← Chapters

ပင်လယ်စောင့်နတ်မင်း တိုက်ပွဲဗျူဟာကျမ်း

Vol. 11 Ch. 145

ပင်လယ်စောင့်နတ်မင်း တိုက်ပွဲဗျူဟာကျမ်း

Vol. 11 Ch. 145

ထိုညတွင် ကျိုးကျိုးတစ်ယောက် ချုံတောင်လေးမှ ပြန်သွားရာတွင် သူမ၏အင်္ကျီကော်လံကို ကိုင်၍ မျက်နှာကိုအုပ်ကာ ရှုံ့ရှုံ့မဲ့မဲ့ဖြင့် ပြန်သွားရလေသည်။ သူမသည် အရက်အိုးကြီးပေါ်တွင် ထိုင်၍ ပျံသန်းသွား၏။

ထို့နောက် ကျိုးဝူ၊ ကျိုးရှစ်နှင့် ယုံချင်ရွှမ်းယာတို့သည်လည်း နှုတ်ဆက်စကားဆိုကာ ချုံတောင်လေးကို ဆက်၍ အနှောင့်အယှက်မပေးကြတော့ပေ။ ထိုဖြစ်စဉ်သည် ရှားပါးဖြစ်စဉ်ပင်။

နောက်ဆုံးတွင် ချုံတောင်လေးပေါ်ရှိ ဆရာတပည့်သုံးဦးတွင် နောက်တစ်ဦး ထပ်တိုးလာပြီဖြစ်လေသည်။

ကြည်လင်သောကန်ရေပြင်ပေါ်သို့ လရောင်များဖြာကျနေသည်။ လရောင်သဲ့သဲ့အောက်တွင် ညလေပြေလေညင်းများလည်း တိုက်ခတ်နေ၏။

တဲအိမ်ရှေ့တွင် လင်းအယ်သည် တရားထိုင်ဖျာနှစ်ချပ်ကို ယူ၍ သူမအစ်ကိုကြီး၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

နှောင်ကြိုးမဲ့လင်းကျန်းဟုခေါ်သော ကျန်းလင်းအာ၏ သေးသွယ်ကျစ်လျစ်သော ခန္ဓာကိုယ်လေးသည် ကုလားထိုင်အဝိုင်းလေးပေါ်တွင် ကွေးကွေးလေးရှိနေ၏။ ကြောက်မက်ဖွယ်ဓားကြီးသည် သူမ၏ နောက်ကျောတွင်ပင် ရှိနေသေး၏။ သူမ၏ လက်ထဲတွင် အရက်အိုးတစ်အိုးကိုကိုင်ထားပြီး မကြာမကြာဆိုသလို တစ်ငုံတစ်ငုံနှင့် သောက်နေလေသည်။

သူမသည် သူမကိုယ်သူမ အရက်မူးခံမည် မဟုတ်ပေ။ မကြာခင် သူမသည် အရက်အာနိသင်ကို သူမ၏ခန္ဓာကိုယ်အတွင်းမှ အားသုံး၍ ပြန်ထုတ်မည်ဖြစ်သည်။ ထိုနည်းဖြင့် သူမသည် အရက်မမူးဘဲ ရီဝေဝေသာ ဖြစ်နေမည်ဖြစ်သည်။

အပြင်လူများမရှိတော့သောကြောင့် ကျန်းလင်းအာသည် ချီယွမ်အား မြေနတ်ဝိဇ္ဇာဖြစ်လာပုံကို မေးလိုက်၏။

ချီယွမ်သည် သူ၏တပည့်ကြီးကို ကြည့်၍ တီးတိုးပြောလိုက်၏။

“ ကျွန်တော် ... ချန်ရှို့ အကြီးအကဲဝမ်ဆီက ရခဲ့တဲ့ နတ်ဝိဇ္ဇာပျော်ဝင်ဆေးလုံးကို သောက်လိုက်တာပါ ”

ကျန်းလင်းအာ မပွင့်တပွင့် ပြုံး၍ ပြောလိုက်သည်။

“ အကြီးအကဲဝမ်က ချုံတောင်လေးကို အများကြီး ကူညီပေးခဲ့တာပဲ ”

ချီယွမ်ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။

“ ဆရာပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အကြီးအကဲဝမ်က ကျွန်တော့်ကို စကားတစ်ခွန်းတောင်မပြောပါဘူး... ”

ဖတ်...

ကျန်းလင်းအာသည် လက်မြှောက်၍ ချီယွမ်၏ နဖူးကို ရိုက်လိုက်ရ၏။ သူမသည် အံကြိတ်၍ ဆူပူလိုက်၏။

“ ငါ အရင်တုန်းက မင်းကို ပိုပြီးတွေးခေါ်တတ်အောင် မသင်ပေးခဲ့လို့လား။ မင်းက သူများပြောသမျှ အကုန်ယုံတာပဲလား ”

ချီယွမ် ခါးသက်သက်ပြုံး၍ သက်ပြင်းချလိုက်သည်။

“ ဆရာ... ကျွန်တော်က အခု မြေနတ်ဝိဇ္ဇာဖြစ်နေပါပြီ။ ကျွန်တော် အသက်ရှည်ရှည်နေနိုင်ပါပြီ... ”

“ ချန်ရှို့နဲ့လင်းအယ်ကို ကျွန်‌တော် ပျိုးထောင်ခဲ့တာပါ။ ကျွန်တော် သူတို့ပြောတာကို ယုံသင့်တယ်မလား... ”

ကျိုးလင်းအာ၏ သေးသွယ်သောလက်ကလေးသည် ချီယွမ်၏နဖူးပေါ်သို့ ထပ်မံကျရောက်သွား၏။ သို့သော် သူမသည် အားမထည့်ခဲ့ပေ။ ချီယွမ်သည် အနည်းငယ် အိုးတိုးအန်းတန်းဖြစ်နေသော်လည်း သူ၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအချို့ရှိနေလေသည်။

‘ ငါက နတ်ဝိဇ္ဇာအိုကြီးလိုပဲ... အရိုက်ခံရတာတောင် ပျော်နေသေးတယ်... ’

ချီယွမ်သည် ထိုအခိုက်တွင် အတော်လေးပျော်ရွှင်နေပေသည်။

ကျန်းလင်းအာသည် သူ့ကို ဆက်၍ဆုံးမနေ၏။

“ မင်းက မြေနတ်ဝိဇ္ဇာဖြစ်နေပြီးဆိုတော့လည်း ရှိစေတော့ပေါ့။ မင်းက ဘာလို့စိတ်ဓာတ်ကျနေရတာလဲ။ မင်းရဲ့ နဂိုအလားအလာကိုက ငါ့‌လောက်မကောင်းပါဘူး။ မင်း ကောင်းကင်နတ်မင်းဖြစ်နိုင်မယ့် အခွင့်အရေးကလည်း အရမ်းနည်းပါတယ်။ မြေနတ်ဝိဇ္ဇာအဖြစ်နဲ့ပဲ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ထိရောက်အောင် ကျင့်ကြံပြီး အေးအေးလူလူနဲ့ အသက်ရှည်ရှည်နေသွားရင် မကောင်းဘူးလား။ ကျန်းယွီက မင်းနဲ့မတွေ့ချင်လို့ အပြင်‌လောကမှာ စွန့်စားသွားလာနေတာမလား။ သူ့ရဲ့ဆရာ ငါတောင် သူ့ကို စိတ်မပူဘူး။ မင်းက ဘာတွေစိတ်ပူနေတာလဲ။ မင်းက ငါရိုက်တာထပ်ခံချင်လို့လား... ”

“ ဆရာ...ကျွန်..ကျွန်တော် ဆရာ့ရဲ့ လမ်းညွှန်မှုကို နာခံပါမယ် ”

လီချန်ရှို့သည် လင်းအယ်ထံသို့ အသံပို့လွှတ်လိုက်၏။

လင်းအယ်သည် “ နတ်ဘုရားများဖြင့် တိုက်ခိုက်ခြင်း ” ကတ်ပြားများကို ထုတ်၍ ပြုံးကာ ပြောလိုက်သည်။

“ ဆရာဘွားဘွား... လင်းအယ်တို့ ဆရာဘွားဘွားနဲ့ ဒီကစားနည်းလေး ဆော့လို့ရမလား... ”

“ အိုး... အဲဒါက ဘာလဲ ”

“ ဆရာဘွားဘွား... တစ်ချက်ကြည့်ပြီးသွားရင် ဆရာဘွားဘွား နားလည်သွားမှာပါ ”

မကြာမီ ဆရာဘွားဘွားနှင့် သူမ၏ တပည့်များသည် “ နတ်ဘုရားများဖြင့် တိုက်ခိုက်ခြင်း ” ကစားနည်းကို တဲအိမ်လေးရှေ့တွင် ကစားလိုက်ကြလေသည်။ ကျန်းလင်းအယ်သည် အတန်ငယ် စိတ်လက်ပြေလျော့သွား၏။ သူတို့သည် ကစားနေကြစဉ် ကျန်းလင်းအာသည် ဘဝအကြောင်းကို စတင်ညီးညူလိုက်သည်။ အမှန်တွင် သူမသည် တာအိုရသေ့အိုကြီးချီယွမ်ကို မသိမသာ ရှင်းပြရန် ကြိုးစားနေခြင်းပင်။

ဥပမာအားဖြင့်...

“ ဒုတိယတပည့် ငါက အတွေ့အကြုံအများကြီးရခဲ့ဖူးပြီး နိယာမအများကြီးကို နားလည်ခဲ့ပြီးပြီ။ ဒါပေမဲ့ ငါ အပူအပင်ကင်းတဲ့ ဘဝကို မရနိုင်သေးဘူး။ ဘာကြောင့်လို့ထင်လဲ... ဘာလို့လဲဆိုတော့ ငါက စိုးရိမ်ပူပန်နေလို့ပဲ။ လူသားမှန်ရင် စိုးရိမ်ပူပန်မှုတွေ၊ ခံစားချက်တွေရှိတာပဲ။ အဲဒီလိုမရှိရင်လည်း လူသားတွေက နှလုံးသားမရှိတဲ့သူတွေ ဖြစ်ကုန်မှာပေါ့။ မင်းစိတ်ထဲမှာ ပူပန်စရာတစ်ခုခု ရှိနေရင်လည်း ကိစ္စမရှိပါဘူး။ မင်း..မင်းရဲ့ အစ်မကို သတိရနေရင်လည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အရမ်းတော့ နက်နက်ရှိုင်းရှိုင်း မခံစားမိစေနဲ့။ မင်းက မြေနတ်ဝိဇ္ဇာဆိုပေမယ့် မင်းရဲ့သက်တမ်းက ရှည်သေးတာပဲ။ စိတ်မလောပါနဲ့... ”

ချီယွမ် ခေါင်းညိတ်၍ သူ့ဆရာ၏ သင်ကြားပေးမှုများကို မှတ်သားလိုက်၏။

လီချန်ရှို့သည် ထိုအခြင်းအရာကို မြင်လိုက်သောအခါ ဆရာဘွားဘွားကို ဂါရဝပြုသည့်အနေဖြင့် သူ ဆေးလုံးများပေးခဲ့ခြင်းသည် တန်သည်ဟု တွေးလိုက်မိလေသည်။

ကျန်းလင်းအာ ချုံတောင်လေးပေါ်တွင် ရှိနေစဉ် လီချန်ရှို့သည် မြေအောက်လျှို့ဝှက်ခန်းထဲတွင် အခန်းအောင်းမနေခဲ့ပေ။

လီချန်ရှို့သည် ထို “ ခက်ထန်သော ဆရာဘွားဘွားလေး ” ဂိုဏ်းတွင်နေမည့် လဝက်ကို အခွင့်ကောင်းယူ၍ သူ၏အထီးကျန်နေသောဆရာနှင့် ညီမလေးကို အဖော်ပြုပေးရန် ဆုံးဖြတ်ချက်ချလိုက်၏။

သူသည် သူ့ဆရာကိုအဖော်ပြု၍ ရေကန်ထဲတွင် သူမွေးမြူထားသော ဝိညာဉ်ငါးများကို အတူတကွမျှားကြသည်။ သူသည် သူ၏ ဆရာဘွားဘွားကို အဖော်ပြု၍ ချုံတောင်လေးပေါ်ရှိ လှည့်ဖျားမန္တန်အစီအရင်များကို ကြည့်ရှုကြ၏။

သူနှင့် သူ၏ညီမလေးသည် ဖွံ့ထွားနေပြီဖြစ်သော ဝိညာဉ်ငါးအချို့ကို ကိုယ်တိုင်သတ်၍ ချက်ပြုတ်လိုက်သည်။ သူသည် ဆေး‌ဖော်ဆောင်အရှေ့တွင် မာကျောက်ခုံကို ခင်းလိုက်ပြီး သူ၏ညီမလေးကို မပြရသေးသော “အာဒိကပ္ပခေတ် မာကျောက် ” ပြားလေးများကို ထုတ်လိုက်၏။ ထိုအရာကို နတ်ငှက်ကတ်ပြားကစားနည်းဟု သူအမည်ပေးထား၏။

ထို့ပြင် လီချန်ရှို့သည် နတ်‌ရေတံခွန်တောင်အား စောင့်ကြည့်နေမှုကို မရပ်တန့်လိုက်ပေ။

လီချန်ရှို့သည် နတ်ရေတံခွန်တောင် အမှန်တကယ် လက်စားလာချေမည်၊ မချေမည်အတွက် သူ တာအိုရသေ့ခွိုက်စစ်ကို သတ်ခဲ့စဉ်ကတည်းက ထိုကိစ္စကို ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

သို့သော် ထိုစဉ်က သူမျှော်လင့်ထားသော အဆိုးဆုံးအရာသည် မဖြစ်ပွားခဲ့ပေ။ ယခုတွင် သူ၏ ဆရာဘွားဘွားသည် ရုတ်တရက်ပြန်ရောက်လာပြီး သူမ၏ ဒေါသများကို နတ်ရေတံခွန်တောင်အပေါ်တွင် ပုံချလိုက်သည်။ ထို့ကြောင့် လီချန်ရှို့ ပြင်ဆင်ထားသော အစီအစဉ်များသည် အသုံးဝင်လာ‌တော့မည့်ပုံ ရလေသည်။

လက်ရှိတွင် နတ်ရေတံခွန်တောင်သည် သူတို့၏ အမုန်းတရားများကို ဆရာဘွားဘွားအပေါ်တွင်သာ ပုံချထား၏။

မကြာခင် ဆရာဘွားဘွားသည် ဂိုဏ်းမှပြန်ထွက်၍ စကြဝဠာတိုက်တစ်သောင်းတွင် ခြေဦးတည့်ရာ လေလွင့်သွားလာ...အဟမ်း... စွန့်စားသွားလာမည်ဖြစ်သည်။

ထိုကိစ္စတွင် ကောင်းကျိုးအပြင် ဆိုးကျိုးပါ ရှိလေသည်။

ဆိုးကျိုးမှာ နတ်ရေတံခွန်တောင်သည် ဆရာဘွားဘွားမရှိတော့သဖြင့် သူတို့၏ အမုန်းတရားများကို ချုံတောင်‌လေးပေါ်တွင် ကျန်ခဲ့သော သူတို့သုံးဦးအပေါ်တွင် အနည်းနှင့်အများ ပုံချပေလိမ့်မည်။

ကောင်းကျိုးမှာ ချုံတောင်‌လေးတွင် ဆရာဘွားဘွားကဲ့သို့ တိုက်ခိုက်သတ်ဖြတ်ရာတွင် ထူးချွန်သော ကောင်းကင်နတ်မင်းတစ်ပါးရှိသွားပြီ ဖြစ်ကြောင်း သိသွားပြီဖြစ်သဖြင့် နတ်ရေတံခွန်တောင်သည် လက်လွတ်စပယ် လုပ်ဝံ့မည်မဟုတ်တော့ချေ။

လီချန်ရှို့အတွက်ကား နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ဖယ်ရှားရန် သူ၏ စက္ကူကိုယ်ပွားက ဆရာဘွားဘွား၏ ပုံပန်းသွင်ပြင်နှင့် ကိုယ်ရောင်ကိုယ်ဝါကို တုပနိုင်ရန် ပြုလုပ်ရမည်ဖြစ်သည်။

ထိုစက္ကူကိုယ်ပွားကို သူ မည်သို့အသုံးချမည် ဆိုသည်မှာ နတ်ရေတံခွန်တောင်၏ တုံ့ပြန်မှုအပေါ်တွင်သာ မူတည်လေသည်။

ကံတရားသည် နတ်ရေတံခွန်တောင်၏ လက်ထဲတွင်ပင် ရှိ၏။ လီချန်ရှို့သည် ပြင်ဆင်မှုများကို ပို၍လုပ်ဆောင်ထားရုံသာ ဖြစ်ပေသည်။

*******

အရှေ့သမုဒ္ဒရာနှင့် တောင်သမုဒ္ဒရာတို့ ထိစပ်ရာနေရာရှိ ကျဲကျောင်းတော်၏ အမည်ကျော်ကြားသော တာအိုကျွန်းတစ်ကျွန်းဖြစ်သည့် ရွှေနတ်လိပ်ကျွန်းပေါ်တွင် အတော်အသင့် သက်ဝင်လှုပ်ရှားနေ၏။ ထိုအချိန်သည် အာကာသနတ်မင်းများ တာအိုတရားပို့ချသော အချိန်ဖြစ်သည်။ ထိုနေ့တွင် အာကာသနတမင်း နောက်ဆုံးအဆင့်ရှိနေသူတစ်ဦး ရောက်ရှိလာနိုင်သည်ဟု သတင်းထွက်နေ၏။ ကျွန်းပေါ်ရှိ ချီကျင့်ကြံသူများသည် နန်းတော်များအနီးတွင် စုဝေးနေကြလေသည်။

ထိုနေရာတွင် စိတ်ဓာတ်တက်ကြွနေသော ကောင်းကင်ဧကရာဇ်ချင်ဝမ်သည် ရိုးရှင်းသော ဆက်စပ်မန္တန်အစီအရင်လေးကို ဆင်ပြ၍ သူ၏ မိတ်ဆွေတာအိုရသေ့များကို ဆက်စပ်မန္တန်အစီအရင်ဆင်ခြင်းနှင့် ပတ်သတ်သည့် အတတ်ပညာများကို မိတ်ဆက်ပြသနေ၏။

ရတနာရေကန်ဘေးရှိ ကျောက်စိမ်းသစ်ပင်အောက်တွင် ညင်သာသော လေပြေလေညင်းတစ်ချက် တိုက်ခတ်သွားပြီး နဂါးပျိုလေး၏ အင်္ကျီလက်ဝကျယ်သော အစိမ်းရောင်ဝတ်ရုံသည် အသာအယာဝဲလွင့်သွားလေသည်။ သူ၏ ဆံပင်များသည်လည်း သူ၏ဦးချိုလေးများကို ညင်သာစွာ ပွတ်သပ်သွားလေ၏။

ဘေးတွင် ဟန်ကျစ်သည် တရားထိုင်ဖျာလေးပေါ်တွင် ထိုင်၍ ထိုနဂါးပျိုလေး ဆက်လက်လေ့လာနိုင်ရန် ကူညီပေးနေ၏။

မြေပြင်ပေါ်ရှိ စာအုပ်များ၏ လက်ဝဲဘက်တွင် ဝါးပေလိပ်အပုံတစ်ပုံရှိလေသည်။ သို့သော် ထိုဝါးပေလိပ်များထဲမှ စာသားများသည် အောင်းရိ၏ နှလုံးသားထက်တွင် အက္ခရာတင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဖြန့်ထားသော ရွှေရောင်ပိုးစကြီး တစ်စပေါ်တွင် သပ်သပ်ရပ်ရပ်ရေးသားထားသော စာကြောင်းလေးများရှိ၏။ ထိုစာကြောင်းများသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက အောင်းရိ၏ ကြိုးစားထားမှုများဖြစ်သည်။

အောင်းရိသည် ‘ ရန်သူများကို ဆုတ်ခွာသွားစေမည့် အဆင့်(၂၆)ဆင့် ’နှင့် ‘ အဆင့်(၂၇).. အရိုးပြာလွှင့်မျှောခြင်း ’တို့မှ ရခဲ့သော နည်းဗျူဟာ နိယာမများဖြင့် အကြံဉာဏ်များကို ရှင်းလင်းသော စစ်ဘက်ဆိုင်ရာဗျူဟာများအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

အနောက်ဘက်တွင် နေဝင်တော့ပေမည်။ သုတ္တန်ရွတ်ဖတ်သံများသည် ရွှေနတ်လိပ်ကျွန်းပေါ်တွင် ပျံ့နှံ့နေ၏။ ဘေးမှ ဖတ်ရှုနေသော မိန်းမပျိုလေးကို သူမနှင့်ရင်းနှီးသော အစ်မတစ်ယောက်က ခန်းမရှေ့သို့လာရန် ခေါ်လိုက်၏။

အောင်းရိသည်သာ မလှုပ်မယှက်ဆက်နေလိုက်သည်။ သူသည် စကားလုံးများကို တွေးတော၍ တစ်လုံးပြီးတစ်လုံး ရေးချလိုက်သည်။

နောက်ဆုံးတွင် သမုဒ္ဒရာအပေါ်၌ နောက်ဆုံးနေရောင်ခြည်အလင်းတန်းတစ်ခုသာ ကျန်တော့ချိန်တွင် အောင်းရိသည် ခပ်ဖြည်းဖြည်း သက်ပြင်းချ၍ သူ၏လက်အတွင်းရှိ စုတ်တံနှင့် မင်အိုးကို ဘေးသို့ချလိုက်လေသည်။

‘ ပင်လယ်စောင့်နတ်မင်း တိုက်ပွဲဗျူဟာ ’ သည် ပြီးဆုံးခဲ့ပေပြီ။

အောင်းရိသည် ထိုဗျူဟာကို အကြိမ်အနည်းငယ် ပြန်ဖတ်ရှု၍ ပြုံးလိုက်၏။ သူ၏ ကြည်လင်သောမျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နေလေသည်။

‘ လူသားမျိုးနွယ်သုံးတဲ့ တိုက်ပွဲဗျူဟာတွေက တကယ့်ကို ပြောင်မြောက်တာပဲ ’

‘ နဂါးမျိုးနွယ်က နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ မျိုးနွယ်ဆိုပေမယ့် ငါတို့မှာ စစ်ဘက်ဆိုင်ရာဗျူဟာတွေ အတည်တကျမရှိဘူး ’

‘ အဲ့ အရှင်ရွှမ်းဒူဆိုတာကရော ဒီကိစ္စကို သဘောတူရဲ့လား မသိဘူး ’

အောင်းရိသည် ဆက်၍ မအောင့်ထားနိုင်တော့ပေ။ သူသည် မျက်လုံးမှိတ်၍ အာရုံစိုက်လိုက်သည်။ သူသည် သူ၏ ရုပ်တုကို အသုံးပြု၍ သူ၏ရုပ်တုဘေးရှိ အဓိကရုပ်တုထံသို့ စိတ်စွမ်းအားများ ပို့လွှတ်လိုက်၏။

ခေတ္တမျှကြာပြီးနောက် အန်းရွှေမြို့ရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်း၏ တိုးချဲ့ထားသော အဓိကခန်းမဆောင်ထဲတွင် စတင်စခန်းချလိုက်...အဟမ်း... စိတ်စွမ်းအားများ ဆက်သွယ်သွားကြလေသည်။

သူ၏ဆရာနှင့် လှေစီး၍ ငါးမျှားနေသော လီချန်ရှို့သည် သူ၏မျက်လုံးကိုမှိတ်၍ အိပ်မက်ထဲသို့ ဝင်သွားလိုက်၏။ သူသည် သူ၏ရုပ်တုကို အသုံးပြု၍ အိပ်မက်တစ်ခု ဖန်ဆင်းလိုက်ပြီး အောင်းရိ၏ စိတ်စွမ်းအားကို ထိုအိပ်မက်အတွင်းသို့ ဆွဲခေါ်လိုက်လေသည်။

အောင်းရိသည် မှင်တက်သွားပြီး ရုပ်တု၏ အောက်တွင် ရပ်နေသော လီချန်ရှို့ကို တွေ့လိုက်ရ၏။ သူ ချက်ချင်းပင် ပြုံးသွားပြီး ရှေ့သို့လျင်မြန်စွာ လျှောက်သွားလိုက်၏။

“ အစ်ကိုနတ်မင်း... နေကောင်းရဲ့လား... ”

“ အစ်ကိုက ကိုယ့်ဂိုဏ်းထဲမှာပဲ ကျင့်ကြံနေတာပဲ.. ကောင်းပါတယ် ”

လီချန်ရှို့သည် အောင်းရိတို့သည် တစ်ဦးကိုတစ်ဦး တာအိုအရိုအသေပေးလိုက်ကြ၏။ အောင်းရိသည် ကျေးဇူးတင်စကားအနည်းငယ် ပြောလိုက်သော်လည်း လီချန်ရှို့သည် သိပ်၍ အလေးအနက်မယူလိုက်ပေ။

သို့သော် လီချန်ရှို့သည် အောင်းရိကို အပြည့်အဝမယုံကြည်ပေမည့် အတော်အတန်တော့ ယုံကြည်ပေသည်။

“ အစ်ကိုနတ်မင်း ... ကျွန်တော် မကြာသေးခင်တုန်းက ‘ ရန်သူများကို ဆုတ်ခွာသွားစေမည့် အဆင့်(၂၆) ’ကို ပြန်ပြီး အနှစ်ချုပ်ထားပါတယ်။ အဲဒါတွေက အခု တိုက်ပွဲဗျူဟာကျမ်းတစ်စောင်ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက နဂါးမျိုးနွယ်က အောင်ပွဲခံတဲ့ ပွဲတစ်ပွဲကျင်းပခဲ့ပါတယ်။ ကျွန်တော့် အဲဒီတိုက်ပွဲဗျူဟာကျမ်းကို ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေရဲ့ လက်ဆောင်အနေနဲ့ ခမည်းတော်ကို ဆက်သလိုက်လို့ရမလား... ”

လီချန်ရှို့ ခေတ္တမျှတွေးတောလိုက်ပြီး ပြောလိုက်၏။

“ ညီလေး အနှစ်ချုပ်ထားတဲ့ တိုက်ပွဲဗျူဟာတွေပဲ အလွတ်ရလား... ”

“ သူ့ဆီကရော ခွင့်ပြုချက်တောင်းစရာမလိုတော့ဘူးလား... ”

အောင်းရိသည် မိုးပေါ်သို့ လက်ညှိုးထိုးပြ၍ ပြောလိုက်၏။

“ မလိုပါဘူး... ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်၏။

“ ဒီတစ်ခေါက် ညီလေးတို့နဂါးမျိုးနွယ်က ‌ရန်သူတွေကို အနိုင်ယူနိုင်ခဲ့ပြီး သေမျိုးတွေကိုလည်း မထိခိုက်စေခဲ့ဘူး။ အခု ကျန်တဲ့ ကိစ္စအသေးအဖွဲလေးတွေကတော့ အစ်ကို့ဘာသာ ကြည့်ရှင်းလိုက်လို့ရပါတယ် ”

လီချန်ရှို့သည် အောင်းရိကို သူတွေးမိလိုရာ တွေးမိသွားအောင် ပြောပြီးသွားပြီဖြစ်၍ မည်သို့မှ ဆက်ပြောရန် မလိုတော့ပေ။

လီချန်ရှို့သည် သူ၏နောက်ကွယ်တွင် အမှန်ပင် ပညာရှင်တစ်ဦးရှိကြောင်း၊ ထိုသူသည် နဂါးမျိုးနွယ်တွေ့ခဲ့သောသူဖြစ်ကြောင်း အောင်းရိကို တိုက်ရိုက်ပြောလိုက်၍ရသော်လည်း ဝေ့ဝိုက်၍သာ ပြောလိုက်လေသည်။

အောင်းရိသည် ပျော်ရွှင်စွာ ပြုံး၍ သူရေးသားထားသော တိုက်ပွဲဗျူဟာများကို ရွတ်ပြလိုက်၏။

လီချန်ရှို့ ခေတ္တမျှ ဂရုတစိုက် နားထောင်လိုက်ပြီးနောက် အောင်းရိသည် သူ၏အဆင့်များထဲမှ အနည်းငယ်ကိုသာ နားလည်သဘောပေါက်သေးကြောင်း သိရှိသွား၏။ ထို့ကြောင့် သူသည် အောင်းရိ၏ တောင်းဆိုချက်ကို သဘောတူလိုက်ပြီး အချို့အချက်များကို ပြင်ဆင်ညွှန်ပြလိုက်လေသည်။

လီချန်ရှို့သည် တစ်နှစ်ခန့်တွက်ချက်ပြီးနောက် နဂါးမျိုးနွယ်သည် အနောက်ကျောင်းတော်ကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ကောက်ချက်ချခဲ့၏။ နဂါးမျိုးနွယ်၏ ကံကြမ္မာသည် အနောက်ကျောင်းတော်က နဂါးမျိုးနွယ်ကို သူတို့၏လက်အောက်သို့ သွတ်သွင်းရန် မည်မျှစိတ်ပိုင်းဖြတ်ထားသနည်းဆိုသည့် အပေါ်တွင်သာ မူတည်လေသည်။

လီချန်ရှို့၏ အားသာချက်မှာ နောင်တွင် အနောက်ကျောင်းတော် မည်သို့တိုးတက်ပြောင်းလဲလာမည်ကို သိနေခြင်းဖြစ်သည်။

“ သစ်ခွပန်း ” နှင့် “ လေးခွ ”တို့သည် လက်ရှိတွင် အနောက်ကျောင်းတော်၏ အင်အားကို တိုးမြှင့်ရန် တန်ခိုးအစွမ်းရှိသော လူများကို အနောက်ဘက်သို့ သွတ်သွင်းနေ၏။ ထို့နောက် သူတို့သည် အနောက်ကျောင်းတာ် တိုးတက်လာစေရန် သူတို့၏ စွမ်းအားများကိုသုံး၍ ကံကောင်းမှုများကို ရရှိအောင်ပြုလုပ်မည်ဖြစ်သည်။

အနောက်ကျောင်းတော်သည် နဂါးမျိုးနွယ်ကို အလွတ်ပေးမည်မဟုတ်ချေ။

အကယ်၍ နဂါးမျိုးနွယ်သာ ပို၍ အင်အားကြီးလာပါက အနာဂတ်တွင် သူတို့သည် အနောက်ကျောင်းတော်ကို ရင်ဆိုင်နိုင်လာမည်ဖြစ်ပြီး အနောက်ကျောင်းတော်၏ အင်အားများကို ယုတ်လျော့သွားအောင် ပြုနိုင်မည်ဖြစ်သည်။ ထိုအခြင်းအရာသည် တာအိုဂိုဏ်း၊ ကောင်းကင်ဘုံခုံရုံးနှင့် လီချန်ရှို့ကိုယ်တိုင်အတွက်ပင် အကျိုးရှိနိုင်ပေသည်။

ထို့ပြင် နဂါးမျိုးနွယ်သည်လည်း ပို၍ ရေရှည်ရပ်တည်နိုင်ပေလိမ့်မည်။ လီချန်ရှို့အတွက်လည်း နဂါးမျိုးနွယ်ကို ကောင်းကင်ဘုံလက်အောက်သို့ သွတ်သွင်းရန် ကိစ္စအတွက် အစီအစဉ်ဆွဲရန် အချိန်ပိုရလာပေမည်။

သူသည် ကွဲပြားသော အရင်းအမြစ်များမှ သတင်းအချက်အလက်များကို စုဆောင်းထား၏။ သူသည် တန်ခိုးရှင်သူ့ကို တာဝန်ပေးထားသော ကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်လောက်မည်ဖြစ်ပြီး ကျောက်စိမ်းဧကရာဇ်ထံမှလည်း ကုသိုလ်အနည်းငယ်ရမည်ဖြစ်ကြောင်း သူသိရှိပြီးဖြစ်သည်။ အနာဂတ်တွင် သူ၏ စက္ကူကိုယ်ပွားများပါ ကောင်းကင်ဘုံလက်အောက်သို့ ဝင်နိုင်ရန် သူ ကြိုတင်ပြင်ဆင်ထားလို၏။

လွန်ခဲ့သည့်နှစ်အတွင်း လီချန်ရှို့သည် မြေအောက်လျှို့ဝှက်ခန်းထဲတွင် အစီအစဉ်ဆွဲနေခဲ့ခြင်းပင်။

အောင်းရိက ပြောလိုက်၏။

“ အစ်ကိုချန်ရှို့...အဲ့လိုဆိုရင် ကျွန်တော် ဒီတိုက်ပွဲဗျူဟာကျမ်းကို ကျွန်တော့်ရဲ့ ခမည်းတော်ကို ဆက်သလိုက်မယ်နော်... ”

“ အင်း... ”

လီချန်ရှို့ အတန်ငယ်ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။

“ နောက်ကျမှ အစ်ကို ဂုဏ်ပြုစာလွှာကို အရင်နေရာအဟောင်းမှာပဲ ထား,ထားလိုက်မယ်။ အစ်ကို ပင်လယ်စောင့်နတ်မင်းအနေနဲ့ နဂါးမျိုးနွယ်ကို ဂုဏ်ပြုလိုက်မယ်။ အဲဒါကို လာယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ ”

အောင်းရိပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။

လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းမှာ သူဖြစ်ကြောင်း မည်သူ့ကိုမှ မပြောရန် အောင်းရိကို ထပ်မံသတိပေးလိုက်၏။

မိုးပေါ်မှ ပညာရှင်သည် ထိုကိစ္စကို လွန်စွာ အလေးထား၏။ ထို့ပြင် ရန်ကျောင်းတော်သည် တိတ်ဆိတ်နေခဲ့သည်မှာကြာပြီဖြစ်ပြီး မည်သည့်ကိစ္စကိုမှ မပြုလုပ်ခဲ့ပေ။ အကယ်၍ ရန်ကျောင်းတော်သည် ထိုမျှလောက် ကုသိုလ်လေးကို ရရန် အစီအစဉ်ဆွဲ လုပ်ကိုင်နေကြောင်း အခြားသူများသိသွားလျှင် ဟာသဖြစ်နေပေလိမ့်မည်။

တန်ခိုးရှင်၏ မာန်မာနသည် အသေးအမွှားကိစ္စမဟုတ်ပေ။

အောင်းရိသည် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ပြီး ယခင်က သူကျိန်ဆိုခဲ့သော ကျိန်စာကို ထပ်မံကျိန်ဆိုလိုက်လေသည်။

အောင်းရိပြန်မသွားခင် လီချန်ရှို့သည် တွေးတော၍ အောင်းရိအတွက် လုပ်ဆောင်ရမည့် တာဝန်တစ်ခုကို ပေးလိုက်၏။ အောင်းရိသည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။

အောင်းရိတစ်‌ယောက် အိပ်မက်အတွင်းမှ ထွက်ပြီးသွားသောအခါ ခုံတွင် ထိုင်၍ အတန်ကြာ အံ့အားသင့်နေ၏။ ထို့နောက် သူရယ်မောလိုက်သည်။

‘ အစ်ကိုချန်ရှို့က တကယ့်ကို နဂါးမျိုးနွယ်အတွက် တော်တော်လေး ဂရုစိုက်ပေးနေတာပဲ... ’

နဂါးလေးသည် ထိုကဲ့သို့ လူယုံတစ်ယောက်ရှိနေသဖြင့် ကျေနပ်နေလေသည်။

အောင်းရိ တစ်ကိုယ်တည်း တွေးတောလိုက်၏။

‘ အခုကစပြီး ငါ့ရဲ့ ရတနာတွေက အစ်ကိုချန်ရှို့ရဲ့ ရတနာတွေပဲ... ’

‘ ငါ့ရဲ့ ကုသိုလ်က အစ်ကိုချန်ရှို့ရဲ့ ကုသိုလ်ပဲ ’

‘ ငါ့ရဲ့ တာအိုလက်တွဲဖော်က... ’

‘ အာ... အဲဒါကတော့ အစ်ကိုချန်ရှို့ရဲ့ မရီးပေါ့... ’

ထို့နောက် သူသည် စုတ်တံကိုကိုင်၍ သူ၏ တိုက်ပွဲဗျူဟာကို အချောသပ်လိုက်သည်။ သူသည် လီချန်ရှို့ ထောက်ပြခဲ့သော နေရာများကို မှတ်သားလိုက်၏။ သူသည် မနက်ဖြန်တွင် ထိုတိုက်ပွဲဗျူဟာကို ထပ်မံ၍ အချောသပ်မည်ဖြစ်ပြီး သူ၏ တာဝန်ကို ပြီးဆုံး‌အောင် လုပ်ဆောင်မည်ဖြစ်သည်။

အမှန်တွင် အောင်းရိကို စိတ်အပျော်စေဆုံး အရာမှာ နဂါးမျိုးနွယ်၏ အခြေအနေသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကြောင့် တိတ်တဆိတ်တိုးတက်ပြောင်းလဲလာသည့် ကိစ္စပင်။

ထိုအခိုက်တွင် တိုးတက်ပြောင်းလဲမှုများသည် မမြင်သာ‌သေးသော်လည်း တိုးတက်ပြောင်းလဲမှုများတော့ ရှိနေပြီဖြစ်သည်။

*****

ထိုအချိန်မှာပင် ချုံတောင်းလေးပေါ်ရှိ လီချန်ရှို့သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ဆက်၍ ငါးမျှားနေလိုက်၏။ သူသည် နဂါးမျိုးနွယ်နှင့် ပတ်သတ်၍ ဆက်ဖြစ်လာနိုင်သော ကိစ္စများနှင့် ဖြစ်နိုင်ချေရှိသော အနောက်ကျောင်းတော်၏ နောက်ထပ်ခြေလှမ်းအချို့ကို တွေးတောလိုက်လေသည်။

ထိုကိစ္စများကား စိတ်ရှုပ်စရာပင်။

လဝက်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျန်းလင်းအာ၏ မျက်ဝန်းများထဲတွင် တွန့်ဆုတ်သော အရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။ သို့သော် သူမသည် ဂိုဏ်းပြင်ပသို့ ပြန်သွားတော့မည်ဖြစ်ကြောင်း ချီယွမ်ကို ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် ကျန်းလင်းအာသည် ပိုင်ဖန်ခန်းမသို့သွား၍ နောက်ရက်တွင် ဂိုဏ်းမှ ပြန်လည် ထွက်ခွာသွားတော့မည်ဖြစ်ကြောင်း သတင်းပို့လိုက်၏။

ဂိုဏ်းသည် သူမကဲ့သို့ ကောင်းကင်နတ်မင်းတစ်ပါး အပြင်သို့သွားလာခြင်းကို တားမြစ်မည်မဟုတ်ပေ။

သို့သော် ပုံမှန်နှင့် ကွဲပြားသောအချက်မှာ လက်ရှိတွင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည် သူမ၏ တိုက်ခိုက်မှုစွမ်းရည်ကို လွန်စွာတန်ဖိုးထားနေခြင်းပင်။ ထို့ကြောင့် သူတို့သည် သတင်းပို့နိုင်ရန် သူမကို ကျောက်စိမ်းပြားသုံးပြားပေးလိုက်၏။ အကယ်၍ ဂိုဏ်းထဲတွင် အရေးပေါ်ကိစ္စများဖြစ်ပေါ်လာပါက သူတို့သည် သူမကို ပြန်ခေါ်မည်ဖြစ်သည်။

ကျန်းလင်းအာသည် ထိုကိစ္စကို သဘောတူလိုက်၏။ အကယ်၍ ဂိုဏ်းသည် အင်အားကြီးရန်သူနှင့် ရင်ဆိုင်နေရပါက သူမသည် သူမနှင့်အတူ ချီကျင့်ကြံသူအချို့ကို ခေါ်လာ၍ ဂိုဏ်းကို လာရောက်ကူညီမည်ဖြစ်ကြောင်းပင် ပြောလိုက်ပေသည်။

ထိုအပြုအမူသည် ပင်လယ်ဓားပြဘုရင်တစ်ပါး၏ အပြုအမူကဲ့သို ဖြစ်သည်။

ကျန်းလင်းအာ မထွက်ခွာမီ ညတွင် ကျိုးဝူနှင့် ကျိုးကျိုးတို့သည် သူမကို လာရောက်နှုတ်ဆက်ကြ၏။ ထို့ကြောင့် နောက်ထပ် စားပွဲသောက်ပွဲ ထပ်၍ ကျင်းပကြလေသည်။

သို့သော် ကျိုးကျိုး ပြန်သွားပြီးနောက် ကျိုးဝူသည်လည်း သူမကိုနှုတ်ဆက်၍ပြန်သွားသော်လည်း လီချန်ရှို့ မမျှော်လင့်ထားသည့် အခြား “ ဧည့်သည် ”တစ်ယောက် ရောက်ရှိလာပေသည်။

ထိုဧည့်သည်သည် ဂိုဏ်းတွင်းမှ ကောင်းကင်နတ်မင်းအဆင့် ပညာရှင်တစ်ဦးဖြစ်သော အရှင်ဝမ်ချင်းပင် ဖြစ်လေသည်။

All Chapters