ဘာလို့လဲ
Vol. 81-85 Ch. 1218
“တိုက်ခိုက်နေတာ ညတောင် ရောက်နေပြီ၊ ဘာလို့ ယဲ့ဘုရင်က ပေါ်မလာသေးတာလဲ”
“ကြောက်နေတာပဲ ဖြစ်မယ်၊ ချွန်းယန်အဆင့်က ပြိုင်ဘက်ကင်းတဲ့ သိုင်းပညာရှင်တွေ အများကြီးနဲ့ ရင်ဆိုင်ရရင် ယဲ့ဘုရင်တောင်မှ သေလမ်းပဲ ရှိတော့မှာ၊ ဟားဟား … ဒါ ငါတို့ နဂါးမြို့တော်ကို ရန်စမိတဲ့အဆုံးသတ်ပဲ၊ ငါတို့ကိုယ်တိုင် လုပ်စရာမလိုဘဲ သူ့ကို သတ်ပစ်လို့ ရနေတာ”
“သူ ပေါ်လာတာနဲ့ သေရမှာကို၊ သူ ပေါ်လာရဲပါ့မလား၊ သူတို့အားလုံး နိုင်ငံထဲက ထွက်ပြေးသွားလောက်ပြီ”
“ယဲ့ဘုရင် ဒီမှာ မရှိဘူးဆိုတော့ သူ့လက်အောက်က အင်အားတွေကိုပဲ သုတ်သင်ရတာပေါ့၊ ပြီးရင် ဖျင်အန်းမြို့က ဒေသခံ အင်အားစုအားလုံးကို သတ်ပစ်လိုက်၊ မအောင်မြင်ဘဲ ပြန်မလာနဲ့ဗျာ”
ညရောက်သည်အထိ ယဲ့ဖန် မတုံ့ပြန်သည်ကိုမြင်ပြီး နဂါးမြို့တော်၏ အွန်လိုင်း ဖိုရမ်၌ ထပ်မံ၍ ဆူညံနေသည်။ ဖိုရမ်ပေါ်၌ ယဲ့ဖန်ကို စော်ကားပုတ်ခတ်သော စကားများနှင့် ပြည့်နှက်နေပြီး သူတို့အားလုံး ထွက်ပြေးသွားပြီဟု ယူဆနေကြသည်။ ချက်ချင်းဆိုသလိုပင် ဖိုရမ်များ၌ “ယဲ့ဘုရင် ထွက်ပြေးသွားပြီ” ဟူသော သတင်းများ တက်နေ၏။
သို့သော် တကယ်တမ်း၌ ချမ်မိသားစုကိစ္စကြောင့် ယဲ့ဖန်က မနေ့ညက ဘာဖြစ်သွားလဲ မသိခြင်းပင်။ သို့သော် သူ၏ တိတ်ဆိတ်နေမှုက အားလုံး၏ အမြင်၌ သူရဲဘောကြောင်ခြင်း ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပေ။ ဤသည်က လူတစ်ချို့၏ မောက်မာမှုကို ပိုမြင့်တက်သွားစေသည်။
“ယဲ့ဘုရင်ရဲ့ မျိုးမစစ်လေးတွေ ထွက်လာခဲ့စမ်း၊ ယဲ့မိသားစု ကိုယ်တိုင် သတ်စရာ မလိုဘူး၊ ငါ မင်းတို့ကို ဓားတစ်လက်တည်းနဲ့ သတ်ပစ်နိုင်တယ်ကွ”
“ယဲ့ဘုရင်ရဲ့ ခွေးလေးတွေ၊ မင်းတို့ ထွက်မလာရင် ငါတို့ နဂါးကျားဂိုဏ်းက မင်းတို့ မိန်းမတွေနဲ့ သမီးတွေကို မုဒိမ်းကျင့်ပြီး မင်းတို့ကို ဦးထုပ်စိမ်း ဆောင်းခိုင်းမယ်ကွ၊ ဟားဟားဟား …”
အဆင့်ကိုးလောက်ပင် ရှိသည့် အင်အားစုတစ်ချို့ကပင် ပူးပေါင်း၍ ယဲ့ဖန်ကို ဆန့်ကျင်ကာ တိုက်ခိုက်လာကြသည်။ ဒုက္ခရောက်နေချိန်အတွင်း အကျိုးအမြတ် ရှာချင်နေသည့် ဘနဖူး သိုက်တူးသည့်လူများပင်။
တစ်ခဏအတွင်း ယဲ့ဖန်၏ နာမည်ကို လမ်းမတိုင်း၌ လူတိုင်းက အော်ခေါ်ကြလေသည်။ လူတိုင်းက ယဲ့ဖန် အပိုင်းပိုင်း ခုတ်ခံရမည့်အချိန်ကို မြင်ရရန် စောင့်နေကြ၏။
သူတို့က ဤစစ်ဆင်ရေးကိုပင် “ခွေးသတ်ပွဲ စစ်ဆင်ရေး” ဟုပင် နာမည်ပေးလိုက်ကြသေးသည်။ ယဲ့ဖန်က ယဲ့မိသားစု၏ လက်ထဲ၌ လှန်လိုလှန်၊ မှောက်လိုမှောက်နိုင်သည့် အရာဟု သတ်မှတ်ထားပြီး အသာလေး သတ်နိုင်သည်ဟု ထင်နေကြသည်။
လက်ရှိအချိန်၌ ယဲ့ဖန်သည် အေးစက်သော မျက်နှာထားဖြင့် ထန်မိသားစု၏ ဧည့်ခန်း၌ ထိုင်၍ အင်တာနက်ပေါ်မှ နောက်ဆုံးရ သတင်းများကို ဖတ်နေသည်။
အခြားလူများသည်လည်း ရက်စက်သော အမူအရာများ ထင်ဟပ်နေပြီး အလွန်အမင်း ဒေါသထွက်နေကြသည်။ သူတို့သည် ယဲ့ဖန်၏ အမိန့်ကို စောင့်နေခြင်း ဖြစ်သည်။ အမိန့်သာရပါက သူတို့ လူကုန်ထုတ်၍ ယဲ့ဖန်ကို စော်ကားရဲသည့် သူများကို ခုတ်ပိုင်း၍ အစိမ်းစားပစ်ပေမည်။
“နဂါးမြို့တော်က လူအားလုံးက ဒီလောက် မောက်မာတာလား”
ယဲ့ဖန်သည် နဂါးမြို့တော်မှ သတင်းစကားတိုင်းက သူ့ကို အထင်သေး၍ ရှုံ့ချသော စကားများ ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် အပြုံးဖြင့် မေးလိုက်သည်။ သူ့ကို နုတ်နုတ်စင်းရန် မစောင့်နိုင်ကြသည့်ပုံပင်။
“နဂါးမြို့တော်က အင်အားကြီးတဲ့လူတွေ စုနေတဲ့ နေရာဖြစ်နေပြီးတော့ အင်အားကြီးတဲ့ ဂိုဏ်းတွေ အများကြီး ရှိပါတယ်၊ အဲ့ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ မြို့ခံတွေက မာနကြီးပင် မောက်မာလာတာပါ”
ထန်မင်လီက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ပြီးတော့ ယဲ့မိသားစုက နဂါးမြို့တော်ရဲ့ အုပ်ချုပ်သူ ဖြစ်နေပြီးတော့ မြို့ထဲမှာ တော်တော် နာမည်ကြီးပါတယ်၊ သူတို့ရဲ့ ဩဇာက အတော်လေး မြင့်မားပြီး ကျုံးကျိုးအင်ပါယာရဲ့ နေရာတော်တော်များများမှာတောင်မှ လွှမ်းမိုး နိုင်တာပါ၊ အဲ့ဒါကြောင့် ယဲ့မိသားစုကို အရှင် ရန်စတယ်ဆိုတာကို သိသွားတာနဲ့ သူတို့က အရှင့်ကို ရန်လိုနေ ကြတာပါ”
“တော်တော် နာမည်ကြီးတယ်တဲ့လား”
ယဲ့ဖန်က လှောင်ရယ်၍ ပြောလိုက်သည်။
“မကြာခင် ယဲ့မိသားစု ဆက်ပြီး မာန်မတက်နိုင်စေရဘူး”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်က ထိုင်ရာမှထ၍ အပြင်သို့ထွက်ကာ ကောင်းကင်ထက်သို့ လှစ်ခနဲ ပျံတက်သွားသည်။
“အရှင်ယဲ့ဘုရင် ဘယ်ကိုသွားတာလဲ”
လူတိုင်း အလန့်တကြား မေးခွန်းထုတ်မိသွားသည်။
“သူတို့က ဒီစစ်ဆင်ရေးကို ခွေးသတ်ပွဲ စစ်ဆင်ရေးလို့ ခေါ်တာ မဟုတ်လား၊ အသတ်ခံရမယ့်ခွေးက ဘယ်သူတွေလဲ ငါ ကြည့်ရသေးတာပေါ့”
ထိုအသံက အလွန် ခက်ထန်လွန်းလှ၏။ ထိုအခိုက်တွင် ဖျင်အန်းမြို့၏ မြို့သူမြို့သားများက စစ်ဘေးကို ရှောင်ရှားရန် စစ်ဘေးရှောင် စခန်းများ စီစဉ်ကြသည်။ ထို့နောက် သူတို့သည် လက်အုပ်ချီ၍ မိုးပေါ်သို့ မော့ကြည့်ကာ ဆုတောင်းကြလေသည်။
“အမေ အရှင် ယဲ့ဘုရင်က သမီးတို့ ဆုတောင်းကို တကယ် ကြားပါ့မလား”
ကလေးမလေးတစ်ယောက်က မယုံသင်္ကာဖြင့် မေးလာသည်။ ဘေးနားမှ ခပ်ငယ်ငယ် အမျိုးသမီးက ယုံကြည်မှုရှိစွာ ခေါင်းညိတ်ပြသည်။
“ဒါပေါ့၊ သေချာတယ်၊ ဘာလို့လဲဆိုတော့ သူက အရှင် ယဲ့ဘုရင်မို့လို့လေ”
“ဒါဆို ဘာလို့ သူတို့က အရှင်ယဲ့ဘုရင်ကို နတ်ဆိုးလို့ ပြောတာလဲဟင်”
“ရန်သူရဲ့အမြင်မှာတော့ အရှင် ယဲ့ဘုရင်က နတ်ဆိုးပေါ့လေ၊ ဒါပေမဲ့ အမေတို့ မျက်လုံးထဲမှတော့ သူက အမေတို့ရဲ့ နတ်ဘုရားပဲ”
အမျိုးသမီးလေးက စိတ်ရှည်ရှည် ရှင်းပြလေသည်။
“မကြောက်နဲ့၊ အရှင် ယဲ့ဘုရင်က ကျိန်းသေပေါက် အမေတို့ကို ကယ်ဖို့လာမှာ”
“ရွှစ်”
သူမအသံအဆုံး၌ နူးညံ့စွာ ပြုံးနေသော သူမဦးခေါင်း လွင့်ထွက်သွားသည်။
“ဟာ …”
ဤသည်ကိုမြင်ပြီး လူတိုင်း ရင်ကွဲနာကျသွားကြသည်။ မြေကြီးပေါ် လိမ့်နေသည့် ခေါင်းပြတ်ကို ကြည့်ပြီး ကြောက်လန့်ကာ သတိလစ်မတတ် ဖြစ်သွားလေ၏။
ထိုစဉ် မြင့်မားထွားကြိုင်းသော လူတစ်ယောက်က ကလေးမလေး ရှေ့သို့ ပေါ်လာပြီး သွေးစွန်းနေသော သံဓားကို ကိုင်၍ ကြောက်စရာကောင်းသော အပြုံးဖြင့် ပြောလာသည်။
“မင်းယဲ့ဘုရင်က လာမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ပင်လယ်နက်သခင်ဆိုတဲ့ငါ ဒီရောက်နေလို့ပဲ”
ထိုလူ၌ ချွန်ထက်သော သွေးများ ရှိသလို တစ်ကိုယ်လုံး သွေးများပေကျံကာ မိစ္ဆာဆန်သော ပုံစံပေါ်နေ၏။
“ပင်လယ်နက်သခင်လား”
ဤမိစ္ဆာကောင်ကို မြင်ပြီး လူတိုင်း ကြက်သေ သေသွားကြသည်။ ပင်လယ်နက်သခင်သည် ငါးမန်းကျင့်စဉ်ကို ကျင့်ကြံပြီး မိစ္ဆာအသွင် ပြောင်းသွားကာ လူများအား စားသုံးရသည်ကို နှစ်ခြိုက်သည်။ အထူးသဖြင့် ပင်လယ်ထဲသို့ သွားလာသည့် သိုင်းပညာရှင်များကို အမဲလိုက်ကာ စားသောက်လေသည်။ သူ့ပါးစပ်ထဲသို့ ရောက်သွားရသည့် သိုင်းပညာရှင်များက အယောက်တစ်ထောင်ပင် ကျော်နေလေပြီ။ ထိုသို့အစားခံရသူများထဲတွင် ချွန်းယန်အဆင့်သို့ ရောက်နေသူများပင် ပါလေသည်။
အစောပိုင်းနှစ်များ၌ ပင်လယ်မျိုးနွယ် စစ်တပ်ကို စေလွှတ်၍ သူ့ကို သတ်ခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရသည်။ နောက်ပိုင်း၌ ချွန်းယန်အဆင့် သိုင်းပညာရှင် သုံးယောက်ကို လွှတ်၍ တိုက်ခိုက်စေသော်လည်း သူတို့သာ အသက်ရှင်လျက် ပြန်ရောက်လာခဲ့ပြီး ပင်လယ်နက်သခင်ကို မသတ်နိုင်ခဲ့ပေ။
“မင်းတို့ ဒီမှာ ပုန်းနေတာနဲ့ ငါ ရှာမတွေ့နိုင်ဘူး ထင်နေတာလား၊ ဟဲဟဲ … ငါ မင်းတို့ကိုယ်က သွေးနံ့ကို အနံ့ခံ နိုင်တယ်ကွ”
ပင်လယ်နက်သခင်က မထီမဲ့မြင် ပြုံးနေပြီး လက်ထဲမှ ဓားအား အနုပညာလက်ရာတစ်ခုကို ပွတ်သပ်သကဲ့သို့ တယုတယ ပွတ်သပ်နေ၏။
“ကျွန်မအမေကို ပြန်ပေး၊ ကျွန်မအမေကို ပြန်ပေး”
ကမလေးမလေးက မျက်ရည်များဖြင့် ပင်လယ်နက်သခင်ကို ထုနှက်လေသည်။
“ကလေးလေး မင်းအမေက အရူး၊ သူသာ ယဲ့ဘုရင်ကို မယုံကြည်ရင် သူ သေမှာ မဟုတ်လောက်ဘူး”
ပင်လယ်နက် သခင်က ပို၍ အထင်သေးလာဟန်ဖြင့် ရယ်မောလေသည်။
“မင်းသိအောင် ပြောပြလိုက်မယ်၊ မင်းပြောနေတဲ့ ယဲ့ဘုရင်ဆိုတာ အခွံထဲ ခေါင်းပြန်ဝင်နေတဲ့ လိပ်တစ်ကောင်ပဲ၊ ငါ လာတယ်ဆိုတာ သိလို့ သူ ပျောက်သွားတာ ကြာနေပြီ”
“တစ်နည်းပြောရရင် မင်း … သေမှာပေါ့ကွာ၊ ဟားဟားဟား”
ထိုသို့ပြောပြီး သူက ကလေးမလေးကို ပါးစပ်ဖြင့် ကိုက်ဖြတ်၍ စားသောက်လိုက်သဖြင့် သွေးများ ပန်းထွက် လာသည်။ ဤမြင်ကွင်းက အသက်ပင် မရှူနိုင်အောင် ကြောက်စရာကောင်းလိုက်သည်။
*မိစ္ဆာ*
*ဒီလူက တကယ့် မိစ္ဆာကောင်*
*သူ အရမ်းရက်စက်လွန်းတယ်*
*ကလေးလေးကိုတောင် အလွတ်မပေးဘူး*
ထိုအခိုက်တွင် လူတော်တော်များများ ကြောက်လန့်တကြားဖြင့် နောက်ဆုတ်ကြသည်။ ထို့အပြင် သူတို့၏ ပေါင်ခြံနေရာတွင် စိုစွတ်နေ၏။
*ဒီလူက လူတွေကို စားတယ်၊ ပြီးတော့ ကလေးတွေကိုတောင် အလွတ်မပေးဘူး*
*အမေကို သတ်ပြီး သူ့ကလေးကို စားတာ မိစ္ဆာလုပ်ရပ်ပဲ*
*ကြောက်စရာ ကောင်းလွန်းတယ်*
“ဟီးဟီး ငါ ကလေးတွေကို စားရတာ ပိုကြိုက်တယ်၊ ဘာလို့လဲဆိုတော့ သူတို့အရိုးက နူးညံ့ပြီး တဂျွတ်ဂျွတ်နဲ့ ဝါးလို့ကောင်းတယ်လေ”
ပင်လယ်နက်သခင်က အပြုံးကြီးပြုံးလိုက်ပြီးနောက် သူ့ရှေ့မှလူများကို သုန်မှုန်စွာ ကြည့်လိုက်သည်။
“မင်းတို့ အသက်ရှင်ချင်လား”
လူတိုင်းနီးပါး ပြိုင်တူ ခေါင်းညိတ်ပြသည်။ သူတို့ အသက်ရှင်ချင်ပါသည်။ သို့သော် ဤမိစ္ဆာကောင်၏ လက်အောက်၌ သူတို့ခွန်အားဖြင့် အသက်ရှင်ရန် မဖြစ်နိုင်ပေ။ ပင်လယ်နက် သခင်က သူတို့ကို အသာလေး လွှတ်ပေးလိမ့်မည်ဟု သူတို့ မယုံကြည်ပါ။ အဘယ်ကြောင့်ဆိုသော် ဤလူက သူတို့ကို အစာအဖြစ် သဘောထား သောကြောင့်ပင်။ အစာအပေါ် သနားတက်သောသူ ရှိနိုင်ပါမည်လော။
“မင်းတို့လုပ်ရမှာက လွယ်ပါတယ်၊ ငါ့ရှေ့ ဒူးထောက်ပြီး ယဲ့ဘုရင်က ငကြောက်၊ လိင်မဆက်ဆံဘဲနဲ့ ရလာတဲ့ကောင်၊ ပြီးတော့ သူ့မိန်းမတွေက ထောင်ချီတဲ့လူတွေ တက်လုပ်တာခံရမှာ၊ အဲ့လိုပြောရင် ငါ မင်းတို့ကို အသက်ချမ်းသာပေးမယ်လို့ အာမခံတယ်”
ပင်လယ်နက်သခင်က ပြုံးနေသည်။ ဤလူများကို သူ သတ်မည်ဖြစ်သော်လည်း မသတ်ခင် ပျော်စရာ ဖန်တီး ချင်နေ၏။ သို့သော် လူတိုင်းက ပြိုင်တူ ခေါင်းခါလာလေသည်။
“ဟမ်”
ပင်လယ်နက်သခင်၏ မျက်လုံးတွင် လူသတ်ချင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ကျယ်လောင်စွာ အော်ဟစ်လေသည်။
“မင်းတို့က ငါ့ကို ငြင်းဆန်ရဲတယ်လား၊ မင်းတို့ သေချင်နေပြီ ထင်တယ်”
ထိုအခါ လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်က ရှေ့ထွက်၍ ပြတ်သေားသော အမူအရာဖြင့် ပြောလာသည်။
“အရှင်ယဲ့ဘုရင်က ငကြောက် မဟုတ်ဘူး၊ သူ စစ်တိုက်ရမှာကို မကြောက်ဘူး”
သူသည် သာမန်လူတစ်ယောက် ဖြစ်သည်။ သူ့ခန္ဓာကိုယ်က အားနည်းပြီး အလုပ်အကိုင်က ကုန်ကားမောင်းသူ ဖြစ်သည်။ သို့သော် လက်ရှိ ပင်လယ်နက်သခင်နှင့် ရင်ဆိုင်ရချိန်တွင် သူ အကြောက်တရား ကင်းမဲ့နေ၏။
သို့သော် ပင်လယ်နက် သခင်အား ဖျင်အန်းမြို့၏ သင်္ကေတဖြစ်ပြီး ဖျင်အန်းမြို့၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်အပေါ် စော်ကားခွင့် မပေးနိုင်ပါ။ ထိုခံစားချက်က မိမိ၏ ဇာတိမြေအား စော်ကားလိုက်သကဲ့သို့ ခံရခက်လှသည်။
“ငကြောက် မဟုတ်ဘူး ဟုတ်လား၊ ဒါဆို ဘာလို့ မတိုက်ဘဲ ရှောင်နေလဲ”
ပင်လယ်နက်သခင်က ခက်ထန်သော မျက်လုံးများဖြင့် လှောင်ပြောင် ရယ်မောလေသည်။
“ယဲ့ဘုရင်ကြောင့်သာ မဟုတ်ရင် မင်းတို့ သေမှာ မဟုတ်ဘူး”
“သူ့အမှားကို မင်းတို့ ခံနေရာတာလေ၊ ဒါ သူ ငကြောက်မဟုတ်လို့ ဘာလဲ”
“အရှင် ယဲ့ဘုရင်က နောက်ကျနေတာပဲ ဖြစ်မယ်၊ သူ ဘယ်တော့မှ မကြောက်တတ်ဘူး၊ အခုလည်း မကြောက်သလို နောင်လည်း ကြောက်နေမှာ မဟုတ်ဘူး”
ထိုလူလတ်ပိုင်းအရွယ် ယောကျ်ားသားသည် ယဲ့ဖန်အပေါ် တစ်ခါမှ သံသယ မဝင်ဘဲ ခိုင်မာစွာ ယုံကြည်ထား၏။
“ဟုတ်တယ်၊ အရှင် ယဲ့ဘုရင်က လှုပ်ရှားလိုက်တာနဲ့ မင်းကို ကြက်သတ်သလို သတ်နိုင်တယ်၊ လွယ်လွယ်လေး”
အဘိုးအိုတစ်ယောက်ကလည်း ရှေ့ထွက်လာသည်။
“ရှင်၊ ရှင် ဒီနေ့ လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမယ်၊ အရှင် ယဲ့ဘုရင်က ရှင့်ကို သေတာထက် ဆိုးတဲ့အရသာကို ခံစားခိုင်းမှာ”
မိန်းကလေးတစ်ယောက် ထွက်လာပြန်သည်။
“မင်း ငါတို့ကို သတ်လို့ရတယ်၊ ဒါပေမဲ့ ငါတို့ကို အညံ့ခံလာအောင် မလုပ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့ဘဝမှာ လူတစ်ယောက်တည်းကိုပဲ အညံ့ခံမှာ မို့လို့ပဲ၊ အဲ့လူက အရှင် ယဲ့ဘုရင်ပဲ”
လူပေါင်းများစွာ ရှေ့တက်လာကြသည်။ ထိုလူများထဲတွင် စားဖိုမှူးများ၊ သူနာပြုများနှင့် လုံခြုံရေးဝန်ထမ်းများ ပါလေသည်။ သို့သော် ချွန်းယန်အဆင့် မိစ္ဆာကောင်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့ အနိုင်မယူနိုင်သော်ငြားလည်း သူတို့၏ စိတ်ရင်းအမှန်ကို ထုတ်ပြရဲကြသည်။
သူတို့၏ ယုံကြည်မှုကို မစွန့်လွှတ်ကြပါ။ အရှင် ယဲ့ဘုရင်က သူတို့အတွက် လက်စားချေပေလိမ့်မည်။
“ကောင်းတယ် သိပ်ကောင်းတယ်”
ပင်လယ်နက်သခင်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ချွန်ထက်သော သွားများကို ကြိတ်ထားပြီး ဒေါသူပုန် ထနေ၏။
*ဘာမဟုတ်တဲ့ လူတစ်စုကများ ငါ့ကို အထင်သေးရဲတယ်ပေါ့လေ*
*အမှိုက်တွေကများ ငါ့ကို အာခံရဲတယ်*
*သေလိုက်*
*အားလုံး သေလိုက်တော့*
ထို့နောက် သူသည် လူအုပ်ကြီးထံသို့ လျင်မြန်စွာ ပြေးဝင်သွားပြီး လက်ထဲမှာ ဓားဖြင့် အရူးအမူး ခုတ်ပိုင်းသဖြင့် သွေးများ ပန်းထွက်ကာ ကိုယ်အပိုင်းအစများ လွင့်ပျံလာသည်။ လူတစ်ဒါဇင်မက ခုတ်ပိုင်းခံရပြီး သွေးများ ပန်းထွက် နေလေသည်။
“အား …”
လူတိုင်း အလွန်ကြောက်လန့်ကာ အသည်းအသန် နောက်ဆုတ်ကြသည်။
“ပြော၊ ယဲ့ဘုရင်က အမှိုက်ကောင်၊ ပုရွက်ဆိတ်တစ်ကောင်၊ ငါ့ဖိနပ်ကိုတောင် လျက်ဖို့ မထိုက်တန်တဲ့ခွေးလို့ ပြောစမ်း”
ပင်လယ်နက်သခင်က လူတစ်ယောက်ကို နင်း၍ သံကုန် အော်လေသည်။
“ယဲ့ဘုရင်က မင်းအဖေ၊ သူက မင်းအမေကြီးနဲ့ အိပ်ခဲ့တာ၊ သူ …”
ထိုလူ၏ စကားမဆုံးသေးခင်မှာပင် ပင်လယ်နက်သခင်က ဓားကိုဝင့်၍ ခုတ်သတ်ပစ်လိုက်သည်။ သူ ဆက်လက်၍ တစ်ယောက်ပြီး တစ်ယောက်ကို ခုတ်ပိုင်းလေသည်။ သူ ရူးမတတ် ဖြစ်နေသည်။ ဘာမဟုတ်သော ပမွှားများကို သူ စိတ်ကုန်နေ၏။
*ဘာလို့လဲ၊ ဘာလို့ သူတို့က ငါ့ကို မကြောက်တာလဲ*
*ဘာကြောင့်လဲ*