← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) တစ်ချို့လူတွေ ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ဘူး

"ဒါက..."

စုဖူချန်သည် ခဏတာမျှ စုယွမ်ကို လှမ်းကြည့်လိုက်၏။

ရိုးရိုးသားသားပြောရလျှင် ဤသည်က ပြဿနာတစ်ခုဖြစ်သော်လည်း သူ၏သားဖြစ်သူ၏ လက်ရှိအရည်အချင်းများနှင့်ဆိုပါက လက်တွဲဖော်ကောင်းတစ်ယောက် ရှာဖွေရန်မှာ အလွန်လွယ်ကူလှပေသည်။

"ညီအစ်ကို ဖူချန် ကျွန်တော့်ရဲ့ ဒုတိယအဒေါ်ရဲ့ ဝမ်းကွဲညီမက ရှောင်ယွမ်နဲ့ အသက်ရွယ်တူလောက်ပဲ သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးရင်ရော ဘယ်လိုလဲ..." စောစောက စကားပြောခဲ့သော အမျိုးသားက အလျင်အမြန် ပြောလိုက်သည်။

"မဖြစ်နိုင်တာ ငါ့ဦးလေးရဲ့ တူမနဲ့ ရှောင်ယွမ်ကမှ တကယ့်ကို လိုက်ဖက်တာ..."

"ငါ့အစ်မရဲ့ တူမနဲ့ ရှောင်ယွမ်က ဇနီးမောင်နှံတွေလိုဘာလို့ ဒီလောက်တူနေတယ်လို့ ခံစားနေရတာလဲ..."

ချက်ချင်းပင် စုဖူချန်၏ ဘေးပတ်လည်ရှိ လူများသည် မင်္ဂလာကိစ္စကို အဆင်ပြေစေရန် မျှော်လင့်လျက် သူတို့၏ ဆွေမျိုးများကို စတင်မိတ်ဆက်ပေးကြတော့၏။

မည်သို့ပင်ဆိုစေကာမူ စုယွမ်သည် ယခုအခါ အလွန်စွမ်းဆောင်ရည်ရှိနေပြီဖြစ်ရာ သူ့ကို လက်ထပ်မည့်သူတိုင်း အလွန်ကံကောင်းမည်ဖြစ်ပြီး သူတို့လည်း အကျိုးအမြတ်များ ရရှိကြမည် ဖြစ်ပေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်းသည် အောင်သွယ်တော်များ ဖြစ်လာကြပြီး စုဖူချန်အား မိတ်ဆက်ပေးရန် အလုအယက် ကြိုးစားလာကြလေသည်။

စုဖူချန်သည် ချက်ချင်း အခက်တွေ့သွားတော့၏။

ဤလူများသည် ယခင်က ဤမျှလောက် စိတ်အားထက်သန်ခြင်း မရှိခဲ့ကြချေ။ ယခု ရှောင်ယွမ် အောင်မြင်နေသည်ကို မြင်တွေ့ရချိန်တွင် သူအတွက် အလားအလာရှိသော လက်တွဲဖော်များကို မိတ်ဆက်ပေးရန် အလုအယက် ကြိုးစားနေကြပေသည်။

ဤလူများ မိတ်ဆက်ပေးသောသူများ ယုံကြည်ရမှု ရှိမရှိကို စုဖူချန် သိရှိထားပြီး ၎င်းတို့အားလုံးမှာ ကိုယ်ကျိုးအတွက်သာ ဖြစ်ကြလေသည်။

"အဟမ်း အားလုံးပဲ အလားအလာရှိတဲ့ လက်တွဲဖော်တွေကို မိတ်ဆက်ပေးချင်တယ်ဆိုရင် ကာယကံရှင်ဖြစ်တဲ့ ကျွန်တော့်ကို အရင်ပြောသင့်တယ် မဟုတ်ဘူးလား..."

"ကျွန်တော့်အဖေက အိမ်ထောင်ဦးစီးနေရာကနေ အနားယူတော့မယ်လို့ ခုနလေးတင် ပြောသွားတယ်လေ..." စုယွမ်က လည်ချောင်းကို နှစ်ချက်ခန့် ရှင်းရင်း ပြောဆိုလိုက်၏။

"ဟုတ်တယ် ငါတို့မိသားစုမှာ အခု ရှောင်ယွမ်ကပဲ ဆုံးဖြတ်ချက်တွေ အကုန်ချတာ လောင်စုနဲ့ ငါက သူ့စကားကိုပဲ နားထောင်တာ ဟုတ်တယ်မလား လောင်စု..." ချန်ချွေ့ဖန်က အလျင်အမြန် လျှောက်လာခဲ့သည်။

"ဟုတ်တယ် ဟုတ်တယ် ဒါက မှန်တယ် အဲဒီဆုံးဖြတ်ချက်ကို ငါ မချနိုင်တော့ဘူး မိတ်ဆက်ပေးဖို့ ငါ့ကို လာမမေးကြနဲ့ ကလေးတွေက အခု ကြီးလာပြီဆိုတော့ ငါလာ်း သူတို့ကို မထိန်းချုပ်နိုင်တော့ပါဘူးလေ..." စုဖူချန်သည် ချွေးများရွှဲနစ်လျက် လူအုပ်ကြီးထဲမှ တိုးထွက်လာခဲ့ပေ၏။

လူတိုင်း ရပ်တန့်သွားပြီး စုယွမ်ကို ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က မေးလိုက်၏။

"ရှောင်ယွမ် ငါတို့ရဲ့ မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ..."

စုယွမ်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်၏။

လူတစ်ဒါဇင်ကျော်က သူ့ကို တစ်ယောက်ယောက်နှင့် သဘောတူအောင် အမြဲ ကြိုးစားနေကြပြီး တကယ်လို့ တစ်နေ့ကို ဘလိုင်းဒိတ်တစ်ခုစီ သွားနေရမည်ဆိုပါက သူ့အတွက် အလွန် စိတ်အနှောင့်အယှက် ဖြစ်ရပေလိမ့်မည်။

"ဦးလေးတို့ အဒေါ်တို့ အဘွားတို့ အခုလောလောဆယ် ကျွန်တော့်မှာ အဲဒီလို အစီအစဉ် မရှိသေးဘူး..."

"ဒါကြောင့် ကျွန်တော့်ကို ဘယ်သူနဲ့မှ မိတ်ဆက်ပေးပြီး အနှောင့်အယှက် မပေးကြပါနဲ့..."

"ကျွန်တော် အိမ်မှာ ဖြေရှင်းစရာလေးတွေ ရှိသေးလို့ ဒီမှာ ဆက်မစုဝေးကြပါနဲ့တော့..." စုယွမ်က လူတိုင်း ထွက်သွားသင့်ကြောင်း ရှင်းလင်းစွာ အချက်ပြလိုက်လေသည်။

စုယွမ်၏ စကားများကို ကြားလိုက်ရချိန်တွင် လူတိုင်းက အနည်းငယ် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ကြ၏။

ဤမင်္ဂလာကိစ္စသည် နောက်ဆုံးတွင် ပျက်ပြားသွားခဲ့ပြီး ယခု တစ်စုံတစ်ယောက်အား မျက်နှာလိုမျက်နှာရလုပ်ရန်မှာ ခက်ခဲသွားပေလိမ့်မည်။

"ကောင်းပါပြီ ရှောင်ယွမ် မင်း လက်တွဲဖော်ရှာဖို့ အဆင်သင့်ဖြစ်တဲ့အခါကျရင် ငါ့ကိုသာ ပြောလိုက်ပါ မင်းနဲ့ သင့်တော်မယ့် လူကောင်းတစ်ယောက်ကို ငါ သေချာပေါက် ရှာပေးပါ့မယ်..."

စကားပြောပြီးသည်နှင့် လူတိုင်းသည် နေရာလွတ်လေးထဲမှ ထွက်ခွာသွားကြလေသည်။

အတိတ်ကဆိုလျှင် စုယွမ်က ၎င်းတို့ကို ထွက်သွားရန် ပြောပါက သူတို့က အလေးအနက်ထားမည် မဟုတ်ချေ။ သို့သော် ယခုအခါတွင်မူ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ ထိုကားနှစ်စီးကို မြင်တွေ့ပြီးနောက် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ စုယွမ်အား မလေးမစား မလုပ်ရဲကြတော့ပေ။

ဤသည်မှာ ရုပ်ဝတ္ထုပစ္စည်းများမှ လာသော ယုံကြည်မှုပင် ဖြစ်တော့သည်။ စုဖူချန်သည် ထွက်ခွာသွားသော လူများကို တည်ငြိမ်စွာ နှုတ်ဆက်လိုက်၏။ နောက်ဆုံးလူ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် စုဖူချန်သည် အရိပ်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး အသစ်စက်စက် Lexus ကားထဲသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားတော့သည်။

စတီယာရင်ကို ပွတ်သပ်ပြီး ထိုင်ခုံခါးပတ်ကို ပတ်ကာ သော့ကို အနည်းငယ် လှည့်လိုက်ရင်း စုဖူချန်သည် ထိုခံစားချက်ထဲတွင် လုံးဝ နစ်မြောသွားခဲ့လေ၏။

"အဖေ့ရဲ့ မျက်နှာအမူအရာကို ကြည့်ပါဦး..." စုယောင်းက ဘေးမှနေ၍ ရယ်မောလိုက်သည်။

မကြာမီမှာပင် စုဖူချန်သည် ဧရိယာပတ်လည်ကို နှစ်ပတ်ခန့် မောင်းနှင်ကာ အပြည့်အဝ ပျော်ရွှင်နေခဲ့ပေ၏။

ဤကားအသစ်သည် တကယ်ကို ကောင်းမွန်ကြောင်း ပြောရပေမည်။ သူ၏ အိုနာဂျီကားစုတ်ကြီးထက် အများကြီး ပိုမိုကောင်းမွန်စွာ မောင်းနှင်နိုင်လေသည်။

"ရှောင်ယွမ် မင်း ပိုက်ဆံ ဘယ်လောက်တောင် ရှာနိုင်ခဲ့တာလဲ တစ်ခါတည်းနဲ့ ယွမ် ၄ သန်းတောင် သုံးပစ်လိုက်တာ..." စုဖူချန်က မေးလိုက်၏။

"သိပ်မများပါဘူး ဒါပေမဲ့ အဖေ တစ်သက်လုံး စားဝတ်နေရေးအတွက်တော့ လုံလောက်ပါတယ်..."

"အဲဒီအကြောင်း ဆက်မပြောကြတော့ဘူး ပစ္စည်းတွေ သွားရွှေ့ရအောင်..." စုယွမ်က စုဖူချန်အား ပြောလိုက်သည်။

"ငါ မရွှေ့..." စုဖူချန်က သူ မရွှေ့ဘူးဟု ပြောရန် ပြင်လိုက်စဉ် စုယွမ်သည် မောက်ထိုင် အရက်တစ်ဖာကို သယ်ကာ အိမ်ဆီသို့ သွားနေသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။ သူသည် ကားပေါ်မှ ခုန်ဆင်းကာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကားနောက်ခန်းဆီသို့ ပြေးသွားတော့သည်။

"ဘုရားရေ..."

"မောက်ထိုင် ဝူလျန်ယဲ့ နဲ့ ကျုံးဟွာတွေ သားက တကယ်ကို လက်ဖွာထားတာပဲ..." စုဖူချန်၏ မျက်လုံးများ လင်းလက်သွားပေသည်။ သူသည် မောက်ထိုင် အရက်ကို ဖုန်းထဲတွင်သာ မြင်ဖူးပြီး တစ်ကြိမ်တစ်ခါမျှ မသောက်ဖူးခဲ့ချေ။

သူ၏ ကိုယ်ပိုင်ဆိုင်လေးတွင် ထိုတုပထားသော အမှတ်တံဆိပ်များ ရှိသော်လည်း အစစ်အမှန် မောက်ထိုင်နှင့် တူညီမှု ရှိမရှိကို သူ မသေချာပေ။

ထို့အပြင် ဤကျုံးဟွာ စီးကရက်များကို သူတို့ဆိုင်တွင် နှစ်တောင့်ခန့်သာ ထားရှိသော်လည်း ယခုအခါ အတောင့်ပေါင်း ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့လေ၏။

သူသည် ပုံမှန်အားဖြင့် အလွန်ခါးသက်သော အပေါဆုံး ဟုန်ထာရှန်း စီးကရက်ကိုသာ သောက်လေ့ရှိသည်။ ကျုံးဟွာ စီးကရက်များ၏ အရသာမှာ မည်သို့ရှိမည်ကို သူ တကယ်ကို မသိရှိခဲ့ချေ။

"ဒီည ငါတို့ ကောင်းကောင်း သောက်ကြရမယ်..." စုဖူချန်က မှတ်ချက်ချလိုက်ပြီးနောက် ဝူလျန်ယဲ့ နှစ်ဖာနှင့် ကော်ကျောင်း နှစ်ဖာကို အထပ်လိုက်တင်ကာ သူတစ်ယောက်တည်း သယ်ဆောင်သွားလေတော့သည်။

အိမ်၏ ကြီးမားလှသော အပြောင်းအလဲကို ကြည့်ရင်း စုယောင်း၏ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေခဲ့၏။

ချန်ချွေ့ဖန်သည်လည်း အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်။

သို့သော် သူမက စုယောင်း၏ ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်ချိန်တွင်တော့ စုယောင်းမှာ အမှန်တကယ် နာကျင်သွားခဲ့လေသည်။

အရာအားလုံးကို ရွှေ့ပြောင်းပြီးနောက် စုယွမ်နှင့် အခြားသူများသည် အိမ်ထဲသို့ ပြန်ဝင်လာကြ၏။ စုယွမ်က သောက်ရေသန့်တစ်ပုလင်းကို ကောက်ကိုင်ကာ စတင်သောက်လိုက်သည်။

"ရှောင်ယွမ် မင်း အိမ်ဝယ်ပြီးပြီလား အရင်က မိတ်ဆက်ပေးခဲ့တဲ့ အောင်သွယ်တွေက ယုံကြည်လို့ရမပေမဲ့ မင်းကိုယ်တိုင် ဒီကိစ္စကို စဉ်းစားဖို့ လိုတယ်နော်..."

"ကျန်းချန်မှာ အိမ်ဝယ်တယ်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်လေး ရှိသွားတာပဲ..." ချန်ချွေ့ဖန်က ပြောဆိုလိုက်သည်။

"ဟုတ်တယ် မြစ်ဘေးနားက အိမ်တစ်လုံးကို ယွမ် လေးသန်းလောက်နဲ့ ဝယ်လိုက်တယ်..." စုယွမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

"ဒီစကားကို နားထောင်ကြည့်ပါဦး ဒါက လူတွေပြောတဲ့ စကားမျိုးလား မင်းအဖေက တစ်သက်လုံး ရှာတာတောင် ယွမ် လေးသန်းထက် ပိုမရှာနိုင်ခဲ့ဘူး..."

"ဒီကောင်လေး မင်းက ယွမ် သန်းချီပြီး လွှင့်ပစ်လိုက်တာပဲ..." စုဖူချန်သည် လက်တစ်ဖက်တွင် မောက်ထိုင်နှင့် အခြားလက်တစ်ဖက်တွင် ဝူလျန်ယဲ့ ကိုင်ထားပြီး ကျုံးဟွာ စီးကရက်ကို ပါးစပ်တွင် ခဲထားလျက် ရုတ်တရက် ချမ်းသာလာသူတစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။

"ဟားဟား နောက်ရက်အနည်းငယ်နေရင် အဖေတို့အတွက်လည်း တစ်လုံး ဝယ်ပေးမယ် ပြီးရင် ကျန်းချန်ကို အလည်သွားတဲ့အခါ တည်းစရာနေရာ ရှာစရာ မလိုတော့ဘူးပေါ့..." စုယွမ်က ရယ်မောလိုက်၏။

"တကယ်လား အစ်ကို ညီမ အခု ကျောင်းပိတ်ရက် ရပြီလေ ညီမကို ကျန်းချန်ဆီ ခေါ်သွားပြီး ရက်အနည်းငယ်လောက် လည်လို့ရမလား..." စုယောင်းက အနီးသို့ လျှောက်လာပြီး စုယွမ်၏ ပခုံးများကို နှိပ်နယ်ပေးရင်း မေးလိုက်သည်။

"ပြဿနာမရှိပါဘူး ညီမလေး လည်ချင်သလောက် လည်လို့ရတယ်..."

"အဲဒီအခါကျရင် ကျန်းချန် တစ်မြို့လုံးကို လိုက်ပို့ပေးမယ်..." စုယွမ်က ပြုံးလျက် ပြောဆိုလိုက်ပေသည်။

"ဟားဟား နွေရာသီကျောင်းပိတ်ရက်က အနားယူရမယ့် အချိန်ဆိုပေမဲ့ အရမ်းကြီး မလွန်ကျွံစေနဲ့နော် မင်းအစ်ကိုက အခု ပိုက်ဆံရှာနေတယ်ဆိုပေမဲ့ သူလည်း တော်တော် အလုပ်ရှုပ်နေတာ..." ချန်ချွေ့ဖန်က ပြောလိုက်၏။

"သမီး သိပါတယ် ရက်အနည်းငယ်လောက်ပဲ ကစားမှာပါ သမီးဘာသာ ကစားလို့ရပါတယ် အစ်ကို လိုက်ပို့စရာ မလိုပါဘူး..." စုယောင်းက ပြောဆိုလိုက်သည်။

"ညီမလေး သဘောပါပဲ..."

"ဒါနဲ့ စကားမစပ် ဒီနေ့ သားတို့ ဘာဖြစ်ခဲ့တာလဲ ဘာလို့ ဒီလောက် နောက်ကျမှ ပြန်လာကြတာလဲ..." ချန်ချွေ့ဖန်သည် စုဖူချန် ကျောင်းသားများကို သွားကြိုသည့်ကိစ္စကို ရုတ်တရက် သတိရသွား၏။ ထိုစဉ်က ဖုန်းထဲတွင် ဆူညံသံများစွာကိုသာ ကြားလိုက်ရပြီး ဘာဖြစ်သွားမှန်း သူမ မသိခဲ့ချေ။

"ဘာမှမဖြစ်ပါဘူး အဖေ့ကားက တစ်ယောက်ယောက်ရဲ့ လမ်းကို ပိတ်ထားမိလို့ လမ်းဘေးမှာ စကားနည်းနည်း များသွားကြတာပါ..." မိခင်ဖြစ်သူ ဒေါသထွက်နေမည်ကို စိုးရိမ်သဖြင့် စုယွမ်သည် အမှန်တရားကို မပြောရန် ရွေးချယ်လိုက်လေသည်။

"ဟုတ်တယ် မှန်တယ် အဲဒီလူက တကယ် ဆိုးတာ ဒါပေမဲ့ အစ်ကို ရောက်လာတော့ သူ အသံတောင် မထွက်ရဲတော့ဘူး..." စုယောင်းက အလျင်အမြန် ဖြည့်စွက်ပြောဆိုလိုက်၏။

"ဟားဟား ဘာဆိုးဆိုးရွားရွားမှ မဖြစ်ရင် ပြီးတာပါပဲ..." ချန်ချွေ့ဖန်သည်လည်း သံသယမဝင်ခဲ့ချေ။ ကားမောင်းနေစဉ် စကားများရန်ဖြစ်ခြင်းက အလွန်ပုံမှန်ကိစ္စတစ်ခု ဖြစ်ပေသည်။

ထိုသို့ပြောဆိုပြီးနောက် သူတို့မိသားစုလေးသည် နေ့လယ်စာကို စတင်ပြင်ဆင်ကြတော့၏။

စုယွမ် ဇာတိမြေသို့ အောင်ပွဲခံကာ ပြန်လာသည့်သတင်းသည် နာရီဝက်အတွင်းမှာပင် ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ရွာတစ်ရွာလုံးက ဤအကြောင်းကို ပြောဆိုနေကြလေသည်။

စုယွမ်၏ သတင်းကို ကြားရချိန်တွင် အချို့သူများက မနာလိုဖြစ်ကြပြီး အချို့က သက်ပြင်းချကြသော်လည်း အချို့ကမူ ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ချေ။

All Chapters