← Chapters

အခန်း ၁၂၃

Vol. 12 Ch. 123

အခန်း ၁၂၃

Vol. 12 Ch. 123

Chapter 123

~

အခန်း ၁၂၃ : ဟောက်ဟိုင်သို့ ငမ်းကြောထခရီး....

~

​တစ်ညလုံး နှင်းများ ထူထပ်စွာ ကျဆင်းနေခဲ့သည် ။ မိုးလင်းလာမှသာ ရပ်တန့်သွား၏ ။

​ယန်ကျီဝမ်သည် သူ့၏ ချည်စောင်ကို ဖက်ထုပ်တစ်ခုလို လိပ်ပတ်ထားမှသာ ကောင်းကောင်း အိပ်ပျော်နိုင်တော့မည်ဟု ခံစားလိုက်ရသည် ။ စောင်နှစ်ထည်နှင့် မလုံလောက်ဟု သူ ခံစားနေရ၏ ။ နောက်ထပ်တစ်ထည် ထပ်ထည့်ရန် လိုအပ်နေသေးသည် ။ တစ်ထည်က အခင်းအတွက်။ နှစ်ထည်က ခြုံဖို့ဆိုလျှင်တော့ အဆင်ပြေလောက်သည် ။

​" ဒုတိယသား.. မြန်မြန်ထပြီး နှင်းတွေကို ကူရှင်းပေးစမ်း.. "

​ကပ်စေးနှဲ အဘိုးကြီးယန်၏ အသံက အိမ်အပြင်ဘက်မှ လွင့်ပျံလာသည် ။

​အကြိမ်ပေါင်းများစွာ အော်ခေါ်ပြီးနောက် ယန်ကျီဝမ်သည် သူ၏ နွေးထွေးသော အိပ်ရာထဲမှ မထချင်ဘဲ တွားထွက်လာခဲ့ရ၏ ။ သူ စစ်တပ်သုံးအနွေးထည်ကို ဝတ်ဆင်ပြီး အပြင်ထွက်လာခဲ့သည် ။

​ယန်ဖူကွေ့က သူ့မိသားစုကို ဦးဆောင်၍ တံခါးရှေ့မှ နှင်းများကို ဂေါ်ပြားဖြင့် ရှင်းလင်းနေပြီး ရန်ရွေ့ဟွားက အိမ်ထဲတွင် မနက်စာ ပြင်ဆင်နေသည် ။ ယန်ကျီဝမ် ထွက်လာသည်ကို မြင်လျှင် ယန်ဖူကွေ့က စစ်တပ်သုံးအနွေးထည်ကို မနာလိုသည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည် ။

​" ဒုတိယသား.. မင်းရဲ့ အင်္ကျီက နွေးရဲ့လား.. "

​ယန်ကျီဝမ်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားပြီး ...

​" အဘိုးကြီး.. ကျွန်တော် အအေးကြောက်တယ်ဆိုတာ အဖေ သိတယ်နော်.. ဒီအပေါ်ဝတ်အင်္ကျီကိုတော့ ပေးလို့မရဘူး.. အဖေ တကယ်လိုချင်ရင် ခိုဈေးကိုသွားပြီး တစ်ထည် ရှာပေးမယ်.. "

​ဤစစ်တပ်သုံး အနွေးထည် ကုတ် ကို အဘိုးဝမ်အတွက် ချက်ပြုတ်ရန် သွားစဥ်က အဘွားလင်း ပေးခဲ့ခြင်းဖြစ်သည် ။ အဘွားလင်းက ယန်ကျီဝမ်၏ ခန္ဓာကိုယ် အဆက်မပြတ် တုန်ရီနေသည်ကို မြင်ပြီ သနားသွားခဲ့၏ ။ အဘိုးဝမ်၏ နှမြောနေသည့် အကြည့်အောက်မှာပင် သေချာသိမ်းစည်းထားသော စစ်တပ်သုံးအနွေးထည်ကုတ်အင်္ကျီကို ထုတ်ပေးလိုက်သည် ။

​" တကယ်လား.. "

​ယန်ဖူကွေ့၏ မျက်လုံးများ တောက်ပသွားသည် ။ ယန်ကျီဝမ်က အကူအညီမဲ့ဟန်ဖြင့် ...

​" အဖေ တကယ်ကို အားနာတတ်တာ မဟုတ်ဘူးပဲ.. ဒီအပေါ်ဝတ်အင်္ကျီက ဈေးမပေါဘူးနော်.. "

​" ဘာလို့ အားနာရမှာလဲ.. ငါ့သားက ငါ့အပေါ် သားသမီးဝတ္တရား ကျေပွန်နေတာပဲ.. ငါ အားနာနေဖို့ လိုသေးလို့လား.. "

​" အဖေ ပြောတာလည်း ဟုတ်တာပါပဲ.. "

​ယန်ကျီဝမ် ဘာလုပ်နိုင်ဦးမည်နည်း ။ သူ သဘောတူရုံသာ တတ်နိုင်တော့သည် ။

​ယန်ကျီတိကလည်း သူ့ကို မျှော်လင့်ချက်ကြီးစွာ ကြည့်ပြီး ရှက်ရွံ့စွာ မေးလိုက်သည် ။

​" အစ်ကိုနှစ်.. ညီမလေးလည်း တစ်ထည် လိုချင်တယ်.. ရမလားဟင်.. "

​" အစ်ကိုနှစ်.. သားလည်း လိုချင်တယ်.. "

​" ကျွန်တော်လည်း.. "

​အငယ်အားလုံးက ဝင်ပြောကြပြီး စစ်အနွေးထည်များ လိုချင်နေကြ၏ ။ ယန်ကျီချန်း တစ်ထည်လိုချင်သော်လည်း တောင်းဖို့ရန် ရှက်လွန်းသဖြင့် ပြောမည့်စကားလုံးများကို ပြန်မျိုချလိုက်ရသည် ။

​" ငါ အရင်သွားကြည့်လိုက်ဦးမယ်.. ပြီးမှ ပြန်ပြောကြတာပေါ့.. "

​ယန်ကျီဝမ်က အားလုံးကို ခွဲခြားဆက်ဆံစရာ မလိုဘူးဟု တွေးလိုက်သည် ။ ခဏလောက် စဉ်းစားပြီးနောက် ယန်ကျီတိကို ပြောလိုက်၏။

​" နင့်အတွက်ကတော့ စစ်အနွေးထည်မလိုပါဘူး.. အစ်ကိုနှစ်က နင့်အတွက် လှတဲ့ ပန်းပွင့်ပုံ အနွေးထည်တစ်ထည် ဝယ်ပေးမယ်.. စစ်အနွေးထည်တွေက မိန်းကလေးတွေနဲ့ မလိုက်ဘူး.. "

​" ဟီးဟီး.. ကျေးဇူးတင်ပါတယ်.. အစ်ကိုနှစ်.. "

​ယန်ကျီဖန့်နှင့် အငယ်နှစ်ယောက်က အလွန် ပျော်ရွှင် သွားကြ၏ ။

​" ဒုတိယသား.. မင်းအမေဖို့လည်း မမေ့နဲ့ဦး.. "

​ယန်ဖူကွေ့က သတိပေးလိုက်သည် ။

​" ကဲ.. ဒုတိယသား.. မင်းနဲ့ အကြီးဆုံးသား လှေကားယူပြီး အိမ်ခေါင်မိုးပေါ်က နှင်းတွေကို ရှင်းလိုက်ကြ.. "

​ယန်ကျီဝမ်က ခေါင်းညိတ်ပြီး အလုပ်စလုပ်သည် ။

​ယန်ကျီချန်း သူ့ရင်ထဲတွင် မတရားခံရသလို ခံစားလိုက်ရသည် ။ သူတောင်းဖို့ရန် ရှက်နေခြင်းမှာ မှန်သော်လည်း သူ့အဖေက ထူးထူးခြားခြား ချန်လှပ်ထားခဲ့၏ ။

'ဒီမိသားစုမှာ ငါတစ်ယောက်တည်းကသာ လမ်းပေါ်ကနေ ကောက်ရလာတဲ့သူ ဖြစ်နေလို့လား ...'

​'ဘာပဲဖြစ်ဖြစ် မေ့လိုက်ပါတော့.. ငါ့ အဝတ်အစားတွေက ဝတ်လို့ရနေသေးတာပဲ.. ပြင်ဖို့ပဲ လိုတော့တာ ..'

ယန်ကျီချန်း နောက်ဆုံးတွင်တော့ ထိုအတွေးဖြင့်သာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ရသည် ။

​တစ်နာရီကျော်ကြာ အလုပ်လုပ်ပြီးနောက် နှင်းရှင်းပြီးသွားကြ၏ ။ မနေ့ညက နှင်းများ ထူထပ်စွာ ကြလာသဖြင့် မရှင်းပါက အပြင်ထွက်ဖို့ အဆင်မပြေရုံသာမက အမိုးပါ ပြိုကျနိုင်တဲ့ အန္တရာယ် ရှိသည် ။

​မနက်စာစားပြီးနောက် ..

​" အစ်ကိုနှစ်.. ကျွန်တော်တို့ ဟောက်ဟိုင် ကို ဆော့ဖို့ သွားကြမလို့.. လိုက်မလား.. "

​ယန်ကျီဖန့်က ယန်ကျီဝမ်ကို ဖိတ်ခေါ်လိုက်သည် ။

​ဤရက်ပိုင်းအတွင်းမှာပင် သူ တော်တော်နားလည် သွားခဲ့သည် ။ အစ်ကိုနှစ်က ယခု အချိန်၌ ဤမိသားစုကို တာဝန်ယူထားသူ ဖြစ်၏ ။ အစ်ကိုနှစ် နှင့်အတူရှိနေလျှင် သူတို့ ဗိုက်ဝအောင်စားနိုင်ရုံသာမက တစ်ခါတစ်ရံတွင် အရသာရှိသော အစားအစာများကိုပါ စားရတတ်သည် ။ ထို့အပြင် ယန်ကျီဝမ်က စစ်အနွေးထည် တစ်ထည် ဝယ်ပေးမည်ဟု ကတိပေးထားရာ ယန်ကျီဝမ်၏ မျက်နှာသာပေးမှုကို လိုချင်နေ၏ ။

​ယန်ကျီဝမ်က မီးဖိုဘေးတွင် ထိုင်ကာ အနွေးဓာတ်ယူရင်း ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။

​" ဒီရာသီဥတုမှာ ဟောက်ဟိုင်ကိုသွားတာ ဘာပျော်စရာရှိလို့လဲ.. "

​" ဘေးအိမ်က အစ်ကိုတွေဆီက ကြားတာ.. ဟောက်ဟိုင်က ရေခဲနေပြီတဲ့ ..အဲ့မှာ လူတွေ အများကြီး စကိတ်စီး နေကြတယ် .. ကျွန်တော်တို့လည်း သွားကြည့်ဖို့ စီစဉ်ထားတာ.. "

​ယန်ကျီဖန့်က ပြန်ဖြေသည် ။

​" မင်းတို့ရော သွားမှာလား.. "

​" ဟုတ်.. လျိုကွမ်ထျန်းနဲ့ လျိုကွမ်ဖူလည်း သွားကြမယ်.. "

​ယန်ကျီဝမ်က...

​" မင်းတို့မှာ ရေခဲပြင်စကိတ် ဖိနပ်တွေ ရှိလို့လား.. "

​ယန်ကျီဖန့်တွင် မရှိသည်ကို သူသိ၏ ။ ယန်ဖူကွေ့ နှစ်သစ်ကူးတုန်းက ပေးခဲ့သည့် ငါးဆယ်ဖန့် မုန့်ဖိုးလေးကလွဲပြီး ယန်ကျီဖန့်တွင် ပိုက်ဆံဆိုတာ မရှိ ။ အငယ်နှစ်ယောက်သည်တော့ ယန်ကျီဖန့်ထက် အခြေအနေ ပိုကောင်းသည်။ ယန်ကျီဝမ်က သူတို့ကို မုန့်ဖိုးအဖြစ် ပိုက်ဆံအနည်းငယ် ပေးလေ့ရှိပေသည် ။

​လျိုကွမ်ထျန်းနှင့် လျိုကွမ်ဖူတို့ ညီအစ်ကိုနှစ်ယောက်မှာမူ ပို၍ပင် ဆိုးရွားသေးသည် ။ သူတို့မိသားစု၏ အရာအားလုံးကို လျိုကွမ်ချီအတွက်သာ သိမ်းဆည်းထားခဲ့သဖြင့် သူတို့ရနိုင်သည်က တစ်ရက်ခြား အရိုက်ခံရတာပဲ ရှိသည် ။ ရေခဲပြင်စကိတ်စီးချင်သည်ဟု သွားပြောမိပါက တုတ်ကျိုးအောင် အရိုက်ခံ ရပေမည် ။

​" မရှိဘူးလေ.. "

​ယန်ကျီဖန့်က ခေါင်းခါလိုက်ပြီး ရယ်ကာ ပြောသည် ။

​" ဒုတိယအစ်ကို.. ကျွန်တော်တို့ ဟောက်ဟိုင်ကို သွားမှာက စကိတ်စီးဖို့ မဟုတ်ဘူး.. "

​" ဒါဆို ဘာလုပ်မှာလဲ.. "

​ယန်ကျီဝမ် ရှုပ်ထွေး သွားသည် ။ ယန်ကျီဖန့်က ယန်ကျီဝမ်၏ နား နားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏ ။

​" ဟိုမှာ မိန်းကလေးတွေ အများကြီး ရှိတယ်လို့ ကြားတယ်.. အဲဒါ သွားကြည့်မလို့.. ဟဲဟဲ.. "

​ထိုအခါမှ ယန်ကျီဝမ် သဘောပေါက်သွားသည် ။ လူပျိုပေါက် များက လုပ်စရာမရှိ၍ ငမ်းကြောထရန် အပြင်ထွက်သည်ပင် ။

​ယန်ကျီဖန့်က တိုးတိုးလေးပြောလိုက်သော်လည်း နားပါးသော ယန်ဖူကွေ့က ကြားသွား၏ ။ သူ ရယ်လိုက်ပြီး ...

​" ဒုတိယသား.. သွားကြည့်တာ ကောင်းပါတယ်.. မင်း ငါ့အတွက် ချွေးမတစ်ယောက် ရှာပေးမယ်လို့ ပြောထားတယ် မလား.. "

​" အရမ်းအေးတယ်ဗျာ.. အပြင်မထွက်ချင်ဘူး.. "

​ယန်ကျီဝမ် ခေါင်းခါလိုက်သည် ။

​" တစ်နေကုန် အိမ်မှာပဲ ကွေးနေတာက ကျန်းမာရေးအတွက် မကောင်းဘူး.. လူငယ်တွေက အပြင်ထွက်ပြီး လမ်းလျှောက်သင့်တယ်.. "

​ယန်ဖူကွေ့က ဆွဲဆောင်သည် ။

​" ဟုတ်ပါပြီ.. "

​ယန်ကျီဝမ်က ခဏလောက်စဉ်းစားပြီး သဘောတူလိုက်သည် ။ သူ ယန်ကျီဖန့်နှင့်အတူ ထွက်သွားမည်ပြုစဉ် ယန်ဖူကွေ့က လှမ်းပြော၏ ။

​" ဒုတိယသား.. သွားရင်းနဲ့ မင်းရဲ့ ငါးမျှားတံပါ ယူသွားပါလား.. ငါတို့ ဟင်းထဲ ထည့်စားဖို့ ငါး တစ်ကောင် နှစ်ကောင်လောက် ဖမ်းခဲ့လေ.. "

​ယန်ကျီဝမ်၏ မျက်နှာက မည်းမှောင်သွား၏ ။ သူ့အား အပြင်ထွက်ရန် တိုက်တွန်းနေရခြင်းက ငါးစားချင်၍ပင် ။

​" အဖေ.. တတိယသားက ဟောက်ဟိုင် ရေခဲနေတယ်လို့ ပြောတယ်လေ.. ငါးမျှားဖို့ ရေခဲကို ခွဲရလိမ့်မယ်.. ဒီနေ့တော့ မေ့လိုက်ပါ.. "

​စကားပြောပြီးနောက် ယန်ကျီဝမ်သည် ယန်ကျီဖန့်နှင့်အတူ ထွက်လာခဲ့၏ ။ လျိုကွမ်ထျန်းနှင့် လျိုကွမ်ဖူတို့က ဂိတ်ပေါက်ဝတွင် စောင့်နေကြသည် ။

​" ကျီဖန့်.. မင်း အရမ်းနှေးတာပဲ.. "

​လျိုကွမ်ထျန်းက ညည်းညူပြီးနောက် ယန်ကျီဝမ်ကို မြင်လျှင် အံ့အားသင့်စွာ မေးလိုက်သည် ။

​" အစ်ကိုကျီဝမ်.. အကိုလည်း လိုက်မလို့လား.. "

​" အေး.. လိုက်ကြည့်မလို့.. "

​ယန်ကျီဝမ်က ညီအစ်ကိုနှစ်ယောက်ကို စီးကရက်တစ်လိပ်စီ ပေးလိုက်သည် ။

​" ကျေးဇူးတင်ပါတယ် အစ်ကိုကျီဝမ်.. "

​လျိုကွမ်ထျန်းနှင့် သူ့ညီဖြစ်သူမှာ ချက်ချင်းပင် အလွန်ပျော်ရွှင်သွားကြ၏ ။ ယန်ကျီဖန့်က မနာလိုဟန်ဖြင့်...

​" အစ်ကိုနှစ်.. ကျွန်တော်ကရော.. "

​" ရော့.. ဒီမှာ.. "

​ယန်ကျီဝမ်က သူ့ကိုပါ တစ်လိပ် ပေးလိုက်ရပြီး သတိပေးလိုက်သည် ။

​" အဘိုးကြီး မမြင်စေနဲ့.. မဟုတ်ရင် မင်းရော ငါရော အဆူခံရလိမ့်မယ်.. "

​" ဟုတ်ကဲ့ပါ.. "

​" မြန်မြန်သွားကြစို့.. မဟုတ်ရင် အငယ်နှစ်ယောက် ငါတို့ကိုမြင်ပြီး သူတို့လည်း လိုက်ချင်နေလိမ့်မယ်.. "

​ထို့နောက် လေးယောက်သား ဟောက်ဟိုင်ဆီသို့ ချီတက်လာကြသည် ။ လမ်းတစ်လျှောက်တွင် လူအတော်များများက လမ်းပေါ်ရှိ နှင်းများကို တံမြက်စည်းများ၊ ဂေါ်ပြားများဖြင့် ရှင်းလင်းနေကြ၏ ။

​နာရီဝက်ကျော် လမ်းလျှောက်ပြီးနောက် သူတို့ ဟောက်ဟိုင်ဆီသို့ ရောက်ရှိသွားကြသည် ။

​ယခင်က ငါးမျှားဝါသနာရှင်များနှင့် ပြည့်နှက်နေတတ်သည့် နေရာမှာ ယခုအခါ လူငယ် ယောက်ျားလေး၊ မိန်းကလေးများနှင့် ပြည့်နှက်နေချေသည် ။ ယန်ကျီဖန့် ပြောသလိုပင်။ ကန်မျက်နှာပြင်မှာ ထူထဲသည့် ရေခဲများဖြင့် ဖုံးလွှမ်းနေလေပြီ ။ လူငယ် တော်တော်များများက ရေခဲပြင်ပေါ်တွင် စကိတ်စီးနေကြ၏ ။

​ရောက်ရောက်ချင်းပင် ယောက်ျားလေးသုံးယောက်က ချောမောလှပသည့် မိန်းကလေးများကို ရှာဖွေဖို့ သူတို့၏ ကင်းထောက်ခရီးကို စတင်လိုက်ကြတော့သည် ။

​ယန်ကျီဝမ် ခဏ ရပ်ကြည့်နေပြီးနောက် စိတ်ဝင်စားစရာ မကောင်းသဖြင့် ရေခဲပြင်ပေါ်သို့ ရောက်လာခဲ့သည် ။

​အမှန်အတိုင်းပြောရလျှင် သူ၏ အရင်ဘဝမှစ၍ အခုချိန်ထိ ရေခဲပြင်ပေါ်တွင် ရပ်ဖူးသည်က ယခု ပထမဆုံးအကြိမ်ပင် ။ သူ၏ အရင်ဘဝတုန်းက သူသည် နေ့တိုင်း အလုပ်လုပ်ရုံကလွဲပြီး ဘာမှမလုပ်တတ်သည့် အလုပ်ကြိုးစားသူ တစ်ယောက်သာ ဖြစ်သည် ။ သူ အားလပ်သည့်အခါ လှုပ်ရှားရသည်ကို အရမ်းပျင်းပြီး ဖုန်းကြည့်လိုက် စာအုပ်ဖတ်လိုက်ဖြင့် အိမ်မှာပဲနေလေ့ရှိ၏ ။ အသက်သုံးဆယ်နီးပါး လူတစ်ယောက်က သူနေထိုင်ရာ မြို့နယ်ထဲမှ အပြင်သို့ သိပ်မထွက်ဖူးခဲ့ပေ ။

​ယန်ကျီဝမ် အတွေးနွံ နစ်နေစဥ် အကူအညီတောင်းသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် ။

​" အား.. တစ်ယောက်ယောက် ကယ်ကြပါဦး.. သမီး မမ မြစ်ထဲ ပြုတ်ကျသွားလို့ပါ.. မြန်မြန် ကယ်ပေးကြပါ.. "

All Chapters