← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း (၇၂) စုဖူချန်၏ ပြဿနာ

ထိုနှစ်ဦးသည် ခွေးနှစ်ကောင်အလား အလွန်အမင်း ထိတ်လန့်စွာဖြင့် ထွက်ပြေးသွားကြလေသည်။

လူတိုင်း အမှန်တရားကို သိရှိသွားချိန်တွင် အခြေအနေက ချက်ချင်းပင် ပွက်လောရိုက်သွားပေ၏။

"ဟန်မိသားစုက တကယ်ကို မျက်နှာပြောင်တိုက်လွန်းတာပဲ..."

"မနက်စောစောစီးစီး ရောက်လာပြီး မောက်မောက်မာမာနဲ့ ဟန်သယ်က စာဘယ်လောက်တော်ကြောင်း ကြွားပြီး ရှောင်ယွမ်ကို နှိမ့်ချနေခဲ့တာ ရလဒ်ကရော ဘာဖြစ်သွားလဲ..."

"တစ်မိသားစုလုံးကလည်း ဘာမှသုံးစားမရဘူး... တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရမှတ်တွေကိုတောင် လိမ်ပြောရဲမှတော့ ဒီလောကမှာ သူတို့ မလုပ်ရဲတာ ဘာများ ရှိဦးမှာလဲ..."

"အမှတ် ၃၀၀ ကျော်လေး ရတာကို တစ်ကျောင်းလုံးမှာ အညံ့ဆုံးလို့ နာမည်ကြီးတဲ့ ငါ့မြေးတောင် ၃၈၀ ရသေးတယ် သူက ၃၆၀ လေးနဲ့များ ဒီမှာ လာကြွားဖို့ ဘယ်ကနေ သတ္တိတွေ ရနေတာလဲ..."

"ငါ့ကိုမေးရင်တော့ ရှောင်ယွမ်က တကယ်ကို မိုက်တာပဲ ဇိမ်ခံကားနှစ်စီးနဲ့ ပစ္စည်းကောင်းတွေ အများကြီးကို တစ်ပြိုင်နက်တည်း ဝယ်လာတာလေ..."

"ရှောင်ယွမ်ရဲ့ အမေ နင်ကတော့ အခုကစပြီး ဘဝကို ဇိမ်ကျကျ ဖြတ်သန်းရတော့မှာပဲနော်..."

လူအုပ်ကြီးသည် ဟန်သယ်၏ အကြောင်းကို ဆက်မတွေးတော့ဘဲ ချန်ချွေ့ဖန်အား အလွန်အမင်း မနာလိုစွာဖြင့် ကြည့်ရှုရင်း စုယွမ်ကို ဆက်လက် ချီးကျူးနေကြပေသည်။

ချန်ချွေ့ဖန်၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေခဲ့၏။ ဤစကားများကို ကြားရပြီး လူများ၏ မျက်လုံးများထဲမှ မနာလိုသော အကြည့်များကို မြင်တွေ့ရချိန်တွင် သူမ အလွန်အမင်း ပျော်ရွှင်နေခဲ့လေသည်။

"ဟားဟား ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး ငါ့တို့ရဲ့ ရှောင်ယွမ်လေးက နည်းနည်းပါးပါး အလားအလာလေး ရှိရုံပါပဲ..." ချန်ချွေ့ဖန်က ပြုံးလျက် ပြောဆိုလိုက်သည်။

စုယွမ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်၏။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ပုံမှန်အားဖြင့် အိမ်ပြန်ရောက်နေသင့်ပြီဖြစ်သော သူ၏ဖခင် စုဖူချန်ကို မတွေ့ရချေ။

"အမေ အဖေ အိမ်မပြန်လာသေးဘူးလား..." စုယွမ်က မေးမြန်းလိုက်သည်။

ချန်ချွေ့ဖန်က ထိုအခါမှ သတိရသွားပြီး ဖုန်းခေါ်ရန် သူမ၏ ဖုန်းအဟောင်းကို အလျင်အမြန် ထုတ်ယူလိုက်ပေ၏။

"ဟူးးး ဒီဖုန်းစုတ်ကတော့လေ တကယ်ကို အားကိုးလို့ မရဘူး အမြဲတမ်း ပျက်နေတာပဲ..." ချန်ချွေ့ဖန်က ဖန်သားပြင်ကို သူမ၏ လက်ချောင်းဖြင့် ခပ်နာနာ ပွတ်လိုက်သော်လည်း ဖုန်းက ဘာမျှ တုံ့ပြန်မှု မရှိချေ။

"အန်တီ အန်တီ့ဖုန်း ပြင်မှန်က ကွဲနေပြီဆိုတော့ ပြင်လို့ရမှာ မဟုတ်လောက်တော့ဘူး အခုခေတ်မှာ တစ်ပတ်ရစ်ဖုန်းတွေက တော်တော်လေး ဈေးသက်သာနေပြီ ကျွန်တော်ဆို ကျွန်တော့်ရဲ့ iPhone 15 ကို အိုင်ကျွမ် ပလက်ဖောင်းကနေ ယွမ် ထောင်ဂဏန်းလောက်နဲ့ပဲ ဝယ်လိုက်တာ..." ပစ္စည်းလာဝယ်သော လူငယ်တစ်ဦးက သူ၏လက်ထဲမှ iPhone ကို ဝှေ့ယမ်းပြရင်း ပြုံးကာ ပြောဆိုလိုက်လေသည်။

"အစ်ကို စုယွမ်လည်း အခု အလုပ်လုပ်နေပြီ မဟုတ်လား သူက အန်တီ့အတွက် အိုင်ကျွမ် ပလက်ဖောင်းကနေ တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်ပေးဖို့ဆိုတာ ပြဿနာ မရှိလောက်ပါဘူး..." လူငယ်က ဆက်လက်၍ သတိပေးလိုက်၏။

ဤသည်ကို ကြားချိန်တွင် ဘေးပတ်လည်ရှိ လူတိုင်းသည် ပြဇာတ်တစ်ပုဒ်ကို ကြည့်နေသည့်အလား လူငယ်အား ရယ်စရာကောင်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြပေသည်။

လူငယ်သည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိသော်လည်း သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။

ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သူ၏ရှေ့၌ အချိန်မရွေး ပေါ်လာနိုင်သော ပုံရိပ်တစ်ခုက လက်ထဲတွင် တစ်စုံတစ်ရာကို ကိုင်ဆောင်ထားသည်ကို မြင်တွေ့လိုက်ရသည်။

"ဟေး အစ်ကိုယွန်း ဘယ်တုန်းက ပြန်ရောက်တာလဲ..." လူငယ်က စုယွမ်ကို မြင်ချိန်တွင် မေးမြန်းလိုက်၏။

"အစ်ကိုဟိုင် ကျွန်တော် ခုနလေးတင်မှ ရောက်တာပါ..." စုယွမ်က လူငယ်အား ပြုံးလျက် ပြောဆိုလိုက်သည်။

"အို အန်တီရဲ့ဖုန်းက သိပ်မကောင်းတာ သတိထားမိလို့ပါ သူ့အရွယ် လူတွေက အွန်လိုင်းကနေ ဈေးဝယ်ဖို့ မသိကြဘူးလေ အစ်ကိုက သူ့အတွက် အိုင်ကျွမ် ပလက်ဖောင်းကနေ တစ်ပတ်ရစ်ဖုန်းတစ်လုံး ဝယ်မပေးဘူးလား ဈေးတော်တော် သက်သာတယ်ဗျ..."

"ဒီခေတ်ကြီးထဲမှာ ဖုန်းမရှိဘဲ နေလို့မရဘူးလေ အစ်ကိုက အန်တီအတွက် ဖုန်းမဝယ်ပေးရင်တော့ သူက ဖုန်းဝယ်ဖို့ ပိုက်ဆံနှမြောနေမှာ အသေအချာပဲ..." လူငယ်က အခြားသူများ မကြားစေရန် စုယွမ်အား တိုးတိတ်စွာ ပြောလိုက်ပေသည်။

ဤသည်မှာ တကယ်တော့ စေတနာဖြင့် သတိပေးခြင်းသာ ဖြစ်လေသည်။ စုယွမ်က ခင်မင်ရင်းနှီးစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမကိုင်ဆောင်ထားသောအရာကို မြှောက်ပြလိုက်၏။

"ဟုတ်တယ် သူ ပိုက်ဆံနှမြောနေမှာ စိုးရိမ်လို့ ကျွန်တော် ဘာသာ ဖုန်းအသစ်တစ်လုံး ဝယ်လာလိုက်တာ..."

စကားပြောနေစဉ်မှာပင် စုယွမ်က ဟွာဖိုက်(hwawai)ဖုန်း၏ ထုပ်ပိုးမှုကို ဖွင့်လိုက်ရာ အသစ်စက်စက် အဆင့်မြင့်ဖုန်းတစ်လုံးသည် လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာခဲ့လေသည်။

"အမေ ဒီဖုန်းအဟောင်းကြီးကို ဆက်မသုံးနဲ့တော့ သား အမေ့ကို အသစ်တစ်လုံး ဝယ်ပေးမယ်..." စုယွမ်က ချန်ချွေ့ဖန်ထံသို့ ဖုန်းကို ကမ်းပေးလိုက်သည်။

ထိုဖုန်းကို ကြည့်ရင်း ချန်ချွေ့ဖန်သည် အလွန်အမင်း သဘောကျသွားပြီး သူမ၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားတော့၏။

သူမသည် ဤဖုန်းကို ဗီဒီယိုတစ်ခုထဲတွင် မြင်တွေ့ခဲ့ဖူးပြီး အလွန်လိုချင်ခဲ့သော်လည်း ၎င်းက အလွန်ဈေးကြီးကာ သူမတို့ မိသားစု တတ်နိုင်သောအရာမျိုး လုံးဝ မဟုတ်ခဲ့ချေ။

သားဖြစ်သူ ဝယ်ပေးသော လက်ဆောင်ကြောင့် ချန်ချွေ့ဖန်မှာ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားရလေသည်။

"ကျေးဇူးပါပဲ သားလေး အမေ ဒီလက်ဆောင်ကို အရမ်းသဘောကျတယ်..." ချန်ချွေ့ဖန်က မည်သည့် ငြင်းဆန်မှုမျှ မပြသခဲ့ချေ။ စုယွမ်သည် ယခုအခါ ချမ်းသာနေပြီဖြစ်ရာ ဈေးကြီးသော ဖုန်းတစ်လုံးဝယ်ရန် ငွေအနည်းငယ် သုံးစွဲခြင်းက ဘာမျှမဟုတ်ကြောင်း သူမ သိထားပေသည်။

လူကြီးတစ်ယောက်အနေဖြင့် သူမသည် သဘာဝကျကျပင် ပျော်ရွှင်မှုကို မဖျက်ဆီးချင်ခဲ့ချေ။

ချန်ချွေ့ဖန်သည် တတ်နိုင်သလောက်သာ လုပ်ဆောင်ရမည်ဟူသော မူဝါဒကို နားလည်ထားသူ ဖြစ်၏။

"ကျွတ် ကျွတ် ကျွတ် ရှောင်ယွမ်ကို ကြည့်စမ်း သူက အရမ်းကို သိတတ်တာပဲ သူ့အမေရဲ့ဖုန်း သိပ်မကောင်းတာကို သိလို့ အသစ်တစ်လုံးတောင် ဝယ်ပေးလိုက်တာ..."

"ဟုတ်တယ် ရှောင်ယွမ်က ငယ်ငယ်လေးကတည်းက ဘယ်လောက်တောင် မိဘကို သိတတ်လဲဆိုတာ ငါ အမြဲတမ်း မြင်တွေ့ခဲ့ရတာပဲ..."

"ဒီဖုန်းက မိုက်တာပဲ အသစ်စက်စက်နဲ့ အရမ်းလှတယ် ဈေးကြီးမှာပဲနော်..."

"အင်း ငါထင်တာတော့ ဒီဖုန်းက အနည်းဆုံး ယွမ် ငါးထောင်လောက်တော့ ရှိမယ်ထင်တယ် ဟုတ်တယ်မလား..." ဘေးပတ်လည်ရှိ လူများက ပြောဆိုလိုက်ကြသည်။

"ရှောင်ဟိုင် မင်းက လူငယ်ဆိုတော့ ဒီဖုန်းက ဘာတံဆိပ်လဲ ဈေးဘယ်လောက်တန်လဲဆိုတာ သိလောက်မှာပေါ့..." အဘိုးအိုတစ်ဦးက သူ၏ဘေးရှိ လူငယ်အား မေးမြန်းလိုက်လေသည်။

ရှောင်ဟိုင် အမည်ရသော လူငယ်သည် ဖုန်းကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွား၏။

စုယွမ်သည် တက္ကသိုလ်မှ ယခုမှ ဘွဲ့ရခါစဖြစ်ပါလျက် အဘယ်ကြောင့် ဤမျှ ဈေးကြီးသော ဖုန်းကို ဝယ်ယူခဲ့သနည်း။

"အဟမ်း ဒီဖုန်းက ဟွာဖိုက်ကနေ ထုတ်ထားတဲ့ နောက်ဆုံးပေါ် မော်ဒယ်လေ အမြင့်ဆုံးဗားရှင်းဆိုရင် ယွမ် တစ်သောင်းကျော်တောင် ပေးရတာ..." ရှောင်ဟိုင်က ဖုန်းကို စစ်ဆေးကြည့်ရင်း ပြောဆိုလိုက်သည်။

"တစ်သောင်းကျော်တောင် ဟုတ်လား ဒါကြောင့် ရှောင်ယွမ်က သူ့မိသားစုအတွက်ဆို ပိုက်ဆံသုံးဖို့ ဝန်မလေးဘူးလို့ ငါပြောတာပေါ့ ယွမ်တစ်သောင်းဆိုတာ ငါ့အတွက် တစ်နှစ်စာ စားစရိတ်ပဲ..."

"ဘယ်သူ ငြင်းနိုင်မှာလဲ ငါက ဖုန်းတစ်လုံးအတွက် အဲဒီလောက် ပိုက်ဆံမသုံးနိုင်လို့ မဟုတ်ဘူး ပိုက်ဆံနှမြောနေလို့..."

"အဲဒါက ငါတို့လေ ရှောင်ယွမ်အတွက်ကတော့ ဒါက အသေးအဖွဲလေးပဲ မဟုတ်ဘူးလား ဇိမ်ခံကားကြီး နှစ်စီးတောင်ဆိုတော့ ဒီလိုဖုန်းမျိုး အလုံးပေါင်း ရာနဲ့ချီပြီးတောင် ဝယ်လို့ရတယ် မဟုတ်လား..."

လူတိုင်း ပြောဆိုနေသည်ကို ကြားချိန်တွင် ရှောင်ဟိုင်သည် သူ၏ဘေး၌ ရပ်ထားသော အနက်ရောင်ကားနှစ်စီးကို အလျင်အမြန် လှည့်ကြည့်လိုက်လေသည်။ သူသည် ယခင်က ထိုကားများကို သတိမထားမိခဲ့သော်လည်း ယခု မြင်တွေ့လိုက်ရချိန်၌ အလွန်အမင်း လန့်ဖြတ်သွားတော့၏။

"Lexus ..."

"မာစီဒီးဘင့်ဇ် G-Wagon.."

သူသည် ထိုကားနှစ်စီးကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ဤအခိုက်အတန့်၌ ရှောင်ဟိုင်၏ ရင်ထဲတွင် မုန်တိုင်းများ ထန်နေသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝ ထုံကျင်သွားပေ၏။

ဤသက်ကြီးရွယ်အိုများသည် ကားဈေးကြီးမှန်းကိုသာ သိကောင်းသိနိုင်သော်လည်း သူကတော့ ဤကားနှစ်စီးကို ဝယ်ယူနိုင်ရန် မည်ကဲ့သို့သော ငွေကြေးအင်အားမျိုး လိုအပ်သည်ကို သေချာပေါက် သိရှိထားလေသည်။

ယွမ် နှစ်သန်းကျော် ရှိရုံဖြင့် G-Wagon ကို ဝယ်ယူနိုင်မည်ဟု မဆိုလိုချေ။ ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အခြားဆက်စပ်ကုန်ကျစရိတ်များ အားလုံးက ငွေကြေးလိုအပ်ပေသည်။

ထို့အပြင် ဤကားများက တစ်စီးတည်း မဟုတ်ဘဲ နှစ်စီးတောင် ဖြစ်နေ၏။

စုယွမ် ဆင်းမ်ကတ်ထည့်နေသည်ကို ကြည့်ရင်း ရှောင်ဟိုင်၏ ရင်ထဲတွင် ခံစားချက်များ ရောထွေးသွားခဲ့သည်။

ရွာရှိ လူငယ်များထဲတွင် သူက အတော်ဆုံးဖြစ်သည်ဟု မူလက ထင်မှတ်ထားခဲ့ပြီး စုယွမ်အား မိခင်ဖြစ်သူအတွက် တစ်ပတ်ရစ်ဖုန်း ဝယ်ပေးရန်ပင် အကြံပေးခဲ့သေးသည်။

တကယ်တော့ စုယွမ်က ဇိမ်ခံကားနှစ်စီးကိုပင် ပိုင်ဆိုင်ထားပြီးဖြစ်နေလေ၏။

ကြီးမားလှသော ဤဆုံးရှုံးမှု ခံစားချက်ကြီးက သူ့ကို ခဏတာမျှ တွေဝေငေးမောသွားစေခဲ့သည်။

"ဘာဖြစ်လို့လဲ အစ်ကိုဟိုင်..." ရှောင်ဟိုင်၏ မျက်နှာအမူအရာကို သတိထားမိချိန်တွင် သူ အံ့အားသင့်နေကြောင်း စုယွမ် သိရှိသွားပြီး ကျုံးဟွာ စီးကရက် နှစ်ဘူးကို ယူကာ သူ၏လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

"ဒီစီးကရက်ကို ယူပြီး သောက်လိုက်ပါ..." စုယွမ်သည် ရှောင်ဟိုင်၏ အကျင့်စရိုက်ကို သိရှိထား၏။ သူ့တွင် မကောင်းသော ရည်ရွယ်ချက် မရှိသကဲ့သို့ စောစောက သတိပေးချက်မှာလည်း သူမကောင်းကျိုးအတွက်သာ ဖြစ်ပေသည်။

"အို အို..." ရှောင်ဟိုင် သတိပြန်ဝင်လာပြီး ကျုံးဟွာ စီးကရက် နှစ်ဘူးကို အလျင်အမြန် လှမ်းယူလိုက်သည်။

"အစ်ကိုယွန်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့ သိပ်မတွေ့ဖြစ်ကြဘူးနော် အစ်ကိုက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..." ရှောင်ဟိုင်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းကို ကုတ်ရင်း ပြောဆိုလိုက်၏။

"အစ်ကိုဟိုင် ဘာတွေပြောနေတာလဲ ကျွန်တော်တို့ အားလုံးက အတူတူ ကြီးပြင်းလာခဲ့ကြတာပဲ ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး..." စုယွမ်က ပြုံးလျက် ပြောလိုက်သည်။

ရှောင်ဟိုင်လည်း ပြုံးလိုက်ပြီး စုယွမ်၏ သဘောထားအပေါ် နက်ရှိုင်းစွာ လေးစားသွားခဲ့ပေ၏။

သာမန်လူတစ်ယောက်သာ အောင်မြင်သွားပါက ၎င်းတို့၏ ဆင်းရဲသော သူငယ်ချင်းများကို အချိန်ကြာမြင့်စွာကတည်းက ကန်ထုတ်ပစ်ခဲ့လောက်ပြီ ဖြစ်သော်လည်း စုယွမ်က သူ့ကို စီးကရက် ပေးနေဆဲဖြစ်ရာ ရှောင်ဟိုင်မှာ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားရလေသည်။

"အမေ အဖေ ဘယ်တော့ ပြန်လာမှာလဲ ပြီးတော့ ယောင်းယောင်းကရော..." စုယွမ်က မေးမြန်းလိုက်သည်။

ချန်ချွေ့ဖန်က ဖုန်းချလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တွေဝေမှုနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပေ၏။

"ဘာတွေဖြစ်သွားလဲ မသိဘူး ဒီမနက်တုန်းက ယောင်းယောင်းကို နွေရာသီကျောင်းပိတ်ရက်အတွက် သွားကြိုမယ်လို့ သူ ပြောသွားတယ် ဒါပေမဲ့ ခုနက ဖုန်းခေါ်လိုက်တော့ ဆူညံသံတွေ အများကြီး ကြားလိုက်ရပြီး စကားနည်းနည်းပဲ ပြောရသေးတယ် ဖုန်းချသွားတယ်..."

" ရှောင်ယွမ်... ယောင်းယောင်း ပြဿနာတစ်ခုခုများ ဖြစ်နေလို့လား မသိဘူးနော်..." ချန်ချွေ့ဖန်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေသည်။

All Chapters