← Chapters

အခန်း ၄၃၂

Vol. 42 Ch. 432

အခန်း ၄၃၂

Vol. 42 Ch. 432

အပိုင်း (၄၃၂) တာအိုအသီးအပွင့်

ချင်းယွင်ကျိ၏ အမူအရာက အလွန်အမင်း လေးနက်တည်ကြည်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းယန်သည် ကိစ္စရပ်များ၏ အရေးပါမှုကို နားမလည်သူတစ်ဦးမဟုတ်ကြောင်း သူကောင်းကောင်း သိထားသောကြောင့်ပင်။

အမတသန့်စင်အ‌မွှေးတိုင်အိုး၏ လျှို့ဝှက်ချက်ကိုပင် ထုတ်ဖော်ပြောဆိုလိုက်ခြင်းက သူတို့ဆွေးနွေးမည့်ကိစ္စသည် ဤအ‌မွှေးတိုင်အိုးထက်များစွာ ပို၍အရေးကြီးနေရမည်ကို ပြသနေပေသည်။

ဤကိစ္စက အဘယ်မျှလောက်တောင် ကြီးကျယ်ခမ်းနားလိုက်သနည်း။

"ဦးလေးသူတော်စင်သခင် အံ့ဩနေဖို့ မလိုပါဘူး။ မကြာသေးခင်ကတင် ကျွန်တော်တို့ မီရှန်ဂိုဏ်းကို ဖျက်ဆီးပစ်ခဲ့တယ်။ မီရှန်ဂိုဏ်းက မူချန်းရှန် ကပ်ဘေးဖြတ်ကျော်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့ သူ့ကို သတ်ပစ်လိုက်တာပဲ" ကျန်းယန်က လေးနက်စွာ ပြောလိုက်သည်။

"အမတသန့်စင်အ‌မွှေးတိုင်အိုးက မူချန်းရှန်ရဲ့ မဟာတာအိုကို သန့်စင်ပစ်လိုက်တာပဲ"

"ကျွန်တော်က အမတသန့်စင်အ‌မွှေးတိုင်အိုးကို ထုတ်ပြပြီး ဒီအကြောင်းကို ပြောပြရတဲ့ အကြောင်းရင်းက မဟာတာအိုကို လုယူပြီး သန့်စင်ပစ်လို့ရတယ်ဆိုတာကို ပြသချင်လို့ပဲ"

"တစ်နည်းအားဖြင့်ပြောရရင် ကျင့်ကြံသူတစ်ယောက်ချင်းစီ ကျင့်ကြံအားထုတ်နေတဲ့ လမ်းစဉ်ဆိုတာက သစ်ပင်တစ်ပင်ပေါ်မှာ ပေါက်ရောက်နေတဲ့ အသီးတစ်လုံးနဲ့ တူတယ်။ ဒီအသီးကို တစ်ယောက်ယောက်က ခူးဆွတ်သွားနိုင်တယ်"

ချင်းယွင်ကျိနှင့် သူတော်စင်သခင်တို့မှာ မှင်တက်တုန်လှုပ်သွားကြလေသည်။ ကျန်းယန်၏ ဆိုလိုရင်းကို သူတို့အပြည့်အဝ နားလည်သဘောပေါက်သွားကြသည်။ သူတို့၏ တာအိုလမ်းစဉ်ကို တစ်ယောက်ယောက်က လုယူသွားနိုင်သည်တဲ့လား။

"ကောင်စုတ်လေး မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး သိနေရတာလဲ" သူတော်စင်သခင်က အလျင်စလို မေးလိုက်သည်။

"မင်းက တကယ်တော့ ဘယ်သူလဲ"

"မိစ္ဆာတွေက ကျွန်တော့်ကို ပြောပြခဲ့တာလေ" ကျန်းယန်က ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

"ဒီလိုသတင်းအချက်အလက်မျိုးကို သာမန်လူတွေ သိနိုင်စွမ်းမရှိပါဘူး"

"သူတော်စင်သခင်ကို ကျွန်တော် ထပ်ပြီးသတိပေးပါရစေ။ မိစ္ဆာတွေ မကြာခင် ပြန်ရောက်လာလိမ့်မယ်။ တစ္ဆေဘုံက တမန်တော်တွေလည်း ကျင့်ကြံခြင်းလောကမှာ ပေါ်လာခဲ့ပြီ။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ဆက်ပြီး ပေါ်ထွက်လာဦးမှာပဲ"

"ဒီကိစ္စက ဘယ်လောက်အန္တရာယ်ကြီးလဲဆိုတာကို ခင်ဗျား သတိမထားမိဘဲ တစ်နေ့ကျရင် ကိုယ်တိုင်တောင် မသိလိုက်ဘဲ အန္တရာယ်ထဲ ကျရောက်သွားမှာကို ကျွန်တော် စိုးရိမ်လို့ပါ"

သူတော်စင်သခင်က အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုရင် အဲ့ဒီမိစ္ဆာတွေက ဒီတာအိုအသီးအပွင့်တွေအတွက် လာခဲ့ကြတာပေါ့"

"ဟုတ်လည်းဟုတ်တယ် မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်" ကျန်းယန်က ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမအကြောင်းကို မပြောခဲ့သဖြင့် သူတော်စင်သခင်ကို ဝေခွဲမရ ဖြစ်သွားစေသည်။

သူက လျှို့ဝှက်ချက်အချို့ကို သူတော်စင်သခင်အား ပြောပြနိုင်ခြင်းမှာ ဤလျှို့ဝှက်ချက်များက သူတော်စင်သခင်နှင့် သက်ဆိုင်နေပြီး အဇူရာတိမ်ဂိုဏ်း၏ အကျိုးစီးပွားများနှင့် ပတ်သက်မှုမရှိသောကြောင့်ပင်။

ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူတော်စင်သခင်သာ သူတော်စင်လမ်းစဉ်ကို အမှန်တကယ် ဖွင့်လှစ်နိုင်ခဲ့မည်ဆိုပါက သူတော်စင်လမ်းစဉ်တွင် သူ့ကိုစောင့်ရှောက်ပေးမည့် အလွန်တရာစွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ထပ်တိုးလာမည်ဖြစ်ရာ ယင်းက အတိုင်းမသိ ကြီးမားလှသော အကျိုးကျေးဇူးကြီးပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် သူက ဤအချိန်တွင် သူတော်စင်သခင်ကို ဤလျှို့ဝှက်ချက်အကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။ ပါရမီရှင်များ၏တိုက်ပွဲကတော့ အဇူရာတိမ်ဂိုဏ်း၏ အကျိုးစီးပွားများနှင့် ပတ်သက်ဆက်နွယ်နေသည့် နောက်ထပ်လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်၏။

"လက်ရှိအချိန်အထိ ဒီလောကမှာ ကောင်းကင်ဘုံဆီသွားတဲ့ မဟာလမ်းစဉ်လေးခုရှိတယ်။ အမတလမ်းစဉ်၊ တစ္ဆေလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်နဲ့ သားရဲလမ်းစဉ်တွေပဲ။ လူအများစုက ဒီလမ်းစဉ်လေးခုပေါ်မှာပဲ ကျင့်ကြံနေကြတာ။ ပြီးတော့ ဒီလမ်းစဉ်လေးခုကို လွန်ခဲ့တဲ့အချိန်အကြာကြီးကတည်းက စွမ်းအားကြီးပုဂ္ဂိုလ်လေးဦးက ဖန်တီးခဲ့ကြတာပဲ"

"သူတို့က အမတလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ တစ္ဆေလမ်းစဉ်နဲ့ သားရဲလမ်းစဉ်တို့ကို အသီးသီး တည်ထောင်ခဲ့ကြတာဆိုတော့ သူတို့ကို မဟာတာအိုရဲ့ တည်ထောင်သူ ရှေ့ဆောင်လမ်းပြတွေလို့ လူသိများကြတယ်။ အဲ့ဒီနောက်ပိုင်းက ရေတွက်မရနိုင်တဲ့ ကျင့်ကြံသူတွေက ဒီလမ်းစဉ်လေးခုကို လိုက်နာကျင့်ကြံခဲ့ကြပြီး သူတို့ကို နောက်လိုက်တွေလို့ ခေါ်ကြတယ်"

"အလွန်အမင်း ထူးချွန်ထက်မြက်ပြီး ပါရမီပါတဲ့ လူများစွာကလည်း သူတို့ရဲ့ ကိုယ်ပိုင်လမ်းစဉ်တွေကို ဖန်တီးခဲ့ကြတယ်။ ဥပမာအနေနဲ့ပြောရရင် ဆရာ့ရဲ့ မိစ္ဆာနှိမ်နင်းခြင်း မဟာတာအိုလမ်းစဉ်နဲ့ ဦးလေးသူတော်စင်သခင်ရဲ့ သူတော်စင်လမ်းစဉ်မျိုးပေါ့"

"ဆရာတို့က ကောင်းကင်နဲ့မြေကြီးအတွက် လမ်းတစ်ခု ဖောက်လုပ်ပေးခဲ့တာပဲ။ ဆရာတို့ရဲ့လမ်းစဉ်က ပြိုင်ဘက်ကင်း ထူးခြားတယ်"

"ဒါပေမဲ့ ခင်ဗျားတို့က ကြီးပြင်းမလာသေးဘူး။ အကယ်၍ တစ်ယောက်ယောက်ကသာ ခင်ဗျားတို့ရဲ့ တာအိုအသီးအပွင့်ကို ခူးဆွတ် သွားပြီး ဆက်လက်ကျင့်ကြံမယ်ဆိုရင် သူတို့က လောကရဲ့အမြင့်ဆုံးအထွတ်အထိပ်မှာ ရပ်တည်နေကြတဲ့ အမတ၊ မိစ္ဆာ၊ တစ္ဆေနဲ့ သားရဲလမ်းစဉ်တို့ရဲ့ ရှေ့ဆောင်လမ်းပြလေးယောက်လိုမျိုး ဖြစ်လာနိုင်တယ်"

"တစ္ဆေတမန်တော်တွေနဲ့ မိစ္ဆာသခင်တွေ ရောက်လာတာနဲ့အတူ ဒီအကျပ်အတည်းကလည်း ကပ်ပါလာတော့မှာပဲ"

"ဒါကြောင့်မလို့ ကျွန်တော်က ဒီကိစ္စကို သီးသန့်ဆွေးနွေးဖို့အတွက် ဦးလေးသူတော်စင်သခင်ကို ဖိတ်ခေါ်ခဲ့တာပါ"

"ဘာလို့လဲဆိုတော့ ခင်ဗျားနဲ့ ကျွန်တော့်ဆရာက တူညီတဲ့အခြေအနေကို ရင်ဆိုင်နေရလို့ပဲ။ ခင်ဗျားတို့က တူညီတဲ့အကျပ်အတည်းကို ရင်ဆိုင်နေရတာ"

ချင်းယွင်ကျိနှင့် သူတော်စင်သခင်တို့ နှစ်ဦးစလုံးမှာ ဇဝေဇဝါဖြစ်စွာဖြင့် အချင်းချင်း တစ်ချက်ကြည့်လိုက်မိကြသည်။ ဤသတင်းက သူတို့ကို အလွန်အမင်း တုန်လှုပ်သွားစေခဲ့သည်။ အမှန်တကယ်တော့ ကျန်းယန်၏ ရှင်းပြချက်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဤကိစ္စ၏ နောက်ဆက်တွဲအကျိုးဆက်များသည် အလွန်ဆိုးရွားပြင်းထန်ကြောင်း သူတို့ သိရှိသွားခဲ့ကြသည်။

ဒါက လောကမှာ အစွမ်းအထက်ဆုံး သခင်တစ်ဦးဖြစ်လာဖို့ လမ်းစဉ်ပဲ။ ဘယ်ကျင့်ကြံသူကများ ဒီအရာကို မက်မောတပ်မက်မှု မရှိဘဲ နေမှာလဲ။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့သောအရာမျိုး အဘယ်ကြောင့် ပေါက်ကြားမလာခဲ့သနည်းဆိုသည်ကို သူတို့ နားလည်သွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းလောကရှိ ရေတွက်မရနိုင်သော လူအများစု၏ အမြင်တွင် သူတို့ကျင့်ကြံနေသည့်အရာမှာ အမတလမ်းစဉ်သာဖြစ်သောကြောင့်တည်း။ အားလုံးက တူညီတဲ့လမ်းစဉ်ပေါ်မှာ ရှိနေကြတာဆိုတော့ သူတစ်ပါးရဲ့ ပင်မလမ်းကြောင်းကို လုယူဖို့ဆိုတာ အဓိပ္ပာယ်မရှိသလို ဖြစ်နေခဲ့သည်။

ယခုအခါ အမတသန့်စင်အမွှေးတိုင်အိုးသည် မဟာတာအိုလမ်းစဉ်တစ်ခုကို သန့်စင်လိုက်ပြီဖြစ်သည်။

အကယ်၍ အခြားသူများသာ ဤအကြောင်းကို သိရှိသွားပါက ကျင့်ကြံခြင်းလောကကြီးသည် သွေးချောင်းစီးကာ ကမောက်ကမဖြစ်သွားနိုင်ချေ ရှိပေသည်။

ကျန်းယန်သည် ရှေ့ဆောင်လမ်းပြများအကြောင်း ရှင်းပြပြီးနောက် စကားဆက်မပြောတော့ဘဲ သူ၏ဆရာနှင့် သူတော်စင်သခင်တို့ကို သေချာစွာ တွေးတောချင့်ချိန်စေလိုက်သည်။

အချိန်အတော်ကြာပြီးနောက် ချင်းယွင်ကျိက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။

"အဆိုးရွားဆုံး အချိန်တွေမှာတောင် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလောက်တော့ မျှော်လင့်ချက်မမဲ့ပါဘူး"

"ငါက မိစ္ဆာကို နှိမ်နင်းနိုင်တယ်ဆိုမှတော့ ငါ့ရဲ့ မဟာတာအိုကို မက်မောနေတဲ့ တခြားသူတွေကိုလည်း သေချာပေါက် နှိမ်နင်းနိုင်တာပဲ။ ဒီလိုလူမျိုးဆိုတာ မိစ္ဆာ တွေချည်းပဲ။ မိစ္ဆာဖြစ်နေမှတော့ ငါ့ရဲ့နှိမ်နင်းတာကို ခံရမှာပဲ"

သူတော်စင်သခင်က အနည်းငယ် ပြုံးလိုက်သည်။

"ကျုပ်က လောကကြီးကို ပညာပေးလမ်းညွှန်နေတဲ့ စစ်မှန်တဲ့ လူကောင်းတစ်ယောက်ပဲ"

"ကျုပ်က ကောင်းကင်နဲ့မြေကြီး ကိုယ်စား လူတွေကို အသိပညာပေးဖို့နဲ့ လမ်းညွှန်ပြသပေးဖို့ အပြည့်အဝနှစ်မြှုပ်ထားတဲ့ ကြီးမြတ်တဲ့လူတစ်ယောက်ပဲ။ တကယ်လို့ တစ်ယောက်ယောက်ကများ ကျုပ်ကို အန္တရာယ်ပြုဖို့ ရဲဝံ့မယ်ဆိုရင် ကောင်းကင်နဲ့မြေကြီးကတောင် သူတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

သူတို့က သူတို့၏ ကိုယ်ပိုင်သဘောထားများကို အသီးသီး ပြသလိုက်ကြခြင်းဖြစ်သည်။

ထို့အပြင် သူတို့ကိုယ်သူတို့ ရှေ့ဆောင်လမ်းပြများဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် သူတို့၏နှလုံးသားထဲ၌ အလွန်အမင်း ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်သွားခဲ့ကြသည်။

မင်းတို့အားလုံးက မျိုးဆက်သစ်တွေသာဖြစ်ပြီး ငါကတော့ ဘိုးဘေးကြီးကွဟူသည့် ဝင့်ကြွားသော ခံစားချက်မျိုးပင် ဖြစ်၏။ ငါကလွဲလို့ ဘယ်သူရှိသေးလဲ။ ငါက စောက်ဆရာကြီးကွ။

သူတော်စင်သခင်က ကျန်းယန်ကိုကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"ကောင်စုတ်လေး မင်းက ငါ့အတွက် အင်မတန် အရေးကြီးတဲ့အရာကို ပေးခဲ့တဲ့အပြင် ဒီလိုကြီးမားလှတဲ့ အကျပ်အတည်းကြီးအတွက်ကိုပါ သတိပေးခဲ့သေးတယ်။ မင်းကို ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး။ လန်ကျားအထွတ်အမြတ်မြေကို ငါနဲ့အတူ လိုက်ခဲ့ပါလား။ ငါမင်းကို မွေးစားသားအဖြစ် ခေါ်ထားမယ်လေ"

"ငါမင်းကို ငါ့ရဲ့သားအရင်းတစ်ယောက်လို သဘောထားမှာပါ။ မင်းနဲ့ယှဉ်လိုက်ရင် ငါ့သားက လုံးဝကို အသုံးမကျတာပဲ"

ချင်းယွင်ကျိ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။

"သူတော်စင်သခင် ခင်ဗျားလုပ်ရပ်က နည်းနည်းတော့ မတရားလွန်းမနေဘူးလား"

သူ့ရှေ့မှာတင် လူကို လာလုနေတာလား။

ကျန်းယန်မှာ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့ရသည်။ ဤအရာက သူ့အပေါ် ဗြောင်ကျကျ အခွင့်အရေးယူဖို့ ကြိုးစားနေခြင်း မဟုတ်ပါလော။

သူက လက်ရမ်းပြလိုက်ပြီး "သူတော်စင်သခင်က နောက်နေတာနေမှာပါ" ဟု ပြောလိုက်သည်။

ထိုဖခင်ဆိုသူသည် လောက၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်နေမည်ဆိုလျှင်တောင်မှ အကြောင်းပြချက်မရှိဘဲ သူက ဖခင်တစ်ဦးကို အသိအမှတ်ပြုမည် မဟုတ်ပေ။

"မင်းကို သားအဖြစ် အသိအမှတ်ပြုမယ်ဆိုတာ တကယ်တော့ နောက်တာပါ" သူတော်စင်သခင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"မင်းငါ့ကို အကြိမ်ကြိမ် လှည့်စားခဲ့တာဆိုတော့ မင်းဆီကနေ အခုလို အခွင့်အရေးလေး နည်းနည်းယူလိုက်ရတာက ငါ့စိတ်ကို အများကြီး ပိုပြီးသက်သာသွားစေတယ်"

"ငါက အဇူရာတိမ်ဂိုဏ်းကို လာခဲ့တာဆိုတော့ မင်းအတွက် လက်ဆောင်လေးတစ်ခု ပြင်ဆင်လာခဲ့တယ်။ ဒါက မင်းပေးခဲ့တဲ့ စာအုပ်ငယ်လေးအတွက် ကျေးဇူးတင်ကြောင်း ပြသတာဖြစ်သလို အသက်အရွယ်ကွာခြားပေမဲ့ ငါတို့ကြားက နက်ရှိုင်းတဲ့ ခင်မင်ရင်းနှီးမှုကို ပြသချင်လို့ပါ"

ထိုသို့ပြောပြီးနောက် သူက ထူးခြားသော ကျမ်းလိပ်အချို့ကို ကမ်းပေးလိုက်လေသည်။

ကျန်းယန်က ကျမ်းလိပ်ကို ယူကာ ဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးကျမ်းလိပ်တွင် ရေးသားထားသော စာကြောင်းတစ်ကြောင်းကို မြင်လိုက်ရသည်။

"ငါက ငါ့ရဲ့မွန်မြတ်တဲ့စိတ်ဝိညာဉ်ကို ကျင့်ကြံရာမှာ ကျွမ်းကျင်တယ်"

ဤစကားလုံးများကို မြင်လိုက်ရသည်နှင့် လွှမ်းမိုးနိုင်စွမ်းရှိသော ဖြောင့်မတ်မှန်ကန်မှု ခံစားချက်များက လွှမ်းခြုံလာခဲ့လေသည်။

"ဒါတွေက မဟာတာအိုအပေါ် ငါနားလည်သဘောပေါက်ထားမှုတွေကို ပေါင်းစပ်ပြီး မင်းအတွက် ရေးပေးထားတဲ့ စကားလုံးအချို့ပဲ"

သူတော်စင်သခင်က ပြုံးလျက် ပြောလိုက်သည်။ "အဲ့ဒါတွေက အထူးတလည် စွမ်းအားကြီးတာမျိုးတော့ မဟုတ်ပါဘူး။ ငါ့ရဲ့ မဟာတာအိုအပြည့်အဝစွမ်းအားနဲ့ အကြမ်းဖျင်း ညီမျှရုံပါပဲ။ အရေးကြီးတဲ့အချိန်ကျရင် မင်းအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်"

"အများကြီး ကျေးဇူးတင်ပါတယ် ဆရာဦးလေး"

ကျန်းယန်က အလျင်အမြန်ပင် လက်ဆောင်ကို သိမ်းဆည်းလိုက်လေသည်။

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ပညာရှင်တစ်ယောက်၏ အပြည့်အဝတိုက်ခိုက်နိုင်စွမ်းဆိုသည်မှာ အသက်ရှင်ရပ်တည်ရေးအတွက် သေချာပေါက် အရေးကြီးသောအရာပင် ဖြစ်၏။

လက်ဆောင်ကို သိမ်းဆည်းပြီးနောက် ကျန်းယန်၏ မျက်နှာအမူအရာက လေးနက်တည်ကြည်သွားခဲ့သည်။

"ခုနက ကျွန်တော်ပြောခဲ့တာက ဆရာနဲ့ ဦးလေးသူတော်စင်သခင်တို့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းအကြောင်းပါ"

"အခုဆက်ပြောမှာက လောကကြီးတစ်ခုလုံး ရင်ဆိုင်နေရတဲ့ အကျပ်အတည်းအကြောင်းပဲ"

"တခြားအရေးကြီးတဲ့ကိစ္စ ရှိနေသေးလို့လား" သူတော်စင်သခင်က အံ့အားသင့်စွာ မေးလိုက်သည်။

ကျန်းယန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဦးလေးသူတော်စင်သခင် ခုနက ကျွန်တော့်ရဲ့ရှင်းပြချက်ကို နားထောင်ပြီးတာနဲ့ အမတလမ်းစဉ်၊ တစ္ဆေလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်နဲ့ သားရဲလမ်းစဉ်တွေရဲ့ ရှေ့ဆောင်လမ်းပြတွေ ရှိနေတယ်ဆိုတာ ခင်ဗျား နားလည်သွားလောက်ပါပြီ"

"အခု ကျွန်တော်ဆက်ပြောမယ့်အရာက မဟာတာအိုရဲ့ အာဏာပိုင်စိုးမှု ပြဿနာပဲ"

"တစ္ဆေလမ်းစဉ်နဲ့ပတ်သက်ရင် သူတို့က အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းသံသရာကို ထိန်းချုပ်ထားတယ်။ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းသံသရာဆိုတာ သူတို့ရဲ့ အမြင့်ဆုံးအာဏာပဲ"

"အခုတော့ သူတို့ရဲ့သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပေမဲ့ သေမသွားတဲ့ လူတစ်စု ရှိနေတယ်လေ။ ဒါက လူဝင်စားခြင်းအာဏာကို အကြီးအကျယ် ထိုးနှက်လိုက်တာပဲ"

"တစ္ဆေလမ်းစဉ်ကို ဖွင့်လှစ်ခဲ့တဲ့ ကြီးမြတ်လှတဲ့ပုဂ္ဂိုလ်ကြီးက ဒီလောက်လေးရှိတဲ့ လူဝင်စားခြင်းအာဏာကို ဂရုမစိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ္ဆေလမ်းစဉ်ကို ကျင့်ကြံနေကြတဲ့ တခြားသူတွေကကော ဘယ်လိုနေမလဲ"

"ဒီလူဝင်စားခြင်းစွမ်းအား သေးသေးလေးက သူတို့ပိုင်ဆိုင်သမျှ အရာအားလုံး ဖြစ်ကောင်းဖြစ်နိုင်တယ်လေ"

"ဒါကြောင့် လူဝင်စားခြင်းအာဏာကို ထိန်းသိမ်းဖို့အတွက် တစ္ဆေဘုံက တမန်တော်တွေဟာ ယှဉ်ပြိုင်နိုင်စွမ်းမရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကို သေချာပေါက် ပြသလာကြလိမ့်မယ်"

ဤနေရာသို့ရောက်သောအခါ ကျန်းယန်က သူတော်စင်သခင်ကို အဓိပ္ပာယ်ပြည့်ဝစွာ ကြည့်ကာ ပြောလိုက်သည်။

"ဦးလေးသူတော်စင်သခင် ခင်ဗျားက တစ္ဆေဘုံတစ်ခုလုံးကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား"

All Chapters