← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း(၃၂)

အခြားတစ်ဖက်တွင်မူ ၊ လင်းလန်အား ဝိုင်းရံ တိုက်ခိုက်နေကြသော အကြီးအကဲ သုံးဦးသည်လည်း ဒဏ်ရာကိုယ်စီ ရရှိထားကြပြီး ၊ ခန္ဓာကိုယ် တစ်ဝက်လောက်က သွေးများဖြင့် ရဲရဲတောက်နေ၏။

သူတို့သည်လည်း သနားစရာကောင်းသော အခြေအနေအောက်တွင် ရှိနေကြသည်။

သို့သော်လည်း သူတို့သည် ကျန်းမင်၏ တိုက်ပွဲအခြေအနေကို မြင်တွေ့ပြီးနောက် ၊ မိမိတို့ ရွေးချယ်ခဲ့သော ပြိုင်ဘက်မှာ ကျန်းမင် မဟုတ်သည့်အတွက် အတော်လေး ကံကောင်းသည်ဟု စိတ်ထဲတွင် မှတ်ချက်ပြုလိုက်မိသည်။

"ပြေးကြစို့..."

"အမြန် ပြေး..."

ကျန်ရှိနေသော အကြီးအကဲသုံးယောက်မှာ လင်းလန်နှင့် ဆက်မတိုက်တော့ဘဲ လူစုခွဲကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။

ဤအခြေအနေထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ သစ္စာတရားများကို ဂရုမစိုက်နိုင်တော့ချေ။ အသက်ရှင်သန်ခွင့်ရဖို့ကသာ အရေးကြီးဆုံး ဖြစ်သည်။

ထိုဝတ်ရုံနက် လူငယ်သည် မဟာအကြီးအကဲ ဖန်ကျင့်နှင့် အခြားသူများကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့ရာ ၊ မိမိတို့၏ အသက်ကိုလည်း အသာလေး နုတ်ယူသွားနိုင်လိမ့်မည်။

သို့သော်လည်း သူတို့ သုံးဦးစလုံး ခြေငါးလှမ်းခန့် မလှမ်းရသေးမီမှာပင် ၊ လည်ပင်းထက်၌ အေးစက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

နီမြန်းပြီး နက်ရှိုင်းသော ဒဏ်ရာတစ်ခုသည် သူတို့ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ လည်ပင်းထက်သို့ ရောက်ရှိနေလေ၏။

သူတို့ သုံးဦးစလုံး လည်ပင်းထက်မှ ဒဏ်ရာကို လက်ဖြင့် အုပ်ထားကြသော်လည်း ၊ သွေးများက လက်ချောင်းများကြားမှ ထိန်းမနိုင်သိမ်းမရ စီးကျနေဆဲပင်။

သူတို့သည် လင်းလန်၏ လက်ထဲတွင် ရှိနေသော နှလုံးသားမဲ့ဓားကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။

မြန်လွန်းတယ်…

အရမ်းကို မြန်လွန်းတယ်…

"ကျုပ် လင်းမိသားစုရဲ့ မိုးကြိုးဓားအတတ်အောက်ကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး..."

လင်းလန်၏ စကားအဆုံးတွင် အလောင်း သုံးလောင်းသည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားလေတော့သည်။

နာရီဝက်အတွင်း ၊ ဆိပ်ကမ်းဂိုဏ်း လုအန်းမြို့ ဌာနခွဲတစ်ခုလုံးတွင် ဝမ်ရှောင်ဝိန် တစ်ဦးတည်းသာ ကျန်တော့၏။ သူလည်း အခြေအနေ သိပ်မကောင်းပေ။

"ကျင်းရှီ အကြီးအကဲ... ခင်ဗျား အပြင်ကို မထွက်လာသေးဘူးလား... ကျုပ် သေတော့မယ်..."

"ကျုပ် သေသွားရင် ခင်ဗျားရဲ့ တာဝန်လည်း အောင်မြင်တော့မှာ မဟုတ်ဘူး..."

ဝမ်ရှောင်ဝိန်က ရုတ်တရက် အော်ဟစ်လိုက်၏။

"ဟားဟားဟား..."

ဝမ်ရှောင်ဝိန်၏ စကားသံအဆုံးတွင် ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မည်သည့် ပုံရိပ်မျှ မမြင်ရသော်လည်း ၊ ထိုအသံမှာ မိမိတို့၏ ဘေးနားတွင် ရှိနေသကဲ့သို့ ခံစားရစေသည်။

ကျန်းမင် နှင့် လင်းလန်တို့ နှစ်ဦးစလုံး တုန်လှုပ်သွားပြီး၊ သူတို့၏ လက်များသည် ဓားရိုးပေါ်တွင် အသင့်ရှိနေ၏။

ထိုလူမှာ အဆင့်မြင့် ဆရာကြီးတစ်ယောက်ပင်။

ဤအတွေးသည် နှစ်ယောက်စလုံး၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ဝင်ရောက်လာသည်။

ဟူး…

လေ‌ပြည်တစ်ချက် တိုက်ခတ်သွားပြီးနောက်၊ နောက်ဖေးခန်းမဆောင်အတွင်းမှ မီးခိုးရောင် ပုံရိပ်တစ်ခု ပြေးထွက်လာခဲ့ကာ တိုက်ခိုက်နေဆဲ ဖြစ်သော မော့လျူရှင်းကို ဦးတည် တိုက်ခိုက်လိုက်၏။

ထိုသူ၏ အရှိန်မှာ အလွန် မြန်ဆန်သည်။ ကျန်းမင်ပင်လျှင် ၎င်း၏ အရိပ်ကို ရိပ်ခနဲသာ မြင်တွေ့လိုက်ရသည်။

ဗုန်း ဗုန်း ဗုန်း..

ထိုမီးခိုးရောင် ပုံရိပ်သည် လူသေတစ်ယောက်ကဲ့သို့ ပြာနှမ်းခြောက်သွေ့နေသော လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး လက်ဝါး ၁၃ချက် ဆက်တိုက် ရိုက်ထုတ်လိုက်သည်။

ချွင် ချွင်…

မော့လျူရှင်းသည် ကြယ်တိမ်ဓားသိုင်းဖြင့် ထိုတိုက်ခိုက်မှုအားလုံးကို ကာကွယ်တားဆီးလိုက်၏။

ဓား နှင့် လက်ဝါးရိုက်ချက်တို့ ထိပ်တိုက် ဆုံတွေ့ခဲ့လေရာ ၊ မီးပွားများ ပေါက်ကွဲထွက်ပေါ်လာသည်။

ဝုန်း….

နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက် ထပ်မံ ကျရောက်လာပြန်သည်။

ဤလက်ဝါးရိုက်ချက်သည် အလွန် အားပါပြီး ပြင်းထန်ပေရာ ၊ မော့လျူရှင်း၏ ဓားကိုပင် လေးတစ်စင်းအလား ကွေးညွတ်သွားစေသည်။

အကယ်၍ သူ၏ဓားမှာ ဥက္ကာခဲသံမဏိဖြင့် သွန်းလုပ်ထားသော နတ်ဘုရားလက်နက် မဟုတ်ခဲ့ပါက ၊ ဤလက်ဝါးရိုက်ချက်ကို တားဆီးနိုင်လိမ့်မည် မဟုတ်။ ထိုလက်ဝါးရိုက်ချက်သည် သူ၏ ရင်ဘတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာမည်မှာ ဧကန်မလွဲပင်။

မော့လျူရှင်း တစ်ယောက် ထိတ်လန့်သွားသည်။ သူသည် နောက်သို့ ပျံသန်း‌ဆုတ်ခွာလိုက်ရင်း ၊ ကျင်းရှီ အကြီးအကဲနှင့် အကွာအဝေးတစ်ခု ခြားလိုက်သည်။

"အလောင်းဂိုဏ်း….. မင်းတို့က ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းက ကိစ္စကို ဝင်ရောက် စွက်ဖက်ချင်တာလား..."

မော့လျုရှင်းသည် ကြောက်ရွံ့ခြင်း မရှိဘဲ ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ကျင်းရှီ အကြီးအကဲနှင့် ဝမ်ရှောင်ဝိန်တို့သည် ဘေးတစ်ဖက်တွင် ရပ်လိုက်ကြသည်။

ထိုအခါမှသာ ကျန်းမင်သည် ရောက်ရှိလာသူ၏ ရုပ်ရည်ကို သဲသဲကွဲကွဲ မြင်တွေ့လိုက်ရသည်။

ကျင်းရှီ အကြီးအကဲ၏ အပြင်ပန်းရုပ်ရည်မှာ အသက် သုံးဆယ်၊ လေးဆယ်ခန့်သာ ရှိသေးပြီး မုတ်ဆိတ်မွေးများ ရှိကာ မျက်နှာတစ်ခုလုံးမှာ မီးခိုးရောင်ဖြစ်နေသဖြင့် လူသေတစ်ကောင် နှင့် တူနေသည်။

"ဒါက အလောင်းကောင် ကျင့်စဉ်ကို နက်နက်ရှိုင်းရှိုင်း ကျင့်ကြံထားတဲ့ လက္ခဏာပဲ..."

လင်းလန်က ကျန်းမင်ကို ခပ်တိုးတိုးလေး ရှင်းပြလိုက်၏။

"ဒါက မိစ္ဆာလမ်းစဉ် ဂိုဏ်းကြီး ရှစ်ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ အလောင်းဂိုဏ်းရဲ့ ဆန်းကြယ်တဲ့ သိုင်းပညာပဲ..."

"ကျင့်ကြံတဲ့လူက ကိုယ့်ကိုယ်ကို အလောင်းကောင်တစ်ခုအဖြစ် ပြောင်းလဲပြီး.. ဓားလှံမတိုးနိုင်သလို မသေနိုင်တဲ့လူတွေ ဖြစ်လာနိုင်တယ်..."

"အော်... တကယ်ကြီး မသေနိုင်တာလား..."

ကျန်းမင် အနည်းငယ် အံ့ဩသွားသည်။

"မသိဘူး... သိုင်းလောကမှာတော့ အလောင်းကောင် ကျင့်စဉ် အထွတ်အထိပ်အဆင့်ထိ အောင်မြင်တဲ့လူကို ဘယ်သူမှ မမြင်ဖူးကြဘူး... တကယ်ပဲ မသေနိုင်သလား ဆိုတာကတော့..."

ထိုအချိန်တွင် ၊

"ဟွန်း..."

ကျင်းရှီအကြီးအကဲသည် လှောင်ပြုံးတစ်ခု ပြုံးရန် ကြိုးစားလိုက်သော်လည်း ၊ ၎င်း၏ မျက်နှာကြွက်သားများမှာ အစကတည်းက တောင့်တင်းနေခဲ့ပြီ ဖြစ်ရာ ထိုသို့ပြုလုပ်၍ မရနိုင်ခဲ့ချေ။ ဤလူသေမျက်နှာကြီးမှာ အတော်လေး ထူးဆန်းပေသည်။

"ကြယ်တိမ်ဂိုဏ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ဆယ်က ကြယ်တိမ်ဂိုဏ်း မဟုတ်တော့ဘူးလေ…..”

"အခြားလူတွေ မသိပေမဲ့... ထိပ်တန်းဂိုဏ်းကြီး ခုနစ်ဂိုဏ်း၊ အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ မိစ္ဆာလမ်းစဉ် ဂိုဏ်းကြီး ရှစ်ဂိုဏ်းကတော့ ကောင်းကောင်းကြီး သိထားကြတယ်..."

" ထျန်းချန်ဂိုဏ်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ မင်းတို့ အနိုင်ရခဲ့တာ မှန်ပေမဲ့...ဒါပေမဲ့ လူတိုင်းပြောသလို ပြီးပြည့်စုံတဲ့ အောင်ပွဲကြီးတစ်ခုတော့ မဟုတ်ခဲ့ဘူး..."

All Chapters