော့ သူတို့ကလည်း အပြစ်မဲ့တဲ့သူတွေပဲဥစ္စာ။ ဒါပေမဲ့ သူတို့ ထွက်သွားရင် မိုင်းတူးမယ့်လူ နည်းသွားမှာဆိုတော့ ယဲ့မိသားစုဝင်တွေရဲ့ တာဝန်ကို ဆတိုး တိုးမြှင့်လိုက်ဖို့ သတိရဦး။ ဒီကိစ္စကို မင်းပဲ စီစဉ်လိုက်တော့"

"ဟုတ်ကဲ့ပါ" ကျောက်လင်းအာက ပြန်ဖြေ လိုက်ပြီးနောက် သွားရောက် စီစဉ်တော့သည်။

ချန်ကျီကမူ ပက်လက် ကုလားထိုင်ပေါ်တွင် တစ်ယောက်တည်း လှဲလျောင်းရင်း ကောင်းကင်ကြီးကို ကြည့်ကာ ငေးငိုင်နေမိသည်။ "ဝိညာဉ်ကျောက်တုံး ၄၀၀၀ ဆိုရင် ဝမ်နန်မြို့ထဲမှာ ဆိုင်အသေးလေးတစ်ဆိုင် ဖွင့်ဖို့ လုံလောက်မှာပဲ၊ အပြင်မထွက်တာလည်း ကြာပြီဆိုတော့ အပြင်ထွက်ပြီး လမ်းလျှောက်သင့်ပြီ"

ခဏကြာပြီးနောက် ကျောက်လင်းအာလည်း စီစဉ်ပြီးလောက်ပြီဟု ခန့်မှန်းမိသည်။

ချန်ကျီက မတ်တတ်ရပ်လိုက်ပြီး အပျင်းကြောတစ်ချက် ဆန့်ကာ ကိုယ်လက်လှုပ်ရှားလိုက်၏။

"လင်းအာ၊ အားလုံး စီစဉ်ပြီးပြီလား"

"သခင်၊ အားလုံး စီစဉ်ပြီးပါပြီ"

"ကောင်းပြီ၊ ကျန်တဲ့ကိစ္စတွေကိုတော့ ကိုယ်ပွားတွေကိုပဲ လွှဲပေးလိုက်တော့၊ အပြင်မထွက်ရတာ တော်တော် ကြာပြီ၊ သွားကြစို့၊ လမ်းလျှောက် ထွက်ကြမယ်"

"ဟုတ်ကဲ့ပါ သခင်" အပြင်ထွက်ပြီး လမ်းလျှောက်နိုင်ပြီဟု ကြားလိုက်ရသဖြင့် ကျောက်လင်းအာလည်း အလွန် ဝမ်းမြောက်ပျော်ရွှင်သွားပုံရသည်။

"ဒါဆို သွားကြမယ်"

ချန်ကျီက မတ်တတ်ရပ်လိုက်ပြီး အိမ်တော်အပြင်ဘက်သို့ ဦးဆောင် လျှောက်လှမ်းသွားခဲ့ကာ ကိုယ်ပွား ကျောက်လင်းအာကလည်း ဘေးနားကနေ ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။

အိမ်တော်ကနေ ထွက်လာပြီး မကြာမီမှာပင် သူတို့နှစ်ယောက် လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့ကြ၏။

ပြီးခဲ့သည့်အကြိမ်က အိမ်တော် ဝယ်ယူခဲ့သည့် အတွေ့အကြုံ ရှိထားသဖြင့် ချန်ကျီက ဝမ်နန်မြို့ထဲရှိ လွတ်နေသော အိမ်ရာ ဆိုင်များကို အိမ်ခြံမြေ အရောင်းအဝယ်ဌာန တွင် ဝယ်ယူနိုင်သည်ကို သိရှိထားသည်။

လမ်းတွင် ဘာမျှ ရပ်တန့်မနေတော့ဘဲ အိမ်ခြံမြေ အရောင်းအဝယ်ဌာန ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့ကြ၏။

အိမ်ခြံမြေ အရောင်းအဝယ်ဌာနထဲသို့ လှမ်းဝင်လိုက်ရုံရုံရှိသေး၊ အလုပ်သင် လူငယ်လေးတစ်ယောက်က ချက်ချင်း ရှေ့သို့ တိုးလာကာ ခရီးဦးကြိုလိုက်သည်။ "မင်္ဂလာပါ ခင်ဗျာ၊ အိမ် ဝယ်မလို့လား မသိဘူး"

ချန်ကျီက ပြော လိုက်၏။ "မကြာသေးခင်က ရောင်းဖို့ ထွက်ထားတဲ့ ဆိုင် ရှိလား"

လူငယ်လေးက ချန်ကျီကို မသိမသာ တစ်ချက် အကဲခတ်လိုက်သည်၊ အကြောင်းမှာ ဆိုင် ဝယ်ယူမည့်သူက တကယ့်ကို လူနည်းစုသာ ဖြစ်သောကြောင့်ပင်။

လူငယ်လေးက ခဏမျှ ဝေခွဲမရဖြစ်သွားပြီး နည်းနည်း အားနာဟန်ဖြင့် ပြော လိုက်သည်။ "ရှိတော့ ရှိပါတယ်ဗျာ၊ ဒါပေမဲ့ အကျယ်အဝန်းက သိပ်မကြီးဘူး၊ အကယ်၍ လူကြီးမင်း တို့ လိုအပ်တယ်ဆိုရင် ကျွန်တော် အရင် လိုက်ပြပေးလို့ ရပါတယ်"

"ဆိုင်က တစ်ဆိုင် တည်းပဲ ရှိတာလား" ချန်ကျီလည်း ဝမ်နန်မြို့ထဲတွင် ဆိုင်ဝယ်ဖို့ ဤမျှလောက် ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ပေ ။

လူငယ်လေးက ခေါင်းညိတ်ပြလိုက်၏။ "ဝမ်နန်မြို့ထဲက ဆိုင်တွေက အမြဲတမ်း အရောင်းသွက်ပြီး အဝယ်လိုက်နေတာဗျ၊ ဒီဆိုင် တစ်ဆိုင်တည်းကပဲ အခုတင် လွတ်သွားလို့ ထွက်လာတာပါ"

"ကောင်းပြီလေ၊ ဒါဆို ငါ့ကို လိုက်ပြ" ရွေးချယ်စရာ မရှိသဖြင့် ချန်ကျီလည်း အရင် သွားကြည့်ရန်သာ တတ်နိုင်တော့သည်။

"ဟုတ်ကဲ့ပါ၊ ဒါဆို ကျွန်တော့်နောက် လိုက်ခဲ့ပါဗျာ၊ အဲဒီ ဆိုင်က ဒီလမ်းပေါ်မှာတင် ရှိတာဆိုတော့ တော်တော် နီးပါတယ်"

လူငယ်လေးလည်း အလွန် ဝမ်းသာသွားခဲ့သည်၊ အမှန်တော့ ဤဆိုင်က ရောင်းဖို့ ထွက်ထားတာ သုံးလကျော် ရှိနေပြီဖြစ်သော်လည်း ဘယ်သူမှ မျက်စိမကျခဲ့ကြပေ ။

အဓိကကတော့ ဤဆိုင်၏ တည်နေရာက အလွန် ဝေးလံခေါင်ဖျားလွန်းလှပြီး လမ်းအဆုံး ဘက်တွင် တည်ရှိနေသောကြောင့် ဖြစ်သည်။

ဝမ်နန်မြို့ထဲတွင် တည်နေရာကောင်းသည့် ဆိုင်များကိုမူ မိသားစုကြီးအသီးသီးက စောစောကတည်းက သိမ်းပိုက်ထားကြပြီး ဖြစ်သည်။

သာမန် ဆိုင်များကိုမူ အပြင်လူများအတွက် ချန်ထားပေးလေ့ရှိသည်။

ဒါ့အပြင် ဝမ်နန်မြို့ထဲတွင် လမ်းဘေးဈေးသည် အဖြစ် ပုန်းလျှိုးကွယ်လျှိုး ဈေးဆိုင်ခင်းခြင်း ကို ပိတ်ပင်ထားခြင်း မရှိသဖြင့် တည်နေရာ ညံ့ဖျင်းသည့် ဆိုင်များကိုမူ ဘယ်သူမှ လိုချင်ကြသည် မဟုတ်ပေ ။

လမ်းဘေးဈေးဆိုင်ခင်းမည် ဆိုပါက ဆိုင်ခန်းခ နေရာခလေး ပေးလိုက်ရုံနှင့် ဈေးခင်းချင်သည့်အချိန် ခင်းနိုင်ပြီး မခင်းချင်သည့်အချိန် တိုက်ရိုက် နားနေလိုက်ရုံသာ ရှိသည်။

အခုတော့ ဆိုင် လာကြည့်မည့်သူ တစ်ယောက် ရှိလာပြီဖြစ်သဖြင့် အိမ်ခြံမြေ အရောင်းအဝယ်ဌာနက လူငယ်လေးက သေချာပေါက် ဝမ်းသာနေမိသည်။

စောစောက ချန်ကျီကို အကဲခတ်လိုက်သည့်အချိန်တွင် သူက မျက်မှန်းတန်းမိသည့်သူ မဟုတ်ကြောင်း သတိပြုမိလိုက်သည်။

ကြည့်ရုံနှင့်ပင် အပြင်က လာသည့် အခြေချသူတစ်ယောက် ဖြစ်ပုံရကာ ဆိုင် ကြည့်ခြင်းက ဝမ်နန်မြို့ထဲတွင် အခြေချ နေထိုင်ပြီး စီးပွားရေး တစ်ခုခု လုပ်ကိုင်လိုခြင်း ဖြစ်ပေလိမ့်မည်။

လူငယ်လေးက စိတ်ထဲတွင် ဆုံးဖြတ်ချက် ချက်ချင်း ချလိုက်သည်၊ ဒီနေ့ ဘယ်လိုပဲဖြစ်ဖြစ် ဤဆိုင်ကို သေချာပေါက် ရောင်းထွက်အောင် မြှောက်ပင့်ရောင်းချ ရပေမည်။

နာရီဝက်ခန့် လျှောက်လှမ်းပြီးနောက် လမ်းမကြီး၏ အဆုံးဘက်သို့ပင် ရောက်ရှိလုနီးပါး ဖြစ်လာခဲ့ချေပြီ။

လမ်းတစ်လျှောက်လုံးတွင် ချန်ကျီက စကား တစ်ခွန်းမျှ မဆိုဘဲ လူငယ်လေးတစ်ယောက်တည်းကသာ လျှောက်ပြောနေခြင်း ဖြစ်သည်။

ချန်ကျီလည်း သေသေချာချာ နားမထောင်ပေ ၊ ဘာပဲဖြစ်ဖြစ် လူငယ်လေး ပြော နေသည်မှာ လေလုံးထွားပြီး မြှောက်ပင့်ပြောဆိုနေခြင်းသာ ဖြစ်သဖြင့် နားထောင်သည်ဖြစ်စေ၊ မနားထောင်သည်ဖြစ်စေ ကိစ္စမရှိပေ ။

"ရောက်ပါပြီ၊ ဟောဟိုက ဆိုင်ပါပဲ" လူငယ်လေးက လမ်းအဆုံးရှိ တံခါးပိတ်ထားသည့် ဆိုင်ကို ညွှန်ပြလိုက်သည်။

ချန်ကျီက လူငယ်လေး ညွှန်ပြသည့် ဦးတည်ရာအတိုင်း လှမ်းကြည့်လိုက်ရာ တံခါးပိတ်ထားသည့် ဆိုင်တစ်ဆိုင်က ဆိုင်းဘုတ် ပင် မရှိဘဲ စီးပွားရေး မလုပ်တာ ကြာမြင့်လှပြီ ဖြစ်ပုံရကာ ဆိုင်တစ်ခုလုံးက ပျက်စီးယိုယွင်းနေသည့် ပုံစံမျိုး ပေါက်နေချေပြီ။

ချန်ကျီက ပတ်ဝန်းကျင်ကို ထပ်မံ ကြည့်ရှုလိုက်ပြန်သည်။ "ဒီနေရာက တကယ့်ကို လူသူကင်းမဲ့ပြီး ခေါင်လွန်းတာပဲ၊ ဆိုင်ရှေ့မှာ ဖြတ်သန်းသွားလာတဲ့ လူတစ်ယောက်တည်းတောင် မရှိဘူး"

ကျောက်လင်းအာက ခြောက်ကပ်ကပ် ဖြစ်နေသည့် ဆိုင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ "သခင်၊ ဒီနေရာက အေးစက် ခြောက်ကပ်လွန်းမနေဘူးလား"

ချန်ကျီက တည်ငြိမ်စွာ ပြုံးလိုက်၏။ "ကိစ္စမရှိပါဘူး၊ အရင် ဝင်ကြည့်ပြီးမှ ပြော ကြတာပေါ့"

လူငယ်လေးလည်း ချန်ကျီတို့ နှစ်ယောက်၏ အမူအရာ မဟန်သည်ကို ရိပ်မိလိုက်သဖြင့် ဤကဲ့သို့သော ဆိုင်မျိုးကို လူခေါ်ပြမိခြင်းအပေါ် နည်းနည်းတော့ အားနာသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော်လည်း သူက စိတ်ထဲတွင် သူ့ကိုယ်သူ ဆက်လက် အားပေးနေမိဆဲ ဖြစ်သည်။ "ဒီဆိုင်ကို သေချာပေါက် ရောင်းထွက်အောင် လုပ်ရမယ်"

"လူကြီးမင်း ၊ အခု လောလောဆယ် ဒီဆိုင်ရှေ့မှာ လူမရှိဘူးဆိုတာကိုပဲ မကြည့်ပါနဲ့ဦး။ ဒါက ဆိုင်က စီးပွားရေး မလုပ်ဘဲ ပိတ်ထားလို့သာ ဒီလို လူသူကင်းမဲ့နေတဲ့ ပုံစံမျိုး ဖြစ်နေရတာပါ။ ဒါပေမဲ့ လူကြီးမင်း တို့ရဲ့ ရောင်းပန်းဝယ်ပန်း ပွင့်လန်းမယ့် ဆိုင်ကြီးသာ ဖွင့်လှစ်လိုက်လို့ကတော့ ဒီဆိုင်ရှေ့မှာ သေချာပေါက် လူတွေ အပြည့်နဲ့ စည်ကားသိုက်မြိုက် လာမှာပါဗျာ"

ချန်ကျီက စိတ်ထဲကနေ ပြက်ရယ်ပြုမိသည်။ "ဒီမြှောက်ပင့်ရောင်းချတဲ့ နှုတ်စွမ်းရည်ကတော့ မဆိုးပါဘူး၊ ငါသာ အမြဲတမ်း အနန္တနေရာလွတ် ထဲမှာပဲ ကျင်လည်မနေခဲ့ရင် မင်းရဲ့ ကောက်ကျစ်တဲ့ စကားတွေကို တကယ် ယုံမိတော့မှာပဲ"

သို့သော်လည်း ချန်ကျီက ပြုံးလျက်ပင် ပြော လိုက်သေးသည်။ "အရင် ဝင်ကြည့်ရအောင်"

"ဟုတ်ကဲ့ပါဗျာ၊ ကျွန်တော် အခုပဲ တံခါးဖွင့်ပေးပါ့မယ်"

ပြော ရင်း လူငယ်လေးက သော့ကို ယူကာ တံခါးဖွင့်ရန် ပြင်လိုက်တော့သည်။

ချန်ကျီကမူ ဆိုင်၏ ပတ်ဝန်းကျင်ကို ဆက်လက် ကြည့်နေရင်း ဤနေရာတွင် ဆိုင်တစ်ဆိုင် ဖွင့်လှစ်မည့် ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆိုတာကို စိတ်ထဲတွင် သေသေချာချာ တွက်ချက် စဉ်းစားနေမိတော့သည်။

အခန်း (၄၂) ဆိုင် နေရာရွေးချယ်ခြင်း၊ ဆိုင်နာမည် အနန္တ ကုန်စုံဆိုင်

မကြာမီမှာပင် လူငယ်လေးက မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်နေရင်း ပြောလိုက်သည်။ "လူကြီးမင်း ခင်ဗျာ၊ တံခါးပွင့်သွားပါပြီ၊ အထဲဝင်ကြည့်ပါဦးဗျာ"

ချန်ကျီက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆိုင်ထဲသို့ လျှောက်လှမ်းသွားခဲ့သည်။

ဆိုင်တံခါးမကြီးထဲ လှမ်းဝင်လိုက်ရုံရှိသေး၊ ဖုန်မှုန့် အစုအဝေးကြီးက မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ဝေ့ဝဲတိုက်ခိုက်လာခဲ့၏။

"အဟွတ် အဟွတ်" ချန်ကျီက ချောင်းနှစ်ချက်ခန့် အာခေါင်ခြောက်စွာ ဆိုးလိုက်ရင်း မျက်စိရှေ့က ဖုန်မှုန့်များကို လက်ဖြင့် ဝေ့ယမ်းဖယ်ရှားလိုက်သည်။

လူငယ်လေးက အနေခက်စွာဖြင့် ပြုံးလိုက်၏။ "အားနာလိုက်တာဗျာ၊ ဒီနေရာက မသန့်ရှင်းရတာ တော်တော်ကြာပြီဆိုတော့လေ၊ သေသေချာချာလေး သန့်ရှင်းရေးလုပ်လိုက်ရင် အဆင်ပြေသွားမှာပါ"

ချန်ကျီက ထိုအရာကို စိတ်ထဲမထားဘဲ ဆိုင်၏ အတွင်းပိုင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

ဆိုင်၏ အကျယ်အဝန်းက သိပ်မကြီးလှပေ၊ တံခါးကဝင်လာလျှင် မျက်နှာချင်းဆိုင်တွင် တည့်တည့်ကြီး ရှိနေသည့် ကောင်တာတစ်ခုကို မြင်တွေ့ရသည်။

ကောင်တာ၏ နောက်ကွယ်တွင်မူ ကုန်ပစ္စည်းတင်စင် အတန်းအသေးလေးတစ်ခု ရှိနေပြီး ထိုစင်၏ ဘေးနားတွင် အနောက်ခြံဝင်းဆီသို့ ဦးတည်မည့် တံခါးအသေးလေးတစ်ခုလည်း ရှိနေသေးသည်။

ဝဲဘက်နှင့် ယာဘက် နံရံများကို မှီ၍လည်း ကုန်ပစ္စည်းတင်စင် တစ်တန်းစီ ရှိနေကြကာ ဆိုင်တစ်ခုလုံးအတွင်း၌ ဤပစ္စည်းများသာ ရှိနေချေသည်။

ချန်ကျီက ဆိုင်ထဲတွင် တစ်ပတ်ပတ်ကြည့်လိုက်ပြီး ကုန်ပစ္စည်းတင်စင်များကို ပုတ်ခတ်ကြည့်လိုက်၏။ "ဒီစင်တွေက တော်တော်လေး ခိုင်ခံ့သေးတာပဲ၊ သုံးလို့ရပါသေးတယ်"

ပြောပြီးသည်နှင့် ချန်ကျီက ကောင်တာ၏ အနောက်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

အသာအယာ တွန်းလိုက်ရုံမျှဖြင့် ကောင်တာနောက်က တံခါးက ပွင့်ဟသွားခဲ့၏။

အနောက်ခြံဝင်းဆီမှ လေပြည်အေးတစ်ချက် ဖြတ်သန်းတိုက်ခတ်လာရာ ဆိုင်ထဲတွင် အခုတင် ငြိမ်သက်သွားခါစ ဖုန်မှုန့်များက တစ်ဖန် ပြန်လည် လှုပ်ခတ် သောင်းကျန်းလာကြပြန်သည်။

အလင်းရောင်က တံခါးအပြင်ဘက်မှ ဖြတ်သန်းဝင်ရောက်လာသဖြင့် ဆိုင်တစ်ခုလုံးက တော်တော်လေး လင်းထိန်သွားခဲ့၏။

ချန်ကျီက ဆိုင်ထဲမှ ထွက်ကာ အနောက်ခြံဝင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

"အင်း... ဒီနေရာက မဆိုးပါဘူး"

အနောက်ခြံဝင်း၏ အကျယ်အဝန်းကလည်း တကယ်တော့ သိပ်မကြီးလှပေ၊ သို့သော်လည်း နေရောင်ခြည်ကမူ ခြံဝင်းအလယ်တည့်တည့်သို့ တိုက်ရိုက် ကျရောက်နေသည်။

အနောက်ခြံဝင်းထဲတွင် အုတ်ကြွပ်မိုးအိမ် နှစ်လုံး ရှိနေပြီး ဤအခန်းနှစ်လုံးက နေထိုင်ရန်နှင့် ကုန်ပစ္စည်းများ သိုလှောင်ရန်အတွက် ဖြစ်ပုံရသည်။

ချန်ကျီက ခြံဝင်းထဲတွင် တစ်ပတ်ပတ်ကြည့်လိုက်ပြီး အုတ်ကြွပ်မိုးအိမ် နှစ်လုံး၏ တံခါးများကို ဖွင့်ကာ ကြည့်လိုက်၏။

အကျယ်အဝန်းက သိပ်မကြီးလှပေ၊ ဘာပဲဖြစ်ဖြစ် ရှေ့ဆိုင်ခန်းရဲ့ အကျယ်အဝန်းက ဒီလောက်ပဲ ရှိတာဆိုတော့ အနောက်ခြံဝင်းကလည်း ဘယ်လောက်အထိ ကြီးနိုင်ပါဦးမည်နည်း။

ချန်ကျီ ကြည့်ရှုပြီးလောက်ပြီ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် လူငယ်လေးက အမြန် ရှေ့သို့ တိုးလာကာ မေးလိုက်သည်။ "လူကြီးမင်း ၊ ဘယ်လိုလဲဗျာ၊ သဘောကျရဲ့လား၊ ဒီဆိုင်ကို စိတ်တိုင်းကျရဲ့လား ခင်ဗျာ"

ချန်ကျီက တိုက်ရိုက် ပြန်မဖြေဘဲ အဓိပ္ပာယ်မရှိသလိုမျိုး မေးခွန်းတစ်ခုကို မေးလိုက်၏။ "ဒီဆိုင် တစ်ဆိုင်တည်းပဲ ရှိတာလား"

လူငယ်လေးက ဇဝေဇဝါ ဖြစ်သွားမိသည်၊ ဒါက မလာခင်ကတည်းက စောစောစီးစီး ပြောထားခဲ့ပြီးသား မဟုတ်ပါလား။

ဇဝေဇဝါ ဖြစ်နေသော်လည်း ချက်ချင်းပင် ပြန်ပြောလိုက်၏။ "လူကြီးမင်း ခင်ဗျာ၊ တစ်မြို့လုံးမှာ တကယ်ကို ဒီဆိုင်တစ်ဆိုင်တည်းပဲ လွတ်နေတာပါဗျာ"

ချန်ကျီက ခဏမျှ စဉ်းစားလိုက်သည်။ "ဒီဆိုင်က အခု ငှားမှာလား၊ ဒါမှမဟုတ် ရောင်းမှာလား"

လူငယ်လေး ကြားလိုက်ရသည်နှင့် စိတ်ထဲတွင် အတိုင်းမသိ ဝမ်းသာသွားခဲ့သည်၊ အခွင့်အရေး ရှိပြီပဲ။ "ဒါကတော့ လူကြီးမင်း သဘောပါပဲဗျာ၊ ငှားရင်လည်း ရတယ်၊ ဝယ်ရင်လည်း ရပါတယ်"

"ဟမ်"

"အကယ်၍ ငှားမယ်ဆိုရင်တော့ နှစ်အလိုက် ငှားရမှာပါ၊ တစ်နှစ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ပေးရပါမယ်။ အကယ်၍ ဝယ်မယ်ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၅၀၀ လိုအပ်ပါတယ်ဗျာ။ ဒီစျေးနှုန်းက အသက်သာဆုံး စျေးနှုန်း ဖြစ်သွားပါပြီ၊ ဆိုင်က ရောင်းမထွက်တာ ကြာပြီဖြစ်လို့ စျေးလျှော့ပေးထားတာပါ။ အရင်ကဆိုရင်တော့ အနည်းဆုံး ၄၀၀၀ ပေးရပါတယ်ဗျာ။ ဒါ့အပြင် ကျွန်တော်တို့ဆီမှာ ဆိုင်ဝယ်မယ်ဆိုရင် မြို့သခင်အိမ်တော် ရဲ့ အကာအကွယ်ကို ရရှိမှာဖြစ်လို့ အစ်ကို့အနေနဲ့ စိတ်အေးလက်အေး ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာရုံပါပဲ"

လူငယ်လေး ပြောသည်က မမှားပါချေ၊ ဤဆိုင်၏ ယခင်ပိုင်ရှင်က တကယ်ပင် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ဆိုင်ဖွင့်ပြီး တစ်နှစ်ပင်မပြည့်မီ ပိတ်လိုက်ရသည်။

ဆိုင်၏ စီးပွားရေးက အလွန်အေးစက် ခြောက်ကပ်လွန်းလှသဖြင့် ဆက်လက် ဇွတ်တိုးနေပါက ဘောင်းဘီပါ ပြုတ်ထွက်မတတ် ရှုံးမည့် အခြေအနေ ဖြစ်နေသည်။

ထို့ပြင် သူက ဆိုင်ကို ပြန်လည် ရောင်းချချင်သည့်အချိန်တွင်လည်း လုံးဝ လွှဲပြောင်းယူမည့်သူ မရှိခဲ့ပေ ။

မူလ ရောင်းစျေးက ဝိညာဉ်ကျောက်တုံး ၄၀၀၀ ဖြစ်သော်လည်း ဤမျှလောက် ကြာမြင့်သည့်တိုင်အောင် ဘာသတင်းမျှ မကြားရသဖြင့် မူလဆိုင်ရှင်က စျေးလျှော့ပြီး ရောင်းချရန်သာ တတ်နိုင်တော့သည်။

လက်ရှိ ဝိညာဉ်ကျောက်တုံး ၃၅၀၀ ဆိုသည်မှာ ဆက်တိုက် စျေးအကြိမ်ကြိမ် လျှော့ချထားသည့် စျေးနှုန်း ဖြစ်ပေသည်။

"ဒီဆိုင်ကို ဝယ်ပြီးတာနဲ့ ငါက တိုက်ရိုက် လုပ်ငန်းစလို့ ရပြီလား၊ မြို့သခင်အိမ်တော်ကို သွားပြီး လုပ်ထုံးလုပ်နည်းတွေ ထပ်လုပ်ဖို့ မလိုတော့ဘူးလား"

"ဟုတ်ပါတယ်ဗျာ၊ ဒီဆိုင်ရဲ့ လုပ်ထုံးလုပ်နည်း အထောက်အထားတွေကို အရင်ကတည်းက အားလုံး အပြီးအစီး လုပ်ထားတာဆိုတော့၊ အခု ဆိုင်ရှင်အမည် ပြောင်းလဲတာလေးပဲ လုပ်ဖို့ လိုအပ်တာပါ။ ဝမ်နန်မြို့က ဆိုင်တွေရဲ့ စီးပွားရေး လုပ်ငန်းအမျိုးအစားကို ကန့်သတ်ထားတာ မရှိပါဘူး၊ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်သရွေ့တော့ အဆင်ပြေပါတယ်၊ အချိန်မှန် ဆိုင်စီမံခ လေး ပေးဆောင်ရင် ရပါပြီ"

ချန်ကျီက ဇဝေဇဝါဖြင့် မေးလိုက်၏။ "ဆိုင်စီမံခ ဆိုတာက ဘာလဲ"

"ဆိုင်စီမံခ ဆိုတာက မြို့သခင်အိမ်တော်က ကောက်ခံတာပါဗျာ၊ ဝမ်နန်မြို့ထဲက ဆိုင်တိုင်းက မပျက်မကွက် ပေးဆောင်ရတာပါ၊ ဆိုင်တွေ ပုံမှန် လည်ပတ်နိုင်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ သဘောပါပဲ"

ချန်ကျီ စိတ်ထဲကနေ သဘောပေါက်သွားခဲ့ပြီ၊ ဤဆိုင်စီမံခ ဆိုသည်မှာ ရိုးရိုးရှင်းရှင်း ပြောရလျှင် မြို့သခင်အိမ်တော်ကို ပေးရသည့် ဆက်ကြေး (အကာအကွယ်ပေးခ) သာ ဖြစ်သည်။

ဒီအပေါ်မှာတော့ ချန်ကျီအနေဖြင့် သဘာဝကျသည်ဟု ခံစားရသည်၊ ဤဝမ်နန်မြို့ထဲတွင် ဆိုင်ဖွင့်ပါက ပြဿနာရှာမည့်သူများ သေချာပေါက် ရှိလာနိုင်သဖြင့် မြို့သခင်အိမ်တော်၏ ကင်းလှည့်တပ်ဖွဲ့ကလည်း ဤဆိုင်များကို အလကားသက်သက် ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

မြို့သခင်အိမ်တော်က ဖွဲ့စည်းထားသည့် ကင်းလှည့်တပ်ဖွဲ့၏ နေ့စဉ် ကုန်ကျစရိတ်များအတွက်လည်း ပိုက်ဆံ လိုအပ်သည် မဟုတ်ပါလား။

"ဒါဆို ဒီစီမံခကို ဘယ်လို ပုံစံမျိုးနဲ့ ကောက်ခံတာလဲ"

"အများကြီး မဟုတ်ပါဘူးဗျာ၊ တစ်လကို ဝိညာဉ်ကျောက်တုံး ၂၀ ပေးဆောင်ရုံပါပဲ၊ မြို့သခင်အိမ်တော်က လူတွေက ဆိုင်တိုင်းကို အချိန်မှန် လာရောက် ကောက်ခံပါလိမ့်မယ်"

"အင်း... တရားမျှတပါတယ်" ဒီစီမံခ ကောက်ခံမှုက အများကြီး မဟုတ်ဟု ဆိုသော်လည်း တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး ၂၀၀ ကျော်အထိ ရှိသဖြင့် ဤဆိုင်ကို ငှားရမ်းသည့် စျေးနှုန်းထက်ပင် ပိုမို မြင့်မားနေချေပြီ။

ယခင်က မူလဆိုင်ရှင် လုပ်ငန်းမလည်ပတ်နိုင်ဘဲ ပိတ်လိုက်ရသည်မှာလည်း မဆန်းပေ ၊ စီးပွားရေးက မကောင်းသည့်အပြင် နှစ်စဉ် ဝိညာဉ်ကျောက်တုံး ၂၀၀ ကျော်ကိုပါ ထပ်မံ ပေးဆောင်နေရသည် မဟုတ်ပါလား။

"ဒါဆို လူကြီးမင်း ခင်ဗျာ၊ ဒီဆိုင်ကို ဘယ်လို မြင်လဲဗျာ၊ ငှားမလား၊ ဒါမှမဟုတ်" လူငယ်လေးက အလိုက်တသိဖြင့် လှည့်ပတ် မေးမြန်းလိုက်သည်။

သူကလည်း ချန်ကျီကဲ့သို့သော ဖောက်သည်မျိုးကို တစ်ချက်တည်းနှင့် လန့်ပြေးသွားမှာကို ကြောက်ရွံ့နေမိသည်၊ ဤဆိုင်ကို ရောင်းထွက်ဖို့ဆိုတာ တကယ့်ကို ခက်ခဲလွန်းလှပေသည်။

"ဝယ်မယ်၊ ဒါပေမဲ့ စျေးနှုန်းက နည်းနည်း ကြီးနေသေးတယ်" ချန်ကျီက အတွေ့အကြုံမရှိတဲ့ လူရိုး လူအ မဟုတ်ပေ ၊ ဤဆိုင်၏ စျေးနှုန်းက သေချာပေါက် ဆွေးနွေးညှိနှိုင်းလို့ ရနိုင်သေးသည်။

"လူကြီးမင်း ၊ ဒီဆိုင်က လွတ်နေတာ တော်တော်ကြာပြီ ဖြစ်သလို ဒီအတိုင်း ပစ်ထားရင်လည်း ပစ်ထားသလို ဖြစ်နေမှာပါ" လူငယ်လေးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် "အကယ်၍ အစ်ကိုက တကယ် ဝယ်ချင်တာဆိုရင်တော့ နည်းနည်း ထပ်လျှော့ပေးပါ့မယ်"

"ဝိညာဉ်ကျောက်တုံး ၃၄၀၀ ဆိုရင် ဘယ်လိုလဲဗျာ၊ ဒါက ကျွန်တော်တို့ ပေးနိုင်တဲ့ အနိမ့်ဆုံး စျေးနှုန်းပါပဲ"

ချန်ကျီက အသာအယာ ပြုံးလိုက်၏။ "ဒီလိုလုပ်လေ၊ နောက်ထပ် တစ်ရာ ထပ်လျှော့ပေးပါ။ ဒီနေရာက ကြည့်ရုံနဲ့တင် စီးပွားရေးလုပ်ဖို့ မလွယ်ကူတဲ့ နေရာမှန်း သိသာပါတယ်။ ငါကလည်း အခုမှ စရောက်ခါစ ဆိုတော့ စမ်းသပ်ပြီး လုပ်ကြည့်ချင်ရုံသက်သက် ပါပဲ။ ဝိညာဉ်ကျောက်တုံး ၂၀၀ လျှော့ပေးလိုက်တာက ငါ ဒီမှာ ဆိုင်ဖွင့်ဖို့ စမ်းသပ်တဲ့အနေနဲ့ ပေးရမယ့် စီမံခလို့ပဲ သဘောထားလိုက်မယ်။ မပြောတတ်ဘူးလေ၊ ငါသာ စီးပွားရေး ရှုံးသွားရင် မင်းတို့ဆီပဲ ဆိုင်ပြန်ရောင်းဖို့ လာရှာရဦးမှာ"

ချန်ကျီ ပြောသည်ကို ကြားလိုက်ရသဖြင့် လူငယ်လေး စိတ်ထဲတွင် လုံးဝ အေးချမ်းသွားခဲ့သည်၊ စုစုပေါင်းမှ ဝိညာဉ်ကျောက်တုံး ၂၀၀ သာ လျှော့ပေးလိုက်ရခြင်း ဖြစ်သည်။

ဒါပေမဲ့ နောက်ဆုံးတော့ ဤဆိုင်ကို ရောင်းထွက်သွားအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည့်အပြင် ဝိညာဉ်ကျောက်တုံး ၃၃၀၀ စျေးနှုန်းကလည်း အမြတ်အစွန်း ရရှိနိုင်ပါသေးသည်။

သို့သော်လည်း လူငယ်လေးက ခက်ခဲဟန် အမူအရာကို မသိမသာ လုပ်ပြလိုက်သေး၏။ "ဒါကလည်း လူကြီးမင်း တကယ် စိတ်ရင်းနဲ့ လိုချင်တာကို မြင်လို့ပါဗျာ၊ နောင်ကျရင်လည်း ဒီလမ်းပေါ်မှာတင် အတူတူ ရှိနေကြမှာဆိုတော့ မျက်နှာချင်းဆိုင် တွေ့နေကြရဦးမှာပဲ။ ဒါဆို လူကြီးမင်း သဘောအတိုင်းပဲ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၃၀၀ နဲ့ပဲ ယူပါတော့။ အခုပဲ လုပ်ထုံးလုပ်နည်းတွေ သွားလုပ်မလား၊ ဒါမှမဟုတ်"

"အခုပဲ သွားရအောင်"

"ကောင်းပါပြီဗျာ၊ ဒါဆို အခုပဲ ဆိုင်ကို ပြန်ကြစို့၊ လုပ်ထုံးလုပ်နည်းတွေက တော်တော် မြန်ပါတယ်" လူငယ်လေးမှာ ဤအခိုက်အတန့်တွင် မျက်နှာတစ်ခုလုံး ဝမ်းသာပီတိဖြစ်နေချေပြီ၊ နောက်ဆုံးတော့ ရောင်းလိုက်ရပြီ ဖြစ်ပေသည်။

မကြာမီမှာပင် လူငယ်လေးက ဆိုင်တံခါးမကြီးကို သော့ခတ်လိုက်ပြီးနောက် ချန်ကျီကို ဦးဆောင်ကာ ပြန်လည် လျှောက်လှမ်းခဲ့ကြသည်။

အိမ်ခြံမြေ အရောင်းအဝယ်ဌာနတွင် ချန်ကျီက ဝိညာဉ်ကျောက်တုံး ၃၃၀၀ ကို ပေးချေလိုက်ပြီး လူငယ်လေး၏ ကူညီဆောင်ရွက်ပေးမှုဖြင့် လုပ်ထုံးလုပ်နည်း အားလုံးကို အပြီးအစီး လုပ်ဆောင်နိုင်ခဲ့သည်။

ချန်ကျီက လူငယ်လေး ပေးအပ်လာသည့် အိမ်ခြံမြေ ပိုင်ဆိုင်မှု စာချုပ် နှင့် ဆိုင်သော့ကို ကိုင်ဆောင်ကာ အိမ်ခြံမြေ အရောင်းအဝယ်ဌာနမှ ထွက်လာခဲ့၏။

အိမ်ခြံမြေ အရောင်းအဝယ်ဌာန၏ တံခါးဝတွင် လူငယ်လေးက အလွန် ပျာပျာသလဲဖြင့် ချန်ကျီကို နှုတ်ဆက်၍ ကျန်ရစ်ခဲ့သည်။

အိမ်ခြံမြေ အရောင်းအဝယ်ဌာနမှ ထွက်လာပြီးနောက်

တစ်လမ်းလုံး နှုတ်ဆိတ်နေခဲ့သည့် ကျောက်လင်းအာက ပြောလိုက်၏။ "သခင်၊ ဒီဆိုင်ကို ဝယ်လိုက်တာ စျေးကြီးသွားပြီ ထင်တယ်၊ ပြီးတော့ အဲဒီနေရာရဲ့ နေရာကလည်း မဟန်လှဘူး၊ နောင်ကျရင် စီးပွားရေးလုပ်ရတာ သေချာပေါက် မလွယ်ကူလောက်ဘူးနော်"

ချန်ကျီက ပြုံးလိုက်သည်။ "လင်းအာက စီးပွားရေးလုပ်တာကိုတောင် နားလည်နေပြီပဲ"

"သခင်၊ လင်းအာ ပြောတာ တကယ်ပါ၊ ကျွန်မ စောစောက လမ်းတစ်လျှောက်လုံး လာခဲ့တဲ့အချိန်မှာ ဟိုဘက်က ဖွင့်ထားတဲ့ ဆိုင်တွေရဲ့ နေရာက ပိုကောင်းပြီး ဆိုင်ရှေ့မှာ ဖြတ်သန်းသွားလာတဲ့ လူတွေလည်း အများကြီးပဲဥစ္စာ"

"ဟားဟား၊ ကိစ္စမရှိပါဘူး၊ စီးပွားရေးလုပ်တယ်ဆိုတာ အဓိကအကျဆုံးက ပစ္စည်းကောင်းဖို့ပဲ လိုတာ၊ မင်း စိတ်အေးအေးသာ ထားလိုက်ပါ"

ချန်ကျီက ဤကဲ့သို့ ပြောလိုက်သဖြင့် ကျောက်လင်းအာလည်း သက်ပြင်းချကာ နာခံရန်သာ တတ်နိုင်တော့သည်။ "ဟုတ်ကဲ့ပါ သခင်"

"ဆိုင်ကတော့ ဝယ်ပြီးပြီဆိုတော့ နောက်ထပ် လူရှာပြီး ဆိုင်ကို ပြင်ဆင် ရဦးမယ်၊ ပြီးတော့ ဆိုင်းဘုတ်လည်း လုပ်ရဦးမယ်။ လင်းအာ၊ မင်း ပြောကြည့်ဦး၊ ငါတို့ဆိုင်ကို ဘယ်လို နာမည်မျိုး ပေးရင် ကောင်းမလဲ"

"ဆိုင်ရဲ့ နာမည်ကိုတော့ သခင်ပဲ ဆုံးဖြတ်လိုက်ပါ"

"အင်း... ငါတို့ ဖွင့်မယ့်ဆိုင်က ပစ္စည်းအစုံအလင်ကို ရောင်းမှာဆိုတော့၊ 'အနန္တ ကုန်စုံဆိုင်' လို့ ပေးရင် ဘယ်လိုလဲ"

"သခင်၊ ဒီနာမည်က ဂုဏ်ပုဒ် ကြီးလွန်းမနေဘူးလား"

ကိုယ်ပွား ကျောက်လင်းအာက ရိပ်မိလိုက်သည်၊ ချန်ကျီသည်လည်း စီးပွားရေး တစ်ခါမျှ မလုပ်ဖူးသည့် ပုံစံမျိုး ပေါက်နေသဖြင့် သူမအနေဖြင့် ဆိုင်၏ ရှေ့ရေးအတွက် စတင် စိုးရိမ်ပူပန်လာခဲ့ရချေပြီ။

"ကိစ္စမရှိဘူး၊ နာမည်ကြီးမှ လူစိတ်ဝင်စားမှာ၊ ငါတို့ဆိုင်က ဒီလောက်တောင် ချောင်ကျတဲ့နေရာမှာ ဖွင့်ထားတာကိုမှ လူဆွဲဆောင်မယ့် နည်းလမ်းမျိုး မသုံးရင် စီးပွားရေးက တကယ်ပဲ လုပ်လို့ရတော့မှာ မဟုတ်ဘူးလေ"

ကျောက်လင်းအာလည်း နားလည်သွားခဲ့ပြီ၊ ချန်ကျီက အခုအချိန်တွင် အကြောင်းပြချက်မရှိသည့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုး ရှိနေခြင်း ဖြစ်ပေသည်။

ချန်ကျီကလည်း ကျောက်လင်းအာ၏ ထူးခြားသည့် အမူအရာကို စိတ်ထဲမထားဘဲ အလွန် ပျော်ရွှင်စွာဖြင့် ပြန်လည် လျှောက်လှမ်းနေခဲ့သည်၊ သူကတော့ စိတ်ထဲတွင် ဤ 'အနန္တ ကုန်စုံဆိုင်' အပေါ် တကယ်ကို ယုံကြည်မှု အပြည့်အဝ ရှိနေခြင်း ဖြစ်ပေသည်။

ထိုစဉ် လမ်းလျှောက်နေသည့် ချန်ကျီက တစ်စုံတစ်ခုကို သတိပြုမိလိုက်ပုံရကာ အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။ "ဟမ် သူက ဝမ်နန်မြို့ကို ဒီလောက်တောင် မြန်မြန် ရောက်လာတာလား"

All Chapters