← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

Chapter 119

~

အခန်း ၁၁၉ : ဘာလို့ သူ့ကို ရန်စ နေတာလဲ...

~

​" ယန်ကျီဖန့်.. ရပ်လိုက်စမ်း.. "

​ယန်ကျီဝမ်၏ စကားကို ကြားလျှင် ယီကျုံးဟိုင်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး ထွက်သွားတော့မည့် ယန်ကျီဖန့်ကို အော်ဟစ် တားမြစ်လိုက်၏ ။

​လျှိုဟိုင်ကျုံး၏ နှာဖူးတွင် ချွေးစေးများ ပျံလာသည် ။ ဒါရိုက်တာဝမ်သာ ဤအကြောင်းကို တကယ် ကြားသွားပါက မိုးမီးလောင်ပေလိမ့်မည် ။

​ယီကျုံးဟိုင်သည် ပထမဦးလေးအဖြစ်မှ ရာထူးကို ဆုံးရှုံးရမည်မှာ သေချာပြီး လမ်းရုံး၏ ပြုပြင်ပြောင်းလဲမှုကို ခံရဖွယ် ရှိသည် ။ ယီကျုံးဟိုင်ထံမှ အကျိုးအမြတ်များကို လက်ခံထားသော သူသည်လည်း လွတ်မည်မထင် ။ ကြံရာပါတစ်ဦး ဖြစ်နေ၍ ကျိန်းသေပေါက် အပြစ်ပေးခံရပေမည် ။

ယန်ကျီဖန့်က ယန်ကျီဝမ်ကို ခက်ခဲသော အကြည့်ဖြင့် ကြည့်လိုက်သည် ။

​" ဟီးဟီးး...ညီလေး.. အကိုပဲ သွားခေါ်လိုက်မယ်.. "

​ရွှီတာမော့က အခြေအနေ ပိုဆိုးသွားမည်ကို ဂရုမစိုက်ဘဲ ရယ်၍ ပြောလိုက်ပြီး ထွက်သွားရန် ပြင်လိုက်၏ ။

​" ရွှီတာမော့.. နောက်ထပ် ပြဿနာ မရှာနဲ့တော့.. "

​ယီကျုံးဟိုင်၏ မျက်နှာက အိုးမဲသုတ်ထားသကဲ့သို့ မည်းနက်နေချေပြီ ။

​ဤသည်ကို မြင်လျှင် ရွှီတာမော့ ရပ်တန့်သွားသော်လည်း သူ၏ ပါးစပ်ကတော့ တတွတ်တွတ် ရေရွတ်နေဆဲပင် ။

"မင်း သူ့ကို ရန်စတုန်းက စပြီးတော့... ခုမှ ကြောက်နေလိုက်တာ ..."

​ယန်ကျီဝမ်က ဂရုမစိုက်ဟန်ဖြင့်..

​" ကျီဖန့်.. မင်း ငါ့စကားကို နားထောင်မှာလား.. တခြားသူတွေ စကားကို နားထောင်မှာလား.. ဘာလို့ အဲ့ဒီမှာ ရပ်နေသေးတာလဲ.. "

​" ဟုတ်ကဲ့ပါ အစ်ကိုနှစ်.. ကျွန်တော် အခုပဲ သွားလိုက်မယ်.. "

​ယန်ကျီဖန့် အသိဝင်လာကာ ချက်ချင်း လက်တွေ့ဘဝသို့ ပြန်ရောက်လာသည် ။

​' နောက်နေတာလား.. အစ်ကိုနှစ် စကားကို နားထောင်ရင် ကောင်းတာတွေ စားရမှာ.. ယီကျုံးဟိုင် စကားကို နားထောင်ရင်တော့ ဘာအကျိုးကျေးဇူးမှ ရမှာ မဟုတ်ဘူး.. '

​မည်သည်က ပိုအရေးကြီးကြောင်းကို သူ နားလည်ပေသည်။

​" ဘုန်း... တော်တော့.. "

​ယီကျုံးဟိုင်က စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး အံကြိတ်ကာ..

​" ယန်လောင်အာ.. မင်း ဘာကို လိုချင်နေတာလဲ.. "

​ဤကိစ္စ အပြင်သို့ လုံးဝ ပေါက်ကြားခံ၍ မဖြစ် ။ သူ ဤကိစ္စကို အသာတကြည် ဖိနှိပ်ထားနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သောကြောင့်သာ ဤခြံဝင်း အစည်းအဝေးကို စီစဉ်ခဲ့ခြင်း ဖြစ်သည် ။

​အရာအားလုံး အဆင်ပြေချောမွေ့နေချိန်တွင် ယန်လောင်အာ ရုတ်တရက် ပေါ်လာပြီး ပြဿနာ ရှာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ ။ ဤသည်က ရှာကျူး၏ အမှားလည်း ပါပေသည် ။ ဤဂြိုလ်ဆိုး ကောင်လေးအား မည်သို့ကြောင့် သွားဆွ လိုက်ပါသနည်း ။

​ဤသည်က ကိုယ့်ကိုကိုယ် ဒုက္ခရှာနေခြင်းပင် ။ ယခုတော့ အခြေအနေအား ထိန်းချုပ်ရန် နောက်ကျသွားခဲ့လေပြီ ။

​ထိုစကားကို ကြားသောအခါ ယန်ကျီဝမ်က လှောင်ပြောင်လိုက်ပြီး..

​" ဦးလေး.. ခင်ဗျား ပြောတာက နည်းနည်းတော့ ရယ်စရာ ကောင်းနေတယ်.. ကျုပ်လို အလုပ်လက်မဲ့ တစ်ယောက်ကိုတောင် ပိုက်ဆံလှူဖို့ ခင်ဗျားက အတင်းအကျပ် ဖိအားပေးနေတာလေ.. အခုကျမှ ကျုပ် ဘာလိုချင်တာလဲ လို့ လာမေးနေတာလား.. "

​" ပြီးတော့.. "

​ယန်ကျီဝမ်က အားလုံးကို ပြုံးကြည့်လိုက်ပြီး..

​" ဒီအလှူငွေ ကိစ္စအတွက် လမ်းရုံးကို အရင်ဆုံး စာရင်းတင်ပြီး လျှောက်ရမယ်ဆိုတာ ခင်ဗျားတို့ကို ပြောပြပါရစေ.. ပြီးရင် လမ်းရုံးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးသွားတဲ့အခါ အလှူငွေ လက်ခံရရှိမယ့် မိသားစုက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှသာ ဆက်လုပ်ခွင့် ရှိမှာ... မဟုတ်ရင် ဒါက တရားမဝင်ဘူး.. "

​" ယန်ကျီဝမ်.. မင်း ဆိုလိုချင်တာက.. "

တစ်ယောက်ယောက်က လှမ်းမေးလိုက်သည် ။

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး ဖြည်းဖြည်းခြင်း ပြောလိုက်သည် ။

​" ခင်ဗျားတို့ လှူတာတွေက ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လှူတာ မှန်ပေမယ့် လမ်းရုံးကသာ သိသွားရင် ခင်ဗျားတို့လည်း စည်းကမ်းထိန်းသိမ်းရေး အရေးယူခံရလိမ့်မယ်.. "

​" ဟာ.. မဟုတ်ဘူး.. အဲ့ဒါ မဖြစ်သင့်ဘူး.. ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာကို ဘာလို့ အရေးယူခံရမှာလဲ.. ဒါဆိုရင်တော့ ငါ မလှူတော့ဘူး.... "

​ချက်ချင်းပင် တစ်ယောက်က ရှေ့သို့တိုးလာပြီး သူလှူထားသော ပိုက်ဆံကို ပြန်ယူသွားသည် ။ တစ်ယောက် စယူသည်နှင့် ကျန်လူများလည်း လိုက်ယူကြတော့၏ ။ တစ်စုံတစ်ယောက်က ဦးဆောင်လိုက်သည်နှင့် အခြားသူများလည်း သူတို့၏ ငွေများကို ပြန်လည် ထုတ်ယူရန် ရှေ့သို့ တိုးလာကြတော့သည် ။

​" ရပ်လိုက်ကြစမ်း.. နင်တို့ အားလုံး ရပ်လိုက်ကြ.. အဲ့ဒါ ငါ့ပိုက်ဆံတွေ.. "

​ကျားကျန်းရှီသည် ထိုအဖြစ်ကို မြင်လျှင် စိုးရိမ်ပူပန်သွားပြီး အလှူခံသေတ္တာကို အမြန် ပြေးကာကွယ်သည် ။

​သို့သော် နောက်ကျသွားခဲ့လေပြီ။ အလှူခံသေတ္တာထဲတွင် ဦးလေးသုံးဦး လှူထားသောငွေ ၊ ရှာကျူး၏ ဆယ်ယွမ်နှင့် ရွှီတာမော့၏ ငါးဆယ်ဖန့်တို့သာ ကျန်ရစ်တော့သည် ။

​ကျားကျန်းရှီက ဝမ်းနည်းပက်လက်ဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး..

​" အဘိုးကြီးကျားရေ.. ဆင်းလာကြည့်လှည့်ပါဦး.. ဒီကောင်က မိဘမဲ့ကလေးတွေနဲ့ မုဆိုးမတွေကို အနိုင်ကျင့်နေပါတယ်တော့်.. မြန်မြန် ဆင်းလာပြီး သူ့ကို ခေါ်သွားလှည့်ပါဦး.. "

​ယန်ကျီဝမ်က ရယ်လိုက်ပြီး..

​" ညီလေး.. နောက်ထပ်တစ်ခု ထပ်ထည့်ဖို့ မမေ့နဲ့.. ခြံထဲမှာ အယူသီးတဲ့ အလုပ်တွေ လုပ်နေတဲ့ လူတစ်ယောက် ရှိတယ် ဆိုတာကိုပါ ထည့်တိုင်လိုက်.... "

​" နားလည်ပါပြီ.. "

​" ... "

ကျားကျန်းရှီ၏ ဝိညာဉ်ခေါ်သံမှာ ချက်ချင်း ရပ်တန့်သွားသည် ။

​ကျားကျန်းရှီ အကြောက်ဆုံးသူကို ပြရလျှင် လမ်းရုံး၏ ဒါရိုက်တာဝမ်ပင် ။ သူမအား ကျေးလက်သို့ အမှန်တကယ် ပြန်ပို့နိုင်၏ ။

​လျှိုဟိုင်ကျုံးက မကျေမနပ်ဖြင့်..

​" ယီကျုံးဟိုင်.. မင်း ငါ့ကို အစောက ပြောခဲ့တာ အဲ့လို မဟုတ်ဘူးလေ.. "

​ဤသည်က တရားမဝင်ကြောင်းနှင့် အပြစ်ပေးခံရမည်ကို သူသာ ကြိုသိခဲ့လျှင် ဘယ်သောအခါမှ သဘောတူခဲ့မည် မဟုတ်ချေ ။ တရားဝင် ရာထူးများကို စွဲလမ်းနေသူ တစ်ယောက်အနေဖြင့် သူ့ကို ဦးလေးရာထူးမှ ဖယ်ရှားခံရမည် ဆိုပါက သူ၏ အသက်ကို နုတ်ယူသွားသည်နှင့် အတူတူပင် ဖြစ်တော့သည် ။

​ယီကျုံးဟိုင်၏ မျက်နှာက ပို၍ မည်းမှောင်လာကာ တိုးတိုးလေး ပြောလိုက်သည် ။

​" ဒီကိစ္စတွေကို ပြောနေရမယ့် အချိန် မဟုတ်သေးဘူး.. ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ လိုတယ်.. "

​ပြောပြီးနောက် သူက ယန်ဖူကွေ့ကို ကြည့်လိုက်ပြီး..

​" လောင်ယန်.. ခင်ဗျားရဲ့ ယန်လောင်အာကို ဒီလောက်နဲ့ပဲ တော်လောက်ပြီလို့ ပြောလိုက်ပါဦး.. "

​ယန်ဖူကွေ့က ပြုံးလိုက်သည် ။

​ယခုတော့ သူ၏ အကူအညီကို တောင်းခံဖို့ လိုလာပြီ ဆိုသည်ကို ယီကျုံးဟိုင် သိသွားလေပြီ ။ စောစောက ဘာတွေများ လုပ်နေခဲ့သည်မသိ ။

​သူက လက်ကို အားကိုးရာမဲ့စွာ ဝှေ့ယမ်းပြလိုက်ပြီး..

​" ဟဲဟဲ.. လောင်ယီ.. ကျုပ် ခင်ဗျားကို မကူညီချင်လို့ မဟုတ်ပါဘူး.. ဒါပေမယ့် ကလေးတွေက အရွယ်ရောက်နေကြပြီဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိနေကြပြီလေ.. ကျုပ်လည်း သူတို့ကို ထိန်းချုပ်လို့ မရတော့ဘူး.. "

​ယန်ဖူကွေ့က ပြောသာ ပြောလိုက်သော်လည်း စိတ်ထဲမှ ကျိတ်ရယ်နေ၏ ။

​' မင်း ငါ့ကို လာဘ်ထိုးတုန်းက ငါးယွမ်ပဲ ပေးခဲ့ပြီး ဖက်တီးလျှိုကိုကျတော့ ဆယ်ယွမ်တောင် ပေးခဲ့တာလေ.. '

​' မင်း ဘယ်သူ့ကိုများ အထင်လာသေးနေတာလဲ.. '

​ယီကျုံးဟိုင်က ယန်ကျီဝမ်ကို လှမ်းကြည့်ကာ..

​" ယန်ကျီဝမ်.. ငါ့မျက်နှာကို ထောက်ပြီး ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ရင် ကောင်းမလား.. "

​" ဘယ်လိုမှ မဖြစ်နိုင်ဘူး.. "

​ယန်ကျီဝမ် ချက်ချင်းပင် ငြင်းလိုက်သည် ။

​' နောက်နေတာလား.. အစောပိုင်းက ငါ မင်းကို လျစ်လျူရှုထားခဲ့တုန်းက မင်း အတင်းအကျပ် ပြဿနာ လာရှာခဲ့တာလေ.. '

​' အခု ငါ ထွက်လာပြီ ဆိုမှ မင်းက နောက်ဆုတ်ချင်နေတာလား.. လောကကြီးမှာ အဲ့ဒီလောက် လွယ်ကူတဲ့ ကိစ္စမျိုး ဘယ်ရှိပါ့မလဲ.. '

​" အားလုံးပဲ.. ကျုပ် စကားကို နားထောင်ကြပါဦး.. "

​ယန်ကျီဝမ်က လူအုပ်ကြီးကို အော်ပြောလိုက်ရာ လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်ကြသည် ။ ထိုအခါမှ သူ ဆက်ပြောလိုက်၏ ။

​" အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျုပ်တို့ ခြံဝင်းထဲက အိမ်နီးချင်း တစ်ယောက်ယောက် အခက်အခဲ ကြုံတွေ့နေရရင် ကျုပ်တို့ တတ်နိုင်သမျှ ကူညီပေးသင့်ပါတယ်.. ပထမအကြီးအကဲ ပြောသလိုပဲ ဝေးလံတဲ့ ဆွေမျိုးတွေက အနီးအနားက အိမ်နီးချင်းတွေလောက် အားကိုးလို့ မရဘူး ဆိုတဲ့ စကားလိုပေါ့.. "

​လူတိုင်း အံ့အားသင့်သွားကြပြီး ယန်ကျီဝမ် ဘာလုပ်ဖို့ ကြိုးစားနေမှန်း နားမလည်နိုင် ဖြစ်သွားကြသည် ။

​မည်သို့ကြောင့် ရုတ်တရက် ကျားမိသားစုဘက်မှ ထောက်ခံနေရသနည်း ။

​ယီကျုံးဟိုင်နှင့် ယန်ဖူကွေ့တို့ပင် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည် ။

​" ဒါပေမယ့်.. "

​ယန်ကျီဝမ်က ပြုံးလိုက်ပြီး....

​" အခက်အခဲ ရှိသူတွေကို ကူညီဖို့က ကျိန်းသေပေါက်လိုအပ်ပါတယ်.. ဒါပေမယ့် ကျားမိသားစုက တကယ်ပဲ အခက်အခဲ ကြုံနေရတာ ဟုတ်ရဲ့လား.. "

​" ဟုတ်တာပေါ့.. ငါတို့ မိသားစုက အခက်အခဲ ကြုံတွေ့နေရတာပါ.. "

​ကျားကျန်းရှီက လက်နှစ်ဖက်ကို ခါးထောက်ကာ မြေပြင်ပေါ်မှ ထရပ်လိုက်ပြီး..

​" ငါတို့ မိသားစုမှာ ဒုံရွှီ တစ်ယောက်တည်းပဲ ရိက္ခာရတာဆိုတော့ စားဖို့တောင် မလုံလောက်ဘူးလေ.. ဒီခြံထဲမှာ ဘယ်သူ့မိသားစုက ငါတို့ထက် ပိုပြီး ဒုက္ခရောက်နေလို့လဲ.. "

​" ခွီး.... "

​ရယ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် ။ လူတိုင်း လှမ်းကြည့်လိုက်သောအခါ ရွှီတာမော့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏ ။

​ရွှီတာမော့က ဗိုက်ကိုအုပ်ကိုင်၍ လက်ဝှေ့ယမ်းပြလိုက်ပြီး..

​" ကျုပ်ကို မကြည့်ကြနဲ့.. ကျုပ် တကယ် ရယ်ချင်စိတ် မထိန်းနိုင်တော့ဘူး.. လူတွေက သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားလုံးထုတ်တာကိုပဲ ကျုပ် မြင်ဖူးခဲ့တာ.. သူတို့ ဘယ်လောင် ဆင်းရဲကြောင်းကို ကြွားတာမျိုးတော့ တစ်ခါမှ မမြင်ဖူးသေးဘူး.. "

​ထိုစကားကို ကြားသောအခါ လူတိုင်း ဝိုင်းရယ်လိုက်ကြ၏ ။ ကျားဒုံရွှီ၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် ရဲရဲနီသွားသည် ။

​သို့သော် ကျားကျန်းရှီကတော့ ဂရုမစိုက် ။

​" ဆင်းရဲတာ ဘာမှားနေလို့လဲ.. ဆင်းရဲလေ ဂုဏ်ရှိလေပဲ.. အဘိုးကြီး တစ်ယောက်ကတောင် ဒီလို ပြောခဲ့ဖူးတာလေ.. အဲ့ဒါကို မှားတယ်လို့ ဘယ်သူ ပြောရဲလဲ.. "

​ယန်ကျီဝမ်သည် ကျားကျန်းရှီကို လက်မအကြီးကြီး ထောင်ပြလိုက်သည် ။

​' ဒီအဘွားကြီးက ဒီလောက် နက်နဲတဲ့ စကားပုံကို နားလည်ထားတာ အံ့သြစရာပါပဲ.. '

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး..

​" ကျုပ်လည်း သဘောတူတယ်.. ဒါပေမယ့် ခင်ဗျား မိသားစုက တကယ်ရော ဆင်းရဲလို့လား.. "

​" ဘာလို့ မဆင်းရဲရမှာလဲ.. ငါတို့မှာ စားစရာတောင် မရှိတော့ဘူး.. "

ကျားကျန်းရှီက ပြန်ပြောသည် ။

​" ကျုပ်တော့ အဲ့လို မထင်ပါဘူး.. "

​ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး..

​" ကျုပ် သိသလောက်တော့ ခင်ဗျားတို့ မိသားစုက လုံးဝကို အခက်အခဲ မရှိဘူး.. တခြား အရာတွေကို ဖယ်ထားလိုက်ဦး.. ကျားဒုံရွှီက ခင်ဗျားကို လစဉ်ပေးနေတဲ့ ငါးယွမ်ကိုပဲ တွက်ကြည့်ရအောင်.. ကျားဒုံရွှီက သူ့အဖေရဲ့ ရာထူးကို လွှဲပြောင်းရယူခဲ့တဲ့ အချိန်ကစပြီး တွက်မယ်ဆိုရင် နှစ်အတော်တောင် ကြာနေပြီလေ.. တစ်နှစ်ကို ယွမ် ခြောက်ဆယ်နဲ့ တွက်ရင်တောင် နှစ်အတော်ကြာလာတော့ ယွမ်နှစ်ရာကနေ သုံးရာအထိ ရှိနေလောက်ပြီ မလား.. "

​" ပြီးတော့ ခင်ဗျား ကိုင်ထားတဲ့ အဘိုးကြီးကျားရဲ့ ပင်စင်လစာလည်း ရှိသေးတယ် .. အဲ့ဒါတွေကိုပါ ပေါင်းလိုက်ရင် ခင်ဗျားဆီမှာ အနည်းဆုံး ယွမ်ငါးရာလောက် ရှိနေပြီ .. "

​ယန်ကျီဝမ်က လူတိုင်းကို လိုက်ကြည့်ကာ..

​" ဒါဆိုရင် ကျားမိသားစု ဒုက္ခရောက်နေတယ်လို့ ခင်ဗျားတို့ ထင်နေကြတုန်းပဲလား.. သူတို့ မိသားစုက ခင်ဗျားတို့ မိသားစု အများစုထက် အများကြီး ပိုပြီး ချမ်းသာနေတာတောင် ခင်ဗျားတို့က သူတို့ကို ပိုက်ဆံ လှူချင်နေကြသေးတာလား.. "

​" ဆင်းရဲသားတွေက ချမ်းသာတဲ့သူတွေကို ပိုက်ဆံ လှူကြတယ် ဆိုတာမျိုးကို ကျုပ် ဒီနေ့မှပဲ ပထမဆုံးအကြိမ် မြင်ဖူးတော့တယ်.. "

​ထိုစကားများကို ကြားပြီးနောက် လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည် ။ မှန်ပေသည် ။

​ကျားမိသားစုက အတော်လေး ချမ်းသာနေ၏ ။ ထိုသည်ကို ပိုက်ဆံအလှူခံ နေသေးသည်လော ။ အဘွားကြီးကျား၏ လောဘက ကြောက်စရာ ကောင်းလွန်းလှသည် ။

​" အဓိပ္ပာယ် မရှိတာ.. အဲ့ပိုက်ဆံက ငါ အသက်ကြီးလာတဲ့အခါ သုံးဖို့ စုထားတဲ့ ပိုက်ဆံတွေလေ.. အဲ့ဒါ ငါ့ရဲ့ အသက်ကယ်ကြိုးပဲ.. "

​ကျားကျန်းရှီက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည် ။ ယန်ကျီဝမ် သူမကို ထပ်ပြီး ပါးရိုက်မည်ကိုသာ မကြောက်လျှင် သူမ အပြေးသွားပြီး ကုတ်ခြစ်မိပေမည် ။

​သူမ အသက်ကြီးလာမှ သုံးရန် စုထားသော ပိုက်ဆံကို တပ်မက်ရဲသူ မည်သူမဆို ဆယ်ခါမက သေရန် ထိုက်တန်၏ ။

All Chapters