← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃) လမ်းမှာ ရန်သူနှင့် တွေ့ဆုံခြင်း

အိမ်အပြန်လမ်းတွင် လျှောက်လှမ်းနေစဉ် ချန်ကျီက လူရိပ်တစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။

ဤလူရိပ်က သူ့အား အလွန်ပင် စွဲထင်ကျန်ရစ်စေခဲ့သဖြင့် ဝိညာဉ်ထဲအထိ ထွင်းထုထားသကဲ့သို့ ခံစားရစေသည်။

ချန်ကျီ မြင်တွေ့လိုက်ရသည့်သူမှာမူ ထိုစဉ်က ချင်းယွမ်ဂိုဏ်း၏ အစေခံ တပည့်ဌာန မှ တာဝန်ခံ ပင် ဖြစ်ပေသည်။

"သူ ချင်းယွမ်ဂိုဏ်းကနေ နှင်ထုတ်ခံရပြီးရင် တော်တော်လေး ဆင်းရဲဒုက္ခရောက်နေလိမ့်မယ်လို့ ထင်ထားတာ၊ အခုကြည့်ရတာတော့ သူက တော်တော်လေး သက်တောင့်သက်သာ နေထိုင်နေရတဲ့ ပုံစံပဲ"

ချန်ကျီ မြင်လိုက်ရသည့် အစေခံ တပည့်ဌာန တာဝန်ခံက ရည်းစားဟောင်းနှင့် တွေ့နေသကဲ့သို့ စားသောက်ဆိုင် တစ်ခုအတွင်း၌ အသားများကို တလုပ်တည်း မြိန်ရေယှက်ရေ စားသောက်ကာ ဝိုင် များကို အမူးသောက်ရင်း ဘေးနားရှိ လူများနှင့်လည်း အချိန်မရွေး အော်ဟစ်ရယ်မောနေကြသည်။

"လင်းအာ၊ ဗိုက်ဆာလာပြီ၊ ငါတို့လည်း သွားပြီး တစ်ခုခု စားကြရအောင်" ချန်ကျီက ဘေးနားရှိ ကျောက်လင်းအာကို ရုတ်တရက် ပြောလိုက်၏။

ကျောက်လင်းအာက ချန်ကျီကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ "သခင်၊ အပြင်က ထမင်းဟင်းတွေက စားလို့ မကောင်းဘူးလို့ သခင် ကိုယ်တိုင် ပြောခဲ့တာ မဟုတ်ဘူးလား"

ချန်ကျီက ခဏမျှ တုံ့ဆိုင်းသွားမိသည်၊ သူကိုယ်တိုင် တကယ်ပင် ထိုသို့ ပြောခဲ့ဖူးပုံရသည်။ "အင်း... ဒါပေမဲ့ အခုက ထမင်းစားချိန် ရောက်နေပြီလေ၊ ဒီမှာလည်း စားသောက်ဆိုင် တစ်ခု အဆင်သင့် ရှိနေတာဆိုတော့ မပြောတတ်ဘူး၊ အံ့ဩစရာတစ်ခုခု ရှိနေမလားလို့ပေါ့။ ဒါ့အပြင် အပြင်က ထမင်းဟင်းတွေကို တစ်ခါတလေ မြည်းစမ်းကြည့်မှပဲ မင်းချက်တဲ့ ထမင်းဟင်းနဲ့ နှိုင်းယှဉ်လို့ ရမှာလေ၊ ဒါမှလည်း မင်းချက်တဲ့ ထမင်းဟင်းက ဘယ်လောက်အထိ စားကောင်းလဲဆိုတာ ပိုပြီး ပေါ်လွင်လာမှာပေါ့။ ဟုတ်တယ်မလား"

"ဟုတ်ကဲ့ပါ၊ အားလုံးက သခင့်သဘောအတိုင်းပါပဲ" ကျောက်လင်းအာက အသာအယာ ပြုံးလျက် ပြောလိုက်သည်၊ ချန်ကျီ၏ ချီးမွမ်းခြင်းကို ခံရသဖြင့် သူမအနေဖြင့် သေချာပေါက် ဝမ်းမြောက်မိသည် မဟုတ်ပါလား။

"ဟားဟား" ချန်ကျီလည်း လိုက်လံရယ်မောလိုက်ရင်း ကျောက်လင်းအာကို ခေါ်ဆောင်ကာ ထိုအစေခံ တပည့်ဌာန တာဝန်ခံ စားသောက်နေသည့် စားသောက်ဆိုင် ထဲသို့ လှမ်းဝင်ခဲ့ကြသည်။

ချန်ကျီနှင့် ကျောက်လင်းအာတို့ စားသောက်ဆိုင် ထဲသို့ လှမ်းဝင်လိုက်ရုံရှိသေး၊ ဆိုင်ဝန်ထမ်းက က ချက်ချင်း ရှေ့သို့ တိုးလာကာ ခရီးဦးကြိုလိုက်သည်။ "လူကြီးမင်း တို့၊ နှစ်ယောက်လား ခင်ဗျာ"

"အင်း"

"ဒီဘက်ကို ကြွပါ ခင်ဗျာ" ဆိုင်ဝန်ထမ်း က ချန်ကျီတို့ နှစ်ယောက်ကို လွတ်နေသည့် စားပွဲဝိုင်းတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။

ချန်ကျီနှင့် ကျောက်လင်းအာတို့ နေရာတကျ ထိုင်လိုက်သည်ကို မြင်တွေ့ရပြီးနောက် ဆိုင်ဝန်ထမ်း က သူတို့နှစ်ယောက်အတွက် ရေနွေးကြမ်း နှစ်ခွက် ငှဲ့ပေးလိုက်၏။ "လူကြီးမင်း တို့ ဘာများ သုံးဆောင်မလဲ ခင်ဗျာ"

ချန်ကျီက စကားအရှည်ကြီး မပြောတော့ဘဲ တိုက်ရိုက်ပင် ပြော လိုက်သည်။ "မင်းတို့ဆိုင်ရဲ့ အကောင်းဆုံး အထူးဟင်းလျာ အနည်းငယ်ကိုပဲ ချလိုက်တော့"

ဆိုင်ဝန်ထမ်း က ချက်ချင်း သဘောပေါက်သွားခဲ့သည်။ "ကောင်းပါပြီ ခင်ဗျာ၊ ခဏလောက် စောင့်ပေးပါ"

ချန်ကျီက စားပွဲပေါ်ရှိ ရေနွေးကြမ်းကို ယူကာ တစ်ငုံ၊ နှစ်ငုံခန့် မြည်းစမ်းကြည့်လိုက်ရာ ရေနွေးကြမ်း၏ အရသာက သာမန်မျှသာ ဖြစ်သည်ဟု ခံစားရသဖြင့် စားပွဲပေါ်သို့ အသာအယာ ပြန်တင်ထားလိုက်သည်။

ထို့နောက် ချန်ကျီက ကျောက်လင်းအာနှင့်အတူ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေခဲ့ကြကာ အများစုမှာ ဆိုင်ဖွင့်မည့် ကိစ္စများသာ ဖြစ်သည်။

ကိုယ်ပွား ကျောက်လင်းအာက စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေဆဲ ဖြစ်သော်လည်း ချန်ကျီက ယုံကြည်မှု အပြည့် ရှိနေသည်ကို မြင်တွေ့ရသဖြင့် သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်ပြီး သူပြောသမျှကိုသာ လိုက်လံ ခေါင်းညိတ် နေခဲ့သည်။

သူတို့နှစ်ယောက် စကားပြောနေကြစဉ်အတွင်း ချန်ကျီက ကျောက်လင်းအာကို တစ်ခါတရံ စနောက်တတ်သေးသည်။

ကျောက်လင်းအာကလည်း အစ အနောက် ခံနိုင်ရှာပေရာ ဤကဲ့သို့သော အချိန်မျိုးတွင် သူမက "ခစ်ခစ်ခစ်" နှင့် မရပ်မနား တခိခိ ရယ်မောနေတတ်သည်။

ချန်ကျီနှင့် အတူတူ အချိန်အတော်ကြာ ဖြတ်သန်းပြီးနောက်တွင်မူ ပင်ကိုယ်က အေးအေးဆေးဆေး နေတတ်သည့် ကျောက်လင်းအာသည်လည်း တော်တော်လေး ပွင့်လင်းလာခဲ့ပြီ ဖြစ်သော်လည်း ဤအရာက ချန်ကျီတစ်ယောက်တည်း အပေါ်တွင်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။

သူတို့နှစ်ယောက် ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်ဟု ဆိုသော်လည်း ချန်ကျီ၏ အာရုံစိုက်မှုကမူ ထိုတာဝန်ခံ ရှိရာဘက်သို့ အမြဲတမ်း ကျရောက်နေဆဲ ဖြစ်သည်။

သူက အခုအချိန်တွင် အုတ်မြစ်ချခြင်း အဆင့် ၄ ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ထိုတာဝန်ခံ တို့ဘက်က စကားပြောသံများကို ကြားနိုင်ဖို့က အလွန်ပင် လွယ်ကူလှပေသည်။

"ကြည့်ရတာ ဒီတာဝန်ခံ က ချင်းယွမ်ဂိုဏ်းထဲမှာလည်း သိပ်ပြီး အခြေအနေမဟန်ခဲ့တဲ့ ပုံပဲ၊ ဒီလောက်နှစ်တွေ အကြာကြီး ရှိနေတာကိုမှ အခုထိ ချီသန့်စင်ခြင်း အဆင့် ၆ ပဲ ရှိသေးတယ်၊ အမြဲတမ်း အစေခံ တပည့်ဌာနမှာပဲ တုပ်တုပ်မလှုပ် နေခဲ့ရတာလည်း မဆန်းပါဘူး"

ခဏမျှ နားထောင်ပြီးနောက် ချန်ကျီလည်း ဘာမျှ အဓိပ္ပာယ်မရှိဟု ခံစားရသည်၊ အားလုံးက ဘောင်မဝင်သည့် အကြောင်းအရာများကိုသာ ပြောဆိုနေကြခြင်း ဖြစ်သောကြောင့်ပင်။

"အစ်ကိုကြီး ၊ အစ်ကိုကြီး ချင်းယွမ်ဂိုဏ်းကနေ အပြင်ကို ဒီတစ်ခေါက် ထွက်လာနိုင်တာ တကယ့်ကို ခဲယဉ်းပါတယ်ဗျာ၊ ကျွန်တော်တို့ ညီအစ်ကိုတွေ အတူတူမဆုံရတာ တော်တော်ကြာပြီ ဖြစ်လို့ ဒီတစ်ခေါက် အခွင့်အရေး ရတုန်းမှာ ဒီနေ့တော့ မမူးမချင်း မပြန်ကြေးပဲ"

"ဟုတ်ပဗျာ၊ အစ်ကိုကြီးက အခု ကျွန်တော်တို့ထဲမှာ အခြေအနေ အကောင်းဆုံးပဲ၊ ချင်းယွမ်ဂိုဏ်းမှာတောင် တာဝန်ခံ ဖြစ်နေပြီဥစ္စာ၊ ဒီရာထူးက ဘယ်သူဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ နေရာမှ မဟုတ်တာ၊ ကျွန်တော်တို့ အစ်ကိုကြီးမို့လို့သာပေါ့၊ ဟုတ်တယ်မလား ညီအစ်ကိုတို့"

"မှန်တယ်၊ မှန်တယ်၊ ကျွန်တော်တို့ အစ်ကိုကြီးမို့လို့သာ ဒီလောက်အထိ အစွမ်းထက်တာပေါ့၊ ကြားရသလောက်ဆိုရင် ချင်းယွမ်ဂိုဏ်းထဲက အစေခံ တပည့် ထောင်ချီကတောင် ကျွန်တော်တို့ အစ်ကိုကြီးရဲ့ စီမံမှုကို ခံရတာတဲ့၊ အစ်ကိုကြီးက တကယ့်ကို မိုက်တယ်ဗျာ"

တစ်စားပွဲတည်း ထိုင်နေသည့် လူအချို့က ထိုတာဝန်ခံ ကို တစ်ခွန်းပြီးတစ်ခွန်း မြှောက်ပင့် ပြောဆိုနေကြသည်။ တခြားအကြောင်းအရာများကို ပြောလျှင် ကိစ္စမရှိသော်လည်း ချင်းယွမ်ဂိုဏ်းတွင် တာဝန်ခံ လုပ်နေသည့် အကြောင်းကို ပြောလိုက်သည်နှင့် တာဝန်ခံ ၏ မျက်နှာအမူအရာက မသိမသာ ပြောင်းလဲသွားခဲ့သည်။

တာဝန်ခံ ၏ မျက်နှာက အနည်းငယ် အနေခက်သွားသော်လည်း ဟန်မပျက် သဘောကောင်းဟန် ဆောင်လိုက်ရင်း "ဟားဟား၊ ဒါပေါ့၊ အဲဒီလူ ထောင်ချီထဲက ဘယ်သူက ငါ့အမိန့်ကို မနာခံရဲလို့လဲ၊ မင်းတို့လည်း သွားချင်တယ်ဆိုရင် ငါ စီစဉ်ပေးလိုက်ရုံပဲ"

ချန်ကျီ ဤနေရာအထိ ကြားလိုက်ရသည့်အခါ စိတ်ထဲကနေ ပြက်ရယ်ပြုမိသည်။ "ကြည့်ရတာ ဒီတာဝန်ခံ ချင်းယွမ်ဂိုဏ်းကနေ နှင်ထုတ်ခံရတဲ့ ကိစ္စ ကို ဘယ်သူ့ကိုမှ မပြောရသေးတဲ့ ပုံပဲ၊ ဒါက ဒီမှာ လာပြီး လိမ် နေတာပဲ"

ထိုစဉ် ဆိုင်ဝန်ထမ်း က ဟင်းလျာများကို လာရောက် ချပေးလိုက်သည်။ "လူကြီးမင်း တို့၊ မြိန်ရေယှက်ရေ သုံးဆောင်ပါ ခင်ဗျာ၊ ဘာလိုအပ်လဲဆိုတာကို အချိန်မရွေး လှမ်းခေါ်လိုက်ပါ"

ချန်ကျီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဘေးနားရှိ တူကို ကောက်ကိုင်ကာ ဤစားသောက်ဆိုင် ၏ အထူးဟင်းလျာကို မြည်းစမ်းကြည့်လိုက်၏။

"အရသာကတော့ လင်းအာ ချက်သလောက် မကောင်းသေးဘူး၊ ဒါပေမဲ့လည်း ထုံဖူ စားသောက်ဆိုင် ဘက်က ထမင်းဟင်းတွေထက်စာရင်တော့ တော်တော်လေး သာပါသေးတယ်"

"သခင်၊ ကျွန်မတို့ နောက်ခါကျရင် အပြင်မှာ မစားကြရအောင်နော်၊ အိမ်ပြန်ရောက်ရင် လင်းအာ သခင့်အတွက် ချက်ပေးပါ့မယ်"

"ကောင်းပြီ" အုတ်မြစ်ချခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့် ချန်ကျီက တကယ်တော့ ဤသေမျိုး လောက၏ ထမင်းဟင်းများကို စားသုံးရန် မလိုအပ်တော့ပါသော်လည်း ပါးစပ်အရသာ ခံချင်စိတ် ကိုမူ ဖြတ်တောက်၍ မရသေးဘဲ အကျင့်ဖြစ်နေခဲ့ချေပြီ။

ချန်ကျီက ရိုးရိုးရှင်းရှင်းပင် အနည်းငယ် စားသုံးပြီးနောက် တူကို ပြန်ချထားလိုက်သည်။

"သခင်၊ စားလို့ ဝပြီလား"

ချန်ကျီက ခေါင်းခါပြလိုက်၏။ "အိမ်ပြန်ရောက်မှ မင်းချက်တာပဲ စားတော့မယ်"

"ဝန်ထမ်း ၊ ပိုက်ဆံရှင်းမယ်"

ဆိုင်ဝန်ထမ်း က လှမ်းကြည့်လိုက်ရာ စားပွဲပေါ်ရှိ ထမင်းဟင်းများကို ဘာမျှ မထိရသေးသည်ကို မြင်သဖြင့် "လူကြီးမင်း တို့၊ ထမင်းဟင်းတွေက စိတ်တိုင်းမကျလို့လား ခင်ဗျာ"

ချန်ကျီက ပြုံးရုံသာ ပြုံးပြလိုက်သည်။ "ဘယ်လောက်လဲ"

ဤသည်ကို မြင်တွေ့ရသောအခါ ဆိုင်ဝန်ထမ်း က စိတ်ထဲကနေ သဘောပေါက်သွားခဲ့သည်။ "ငွေ တေး ၂၀ ပါ ခင်ဗျာ"

ချန်ကျီက ငွေ တေး ၂၀ ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်ထားလိုက်ပြီးနောက် ထရပ်၍ ထွက်ခွာရန် ပြင်လိုက်သည်။

ထွက်သွားမည့် အချိန်တွင် သူက ထိုတာဝန်ခံ ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သေး၏။

ဤမျှလောက် ကြာမြင့်သည့်တိုင်အောင် ထိုတာဝန်ခံ က သူ့အား သတိပင် မပြုမိသေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ကြည့်ရတာ ဒီတာဝန်ခံ က မူလခန္ဓာကိုယ် ပိုင်ရှင်ကို လုံးဝ မျက်စိထဲ မထည့်ခဲ့ဖူးတဲ့ ပုံပဲ၊ မပြောတတ်ဘူးလေ၊ မူလခန္ဓာကိုယ် ပိုင်ရှင်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတာကိုတောင် သူ လုံးဝ မှတ်မိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း အခုလိုမျိုး သက်တောင့်သက်သာ နေနေရတာကို ကြည့်ပြီး ငါ့စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတယ်"

ချန်ကျီက စားသောက်ဆိုင် အပြင်ဘက်သို့ လှမ်းထွက်လိုက်ပြီး တံခါးဝသို့ ရောက်ရှိလိုက်သည့် အခိုက်အတန့်တွင် အတွေး တစ်ချက် လှုပ်ရှားလိုက်ကာ ဝိညာဉ်စွမ်းအား တစ်ချက်ကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။

သူ့အနောက်ဘက်ဆီမှ "ဘုန်း" ခနဲ မြည်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုတာဝန်ခံက ထိုင်ခုံပေါ်တွင် တည်ငြိမ်အောင် မထိုင်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားခဲ့ရချေပြီ။

ချန်ကျီက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားရင်း ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။

ကျောက်လင်းအာကမူ ချန်ကျီ၏ ဆိုးသွမ်းသည့် အငြိုးအတေး ကို ရိပ်မိလိုက်သဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့် တာဝန်ခံ ကို တစ်ချက် လှည့်ကြည့်လိုက်၏။

"သခင်၊ ဒါက..."

ချန်ကျီက ပြုံးလိုက်သည်။ "ကိစ္စမရှိပါဘူး၊ သွားကြစို့"

တာဝန်ခံ ဘက်တွင်မူ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားသဖြင့် ဖင်က နာကျင်သွားကာ "အားပါးပါး" နှင့် အော်ဟစ် ညည်းတွားလိုက်မိသည်။

တစ်စားပွဲတည်း ထိုင်နေသည့် လူအချို့က အလျင်အမြန် ရှေ့သို့ တိုးလာကာ တာဝန်ခံ ကို တွဲထူလိုက်ကြ၏။ "အစ်ကိုကြီး ၊ ဘာဖြစ်တာလဲ၊ ဘာမှမဖြစ်ဘူးမလား"

ဆိုင်ဝန်ထမ်း ပင်လျှင် ပြေးလာကာ ဝိုင်းဝန်း တွဲထူပေးရှာသည်။ "လူကြီးမင်း ဘာမှမဖြစ်ဘူးမလား ခင်ဗျာ"

ဘယ်သူက တွေးမိပါအံ့နည်း၊ တွဲထူခြင်းကို ခံလိုက်ရသည့် တာဝန်ခံက ဆိုင်ဝန်ထမ်း ကို တစ်ချက်တည်းနှင့် ကန်ချလိုက်ရာ ဆိုင်ဝန်ထမ်း မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။ "မင်းတို့ဆိုင်က ဒါ ဘာကုလားထိုင်အစုတ်လဲ၊ ငါ့ကို လဲကျအောင် လုပ်တယ်"

ဆိုင်ဝန်ထမ်း မှာ ယခုအချိန်တွင် ကြမ်းပြင်ပေါ်၌ မတရားသဖြင့် ခံလိုက်ရသလို ခံစားရရင်း ဘာလုပ်ရမှန်း မသိဖြစ်နေကာ စိတ်ထဲကနေ ပြက်ရယ်ပြုမိသည်။ "ဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ၊ မင်းကိုယ်တိုင် အရက်တွေ အလွန်အကျွံ သောက်ပြီး မထိုင်နိုင်ဘဲ လဲကျတာကိုပဲ"

စားသောက်ဆိုင် မန်နေဂျာ သည်လည်း ယခုအချိန်တွင် အပြေးအလွှား ရောက်ရှိလာကာ တောင်းပန်စကား ဆိုရှာသည်။ "လူကြီးမင်း တို့၊ အားနာလိုက်တာဗျာ၊ အားလုံးက ကျွန်တော်တို့ဆိုင်ရဲ့ အမှားတွေပါ၊ ဒီတစ်နပ်စာ ဝိုင်း ဖိုးကို စျေးလျှော့ပေးပါ့မယ်၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"

စားသောက်ဆိုင် မန်နေဂျာသည်လည်း ဤလူအချို့၏ နောက်ကြောင်းကို မသိရှိသော်လည်း သူတို့ စကားပြောနေသည့် အကြောင်းအရာအချို့ကို ကြားသိထားသဖြင့် ယခုအချိန်တွင် ပြဿနာတစ်ခု ပိုတာထက်စာရင် ပြဿနာ မရှိတာက ပိုကောင်းသည်ဟုသာ တွေးတောမိသည်။

သို့သော်လည်း တာဝန်ခံ ကမူ အလျှော့မပေးချင်သည့် ပုံစံမျိုးဖြင့် ဆက်လက် ဆဲဆိုရန် ပြင်လိုက်သည်။

သို့သော်လည်း တစ်စားပွဲတည်း ထိုင်နေသည့် လူအချို့က သူ့အား ဆွဲထိန်းလိုက်ကြပြီး သူ့နားနားသို့ ကပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ "အစ်ကိုကြီး၊ ဒီဆိုင်က ယဲ့မိသားစု ဖွင့်ထားတာဗျ၊ ကိစ္စတွေကို သိပ်ပြီး အကြီးအကျယ် မလုပ်တာက ပိုကောင်းလိမ့်မယ်"

အရှက်ရဒေါသထွက်နေသည့် တာဝန်ခံက အရက်ရှိန် တက်နေသည်လား မသိရဘဲ "ငါက ချင်းယွမ်ဂိုဏ်းရဲ့ တာဝန်ခံ ပဲ၊ ငါက ဘာကို ကြောက်ရမှာလဲ........"

စကားပင် မဆုံးသေးမီမှာပင် တာဝန်ခံ က တစ်စုံတစ်ခုကို ပြန်လည် သတိရသွားပုံရကာ ပါးစပ်ဖျားသို့ ရောက်နေသည့် စကားလုံးများကို ပြန်လည် မျိုသိပ်လိုက်ရပြန်သည်။

ထိုအခိုက်အတန့်ကျမှသာ သူက သူ့ကိုယ်သူ ချင်းယွမ်ဂိုဏ်း၏ လူတစ်ယောက် မဟုတ်တော့ကြောင်း ပြန်လည် သတိရမိခြင်း ဖြစ်ကာ ယဲ့မိသားစုကိုမူ သူ တကယ်ပင် ရန်မစရဲပေ ။

တာဝန်ခံ က မချင့်မရဲဖြင့် ပြန်လည် ထိုင်လိုက်ရင်း ပြောလိုက်၏။ "ထားလိုက်တော့"

"လူကြီးမင်း က သဘောထားကြီးပါတယ်ဗျာ၊ မြိန်ရေယှက်ရေ သုံးဆောင်ပါဦး" စားသောက်ဆိုင် မန်နေဂျာက ပြောပြီးနောက် ဆိုင်ဝန်ထမ်း ၏ ဘေးနားသို့ လျှောက်လှမ်းသွားကာ အသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်သည်။ "ထပြီး အလုပ်သွားလုပ်တော့"

"မန်နေဂျာ... ကျွန်တော်........" ဆိုင်ဝန်ထမ်း က မတရားသဖြင့် ခံရဆဲ ဖြစ်သည်။

"ဘာ ကျွန်တော် လဲ၊ အလုပ်သွားလုပ်စမ်း" စားသောက်ဆိုင် မန်နေဂျာက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။

နေရာတကျ ထိုင်လိုက်ကြပြီးနောက် တစ်စားပွဲတည်း ထိုင်နေသည့် လူအချို့က သူ့အား စိတ်ဆိုးပြေစေရန် ဆက်လက် ဖြောင်းဖျနေကြဆဲ ဖြစ်ကာ သူက စိတ်ထဲတွင် ကြိတ်မနိုင်ခဲမရ ဖြစ်နေသည်ဟု ထင်မှတ်နေကြသည်။

တာဝန်ခံ ကမူ ဤအရာများကို တွေးတောမနေဘဲ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်၊ သူကိုယ်တိုင် ဘယ်လိုပဲဖြစ်ဖြစ် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါလျက်နှင့် ဘာကြောင့် အကြောင်းပြချက်မရှိဘဲ လဲကျသွားရသနည်း။

"ကုလားထိုင်ပေါ်မှာ တည်ငြိမ်အောင် မထိုင်နိုင်ခဲ့ရင်တောင် ငါ့ရဲ့ အာရုံခံစားမှု က စောစောစီးစီး သတိပြုမိရမှာလေ"

သေသေချာချာ ပြန်လည် စဉ်းစားတွေးတောကြည့်လိုက်ရာ တာဝန်ခံ ၏ ဦးနှောက်ထဲတွင် ပုံရိပ်တစ်ခုက ရုတ်တရက် လျှပ်ခနဲ ဖြတ်သန်းသွားခဲ့သည်။

မျက်မှန်းတန်းမိသည့် လူတစ်ယောက်၏ မျက်နှာက ပေါ်ထွက်လာသော်လည်း ခရီးတစ်ဝက်လောက်အထိ ဘယ်နေရာမှာ မြင်ဖူးခဲ့မှန်းကိုမူ ရုတ်တရက် မမှတ်မိနိုင်သေးပေ ။

"ဒါဆို ငါ စောစောက လဲကျသွားတာက သူ့ကြောင့်များလား"

တာဝန်ခံက ယခုအချိန်တွင် စားသောက်ဆိုင် အပြင်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အနည်းငယ် မျက်မှန်းတန်းမိသည့် ရုပ်သွင်တစ်ခုက သူ့အား မျက်လုံးချင်း တည့်တည့် ဆုံနေသည်ကို မြင်တွေ့လိုက်ရသည်။

တစ်ဖက်လူ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခုက ချိတ်ဆွဲနေပြီး သူ့အား ပြက်ရယ်ပြု လှောင်ပြောင်နေသကဲ့သို့ ခံစားရစေဆဲ ဖြစ်ပေသည်။

အခန်း (၄၄) မင်းက တကယ်တော့ ဘယ်သူလဲ

တာဝန်ခံက ပြန်လည်စဉ်းစားလေလေ စောစောက မြင်လိုက်ရသည့် မျက်နှာက အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားရလေလေ ဖြစ်သော်လည်း ဘယ်လိုမှ မှတ်မိမလာပေ ။ သို့သော်လည်း သူ့စိတ်ထဲတွင် ဤလူက အလွန်အရေးကြီးသည်ဟု ခံစားနေရသည်။

သူ့စိတ်ထဲ၌ ဖြစ်ပေါ်လာသော သံသယများက ပိုမိုကြီးမားလာပြီး ဆက်လက်စားသောက်ရန် စိတ်မပါတော့ပေ။

စောစောက ထမင်းစားနေစဉ်ကပင် ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်း အဆင့် ၃ ခန့်သာ ရှိမည်ကို သူ သတိပြုမိထားခဲ့သည်။

သူက တမင်သက်သက် ကြည့်ချင်၍ မဟုတ်ပေ ၊ ချန်ကျီနှင့်အတူပါလာသော ကျောက်လင်းအာ၏ ရုပ်ရည်က အလွန်ပင် တောက်ပလွန်းလှသဖြင့် သူက အလိုအလျောက် ပိုပြီး ကြည့်မိသွားခြင်း ဖြစ်သည်။

အခု ပြန်လည်စဉ်းစားကြည့်ပြီးနောက် စောစောက သူ လဲကျသွားသည့်ကိစ္စမှာ ဤလူ၏ လက်ချက်ဖြစ်မည်ကို သူ သေချာပေါက် ကောက်ချက်ချလိုက်နိုင်သည်။

သို့သော်လည်း ချီသန့်စင်ခြင်း အဆင့် ၃ သာ ရှိသောသူက ချီသန့်စင်ခြင်း အဆင့် ၆ ရှိသည့် သူ့ကို ဘာကြောင့် ရန်စရဲရသလဲဆိုတာကို သူ ဘယ်လိုမှ စဉ်းစား၍မရပေ။

"သူက ငါ့ကို တမင်သက်သက် ဆွဲဆောင်နေတာလား"

တာဝန်ခံ၏ စိတ်ထဲတွင် မရေရာမှုများစွာ ရှိနေခဲ့သည်၊ သူက အခုအချိန်တွင် ချင်းယွမ်ဂိုဏ်းမှ နှင်ထုတ်ခံထားရသည့် လူတစ်ယောက်သာ ဖြစ်သည်။

ထို့ပြင် အခုဆိုလျှင် ကျောထောက်နောက်ခံလည်း မရှိတော့သဖြင့် သူ့စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

"ညီအစ်ကိုတို့၊ ဒီနေ့တော့ ဒီလောက်နဲ့ပဲ သောက်ကြရအောင်၊ ငါ့မှာ အရေးကြီးတဲ့ အလုပ်တစ်ခု သွားလုပ်စရာ ရှိသေးလို့"

ပြောပြီးသည်နှင့် တာဝန်ခံက တစ်စားပွဲတည်းထိုင်နေသည့် လူအချို့၏ ထူးဆန်းသော မျက်လုံးများကို ဂရုမစိုက်တော့ဘဲ စားပွဲမှထကာ အပြင်သို့ အမြန်လျှောက်လှမ်းသွားခဲ့သည်။

တစ်စားပွဲတည်းထိုင်နေသည့် လူအချို့မှာမူ တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဆုံကာ ကြည့်ကျန်ရစ်ခဲ့ကြသည်။

"ဒါက..."

တာဝန်ခံက စားသောက်ဆိုင်မှ ခပ်သွက်သွက် ထွက်လာခဲ့ပြီ ဖြစ်သည်၊ ထိုနေရာတွင် ဆက်နေပါက စိတ်ထဲတွင် တစ်မျိုးကြီး ဂယောက်ဂယက် ဖြစ်နေသကဲ့သို့ ခံစားရသောကြောင့်ပင်။

သူ ချင်းယွမ်ဂိုဏ်းတွင် ရှိခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ပြဿနာရှာခဲ့သည့် လူဦးရေကလည်း နည်းပါးလှသည် မဟုတ်ပေ။

အခု ချင်းယွမ်ဂိုဏ်းမှ နှင်ထုတ်ခံရပြီး ဝမ်နန်မြို့သို့ ရောက်ရှိလာချိန်တွင် သူ အကြောက်ဆုံးက အရင်က အသိဟောင်းများနှင့် တိုးမိမှာကိုပင် ဖြစ်သည်။

သူ အရင်က ပြဿနာရှာခဲ့သည့် လူများအားလုံးက အစေခံတပည့်များသာ ဖြစ်ကြသော်လည်း ထိုအထဲက မည်သူမဆို ကံကောင်းထောက်မစွာဖြင့် အခွင့်အရေးရရှိကာ ကောင်းကင်သို့ တစ်ဟုန်ထိုး ပျံတက်သွားမလားဆိုတာ ဘယ်သူ သိနိုင်ပါအံ့နည်း။

"ဒီနေရာကနေ မြန်မြန် ထွက်သွားတာ ပိုကောင်းမယ်" တာဝန်ခံ၏ စိတ်ထဲတွင် မတင်မကျဖြင့် စိုးရိမ်ပူပန်နေမိသည်။

တာဝန်ခံက စားသောက်ဆိုင်မှ ထွက်လာပြီးနောက် လမ်းကြားလေးတစ်ခုထဲသို့ လှမ်းဝင်ခဲ့ကာ လမ်းဆုံအချို့ကို ဆက်တိုက် ကွေ့ပတ်သွားခဲ့သည်။

ခြေလှမ်းများက ပိုမိုမြန်ဆန်လာခဲ့သည်၊ သူ့အနောက်ဘက်တွင် မျက်လုံးတစ်စုံက သူ့အား အမြဲတမ်း စိုက်ကြည့်နေသကဲ့သို့ ခံစားနေရသည်။

အတိအကျပင် ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက သူ့မျက်စိရှေ့၌ ပေါ်ထွက်လာခဲ့၏။ "မတွေ့ရတာ ကြာပြီပဲ၊ တာဝန်ခံ"

တာဝန်ခံ၏ ရှေ့တွင် ပေါ်လာသည့် လူရိပ်ကမူ အခြားသူမဟုတ်ဘဲ ချန်ကျီပင် ဖြစ်ပေသည်။

"မင်းလား..." တာဝန်ခံက ချန်ကျီကို အကဲခတ်ကြည့်လိုက်ရာ အမှန်ပင် ချီသန့်စင်ခြင်း အဆင့် ၃ သာ ရှိသေးသည်။

သို့သော်လည်း ဤအချိန်တွင် သူ မပေါ့ဆရဲပေ ၊ ချီသန့်စင်ခြင်း အဆင့် ၃ သာ ရှိသောသူက အကြောင်းပြချက်မရှိဘဲ သူ့ကို လာတား ရဲသည်မှာ တကယ့်ကို ပုံမှန်မဟုတ်လွန်းလှပေ။

ထိုစဉ် တာဝန်ခံက သူ့အနောက်ဘက်ဆီသို့ လှည့်ကြည့်လိုက်ရာ အခြေအနေ တစ်ခုခု မဟန်ပါက အချိန်မရွေး ထွက်ပြေးရန် အဆင်သင့် ပြင်ဆင်ထားလိုက်သည်။

သို့သော်လည်း တာဝန်ခံ အနောက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့အနောက်၌လည်း လူတစ်ယောက် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်၊ ထိုသူမှာ ကျောက်လင်းအာပင် ဖြစ်သည်။

"?"

ချန်ကျီနှင့်အတူ ထမင်းစားခဲ့သည့် ကျောက်လင်းအာကို မြင်လိုက်ရသဖြင့် သူ သိပ်တော့ မအံ့ဩမိပေ ။

သို့သော်လည်း သူ ဘယ်လိုပဲ ကြည့်ကြည့် ကျောက်လင်းအာ၏ ကျင့်ကြံခြင်းအဆင့်ကိုမူ လုံးဝ မမြင်နိုင်ပေ။

ကျောက်လင်းအာက ယခုအချိန်တွင် သူမ၏ အော်ရာ များကို လုံးဝ ရုပ်သိမ်းထားသဖြင့် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေကာ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ်မျှပင် ထုတ်မပြထားပေ ။

တာဝန်ခံ၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်၊ ကျင့်ကြံခြင်းအဆင့်ကို မမြင်ရခြင်းက ကျင့်ကြံခြင်းအဆင့် မရှိခြင်းကို ဆိုလိုသည် မဟုတ်ပါလား။

ထိုစဉ် ချန်ကျီက လှောင်ပြောင်သည့်လေသံဖြင့် ပြော လိုက်သည်။ "တာဝန်ခံ၊ မင်းက တကယ့်ကို သူဌေး ကြီးမို့လို့ အရေးမပါတဲ့အရာတွေကို မေ့လွယ်တာပဲ။ ဒါပေမဲ့လည်း တာဝန်ခံက ငါ့ကို မမှတ်မိတာလည်း သဘာဝကျပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် နှစ်နှစ်တောင် ကုန်လွန်သွားခဲ့ပြီပဲလေ။ မင်းက ငါ့ကို မမှတ်မိပေမဲ့ ငါ့ရဲ့ ဦးနှောက်ထဲမှာတော့ အမြဲတမ်း စွဲလမ်းမှု တစ်ခု ရှိနေခဲ့တာ။ အခု မင်း ဒီလောက်တောင် သက်တောင့်သက်သာ နေနေရတာကို မြင်တော့ ဒီစွဲလမ်းမှုက ပိုပြီး နက်ရှိုင်းလာခဲ့ပြီ။ ဒါကို မဖြေရှင်းလိုက်ရင် ငါ့စိတ်ထဲက အဖုအထစ်က ဘယ်လိုမှ ကျော်ဖြတ်လို့ ရမှာ မဟုတ်ဘူး"

တာဝန်ခံကမူ အခုအချိန်တွင် ရူးမတတ် ဖြစ်နေရပြီ ဖြစ်သည်၊ သူ တကယ်ကို မှတ်မိမလာခြင်း ဖြစ်ပေသည်။ "မင်းက တကယ်တော့ ဘယ်သူလဲ"

"ဟားဟား၊ တာဝန်ခံ၊ ချင်းယွမ်ဂိုဏ်းကနေ နှင်ထုတ်ခံရတဲ့ အရသာက ဘယ်လိုလဲ"

"ဒါဆို... မင်းလား..."

တာဝန်ခံ၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားခဲ့သော်လည်း သူ အခုထိ သေချာ သဘောမပေါက်သေးပေ ။

သူ့ဘာသာ ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေပါလျက်နှင့် ဘာကြောင့် နှင်ထုတ်ခံလိုက်ရသနည်း။

"ဟားဟား၊ ငါပေါ့၊ အဲ့တုန်း က မင်း ငါ့ကို ဒုက္ခပေးပြီး ချင်းယွမ်ဂိုဏ်းကနေ နှင်ထုတ်ခံရအောင် လုပ်ခဲ့တာ၊ အခု အဲဒီအရသာကို မင်းကိုလည်း မြည်းစမ်းခွင့် ပေးလိုက်တာပဲ။ မူလ ကတော့ ဒီကိစ္စက ဒီအတိုင်း ပြီးသွားပြီလို့ သတ်မှတ်လို့ရပေမဲ့ ဒီနေ့ မင်း ဒီလောက်အထိ သက်တောင့်သက်သာ ဖြစ်နေတာကို ရုတ်တရက် မြင်လိုက်ရတော့ ငါ့စိတ်ထဲမှာ နည်းနည်း မသက်မသာ ဖြစ်သွားလို့ပဲ"

"မင်းက တကယ်တော့ ဘယ်သူလဲ၊ ဘာကြောင့် ဒီလို လုပ်ရတာလဲ"

"သေသေချာချာ ပြန်စဉ်းစားကြည့်စမ်း၊ အဲ့တုန်း က ပင်ပန်းဆင်းရဲခံပြီး ဝိညာဉ်စပါးစိုက်ခင်း တွေကိုပဲ စိုက်ပျိုးရမှန်း သိခဲ့တဲ့လူ။ ဝိညာဉ်စပါး တွေကို ဒီလောက်အများကြီး ပိုပြီး စိုက်ပျိုးပေးခဲ့တာမို့လို့ အသိအမှတ်ပြုခံရမယ်လို့ ထင်ထားခဲ့တာ ဒါပေမဲ့ နောက်ဆုံးကျတော့ မင်းက အိတ်ထဲထည့်ပြီး ခိုးယူ သွားတဲ့အပြင် ငါ့ကိုပါ တောင်အောက်ကို နှင်ချပစ်ခဲ့တယ်။ ငါလည်း အဲ့တုန်း က မင်းလိုပဲ၊ ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ဘူး၊ ငါ ဒီလောက်အထိ ကြိုးစားခဲ့ပါလျက်နဲ့ ဘာကြောင့် ဂိုဏ်းကနေ နှင်ထုတ်ခံလိုက်ရတာလဲဆိုတာကိုပေါ့"

တာဝန်ခံ၏ ဦးနှောက်ထဲတွင် လူရိပ်တစ်ခုက ပေါ်ထွက်လာခဲ့ပြီး သူ့မျက်စိရှေ့က လူက ထိုလူရိပ်နှင့် ဖြည်းဖြည်းချင်း ထပ်တူကျသွားခဲ့ရချေပြီ။

"ချန်ကျီ...လား" တာဝန်ခံက ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။

ချန်ကျီက အော်ဟစ်ရယ်မောလိုက်၏။ "ဟားဟား၊ နောက်ဆုံးတော့ မှတ်မိသွားပြီပဲ"

"မဟုတ်ဘူး၊ မင်း ချန်ကျီ ဖြစ်နိုင်ခြေ မရှိဘူး၊ သူက အသုံးမကျတဲ့ အမှိုက်တစ်ယောက်ပဲ၊ သူက ဒီနေ့ မင်းလုပ်သလိုမျိုး လုံးဝ လုပ်ရဲမှာ မဟုတ်ဘူး" တာဝန်ခံက အခုထိ မယုံကြည်နိုင်သေးသည့် ပုံစံမျိုး ဖြစ်နေဆဲပင်။

"ထားလိုက်တော့၊ မင်း ငါက ဘယ်သူလဲဆိုတာကို မှတ်မိသွားပြီဆိုမှတော့ မင်းနဲ့ စကားအရှည်ကြီး ပြောမနေတော့ဘူး"

"မင်း ဘာလုပ်ချင်လို့လဲ" ပြောရင်းနှင့် တာဝန်ခံက တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအား များကို အပြင်သို့ ထုတ်လွှတ်လိုက်ပြီး အရှိန်အဟုန်မြှင့်ကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

"ဟားဟား မင်းက ငါ့ကို အရင်က ငါလို့ ထင်နေတုန်းပဲလား"

ချန်ကျီ ပြောပြီးသည်နှင့် သူသည်လည်း ဝိညာဉ်စွမ်းအားများကို အပြင်သို့ ထုတ်လွှတ်လိုက်ကာ ကျင့်ကြံခြင်းအဆင့်ကို ထပ်မံ ဖုံးကွယ်မထားတော့ဘဲ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသလိုက်သည်။

တာဝန်ခံက ချန်ကျီ၏ အော်ရာကို ခံစားလိုက်ရသည့်အခါ တစ်ကိုယ်လုံး ဆွံ့အမှင်တက်သွားခဲ့ရ၏။ "အုတ်မြစ်ချခြင်းအဆင့် လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဟားဟား၊ ဘာမဆို ဖြစ်နိုင်တာပဲလေ"

ချန်ကျီက တည်ငြိမ်စွာ ပြော လိုက်သည်။

ထို့နောက် ချန်ကျီ၏ လက်ညှိုးဖျားဆီမှ ဝိညာဉ်စွမ်းအား တစ်ချက်က လျှပ်ခနဲ ပစ်ထွက်သွားခဲ့ပြီး တာဝန်ခံ၏ ဒန်တျန် ဆီသို့ တည့်တည့်ကြီး ထိမှန်သွားခဲ့ရချေပြီ။

"ဘုန်း" တာဝန်ခံ၏ ဒန်တျန်နေရာဆီမှ တိုးလျှိုးသော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

တာဝန်ခံက ကြမ်းပြင်ပေါ်သို့ ခွေခေါက်လဲကျသွားခဲ့ရပြီး ဒန်တျန်က ပျက်စီးသွားခဲ့ကာ ချီသန့်စင်ခြင်း အဆင့် ၆ ရှိသည့် ကျင့်ကြံခြင်းအဆင့်က တစ်ခဏချင်းအတွင်းမှာပင် လေထဲသို့ လွင့်ပျယ်ပျောက်ကွယ်သွားခဲ့ရချေပြီ။

တာဝန်ခံက ဒန်တျန်နေရာမှ ထွက်ပေါ်လာသော နာကျင်မှုကို ခံစားလိုက်ရရင်း မျက်နှာတစ်ခုလုံး မယုံကြည်နိုင်လောက်သည့် အမူအရာမျိုး ဖြစ်နေခဲ့သည်။

သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဤကဲ့သို့ပင် အဖျက်ဆီးခံလိုက်ရပြီလား။ ဤကျင့်ကြံခြင်းအဆင့်က သူ ချင်းယွမ်ဂိုဏ်းမှ နှင်ထုတ်ခံရပြီးနောက်ပိုင်း တစ်ခုတည်းသော မှီခိုအားထားရာ ဖြစ်ပေသည်။

အရင်က သူ တွေးထားခဲ့သည်မှာ ချီသန့်စင်ခြင်း အဆင့် ၆ ရှိသည့် ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ချင်းယွမ်ဂိုဏ်းတွင် မရှိတော့လျှင်ပင် အလားတူ ကောင်းမွန်စွာ ရှင်သန်နိုင်လိမ့်မည်ဟု ဖြစ်သည်။

အခုကျတော့ ကျင့်ကြံခြင်းအဆင့်က ဖျက်ဆီးခံလိုက်ရပြီ၊ ထို့ပြင် သူ အရင်က အထင်သေးခဲ့သည့် လူတစ်ယောက်၏ လက်ထဲတွင် ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သဖြင့် သူတစ်ကိုယ်လုံး ရူးသွပ်သွားခဲ့ရကာ အော်ဟစ်အော်ညည်းနေမိတော့သည်။ "ငါ့ကို သတ်လိုက်တော့၊ ငါ့ကို သတ်လိုက်စမ်းပါ"

ချန်ကျီက မျက်မှောင်ကြုတ်လိုက်၏။ "ဆူညံလိုက်တာ"

နောက်ထပ် ဝိညာဉ်စွမ်းအား တစ်ချက် ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။

တာဝန်ခံက လျှာရင်းဆီမှ အေးခနဲ ခံစားလိုက်ရပြီး ပါးစပ်ဟလိုက်သည့် အခိုက်အတန့်တွင် တစ်စုံတစ်ခုက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကာ ပါးစပ်မှလည်း အသံဗလံအချို့သာ ထွက်ပေါ်နိုင်တော့ပြီး စကားလုံးများ မပီသနိုင်တော့ပေ ။

တာဝန်ခံ တစ်ကိုယ်လုံး စိတ်ဓာတ်များ ပြိုလဲပျက်စီးသွားခဲ့ရကာ အလျင်အမြန် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ရင်း ကြမ်းပြင်ပေါ်က လျှာကို ကောက်ယူကာ ပါးစပ်ထဲသို့ အတင်းပြန်ထည့်နေရှာသည်။

"သွားမယ်၊ ဘာမှ စိတ်ဝင်စားဖို့ မကောင်းတော့ဘူး" ချန်ကျီက တာဝန်ခံ၏ ဤကဲ့သို့သော ပုံစံကို မြင်တွေ့ရသောအခါ အနည်းငယ် ပျင်းရိငြီးငွေ့သွားခဲ့သည်။

သူက အခုအချိန်တွင် မူလခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့် ထိုအသုံးမကျသည့် အမှိုက်တစ်ယောက် မဟုတ်တော့ပေ ၊ ဘယ်တော့မှ ပြန်လည်ရုန်းထနိုင်တော့မည်မဟုတ်သော တာဝန်ခံကဲ့သို့သော လူမျိုးကို အချိန်ပေးနေရခြင်းက သူ့အတွက် အချိန်ဖြုန်းနေရသကဲ့သို့ ခံစားရသောကြောင့်ပင်။

ကျောက်လင်းအာက ချန်ကျီ၏ ဘေးနားသို့ အမြန်ပြေးလာခဲ့ပြီး သူ့အား ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

သူမ ခံစားမိသည်မှာ ချန်ကျီက တစ်ခါမျှ ဤကဲ့သို့ သွေးအေးရက်စက်ဖူးခြင်း မရှိခဲ့ပေ ၊ အရင်ကဆိုလျှင် အများဆုံး သတ်ပစ်လိုက်ရုံသာ ရှိသော်လည်း ဤကဲ့သို့ လူတစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းခြင်းမျိုး လုံးဝ မလုပ်ဖူးခဲ့ပေ။

"ပြန်ကြမယ်၊ ဒီကိစ္စကို နောင်ကျမှ ဖြည်းဖြည်းချင်း ပြောပြမယ်"

ချန်ကျီက ကျောက်လင်းအာကို ခေါ်ဆောင်ကာ လှည့်ထွက်သွားရန် ပြင်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် လျှာကို ပါးစပ်ထဲ ပြန်တပ်ဆင်ရန် ကြိုးစားနေသည့် တာဝန်ခံကိုသာ တစ်ယောက်တည်း ချန်ထားခဲ့သည်။

သို့သော်လည်း အတိအကျပင် ထိုအခိုက်အတန့်တွင် တာဝန်ခံက အသက်ကို ပဓာနမထားတော့ဘဲ ချန်ကျီ ရှိရာဘက်သို့ အတင်းအဓမ္မ ပြေးဝင်လာခဲ့ချေပြီ။

"အား... ငါ မင်းကို သတ်မယ်"

သူက ရှင်သန်လိုစိတ် လုံးဝ မရှိတော့ပါချေ၊ အရင်က စည်းစိမ်ချမ်းသာနှင့် ကောင်းမွန်စွာ နေထိုင်ခဲ့သည့် ရက်စွဲများကို ကျင့်သားရနေခဲ့ပြီး ဖြစ်သည်။

သူ့အား တခြားသော ဘဝမျိုးနှင့် ဆက်လက်ရှင်သန်ခိုင်းပါက သူ ဘယ်လိုမှ လက်မခံနိုင်တော့သဖြင့် သူက သေကြောင်းကြံစည် နေခြင်းသာ ဖြစ်သည်။

တာဝန်ခံက ချန်ကျီ၏ အနောက်ဘက်သို့ ပြေးဝင်လာခဲ့ပြီ ဖြစ်သည်၊ သူ ဘယ်လိုပဲ လုပ်လုပ် ချန်ကျီကို အနည်းငယ်မျှ ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်မှန်း သိသော်လည်း သူက အစွမ်းကုန် အားစိုက်ထုတ်ကာ ချန်ကျီ၏ အနောက်ဘက်ဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်လေတော့သည်။

All Chapters