သတ်ဖြတ်ခြင်း
Vol. 012 Ch. 558
ဝမ်လင်းက အရပ်ပုပု အကြီးအကဲ ထွက်ပြေးသွားသည့်နေရာကို အေးစက်စွာ ကြည့်ကာ သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ ကောင်းကင်ဘုံဓားထဲကနေ ရှုလီကော၏ မောက်မာသည့်အသံက ထွက်ပေါ်လာတော့၏။
“မြေးလေး…မပြေးနဲ့။ မင်းရဲ့ ဘိုးဘိုး ရှုက ငါ့ရဲ့ ဂျူနီယာလေးနဲ့အတူ မင်းကို ကစားပေးရတော့မှာပေါ့…”
သူ့အသံက ဓားထဲကနေ ထွက်လာပြီးပြီးချင်း လခြမ်းကွေးဓားသွားကလည်း အရပ်ပုပုအကြီးအကဲ ထံသို့ ချက်ခြင်း ဦးတည်သွားတော့သည်။
သည်အရာများက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းက သွေးလက်ဝါးရိပ်များကို ဖျက်စီးခြင်း၊ တစ္ဆေဦးခေါင်းကို ဖျက်စီးခြင်းနှင့် အရပ်ပုပုအဘိုးအိုတို့ကို ထွက်ပြေးစေခြင်းတို့အား ပြုလုပ်ခဲ့ခြင်းပင်။
သည်အချိန်မှာပင် ရှီဖန်ဓားစွမ်းအင်က ဝမ်လင်းထံသို့ နီးကပ်လာ၏။
ဝမ်လင်းက လှည့်ကြည့်လိုက်ရာ ရှီဖန်၏ ဓားစွမ်းအင်နောက်တွင် ကပ်လာသည့် ဓားငယ်တစ်ခုအသွင် ရှီဖန်မူလစိတ်ဝိညာဉ်ကို လှမ်းမြင်လိုက်သည်။ သူ့အသွင်က ပုံမှန်အတိုင်းရှိနေကာ သူက ဘယ်ဘက်လက်ကိုသာ မြှောက်လိုက်၏။ သတ္တုကောင်းကင်ဘုံစွမ်းအင်က သူ့လက်မောင်းကနေ ထွက်ပေါ်လာကာ တောင်ကြားတစ်ခုလုံး၌ ပြည့်နှက်သွားသည်။
တစ်ပြိုင်နက်တည်းမှာပင် သူ့ဘယ်ဘက်လက်က တောက်ပစူးရှသည့် ရွှေရောင်အလင်းထွက်ပေါ်လာကာ ဝဲကတောစက်ဝိုင်းအဖြစ် သူ့လက်ဝါးပေါ်တွင် သိပ်သည်းလာသည်။
“သတ္တုကောင်းကင်ဘုံစွမ်းအင် စက်ဝန်းလေးခု…” ဝမ်လင်းက ထိုသို့ပြောလိုက်ရင်း သူ့လက်ဝါးကို ရှေ့သို့ ညင်သာစွာ တွန်းထုတ်သည်။
အသံတုန်ခါလှိုင်းများ ဆက်တိုက်ထွက်ပေါ်လာကာ သူ့လက်ထဲရှိ ရွှေရောင်ဝဲကတော့စက်ဝန်းက ဓားစွမ်းအင်များနှင့် တိုက်ရိုက်ထိတွေ့သည်။ သည်အခိုက်၌ တောင်ကြားထဲတွင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လို့သွားသည်။ပတ်ဝန်းကျင်ရှိတောင်များပင် ပြိုကျကုန်၏။
ဓားစွမ်းအင်ပြိုကျသွားပြီးနောက် ၎င်းစွမ်းအင်နောက်ကနေ လိုက်ပါလာသည့် ဓားငယ်ကလည်း သည်ပေါက်ကွဲမှုကို ဖြတ်သန်းကာ ဝမ်လင်းမျက်ခုံးနှစ်ခုကြားသို့ ဆက်လက် တိုးဝင်လာသည်။ ၎င်း၏အမြန်နှုန်းက အံ့မခန်းပင်။ သည့်အတွက် ဝမ်လင်းက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်ဖြစ်နေလျှင်ပင် အစောပိုင်းကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာဉ်နှင့်ပေါင်းစပ်ထားသည့် အသက်ကယ်မန္တာန်များကို ရင်မဆိုင်လိုပေ။
သို့ရာတွင် သည်အရာက သူ့တွင် စိတ်ဝိညာဉ် ကျာပွတ် မရှိခင်က ဖြစ်၏။ခုချိန်တွင်တော့ သူ့အသွင်က ပြောင်းလဲခြင်း မရှိပေ။ သူက နောက်သို့ လျင်မြန်စွာ ဆုတ်ကာ သိုလှောင်အိတ်ကို ပုတ်၏။ ထိုအခါ အနက်ရောင်အရိပ်တစ်ခုက လေထဲကို ဖြတ်၍ ထွက်ပေါ်သွား၏။
ကျွတ်ဆက်သံနှင့်အတူ ဓားငယ်က ပြင်းထန်သောအားနှင့် ထိခိုက်ခြင်းခံလိုက်ရကာ ၎င်းအမြန်နှုန်းကလည်း လျော့ကျသွား၏။
ကျာပွတ်က နောက်တစ်ကြိမ် လွှဲရိုက်လာပြန်၏။ ဓားငယ်အတွင်းမှ ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာ၏။ အစိမ်းရောင်မီးနောက်တစ်ခုက ရုတ်တရပ် ယင်းဓားငယ် ပတ်လည်တွင် သိပ်သည်းသွားသည်။ ၎င်းက လေထဲကို ဖြတ်ကာ ဝမ်လင်းရှေ့ သုံးလက်မအကွာတွင် ပေါ်လာ၏။
ဝမ်လင်းက နောက်သို့ မြန်ဆန်စွာ ဆုတ်ကာ သူ့ကျာပွတ်ကို ဓားငယ်ထံသို့ အလင်းတန်းအလား တိုးဝင်သွားစေသည်။
ကျွတ်ဆက်ဆက်အသံများ ဆက်တိုက်ထွက်ပေါ်သွားကာ ကျာပွတ်ကာ ဓားငယ်ပေါ်သို့ ကျရောက်သည်။ ထိုအခါ ဓားငယ်ထံကနေ အထိတ်တလန့်အော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အဆုံးသပ်၌ ၎င်းဓားငယ်ထံကနေ အနက်ရောင်အခိုးငွေ့များစွာ ထွက်ပေါ်၏။ ၎င်းက ဝမ်လင်းထံသို့ တိုးဝင်နေရာမှာ ချက်ခြင်း ရပ်တန့်သွားကာ ပြန်လှည့်ပြေးရန် ဟန်ပြင်၏။
ဓားငယ်ထံကနေ အနက်ရောင်အခိုးငွေ့များစွာ ထွက်ပေါ်လာကာ ရှီဖန်အသွင်သို့ ပြောင်းလဲသွားသည်။ ခုလက်ရှိတွင် သူက အလွန်အမင်း အားနည်းကာ လေတိုက်လျှင်ပင် ပြိုလဲတော့မလို ဖြစ်နေ၏။
ရှီဖန်မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လိုနေသည်။ သို့သော် ဝမ်လင်းက သူ့ကို သည်အခွင့်အရေး မပေးချေ။ သူ့မူလစိတ်ဝိညာဉ်က ပျက်စီးသွားခါးနီးတွင် ဝမ်လင်းက ညာလက်ဖြင့် ရှေ့သို့ ညွှန်သည်။ အစိမ်းရောင်အလင်းတန်း တစ်ခု ထွက်ပေါ်သွား၏။ ၎င်းအစိမ်းရောင်အလင်းတန်း၏ ဦးတည်ချက်က ရှီဖန်၏ မူလစိတ်ဝိညာဉ်မဟုတ်ဘဲ သူ့ခန္ဓာကိုယ်သို့ ဖြစ်နေသည်။
ရှီဖန်က အစိမ်းရောင်အလင်းသည် ကြီးမားသည့်မွန်းစတားကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်လို့နေသည်။ သည်မွန်းစတား၏ အထင်ရှားဆုံးအပိုင်းကတော့ ၎င်း၏ ချွန်မြသည့် ပါးစပ်ကြီးပင်။
သည်ချွန်မြသည့် ပါးစပ်ကြီးက အလင်းတန်းအလား လှုပ်ရှားကာ အထက်ကနေ ဆင်းသက်လာသည်။ သည့်နောက် ၎င်းက ရှီဖန်၏ ဦးခေါင်းကို ဖြတ်ကာ ခန္ဓာကိုယ်ထဲအထိ စိုက်ဝင်၏။
ရှီဖန်၏ အဆီအနှစ်၊ သွေးသားများနှင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များပင် ချက်ခြင်း စုပ်ယူခြင်း ခံလိုက်ရ၏။
အဆုံးသပ်၌ သူက သေဆုံးသွားတော့သည်။
ရှီဖန်၏ မူလစိတ်ဝိညာဉ်ကတော့ သည်မြင်ကွင်းကို မှင်သက်ကြောင်ရီစွာ ကြည့်လို့နေသည်။ သူက လှည့်ကာ ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်၏။ သည့်နောက် သူက အကွာအဝေးတစ်ခုရှိ ဂျူနီယာများထံသို့ ပျံသန်းသွားသည်။
ထိုနေရာ၌ ဂျူနီယာလေးယောက် ရှိနေသည်။ ရှီဖန်က ကောရှင်းဂျိထံသို့ တန်းမတ်စွာ တိုးဝင်သွား၏။
ကောရှင်းဂျိက စိတ်ရှုပ်သွားသည်။ သူက အကြီးအကဲက ဘာ့ကြောင့် သူ့ထံသို့ တိုးဝင်လာသည်ကို မသိချေ။ သူ့အမြင်၌ ရုတ်တရပ် နက်မှောင်သွားကာ သူ့နှဖူးထက်၌ ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားသည်။ ၎င်းက ရှီဖန်၏ မူလစိတ်ဝိညာဉ် ဓားငယ်ပင်။ သည်ဓားငယ်က သူ့နှဖူးထဲသို့ ထွင်းဖောက်သွားသည်။
ကောရှင်းဂျိ ခန္ဓာကိုယ်က တုန်ခါနေရာ သူ့မျက်လုံးက မှိန်ဖျော့လာ၏။ သို့ရာတွင် သူ့မျက်လုံက ရုတ်တရပ် လင်းလက်သွား၏။ သို့သော် သည်မျက်လုံးထဲ၌ အားနည်းမှုအငွေ့အသက်တို့ကတော့ ရှိနေဆဲပင်။
ဝမ်လင်းက စိတ်ဝင်စားစွာဖြင့် သည်မြင်ကွင်းကို ကြည့်ကာ သူ့မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။ ခန္ဓာအသစ်သိမ်းယူခြင်းက ရိုးရှင်းသည့်ကိစ္စတစ်ခု မဟုတ်ပေ။ စစ်ထူနန်ပင် ခန္ဓာအသစ်ကို လုံးဝ ပိုင်ဆိုင်နိုင်ရန်အတွက် ဆယ်ရက်ခန့် ကြာမြင့်ခဲ့ရ၏။ သို့ရာတွင် သည်အကြီးအကဲ ရှီဖန်ကတော့ ချက်ခြင်းပင် ကောရှင်းဂျိ၏ ခန္ဓာကိုယ်ကို သူ့ခန္ဓာကိုယ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့သည်။ သည်အချက်က ဝမ်လင်းကို အံ့အားသင့်စေ၏။
သည်အချိန်မှာပင် ကောရှင်းဂျိမျက်နှာက ဖြူရောသွား၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ လျင်မြန်စွာ ပြောလိုက်၏။ “ရောင်းရင်း ဝမ်…အရာအားလုံးက ငါ့အမှားပါ။ မင်းငါ့ကို လွှတ်ပေးရင် ငါကမင်းကို ဒီခန္ဓာကိုယ်အသစ် အမြန်ပိုင်ဆိုင်တဲ့ နည်းပေးမယ်။ ဒါ့အပြင် ငါက ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို ဘယ်တော့မှ မပြောတော့ဘူးလို့ ငါ့စိတ်ဝိညာဉ်ကို တိုင်တည် ကျိန်ဆိုပါတယ်…”
ထိုသို့ပြောပြီးနောက် ရှီဖန်က လက်ဝှေ့ရမ်းလိုက်ရာ ချန်ချင်ဘေးရှိ အခြားနှစ်ယောက်သည်လည်း ပေါက်ကွဲကာ သေဆုံးသွားတော့သည်။
“ရောင်းရင်းဝမ်…ဒီမိန်းကလေး ချန်ချင်က အပျိုစင်တစ်ယောက်ပဲ။ ငါက သင့်ကို အပျိုစင်တွေကို အသုံးပြုပြီး ဒဏ်ရာကုသတဲ့ မန္တာန်ကိုလည်း လက်ဆောင်အဖြစ် ပေးဦးမယ်…”
ရှီဖန်နှလုံးသားက ခုန်ပေါက်နေသည်။ သူက ဝမ်လင်းသို့ ကြည့်နေ၏။ သူက ကျဉ်းတည်းကျပ်တည်း မရောက်နေပါက ခုလိုမျိုး တောင်းပန်နေမည် မဟုတ်ချေ။
ချန်ချင် ခန္ဓာကိုယ်က ရှီဖန်စကားကို ကြားလိုက်သည့်အခါ တုန်ယင်သွား၏။ သူမက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန် ကြည့်ကာ အံကြိတ်၍ မြေပေါ်သို့ ဒူးထောက်ချလိုက်သည်။သည့်နောက် သူမက ပြောလိုက်၏။ “စီနီယာက ဒီလူနဲ့ အခြားတာလော့ဓားကလန်က တစ်ယောက်ကိုပါ သတ်ပေးဖို့ ငါ တောင်းပန်ပါတယ်။ ချန်ချင်မှာ ဘာမှပေးစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ငါက ငါ့တစ်ဘဝလုံး စီနီယာထံမှ မြင်းတစ်ကောင်လို ကျွန်ခံဖို့ ဆန္ဒရှိပါတယ်…”
ရှီဖန်မျက်နှာက သုန်မှုန်သွားသည်။ သူ့မျက်လုံးထဲ၌လည်း သတ်ဖြတ်လိုမှု စိတ်ဆန္ဒတို့ ဖြစ်တည်လာသည်။
ဝမ်လင်းအသွင်က အရင်တိုင်းပင် ရှိနေသည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက ကောင်းကင်ဘုံနယ်မြေကနေ ဓားသူတော်စင်လင်းထျန်ဟူ ပြန်ရောက်လာတဲ့ အချိန်မှာ မူမမှန်တာ တစ်ခုခုရှိခဲ့လား…”
“လွန်ခဲ့တဲ့ နှစ်နှစ်ရာ…” ရှီဖန်က မှက်တက်သွားမိ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ဝမ်လင်းကို ကြည့်၍ မေးလိုက်၏။ “သင်က ဓားစိတ်ဝိညာဉ်အကြောင်း ပြောတာများ ဖြစ်နိုင်လား…”
ဝမ်လင်းမျက်လုံးက အလေးအနက် ဖြစ်သွားကာ သူက ပြောလိုက်သည်။ “အဲ့အကြောင်း ငါ့ကို ပြောပြပါ…”
ရှီဖန်က စဉ်းစားနေ၏။ အချိန်အတန်ကြာမှ သူက ခါးသက်စွာ ပြောလိုက်သည်။ “ငါက ဒါနဲ့ ပတ်သတ်လို့ တစ်ခုပဲ ကြားသိခဲ့တာ။ ဒါ့ကြောင့် ငါက တိတိကျကျတော့ မသိဘူး။ ဓားသူတော်စင်က သူပြန်လာတော့ ရှုပ်ထွေးမှုတစ်ခု ဖြစ်ခဲ့တယ်။ အဲ့နောက် ကလန်ထဲမှာလည်း လူတွေ ဆက်တိုက်သေကြတယ်။ နောက်ဆုံးတော့ အမည်မသိတဲ့ ဓားစိတ်ဝိညာဉ်တစ်ခု ပေါ်လာပြီး ဓားသူတော်စင်နဲ့ အကြီးအကျယ် တိုက်ပွဲ ဖြစ်တယ်။ အဲ့နောက်မှာတော့ ဓားစိတ်ဝိညာဉ်က ပျောက်ကွယ်သွားခဲ့တယ်။ ဘယ်သူကမှ သူဘယ်ရောက်သွားလဲ မသိဘူး…”
ဝမ်လင်းက ရှီဖန်ကို ကြည့်လိုက်၏။ သည်လူက အမှန်ကို ပြောနေခြင်း မဟုတ်ချေ။
ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိဘဲ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းရဲ့ အမြန်ခန္ဓာကိုယ်သိမ်းယူခြင်း နည်းလမ်းကို ကျောက်စိမ်းပြားထဲ ထည့်သွင်းပီး ငါ့ကို ပေး…”
ရှီဖန်က ခေါင်းမော့ကြည့်သည်။သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “သင်က ငါထွက်သွားမှာကို သဘောတူလား…”
ဝမ်လင်းက အေးစက်စွာကြည့်၍ ပြောလိုက်သည်။ “ဒါက မင်း ကျောက်စိမ်းပြားပေါ်မှာ ထည့်သွင်းတဲ့ နည်းစနစ်က အစစ်လား၊ အတုလားပေါ် မူတည်တယ်…”
ရှီဖန်က အံကြိတ်ကာ ကျောက်စိမ်းပြားကို ထုတ်ယူ၍ ခန္ဓာကိုယ်သိမ်းယူခြင်းဖြစ်စဉ် နည်းလမ်းကို ထည့်သွင်းသည်။ သည့်နောက် သူက ယင်းကျောက်စိမ်းပြားကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။
ဝမ်လင်းက လက်မြှောက်ကာ ၎င်းကျောက်စိမ်းပြားကို ဖမ်းယူကာ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည်။ သူက အပျိုစင်ကိုသုံး၍ ဒဏ်ရာကုသသည့်နည်းကို တစ်ချက်သာကြည့်၍ ခန္ဓာကိုယ်အသစ်သိမ်းယူခြင်းနည်းနစ်ကို အာရုံစိုက်လိုက်သည်။
ရှီဖန်မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ချက်ခြင်းပင် စတင်လှုပ်ရှားလာ၏။ သူက အကွာအဝေးတစ်ခုထံသို့ သွား၍ တောင်ကြားထဲကနေ ထွက်သွားရန် ဟန်ပြင်သည်။
ဝမ်လင်းက သူ့ကို ကြည့်ပင်မကြည့်ချေ။ သူက ရှီဖန်ထံသို့ ဘယ်ဘက်လက်ချောင်းဖြင့် ညွှန်လိုက်၏။ မီးခိုးရောင်အခိုးငွေ့များလှည့်ပတ်နေသည့် လက်ချောင်းက ရှီဖန်ထံသို့ တန်းမတ်စွာ ဝင်ရောက်သွားတော့သည်။
ရှီဖန်က ချက်ခြင်း သတိပြုမိလိုက်၏။ “သူက ခေါင်းလှည့်ကာ အော်ပြောလိုက်သည်။ဝမ်လင်း… မင်းက ကျင့်ကြံသူတစ်ယောက်ကော ဟုတ်ရဲ့လား…”
သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားသည်။ သူက တည်နေရာရွှေ့ပြောင်းရန် ဟန်ပြင်၏။ သို့သော် သူက ခုမှ ခန္ဓာကိုယ်အသစ် သိမ်းပိုက်ထားသည် ဖြစ်သဖြင့် အားနည်းသည့်အနေထားတွင်သာ ရှိလို့နေသေးသည်။ သူ့ခန္ဓာကိုယ်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန် ရည်ရွယ်လိုက်သည်နှင့် မီးခိုးရောင်အခိုးငွေ့ အမျှင်တန်းနှစ်ခုက အရှိန်မြင့်ကာ အံမခန်းနှုန်းဖြင့် သူ့ခန္ဓာကိုယ် ပေါ်သို့ ကျရောက်သွားသည်။
ရှီဖန်၏ မျက်လုံးသူငယ်အိမ်က ကျုံ့လို့သွား၏။ သည့်နောက် သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်ကာ သူက လှုပ်ရှားမှု ပြု၍ မရတော့ချေ။ မီးခိုးရောင်အခိုးငွေ့ အမျှင်တန်းနှစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့သွေးကြောများတစ်လျှောက် လှည့်ပတ်သွား၏။
အသက်သုံခါရှုချိန် ကြာပြီးနောက် ပေါက်ကွဲသံနှင့်အတူ ရှီဖန်ခန္ဓာကိုယ်က ရုတ်တရပ် ပြိုကျပျက်စီးသွားတော့သည်။
သွေးသားများက ကောင်းကင်ထက်ကနေ ပြန့်ကျဲကျလာ၏။ မီးခိုးရောင်အခိုးငွေ့ကလည်း တစ်ဖန် ပြန်စုဝေးကာ သည်သွေးသားများကနေ ထွက်၍ ဝမ်လင်းထံသို့ ပြန်လာ၏။
ဝမ်လင်းက ခေါင်းမော့၍ သူ့နတ်ဘုရားအာရုံကို ကျောက်စိမ်းပြားထံကနေ ပြန်ရုတ်သိမ်းသည်။
“ဒီ အမြန်ခန္ဓာကိုယ်အသစ်သိမ်းယူခြင်း နည်းစနစ်က တန်ဖိုး အချို့ ရှိနေတာပဲ…”
ဝမ်လင်းက ကျောက်စိမ်းပြားကို သိမ်းကာ အကွာအဝေးတစ်ခု ထံသို့ ကြည့်သည်။
ထိုနေရာ၌ လခြမ်းကွေးဓားသွားနှင့် ကောင်းကင်ဘုံဓားတို့ ရှိနေကြသည်။ အရပ်ပုပုအကြီးအကဲ ကတော့ သည်ဓားနှင့်ဓားသွား တို့၏ ချုပ်နှောင်ထားခြင်းကို ခံထားရကာ ဝမ်လင်း မေးခွန်းကို စောင့်ဆိုင်းနေ၏။
ဝမ်လင်းက ချက်ခြင်း လှုပ်ရှားခြင်းမပြုဘဲ သူက တောင်ကြားအနောက်ဘက်သို့ ဖြည်းညှင်းစွာ လှမ်းလျှောက်သွားသည်။ ထိုနေရာက ပန်းပွင့်များ ရှိနေသည့်နေရာပင်။ သူက ထိုင်ချကာ သစ်သီးတစ်လုံးကို ခူးဆွတ်၍ အနံ့ခံကြည့်၏။
ချန်ချင်ဆိုသည့် အမျိုးသမီးမျက်လုံးများက အလေးအနက် ဖြစ်လာကာ ဝမ်လင်းလက်ထဲရှိ ရွှေဉာဏ်အလင်း သစ်သီးကို ကြည့်သည်။ သို့သော် သူမက သက်ပြင်းချရုံသာ တက်နိုင်၏။ သူမကလန်က သည်သစ်သီးကို ရှာတွေ့နိုင်ရန် များစွာ အားထုတ်ခဲ့ရသည်။ သို့သော် သူတို့က မမျှော်လင့်ဘဲ တာ့လော့ဓားကလန်က လူများနှင့် တွေ့ဆုံခဲ့သည်။
ကောင်းကင်ကံကြမ္မာကလန်၏ ခရမ်းရောင်အုပ်စုခွဲမှ ခုနစ်ယောက်မြောက်တပည့် ဝမ်လင်း ပေါ်ထွက်လာမှုက အရာအားလုံးကို လွယ်ကူစွာ ပြောင်းလဲသွားစေသည်။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “စိတ်မပူပါနဲ့…”
ခြင်သားရဲက သည်စကားကို ကြားလိုက်သည့်အခါ သူက ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။ သူ့မျက်လုံးထဲ၌လည်း အသည်းအသန်ဖြစ်မှုတို့ ရှိနေသည်။
ဝမ်လင်းက သည်ရွှေဉာဏ်အလင်းသစ်သီးကို ကိုင်ထားရင်း သူက သည်သစ်သီးက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ လိုအပ်သော သတ္တုဒြပ်ကို ဖြည့်ဆည်းပေးနိုင်မလား စမ်းသပ်ချင်နေသည်။ မဟုတ်လျှင်တော့ သူက သည်သစ်သီးကို ခြင်သားရဲအား ကျွေးရန်သာ ရှိတော့၏။
ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ဟင်္သာပြဒါးအုတ်ဂူထဲ၌ တိုက်ပွဲ ဖြစ်သွားပြီးနောက် သတ္တုဒြပ်စင် တစ်ခုသာ လိုတော့ခြင်းပင်။အမှန်တော့ ၎င်းပုတီးစေ့က သတ္တုဒြပ်စင် တစ်ဝက်သာ လိုခြင်း ဖြစ်၏။