← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း (၈၂) အပြင်းအထန် ရန်ပွဲ

လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ချဉ်းကပ်လာသော လူနှစ်ဦးကို မြင်လိုက်ရချိန်တွင် စုယွမ်သည်လည်း အလွန်အမင်း အံ့အားသင့်သွားပြီး သူတို့ ဘာလုပ်ရန် ကြံစည်နေသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားခဲ့လေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် စုကျွင်းချန်နှင့် စုကျိုကျန်းတို့၏ လက်များသည် ဝူလျန်ယဲ့ တင်ထားသော သေတ္တာကို ထိမိသွားကြပေပြီ။

ထိုနှစ်ဦးသည် တစ်စက္ကန့်ခန့်မျှ တစ်ယောက်ကိုတစ်ယောက် စုရဲစွာ စိုက်ကြည့်လိုက်ကြ၏။

"စုကျိုကျန်း မင်း ဘာလုပ်နေတာလဲ..."

"ဒါတွေက ငါ့တူရဲ့ ပစ္စည်းတွေလေ မင်းက ဘာလို့ လာရှုပ်နေတာလဲ..." စုကျိုကျန်း၏ လုပ်ရပ်များကို မြင်လိုက်ရချိန်တွင် စုကျွင်းချန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟီးဟီး မင်းက ဒါကို စုယွမ်ပေးတဲ့ လက်ဆောင်လို့ တကယ်ကြီး ထင်နေတာလား..."

"မင်းက စုယွမ်ရဲ့ တတိယဦးလေး ဖြစ်ပေမဲ့ မင်းလုပ်ခဲ့တာတွေ အကုန်လုံးကို မေ့သွားပြီလား..."

"မင်းက ဒုက္ခရောက်နေတဲ့သူကို မကူညီတဲ့အပြင် ခနဲ့တဲ့တဲ့ စကားတွေတောင် ပြောသေးတယ် မဟုတ်လား မင်းက ဘယ်လိုများ ဒီနေရာမှာ စုယွမ်ရဲ့ ပစ္စည်းတွေကို လာထိရဲရတာလဲ..."

"မင်းကို အမှန်အတိုင်း ပြောရရင် စုယွမ်က ငါ့ရဲ့ ချန်ချန်ကို လာစေ့စပ်ဖို့ ဒီပစ္စည်းတွေ အကုန်လုံး ယူလာခဲ့တာဟ..."

"မင်းရဲ့ လက်တွေကို အခုချက်ချင်း ဖယ်လိုက်စမ်း..." စုကျိုကျန်းက နောက်မဆုတ်ဘဲ ပြန်လည်ချေပလိုက်ပေ၏။

နှစ်ဖက်စလုံးသည် ချက်ချင်းပင် ထိပ်တိုက်ရင်ဆိုင်လိုက်ကြရာ စက္ကန့်အနည်းငယ်အတွင်း လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့တော့သည်။

"ချီးပဲ မင်းရဲ့ ဝက်ဆူမကြီးကိုတောင် မင်း မကြည့်ဘူးလား စုယွမ်က သူ့ကို စိတ်ဝင်စားလိမ့်မယ်လို့များ မင်း အိပ်မက်မက်နေတာလား..." စုကျွင်းချန်က စုချန်ချန်အား ကျိန်ဆဲလိုက်လေသည်။

ဤစကားကို ကြားလိုက်ရချိန်တွင် စုချန်ချန်နှင့် လီမေ့ဟွာတို့သည် ဒေါသများ ပြည့်နှက်နေသော မျက်နှာများဖြင့် ရှေ့သို့ ချက်ချင်း ပြေးထွက်လာကြ၏။ အထူးသဖြင့် လီမေ့ဟွာသည် စုကျွင်းချန်အား သွားများပေါ်ကာ လက်သည်းများဖြင့် ကုတ်ရန်ပင် ပြင်လိုက်တော့သည်။

"အို ငါ့ရဲ့ လောင်စုရေ ရှင်က ငါတို့ကို အစောကြီး ထားသွားခဲ့တာပဲ...မုဆိုးမနဲ့ ကလေးတွေကို တစ်ယောက်တည်း ထားခဲ့ရက်တယ်ပေါ့... အခုဆို ဘယ်သူမဆို ငါတို့ကို အနိုင်ကျင့်လို့ ရနေပြီ..."

"လောင်စု ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါဦး ဒီည ဒီကျေးဇူးကန်းတဲ့ ကောင်ကို ခေါ်သွားလိုက်ပါတော့..." လီမေ့ဟွာသည် လက်ဟန်ခြေဟန် အမူအရာအမျိုးမျိုး လုပ်ပြရင်း သူမ၏အကျင့်ကို စတင်လိုက်လေတော့၏။

ဤသည်ကို မြင်လိုက်ရချိန်တွင် တတိယအဒေါ် ဝမ်တဖန်သည် ချက်ချင်း ရှေ့ထွက်လာပြီး ခါးထောက်ကာ ဒေါသမီးများ တောက်လောင်နေသော မျက်လုံးများဖြင့် "ဒီအဘွားကြီး နင်က အမြဲတမ်း ပြဿနာရှာနေတာပဲ... ဒီည နင့်ရဲ့ စောစောစီးစီး သေသွားတဲ့ လင်က နင့်မိသားစု တစ်ခုလုံးကို ခေါ်သွားလိမ့်မယ်ဆိုတာ သိရဲ့လား..." ဟု အော်ဟစ်လိုက်သည်။

"နင်ကတော့ နာရေးအတွက်ပဲ ကြိုပြင်ထားသင့်တယ်..."

"အခေါင်းထဲ ဝင်လှဲနေပြီး ကိုယ့်ဘာသာ မီးရှို့လိုက်တော့..."

"အနည်းဆုံးတော့ သူများကို ဒုက္ခမပေးတော့ဘူးပေါ့..."

" နင်မြေးမကရော ဘာထူးလဲ ဝတုတ်နေတာ..... ဝက်ကလေး ဆယ်ကောင်လောက် ကိုယ်ဝန်ဆောင်ထားရတဲ့ပုံနဲ့..."

"လူတိုင်းက နည်းပညာတွေ အရမ်းတိုးတက်နေပြီလို့ ပြောကြပေမဲ့ နင့်မြေးမ အရွယ်လောက် ကြီးတဲ့ ဝက်ကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူး..."

"နင့်မြေးမကို ဝက်မွေးမြူရေးခြံ မြန်မြန်ပို့လိုက်စမ်းပါ... ဝက်မျိုးဗီဇကို တိုးတက်အောင် လုပ်လိုက် ပြီးရင် ငါတို့အားလုံး ဝက်သားတုံး အကြီးကြီးတွေ စားရတဲ့အခါကျရင် နင့်ကို ကျေးဇူးတင်ကြလိမ့်မယ်..."

ဝမ်တဖန် ပါးစပ်ဟလိုက်သည်နှင့် စက်သေနတ်တစ်လက်ပမာ တံတွေးများ နေရာအနှံ့ လွင့်စင်သွားပြီး လီမေ့ဟွာ၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့၏။

လီမေ့ဟွာသည် လူယုတ်မာတစ်ဦး ဖြစ်သော်လည်း သူမ လုပ်နိုင်သမျှမှာ ဒေါသတကြီး အော်ဟစ်ကာ အရူးတစ်ယောက်အလား ပြုမူခြင်းသာ ဖြစ်ချေသည်။ စကားပြောဆိုရာတွင်မူ သူမသည် ဝမ်တဖန်၏ ပြိုင်ဘက် လုံးဝ မဟုတ်ချေ။

ဤစကားကို ကြားလိုက်ရချိန်တွင် သူမ၏ သွေးပေါင်ချိန်များ ရုတ်တရက် တက်လာပြီး သွေးကြောများပင် ရှင်းလင်းစွာ ပေါ်လာတော့သည်။

"နင်... နင်... နင်..." လီမေ့ဟွာသည် အလွန်အမင်း အံ့အားသင့်နေသော မျက်နှာဖြင့် ဝမ်တဖန်အား တုန်ရီနေသော လက်ချောင်းများဖြင့် လက်ညှိုးထိုးကာ ပြောလိုက်လေ၏။

သို့ရာတွင် ပေါင် ၂၀၀ ခန့် အလေးချိန်ရှိသော စုချန်ချန်သည် လုံးလုံးလျားလျား သည်းမခံနိုင်တော့ချေ။

တစ်စုံတစ်ယောက်က သူမကို ဝက်ဟု တကယ်ကြီး ခေါ်ဝေါ်ခဲ့သည်လော။

ပြီးတော့ အဲဒီလောက် ဆိုးရွားတဲ့ စကားတွေတောင် ပြောရက်တယ်ပေါ့လေ။

ထိုအခိုက်အတန့်၌ စုချန်ချန်၏ မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်သွားပြီး သူမ၏ လက်များကို ဆန့်တန်းကာ ဝမ်တဖန်ဆီသို့ တည့်တည့် ပြေးဝင်သွားတော့၏။

ဝမ်တဖန်သည် ဂုဏ်ယူဝင့်ကြွားနေစဉ်မှာပင် ကြီးမားလှသော အင်အားတစ်ခုက သူမကို လာမှန်သည်ဟု ခံစားလိုက်ရပြီး ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။ နောက်တစ်စက္ကန့်မှာပင် သူမသည် မြေပြင်ပေါ်သို့ တွန်းချခံလိုက်ရလေ၏။

"နင်က ဘယ်သူ့ကို ဝက်လို့ ခေါ်နေတာလဲ ထန်မင်းဆက်တုန်းက ဝတာကို အလှတရားလို့ သတ်မှတ်ခဲ့တယ်ဆိုတာသိရဲ့လား... တကယ်လို့ ငါသာ ထန်မင်းဆက်မှာဆိုရင် ယန်ကွေ့ဖေးထက်တောင် ပိုလှဦးမှာ..." စုချန်ချန်က အော်ဟစ်ကာ သူမအပေါ်သို့ ခုန်အုပ်လိုက်ပေသည်။

မြေပြင်ပေါ်တွင် လဲကျနေသော ဝမ်တဖန်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားသည့်အလား ကြီးမားသော အရိပ်မည်းကြီးတစ်ခု သူမဆီသို့ ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရ၏။

နောက်တစ်စက္ကန့်မှာပင် စုချန်ချန်သည် ဝမ်တဖန်၏ အပေါ်သို့ ခွထိုင်လိုက်လေတော့သည်။ ဤမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

စုချန်ချန် တကယ်ကြီး လက်ပါသွားပြီပဲ။

"ချန်ချန် သူ့ကို သေအောင်သာ ရိုက်စမ်း..." စုကျိုကျန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပေသည်။

စုချန်ချန်သည်လည်း အလျှော့ပေးခြင်း မရှိဘဲ ဝမ်တဖန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ရာ သူမကို မူးဝေသွားစေခဲ့၏။

အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်ကို မြင်လိုက်ရချိန်တွင် ဘေးပတ်လည်ရှိ လူများသည် မိသားစုနှစ်စု၏ လုပ်ရပ်များကို သဘောမကျသော်လည်း ရှေ့သို့ ပြေးဝင်လာကြလေသည်။

မည်သို့ပင်ဆိုစေကာမူ စုချန်ချန်၏ ကြီးမားသော ခန္ဓာကိုယ်ကြောင့် ဝမ်တဖန်မှာ လှုပ်ရှားမှု အနည်းငယ်အတွင်းမှာပင် သတိလစ်သွားနိုင်ပေ၏။

"ငါ့ကို လွှတ်... ငါ့ကို လွှတ်ဆိုလွတ်" စုချန်ချန်က အော်ဟစ်ရုန်းကန်နေသဖြင့် ကျေးလက်နေ သန်မာသော အမျိုးသားအချို့က သူမကို အပြင်သို့ ဆွဲထုတ်ရန် အလွန်အမင်း အားစိုက်ထုတ်လိုက်ရလေသည်။

"ချီးပဲ အသုံးမကျတဲ့ အမှိုက်မ..." စုကျွင်းချန်သည် မြေပြင်ပေါ်သို့ လဲကျနေသော ဝမ်တဖန်အား ဒေါသတကြီး ကျိန်ဆဲလိုက်၏။

"သူ့ကို တားဖို့ ဘယ်သူက ပြောလို့လဲ မင်း သူ့ကို သေတဲ့အထိ ရိုက်ပစ်သင့်တာ..." စုကျိုကျန်းကလည်း အော်ဟစ်လိုက်ပေသည်။

"တော်လောက်ပြီ..." ဤလုံးလုံးလျားလျား အဓိပ္ပာယ်မဲ့သော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် စုဖူချန်သည် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

ဒီမိသားစုနှစ်ခုက ဘာတွေ ဖြစ်နေကြတာလဲ။

ငါတို့က သူတို့ကို လာတွေ့တာ လုံးဝ မဟုတ်ဘူးလေ။

သူတို့က လုံးဝ စိတ်မလှုပ်ရှားကြဘူးလား။

"မင်းတို့နှစ်ယောက် ငါ့ပစ္စည်းတွေကို လွှတ်လိုက်စမ်း..." စုဖူချန်က သူတို့၏ လက်များကို ဖြတ်ရိုက်လိုက်လေသည်။

ပုံမှန်အားဖြင့် သဘောကောင်းတတ်သော စုဖူချန် ဒေါသထွက်နေသည်ကို မြင်လိုက်ရချိန်တွင် စုကျွင်းချန်နှင့် စုကျိုကျန်းတို့သည် အသက်ပင် ပြင်းပြင်း မရှူရဲကြတော့ချေ။

ယနေ့ စုဖူချန်သည် ယခင်က စုဖူချန် မဟုတ်တော့ချေ။ ၎င်းတို့ကို လုံးလုံးလျားလျား အထင်သေး၍ မရတော့ပေ။

"အရှက်မရှိတဲ့ ကောင်တွေ ဒီနေ့ ငါ ဒီကိုလာတာ မင်းတို့နဲ့ ဘာဆိုင်လို့လဲ..." စုဖူချန်က အော်ဟစ်လိုက်၏။

စုကျွင်းချန်နှင့် စုကျိုကျန်းတို့ လုံးလုံးလျားလျား တွေဝေသွားကြပြီး စုဖူချန်က အဘယ်ကြောင့် သူတို့ဘက်မှ မရပ်တည်ဘဲ သူတို့ကို ဆူပူကြိမ်းမောင်းနေရကြောင်း နားမလည်နိုင်အောင် ဖြစ်သွားကြတော့သည်။

လီမေ့ဟွာသည် သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်ပြီး ပြောဆိုလိုက်သည်။ "တူလေး ဖူချန် မင်း မှားနေပြီ မင်းက ကျိုကျန်းနဲ့ ခမည်းခမက်တော်တော့မှာကို သူ့ဘက်ကနေတောင် ဝင်မပြောပေးဘူး..."

"မင်းက ငါ့အိမ်ကို လာပြီး စေ့စပ်တာလေ ငါက ချန်ချန်ကို မင်းမိသားစုထဲ ပေးမဝင်မှာကို မကြောက်ဘူးလား..." လီမေ့ဟွာက လူကြီးတစ်ယောက်အလား ဆုံးမစကား ပြောဆိုလိုက်ပေ၏။

"ဟမ် ခုနက ဝမ်တဖန် ပြောသွားတဲ့စကားတွေက ရိုင်းပေမဲ့ တကယ်တော့ အမှန်တွေချည်းပဲ..."

"ဘယ်သူက မင်းတို့မိသားစုကို လာစေ့စပ်ချင်မှာလဲ မင်းတို့မိသားစုကို လူတိုင်းက ရွံရှာနေကြတာကို ငါ့ဆီကို မင်္ဂလာလာစေ့စပ်ဖို့ မင်းတို့ကများ ဘယ်လိုလုပ် တွေးရဲရတာလဲ အိပ်မက်သာ မက်နေလိုက်..." စုဖူချန်သည် ကိုယ်ထိလက်ရောက် မကျူးလွန်မိစေရန် အတင်းအကျပ် ထိန်းချုပ်ထားရင်း မှုန်ကုပ်စွာ ပြောဆိုလိုက်သည်။

"ဒါက..." လီမေ့ဟွာ၏ မျက်လုံးများ ပြူးကျယ်သွား၏။ စုဖူချန်က လာစေ့စပ်တာ မဟုတ်ဘူးလား။ သူက ချန်ချန်ကိုတောင် သဘောမကျဘူးလား။ သူ့အကြိုက်က တကယ်ကြီး ဒီလောက်တောင် ဆိုးရွားနေတာလား။

သူ မြေးမလိုချင်တော့ဘူးလား။

ဤစကားကို ကြားလိုက်ရချိန်တွင် စုကျွင်းချန်သည် အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်တော့သည်။

"ဟားဟားဟား ဒုတိယအစ်ကို ကောင်းကောင်းပြောလိုက်တာပဲ.. သူ့မိသားစုက ဘာအခွင့်အရေး ရှိလို့လဲ..."

"ရှောင်ယွမ် မင်းကိုယ်မင်း အပင်ပန်းမခံပါနဲ့ စီးကရက်နဲ့ အရက်တွေကို ငါ့ကို မြန်မြန်ပေးလိုက် ငါတို့ ကောင်းကောင်း သောက်ကြတာပေါ့..." စုကျွင်းချန်သည် စုယွမ် ကိုင်ဆောင်ထားသော ပစ္စည်းများကို လှမ်းယူရင်း ပြောဆိုလိုက်ပေသည်။

"ထွက်သွား..." စုယွမ်သည် မျက်မှောင်ကြုတ်ကာ တတိယဦးလေး၏ ခံစားချက်များကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ ပြတ်သားစွာ အော်ဟစ်လိုက်၏။

"သူ့မိသားစု စုကျိုကျန်းက ဘာမှသုံးစားမရပေမဲ့ ခင်ဗျားကရော လူကောင်းလား..."

"ခင်ဗျားက ဘယ်ကနေ သတ္တိတွေ ရနေတာလဲ..." စုယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ ရင်ထဲတွင် တတိယဦးလေး၏ ဂုဏ်သိက္ခာကို ဂရုမစိုက်တော့သလို လူကြီးတစ်ယောက်၏ စကားများကိုလည်း အလေးထားနေရန် မလိုအပ်တော့ချေ။

"ဒါက..." စုကျွင်းချန်၏ မျက်လုံးများ လုံးလုံးလျားလျား မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားတော့၏။

တူဖြစ်သူက သူ့အား လူသိရှင်ကြား ပြစ်တင်ကြိမ်းမောင်းလိုက်သဖြင့် သူ အလွန်အမင်း ဒေါသထွက်သွားခဲ့သော်လည်း ပြန်လည်မတုံ့ပြန်ရဲခဲ့ချေ။ သူသည် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်သူ ဖြစ်ရာ စုယွမ် မည်မျှအစွမ်းထက်နေကြောင်း မြင်တွေ့ပြီးနောက် သူ့အပေါ် အနည်းငယ်မျှပင် ဒေါသမထွက်ရဲတော့ပေ။

"ဟားဟားဟား ဒါကလည်း မင်းအတွက် လက်ဆောင်မှ မဟုတ်တာကြီးကို..." စုကျိုကျန်းက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်လေသည်။

ဘေးပတ်လည်ရှိ လူများသည်လည်း အံ့မခန်း ပြဇာတ်တစ်ပုဒ်ကို ကြည့်ရှုနေရသကဲ့သို့ ဖြစ်နေ၏။ ဤမိသားစုနှစ်ခုက စုယွမ်သည် သူတို့ကို လက်ဆောင်ပေးမည်ဟု အဘယ်ကြောင့် ထင်မှတ်နေကြကြောင်း ၎င်းတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

သူတို့က တည့်တည့်မှာရှိတဲ့ စုကော်ချန်ရဲ့ အိမ်ဘက်ကို လျှောက်သွားနေတာ မတွေ့ကြဘူးလား။

ဤအခိုက်အတန့်၌ စုကော်ချန်အိမ်၏ အရှေ့တံခါးမှာ ရုတ်တရက် ပွင့်လာပြီး စုကော်ချန်နှင့် သူ၏ဇနီးတို့ ထွက်လာကာ ထိုမြင်ကွင်းကို နားမလည်နိုင်သော မျက်နှာအမူအရာများဖြင့် ကြည့်လိုက်ကြပေသည်။

"ဘာတွေဖြစ်နေတာလဲ..." ဝက်တစ်ကောင်အလား ဖိချခံထားရသော စုချန်ချန်ကို ကြည့်ရင်း စုကော်ချန်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်တော့သည်။

All Chapters