← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း(၃၇)

သူသည် ကျန်းမင်ကို တားဆီးလို့ရမည် မဟုတ်ကြောင်း သိထားသည်။ လူငယ် တစ်ယောက်၏ ရည်မှန်းချက်သည် ကောင်းကင်ထက် မြင့်မားလေ့ရှိပေသည်။

သူသည်လည်း အတိတ်တုန်းက ဤကဲ့သို့ ဖြတ်သန်းခဲ့ဖူးသည် မဟုတ်လော။

"ကျန်းအစ်ကို... ခဏလေး..."

လော့ချင်းဟယ်သည် လက်ထဲမှ ထမင်းပန်းကန်ကို ချလိုက်ပြီး အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့သည်။

‘ဒီမိန်းကလေး ဘာလုပ်မလို့လဲ…’

ကျန်းမင်မှာ နားမလည်ဖြစ်နေသော်လည်း လော့ဝူရှဲ့သည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်သည်။

"မကောင်းတော့ဘူး..."

သူ့ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ထရပ်ရန် ကြိုးစားလိုက်သော်လည်း ၊ လော့ချင်းဟယ်သည် သေတ္တာတစ်ခုကို ပွေ့ပိုက်လျက် အပြေးအလွှား ပြန်လည် ရောက်ရှိလာ‌ခဲ့သည်။

"ကျန်းကိုကို... ဒါက ကျွန်မတို့ အိမ်ရဲ့ ချင်းချွဲ့ဓားပဲ ... နာမည်ကြီး လက်မှုပညာရှင် တစ်ယောက်က ဥက္ကာခဲသံကို အသုံးပြုပြီး သွန်းလုပ်ထားတဲ့ ရတနာဓားတစ်လက်ပဲ..."

"ပြောလေ့ရှိကြတာကတော့... ဓားကောင်း တစ်လက်ဟာ သူရဲကောင်းနဲ့ ထိုက်တန်တယ် တဲ့..."

"ဒီနေ့... ကျွန်မ ဒီဓားကို ကျန်းကိုကိုအတွက် လက်ဆောင်ပေးချင်တယ်... ကျန်းကိုကို ဟာ ချင်းဟယ်ရဲ့ ရင်ထဲမှာ သူရဲကောင်းပါပဲ..."

ထိုစကားကို ကြားလိုက်ရသဖြင့် ကျန်းမင်တစ်ယောက် ကိုယ့်နှာခေါင်းကို တစ်ချက် ပွတ်သပ်လိုက်မိသည်။

သူသည် လော့ဝူရှဲ့၏ နှမြောတသဖြစ်နေသော မျက်နှာပေးနှင့် မိမိအား လက်မခံရန် မျက်စိမှိတ်ပြနေသော အမူအရာများကို လျစ်လျူရှူကာ ချင်းချွဲ့ဓားကို ချက်ချင်းပင် လှမ်းယူလိုက်၏။

"ကောင်းပါပြီ... ကျေးဇူးတင်ပါတယ်... ညီမလေးချင်းဟယ် ..."

"ဒီဓားကို ငါ အမြဲတမ်း ကိုယ်နဲ့မကွာ ဆောင်ထားပါ့မယ်..."

"အခုကစပြီး မင်းတို့ လော့မိသားစုနဲ့ ဟုန်ယွမ် အစောင့်အရှောက်အဖွဲ့ကို ငါ စောင့်ရှောက်ပေးပါ့မယ်... မင်းကို အနိုင်ကျင့်သူရှိရင် ငါ့ကို လာရှာလို့ရတယ်..."

"အင်း..."

လော့ချင်းဟယ်က မကြားတကြားအသံလေးဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

လော့ဝူရှဲ့ခမျာ ကုလားထိုင်ပေါ်သို့ ပစ်လဲကျသွားပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေလေ၏။

"သွားပြီ... သွားပြီ... ရတနာဓားတစ်လက် ဆုံးရှုံးလိုက်ရရုံတင်မကဘူး... သမီးတစ်ယောက်ပါ ဆုံးရှုံးလိုက်ရပြီ..."

သူသည် စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူလို့နေရှာသည်။

ချွင်...

ကျန်းမင်သည် ချွင်းချွဲ့ဓားကို ဓားအိမ်မှ ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ရာ အေးစက်တောက်ပသော အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။

ချင်းချွဲ့ဓား၏ ကိုယ်ထည်မှာ ပြာလဲ့လဲ့ တောက်ပနေပြီး အေးစက်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

"ဓားကောင်းတစ်လက်ပဲ..."

ကျန်းမင်သည် ရတနာလက်နက် မြောက်မြားစွာကို မမြင်ဖူးသော်လည်း မော့လျူရှင်း၏ ဓားကို မြင်ခဲ့ဖူးသည်။ ၎င်းမှာ ကျင်းရှီအကြီးအကဲ၏ ပြင်းထန်သော လက်ဝါးချက်ကို ခံနိုင်ရည်ရှိရုံသာမက ထိုမျှလောက်အထိ ကွေးညွတ်သွားသော်လည်း ပျက်စီးသွားခြင်း မရှိခဲ့ပေ။

ယခု သူ့လက်ထဲတွင် ရှိနေသော ချင်းချွဲ့ဓားမှာလည်း မော့လျူရှင်း၏ ဓားထက် အဆင့်မနိမ့်ချေ။

ထိုမျှသာမက ဤချင်းချွဲ့ဓားသည် မော့လျူရှင်း၏ ဓားထက်ပင် ပို၍ သာလွန်သည်ဟု သူ ခံစားမိသည်။

ဤကဲ့သို့သော လက်ဆောင်မျိုးသည် တကယ့်ကို အဖိုးတန်ပေသည်။ လော့ဝူရှဲ့တစ်ယောက် ဤမျှလောက်အထိ မျက်နှာရှုံ့မဲ့နေသည်မှာ အံ့ဩစရာမရှိပေ။

ကျန်းမင်သည် ထူးဆန်းသော အမူအရာဖြင့် လော့ဝူရှဲ့ကို လှမ်းကြည့်လိုက်သည်။

ထို့အကြည့်က လော့ဝူရှဲ့၏ တည်ငြိမ်နိုင်စွမ်းကို လုံးဝ ဖျက်ဆီးပစ်လိုက်လေ၏။

ဤသည်မှာ ရွှေရောင်ဆံပင်နှင့် လူဆိုးတစ်ကောင်က ဆိုင်ကယ်အကောင်းစားကြီးကို စီးကာ အိမ်အောက်သို့ ရောက်ရှိလာပြီး...

"ဦးလေး... ဦီးလေးရဲ့ သမီးကို လာတွေ့တာပါ... ကျွန်တော် သူမကို ခေါ်သွားလို့ ရမလား..." ဟု မေးမြန်းနေသကဲ့သို့ပင်။

…..

အပြင်တွင် မိုးသည်းထန်စွာ ရွာသွန်းနေ၏။

သဲကြီးမဲကြီး ရွာသွန်းနေခြင်း ဖြစ်သည်။

ကျန်းမင်သည် လုအန်းမြို့နှင့် စုန့်ချွင်းမြို့ကြားရှိ တောင်ကြားလမ်းပေါ်ရှိ လမ်းဘေး ဆိုင်ငယ်လေးတစ်ခုအတွင်း၌ ထိုင်နေခဲ့သည်။

သူသည် ထောင့်တစ်နေရာကို ရွေးချယ်ပြီး နေရာယူထားသဖြင့် မိုးရွာသွန်းခြင်းကို မမြင်ရဘဲ မစဲတမ်း ရွာသွန်းနေသော မိုးကျသံကိုသာ ကြားနေရသည်။

ဆိုင်အတွင်း၌ ကုန်သည်အချို့နှင့် သိုင်းသမား ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေ၏။

သူတို့အားလုံးသည် ရုတ်တရက် မိုးရွာသွန်းမှုကြောင့် ဤဆိုင်ငယ်လေးအတွင်းသို့ ဝင်ရောက်ကာ မိုးခိုနေကြခြင်း ဖြစ်သည်။

ရောက်တုန်းရောက်ခိုက် သိုင်းသမားများနှင့် ကုန်သည်များသည် မိုးရွာခြင်းအပေါ် စိတ်ပျက်ညည်းတွားခြင်း မရှိဘဲ အသားများကို အားပါးတရ စားသောက်ကာ၊ အရက်များကို ခွက်လိုက်မော့လျက် ကျယ်လောင်စွာဖြင့် စကားပြောဆိုနေကြသည်။

‌ ထောင့်နားရှိ ကျန်းမင်တစ်ဦးတည်းသာလျှင် တိတ်ဆိတ်စွာဖြင့် ရှိနေခဲ့သည်။

"သက်လတ်ပိုင်း ခရီးသည် လှေပေါ်မှ မိုးရွာသံကို နားထောင်လေသည်... မြစ်ရေပြင်သည် ကျယ်ပြောကာ မိုးတိမ်များက နိမ့်ဆင်းလျက် ရှိနေသည်...အဖော်မဲ့သော တောငန်းလေးမှာ အနောက်လေညင်းထဲ တစ်ကောင်တည်း မြည်တမ်းလို့ နေလေသည်...."

သူသည် ညည်းတွားလိုက်ရင်း အရက်ချိုကို ဖြည်းညင်းစွာ သောက်လိုက်၏။

သို့သော်လည်း သူ၏ အကြည့်က တံခါးအပြင်ဘက်တွင် ရှိနေ၏။

တောက် တောက်။

မိုးရေပြင်ပေါ် နင်းလျှောက်လာသော ခြေသံနှစ်ချက် ထွက်ပေါ်လာသည်။ ထိုအသံမှာ သိပ်ပြီး မပြတ်သားသော်လည်း ကျန်းမင်းသည် သူတို့ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

မကြာခင်မှာပင် ဆိုင်ငယ်လေးအတွင်းရှိ လူတိုင်း သတိထားမိသွားသည်။ ၎င်းမှာ ခမောက်ဆောင်းထားသော လူနှစ်‌ဦးပင် ဖြစ်သည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ၊ လူတိုင်း၏ အကြည့်များက အမျိုးသမီးပေါ်တွင်သာ စုပြုံကျရောက်နေသည်။

ထိုကောက်ရိုးခမောက်အောက်တွင် စိတ်ဝိညာဉ်ကို နှုတ်ယူနိုင်စွမ်းရှိသော အလှတရားလေး ရှိနေ၏။

ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ အမျိုးသားတိုင်း၏ အကြည့်များက ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။

သူမ၏ သေးသွယ်သော ခြေတံ ၊ သွယ်လျသော ခါး ၊ မိုးရေကြောင့် စိုရွှဲနေသော အဝတ်အစားများက ခန္ဓာကိုယ်ပေါ်တွင် ကပ်ညှိနေသဖြင့် သူမ၏ ပြည့်ဖြိုးသော ရင်သားအစုံကို မြင်တွေ့နေရသည်။

မျက်နှာကို မမြင်ရင်တောင်မှ ဤသူမှာ အလွန် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း တန်းသိနိုင်သည်။

All Chapters