← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) ပါးရိုက်ခြင်း

ကျောင်းဂိတ်ပေါက်မှ မီတာအနည်းငယ်အကွာတွင် စုယွမ်သည် သူ၏ G-Wagon ကားကို မောင်းနှင်လာစဉ် အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေ၏။

အဓိကအချက်မှာ ထိုအော်ဟစ်သံသည် အလွန်ရင်းနှီးနေပြီး သူ၏ဖခင် စုဖူချန် ဖြစ်နေပုံရပေသည်။

ထို့အပြင် သူ၏ ညီမဖြစ်သူ စုယောင်းနှင့် အလွန်တူသော အမျိုးသမီးတစ်ဦး၏ အသံလည်း ပါဝင်နေ၏။

စုယွမ် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူ၏ဖခင် စုဖူချန်သည် ရိုးသားသူ တစ်ဦး ဖြစ်လေသည်။ တစ်စုံတစ်ယောက်က သူ့အပေါ် အလွန်အမင်း ဆိုးရွားလွန်းသော အရာတစ်ခုခု မလုပ်ဆောင်သရွေ့ သူက ဒေါသထွက်မည် မဟုတ်ချေ။

ဘာတွေများ ဖြစ်သွားတာလဲ…

ဘေးရှိ ကားပါကင်ကို ကြည့်လိုက်သော်လည်း စုယွမ်သည် ကားရပ်မည့် အရိပ်အယောင် မပြခဲ့ချေ။ ထိုအစား သူသည် ကားဟွန်းကိုတီးကာ လူအုပ်ကြီးဆီသို့ တိုက်ရိုက် မောင်းနှင်သွားတော့သည်။

"တီ တီ တီ…"

ကားတစ်စီး ချဉ်းကပ်လာသည်ကို မြင်လိုက်ရချိန်တွင် လူအုပ်ကြီးသည် ထိတ်လန့်သွားပြီး ဖယ်ရှားရန် လုယက်ရှောင်တိမ်းကြလေ၏။ လူတစ်ဦးဆိုလျှင် ဖိနပ်တစ်ဖက်ပင် အနင်းခံရပြီး ကျွတ်ထွက်သွားခဲ့သည်။

"ချီးပဲ မင်း ကားမမောင်းတတ်ဘူးလား မင်းက ကားမမောင်းတတ်ဘဲနဲ့များ…" အမျိုးသားက ကျိန်ဆဲရန် ပြင်လိုက်သော်လည်း ကားမှာ မာစီဒီးဘင့်ဇ် G-Wagon ဖြစ်နေသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ ထိုတစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ ဒေါသများအားလုံး ပျောက်ကွယ်သွားတော့၏။

ဤအချိန်တွင် စုဖူချန်က အားတင်းကာ ထရန် ကြိုးစားနေခဲ့သော်လည်း အနားသို့ ကားတစ်စီး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသော လုံခြုံရေးဝန်ထမ်းမှာ ချက်ချင်း ထိတ်လန့်သွားခဲ့သည်။

ထို့နောက် သူသည် စုဖူချန်ကို ရိုက်တုတ်ဖြင့် ပြင်းထန်စွာ ရိုက်ချကာ မြေပြင်ပေါ်သို့ ထပ်မံ ဖိနှိပ်လိုက်လေသည်။

"အဖေ.. အဖေ.. အဆင်ပြေရဲ့လား

"ဘာလို့ သူ့ကို ဒီလို ရက်ရက်စက်စက် ဆက်ဆံနေရတာလဲ..."

စုယောင်း၏ အသံမှာ နာကျင်မှုနှင့် စိုးရိမ်မှုများဖြင့် တုန်ရီနေခဲ့လေသည်။

ဆရာမဝမ်နှင့် လျိုယန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

"တကယ်လို့ နင့်အဖေသာ ဒီကားကို ဝယ်နိုင်ခဲ့ရင် နင် ဒီလိုမျိုး ဆက်ဆံခံရမှာ မဟုတ်ဘူး…" ဟု ၎င်းတို့က အထင်သေးစွာဖြင့် စိတ်ထဲမှ တွေးလိုက်ကြပေ၏။

"စုယောင်း အဲဒီကားကို မြင်လား တကယ်လို့ နင့်မိသားစုသာ အဲဒီကားကို ဝယ်နိုင်ရင် ငါ့ပစ္စည်းကို နင်ခိုးမယ်လို့ ငါ သံသယဝင်မှာ မဟုတ်ဘူး သိလား…" လျိုယန်က ယခုလေးတင် ရပ်တန့်သွားသော ကားကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။

စုယောင်းသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမ၏ မျက်နှာပေါ်တွင် နာကြည်းမှုများ ပြည့်နှက်နေသော်လည်း အရှက်ရမှုက ပိုမိုကြီးမားနေခဲ့၏။

ကားရပ်ပြီးနောက် စုယွမ် ဆင်းလာခဲ့သည်။ သူ့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ၏ လူသားဗီဇများ နိုးကြားလာပြီး တုန်ရီသွားလေ၏။ ပြင်းထန်သော ဒေါသလှိုင်းတစ်ခုက သူ၏ ဦးခေါင်းဆီသို့ တိုးဝင်လာပြီး သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားတော့သည်။

ရိုက်တုတ်ဖြင့် ဖိချခံထားရသော ဖခင်ဖြစ်သူနှင့် အားနည်းစွာ ဒူးထောက်ကာ အော်ဟစ်နေသော ညီမဖြစ်သူကို မြင်တွေ့ရခြင်းက မည်သူမျှ လက်ခံနိုင်မည့် မြင်ကွင်းမျိုး မဟုတ်ဘဲ စုယွမ်သည်လည်း ချွင်းချက်မရှိခဲ့ချေ။

လုံခြုံရေးဝန်ထမ်း နှစ်ဦးကို မြင်လိုက်ရချိန်တွင် စုယွမ်သည် ရှေ့သို့ လျှပ်တစ်ပြက် ပြေးသွားလိုက်ပြီး လက်မောင်းတစ်ဖက်မှ သွေးကြောများ ထောင်ထလာကာ လုံခြုံရေးဝန်ထမ်းတစ်ဦး၏ မျက်နှာကို တိုက်ရိုက် ဖြတ်ရိုက်လိုက်လေသည်။

ဖြန်း ဖြန်း…

အလွန်ပြင်းထန်သော ပါးရိုက်ချက် နှစ်ချက်က လုံခြုံရေးဝန်ထမ်းကို မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့ပြီး သွေးအနည်းငယ်နှင့် သွားတစ်ချောင်းကို အန်ထုတ်သွားစေခဲ့၏။

စုယွမ်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် လူတိုင်း အံ့အားသင့်သွားကြပေသည်။

"မင်းက ပြဿနာရှာနေတာပဲ…" အခြားလုံခြုံရေးဝန်ထမ်းတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး စုယွမ်အား ပြန်ချရန်တုတ်ကို လှည့်လိုက်သည်။

သူ မလှုပ်ရှားနိုင်မီမှာပင် စုယွမ်သည် အားယူထားသော ခြေထောက်ဖြင့် သူ၏ ဗိုက်ကို တည့်တည့် ကန်ချလိုက်လေ၏။

ဘွတ်…

လုံခြုံရေးဝန်ထမ်း၏ မျက်နှာသည် နာကျင်မှုကြောင့် တွန့်လိမ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်း၏ ပါးစပ်များ ပွင့်ဟသွားပြီး မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့ကြ၏။ ဘာဖြစ်သွားသလဲဟုပင် မမေးမြန်းဘဲ လုံခြုံရေးဝန်ထမ်း နှစ်ဦးကို ချက်ချင်းပင် အလဲထိုးလိုက်လေသည်။

မင်းက G-Wagon မောင်းနေရင်တောင် ဒီလောက်ထိ အကြောင်းပြချက်မဲ့ လုပ်လို့မရဘူးလေ။

သို့ရာတွင် စုယွမ်ထံမှ ထွက်ပေါ်နေသော ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်ကြောင့် တရားမျှတသည်ဟု မိမိကိုယ်ကို ယူဆထားသော လူစုသည် ပြဿနာများထဲသို့ မပါဝင်စေရန် တိတ်ဆိတ်စွာနေရန် ရွေးချယ်လိုက်ကြသည်။

စကားကြီးစကားကျယ် ပြောဆိုခြင်းက ပြဿနာမရှိသော်လည်း တကယ်တမ်း ခက်ခဲသော ပြိုင်ဘက်နှင့် ကြုံတွေ့ရချိန်တွင် နောက်ဆုတ်နေခြင်းက ပိုကောင်းပေ၏။

အတန်းပိုင်ဆရာမဖြစ်သူ ဆရာမဝမ်သည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အလွန်အံ့အားသင့်သွားခဲ့သည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် စုယွမ်သည် မာစီဒီးဘင့်ဇ် G-Wagin ကို မောင်းနှင်လာကြောင်း ရုတ်တရက် သတိရသွားသဖြင့် သူမ၏ သဘောထားကို အလျင်အမြန် ပြောင်းလဲလိုက်လေသည်။

"လူကြီးမင်း လူတစ်ယောက်ကို ရိုက်နှက်တာက မှားပါတယ်…"

"ဒီနှစ်ယောက်က သူခိုးတွေပါ အခု ကျွန်မတို့က…"

ဆရာမဝမ် စကားပြော၍ မဆုံးသေးမီမှာပင် သူမ၏ ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ဖြန်း

သူမ၏ စိတ်အတွင်း ချက်ချင်း ဗလာကျင်းသွားခဲ့ပြီး ဦးခေါင်းတစ်ခုလုံး ပူထူသွားကာ ပါးပြင်ပေါ်တွင်လည်း မီးလောင်သကဲ့သို့ နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။

"မင်းက... ဘယ်သူ့ကို သူခိုးလို့ ခေါ်နေတာလဲ..."

စုယွမ်၏ မျက်နှာမှာ အလွန် မည်းမှောင်နေပြီး အသံကလည်း အေးစက်လှပေသည်။

ဆရာမဝမ်သည် လုံးဝ အံ့အားသင့်သွားခဲ့သည်။

သူမသည် ရောင်ရမ်းလာသော ပါးပြင်ကို လက်ဖြင့် အုပ်ထားကာ စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ဘဲ ထစ်အနေခဲ့လေသည်။

"အမ်း ကျွန်မက ဒီကိစ္စမှာ ပါဝင်တဲ့သူပါ လူကြီးမင်း အထင်လွဲနေတာ ဖြစ်နိုင်ပါတယ်…"

"ဒီတစ်ယောက်က ကျွန်မရေမွှေးကို ခိုးသွားပြီးတော့ ဝန်မခံဘူးလေ သူမက ကျွန်မကို အရင်စပြီး ရိုက်ဖို့ကြိုးစားလို့ ကျွန်မက…" လျိုယန်က စုယွမ်၏ သနားညှာတာမှုကို ရရှိရန် ကြိုးစားရင်း နစ်နာသူအဖြစ် ဟန်ဆောင်လိုက်သည်။ သူမ စကားပြောနေစဉ် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြကာ ဟန်ပန်တစ်ခုကို လုပ်ပြလိုက်၏။

ဖြန်း…

စုယွမ်တွင် အကြောင်းပြချက် ပေးနေသည့် အကျင့်မရှိချေ။ သူသည် လျိုယန်၏ မျက်နှာကို ချက်ချင်းပင် ဖြတ်ရိုက်လိုက်ရာ ထိုအားကြောင့် လျိုယန်မှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမျှ စကားမပြောရဲတော့ချေ။ အားလုံးက မျက်လုံးများ ပြူးကျယ်လျက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး စောစောက စုဖူချန်အား ဝေဖန်ခဲ့သကဲ့သို့ စုယွမ်ကို မဝေဖန်ရဲကြတော့ပေ။

"ရှင် ရှင်က ဘာအခွင့်အရေးရှိလို့ ကျွန်မကို ရိုက်ရတာလဲ…" လျိုယန်က မယုံကြည်နိုင်စွာဖြင့် စုယွမ်အား အော်ဟစ်လိုက်သည်။

ဆရာမဝမ်သည်လည်း အသက်ရှူပြင်းပြင်းရှူကာ အလွန်အမင်း စိတ်ပျက်နေပြီး သူမရှေ့ရှိ စုယွမ်အား စုရဲစွာ ကြည့်လိုက်၏။

"ငါ ရဲခေါ်လိုက်မယ် ငါ ရဲခေါ်လိုက်မယ်…"

ဤစကားကို ကြားချိန်တွင် စုဖူချန်သည် ဤကြင်နာတတ်သော လူငယ်လေးကို ပြဿနာထဲ ဆွဲသွင်းမိမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် မတ်တပ်ရပ်လိုက်သည်။

"ညီငယ်လေး မင်းရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မင်း မြန်မြန် ထွက်သွားသင့်တယ် ဒီပြဿနာထဲ မပါနဲ့…"

ဤစကားကို ကြားချိန်တွင် စုယွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် နူးညံ့သွားပြီး သူက ပြောလိုက်၏။

"အဖေ အဖေက ဘယ်သူ့ကို ညီငယ်လေးလို့ ခေါ်နေတာလဲ…"

ဤအခိုက်အတန့်၌ စုယွမ်သည် လှည့်ကြည့်လိုက်ရာ စုဖူချန်နှင့် စုယောင်းတို့ကို ချက်ချင်း အံ့အားသင့်သွားစေခဲ့တော့သည်။

စုယွမ်ပဲ…

"အစ်ကို…" စုယောင်းသည် မတရားအစွပ်စွဲခံရသော ကလေးတစ်ယောက်အလား မျက်ရည်များဖြင့် စုယွမ်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလေ၏။

စုဖူချန်သည် စုယွမ်၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူ၏ မျက်ရည်များကို ဆက်လက်မထိန်းထားနိုင်တော့ဘဲ ငိုကြွေးလိုက်တော့သည်။

"ဝါးးးး အစ်ကို သူတို့ ညီမလေးကို အနိုင်ကျင့်တယ် သူခိုးလို့ မဟုတ်မမှန် စွပ်စွဲတယ် ပြီးတော့ အဖေ့ကိုတောင် ရိုက်နှက်ကြသေးတယ်…" စုယောင်းက နာကြည်းစွာဖြင့် ပြောဆိုလိုက်သည်။

ဤသည်ကို မြင်လိုက်ရချိန်တွင် ထိုနေရာ၌ ရှိနေသူအားလုံး တွေဝေသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပေ၏။

ဒီလူကြီးမှာ မာစီဒီးဘင့်ဇ် G-Wagon ကို မောင်းတဲ့ သားတစ်ယောက် တကယ်ကြီး ရှိနေတာပဲ။

ဘုရားရေ…

ဒီလိုသားမျိုး ရှိနေတာတောင် အချိန်အတော်ကြာအောင် တိတ်တိတ်လေး နေနေခဲ့တာပဲ။

တကယ်လို့ ခင်ဗျားက စောစောစီးစီး ဖွင့်ပြောလိုက်ရင် လူတွေက ခင်ဗျားဘက်ကနေ စောစောစီးစီး ရပ်တည်ပေးကြမှာ မဟုတ်ဘူးလား။

တောက်ပနေသော မာစီဒီးဘင့်ဇ် G-Wagon ကို မြင်လိုက်ရချိန်တွင် လူအချို့က မျက်လုံးများ လှန်ကာ ရှေ့သို့ တက်လာပြီး ပြောဆိုလိုက်ကြ၏။

"ဒါက တကယ့်ကို လွန်လွန်းတယ် ခင်ဗျားတို့က ဒီလူကြီးကို ဘယ်လိုများ အနိုင်ကျင့်ရတာလဲ သက်သေအထောက်အထား တစ်ခုမှမရှိဘဲ သူခိုးလို့ စွပ်စွဲနေကြတာပဲ ခင်ဗျားတို့ ကျောင်းက ဆရာမတွေ အကုန်လုံးက ဒီလိုမျိုးချည်းပဲလား…"

တစ်စုံတစ်ယောက် ရှေ့ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် တရားမျှတသည်ဟု မိမိကိုယ်ကို ယူဆထားသော လူစုသည် စုဖူချန်အား လုံးဝ မဝေဖန်ခဲ့ဖူးသည့်အလား ၎င်းတို့၏ စွပ်စွဲမှု ဦးတည်ချက်ကို ချက်ချင်း ပြောင်းလဲလိုက်ကြလေသည်။

"ဒါက တကယ့်ကို လွန်လွန်းတယ် ငါ ဒီအကြောင်းကို ပြောချင်နေတာ ကြာပြီ တကယ်လို့ တစ်ယောက်ယောက်ကို သူခိုးလို့ စွပ်စွဲတော့မယ်ဆိုရင် သက်သေအထောက်အထား ပြသင့်တယ် မဟုတ်ဘူးလား…"

"ဟုတ်တာပေါ့ သက်သေအထောက်အထား တစ်ခုမှမရှိဘဲ သူခိုးလို့ စွပ်စွဲတာက သူတို့ကို မဟုတ်မမှန် စွပ်စွဲတာပဲ…"

"ရေမွှေးခိုးတယ် ဟုတ်လား သူတို့က ဘယ်လိုမိသားစုမျိုးက လာသလဲဆိုတာ မသိဘူးလား သူတို့က သိုသိုသိပ်သိပ် နေနေကြတာပဲ ဖြစ်ရမယ်…"

လူတစ်စုသည် ဆရာမဝမ်နှင့် လျိုယန်တို့ကို လက်ညှိုးထိုးကာ စတင်၍ ကြိမ်းမောင်းလိုက်ကြပြီး သူတို့၏ စကားများမှာ ပြင်းထန်ကာ တရားမျှတနေပေ၏။

"ရှင်တို့ ရှင်တို့တွေ…" ဆရာမဝမ်နှင့် လျိုယန်တို့ နှစ်ဦးစလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ စုယောင်း၏ အစ်ကိုက မာစီဒီးဘင့်ဇ် G-Wagon ကို တကယ်မောင်းလာမည်ဟု သူတို့က မည်သို့ သိနိုင်မည်နည်း။

ဒီလိုမှန်း စောစောကတည်းက သိခဲ့ရင် အဲဒီနှစ်ယောက်က စုယောင်းကို မဟုတ်မမှန် စွပ်စွဲရဲမှာ မဟုတ်ဘူး။

ဒါပေမဲ့ သူ ဆင်ခြေပေးနိုင်သရွေ့ သူတို့ လုပ်နိုင်တာ ဘာမှရှိမှာ မဟုတ်ပါဘူးလေ…

လျိုယန်က စိတ်ထဲမှ တွေးလိုက်၏။

ညီမဖြစ်သူ စုယောင်းကို နှစ်သိမ့်ပြီးနောက် စုယွမ်သည် သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဆရာမဝမ်နှင့် အခြားသူများဆီသို့ လျှောက်သွားလိုက်သည်။

စုဖူချန်သည် မစိုးရိမ်ဘဲ မနေနိုင်ခဲ့ချေ။ အကယ်၍ ရိုက်နှက်မှုအတွင်း တစ်စုံတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါက ဆိုးရွားပေလိမ့်မည်။

"သား အရမ်း မလွန်ကျွံစေနဲ့နော်…" စုဖူချန်သည် စုယွမ်၏ အကျင့်စရိုက်ကို သိရှိထား၏။ သူက အင်အားမသုံးဘဲ နေရန်မှာ မဖြစ်နိုင်ပေ။

"အင်း…" စုယွမ်က တိုးညင်းစွာ ပြန်ဖြေလိုက်သည်။

"ဘာလုပ်မလို့လဲ လူရိုက်တာက မှားတယ်နော် ပြီးတော့ ငါတို့က အရင် မှန်နေခဲ့တာပဲ နင်က ငါ့အပေါ် လက်ပါဖို့ ဘာအခွင့်အရေး ရှိလို့လဲ နင် ယုံလား ငါက…" လျိုယန်သည် မျက်နှာတစ်ဖက်ကို အုပ်ထားပြီး နောက်ဆုတ်သွားကာ သူမ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့၏။

"လူရိုက်တာက မှားတယ် ဒါပေမဲ့ တစ်ယောက်ယောက်ကို မဟုတ်မမှန် စွပ်စွဲတာကတော့ မှန်တယ်ပေါ့လေ…ဟုတ်လားး" စုယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လေသံမှာ အေးစက်နေကာ သွေးကြောများ ချက်ချင်း ထောင်ထလာပြီး လျိုယန်၏ အခြားပါးတစ်ဖက်ကို အကြမ်းပတမ်း ဖြတ်ရိုက်လိုက်လေတော့သည်။

All Chapters