← Chapters

အခန်း (၁၆၉၇-၁၆၉၈)

Vol. 121 Ch. 1697-1698

အခန်း (၁၆၉၇-၁၆၉၈)

Vol. 121 Ch. 1697-1698

အခန်း (၁၆၉၇) နီကျားနှင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ရွှေစေတီက စေတီရှင်’လီကျင်း’ အသုံးပြုခဲ့သော ရူယိရွှေစေတီထက်ပင် ပိုမိုတောက်ပနေသည်။

ထိုစေတီတွင် သရီရဓာတ်တော်များ စီခြယ်ထားပြီး တောက်ပသောအလင်းတန်းများက နီကျား၏ဦးခေါင်းအား ဖိနှိပ်ချလိုက်သည်။

နီကျား၏ ဦးခေါင်းထက်တွင် ချက်ချင်းပင် ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်သည်လည်း အလွန်တရာ ကြီးမားလာသည်။

သူ့ပုံစံက လူငယ်လေးတစ်ယောက်ပမာ ဖြစ်နေသေးသော်လည်း မိုးကောင်းကင်ထိ ထိုးဖောက်နိုင်သော အရွယ်အစားအဖြစ် ပြောင်းလဲသွားသည်။

ယခင်ကဆိုလျှင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအနေဖြင့် ဤစေတီတစ်ခုတည်း အသုံးပြုရုံဖြင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော နီကျားကို ဖိနှိပ်နိုင်ခဲ့သည်။

ယခုတော့ နီကျားက ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ သူ၏တန်ခိုးစွမ်းအားသည်လည်း အဆမတန် တိုးတက်လာခဲ့ပေပြီ။

ထို့ကြောင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ရွှေစေတီအသုံးပြုပြီး ဖိနှိပ်ရန်ကြိုးစားသော်လည်း သက်ရောက်မှုက သိသိသာသာ လျော့ကျသွားသည်။

အရင်တစ်ခေါက်တိုက်ပွဲတွင် နီကျားက မိစ္ဆာချီများလွှမ်းမိုးပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ဖုံးလွှမ်းခံခဲ့ရသည်။

ယခုတစ်ခေါက်မှာတော့ နီကျားက သိစိတ်ရှိနေသည်ဖြစ်ရာ အကြမ်းပတမ်းမရှိတော့ဘဲ သွက်လက်စွာပင် တိုက်ခိုက်လာသည်။

သူက မီးတောက်လှံရှည်ကို ကိုင်မြှောက်ပြီး ရွှေရောင်စေတီကို ပိတ်ဆို့ကာ သူ့ထံသို့ အရှိန်ပြင်းစွာ ကျရောက်မလာစေရန် တားဆီးလိုက်သည်။

ထိုအချိန် ကျောင်းတော်တွင်ပြုလုပ်ထားသော အရံအတား မှေးမှိန်သွားပြီး အပြင်ဘက်ရှိ အနောက်သူတော်စင်ဘုံနှင့် အစိမ်းရောင်ကြာပန်းများ၏မြင်ကွင်းကိုပင် တွေ့မြင်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဘုံခုနစ်ဆင့်စေတီတွင် စီခြယ်ထားသည့် သရီရဓာတ်တော်များမှ တန်ခိုးစွမ်းအားများ လည်ပတ်လာပြီး ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ထွက်ပေါ်လာကာ ရွှေစေတီကို ပိုမိုအားကောင်းလာစေသည်။

စိန်ခေါ်ပွဲနယ်မြေကို အနောက်ဘက်သူတော်စင်ဘုံတွင် သတ်မှတ်ထားခြင်းက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအတွက် တန်ခိုးစွမ်းအားများ ထုတ်ဖော်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေသည်။

ချက်ချင်းပင် ရွှေစေတီက ပိုမိုလေးလံလာကြောင့် နီကျား ခံစားလိုက်ရသည်။

သူက ရွှေစေတီကို အောင်မြင်စွာ တားဆီးလိုက်နိုင်သော်လည်း လှံရှည်ထိပ်ဖျားမှတစ်ဆင့် ရွှေရောင်မီးလျှံများက သူ့ထံသို့ ကူးစက်‌လောင်ကျွမ်းလာသည်။

ထိုမီးလျှံများက ပူလောင်ခြင်း မရှိဘဲ အလွန်တရာ သန့်စင်ကြည်လင်လျှက်ရှိသည်။

နီကျားတွင် ခံစစ်ရတနာပစ္စည်းဖြစ်သည့် ‘ကောင်းကင်ရက်ထည်’ ရှိနေသော်လည်း ထိုမှော်ဆန်သည့်မီးလျှံများကတော့ ကောင်းကင်ရက်ထည်ကိုဖြတ်ကျော်ကာ နီကျားထံသို့ ရောက်ရှိသွားသည်။

တစ်ခဏအတွင်းမှာပင် နီကျား၏ခန္ဓာကိုယ် အားနည်းသွားပြီး ဦးခေါင်းထက်မှ ပန်းသုံးပွင့်သည်လည်း မှိန်ဖျော့သွားသည်။

ထိုအချိန် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လက်ဟန်တစ်ချက်ပြုလုပ်ပြီး ရောင်စဉ်ငါးမျိုးတောက်ပနေသည့် ကြည်လင်သောအလင်းတန်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။

"ပင်လယ်ငြိမ်သက်ပုလဲ..."

နီကျားက ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဤလောကရှိ တန်ခိုးစွမ်းအားအများစုကို သဘာဝအလျောက် ခုခံနိုင်စွမ်း ရှိသည်။

ပင်လယ်ငြိမ်သက်ပုလဲ၏ စိတ်ဝိညာဉ်ကို ထိုင်းမှိုင်းစေသောစွမ်းအားမှာလည်း သူ့အပေါ်တွင် သက်ရောက်မှု အလွန်နည်းပါးသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏တိုက်ကွက်မှာ ရွှေစေတီအသုံးပြုပြီး နီကျား၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို အရင်ဆုံးဖိနှိပ်လိုက်ပြီးမှ ပင်လယ်ငြိမ်သက်ပုလဲဖြင့် ဖြည့်စွက်တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ပင်လယ်ငြိမ်သက်ပုလဲကြောင့် နီကျား၏စိတ်အစဉ် ထိုင်းမှိုင်းသွားပါက ကျန်ရှိနေသေးသည့် ပုလဲ (၁၈)လုံးဖြင့် ဆက်တိုက်ရိုက်ချလိုက်ရန်သာရှိသည်။

ထိုသို့ဆိုပါက နီကျား မည်မျှစွမ်းအားကြီးမားပါစေ အကြီးအကျယ် ဒဏ်ရာရသွားပေမည်။ နီကျားအနေဖြင့် ပင်လယ်ငြိမ်သက်ပုလဲများကို ခုခံရန်ကြိုးစားလျှင်ပင် အဆုံးသတ်တွင် မခံရပ်နိုင်အောင် ဖြစ်ရပေမည်။

ထိုအချိန် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အခွင့်ကောင်းကိုအသုံးချပြီး တိုက်ပွဲကို အဆုံးသတ်လိုက်နိုင်သည်။

ဤနည်းအားဖြင့် သူ့ဘက်မှ တိုက်ပွဲအနိုင်ရရှိရန် (၉၀)ရာနှုန်း သေချာလျှက် ရှိ၏။

ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ တိုက်ခိုက်ကြသည့်အခါ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသည် ပါးလွှာသည့် မျဉ်းကြောင်းလေးတစ်ခုမျှသာ ဖြစ်သည်။

အခွင့်အရေးတစ်ခု လက်လွတ်သွားသည်နှင့် အသာစီရရှိနေရာမှ တောင်ပြိုသည့်ပမာ အရှိန်အဟုန်ဖြင့် ကျဆင်းပြီး အရှုံးကြီးရှုံးနိမ့်သွားနိုင်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျားနှင့်တိုက်ခိုက်ရန် လုံးဝဆန္ဒမရှိသဖြင့် တတ်နိုင်သမျှ ရှောင်လွှဲခဲ့သည်။

သို့သော် တိုက်ပွဲဖြစ်လာသည့်အခါမှာတော့ လုံးဝ အလျှော့ပေးခြင်းမရှိဘဲ ရှိသမျှအစွမ်းကုန်ထုတ်ကာ နီကျားအား အမြန်ဆုံး အနိုင်ယူရန် ကြိုးပမ်းခဲ့သည်။

နီကျားအား တန်ပြန်တိုက်ခိုက်ရန်ပင် ရွေးချယ်ခွင့်မပေးဘဲ တိုက်ပွဲကြောင့်ဖြစ်လာမည့် ပျက်ဆီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်စေရန် လျှော့ချလိုက်သည်။

ရန်ကျောက်ကဲ အမြင်မှာတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက စိန်ခေါ်ပွဲကို မလွှဲမရှောင်သာ လက်ခံလိုက်ရသည်နှင့် စွမ်းအားကုန်သုံးကာ တိုက်ခိုက်ပြီး နီကျားကို အပြတ်အသတ် နိုင်ယူရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။

သို့သော် နီကျားကလည်း ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ရွှေစေတီမှကျရောက်လာသည့်မီးလျှံများ၏ လျှို့ဝှက်ချက်ကို နားလည်ထားပြီးနောက် နီကျားစိတ်ထဲ အစီအစဉ်တစ်ခု ဆွဲလိုက်သည်။

ရန်သူက သူ၏ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ဖိနှိပ်ပြီး အားနည်းသွားအောင် လုပ်ခွင့်မပေးဘဲ ချက်ချင်းပင် တန်ပြန်တိုက်ခိုက်လိုက်သည်။

သူ၏ကောင်းကင်ရက်ထည်က လေထဲတွင် လွင့်ပျံသွားပြီး အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

နီကျားက အနီရောင်အလင်းတန်းကို မျိုချလိုက်ပြီး သူအသစ်တီထွင်ထားသည့် သိုင်းကျင့်စဉ်ကို လျှို့ဝှက်စွာ ထုတ်ဖော်လိုက်သည်။

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထက်၌ အနီရောင်တိမ်တိုက်များထွက်ပေါ်လာကာ ရွှေရောင်မီးလျှံများကို တွန်းထုတ်ခုခံလိုက်၏။

ထိုမျှမက အနီရောင်တိမ်တိုက်များက လှံရှည်ထိပ်ဖျားသို့ ရောက်ရှိသွားပြီး ရွှေစေတီကိုပါ အနီရောင်ပြောင်းသွားစေသည်။

သို့သော် ရောင်စဉ်ငါးမျိုး အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် နီကျား၏မျက်ဝန်းများ အသက်မဲ့သွားသည်။ သူ၏အတွေးတို့ လေးလံနှေးကွေးလာချိန် ပင်လယ်ငြိမ်သက်ပုလဲများက သူ့ခန္ဓာကိုယ်ထက်သို့ တစ်လုံးပြီးတစ်လုံး အရှိန်ပြင်းစွာ ကျရောက်လာသည်။

ပင်လယ်ငြိမ်သက်ပုလဲ တစ်လုံးချင်းစီတိုင်းတွင် စကြာဝဠာတစ်ခုစာမျှ အလေးချိန်ရှိသည်။

ယခု ထိုပုလဲများက ကောင်းကင်ထက်မှ အဖျက်စွမ်းအားကြီးမားစွာဖြင့် ပြုတ်ကျလာပြီး ကမ္ဘာများကိုပင် ပျက်သုဉ်းစေမည့်အလား ထင်မှတ်ရသည်။

ကံကောင်းသည်မှာ ထိုအချိန်တွင် နီကျားက ရွှေစေတီ၏ ဖိနှိပ်မှုကို ကျော်လွန်သွားပြီ ဖြစ်သည်။

ရတနာကြာပန်းနတ်ဘုရားခန္ဓာမှ လျှို့ဝှက်ဆန်းကြယ်သော တန်ခိုးစွမ်းအားထွက်ပေါ်လာပြီး ပင်လယ်ငြိမ်သက်ပုလဲများက သူ့အပေါ် သက်ရောက်နိုင်ခြင်း မရှိတော့ပေ။

သူ့ခြေထောက်အောက်မှ လေမီးလျှံဘီးက အချိန်မီပင် အလျှင်အမြန် လည်ပတ်သွားပြီး ကျရောက်လာသည့် ပင်လယ်ငြိမ်သက်ပုလဲများကို ဆက်တိုက်ရှောင်တိမ်းလိုက်၏။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏တိုက်ကွက်ကို ရှောင်တိမ်းပြီးသည်နှင့် နီကျားက ဖြည်းညင်းစွာပင် ရပ်တန့်လိုက်သည်။

သူက မီးတောက်လှံရှည်ကို အလျားလိုက်ပင် လှည့်ပတ်ဝှေ့ယမ်းကာ ကြောက်မက်ဖွယ်ရာ ပင်လယ်ငြိမ်သက်ပုလဲများကို ရိုက်ချလိုက်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သက်ပြင်းချလိုက်ပြီး...

“အရင်တုန်းကလို ငါ မင်းကို နိုင်အေင်မတိုက်နိုင်တော့ဘူးထင်တယ်”

ထို့နောက် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျားရှေ့တွင်ပေါ်လာပြီး လက်ဖဝါးတစ်ဖက် ဖြန့်လိုက်သည်။ လက်ဖဝါးထက်တွင် ဝမ့်စကြာသင်္ကေတက လည်ပတ်လျှက် ထွက်ပေါ်လာပြီး နီကျားအား တိုက်ခိုက်လိုက်သည်။

တိုက်ကွက်က နှေးကွေးသယောင်ထင်ရသော်လည်း အလွန်လျှင်မြန်ပြီး အချိန်နှင့် နေရာကိုပင် ဝေဝါးသွားစေသည်။

နီကျားကတော့ ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်ပြီး မကြောက်မရွံ့ပင် ရင်ဆိုင်လိုက်သည်။

သူ၏ပခုံးထက်တွင် ဦးခေါင်းတစ်လုံးနှင့် လက်နှစ်ဖက် ထပ်မံထွက်ပေါ်လာပြီး ဦးခေါင်းနှစ်လုံး ၊ လက်လေးဖက်အသွင် ပြောင်းလဲသွားသည်။

လက်ထဲတွင်လည်း မီးတောက်လှံရှည်ကဲ့သို့ အလားတူလှံရှည်တစ်လက် ထပ်မံထွက်ပေါ်လာသည်။

လှံရှည်တစ်လက်က ပင်လယ်ငြိမ်သက်ပုလဲများကို ရိုက်ချနေပြီး ဒုတိယလှံရှည်က ဝမ့်စကြာသင်္ကေတအား ပြင်းထန်စွာ ထိုးစိုက်ချလိုက်၏။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျားနှင့် အနီးကပ်မတိုက်ခိုက်လိုသည့်အတွက် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားသည်?

နီကျား၏ လှံဖျားက ဝမ့်စကြာသင်္ကေတကို ထိုးစိုက်မိချိန် ထိုအရာက ရွှေရောင်မီးလျှံတစ်ခုအဖြစ် ချက်ချင်း ပြိုကွဲသွားသည်။

မီးလျှံများဖြင့် ပုံဖော်ထားသော မငြိမ်းသောမီးအိမ်ရှေး‌ဟောင်းဗုဒ္ဓ၏ မီးလျှံခန္ဓာသည်ပင် ပေါက်ကွဲထွက်သွားပြီး မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။

မီးလျှံလှိုင်းများအလယ်တွင် မိုးနှင့်မြေ လောင်ကျွမ်းသွားပြီး ကျောင်းတော်တစ်ခုလုံးသည်လည်း မီးတောက်များဖြင့် ဝါးမျိုခြင်း ခံလိုက်ရသည်။

အားလုံးက ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရပြီး မီးစာဖြစ်သွားရသည်။

နီကျား၏ လက်ထဲမှ 'မီးတောက်လှံရှည်' နှင့် ခြေထောက်အောက်ရှိ 'လေမီးလျှံဘီး' တို့ပင်လျှင် ထိုရွှေရောင်မီးတောက်များထဲတွင် ဝါးမျိုခံလိုက်ရသည့်ပမာ ထင်မှတ်ရသည်။

မီးတောက်မီးလျှံများ၏ အပြင်ဘက်မှာတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ရုပ်ခန္ဓာအစစ်က နီကျားကိုစေင့်ကြည့်နေသည်။

ထိုရှေးဟောင်း‌ဗုဒ္ဓ၏ ဦးခေါင်းအနောက်ဘက်မှ ခရမ်းရောင် ၊ ရွှေရောင်နှင့် မီးခိုးရောင်ရှိသော ဗုဒ္ဓရောင်ခြည်အလင်းတန်း (၃)ခု စုစည်းထွက်ပေါ်လာသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ အကျော်ကြားဆုံး ရတနာပစ္စည်းမှာ စန့်ချင်အဆက်အနွယ် ထိပ်တန်းကျွမ်းကျင်သူ ‘ကျောက်ကုန်းမင်’ ထံမှ သိမ်းပိုက်ရရှိခဲ့သော ပင်လယ်ငြိမ်သက်ပုလဲ ပင်ဖြစ်၏။

အချို့ဆိုလျှင် ပင်လယ်ငြိမ်သက်ပုလဲသာ မရှိပါက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ဘာမှမဟုတ်တော့သလိုပင် ထင်မြင်ကြသည်။

ဟုတ်ပေ၏။

ပင်လယ်ငြိမ်သက်ပုလဲက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ အစွမ်းအထက်ဆုံး လက်နက်ဖြစ်သည်မှာ အမှန်ပင်။

သို့သော် ပင်လယ်ငြိမ်သက်ပုလဲ မရှိတော့သည့်တိုင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ တန်ခိုးစွမ်းအားက ထိပ်တန်းအဆင့် ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်နေစေရန် လုံလောက်သည်။

ယခု သူက စွမ်းအားကုန်သုံးပြီး တိုက်ခိုက်လျှက်ရှိသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး တစ်လောကလုံးအား အဆုံးသတ်ပစ်နိုင်သ‌ော သူ၏တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသလျှက် ရှိသည်။

ဤတန်ခိုးစွမ်းအားဖြင့် စကြာဝဠာတစ်ခုအား ဖိနှိပ်လိုက်မည်ဆိုလျှင်ပင် စကြာဝဠာကြီးမှာ ပဲပြားတစ်ခုပမာ ကြေမွသွားရပေမည်။

သို့သော် လောင်ကျွမ်းနေသည့် မီးလျှံများကြားထဲမှ အလင်းရောင်တစ်ချက် ထွက်ပေါ်လာသည်။ ထိုအနီရောင်အလင်းတန်းက မီးပင်လယ်ကိုထိုးခွင်းပြီး ကောင်းကင်ယံတွင် အ‌ပေါက်တစ်ခု ဖြစ်ပေါ်သွားစေသည်။

အခန်း (၁၆၉၈) တိုက်ပွဲကို စောင့်ကြည့်ခြင်း

အနီရောင်အလင်းတန်းက ရွှေရောင်မီးပင်လယ်ကြီးကို ထိုးဖောက်သွားသည်။

ထိုအနီရောင်အလင်းတန်းအတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံသို့ တဟုန်ထိုး ပြေးဝင်လာသည်။

ရန်ကျောက်ကဲကြည့်လိုက်တော့ ထိုအရာက ရွှေရောင်အုတ်ခဲတစ်လုံးဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဦးခေါင်းထက်တွင် ခရမ်းရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်။ သူက ထိုရွှေရောင်အုတ်ခဲ ကျလာမည်ဟု ကြိုတင်မျှော်လင့်ထားပုံရသည်။

လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့် ပင်လယ်ငြိမ်သက်ပုလဲတစ်လုံးထွက်ပေါ်လာပြီး ထိုရွှေရောင်အုတ်ခဲကို ပိတ်ဆို့ထားလိုက်သည်။

သို့သော် ရွှေရောင်အုတ်ခဲနောက်မှ နီကျားထွက်ပေါ်လာပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို တိုက်ခိုက်လိုက်သည်။

နီကျားလက်ထဲတွင် မီးတောက်လှံရှည်နှစ်လက်အပြင် အခြားသေသာ ရတနာပစ္စည်းများကိုလည်း ကိုင်ဆောင်ထားသေး၏။

သူ၏ပုံသဏ္ဌန်မှာလည်း ဦးခေါင်းနှစ်လုံး လက်လေးဖက်အစား ဦးခေါင်းသုံးလုံး လက်ခြောက်ဖက်အသွင်သို့ ပြောင်းလဲသွားပေပြီ။

အသစ်ပေါ်ထွက်လာသည့် လက်နှစ်ဖက်အနက် တစ်ဖက်တွင် ယင်ယန်စက်ဝန်းကို ကိုင်ဆောင်ထားပြီး ကျန်တစ်ဖက်ကတော့ ရွှေရောင်အုတ်ခဲကိုပစ်လွှတ်လိုက်ပြီး ယင်ယန်ဓားကို ကိုင်ဆောင်ထားသည်။

ယခင်ရှိနှင့်ပြီးသော လက်လေးဖက်တွင်လည်း မီးတောက်လှံရှည်နှစ်လက်ကို ဆုပ်ကိုင်ထားပြီး နီကျားက လှံရှည်တစ်လက်ကိုဝှေ့ယမ်းကာ သူ့ထံသို့ဝင်ရောက်လာသည့် ပင်လယ်ငြိမ်သက်ပုလဲကို ရိုက်ချလိုက်သည်။

နောက်ထပ် လှံရှည်တစ်လက်ကတော့ အရာအားလုံးကို ထိုးဖောက်နိုင်သည့် အရှိန်အဟုန်ဖြင့် အတားအဆီးများကိုကျော်ဖြတ်ကာ မီးတောက်မီးလျှံများကြားတွင် လမ်းကြောင်းတစ်ခုထိုးဖောက်လိုက်ပြီး အရံအတားကို ချိုးဖျက်လိုက်သည်။

“ကောင်းကင်ဖွင့်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာ ၊ ထာဝရအလင်းကောင်းကင်ကျမ်းစာ ၊ ဗလာနယ်ကောင်းကင်ကျမ်းစာ”

တိုက်ပွဲကိုစောင့်ကြည့်နေသော ရန်ကျောက်ကဲက နီကျား၏လှံချက်တွင် ယွိချင်အဆက်အနွယ် ၊ မူလကောင်းကင်ကျမ်းစာ (၄) စောင်၏ နက်ရှိုင်းမှုများ ပါဝင်နေကြောင်း သတိပြုလိုက်မိသည်။

နီကျား၏တန်ခိုးစွမ်းအားက သူ၏ရတနာပစ္စည်းများနှင့် ရတနာကြာပန်းနတ်ဘုရားခန္ဓာတို့တွင်သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။

သူကျင့်ကြံထားသည့် ကျင့်စဉ်များက အလွန်ပင်ထက်မြက်လှသဖြင့် သူ့ကို ယွိချင်အဆက်အနွယ်၏ တတိယမျိုးဆက်တွင် ထိပ်တန်းပုဂ္ဂိုလ်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

သူက ဆရာဖြစ်သူ ထိုက်ယီကျန်းရန် သင်ပေးခဲ့သော အဆင့်မြင်သိုင်းပညာများကို ကျွမ်းကျင်ရုံသာမက သူ၏ကိုယ်ပိုင်ထိုးထွင်းသိမြင်မှုများကိုပင် ထိုပညာရပ်များထဲသို့ ပေါင်းစပ်ထားသည်။

သူ၏ သိုင်းပညာရပ်များက မူလကောင်းကင်ကျမ်းစာများကို ကိုးကားထားခြင်းဖြစ်သော်လည်း ရိုးရှင်းစွာ ပေါင်းစပ်ထားခြင်း မဟုတ်ပေ။

နီကျားက ထိုပညာရပ်များအားလုံးကို နားလည်သဘောပေါက်ပြီးနောက် ကိုယ်ပိုင်ပုံစံ ပညာရပ်အချို့ကို တီထွင်ခဲ့သည်။ ထို့ကြောင့် သူ၏လမ်းစဉ်က ဆရာဖြစ်သူ ထိုက်ယီကျန်းရန်နှင့် များစွာကွာခြားနေသည်။

နီကျား၏ သိုင်းပညာခံယူချက်က ထက်မြက်ပြီး မည်သည့်အရာမဆိုး ထိုးဖောက်နိုင်စွမ်းရှိကြောင်း သူ၏ လှံသိုင်းများက အပြည့်အဝ ထုတ်ဖော်ပြသနေသည်။

ထိုလှံသိုင်း၏ အနှစ်သာရက ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ အခြေအနေအရ အဆုံးမရှိ ပြောင်းလဲပစ်နိုင်ခြင်း ဖြစ်သည်။

ထို့ပြင် နီကျားက ယွိချင်အဆက်အနွယ် အမြင့်ဆုံး သိုင်းပညာရပ်များဖြင့် တိုက်ခိက်မည်ဆိုလျှင်ပင် လွယ်ကူစွာ စီမံနိုင်သေးသည်။

မည်သို့ပင်ဖြစ်စေ ယွိချင်အဆက်အနွယ် တတိယမျိုးဆက်တွင် ကောင်းကင်ဖွင့်ကျမ်းစာ ကျင့်ကြံရာ၌ နီကျားက အတော်ဆုံးဟု အသိအမှတ်ပြုခံထားရသည်။

ထိုကျမ်းစာတစ်ခုတည်းကိုသာ အာရုံစိုက်ကျင့်ကြံသော အခြားကျင့်ကြံသူများထက်ပင် နီကျားက ပိုမိုသာလွန်ပေသည်။

ယခု နီကျားက ခေါင်းသုံးလုံး လက်ခြောက်ဖက် အသွင်ကို ဖန်ဆင်းလိုက်ပြီး သူ၏ရတနာပစ္စည်းများအားလုံးကို ကိုင်ဆောင်ကာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံသို့ အားကုန်သုံးကာ အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်သည်။

ရတနာကြာပန်းနတ်ဘုရားခန္ဓာနှင့် ကောင်းကင်ရက်ထည်၏ ကာကွယ်ပေးမှုကြောင့် ရွှေစေတီနှင့် ပင်လယ်ငြိမ်သက်ပုလဲ၏ ငါးရောင်ခြယ်အလင်းတန်းတို့မှာ နီကျားအပေါ် သက်ရောက်မှု မရှိတော့ပေ။

ပထမအစီအစဉ် အဆင်မပြေဖြစ်သွားသဖြင့် ရှေးဟောင်းဗုဒ္ဓက နောက်ထပ်အစီအစဉ်တစ်ခု ထုတ်ဖော်လိုက်သည်။

ပင်လယ်ငြိမ်သက်ပုလဲ (၁၈)လုံးက ကြီးမားလာပြီး စကြာဝဠာတစ်ခုစီအဖြစ်‌ ပြောင်းလဲသွားကာ နီကျားအား အရပ်မျက်နှာပေါင်းစုံမှ ဝိုင်းရံလုက်သည်။

နီကျားကို ပုလဲလုံးများအလယ်တွင် ထောင်ဖမ်းပြီး ရွှေရောင်မီးလျှံများဖြင့် ဖြည်းဖြည်းချင်း လောင်ကျွမ်းဖျက်ဆီးပစ်ရန် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ကြံစည်ထားခြင်းဖြစ်၏။

သို့သော် နီကျားက ယွိချင်အဆက်အနွယ် 'ဗလာနယ်ကောင်းကင်ကျမ်းစာ' နှင့် 'ထာဝရအလင်းကောင်းကင်ကျမ်းစာ'တို့ကို ကျွမ်းကျင်သူဖြစ်သည်။

သူ၏ခြေထောက်အောက်တွင်ရှိနေသည့် လေမီးလျှံဘီးနှင့်အတူ လှုပ်ရှားမှုကလည်း အလွန်ပင် လျှင်မြန်သွက်လက်လေရာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ နီကျားကို ပိတ်မိအောင် မလုပ်နိုင်ခဲ့ပေ။

နီကျားက ပိတ်ဆို့မှုထဲမှ ထိုးဖောက်ထွက်လာပြီး ရှေးဟောင်းဗုဒ္ဓကို အနီးကပ် ထပ်မံတိုက်ခိုက်လိုက်သည်။ နီကျားက လှံရှည်နှစ်လက်ကို ဝှေ့ယမ်းပြီး ရှေးဟောင်းဗုဒ္ဓအား ဆက်တိုက်ဆိုသလို ထိုးစိုက်ချလိုက်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဦးခေါင်းအနောက်ဘက်ရှိ ဗုဒ္ဓရောင်ခြည်အလင်းတန်းမှ ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး နီကျား၏တိုက်ခိုက်မှုကို ကြိုတင်ခန့်မှန်းထားသည့်အလား ထိရောက်စွာ ခုခံဖယ်ရှားပစ်လိုက်သည်။

ပြိုင်ဘက်၏တိုက်ခိုက်မှုများကို ကြိုတင်ခန့်မှန်းနိုင်သော “ကြာပန်းခြေလှမ်း” ဆိုသည့် ထူးခြားသည့်ပညာရပ်ကို တတ်မြောက်ထားသဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက နီကျား၏ မိုးကြိုးပမာ ပြင်းထန်သော တိုက်ကွက်များကို အလွယ်တကူ ချေဖျက်ပစ်နိုင်နေခြင်း ဖြစ်၏။

"ဒါက ယွိချင်အဆက်အနွယ်ရဲ့ 'မူလကောင်းကင်ကျမ်းစာ' နဲ့ ဆင်တူပေမယ့် ဗုဒ္ဓဘာသာဘက်ကို ပိုပြီး ယိမ်းနေတယ်"

ရန်ကျောက်ကဲ ဘေးမှကြည့်ရင်း တွေးလိုက်သည်။

"ဒါပေမဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရဲ့ ဒီပညာမှာ ကျွမ်းကျင်မှုကတော့ တစ်ဖက်ကမ်းခတ်ပဲ”

နီကျားက ခေါင်းသုံးလုံး လက်ခြောက်ဖက်ဖြင့် မည်သူမှ မတားဆီးနိုင်အောင် စွမ်းအားကြီးမားသော်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓတွင် 'ပင်လယ်ငြိမ်သက်ပုလဲ' ရှိနေသည်။

ထိုပုလဲများမှ ထွက်ပေါ်လာသည့် ရောင်စဉ်ငါးမျိုးအလင်းတန်းများက နီကျား၏ စိတ်ဝိညာဉ်ကို မယိမ်းယိုင်စေနိုင်သော်လည်း ၊ ပင်လယ်ငြိမ်သက်ပုလဲများ၏စွမ်းအားကို လျှော့တွက်၍ မရပေ။

တိုက်ပွဲက အလွန်ပြင်းထန်နေပြီ ဖြစ်သည်။

မြေပြင်အနေအထားအရ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အသာစီးရနေသည်။

သူ၏လှုပ်ရှားမှုတိုင်းက ကျယ်ပြောလှသော အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ၏ စွမ်းအားကို ဆွဲယူနေသည်။

ထိုအလင်းတန်းများက ရှေးဟောင်းဗုဒ္ဓကို ပိုပြီး အားကောင်းလာစေကာ အတိုင်းအဆမရှိ စွမ်းအားကြီးမားလာစေသည်။

အမြင့်ဆုံးသော ဗုဒ္ဓဘာသာ ကောင်းချီးမင်္ဂလာများအောက်တွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ အော်မီတော်ဖော်ဗုဒ္ဓ၏ ကျင့်ကြံခြင်းနှင့်နီးစပ်သည့် ကရုဏာနှင့် ဂုဏ်အရှိန်အဝါတို့ ရှိနေသယောင်ပင် ထင်မှတ်ရသည်။

တိုက်ပွဲကို စောင့်ကြည့်နေသော ရန်ကျောက်ကဲနှင့် ရန်တိတို့ပင်လျှင် ထိုဗုဒ္ဓ၏ စွမ်းအားရောင်ဝါလွှမ်းမိုးမှုဒဏ်ကို ခံနိုင်ရည်ရှိရန် အတော်လေး အာရုံစိုက်နေရသည်။

သို့သော် နီကျား၏ တိုက်ခိုက်မှုပုံစံက ဖန်းယွင်ရှန်း၊ စောမင်ကျန့်တို့နှင့် ဆင်တူသည်။

တိုက်ပွဲကြာရှည်လေ စိတ်ဓာတ်ပိုမိုတက်ကြွကာ စွမ်းအားကြီးမားလာလေ ဖြစ်သည်။ တကယ့်တိုက်ပွဲများတွင် ဤသို့သောစိတ်ဓာတ်က ထူးခြားသည့်ရလဒ်များကို ဆောင်ကြဉ်းပေးတတ်သည်။

ရန်သူက အဆုံးမရှိသောစွမ်းအားကို ပိုင်ဆိုင်ထားပြီး ပတ်ဝန်းကျင်ရှိ အခြေအနေများက နီကျားကို အားနည်းသွားအောင် အဆက်မပြတ် ဖိနှိပ်နေသည်။

အခြေအနေက နီကျားအတွက် သိပ်ပြီး မလွယ်ကူလှပေ။ သူ့အနေဖြင့် ပတ်ဝန်းကျင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် အချိန်နှင့်အမျှ ပြုပြင်ပြောင်းလဲရင်း တိုက်ခိုက်နေရသည်။

အပြောလွယ်သလောက် အလုပ်ခက်ပေသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရချိန်တွင် တိကျမှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်ကာ လိုသလို ပြုပြင်ပြောင်းလဲတိုက်ခိုက်ရန်မှာ အလွန်ခက်ခဲသောအလုပ် ဖြစ်၏။

သို့သော် တိုက်ပွဲရှည်ကြာလာလေ နီကျား၏စွမ်းအားက လျော့ကျသွားခြင်းမရှိဘဲ ပတ်ဝန်းကျင်နှင့် ပိုမိုလိုက်လျောညီထွေ တိုက်ခိုက်လာနိုင်လေ ဖြစ်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အသာစီးရနေဆဲ ဖြစ်သည့်တိုင် သူ၏မူလရည်မှန်းချက်က ပျက်ပြယ်သွားခဲ့ပေပြီ။ သို့တိုင် သူ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်ပြီး စိတ်ပျက်သည့်အရိပ်အယောင် ထွက်ပေါ်မလာပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက တိုက်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သည့်အတွက် စိတ်ဓာတ်ကျသွားခြင်းမရှိဘဲ တိုက်ခိုက်သည့်နည်းလမ်းကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။

ယခု သူက တိုက်စစ်ထက် ခံစစ်ကိုဦးစားပေးပြီး အမှားအယွင်းမရှိစေရန် အဓိကထားလိုက်သည်။

အနောက်ဘက်သူတော်စင်ဘုံ၏ မြေပြင်အနေအထား အသာစီးရရှိမှုကို ပိုင်ဆိုင်ထားသည့်တိုင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မာန်မာနကို လျှော့ချပြီး တိုက်စစ်မှ ခံစစ်ပြောင်းလဲလိုက်သဖြင့် နီကျားမှာ ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“လောလောဆယ်တော့ သူတို့ အပြန်အလှန် တိုက်ခိုက်နေကြတုန်းပဲ ၊ ဒါပေမဲ့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက စွမ်းအားကုန် ထုတ်မသုံးရသေးဘူး”

ရန်တိက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး...

“စွမ်းအားကုန် ထုတ်မသုံးဘူးဆိုတာ ရှိသမျှအကုန် မသုံးရသေးဘူးလို့ ဆိုလိုတာလား”

သူက ဆက်ပြောလိုက်သည်။

“သူက အပြည့်အဝ ခံစစ်ဘက်ကို ပြောင်းသွားပြီ ၊ ပင်လယ်ငြိမ်သက်ပုလဲ (၁၈)လုံးနဲ့ သူ့ကိုယ်သူကာကွယ်ဖို့အတွက် စကြာဝဠာတွေတောင် ဖန်ဆင်းထားလိုက်သေးတယ်”

သားအဖနှစ်ယောက် တိုက်ပွဲကို ဆက်လက်စောင့်ကြည့်နေကြသည်။

တိုက်ပွဲဝင်နှစ်ယောက်၏ ခံစစ် ၊ တိုက်စစ် အယူအဆများနှင့် အကျပ်အတည်းမှ မည်သို့ထိုးဖောက်ထွက်သည်များကို ‌လေ့လာနေကြသည်။

ကောင်းကင်နတ်ဘုရားအဆင့် ထိပ်တန်းပုဂ္ဂိုလ်နှစ်ယောက်၏ စိန်ခေါ်ပွဲ ကြည့်ရှုရခြင်းမှာ သူတို့အတွက် အလွန်ပင် အကျိုးရှိလှ၏။

ဤတိုက်ပွဲအား ကွမ်ယင်ဗောဓိသတ္တနှင့် မိုးကြိုးလျှပ်စီးဗုဒ္ဓတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသသာမက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် ဗုဒ္ဓဘာသာကိုယ်တော်များသည်လည်း စောင်ကြည့်လျှက် ရှိကြသည်။

သူတို့၏နားလည်နိုင်စွမ်းက ရန်ကျောက်ကဲတို့သားအဖလောက် မြင့်မားခြင်း မရှိသော်လည်း ဤတိုက်ပွဲကို ကြည့်ရှုခြင်းက နှစ်‌ပေါင်းများစွာ ကျင့်ကြံခြင်းထက်ပင် ပိုမိုထိရောက်ပေသည်။

ဤသည်က တကယ့် ထိပ်တန်းအဆင့် တိုက်ပွဲတစ်ခုဖြစ်လေရာ ဤကဲ့သို့ သင်ယူနိုင်သည့်အခွင့်အရေးမျိုးက အလွန်ပင် ရှားပါးလှသည်။

"မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ဒဏ်ရာရချင်တဲ့ပုံမပေါ်ဘူး ၊ ဒါကိုတော့နားလည်ပါတယ် ၊ သူက တာအိုအဆင့် တက်လှမ်းခါနီးမှာ အထိအခိုက် မရှိစေချင်တာ ဖြစ်မယ် ၊ ဒါပေမဲ့ သူ ဒီအတိုင်းတိုက်နေရင် နီကျားကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ”

ရန်ကျောက်ကဲ မျက်မှောင်ကျုံ့လျှက် တွေးလိုက်သည်။

“နီကျားကတော့ တိုက်ပွဲကို သရေကျချင်မှာ မဟုတ်ဘူး ၊ ပြတ်ပြတ်သားသား အနိုင်အရှုံး သိချင်မှာပဲ ၊ ဒါဆို သူက နီကျားပင်ပန်းသွားအောင် အချိန်ဆွဲဖို့ ရည်ရွယ်နေတာ ဖြစ်မယ်”

All Chapters