← Chapters

အခန်း ၁၂၈

Vol. 12 Ch. 128

အခန်း ၁၂၈

Vol. 12 Ch. 128

Chapter 128

~

အခန်း ၁၂၈ : မနာလို ဖြစ်နေသော ယန်ကျီချန်း

~

​ညစာစားချိန်တွင်.. ယန်မိသားစုအိမ်၌..

​ယန်မိသားစုက ပြောင်းဖူးပေါင်းနှင့် ကြက်ဥများကို စားနေကြပြီး ထိုကြက်ဥများမှာ ယွီလီက ယန်ကျီဝမ်အား ကျေးဇူးတင်စကားလာပြောစဥ်က ပေးထားခဲ့သော ကြက်ဥများ ဖြစ်ပေသည် ။ တခြားမိသားစုများနှင့်မတူဘဲ အနည်းဆုံးတော့ ယန်မိသားစုက ဗိုက်ဝအောင် စားနိုင်ကြ၏ ။

​ယန်ဖူကွေ့က ကြက်ဥကို ဖဲ့ကာ ပါးစပ်ထဲထည့်စားရင်း..

​" နေ့လယ်က လမ်းရုံးက ဆောင်းရာသီဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ အကြောင်းကြားထားတယ်.. အကြီးကောင်ရယ်.. ဒုတိယနဲ့ တတိယ.. မင်းတို့ထဲက ဘယ်သူ ငါနဲ့လိုက်မလဲ.. "

​သူ ဤအလုပ်ကို လူငယ်များထံ တိုက်ရိုက်မလွှဲပေးရသည့် အကြောင်းရင်းမှာ သူတို့က အရည်အသွေးညံ့သည့် ဂေါ်ဖီထုပ်များကို ဝယ်လာမည်ကို စိုးရိမ်၍ဖြစ်သည်။ နှစ်သစ်ကူးရောက်ရန် ရက်အနည်းငယ်သာ လိုတော့ပြီး နှစ်သစ်ကူးပြီးနောက် လအနည်းငယ်အတွင်း ထိုဟင်းသီးဟင်းရွက်များကိုသာ မှီခိုစားသောက်ကြရပေတော့မည်။

​သူစကားပြောပြီးသည်နှင့် ယန်ကျီချန်းက ပထမဆုံး တုံ့ပြန်လိုက်သည် ။

​" .. မနက်ဖြန်မနက် အလုပ်သွားရှာရဦးမယ်.. မဟုတ်ရင် စားစရာဝယ်ဖို့ ပိုက်ဆံမရှိတော့ဘူး.. "

​" အင်း.. ဒါက အရေးကြီးတယ်.. "

​ယန်ဖူကွေ့က ခေါင်းညိတ်လိုက်သည် ။ ငွေကြေးနှင့် သက်ဆိုင်နေသဖြင့် ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်ချေ ။

​ယန်ကျီဖန့်က ထိုစကားကိုကြားလျှင် နှုတ်ခမ်းစူလိုက်သည် ။

​' အလုပ်ရှာနေတာ ဟုတ်လား.. ဒီလောက်အေးတဲ့ရာသီဥတုမှာ အလုပ်မရှိဘူး.. ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ.. '

​ယန်ကျီချန်း မသွားလျှင် သူနှင့် အစ်ကိုနှစ်သာ သွားရပေတော့မည် ။ ထို့ကြောင့် သူက ကြိုတင်ကာကွယ်သည့်အနေဖြင့်..

​" အဖေ.. သား လိုက်ခဲ့မယ်.. "

​ယန်ဖူကွေ့က ကျေနပ်အားရစွာဖြင့်..

​" မဆိုးဘူး.. တတိယသားက ဥာဏ်အကောင်းဆုံးပဲ.. လာ.. ကြက်ဥတစ်လုတ် ထပ်စားလိုက်ဦး.. "

​ထိုသို့ပြောပြီး ယန်ဖူကွေ့က ယန်ကျီဖန့်အတွက် ကြက်ဥအနည်းငယ်ကို ကောက်ယူကာ သူ့ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည် ။

​" ကျေးဇူးတင်ပါတယ် အဖေ.. "

​ထို့နောက် ယန်ကျီဖန့်က ယန်ကျီဝမ်ကိုလည်း မျက်နှာချိုသွေးကာ ကျေးဇူးတင်လိုက်သည် ။ ဤသည်က သူသည် အသိတရားရှိလွန်း၍ မဟုတ်ဘဲ ယန်ကျီဝမ်ကို မျက်နှာသာပေးချင်ရုံသာ ဖြစ်သည် ။ ယနေ့ည သူတို့စားနေရသည့် ကြက်ဥများမှာ ဒုတိယအစ်ကို့ ကျေးဇူးကြောင့် ရလာသည် မဟုတ်ပါလော ။

​ခဏတာ ငြိမ်သက်သွားပြီးနောက် ယန်ဖူကွေ့က ယန်ကျီဝမ်ကို ထပ်ပြောသည် ။

​" ဒုတိယသာ.. မင်းလည်း လိုက်ခဲ့ဦး.. ဆောင်းရာသီဟင်းသီးဟင်းရွက်တွေ ဝယ်ရမှာ အရမ်းများတယ်.. တတိယသားနဲ့ ငါနဲ့ အကုန်သယ်နိုင်မှာ မဟုတ်ဘူး.. "

​ယန်ကျီဖန့်က စိတ်အားထက်သန်စွာဖြင့်..

​" ရပါတယ်.. ဘေးအိမ်က တွန်းလှည်းတစ်စီး ငှားသွားလိုက်မယ်.. သား ပြန်ဆွဲပေးပါ့မယ်.. "

​" တွန်းလှည်းငှားရင် ပိုက်ဆံကုန်မှာပေါ့.. "

​ယန်ဖူကွေ့က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည် ။

​တွန်းလှည်းငှားပါက အနည်းဆုံး ၂၀ ဖန့် ခန့် ကုန်ကျမည်ဖြစ်သည် ။ ၂၀ဖန့် ဆိုသည်မှာ ငွေ မဟုတ်ပါလော ။ ချွေတာတတ်သော ယန်ဖူကွေ့အတွက် ငွေကုန်ရမည့်ကိစ္စဆိုလျှင် ယခု သူတို့မိသားစုတွင် ငွေကြေးမချို့တဲ့တော့သော်လည်း နှမြော၏ ။

​" ကောင်းပါပြီ.. ဘယ်အချိန် သွားကြမလဲ.. "

​ယန်ကျီဝမ်တွင် ထင်မြင်ချက်သိပ်မရှိ ။ ဤကာလအတွင်း သူ ငါးမျှားထွက်ဖြစ်မည်မဟုတ်သလို တခြားလုပ်စရာလည်း မရှိ ။

​" မနက် သုံးနာရီ တန်းစီရမယ်.. မဟုတ်လို့ နောက်ကျမှသွားရင် ကောင်းတာတွေ ရနိုင်မှာ မဟုတ်ဘူး.. "

​ယန်ဖူကွေ့က ပြန်ပြောသည် ။ ယန်ကျီဝမ်က အံ့သြတကြီးဖြင့်..

​" မနက် သုံးနာရီ.. အဲဒီအချိန်ဆို အေးခဲနေမှာ မဟုတ်ဘူးလား.. "

​ယန်ဖူကွေ့က စိတ်မရှည်စွာဖြင့်..

​" ဒုတိယသား.. မင်း ဘာဖြစ်နေတာလဲ.. မင်း အအေးဒဏ်ကို ဒီလောက်ကြောက်တာ ငါတစ်ခါမှ မမြင်ဖူးဘူး.. "

​ရန်ရွေ့ဟွားက..

​" အဝတ်အစားတွေ ထပ်ဝတ်သွားလိုက်ပေါ့.. မသွားရင် ဒီနှစ်ဆောင်းတွင်း ဘာစားကြမလဲ.. "

​" ဒါဆိုလည်း ပြီးတာပဲ.. ဒုတိယသားနဲ့ တတိယသား.. ညစာစားပြီးရင် မင်းတို့နှစ်ယောက် စောစောအိပ်ကြ.. သန်းခေါင်ယံလောက်ကျရင် နှိုးမယ်.. "

​" နားလည်ပါပြီ.. "

​...

​နောက်တစ်နေ့ ...

​ယန်ကျီချန်းသည် မနက်ရှစ်နာရီထိုးမှ အိပ်ရာမှနိုးလာ၏ ။

​အလုပ်ရှာမည်ဆိုသည်မှာ ဆင်ခြေတစ်ခုသာ ဖြစ်သည် ။ သူ ထရပ်ကာ အဝတ်အစားများဝတ်ပြီး အခန်းထဲမှ ထွက်လာခဲ့သည် ။

​" မေမေ.. စားစရာတစ်ခုခု ရှိသေးလား.. သား ဗိုက်ဆာနေပြီ.. "

​မီးဖိုချောင်ထဲ ဝင်သွားသည်နှင့် သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည် ။

​မီးဖိုချောင်ထဲတွင် အမျိုးသမီးနှစ်ယောက်ကို သူတွေ့လိုက်ရပြီး တစ်ယောက်က သူ၏မိခင်ဖြစ်ကာ နောက်တစ်ယောက်က မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည် ။ လှုပ်ရှားသံကြားသဖြင့် ထိုမိန်းကလေးက ခေါင်းလှည့်ကြည့်လာ၏ ။

​' လှလိုက်တာ .. '

​ယန်ကျီချန်း ချက်ချင်းပင် မှင်သက်သွားသည် ။

​ထိုမိန်းကလေးက အနီရောင်ချည်သားကုတ်အင်္ကျီကြီးတစ်ထည်ကို ဝတ်ဆင်ထားသော်လည်း သူမ၏ ကြော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားကိုမူ ဖုံးကွယ်မထားနိုင်။

​ထိုမိန်းကလေးမှာ ယွီလီပင် ။ မနေ့က အိမ်ပြန်ရောက်ပြီးနောက် အမေယွီက သူမအတွက် တစ်နာရီကြာ ဦးနှောက်ဆေးခဲ့၏ ။

​ထို့ကြောင့် ယနေ့မနက် အစောပိုင်းတွင် သူမ ရဲတင်းစွာဖြင့် ယန်အိမ်တံခါးဝသို့ ရောက်လာခဲ့ပြီး ယန်ကျီဝမ်၏ အသက်ကယ်ကျေးဇူးကို တုန့်ပြန်သည့်အနေဖြင့် အလုပ်များ ကူညီပေးချင်ကြောင်း ပြောခဲ့သည် ။

​မနေ့က မွန်းလွဲပိုင်းတွင် ရန်ရွေ့ဟွားသည် ယန်ဖူကွေ့နှင့် တိုင်ပင်ခဲ့ပြီးဖြစ်ကာ နှစ်ယောက်စလုံးက ယွီလီသည် သူတို့၏ ဒုတိယသားနှင့် အလွန်သင့်တော်သည်ဟု သဘောတူခဲ့ကြသည် ။ ထို့ကြောင့် ရန်ရွေ့ဟွားသည် ယွီလီ ဤသို့ အိမ်တိုင်ရာရောက် လာရောက်ကူညီမှုကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည် ။ ထို့အပြင် ယွီလီသည် အလုပ်လုပ်ရာတွင် အလွန်သွက်လက်ပြီး ကြိုးစားသဖြင့် ရန်ရွေ့ဟွားက သူမကို ပို၍ပင် သဘောကျသွား၏ ။

​ယန်ကျီချန်းက သူမကို ကြောင်အစွာ စိုက်ကြည့်နေသည်ကို မြင်လျှင် ယွီလီက ရှက်ရွံ့သွားကာ ခေါင်းကို အမြန်ငုံ့လိုက်သည် ။ ရန်ရွေ့ဟွားလည်း ဤသည်ကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး ရှေ့သို့လျှောက်သွားကာ ယန်ကျီချန်း၏ နောက်စေ့ကို ပိတ်ရိုက်လိုက်သည် ။

​" အမေ.. ဘာလို့ ကျွန်တော့ကို ရိုက်တာလဲ.. "

​ယန်ကျီချန်းက ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်သည် ။

​" အမေ.. ဒီကောင်မလေးက ဘယ်သူလဲ.. "

​" နင့်ကိစ္စ မဟုတ်တာ ဝင်မပါနဲ့.. ဒါက နင့်ရဲ့ ခယ်မလောင်းပဲ.. "

​ရန်ရွေ့ဟွားက သူ့ကို ခပ်မာမာ ငေါက်လိုက်သည် ။

​ခယ်မလောင်း ဆိုသည့် စကားလုံးကို ကြားလိုက်ရလျှင် ယွီလီ၏ လှပသော မျက်နှာလေးမှာ ရဲတွတ်သွားပြီး မကြားယောင်သာ ဟန်ဆောင်နေလိုက်၏ ။

သို့သော်လည်း ဤသည်က ကောင်းမွန်သော အစပျိုးမှုတစ်ခုပင် ဖြစ်သည် ။ အနည်းဆုံးတော့ ယောက္ခမလောင်းဖြစ်သူက သူမကို သဘောတူနေလေပြီ ။

​" ခယ်မလောင်း.. "

​ယန်ကျီချန်းက ခံစားချက်မဲ့စွာဖြင့်..

​" အမေ.. သူက ဒုတိယသားရဲ့ ရည်းစားလို့ ပြောချင်တာလား.. "

​သူ၏မိခင်ဖြစ်သူက ခေါင်းညိတ်ပြလိုက်လျှင် ယန်ကျီချန်း စိတ်မသက်မသာ ဖြစ်သွားသည် ။

​' ဘာလို့လဲ.. ဒုတိယကောင်က ဘာလို့ ဒီလောက်လှတဲ့ ရည်းစားမျိုး ရနေရတာလဲ.. '

​သူ အလွန် မနာလို ဖြစ်မိ၏ ။

​သူက ယခုဆိုလျှင် အသက်နှစ်ဆယ်ရှိနေပြီ ဖြစ်ပြီး နှစ်သစ်ကူးပြီးပါက အသက်နှစ်ဆယ့်တစ်နှစ် ပြည့်တော့မည် ။ သို့သော် ရည်းစားပင် မရှိသေး ။

​ဒုတိယကောင်က ယခုမှ ဆယ့်ကိုးနှစ်သာ ရှိသေးသော်လည်း ရည်းစားရှိနေလေပြီ ။

​ခဏအတွင်းမှာပင် ယန်ကျီချန်း၏ မျက်နှာက မနာလိုမှုကြောင့် နီရဲလာသည် ။

​သူ တခြားကဏ္ဍများတွင် ဒုတိယသားလောက် မတော်သည်က ထားတော့ ။ ယခု ရည်းစားရှာသည့် နေရာတွင်ပါ သူ့လောက် မစွမ်းဆောင်နိုင်တော့ဘူးလော ။

​"ဖြန်း.."

​သူ့ခေါင်းကို နောက်တစ်ကြိမ် ထပ်ရိုက်ခံလိုက်ရပြီး ရန်ရွေ့ဟွားက မကျေမနပ်ဖြင့်..

​" အကြီးကောင်.. ဒီနေ့ အလုပ်သွားရှာမယ်လို့ နင်ပြောထားတယ် မဟုတ်ဘူးလား.. ဘာလို့ အခုမှ အိပ်ရာထရတာလဲ.. "

​ယန်ကျီချန်းက စကားလမ်းကြောင်း အမြန်လွှဲလိုက်သည် ။

​" အမေ.. ကျွန်တော် ခဏနေရင် သွားမှာပါ.. စားစရာတစ်ခုခု ရှိသေးလားလို့.. "

​ဆောင်းရာသီဟင်းသီးဟင်းရွက်များ သွားမဝယ်ချင်၍ ဆင်ခြေပေးခဲ့ခြင်းဖြစ်ကြောင်း သူ ထုတ်ပြော၍ မဖြစ် ။

​" မရှိတော့ဘူး.. "

​ရန်ရွေ့ဟွားက ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်သည် ။

​ပြောင်းဖူးပေါင်းများ၏ မွှေးပျံ့သော ရနံ့ကို ရှူရှိုက်မိရင်း ယန်ကျီချန်းမှာ ကျိန်ဆဲမိတော့မလိုပင် ဖြစ်သွားသည် ။ အငွေ့တထောင်းထောင်းထနေသော မုန့်များကို လုပ်နေကြသည်မှာ ရှင်းနေသော်လည်း မိခင်ဖြစ်သူက စားစရာဘာမှမရှိဟု ပြတ်ပြတ်သားသား ပြောနေ၏ ။

​' ဒုတိယကောင်သာဆိုရင် သူ့အခန်းထဲအထိတောင် ကိုယ်တိုင် သွားပို့ပေးလောက်တယ်.. ချီးပဲ.. တကယ်ကြီး ငါက မွေးစားသားများ ဖြစ်နေမလား.. '

​ဤသည်က အလွန်သိသာစွာ ခွဲခြားဆက်ဆံမှုပင် ။

​" မိန်းမရေ.. ငါတို့ ပြန်လာပြီ.. "

​ထိုအခိုက် ယန်ဖူကွေ့၏ အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည် ။

​ရန်ရွေ့ဟွားက သူတို့ကို ဆီးကြိုရန် အမြန်ထွက်သွား၏ ။ ယွီလီလည်း သူမနောက်သို့ လိုက်ထွက်သွားသည် ။

​ထို့နောက် ယန်ဖူကွေ့၊ ယန်ကျီဖန့်နှင့် ယန်ကျီဝမ်တို့က မြွေရေခွံအိတ်များကိုယ်စီ ထမ်းကာ ပြန်လာကြသည်ကို တွေ့လိုက်ရသည် ။ အထူးသဖြင့် ယန်ကျီဝမ်က အိတ်ကြီးနှစ်လုံးကိုပင် ထမ်းလာခဲ့သည် ။

​သူတို့သုံးယောက် မြွေရေခွံအိတ်များကို ချလိုက်ပြီးနောက် ယန်ဖူကွေ့က သူ၏ပခုံးကို ပွတ်သပ်ကာ..

​" မိန်းမရေ.. မနက်စာ အဆင်သင့်ဖြစ်ပြီလား.. ငါ ဗိုက်ဆာနေပြီ.. "

​" အဆင်သင့်ဖြစ်ပါပြီ.. အားလုံး ပြန်လာတာကို စောင့်နေတာ.. "

​ရန်ရွေ့ဟွားက ရေနွေးပန်းကန်လုံးတစ်လုံးကို ယန်ဖူကွေ့ထံ ကမ်းပေးလိုက်ပြီး..

​" ရော့ အဘိုးကြီး.. နွေးသွားအောင် ရေနွေးအရင်သောက်လိုက်ဦး.. "

​ယွီလီကလည်း ရေနွေးပန်းကန်တစ်လုံးကို ယန်ကျီဝမ်ထံ ယူလာပေးကာ..

​" အစ်ကို ပင်ပန်းသွားပြီ.. "

​" ကျေးဇူးပဲ.. "

​ယန်ကျီဝမ်က ကျေးဇူးတင်စကားပြောကာ ပန်းကန်လုံးကို လှမ်းယူလိုက်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏ ။

​" မင်းက ဘာလို့ ဒီရောက်နေတာလဲ.. "

​" ကျွန်မ.. "

​" လီလီက ဒီမှာ လာကူညီပေးတာလေ.. ဒုတိယသား..နင်မသိဘူးလား လီလီက အလုပ် လုပ်တာ အရမ်းသွက်တာပဲ.. "

​ယွီလီ ရှင်းပြမည်လုပ်စဥ် ရန်ရွေ့ဟွားက ကျေနပ်အားရမှုအပြည့်ဖြင့် ဝင်ပြောလိုက်သည် ။

​" သြော်.. လီလီ ရောက်နေတာကိုး.. "

​ယန်ဖူကွေ့ကလည်း ပြုံးရွှင်စွာ ပြောလိုက်သည် ။

​" မင်္ဂလာပါ ဦးလေး.. "

​ယွီလီက သူ့ကို နှုတ်ဆက်လိုက်ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားကာ ယန်ကျီဝမ်က သူမကို အိမ်ပြန်လွှတ်မည်ကို စိုးရိမ်နေမိသည် ။ သူမ ဤတံခါးဝအထိ တစ်ယောက်တည်း ရောက်လာရန် သတ္တိတွေ အများကြီး မွေးလာခဲ့ရ၏ ။

​" အေးအေး.. "

​ယန်ဖူကွေ့က ယန်ကျီဝမ်ကို လက်ဟန်ပြလိုက်ပြီး..

​" ဒုတိယသား.. မင်းမှာလည်း လုပ်စရာအလုပ် ဘာမှမရှိတာပဲ.. မနက်စာစားပြီးရင် လီလီနဲ့အတူ လမ်းလျှောက်ထွက်ပါလား.. "

​ယွီလီ၏ မျက်လုံးများ တောက်ပသွားပြီး ယန်ကျီဝမ်အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည် ။ သို့သော် ယန်ကျီဝမ်က သူမကို လှမ်းကြည့်လိုက်သည်နှင့် သူမက ရှက်ရွံ့စွာဖြင့် မျက်နှာကို အမြန်လွှဲသွားပြန်၏ ။

​" ...ကောင်းပါပြီ.. "

All Chapters