← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း(၃၆) အဆင့်(၇) ကနဦးအဆင့်၊ ရန်ငြိုးရှိက လက်စားချေမည်

သူသည် ချက်ချင်းပင် လျို့ဝှက်သော ထောင့်တစ်နေရာကို ရှာဖွေကာ တင်ပြင်ခွေထိုင်လိုက်သည်။

ဝီ…

သူသည် နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ သူ၏ မျက်နှာမှာ နီရဲရဲ ဖြစ်လာကာ ဦးခေါင်းထိပ်မှ အဖြူရောင် အခိုးအငွေ့များ တရိပ်ရိပ် ထွက်ပေါ်လာ၏။

နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ၊

ဟူး...

ကျန်းမင်သည် လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။

" နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ်က တကယ်ကို မရိုးရှင်းဘူးပဲ... တစ်နာရီလောက် တရားထိုင်လိုက်ရုံနဲ့ ငါ့ကိုယ်ပေါ်က ဒဏ်ရာအားလုံး ပြန်ကောင်းသွားပြီ..."

"ဒီလိုမျိုး နတ်ဘုရားကျင့်စဉ်တစ်ခု ရှိနေပါလျက်နဲ့..."

"တင်းတျန်က ဘာဖြစ်လို့ ခုလို သနားစရာကောင်းတဲ့ အဆုံးသတ်မျိုးနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာ ငါ တကယ်ကို စဉ်းစားလို့မရဘူး..."

"အိုင်း... လောကကြီးမှာ အချစ်ဆိုတာ ဘာများလဲ ..."

ကျန်းမင်သည် သူ၏ စနစ်မျက်နှာပြင်ကို စစ်ဆေးလိုက်သည်။

[ နတ်ဘုရားရှင်သန်ခြင်းကျမ်း (၄၁/၁၀၀)၊

ကျားငါးကောင် တံခါးပိတ်ဓားသိုင်း (၄၃/၁၀၀)၊

ရှောင်လီ ဓားပျံသိုင်းကွက် (၃၁/၁၀၀)၊

တောင်ဖြိုလက်သီး (၃၀/၁၀၀) ]

[ ကျန်ရှိသော သတ်ဖြတ်မှုအမှတ် - ၇၁၀၀ ]

ကျင့်ကြံဆင့် - အဆင့်(၈) နှောင်းပိုင်း

ယနေ့ည၏ ရလဒ်သည် အတော်လေး ကောင်းမွန်ခဲ့သည်။ နေ့ခင်းဘက်က သုံးစွဲခဲ့သော သတ်ဖြတ်မှုအမှတ်များကို သူသည် အားလုံးနီးပါး ပြန်လည် ရရှိခဲ့၏။

အမှန်အားဖြင့် ခြိုးခြံချွေတာခြင်းမှာ နည်းလမ်းကောင်း မဟုတ်ချေ။ အရေးကြီးဆုံးမှာ ဝင်ငွေလမ်းကြောင်းကို တိုးချဲ့ရန်သာ ဖြစ်သည်။

"စနစ်... နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ်ထဲ သတ်ဖြတ်မှုအမှတ် သုံးထောင် ပေါင်းထည့်လိုက်..."

လက်ရှိ အရေးကြီးဆုံးမှာ သူ၏ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရန်ပင်။ အထူးသဖြင့် ကျန်းမင်သည် မော့လျူရှင်းထံမှ စူးမိသားစုမှ စူးယာ နှင့် ကျောက်မိသားစုမှ ကျောက်ပုဖန်တို့ သူ့အား လာရောက် ရှာဖွေကြတော့မည့်ကို သိရှိထားသည်။

[ ဒေါင် …အမှတ်ထည့်သွင်းခြင်း အောင်မြင်ပါသည်၊ နတ်ဘုရားရှင်သန်ခြင်းကျင့်စဉ် (၇၁/၁၀၀) ]

[ ကျန်ရှိသော သတ်ဖြတ်မှုအမှတ် - ၄၁၀၀ ]

ဝီ..

စင်ကြယ်ပြီး ပြင်းထန်သော အပူစွမ်းအင်တစ်ခုသည် ကျန်းမင်၏ ခန္ဓာကိုယ်အနှံ့ သွေးကြောများအတွင်းသို့ စီးဆင်းဝင်ရောက်လာသည်။

ကျန်းမင်မှာ ခန္ဓာကိုယ်တစ်လျှောက် ပြင်းထန်သော ပူပြင်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ရေပူစမ်းတစ်ခုအတွင်းသို့ ရောက်ရှိနေသကဲ့သို့ ခံစားရသည်။

အလွန် ပူပြင်းသော်လည်း၊ သက်တောင့်သက်သာ ရှိနေပြန်သည်။

ဖောက်…

ပင်မသွေးကြော ၁၂ခုအနက် နောက်ဆုံး ကျန်ရှိနေသော သွေးကြောသုံးခုမှာ အတွင်းအားများဖြင့် ပြည့်နှက်သွားပြီး ၊ အဆင့်(၈)၏ နောက်ဆုံး ကန့်သတ်ချက်မှာလည်း ကျိုးပျက်သွားခဲ့သည်။

သူ၏ အရှိန်အဝါမှာ ဆက်လက် မြင့်တက်နေပြီး ပြင်းထန်သော အပူလှိုင်းများက သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြင်သို့ ပေါက်ကွဲထွက်လာသည်။

ပြင်းထန်သော အပူလှိုင်းများက လမ်းကြားအတွင်းရှိ နံရံများကို အဆက်မပြတ် ရိုက်ခတ်နေခဲ့၏။

နောက်ထပ် စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းဝင်ရောက်လာပြီး ၊ သွေးကြောရှစ်ခုအနက် သွေးကြောနှစ်ခုမှာ ပွင့်သွားခဲ့သည်။

သူ အဆင့်(၇) ကနဦးအဆင့်သို့ ရောက်ရှိသွားလေပြီ။

"ဆက်လုပ်ရအောင်..."

"ကျန်ရှိတဲ့ သတ်ဖြတ်မှုအမှတ်အားလုံးကို ကျားငါးကောင် တံခါးပိတ်ဓားသိုင်းထဲ ထည့်ပေါင်းလိုက်တော့ ..."

ယနေ့ည တိုက်ပွဲတွင် ထိုပေါင်းစပ်မှု ဓားအရေးအတတ်ကို ထုတ်သုံးလိုက်ခြင်းသည် မိမိ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းလုနီးပါး ဖြစ်စေခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ အတော်လေး အန္တရာယ်များပေသည်။

မိမိအနေဖြင့် ဓားသိုင်းအပေါ် ပိုမို နက်ရှိုင်းစွာ နားလည်ထားရန် လိုအပ်သည်။ သူ့အနေဖြင့်

ထိန်းချုပ်မရနိုင်သော အခြေအနေမျိုးကို နောက်တစ်ကြိမ် ဖြစ်ခွင့်မပေးနိုင်ချေ။

[ အမှတ်ထည့်သွင်းခြင်း အောင်မြင်ပါသည်၊ ကျားငါးကောင် တံခါးပိတ်ဓားသိုင်း (၈၄/၁၀၀)]

ဝုန်း…

ကျားငါးကောင် တံခါးပိတ်ဓားသိုင်းကို လေ့ကျင့်ခဲ့သော အတွေ့အကြုံများစွာသည် ကျန်းမင်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာပြီး ၊ သူ၏ ဓားမှာလည်း သူ၏ဓားဆန္ဒကို ခံစားမိသကဲ့သို့ အနည်းငယ် တုန်ခါသွားသည်။

တစ်ခုနှင့်တစ်ခု အပြန်အလှန် တုံ့ပြန်နေသကဲ့သို့ပင်။

ဤအခိုက်အတန့်တွင် ကျန်းမင်သည် ဓားလမ်းစဉ်အပေါ်၌ ပိုမို နက်ရှိုင်းစွာ နားလည်သွားခဲ့ပြီး ၊ သူ၏ အရှိန်အဝါမှာလည်း ပို၍ အားကောင်းလာခဲ့သည်။

" ဓားရေးအပေါ် ငါရဲ့ လက်ရှိနားလည်မှုနဲ့ဆိုရင် ... လင်းလန် နဲ့ ပူးပေါင်းဖို့ တောင် မလိုဘဲ ဝမ်ရှောင်ဝိန်ကို တစ်ချက်တည်းနဲ့ သတ်နိုင်လောက်တယ်..."

"အခု... စာရင်းရှင်းရမယ့် အချိန်ရောက်ပြီ..."

" ငွေကြေးဂိုဏ်း နဲ့ ဆိပ်ကမ်းဂိုဏ်း..."

……

နောက်တစ်နေ့။

မနက်စောစောတွင် ကျန်းမင်သည် နောက်ဖေးခြံဝင်းအတွင်း၌ လော့ဝူရှဲ့တို့ သားအဖနှစ်ယောက်နှင့်အတူ မနက်စာ စားနေခဲ့သည်။

ထမင်းစားပွဲ၌ ကျန်းမင်သည် စုန့်ချွင်းမြို့သို့ တစ်ခေါက် ပြန်သွားလိုကြောင်း ပြောဆိုလိုက်သည်။

" ကျန်းသခင်လေး... စုန့်ချွင်းမြို့က မင်းအပေါ် သတိထားတာတွေ လျော့နည်းသွားပြီ ဆိုပေမယ့်... ဒါပေမဲ့ ဆိပ်ကမ်းဂိုဏ်းနဲ့ ငွေကြေးဂိုဏ်းက မင်းကို သတ်ဖြတ်ဖို့ လက်လျှော့လိုက်တာ မဟုတ်သေးဘူး... မင်း အခုအချိန်မှာ ပြန်သွားမယ်ဆိုရင် ငါ စိုးရိမ်မိတာက..."

လော့ဝူရှဲသည် သူ၏ စိုးရိမ်ပူပန်ကို ဖော်ပြလိုက်သည်။ လော့ချင်းဟယ်မှာ သူမ၏ လှပသော မျက်ဝန်းများဖြင့် ကျန်းမင်ကို စိုက်ကြည့်နေခဲ့ပြီး စိုးရိမ်ပူပန်နေဟန်ရသည်။

မိန်းကလေးတစ်ဦး၏ အတွေးများသည် မျက်ဝန်းထဲ၌ ထင်ဟပ်နေတတ်သည်။

ကျန်းမင်က ခေါင်းခါလိုက်သည်။

"ကိစ္စမရှိဘူး... ကျုပ်က အရင်က ကျန်းမင် မဟုတ်တော့ဘူး..."

"လူတစ်ယောက်ကို သုံးရက်လောက် လမ်းခွဲပြီးရင် လူသစ်တစ်ယောက်လို ပြန်ကြည့်ရတယ် တဲ့..."

" ရွေးချယ်မှုတိုင်းအတွက် ပေးဆပ်ရမယ့် တန်ဖိုး ရှိတယ်ဆိုတာ....သူတို့ သိဖို့အချိန်တန်ပြီ”

"သူတို့က ကျန့်ဝမ်မြို့တော်ဘက်ကနေ ရပ်တည်ပြီး ကျုပ်ကို ရန်သူလုပ်ခဲ့တာဆိုတော့... ကျုပ်ရဲ့ ကလဲ့စားကိုလည်း မလွဲမသွေ ရင်‌ဆိုင်ရလိမ့်မယ်..."

ဟူး...

လော့ဝူရှဲ့ မှာ သက်ပြင်းတစ်ချက် ချလိုက်လေ၏။

All Chapters