အခန်း ၂၉၁
Vol. 30 Ch. 291
အခန်း (၂၉၁)
မတွေ့ရတာ ကြာပြီနော်
“သူဌေးမဟွာ မတွေ့ရတာ ကြာပြီနော်”
“သူဌေးမဟွာ ကျွန်တော်တို့ကို အကြာကြီး စောင့်ခိုင်းလိုက်တာပဲ။ ခုမှပဲ ရာသီဥတုက သိပ်မပူတော့တာ။ သူဌေးမရဲ့ မုန့်ဆိုင်မှာ လာမစားရလို့ ဘယ်လောက်တောင် လွမ်းနေရလဲ မသိဘူး”
“ကျွန်တော်ဆိုရင် စားချင်လွန်းလို့ ညတိုင်း ခေါင်းအုံးကိုတောင် ကိုက်နေရတယ်”
ဟွာကျွင်း ထင်ထားသည့်အတိုင်းပင် ညနေပိုင်းတွင် မုန့်ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့် အပြင်ဘက်၌ စောင့်ဆိုင်းနေကြသော ဖောက်သည်များဖြင့် ပြည့်နှက်နေသည်။
ဟွာကျွင်း ပြုံးရွှင်စွာ သူတို့ကို ဆိုင်ထဲသို့ ဆီးကြိုဖိတ်ခေါ်လိုက်ပြီး ယနေ့အတွက် ပြင်ဆင်ထားသော ဟင်းလျာများကို မိတ်ဆက်ပေးလိုက်၏။
“ကျွန်တော်တို့အားလုံး ကြားပြီးပါပြီ”
ဖောက်သည်တစ်ဦး ကျယ်လောင်စွာ လှမ်းပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း သူဌေးမ အားမနေဘူးမဟုတ်လား”
“ဟုတ်တယ်။ ရေခဲမုန့်တွေ ရောင်းပေးတယ်၊ အပူဒဏ်သက်သာမဲ့ ဆေးရည်တဲတွေ အများကြီး ဆောက်ပေးတယ်၊ ပြီးတော့ ရေခဲတွေပါ အလကား လိုက်ဝေပေးသေးတယ်၊ သူဌေးမကတော့ တကယ်ကို သူရဲကောင်းကြီးပဲ”
လူတိုင်း တညီတညွတ်တည်း လက်ခုပ်တီး ချီးကျူးကြတော့၏။
ဟွာကျွင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
“ဘာတွေလျှောက်ပြောနေကြတာလဲ။ ကျွန်မကို မြှောက်လွန်းနေပါပြီ။ ကျွန်မ အမြင့်ကနေ ပြုတ်ကျသွားမှာကို မကြောက်ကြဘူးလား”
ဖောက်သည်တစ်ဦး ကြားဖြတ်၍ ပြောလိုက်၏။
“ဘာကြောက်စရာ ရှိလဲ။ အကယ်၍ သူဌေးမ ပြုတ်ကျရင်တောင် မြို့ထဲက ပြည်သူအားလုံး ဝိုင်းဖမ်းပေးကြမှာပေါ့”
“ဟုတ်တယ်၊ ဟုတ်တယ်”
ဟွာကျွင်း မျက်နှာတစ်ခုလုံး အပြုံးပန်းများ ဝေဆာသွားပြီး ပြောလိုက်၏။
“ကောင်းပါပြီ။ ကျွန်မ အားလုံးအတွက် အစားအသောက်ကောင်းကောင်း မပြင်ဆင်ပေးနိုင်မှာကိုပဲ စိုးရိမ်နေတာပါ။ ဒီနေ့တော့ မုန့်ဆိုင်မှာ အဆင်သင့်စားလို့ရမဲ့ အစားအစာဖြစ်တဲ့ ထမင်းသုပ်ကို ပြင်ဆင်ပေးထားပါတယ်”
“လာစားတဲ့သူတိုင်းကို အေးစိမ့်နေတဲ့ ကိုကာကိုလာ တစ်ခွက်စီ အလကား လက်ဆောင်တိုက်ပါမယ်”
ဟွာကျွင်း ထပ်လောင်းပြောကြားလိုက်၏။
“သူဌေးမဟွာကတော့ တကယ့်ကို ရက်ရောချက်ပဲဗျို့” မုန့်ဆိုင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြင့် အော်ဟစ်အားပေးကြတော့သည်။
အကင်ဆိုင်နှင့် အခြားဆိုင်များ ဖွင့်လှစ်ရန်အတွက် ရာသီဥတုက ပူပြင်းသေးသည်ကို ထည့်သွင်းစဉ်းစားပြီး ဒေါ်လေးပန်းနှင့် အခြားသူများသည် ဆောင်းဦးပေါက်မှသာ ဆိုင်များကို ပြန်ဖွင့်ရန် ဆုံးဖြတ်ထားကြသည်။ လောလောဆယ်တွင် သူတို့အားလုံး မုန့်ဆိုင်တွင် ဝိုင်းဝန်းကူညီပေးနေကြ၏။
တဖြည်းဖြည်းနှင့် ဖောက်သည်များ နည်းပါးသွားသည့်အခါ ဟွာကျွင်းသည် ဆိုင်သိမ်းရန်၊ ကျန်ရှိသော ထမင်းသုပ်များကို အားလုံးနှင့် ခွဲဝေစားသောက်ရန်၊ မုန့်ဆိုင်ကို စောစောပိတ်ပြီး မာဂျောက် ကစားရန် စီစဉ်လိုက်တော့သည်။
ဆိုင်သိမ်းလုနီးပါး ဖြစ်နေချိန်တွင် အပြင်ဘက်၌ ရုတ်ရုတ်သဲသဲ အော်ဟစ်သံများ ထွက်ပေါ်လာပြီး လူအများ အော်ဟစ်နေကြသော အသံများကို ဝေဝေဝါးဝါး ကြားလိုက်ရ၏။
ဟွာကျွင်း ရင်ဘတ်ထဲ နှလုံးသားမှာ ဒိန်းခနဲ တုန်လှုပ်သွားပြီး သူမ မုန့်ဆိုင်အဝင်ဝသို့ အပြေးအလွှား သွားကြည့်လိုက်ရာ ရွာဘက်ဆီမှ ကောင်းကင်ယံသို့ တက်လှမ်းနေသော မီးလျှံများကို မြင်တွေ့လိုက်ရသည်။ သူမ အလျင်အမြန်ပင် လှမ်းမေးလိုက်၏။
“ဘာဖြစ်တာလဲ၊ မီးလောင်နေတာလား”
ဒေါ်လေးပန်းနှင့် အားမောက်တို့က အလောတကြီး ပြောကြ၏။ “မြန်မြန် အိမ်ပြန်ကြည့်ရအောင်၊ ငါတို့အိမ်တွေ မီးလောင်နေမှာ စိုးရိမ်ရတယ်”
လျိုအာ ထိုနည်းတူစွာ ပြောဆိုပြီး လျိုရှီ ကို ခေါ်ကာ ချက်ချင်း ထွက်ခွာသွားကြတော့သည်။
ဟွာကျွင်း လှမ်း၍ မှာကြားလိုက်ရှာ၏။
“အားလုံးပဲ ဘေးကင်းအောင် ဂရုစိုက်ကြပါ။ ပစ္စည်းတွေ လောင်ရင်လောင်ပါစေ၊ လူတွေပဲ ဘေးကင်းဖို့ အဓိကပါ”
လူတိုင်း အပြေးအလွှား ထွက်ခွာသွားကြသည်ကို ကြည့်ရင်း ဟွာကျွင်း စိတ်မအေးနိုင်သေးချေ။
“ကျွန်မလည်း သွားကြည့်ဦးမယ်”
ဟွာကျွင်း ထိုသို့ ဆိုစဉ် မော့ချွမ်း သူမကို လှမ်းဖမ်းဆွဲလိုက်သည်။
“မသွားနဲ့။ ရွာထဲက အိမ်တွေအားလုံးမှာ မီးဘေးကာကွယ်ရေး စနစ်တွေ လုပ်ထားတာဆိုတော့ အလွယ်တကူ မလောင်နိုင်ပါဘူး။ ကောက်ရိုးပုံတစ်ပုံခု မီးစွဲတာ ဖြစ်လိမ့်မယ်”
သူ့စကားကို ကြားရမှ ဟွာကျွင်း အနည်းငယ် စိတ်သက်သာရာ ရသွားတော့၏။
မှန်ပေသည်။ မကြာမီမှာပင် ကလေးငယ်တစ်ဦး အပြေးအလွှား ရောက်ရှိလာပြီး ဟွာကျွင်းကို သတင်းစကားပါးသည်။
“သူဌေးမဟွာ ကောက်ရိုးပုံ မီးလောင်တာတဲ့။ ဘေးနားက အိမ်တစ်လုံးလည်း နည်းနည်း ကူးစက်သွားပေမဲ့ ကိစ္စမရှိပါဘူး။ အခု မီးငြှိမ်းသတ်လိုက်နိုင်ပြီမလို့ ဘာပစ္စည်းမှ မပျက်စီးသလို ဘယ်သူမှလည်း ဒဏ်ရာမရပါဘူးလို့ ဒေါ်လေးပန်း လှမ်းပြောခိုင်းလိုက်ပါတယ်”
ဟွာကျွင်း ကလေးငယ်အား သကြားလုံးတစ်လုံး ပေးလိုက်ရင်း ပြော၏။ “ကျေးဇူးပါကွယ်။ အိမ်ကို အမြန်ပြန်တော့၊ ဂရုစိုက်ဦးနော်”
မော့ချွမ်း သူမကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော် ပြောတာ မှန်တယ်မဟုတ်လား”
ဟွာကျွင်း: “အရမ်းတော်တယ်။ အရေးကြီးတဲ့ အချိန်ကျရင် ရှင်က တကယ့်ကို တည်တည်ငြိမ်ငြိမ် ရှိတယ်”
ထိုသို့ ချီးကျူးလိုက်ရာ မော့ချွမ်းသည် ပို၍ပင် ကျေနပ်ဂုဏ်ယူသွားတော့သည်။
“မကောင်းတော့ဘူး။ မကောင်းတော့ဘူး”
သူတို့ မုန့်ဆိုင်ထဲသို့ ပြန်ဝင်ရန် ပြင်ဆင်နေစဉ် လူတစ်ယောက် အလန့်တကြား ပြေးဝင်လာပြီး ဟွာကျွင်းကို လှမ်း၍ အော်ဟစ်လိုက်၏။
“မကောင်းတော့ဘူး သူဌေးမဟွာ။ ဓားတွေ ကိုင်ဆောင်ထားတဲ့ တောင်ဓားပြတစ်စု ရွာထဲကို ဝင်ပြီး ပစ္စည်းတွေ လုယက်နေကြပြီ”
“ဘာလဲ”
ဟွာကျွင်း အံ့သြတကြီး အော်ဟစ်လိုက်မိ၏။
“စစ်သည်တော်တွေကို အကြောင်းကြားပြီးပြီလား။ ကင်းလှည့်အဖွဲ့ကော ဘယ်မှာလဲ”
ထိုလူက အလောတကြီးဖြင့် ပြော၏။
“လူလွှတ်ပြီး အရာရှိတွေကို အကြောင်းကြားထားပါတယ်။ ကင်းလှည့်အဖွဲ့ကလည်း သူတို့နဲ့ တိုက်ခိုက်နေပေမဲ့ အနိုင်အရှုံး မပေါ်သေးဘူး”
ဟွာကျွင်း မော့ချွမ်းကို လှည့်ကြည့်လိုက်သည်။
“ရှင် သွားကြည့်ပေးလို့ ရမလားဟင်”
မော့ချွမ်းက ထိုလူကို မှာကြားလိုက်သည်။
“သန်မာတဲ့ အမျိုးသားအချို့ကို ရှာပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေကို လုံခြုံတဲ့နေရာမှာ အမြန်ဆုံး သွားရောက်ပုန်းအောင်းခိုင်းလိုက်ပါ။ ပြီးရင် စစ်သည်တော်တွေ လာကယ်မှာကို စောင့်နေကြ”
စကားပြောပြီးသည်နှင့် သူ ဟွာကျွင်းနှင့် ဟွာရှန့်တို့ကို မုန့်ဆိုင်အတွင်းသို့ ဆွဲခေါ်ကာ တံခါးကို အတွင်းမှနေ၍ ချက်ချင်း ဂျက်ထိုး ပိတ်ဆို့လိုက်တော့၏။
ဟွာကျွင်း နားမလည်နိုင်ဖြစ်ကာ မေးမြန်းလိုက်သည်။ “ဘာလို့ သွားမကူညီတာလဲ၊၊ ရွာထဲ ကင်းလှည့်အဖွဲ့က တောင်ဓားပြတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
မော့ချွမ်း ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ပြော၏။
“ဒါက အရမ်းထူးဆန်းလွန်းတယ်”
“တကယ်လို့ သာမန် လုယက်မှုဆိုရင် ဘာဖြစ်လို့ မီးရှို့ပြီး လူတိုင်းသိအောင် လုပ်ရမှာလဲ”
သူ ဟွာကျွင်းကို တည်ကြည်စွာ ကြည့်ရင်း သတိပေးလိုက်သည်။
“ခင်ဗျား မုန့်ဆိုင်ထဲကနေ လုံးဝ အပြင်မထွက်ပါနဲ့။ ကျွန်တော့်ရင်ထဲမှာ မကောင်းတဲ့ အာရုံတစ်ခု ရနေတယ်”
ဟွာကျွင်း ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင် စိုးရိမ်ပူပန်နေ၏။ ငွေကြေးနှင့် စည်းစိမ်ဥစ္စာများက ဒုတိယသာဖြစ်ပြီး အဓိကသည် ရွာသားများ ဘေးကင်းဖို့သာ။
သူမ သတင်းအချက်အလက်သစ်များ ရရှိနိုင်ရန်အတွက် တံခါးအနားသို့ သွားရောက်ကြည့်ရှုရန် မော့ချွမ်းကို မပြတ် တောင်းဆိုနေမိသည်။
ခဏအကြာတွင် ဘေးနားရှိ တည်းခိုခန်းတံခါးကို တစ်စုံတစ်ဦး ကြမ်းတမ်းစွာ ရိုက်ချိုးပြီး ဆဲဆိုနေသော အသံများကို ဟွာကျွင်း ကြားလိုက်ရတော့၏။
“တောက် ဒီအထဲမှာ ပစ္စည်းကောင်းတွေ ရှိနေမှာ သေချာတယ်၊ တံခါးကို ဒီလောက်အထိ တင်းကြပ်အောင် ပိတ်ထားတာကိုး”
“ဆရာ ဒီအဆောက်အအုံက ပုံစံမရိုးဘူး။ အထဲမှာ အလှလေးတွေ အများကြီး ရှိနေနိုင်တယ်”
“ပြင်းပြင်းရိုက်ချိုးစမ်း။ အမျိုးသားတွေကို သတ်ပစ်ပြီး အမျိုးသမီးတွေကိုတော့ ချန်ထားခဲ့”
ဟွာကျွင်း မျက်ရည်ကျလုမတတ် အလွန်အမင်း စိုးရိမ်ပူပန်သွား၏။
“မကောင်းတော့ဘူး။ အားမန်တို့ ဘာဖြစ်ကုန်ပြီလဲ မသိဘူး”
သူမ မော့ချွမ်းကို အလောတကြီး လှမ်းကြည့်လိုက်သည်။
မော့ချွမ်း ခေါင်းခါပြလိုက်ရင်း ပြော၏။
“ကျွန်တော် ခင်ဗျားကိုပဲ စောင့်ရှောက်ရမယ်။ ဘယ်မှ သွားမှာမဟုတ်ဘူး”
ဟွာကျွင်း: “တကယ်လို့ ရှင်ပြောသလို အဲဒီလူတွေက ကျွန်မဆီကို ဦးတည်လာတာဆိုရင် သူတို့တွေ ကျွန်မအတွက်နဲ့ အသက်ပေးသွားရတာကို ဒီအတိုင်း ကြည့်နေရမှာလာ။ သူတို့တွေ ဒီအထိ တိုက်ခိုက်လာနိုင်ပြီဆိုတည်းက ကင်းလှည့်အဖွဲ့လည်း ရှုံးသွားပြီ ထင်တယ်”
သူမ မော့ချွမ်းကို ဖျောင်းဖျပြောဆိုလိုက်၏။
“သွားကြည့်ပေးပါဦး။ ကျွန်မ အိမ်ထဲမှာပဲ ပုန်းနေပါ့မယ်။ ဘာပြဿနာမှ မရှိစေရဘူး”
မော့ချွမ်း မီးဖိုချောင်ထဲသို့ ပြန်ဝင်ကာ ဗီရိုထဲမှ သူ့ဓားမြှောင်ကို ရှာဖွေထုတ်ယူလိုက်ပြီးနောက် ဟွာကျွင်းနှင့် ဟွာရှန့်တို့ကို ဘေးခန်းထဲသို့ အတူတူ ထည့်သွင်းလိုက်၏။ သူ ဟွာရှန့်ကို မှာကြားလိုက်သည်။
“ငါ တံခါးလာမခေါက်မချင်း အပြင်ကို လုံးဝ မထွက်လာနဲ့နော်။ နင့် မမကို သေသေချာချာ စောင့်ကြည့်ထား”
ဟွာရှန့် ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်ရင်း ပြန်ဖြေ၏။
“အစ်ကိုမော့ ဂရုစိုက်ပါ။ သမီး မမကို သေသေချာချာ ကာကွယ်ထားပါ့မယ်”
ဟွာကျွင်းကလည်း ပြော၏။
“မော့ချွမ်း ဂရုစိုက်။ မနိုင်ဘူးဆိုရင် ပြန်လာပါ”
မော့ချွမ်း ခေါင်းညိတ်ပြလိုက်ပြီး တံခါးကို တင်းကြပ်စွာ ပိတ်ဆို့လိုက်ကာ မုန့်ဆိုင်၏ ပင်မတံခါးကြီးဆီသို့ လှည့်ထွက်လာသည်။ သူ လုံခြုံမှုရှိမရှိ စစ်ဆေးပြီးနောက် အပြင်သို့ ထွက်ခွာကာ တံခါးကို အပြင်ဘက်မှနေ၍ သေသေချာချာ သော့ခတ်လိုက်တော့၏။
ဟွာကျွင်းအတွက် တစ်စက္ကန့်ချင်းစီက တစ်နှစ်ကဲ့သို့ ရှည်လျားလွန်း၏။ သူမနှင့် ဟွာရှန့်တို့ ဧည့်ခန်းထဲတွင် မတ်တတ်ရပ်ရမလို ထိုင်ရမလိုဖြင့် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေကြရသည်။
“မဖြစ်ဘူး”
ဟွာကျွင်း ဟွာရှန့်ကို ပြောလိုက်သည်။
“ငါ တကယ်ကို စိတ်မအေးနိုင်ဘူး။ တံခါးကို အသာလေး ဖွင့်ပြီးတော့ အပြင်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်မယ်။ ညီမလေး အပေါ်ထပ်က အခန်းထဲကို အမြန်ပြန်သွား။ အောက်ထပ်ကို လုံးဝ ဆင်းမလာနဲ့နော်”
ဟွာရှန့်ကိုယ်တိုင်လည်း ကြောက်ရွံ့လွန်းသဖြင့် တုန်ရင်နေသော်လည်း သူမသည် ဟွာကျွင်း၏ လက်မောင်းကို တင်းကြပ်စွာ ဆွဲကိုင်ထားသည်။
“မရပါဘူး မမ။ သမီး အစ်ကိုမော့ကို မမကို သေသေချာချာ စောင့်ကြည့်ပေးပါမယ်လို့ ကတိပေးထားတယ်”
ဟွာကျွင်း: “ဟွာရှန့် လိမ္မာစမ်းပါ။ နင်က ငယ်သေးတယ်။ ငါက လူကြီးပဲ။ ဒါကြောင့် ငါ့စကားကို နားထောင်ရမယ်။ အခန်းထဲကို ပြန်သွားပြီး ကုတင်ပေါ်မှာ လှဲနေလိုက်။ နိုးလာရင် အားလုံး အဆင်ပြေသွားလိမ့်မယ်”
ဟွာကျွင်းဖျောင်းဖြလိုက်၏။
ဟွာရှန့် ခေါင်းကို အပြင်းအထန် ခါယမ်းပြလိုက်ရင်း ပြောသည်။
“မသွားဘူး၊ မသွားဘူး၊ သမီး မမ ဘေးကနေ လုံးဝ မခွာဘူး”
ဟွာကျွင်း အလွန်အမင်း ပြာယာခတ်နေ၏။ သူမသည် အိတ်ကို လွယ်လိုက်ရင်း ဟွာရှန့်ကို ကတိပေးလိုက်၏။
“ဒါဆိုရင် ညီမလေး ဆိုဖာပေါ်မှာ မမကို စောင့်နေနော်။ အစ်မ တစ်ချက်ပဲ သွားကြည့်မှာ၊ အပြင်ကို လုံးဝ ထွက်မှာမဟုတ်ဘူး”
ဟွာရှန့်သည် သူ့မမနှင့်အတူ ရှိနေချင်သော်လည်း ကလေးငယ်တစ်ဦးသာ ဖြစ်ပေရာ အပြင်ဘက်က တိုက်ခိုက်သတ်ဖြတ်နေသော အသံများကို ကြားရသည်နှင့် ကြောက်လွန်းသဖြင့် မတ်တတ်ပင် မရပ်နိုင်တော့ချေ။ သူမ ခဏတာမျှ တုံ့ဆိုင်းနေပြီး ငိုယိုလျက် ဟွာကျွင်းကို တောင်းပန်တိုးလျှိုးနေတော့၏။
“မမ ကျေးဇူးပြုပြီး မသွားပါနဲ့၊၊ သမီး ကြောက်လို့ပါ”
ဟွာကျွင်း ဆူညံသံကာကွယ်ပေးသည့် နားကြပ်ကို ထုတ်ယူကာ ဟွာရှန့်၏ ခေါင်းတွင် တပ်ဆင်ပေးလိုက်ပြီး သူမကို ဆိုဖာပေါ်သို့ အသာအယာ ထိုင်ခိုင်းလိုက်ရင်း ချော့မော့လိုက်သည်။
“အစ်မ တစ်ချက်ပဲ သွားကြည့်မှာ။ ညီမ ကြိုက်တဲ့ သီချင်းတစ်ပုဒ်လောက် ရွေးပြီး နားထောင်နေနော်။ သီချင်းမဆုံးခင် ချက်ချင်း ပြန်လာခဲ့မယ်”
ထို့နောက် သူမသည် ဟွာရှန့်၏ မျက်ရည်များကို အလောတကြီး သုတ်ပေးလိုက်တော့၏။
ဟွာကျွင်းသည် မုန့်ဆိုင်နှင့် ဆက်သွယ်ထားသော တံခါးအနားသို့ ပြေးသွားကာ တံခါးတွင် နားကပ်၍ စက္ကန့်အနည်းငယ် နားထောင်ကြည့်သော်လည်း မည်သည့်အသံမျှ မကြားရချေ။ သူမ တံခါးကို အသာလေး ဟဖွင့်လိုက်သည့်အခါ အပြင်ဘက်က ဆူညံသံများနှင့် အော်ဟစ်သံများ လျော့ပါးမသွားဘဲ ကျယ်လောင်နေကြောင်း သိလိုက်ရ၏။
မော့ချွမ်း ထွက်သွားသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် အဘယ်ကြောင့် ပြန်မလာသေးသနည်း။
ဟွာကျွင်း ရင်ထဲတွင် နောင်တတရားများ စတင်၍ ကြီးစိုးလာ၏။
သူမ အဘယ်ကြောင့် အတ္တကြီးသွားမိသနည်း။
မော့ချွမ်းတစ်ယောက်တည်း ထိုတောင်ပေါ်ဓားပြများနှင့် ရင်ဆိုင်ရန် အပြင်သို့ အဘယ်ကြောင့် တွန်းပို့မိပါသနည်း။
အကယ်၍ သူသာ မနိုင်ခဲ့လျှင် အဘယ်သို့ ဖြစ်လာမည်နည်း။