← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အပိုင်း ၁၉၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လက်ရှိအချိန်၌ ကွေ့ရှင်းဖူ အကြည့် သက်သက်ဖြင့် အရှင်လတ်လတ် မီးရှို့ပစ်နိုင်စွမ်းရှိလျှင် ဆိုလွန် တစ်ယောက် ပြာဖြစ်နေလောက်လေပြီ။

အစောက ဆိုလွန်က အေးအေးချမ်းချမ်း လမ်းခွဲရန် သဘောတူခဲ့သည်။ အေးအေးချမ်းချမ်း ကွာရှင်းပြီး ငြိမ်းချမ်းစွာ နှုတ်ဆက်ကြရမည် ဖြစ်၏။

သို့သော် ဆိုလွန်က အရှက်ရဖွယ် ကွာရှင်းစာချုပ်ကို ထုတ်ယူကာ ကွေ့ချင်းရှောင်း၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိမ့်မည်ဟု ကွေ့ရှင်းဖူ လုံးဝ မထင်မှတ်ထားခဲ့မိချေ။

ထိုအရာက သူ၏ သမီးဖြစ်သူနှင့် ကွေ့မိသားစု၏ ဂုဏ်သိက္ခာအပေါ် မည်မျှပင် ထိခိုက်သွားစေမည်နည်း။

ကွေ့ရှင်းဖူသည် ဟန်ဆောင်ကောင်းပြီး လုံးဝကို အရှက်မရှိသူ တစ်ယောက် ဖြစ်နိုင်သော်လည်း သူ၏ သမီးအပေါ်ထားသည့် ချစ်ခြင်းမေတ္တာကတော့ စစ်မှန်လှသည်။

သူ့၌ သားသုံးယောက် ရှိသော်လည်း သမီးတစ်ယောက်သာ ရှိ၏။ သူက သမီးဖြစ်သူအား အဖိုးတန် ရတနာတစ်ပါးကဲ့သို့ သဘောထားကာ လက်ဖဝါးပေါ်၌ တယုတယ ထွေးပိုက်ထားခဲ့သည်။

ထို့အတွက်ကြောင့်ပင် ကွေ့ချင်းရှောင်းက အလွန်တရာ မာနကြီးပြီး ကိုယ့်သဘောကိုယ်လုပ်တတ်သူ အဖြစ် ကြီးပြင်းလာခဲ့ခြင်းပင်။

ငယ်စဉ်ကလေးဘဝမှစ၍ အရွယ်ရောက်သည်အထိ သူ၏ သမီးဖြစ်သူမှာ ကြယ်ရံသည့် လမင်းကဲ့သို့ လူတိုင်း၏ မြတ်နိုးမှုကို ခံခဲ့ရသည်။ တော်ဝင်မြို့တော်၌ပင် မရေမတွက်နိုင်သော လူငယ်အထက်တန်းလွှာများက သူမအား ဝိုင်းဝိုင်းလည်နေကြပြီး အဆုံးမရှိ မြှောက်ပင့်ဖားယားနေခဲ့ကြ၏။

သို့သော် ယနေ့၌မူ ဆိုလွန်က သူမအား လူပုံအလည်၌ ပါးရိုက်တော့ မတတ် အရှက်ခွဲလိုက်လေပြီ။

ထို့အပြင် ကွေ့ရှင်းဖူ အနေဖြင့် ဆိုလွန်က အဘယ်ကြောင့် ဤသို့လုပ်ရသည်ကို နားမလည်နိုင်ဖြစ်နေမိ၏။ ထိုလုပ်ရပ်က သူ့အတွက် မည်သည့် အကျိုးအမြတ်မှ မရှိဘဲ အခြားသူကိုသာ ထိခိုက်စေသည်။

သူတို့ ကွေ့မိသားစုအား ရန်စရသည်က ပျော်စရာကောင်းသည်ဟု ထိုအကောင်ညထင်နေသည်လား။

ကွေ့ရှင်းဖူ တုန်ယင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။ "ဘာလို့လဲ။ မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ။ မင်း လိုချင်တာကို ရသွားပြီပဲ။ ဘာလို့ သိက္ခာရှိရှိ အဆုံးမသတ်နိုင်ရတာလဲ။ ဘာလို့ ကိုယ့်အတွက် အကျိုးမရှိဘဲ သူများထိခိုက်မယ့် အလုပ်ကို လုပ်ရတာလဲ။ မင်းရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက်နဲ့ ဘာလို့ ငါ့သမီးကို နင်းခြေရတာလဲ။"

ဆိုလွန်က လူယုတ်မာဆန်သည့် အပြုံးဖြင့် ပြောလိုက်သည်။ "မှန်တယ်။ ကျုပ်ရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက်ပဲ။"

ကွေ့ရှင်းဖူက ခက်ထန်စွာ ပြောလိုက်၏။ "မင်းလို လူမိုက်... သေးသိမ်ပြီး အမြော်အမြင်မရှိတဲ့ လူမိုက်..."

ဆိုလွန်က စကားလုံး တစ်လုံးချင်းစီကို အလေးအနက်ထား၍ အေးစက်စွာ ပြောလိုက်သည်။ "ကျုပ်က ဘယ်တုန်းကမှ ခွင့်လွှတ်တတ်တဲ့သူ မဟုတ်ဘူး။ အသေးအဖွဲ ကိစ္စလေးကိုတောင် အမြဲတမ်း ကလဲ့စားချေတယ်။ တစ်ယောက်ယောက်ကများ ကျုပ်ကို အရှက်ခွဲလာရင် သူတို့ ကျုပ်ကို မသတ်နိုင်သရွေ့... ကျုပ်က သူတို့ကို ဆယ်ဆ ပြန်ပေးဆပ်စေရမယ်။"

သခင်မ ထူလင်းစီက ရုတ်တရက် ခက်ထန်စွာ မတ်တပ်ရပ်လိုက်ပြီး ဆိုလွန်အား လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ "ခွေးရူး... နင်က ခွေးရူးပဲ။ နင့်အဖေလည်း ခွေးရူးပဲ ၊ နင်လည်း ခွေးရူးပဲ။"

ထူလင်းစီက မြို့စားကြီး ဆိုလုံကို ခွေးရူးဟု ခေါ်ဆိုရခြင်းမှာ သူ၏ ခေါင်းမာပြီး ဖြောင့်မတ်လွန်းသည့် သဘာဝကြောင့် ဖြစ်သည်။

သူက ဒူးထောက်ရမည့်အစား ရိုက်ချိုးသည်ကိုသာ ခံမည့်သူမျိုး ဖြစ်၏။ အတိတ်က စစ်ရေးလှုပ်ရှားမှု တစ်ခုအတွင်း သူက ထူလင်းမိသားစုမှ လူငယ်တစ်ဦးအား တပ်ပြေးဖြစ်မှုဖြင့် ကွပ်မျက်ခဲ့သည်။

ထူလင်းထော်က ကောင်းကောင်း ကွပ်မျက်နိုင်ခဲ့တယ်။ ထူလင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတဲ့အတွက် မြို့စားကြီး ဆိုလုံကို ကျေးဇူးတင်ပါတယ်ဟူ၍ လူသိရှင်ကြား ချီးကျူးခဲ့သော်လည်း အမှန်တကယ်၌မူ ထူလင်းမိသားစုက ဆိုလုံကို အရိုးထဲစွဲသည်အထိ မုန်းတီးခဲ့ကြသည်။

ဆိုလွန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။ "မြို့စားကွေ့... ခင်ဗျားအပေါ်ရှိနေတဲ့ ကျုပ်အဖေရဲ့ ကျေးဇူးတရားက တောင်တန်းကြီးတစ်ခုလို လေးလံတယ်။ ခင်ဗျား မိန်းမကိုတောင် ခင်ဗျား မထိန်းချုပ်တော့ဘူးလား။ သူ ဒီလို အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာကို ဒီအတိုင်း လွှတ်ထားတော့မလို့လား။"

ထူလင်းစီက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ "ငါ ပြောတာ တစ်ခုခုများ မှားသွားလို့လား။ နင့်အဖေက ခေါင်းမာတဲ့ ခွေးရူးလေ။ ဒါကြောင့်မို့လို့ သူ ရသင့်ရထိုက်တာကို ရသွားတာပေါ့။ ဆယ်နှစ်တောင် ဒုက္ခိတဖြစ်ခဲ့ပြီးတော့ အသက်ခြောက်ဆယ်တောင် မပြည့်ခင် သေသွားခဲ့ရတာလေ။"

ထူလင်းစီ၏ စရိုက်လက္ခဏာမှာ ကွေ့ချင်းရှောင်းနှင့် တစ်ထပ်တည်းတူညီ၏။ ကိုယ့်သဘောကိုယ်လုပ်တတ်ပြီး မာနကြီးသည်။ ပုံမှန်အားဖြင့် သူမသည် အထက်တန်းလွှာ အမျိုးသမီးတစ်ဦး၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာများကို ထိန်းသိမ်းထားနိုင်သော်လည်း လက်ရှိအချိန်၌မူ ဒေါသက ငယ်ထိပ်အထိ ရောက်နေသောကြောင့် ကျင့်ဝတ်စည်းကမ်းများ အားလုံးကို လုံးဝ လွှင့်ပစ်လိုက်တော့သည်။

သို့သော်... သူမ၏ စကားများက ဆိုလွန်၏ သည်းခံနိုင်စွမ်း ကန့်သတ်ချက်ကို ချက်ချင်းပင် ကျော်လွန်သွားစေ၏။

ဆိုလွန်၏ အကြည့်တို့က ထူလင်းစီ၏ ကြီးမားသည့် ရင်အုံနှင့် ပေါင်ကြားသို့ ချက်ချင်း ကျဆင်းသွားပြီး မကောင်းဆိုးဝါးဆန်ဆန် စိုက်ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။

"သခင်မ ထူလင်း... မင်းသား ကျိလီက အိမ်ထောင်သည် အမျိုးသမီးတွေကို အနှစ်သက်ဆုံးပဲ။ သူ့ရဲ့ lee က အရသာရှိရဲ့လား။"

ထိုသည်ကို ကြားသောအခါ ထူလင်းစီမှာ အသက်ရှူမှားသွားပြီး သတိလစ်မတတ်ပင် ဖြစ်သွားရသည်။

ကွေ့ရှင်းဖူ၏ အမြင်အာရုံများ မှောင်မိုက်သွား၏။ သူ နောင်တရသွားမိသည်။ သူ့ မိန်းမကို တားခဲ့သင့်သည်။ ထို မကောင်းဆိုးဝါးလေးအား သွားမဆွသင့်ပေ။

ထိုမျိုးမစစ်လေးက အသေးအဖွဲ ကိစ္စလေးကိုပင် ကလဲ့စားချေတတ်သည်။ အဆိပ်ပြင်းသည့် မြွေတစ်ကောင်နှင့် လုံးဝကို တူညီ၏။ သူ့အပေါ် မည်မျှပင် အဆိပ်ပြင်းသည့် စကားလုံးများကို သုံးပါစေ... သူက အဆပေါင်းများစွာ ပိုဆိုးအောင် ပြန်လည်ကလဲ့စားချေမည် ဖြစ်ပြီး အကြောက်ရွံ့ဆုံး အရာကို အတိအကျ နင်းခြေလိမ့်မည်။

ယနေ့ ဤစကားများသာ ပြန့်နှံ့သွားပါက ကွေ့ရှင်းဖူ၏ ဂုဏ်သိက္ခာမှာ ရစရာမရှိအောင် ပျက်စီးသွားလိမ့်မည်။

တော်ဝင်မြို့တော်ရှိ အထက်တန်းလွှာ အများအပြားမှာ ခိုင်မာသည့် အခြေခံအုတ်မြစ် မရှိကြောင်းကို သူ သိထား၏။ မင်းသား ကျိလီက အိမ်ထောင်သည် အမျိုးသမီးများကို နှစ်သက်ကြောင်း သိထားသောကြောင့် သူတို့က မျက်နှာသာရရန်အတွက် သူတို့၏ ဇနီးများကိုပင် ကျိလီ ပျော်ပါးရန် ဆက်သကြလိမ့်မည်။

သို့သော် ကွေ့ရှင်းဖူက ခိုင်မာသည့် အခြေခံအုတ်မြစ်နှင့် တန်ခိုးဩဇာ ကြီးမားသည့် ပဒေသရာဇ် မြို့စားတစ်ယောက် ဖြစ်၏။

သူအနေဖြင့် ထိုကဲ့သို့ ယုတ်မာသည့် အလုပ်မျိုးကို လုပ်စရာ မလိုအပ်ချေ။ ထို့အပြင် သူသည် ဇနီးဖြစ်သူအား နက်ရှိုင်းစွာ ချစ်မြတ်နိုးပြီး အလွန်အမင်း သဝန်တိုတတ်သည်။

အခြားယောက်ျားတစ်ယောက်က သူမအား ကြည့်လိုက်လျှင်ပင် သူ ဒေါသထွက်တတ်ရာ ကိုယ့်ဇနီးကို အခြားသူအား ဆက်သခြင်းကဲ့သို့ အရှက်မရှိသည့် အလုပ်မျိုးကို မည်သို့လုပ်နိုင်မည်နည်း။

သို့သော် ယနေ့ ဆိုလွန်က ဤသို့ ပြောလိုက်ပြီဖြစ်ရာ လူတိုင်းက အမှန်ဟု ထင်မှတ်သွားကြတော့လေမည်။ ကွေ့ရှင်းဖူက သူ၏ ဇနီးအား မင်းသား ကျိလီထံ ဆက်သလိုက်သည်ဟု ယုံကြည်သွားကြမည် ဖြစ်၏။

ကွေ့ရှင်းဖူက စကားတစ်ခွန်းချင်းစီကို အတင်းညှစ်ထုတ်၍ ပြောလိုက်သည်။ "ထွက်သွားစမ်း။ ငါ့ရဲ့ မြို့စားအိမ်တော်ထဲကနေ လိမ့်ထွက်သွားစမ်း။ မင်းကို ဒီမှာ ကြိုဆိုမနေဘူး။"

ဆိုလွန်ကလည်း ခက်ထန်စွာ တုန့်ပြန်လိုက်၏။ "မြို့စားကွေ့... ခင်ဗျားရဲ့ ကတိကို မှတ်ထားပါ။ သုံးရက်အတွင်းမှာ စတုရန်းကီလိုမီတာ နှစ်ထောင်ရှိတဲ့ နယ်မြေကို ကျုပ်ဆီ လွှဲပေးရမယ်။ အစ်မ... သွားကြစို့"

ထိုသို့ပြောပြီးနောက် ဆိုလွန်က ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့ကို ခေါ်ကာ မောက်မာစွာဖြင့် ထွက်ခွာသွားလေတော့သည်။

ကျန်ရှိနေသည့် ဧည့်သည်များ အားလုံးကလည်း တိတ်ဆိတ်စွာပင် ထွက်သွားကြ၏။

**--**--**--**--**--**--**--**

သိပ်မကြာခင်မှာပင် ခန်းမကြီး တစ်ခုလုံး၌ ကွေ့ရှင်းဖူနှင့် သူ၏ ဇနီး နှစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့တော့သည်။

ထူလင်းစီမှာ ဆက်၍ မထိန်းထားနိုင်တော့ချေ။ ဒေါသတကြီး ငိုကြွေးရင်း သူမ အော်ဟစ်လိုက်သည်။ "ကွေ့ရှင်းဖူ... ရှင် သူ့ကို သတ်ရမယ်။ သူ့ကို သတ်ပစ်"

ကွေ့ရှင်းဖူကမူ ထိုင်ခုံပေါ်သို့ ပြိုကျသွားပြီး တိတ်ဆိတ်နေလိုက်၏။

ထူလင်းစီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အသုံးမကျတဲ့ သူရဲဘောကြောင်တဲ့ကောင်။ ရှင့်မိန်းမနဲ့ ရှင့်သမီးကို တခြားလူတွေက ဒီလိုမျိုး အနိုင်ကျင့်နေတာကို ရှင်က ဘယ်လိုလုပ်ပြီး ခွင့်ပြုထားနိုင်ရတာလဲ။ ရှင်လို ယောက်ျားမျိုးက အသက်ရှင်နေတော့ရော ဘာထူးမှာလဲ။ ဒီလို မတရားမှုကို ကျွန်မ ခံစားစရာမလိုတော့အောင်လို့ တစ်နေ့ကြရင် တကယ်ပဲ ရှင့်ကို ဦးထုပ်စိမ်း ဆောင်းပေးပစ်လိုက်မယ်။"

သူမ၏ ရင်အုံမှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမ၏ ကြီးမားသည့် ရင်သားများမှာ အဝတ်အစားများထဲမှ ပေါက်ကွဲထွက်လာတော့မည့်အလား ပုံပေါက်နေ၏။

ကွေ့ရှင်းဖူက ဘာမှ မပြောလာသေးချေ။

ထူလင်းစီက ခင်ပွန်းဖြစ်သူအား လက်ညှိုးထိုးကာ ဆက်၍ ပြောလိုက်၏။ "ရှင်က တကယ်ပဲ ကျွန်မရဲ့ ခင်ပွန်း ၊ ရှောင်ရှောင်းရဲ့ အဖေဆိုရင် သူ့ကို ရှင် သတ်ကို သတ်ရမယ်။ ဘာအကျိုးဆက်ပဲ ဖြစ်လာပါစေ... ကျွန်မ တာဝန်ယူမယ်။ ကျွန်မရဲ့ ထူလင်း မိသားစုက တာဝန်ယူလိမ့်မယ်"

သည်းမခံနိုင်တော့သည့် အဆုံး ကွေ့ရှင်းဖူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။"

သူက ဇနီးဖြစ်သူအား ဆွဲဖမ်းကာ စားပွဲပေါ်သို့ တွန်းချလိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ သူမ၏ စကတ်ကို ခက်ထန်စွာ ဆွဲဖြဲလိုက်ကာ **************

ထူလင်းစီက အစပိုင်း၌ ကျိန်ဆဲနေခဲ့သော်လည်း နောက်ပိုင်းတွင် အသက်ရှူသံများ ပြင်းပြလာပြီး သူ့ထံသို့ ယဉ်ကျေးနူးညံ့စွာ အညံ့ခံလိုက်လေတော့သည်။

တစ်ချိန်တည်းမှာပင် မြို့စားအိမ်တော်၏ အစေခံမလေးများက တံခါးများအားလုံးကို လျင်မြန်စွာ ပိတ်လိုက်ကြပြီး ဆုတ်ခွာသွားကြ၏။

သူတို့၏ ပြင်းပြသည့် ကိစ္စများ ပြီးဆုံးသွားပြီးနောက် ထူလင်းစီက ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲ၌ ပျင်းရိစွာ မှီခိုနေလိုက်၏။ အနည်းငယ် အသံဝင်နေသည့် သူမ၏ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။ "ယောကျ်ား... ကျွန်မအတွက် သူ့ကို သတ်ပေးပါ။"

ကွေ့ရှင်းဖူက ခေါင်းရမ်းလိုက်သည်။ "အချစ်လေး... ကိုယ် သူ့ကို သတ်လို့ မရဘူး"

ထူလင်းစီက အငြိုးတကြီး ပြောလိုက်၏။ "ဘာလို့ သတ်လို့ မရရမှာလဲ။ အဲဒီ မျိုးမစစ်လေးက လမ်းဘေးက ခွေးတစ်ကောင်ပဲ။ လမ်းဘေးက သူတောင်းစားတစ်ယောက်ထက်တောင် အဆင့်အတန်း မရှိတဲ့ကောင်ကို"

ကွေ့ရှင်းဖူက ခေါင်းရမ်းလိုက်ပြီး ထပ်ပြောလိုက်သည်။ "မင်း နားမလည်ပါဘူး။ အဲဒီ သူခိုးလေးရဲ့ နောက်ကွယ်မှာ ရပ်တည်နေတဲ့ လူတစ်ယောက် ရှိတယ်။ အဲဒီလူက သူ့ကို အမြောက်စာနဲ့ စစ်တုရင်အရုပ်တစ်ခုအနေနဲ့ပဲ သဘောထားနေတာဆိုပေမဲ့... အကယ်လို့ အဲဒီ မျိုးမစစ်လေးကသာ ဒီစမ်းသပ်မှုကို အောင်မြင်သွားခဲ့ရင်... သူက တကယ့် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားလိမ့်မယ်။"

"အဲဒီနေ့ ရောက်လာခဲ့ရင် သူ့ရဲ့ ရက်စက်ပြီး သေးသိမ်တဲ့ စရိုက်ကြောင့် ကိုယ်တို့ ကွေ့မိသားစုက မြှုပ်နှံစရာ နေရာတောင် မရှိဘဲ သေချာပေါက် သေရလိမ့်မယ်။"

ထိုစကားကို ကြားသောအခါ ထူလင်းစီ၏ နူးညံ့သည့် ခန္ဓာကိုယ်လေးမှာ ပြင်းထန်စွာ တုန်ယင်သွားရသည်။ သူမသည် ခင်ပွန်းဖြစ်သူအပေါ် ရိုင်းစိုင်းကာ အကြောင်းပြချက် မခိုင်လုံဘဲ ဗိုလ်ကျလွှမ်းမိုးတတ်သော်လည်း ရင်ထဲ နက်နက်ရှိုင်းရှိုင်း၌မူ ခင်ပွန်းဖြစ်သူကို အလွန်အမင်း ချစ်မြတ်နိုးသည်။ သူမက သူ့အား လက်တွေ့တွင် ကိုးကွယ်ထားပြီး သူ၏ စကားများကို လုံးဝ ယုံကြည်၏။

ထူလင်းစီက တုန်ယင်စွာဖြင့် မေးလိုက်သည်။ "ဒါဆိုရင်... အဲဒီနေ့က ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးမလား ဟင်"

ကွေ့ရှင်းဖူက အေးစက်စွာ ပြောလိုက်၏။ "မှန်တယ်။ အဲဒီနေ့က သေချာပေါက် ရောက်လာမှာ မဟုတ်ဘူး။ ကိုယ်စွမ်းဆောင်နိုင်သမျှ အရာအားလုံးကို အသုံးချပြီး သူ့ကို အပြည့်အဝ ဖိနှိပ်ပစ်မယ်။ သူ့ကို ကိုယ် သတ်လို့ မရဘူး... ဒါပေမဲ့ ဝက်တစ်ကောင် ၊ ခွေးတစ်ကောင်ထက် ပိုဆိုးတဲ့ ဘဝမျိုးနဲ့ အသက်ရှင်ရအောင်တော့ လုပ်လို့ရတယ်။ သေရတာကမှ ကောင်းဦးမယ်လို့ သူ ဆန္ဒရှိလာအောင် ကိုယ် လုပ်ပစ်မယ်"

ထူလင်းစီက မေးလိုက်သည်။ "ကျွန်မတို့က တကယ်ကြီး သူ့ကို နယ်မြေလွှဲပေးရတော့မှာလား။"

ကွေ့ရှင်းဖူက လှောင်ပြောင်လိုက်သည်။ "အိပ်မက်ထဲမှာပဲ သွားရလိမ့်မယ်။ အဲဒီ မျိုးမစစ်လေးက အရမ်း အကြံပိုင်ပြီး ကောက်ကျစ်တာ သေချာပေမဲ့ ကိုယ်နဲ့ ယှဥ်ဖို့တော့ အများကြီး လိုသေးတယ်။ သူ့ကို ကိုယ် နယ်မြေကြီးတစ်ခု လွှဲပေးလိုက်မယ်။ ဒါပေမဲ့ အဲဒီ နယ်မြေက သူ့ရဲ့ သင်္ချိုင်း ဖြစ်လာလိမ့်မယ်။"

ထူလင်းစီ၏ လှပသည့် မျက်လုံးများက စွဲမက်ဖွယ်ကောင်းလာပြီး ပြောလိုက်၏။ "ရှင့်ရဲ့ အခုလို ရက်စက်တဲ့ ပုံစံလေးကို ကျွန်မ သိပ်သဘောကျတာပဲ။ နောက်တစ်ခေါက်လောက် ထပ်လုပ်ရအောင်။"

ထို့နောက် သူမက သူ့အပေါ်သို့ ခက်ထန်စွာ တက်ခွလိုက်သည်။

"အချစ်လေး... ဖြည်းဖြည်း... ဖြည်းဖြည်းလုပ်ပါ..."

(ဆင်ဆာ) 🧐

**--**--**--**--**--**--**--**

ဆိုလွန် ၊ ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့ မိသားစုစစ်သည် တစ်ရာအား ဦးဆောင်ကာ လင်ဟိုင်မြို့၏ အပြင်ဘက်၌ စခန်းချလိုက်ကြ၏။

မြို့စားအိမ်တော်က သူတို့အား ကြိုဆိုခြင်း မရှိတော့သောကြောင့် လင်ဟိုင်မြို့မအတွင်း မည်သည့်နေရာမှာမှ တည်းခို၍ မရနိုင်တော့ချေ။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် အပြင်ဘက်၌သာ စခန်းချရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

မိသားစု စစ်သည်ခေါင်းဆောင် ဆိုမုက မေးလာ၏။ "သခင်... ကွေ့ရှင်းဖူက စကားကို ပြန်ရုပ်သိမ်းပြီးတော့ ကျွန်တော်တို့ကို နယ်မြေလွှဲပေးဖို့ ငြင်းဆန်ရင် ဘယ်လိုလုပ်ကြမလဲ။"

ဆိုလွန်က ခေါင်းခါလိုက်သည်။ "ဟင့်အင်း... သူ ငြင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ လုံးဝ မထင်မှတ်ထားတဲ့ နယ်မြေတစ်ကွက်ကို သူ ငါ့ဆီ လွှဲပေးလိမ့်မယ်။ အဲဒီ နယ်မြေကြီးကို ငါ့ရဲ့ သင်္ချိုင်းအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားရင်းနဲ့ ဆိုးရွားတဲ့ အခြေအနေတစ်ခုထဲ ပိတ်လှောင်ထားဖို့ လုပ်မှာလေ။"

"စိတ်ပူစမ်းပါနဲ့ကွာ။ ကွေ့မျိုးရိုး ခွေးသတောင်းစားက သူ့ကိုယ်သူ ဉာဏ်ကောင်းတယ်လို့ ထင်နေတဲ့ ငတုံးတစ်ကောင်ထက် မပိုပါဘူး။"

အပိုင်း ၁၉၇ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters