← Chapters

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း (၂၉၇)

စစ်ပွဲက ဝေးလည်းဝေး၊ နီးလည်းနီး

ဟွာကျွင်း အနားယူရန် အချိန်မရှိဘဲ မုန့်ဆိုင်နှင့် တည်းခိုခန်းကြားသို့ အပြန်အပြန်အလှန်လှန် သွားလာရင်း ဒဏ်ရာရထားသော ရွာသားများအတွက် စွပ်ပြုတ်များကို လိုက်လံပို့ဆောင်ပေးနေသည်။

မုန့်ဆိုင်အတွင်းရှိ ဧည့်သည်များသည် သူမ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ လှမ်းမေးကြ၏။

“သူဌေးမဟွာ ရှင် သယ်သွားတဲ့ အိုးအသေးလေးတွေက ဘာတွေလဲ”

ဟွာကျွင်း ပြုံးလိုက်ရင်း ရှင်းပြသည်။

“ဒဏ်ရာရထားတဲ့ ရွာသားတွေ အာဟာရဖြစ်အောင်လို့ပါ။ဒါတွေက ပေါင်းထားတဲ့ စွပ်ပြုတ်အမျိုးမျိုးပါ”

ဧည့်သည်အမြောက်အမြား မတ်တတ်ရပ်ကာ လှမ်းကြည့်ကြရင်း မေးကြ၏။ “ကျွန်တော်တို့ကိုလည်း ပြပါဦး။ ဘာစွပ်ပြုတ်လဲ”

“ဒါက သွေးအားကောင်းစေတဲ့ စွန်ပလွံနီ ဂိုဂျီသီး ကြက်မည်းစွပ်ပြုတ်ပါရှင်။ ငါးရံ့စွပ်ပြုတ်နဲ့ ရိုးတွင်းခြင်ဆီစွပ်ပြုတ်တွေလည်း ရှိသေးတယ်။ အားလုံးက ဒဏ်ရာပြန်ကောင်းဖို့အတွက် အထောက်အကူပြုပါတယ်”

ဧည့်သည်တစ်ဦး မျက်လုံးပြူးသွားရင်း မေးတော့၏။ “ဒီလောက်တောင် အစွမ်းထက်တာလား။ ဆေးဘက်ဝင် တိုင်းရင်းဆေးရည်တွေထက်တောင် ပိုပြီး အာနိသင်ရှိတာလား”

ဟွာကျွင်း: “ဆေးရည်တွေကိုတော့ အစားမထိုးနိုင်ပါဘူးရှင်။ ဒါက ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ အထောက်အကူအနေနဲ့ပဲ သုံးတာပါ။ ပုံမှန်အချိန်မှာလည်း သောက်လို့ရပါတယ်နော်”

“ဒါဆိုရင် မနက်ဖြန်ကျရင် ပိုပြီးတော့ မချက်ထားဘူးလား၊၊ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော့်အဖေအိုကြီး ချော်လဲပြီး ခြေထောက်ကျိုးသွားလို့ သူ့အတွက် တစ်ပွဲလောက် ဝယ်သွားချင်လို့ပါ”

ဟွာကျွင်း: “မနက်ဖြန်အထိ စောင့်နေစရာ မလိုပါဘူး။ နောက်ဖေးမီးဖိုချောင်ထဲမှာ ဝက်ရိုးစွပ်ပြုတ် အပိုရှိပါသေးတယ်။ ခဏနေရင် တစ်ခွက် ယူသွားပါ။ အရိုးကျုိးသွားတဆို‌တော့ အရိုးစွပ်ပြုတ်က အကောင်းဆုံးပေါ့”

ထိုဧည့်သည် အလွန်ဝမ်းသာသွားပြီး ပြောတော့သည်။ “တကယ့်ကို ကောင်းတာပေါ့။ ခဏနေရင် အာနျန်ကို ကျွန်တော့်အတွက် ခပ်ခိုင်းလိုက်ပါ့မယ်”

အခြားဧည့်သည်များကလည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်ကြရင်း ပြောတော့သည်။

“သူဌေးမဟွာ... ကျွန်တော့်ယောက္ခမကြီးကလည်း ခါးနာလို့”

“သူဌေးမဟွာ... ကျွန်တော့်သားလေးက…”

ဟွာကျွင်း အလျင်အမြန်ပင် အပြင်သို့ ပြေးထွက်ခဲ့ရင်း လှမ်းပြောလိုက်၏။

“မရှိတော့ဘူး။ မရှိတော့ဘူး၊၊ နောက်ရက်မှပဲ အဆင်ပြေမယ်နော်”

လမ်းပေါ်တွင် လျှောက်လှမ်းနေစဉ် ရာသီဥတု ပိုမိုအေးစိမ့်လာသည့် အချိန်ကျပါက ဤကဲ့သို့စွပ်ပြုတ်များကို သီးသန့်ချက်ပြုတ်၍ ရောင်းချရန် ဟွာကျွင်း သေသေချာချာ စဉ်းစားမိတော့သည်။

ဟွာကျွင်း တည်းခိုခန်းသို့ ရောက်ရှိသွားသည့်အခါ သမားတော်ဆွန်းနှင့် အမှတ်မထင် ဆုံတွေ့သဖြင့် သူမ နှုတ်ဆက်လိုက်၏။

“ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ”

ဟွာကျွင်း မေးလိုက်သည်။

သမားတော်ဆွန်း နေရခက်သော အမူအရာဖြင့် ပြုံးလိုက်ရင်း ဖြေ၏။

“စစ်သူကြီးလုက နာဘုနဲ့ အလုပ်ကိစ္စ ဆွေးနွေးနေတာဗျ၊ ပြီးတော့ ညီအစ်ကိုမော့ချွမ်းက ကျွန်တော့်ကို အပြင်မောင်းထုတ်လိုက်လို့။ ဒါနဲ့ ခင်ဗျား လက်ထဲမှာ ဘာတွေ ကိုင်ထားတာလဲ”

ဟွာကျွင်း: “ကျွန်မ စွပ်ပြုတ်တချို့ ချက်လာတာပါ။ ဆေးကုသဆောင်က ဒဏ်ရာရလူနာတွေအတွက် ဘယ်ဟာက သင့်တော်မလဲဆိုတာ ရှင် ကြည့်ပေးပါဦး”

သမားတော်ဆွန်းက တစ်ခုချင်းစီကို သေသေချာချာ ဆန်းစစ်ကြည့်ပြီး ပြော၏။

“ဆေးကုသဆောင်ထဲက လူနာတွေအားလုံးက သွေးထွက်လွန်ထားကြတာဆိုတော့ ဒီကြက်မည်းစွပ်ပြုတ်ကတော့ လောလောဆယ် မသင့်တော်သေးဘူး။ ဒီအချိန်မှာ သွေးလည်ပတ်မှု အရမ်းမြန်မှာကို စိုးရိမ်ရတယ်။ ဒါပေမဲ့ ဒီငါးစွပ်ပြုတ်ကတော့ တကယ့်ကို သင့်တော်ပါတယ်။ ဝက်ရိုးစွပ်ပြုတ်ကလည်း ကောင်းတယ်”

ဟွာကျွင်း စွပ်ပြုတ်ပန်းကန်လုံးကို သွက်လက်စွာ ထုတ်ယူ၍ လင်ဗန်းပေါ်သို့ တင်လိုက်ရင်း ပြောလိုက်သည်။

“ဒါဆိုရင် ခဏနေရင် ကျွန်မ သွားပို့လိုက်ပါ့မယ်”

စကားပင်မဆုံးသေးမီမှာပင် အသက်ကြီးကြီး အမျိုးသမီးတစ်ဦး ပြေးလာပြီး ပြောလိုက်၏။

“ကျွန်မကို ပေးပါ”

ထိုသို့ ဆိုကာ ပန်းကန်များကို ဆွဲယူ၍ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

လီနျန် လျှောက်လှမ်းလာပြီး ဟွာကျွင်းကို ပြုံးလျက် ရှင်းပြ၏။

“သူက ချန်အာ့ရဲ့ မိသားစုဝင်ပါ။ ဒီနေ့ ကူညီပေးဖို့အတွက် သီးသန့်လာပေးတာ။ တကယ့်ကို သွက်လက်ချက်ချာလှပါတယ်။ အော်... ဒါနဲ့၊ အာမုရဲ့ ဇနီးကိုတော့ ကျွန်မ ပန်းထိုးအလုပ်ရုံမှာ သေသေချာချာ နေရာချပေးပြီးပါပြီ။ သူ့မိသားစုရဲ့ လယ်ကွင်းတွေကိုလည်း ရွာသားတွေက အလှည့်ကျ ဝိုင်းကူစိုက်ပျိုးပေးကြမှာပါ။ ဒါပေမဲ့”

ဟွာကျွင်း: “ဒါပေမဲ့ ဘာဖြစ်လို့လဲ”

လီနျန် အနည်းငယ် အခက်တွေ့နေသော မျက်နှာထားဖြင့် ပြော၏။

“အာမုရဲ့ အစ်ကိုဖြစ်သူ အာချန်က အာမု ဇနီးနဲ့ အတူတူ ဆက်နေဖို့ကျတော့ အဆင်မပြေဘူးလေ။ သူ့အတွက် သီးသန့် အစီအစဉ်တစ်ခု လုပ်ပေးဖို့ လိုအပ်လိမ့်မယ်”

ရွာသားများထံ စွပ်ပြုတ်ပန်းကန်များကို ကမ်းပေးရင်း ဟွာကျွင်း မေးလိုက်သည်။

“သမားတော်ဆွန်း ရှင် သူ့ခေါင်းကို စစ်ဆေးပေးပြီးပြီလား။ ပြန်ကောင်းမွန်လာမဲ့ နည်းလမ်းရော ရှိသေးလား”

ဘေးနားတွင် မတ်တတ်ရပ်နေသော သမားတော်ဆွန်းက ဖြေ၏။ “ကျွန်တော် စစ်ဆေးပေးပြီးပါပြီ။ သူ့စိတ်ဝိညာဉ်က ထိခိုက်သွားတာ။ စကားတွေလည်း ကယောင်ကတမ်း ပြောနေတာဆိုတော့ ကျွန်တော်လည်း တတ်နိုင်တာမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် တခြားနာမည်ကြီး သမားတော်တွေကို ရှာပြီး ထပ်မံစမ်းသပ်ကြည့်ရင်တော့ ရနိုင်ကောင်းပါရဲ့”

“ဘယ်သူလဲ”

လုမင်လီသည် အပြင်ဘက်မှ ဝင်ရောက်လာပြီး သူ့အနောက်တွင် မော့ချွမ်း လိုက်ပါလာသည်။

“အာချန်... သူ့ညီလေးက... ကျွန်မကို ကယ်တင်ရင်းနဲ့ ဆုံးသွားတာပါ”

ဟွာကျွင်း ဝမ်းနည်းမှုကို ဖုံးကွယ်ရန် ခေါင်းငုံ့လျက် တိုးတိုးလေး ပြောလိုက်မိ၏။

သမားတော်ဆွန်းက အာချန်၏ အခြေအနေကို လုမင်လီအား ရှင်းပြလိုက်သည်။

လုမင်လီ သမားတော်ဆွန်းကို ပြောဘိုက်၏။

“သူ့ကို ကျွန်တော့်လက်ထဲ အပ်ထားလိုက်ပါ။ သူ့ကို ကုသပေးနိုင်မဲ့လူကို ကျွန်တော် ရှာပေးပါ့မယ်။ ခင်ဗျားတို့ ဖိအားတွေ အများကြီး မထားကြပါနဲ့”

သူသည် ဟွာကျွင်း ဝမ်းနည်းပူဆွေးနေသည်ကို မကြည့်ရက်ချေ။ အကယ်၍ ထိုလူကို မြို့တော်သို့ ခေါ်ဆောင်သွားပြီး နန်းတွင်းသမားတော်ကြီးများနှင့် စမ်းသပ်ကုသပေးမည်ဆိုပါက အခွင့်အရေး ရှိကောင်းရှိနိုင်ပေ၏။

သူနှင့် ဟွာကျွင်း တည်းခိုခန်းအပြင်ဘက်သို့ အတူတကွ လျှောက်လှမ်းလာကြပြီး ဆိတ်ငြိမ်သော နေရာတစ်ခုသို့ ရောက်ရှိမှသာ သီးသန့် စကားပြောခွင့် ရကြတော့သည်။

လုမင်လီ ဟွာကျွင်းကို ကြည့်ကာ မေးလိုက်၏။

“ကိုယ် မင်းရဲ့ သတင်းကို ဒီမနက်မှ ရတာ။ ကိုယ် ဘယ်လောက်တောင် စိတ်ပူသွားလဲဆိုတာ မင်း သိရဲ့လား”

သူ သတင်းရရှိသည့် အချိန်တွင် အိပ်ရာမှပင် မထရသေးချေ။ သူ့ကြောင့် ဟွာကျွင်းတစ်ယောက် ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်ခဲ့ရမှန်း သိလိုက်ရသည့် ခဏ၌ သူ မုန့်ဆိုင်ဆီသို့ ချက်ချင်း ပြေးလာချင်မိသည်။ သို့သော် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် သူပြန်သွားလျှင်ပင် သူမကို မြင်တွေ့ရလိမ့်မည် မဟုတ်မှန်း သဘောပေါက်၏။

သူ အလွန်အမင်း စိတ်ပူပန်နေသော်လည်း အခြေအနေအရ စေလွှတ်လိုက်သော သတင်းပို့သူထံမှ အသေးစိတ်အချက်အလက်များကို မေးမြန်းခြင်းမှလွဲ၍ အခြား ဘာမှမတတ်နိုင်ခဲ့ချေ။

လုမင်လီ တည်ကြည်သော မျက်နှာထားဖြင့် ပြောတော့သည်။

“မနေ့ညက မင်း လုပ်တာ အရမ်းမိုက်မဲလွန်းတယ်။ မော့ချွမ်း ပြောတာ မှန်ပါတယ်။ မင်း အနေနဲ့ ပုန်းနေသင့်တာ။ ဒါမျိုး...”

“ကျွန်မ သိပါတယ်”

ဟွာကျွင်း သူ့စကားကို ကြားဖြတ်၍ ပြောလိုက်၏။ “ကျွန်မ ကလေးမဟုတ်ပါဘူး။ ကျွန်မမှာ ကိုယ်ပိုင်ခုခံကာကွယ်ရေး ပစ္စည်းတွေ ရှိသလို တစ်စုံတစ်ယောက်က ကျွန်မကို ကယ်ဖို့ လာလိမ့်မယ်ဆိုတာလည်း သိနေခဲ့တာပဲ။ လူတိုင်းက ကျွန်မအတွက်နဲ့ ဒဏ်ရာရနေကြတာကိုတော့ ကျွန်မ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး”

လုမင်လီသည် ဟွာကျွင်းတွင် ကိုယ်ပိုင်အတွေးအခေါ်များ အမြဲရှိနေတတ်ပြီး သူ့အနေဖြင့် ဖျောင်းဖျ၍ရမည်မဟုတ်မှန်း သိသည်။ ကံကောင်းထောက်မစွာ သူမသည် အမြဲတမ်း ကောင်းမွန်သည့် အမှုကိစ္စများကိုသာ ပြုလုပ်သဖြင့်သာ ရွာသားများ အသက်ကိုပင် စွန့်လွှတ်၍ ကာကွယ်ပေးခဲ့ကြခြင်းပင်။ လုမင်လီ ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ နောက်နောင် သူမ ဤကဲ့သို့ အန္တရာယ်မျိုး ထပ်မကြုံတွေ့ရစေရန်အတွက် ချက်ချင်းပင် လူလွှတ်၍ လျှို့ဝှက်စောင့်ရှောက်ရန် စိတ်ထဲကနေ သန္နိဋ္ဌာန်ချလိုက်တော့၏။

သူ မြေပြင်ပေါ်က လှေကားထစ်တွင် ဝင်ထိုင်လိုက်ပြီး ဘေးနားကို ပုတ်ပြကာ ပြောလိုက်သည်။

“ထိုင်ဦးလေ”

ဟွာကျွင်း ဝင်ထိုင်လိုက်သည့်အခါ လုမင်လီက ဆက်လက် ပြောတော့၏။

“တိရှိုးတွေက ပြောက်ကျားစစ်ဆင်ရေးမှာ အရမ်းကျွမ်းကျင်ကြတယ်။ ကိုယ်တို့အလယ်ပိုင်းဒေသ နယ်စပ်က အရမ်းရှည်လျားလွန်းတော့ သူတို့ကို ရင်ဆိုင်တဲ့အခါ အချိန်မီ စစ်ကူမပေးနိုင်လို့ အမြဲတမ်း အကြပ်ရိုက်ရတယ်။ သူတို့ကို အပြတ်အသတ် နှိမ်နင်းချင်တယ်ဆိုရင်တော့ မြက်ခင်းပြင်ရဲ့ အသည်းနှလုံးနေရာအထိ အဆုံးအစမဲ့ ဝင်ရောက်ပြီး သူတို့ပင်မအင်အားစုကို ရှာဖွေပြီး အမြစ်ဖြတ်ရလိမ့်မယ်”

ဟွာကျွင်း: “ဒါကြောင့်မို့လို့ ရှင် နာဘုကို သွားတွေ့တာလား။ ဒါပေမဲ့ သူက ခံစစ် မြေပုံကို ဆွဲပေးပြီးပြီပဲ။ သူ ဘာအတွက် ထပ်ပြီး အသုံးဝင်ဦးမှာလဲ”

လုမင်လီ: “မြေပုံတစ်ခုတည်းနဲ့တင် မလုံလောက်ဘူး။ မြက်ခင်းပြင်ရဲ့ ပတ်ဝန်းကျင်က အရမ်းကြမ်းတမ်းပြီး ရွှံ့ဗွက်အိုင်တွေ အများကြီး ရှိနေတာ။ အကာအကွယ် လမ်းပြမရှိရင် ခြေတစ်လှမ်းတောင် ရွေ့ဖို့ မလွယ်ဘူး။ ကိုယ်တို့ အရင်က ကင်းထောက်တွေ စေလွှတ်ခဲ့ဖူးပေမဲ့ တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြဘူး”

“ကိုယ် အစက နာဘုကို လမ်းပြအဖြစ် သုံးဖို့ ရည်ရွယ်ထားတာ၊ ဒါပေမဲ့ သူ ဒီလောက်အထိ ဒဏ်ရာပြင်းထန်သွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။ ဒါပေမဲ့ သူက ကိုယ့်ကို အခြားလူတစ်ယောက် ညွှန်ခဲ့တယ်”

ဟွာကျွင်း: “ဘယ်သူလဲဟင်”

လုမင်လီ: “သူ့ညီအရင်းပေါ့။ ကိုယ် သိရသလောက်တော့ သူ့ညီက သူ့ကြောင့်မလို့ ဖမ်းခံထားရပြီး အခု နယ်စပ်က အကျဉ်းထောင်ကြီးတစ်ခုမှာ အကျဉ်းကျနေတာ။ ကိုယ် မနက်ဖြန်ကျရင် လူအချို့ကိုခေါ်ပြီး သူ့ကို သွားကယ်တင်မှာ။ ဒါဆိုရင် တိရှိုးကို တိုက်ခိုက်ဖို့ လက်တစ်ကမ်းအကွာကို ရောက်လာလိမ့်မယ်”

“စစ်ပွဲ ဖြစ်တော့မှာပေါ့”

ဟွာကျွင်း ကောင်းကင်ယံက ကြယ်များကို မော့ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေ၏။

စစ်ပွဲဟူသော စကားလုံးသည် သူနှင့် အလွန်ဝေးကွာသည်ဟု ထင်မှတ်ထားသော်လည်း ယခုအခါတွင် သူ့ဘေးနားသို့ ရောက်ရှိလာသည်။

“ဟုတ်တယ်”

လုမင်လီ ဝေးကွာသော အရပ်ဆီသို့ စိုက်ကြည့်ရင်း ခိုင်မာစွာ ပြောလိုက်သည်။

“တိရှိုးလူမျိုးတွေရဲ့ လက်ထဲကို အခြား မြို့ငယ်လေးနှစ်မြို့ ထပ်ကျရောက်သွားပြီး ပြည်သူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတာကို မင်း သိလား။ ကိုယ် ပြင်ဆင်ပြီးပါပြီ။ တကယ်လို့ တိရှိုးကို အပြတ်အသတ် မချေမှုန်းနိုင်ရင် ကိုယ် ဘယ်တော့မှ အိမ်မပြန်ဘူးလို့ ကျိန်ဆိုထားတယ်”

ဟွာကျွင်း သူ့လက်ကို ဆုပ်ကိုင်လိုက်ရင်း ပြော၏။ “ကောင်းပါပြီ၊၊ ကျွန်မ ရှင့်ကို ထောက်ခံပါတယ်၊၊ ကျွန်မ သေချာပေါက် ရှင့်ကို ကူညီနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေပေးပါ့မယ်”

လုမင်လီတွင် ငွေကြေးရှိပြီး ဟွာကျွင်းထံတွင် ကုန်ပစ္စည်းများ ရှိပေ၏။ မော့ချွမ်းတစ်ယောက် သူတို့ဆီ လိုက်လံရှာဖွေလာသည့် အချိန်အထိ နှစ်ဦးသား လိုအပ်မည့် ပစ္စည်းကိရိယာများကို သေသေချာချာ တွက်ချက်နေကြသည်။ ထိုအချိန်ကျမှပင် အချိန်အတော်လေး နောက်ကျနေပြီဖြစ်ကြောင်း ဟွာကျွင်း သတိပြုမိတော့သည်။

သူမ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။

“ကျွန်မ သွားရတော့မယ်။ ရှင် သေသေချာချာ ဂရုစိုက်ဦးနော်…”

အချိန်များ အလွန်လျင်မြန်စွာ ကုန်လွန်သွားပြီး နှစ်ဦးသား စကားအနည်းငယ်မျှပင် ကောင်းမွန်စွာ မပြောရသေးမီ ပြန်လည်ခွဲခွာရမည့် အချိန်သို့ ရောက်ရှိလာပြန်၏။ လုမင်လီ ဘာမှမတတ်နိုင်ဘဲ သူမနှင့်အတူ မတ်တတ်ရပ်လိုက်ရင်း ပြောလိုက်သည်။

“ကောင်းပါပြီ။ ကိုယ် ပြန်လာတဲ့အခါ မင်းကို လာရှာပါ့မယ်”

“နေဦး”

ဟွာကျွင်း တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်၏။ “ကျွန်မ ဆိုင်မှာ မီးရှူးမီးပန်းတွေ၊ လွှစက်တွေ၊ မေ့ဆေးတွေနဲ့ အခြားအရာတွေ ရှိသေးတယ်။ ရှင့်လူတွေ သုံးလို့ရမလားဆိုတာ ကြည့်လိုက်ပါဦး”

လုမင်လီ ငြင်းဆိုလိုက်၏။

“ကိုယ် အဲဒီပတ်ဝန်းကျင်နဲ့ ရင်းနှီးပြီးသားပါ။ ဒီတစ်ကြိမ်တော့ ကိုယ်တို့ ပေါ့ပေါ့ပါးပါးပဲ ခရီးသွားမှာ။ ဘာပြဿနာမှလည်း ရှိလာမှာ မဟုတ်ပါဘူး။ မရင်းနှီးတဲ့ ပစ္စည်းတွေကို သယ်ဆောင်သွားရင် အပိုပြဿနာတွေပဲ ဖြစ်လာလိမ့်မယ်”

ဟွာကျွင်း ပြန်လည်တွေးတောကြည့်ပြီးနောက် သဘောတူလိုက်မိ၏။ ဤပစ္စည်းများသည် သာမန်တိုက်ပွဲငယ်လေးများတွင် အသုံးဝင်နိုင်သော်လည်း တကယ့် စစ်တလင်းပြင်ကြီးထဲတွင်မူ တကယ့်ကို အသုံးဝင်လိမ့်မည် မဟုတ်ချေ။

All Chapters