အခန်း ၂၇၃
Vol. 19 Ch. 273
အပိုင်း ( 273 )
နင်က သူ့အကြောင်းပြောနေတာလား
စစ်မြေပြင်အတွင်းတွင် လုချန်ရှန်းမှာ အာရုံခံစားမှုနောက်သို့ ပြေးလိုက်သွားကာ လီနှစ်ထောင်အထိ ဖြတ်သန်းလာခဲ့ပြီး ကြက်သွေးရောင် အရှိန်အဝါတစ်ခုက ကောင်းကင်ပြင်အား ဖုံးလွှမ်းနေသည်ကိုသာ မြင်တွေ့လိုက်ရ၏။
လုချန်ရှန်းက အသေအချာ စိုက်ကြည့်နေတော့သည်။ သို့သော် ထိုနေရာရှိ သတ်ဖြတ်လိုစိတ်နှင့် မိစ္ဆာအငွေ့အသက်က မြေပြင်ပေါ်ရှိ အခြေအနေထပ်ပင် ပိုမိုသိပ်သည်းများပြားနေခဲ့၏။
သူသည် ကျင်းဝူရွှေ့၏ အရှိန်အဝါမျိုးနှင့် တူညီသည့် အရှိန်အဝါတစ်ခုကိုပါ အာရုံခံမိနေခဲ့သည်။ ၎င်းက အမွေအနှစ်သယ်ဆောင်သူ ရှိနေသည်ဟု ညွှန်ပြနေခြင်းပင် ဖြစ်သည်။
သို့ရာတွင် ရှောင်ဟေးကပါ ကောင်းကင်ဝါးမျိုငှက်များစွာနှင့် ထိုနေရာတွင် ရှိသောကြောင့် သူတအံ့တဩဖြစ်သွားခဲ့ရသည်။
အနားသို့ ချဥ်းကပ်သွားသည်နှင့်အမျှ သူသည် လေထုအတွင်းတွင် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်တွေ့သွားခဲ့သည်။ သူမက သွေးစွန်းနေသည့် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည့် ကြက်သွေးရောင် အလင်းတန်းတစ်ခု ဖုံးလွှမ်းနေလျက်ရှိ၏။
အမျိုးသမီးက ထိုနေရာတွင် မတ်တပ်ရပ်နေလျက်ရှိပြီး သူမ၏ ပတ်ပတ်လည်တွင် ဆွဲဆောင်မှုရှိသည့် ညှို့ဓာတ်တစ်ခုကို သယ်ဆောင်ထားပုံရသည့် အလင်းတန်းတစ်ခု ရစ်သိုင်းနေလျက်ရှိ၏။ သို့သော် ၎င်းက လူတိုင်းကို ကြက်သီးထသွားစေခဲ့၏။ သူမထံမှ တာအိုစည်းချက်တစ်ခု ပေါ်ထွက်လာခဲ့ကာ အသူရာ တာအိုက အခြေခံပုံစံအဖြစ်သို့ ရောက်ရှိနေခဲ့သည်။
“ ယဲ့မီထျန်း အသူရာ တောင်ထွတ်ကို ဝင်နိုင်တာနဲ့ လူရာဝင်လာပြီလို့ တကယ်ထင်နေတာလား “ အမျိုးသမီးက ငြင်သာစွာ ပြောဆိုလာခဲ့သော်လည်း သူမ၏ စကားလုံးတို့မှာ သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။
တစ်ဖက်ရှိ ကမ်းပါးပေါ်တွင် ရှောင်ဟေး သွေးတို့ဖြင့် ဖုံးလွှမ်းနေသော အနေအထားမျိုးဖြင့် ထိုင်နေလျက်ရှိပြီး သူ၏ပခုံးတစ်ဖက်က ထိုးဖောက်ခံထားရကာ အသားစများပင် လန်ထွက်နေခဲ့ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြွတ်သိပ်နေခဲ့၏။
သူသည် အရှေ့သို့ ငေးကြည့်ကာ လှောင်ပြောင်သရော်နေတော့သည် “ လန်လင်း နင် အောင်ပွဲခံတာ စောလွန်းနေတယ်။ တကယ်လို့ နင်တို့နှစ်ယောက်က လူတွေခေါ်လာပြီးတော့ ငါ့ကို ဝိုင်းမတိုက်ခဲ့ဘူးဆိုရင် နင်တို့က ငါ့ရှေ့မှာ အခုလိုမျိုး မောက်မာနေနိုင်မှာမို့လို့လား “
လန်လင်းဟု အမည်ရသည့် အမျိုးသမီးက အေးအေးလူလူ တုံ့ပြန်လာခဲ့၏ “ အခုမှပြောနေဖို့က အရမ်းနောက်ကျသွားပြီ။ နင့်ရဲ့ မျိုးနွယ်စုဝင်တွေက နင့်ကို ကယ်နိုင်မှာမဟုတ်ဘူး “
ကောင်းကင်ဝါးမျိုငှက်များက ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီဖြစ်ပြီး တစ်ချို့ကမူ တောင်ပံများပင် ထိုးဖောက်ခံထားရကာ သွေးများ အဆက်မပြတ် စီးထွက်နေလျက်ရှိပြီး တောင်ပံခတ်သည့် အချိန်တိုင်းတွင် သူတို့၏ အမွေးအတောင်များ ကျွတ်ကျနေခဲ့၏။
ထိုလူများက မွေးရာပါ ဝိညာဥ်အဆင့်၅(သို့) အဆင့်၆တွင်သာ ရှိနေခဲ့ကာ လန်လင်းကို မည်သို့မျှ မတားဆီးမပိတ်ဆို့နိုင်ကြပေ။
“ အရှက်ကို မရှိဘူး “
ရှောင်ဟေး၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ အကယ်၍ ဝိုင်းရံမခံရပါက သူက ဤကဲ့သို့ အဆုံးသတ်သွားရလိမ့်မည် မဟုတ်ပေ။
လန်လင်းက စကားဆက်ပြောလာခဲ့၏ “ ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်လဲ။ တကယ်လို့ နင်ကသာ အဲ့အချိန်တုန်းက တောင်ထွတ်သခင်နောက်ကို အသည်းအသန် မလိုက်လာခဲ့ဘူးဆိုရင် နင်က ဒီလိုကံကြမ္မာမျိုးနဲ့ တွေ့သွားရမှာ မဟုတ်ဘူး။ နင့်ရဲ့ စွမ်းရည်တွေကို အထင်ကြီးလွန်းနေမိတဲ့အတွက် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်တော့ “
ထို့နောက်တွင် လန်လင်းမှ ခြေတစ်လှမ်းတိုးလာခဲ့ရာ ကြက်သွေးရောင် အလင်းတန်း ပေါ်ထွက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ်များ ထပ်မံ၍ မြင့်တက်လာခဲ့ကာ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
“ မီထျန်း မြန်မြန်သွားတော့ “
ကောင်းကင်ဝါးမျိုငှက်တစ်ကောင်က စကားဝင်ပြောလာခဲ့ကာ သူ၏ ပြေးပေါက်ကို ဖွင့်လှစ်ပေးရန် ကြံရွယ်နေတော့၏။ ယခု၌ သူတို့၏ မျိုးနွယ်စုတစ်ခုလုံးထံတွင် အမွေဆက်ခံသူအဖြစ် ယဲ့မီထျန်းတစ်ဦးတည်းသာလျှင် ကျန်ရှိနေခဲ့သည်။
သို့ရာတွင် လန်လင်းက လှောင်ပြောင်လာခဲ့သည် ” အရူးတစ်အုပ် နင်တို့က ငါ့ကို တားနိုင်လိမ့်မယ်လို့ တကယ်ကြီး ထင်နေကြတာလား “
သတ်ဖြတ်လိုစိတ်များ ဖွဲ့တည်လာကာ ကြက်သွေးရောင် အလင်းတန်းတစ်ခု ထောင်တက်လာခဲ့၏။
သို့သော် အသံတစ်သံက အဝေးမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည် “ တစ်ခြားလူတွေကို အရူးလို့ ခေါ်တယ်ဆိုတော့ နင်ကလည်း ဉာဏ်သိပ်မကောင်းတဲ့ပုံပဲ “
လန်လင်းက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။ သူမ၏အနောက်ဘက်တွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ရှိနေခဲ့ပြီး မျက်နှာကို မမြင်ရသော်လည်း အဆိုပါ ပုံရိပ်ထံမှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါ်ထွက်နေခဲ့၏။
ကောင်းကင်ဝါးမျိုငှက်များသည် အသစ်ရောက်ရှိလာသူကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားကြသည်။ သို့သော် ရှောင်ဟေးက စကားလှမ်းပြောနေတော့သည် “ မင်းရောက်လာပြီပဲ “
“ တကယ်လို့ ငါမလာဘူးဆိုရင် မင်းသေပြီလေ “
လုချန်ရှန်းက အသာအယာ သက်ပြင်းချနေတော့သည်။ ဒီကောင်က တကယ်ကို ပြဿနာရှာတတ်တဲ့ကောင်ပဲ အမြဲလိုလို လိုက်ဖမ်းခံနေရပြီးတော့ ရောက်တဲ့နေရာတိုင်းမှာ ပြဿနာဖြစ်စေခဲ့တယ်။ မင်းဘယ်တော့မှများ ရင့်ကျက်မှာလဲကွာ။ ငါ့ဆီကနေ မသင်ယူဘူးလားကွ။
လန်လင်းက သူ့ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ အသူရာတောင်ထွတ်ရဲ့ ကိစ္စတွေကို လာရှုပ်ရအောင် နင်က ဘယ်သူမို့လို့လဲ “
သူမသည် အသူရာတောင်ထွတ်ဟု ချက်ချင်းထုတ်ပြောလာခဲ့ကာ လုချန်ရှန်းကို ခြိမ်းခြောက်ရန် ကြံရွယ်လာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဒီနေရာမှာ အသူရာတောင်ထွတ်အကြောင်းကို ပြောတာက အသုံးဝင်လို့လား “
“ ဘာကိုဆိုလိုတာလဲ “
“ အသူရာ တောင်ထွတ်က ရွေ့လျားနိုင်လို့လား(ဒါမှမဟုတ်) ကျင်းဝူရွှေ့ကို ခေါ်ထုတ်နိုင်လို့လား “
”နင်ဘယ်သူလဲ “ လန်လင်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ တစ်ဖက်လူက အသူရာတောင်ထွတ်ကို မျက်လုံးထဲပင် ထည့်ပုံမရချေ။
လုချန်ရှန်းကမူ အေးဆေးတည်ငြိမ်နေလျက်ရှိကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ကလေးတစ်ယောက် ဘာကိစ္စ မေးခွန်းတွေ အများကြီး မေးနေရတာလဲ။ မြန်မြန်လာသေလိုက် “
ထိုစကားလုံးများက ကောင်းကင်ဝါးမျိုငှက်များကို ကြောက်အမ်းအမ်း ဖြစ်သွားစေခဲ့သည်။ ဒီလူက သူမကို အလေးအနက် မထားဘူးပဲ။
သူက ယုံကြည်မှု လွန်ကဲနေတာပဲ။
သို့ရာတွင် ရှောင်ဟေးကမူ ပြုံးစိစိ ဖြစ်သွားခဲ့သည်။
“ ဟမ့် လေကတော့ တော်တော်ကြီးတာပဲ ငါ့နောက်မှာ ဘယ်သူမှမရှိဘူးလို့ ထင်နေတာလား “
လန်လင်းက အေးစက်စွာ လှောင်ပြောင်လာခဲ့သည်။ သူမသည် အစောပိုင်း အချိန်များအတွင်းကတည်းက အချက်ပြထားခဲ့ပြီဖြစ်ပြီး သူမ၏ တွက်ချက်မှုအရ အချိန်ပြည့်တော့မည်ဖြစ်သောကြောင့် သူတို့က အချိန်မရွေးရောက်လာတော့မည် ဖြစ်သည်။
သူမအရှေ့တွင် ရှိနေသည့် လူက မည်မျှပင် သန်မာအားကောင်းနေခဲ့ပါစေ။ အကယ်၍ သူမတို့ကသာ ပူးပေါင်းလိုက်မည်ဆိုပါက လုချန်ရှန်း၏ အဆုံးသတ်က မည်သို့မျှ ကောင်းမွန်နေလိမ့်မည် မဟုတ်ပေ။ ၎င်းက သူမ၏ အရိုးသားဆုံး အတွေးတစ်ခုဖြစ်သည်။
သို့ရာတွင် သူမ၏ စကားသံ ငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက် သူမအရှေ့တွင် ရှိနေသည့်လူက သူ၏လက်ကို ဝေ့ရမ်းကာ ပုံရိပ်တစ်ခုကို ခေါ်ထုတ်လိုက်သောကြောင့် သူမမှာ အံ့ဩတကြီးဖြစ်သွားခဲ့ရသည်။
“ နင်က သူ့အကြောင်း ပြောနေတာလား “
“ ဘာကြီး “
လန်လင်း၏ အမူအရာပြောင်းလဲသွားကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် ဖိနှိပ်ခံထားရသည့် လူကို ငေးကြည့်နေမိတော့၏။
ရှောင်ဟေးမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ထိုလူက အံ့ဩဖွယ်ရာများကို အမြဲလိုလို ယူဆောင်လာတတ်၏။
လန်လင်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းလှည့်ထွက်ကာ ထွက်ပြေးရန် ကြိုးပမ်းနေတော့သည်။ သူမ၏ ဆုံးဖြတ်ချက်က အလွန်တရာ ပြတ်သားနေခဲ့သည်။
သူမသည် သူမက ထိုလူ၏ ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုသည်ကို သိနေခဲ့ပြီး ထွက်ပြေးခြင်းကသာလျှင် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်သည်။
သို့ရာ၌ သူမ၏ အရှေ့တွင် ကောင်းကင်ပြင်ကို ဖုံးလွှမ်းကာ နေမင်းကို ပိတ်ဆို့နေသည့် ဧရာမ လက်ကြီးတစ်ဖက် ပေါ်ထွက်လာခဲ့ပြီး သူမ၏ ပြေးလမ်းကို တားဆီးပိတ်ဆို့ကာ သူမကို ဆွဲဖမ်းလာခဲ့၏။
စွမ်းအား နှစ်ခုထိတွေ့သွားသည့် အခိုက်အတန့်တွင် တိုက်ခိုက်မှုအားလုံး ပြိုကွဲသွားခဲ့သည်။ သတ်ဖြတ်လိုစိတ် ဖိနှိပ်ခံလိုက်ရကာ မိစ္ဆာစွမ်းအင်၏ အာနိသင်များလည်း ပျောက်ကွယ်သွားခဲ့သည်။ သူမက အပြတ်အသပ် ဖိနှိပ်ခံလိုက်ရ၏။
၎င်းတို့အားလုံးက တစ်ခဏအတွင်းမှာပင် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ဝါးမျိုငှက် လူစုမှာ ၎င်းတို့ကို စောင့်ကြည့်နေရင်းဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ယခင်က သူတို့က အပြင်းအထန် တိုက်ခိုက်၍ ရှုံးနိမ့်သွားခဲ့သည့် လူက ယခုတွင် တစ်ခြားလူတစ်ဦး၏ လက်ဝေ့ရမ်းမှုကြောင့် ထွက်ပြေးသွားခဲ့သည်။
လန်လင်းကို ဖိနှိပ်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ ကျင်းဝူရွှေ့အကြောင်းကို ထပ်မပြောနဲ့။ သူက ငါကြောက်သွားအောင် မလုပ်နိုင်ဘူး။ သေမှာကိုပဲ အေးဆေးစောင့်နေလိုက် “
သူမ၏ ကောင်းမွန်စွာ ပြင်ဆင်ထားသော စကားလုံးတို့မှာ တိုက်ရိုက်ဖြတ်တောက်ခံလိုက်ရသည်။ လုချန်ရှန်းက သူမကို စကားပြောခွင့်မပေးဘဲ တိုက်ရိုက်ချိတ်ပိတ်လိုက်ကာ ရှောင်ဟေးဘေးနားသို့ ပစ်လွှတ်လိုက်၏။
ရှောင်ဟေးကမူ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့၏ “ မင်းတို့အားလုံး မျိုးနွယ်စုဝင်တွေကို ခေါ်သွားပြီးတော့ စစ်မြေပြင်ကနေ ထွက်သွားကြတော့။ အသက်ကို မစွန့်စားကြနဲ့ “
“ ဟုတ်ကဲ့ “
ငှက်များက များများစားစားတွေးတောစဥ်းစားမနေဘဲ ခေါင်းငြိမ့်၍ တုံ့ပြန်လာကြသည်။ ထိုမျှကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု ရှိနေသောကြောင့် မည်သည့်အရာမှ ဖြစ်ပျက်လာလိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ဦးတည်း ကျန်ရှိနေသည့် အချိန်တွင် လုချန်ရှန်းက အစောပိုင်းအချိန်များအတွင်းက သူဖိနှိပ်ခဲ့သည့် လူကို ဘေးတစ်ဖက်သို့ လွှင့်ပစ်ကာ စကားထပ်ပြောလာခဲ့၏ “ ရှောင်ဟေး မင်းက ကောင်းကောင်းမလုပ်နိုင်ဘူးပဲ။ ကျင်းဝူရွှေ့က မင်းကို ဘာမှမသင်ပေးဘူးလား “
“ ငါက မင်းမဟုတ်ဘူးလေ “
ရှောင်ဟေးကမူ ထိုမျှသာ တုံ့ပြန်လာခဲ့သည်။ သူက ကိစ္စတော်တော်များများကို ကျော်ဖြတ်ခဲ့ရပြီးပြီ ဖြစ်သည်။ အသူရာတောင်ထွတ်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် သူသည် သူ့အထက်တွင် တစ်ခြားလူနှစ်ဦး ရှိနေသည်ကို သိရှိခဲ့ရသည်။
စစ်မြေပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူသည် လူသုံးဦး၏ ဝိုင်းရံခြင်းကို ခံခဲ့ရကာ သူ၏အသက်ကိုပင် ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုလူများအနက် မည်သူကမှ သာမန်မဟုတ်ပေ။ ဤနေရာမှ လွတ်မြောက်ခြင်းက ကောင်းချီးတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လူတိုင်းက လုချန်ရှန်းကဲ့သို့ ထူးဆန်းမနေခဲ့ပေ။
လုချန်ရှန်းက စကားဆက်ပြောလာခဲ့သည် “ ငါကြိုးစားကြည့်ပြီးပြီ။ အသူရာ အမွေအနှစ်မှာ တားမြစ်ချက်တစ်ခု ရှိနေတယ်။ အဲ့တာကြောင့် အဲ့တာကို ငါမယူနိုင်ဘူး။ ဒီလူတွေကို ဘာလုပ်မလဲဆိုတာကိုတော့ မင်းပဲ ဆုံးဖြတ်လိုက်တော့ “
“ သူတို့ကို သတ်သာသတ်လိုက် “
“ ဒီလောက်တောင် ပြတ်သားတာလားဟ “
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ အသူရာတောင်ထွတ်သခင်ရဲ့ အတွေးအခေါ်အရဆိုရင် အဲ့တာက တောတွင်းဥပဒေတစ်ခုပဲ။ ရှင်သန်နိုင်တဲ့လူတွေက အသင့်တော်ဆုံးပဲ “
“ တကယ်လို့ အဲ့လိုလုပ်လိုက်မယ်ဆိုရင် အခုလက်ရှိအချိန်မှာ မင်းက အသင့်တော်ဆုံးဖြစ်သွားမှာပေါ့ “
“ ဟုတ်တယ် “
ရှောင်ဟေးက တက်တက်ကြွကြွ သဘောတူလိုက်ကာ လုချန်ရှန်း၏ အကူအညီကို မည်သို့မျှ မငြင်းပယ်လိုက်ပေ။
“ အင်း “ လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်ကာ စကားထပ်ပြောနေတော့သည် “ အဲ့တာက ဘယ်လိုနေလဲ။ အဲ့လိပ်အိုကြီး ကျင်းဝူရွှေ့က မင်းကို အသူရာလမ်းစဥ်ကို သင်ပေးလား “
“ ငါက လမ်းစဥ်ထဲကို ဝင်ခဲ့ပြီးပြီ ”
“ ကောင်းတယ် “
“ ဒါပင်မဲ့ တစ်ခုခုမှားနေတယ်လို့ ငါခံစားနေခဲ့ရတယ်။ ဝါးမျိုခြင်း နိယာမကြောင့် ငါ့ခန္ဓာကိုယ်မှာ ငါနဲ့မဆိုင်တဲ့ အရာတစ်ခုခု ရှိနေတာကို ငါအာရုံခံမိခဲ့တယ်။ အဲ့တာက ဘယ်အချိန်ကပေါ်လာပြီးတော့ ဘယ်က ရောက်လာခဲ့လဲဆိုတာကို ငါမသိဘူး။ အဲ့တာကို ငါထိန်းချုပ်လို့မရဘူး “
“ အို့ “
လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားသည်။ သို့သော် သူသည် အလျင်စလို မလှုပ်ရှားခဲ့ပေ။
ရှောင်ဟေးမှာလည်း စကားထပ်ပြောလာခဲ့၏ “ တကယ်လို့ ငါ့ကို ကူညီပြီးတော့ စစ်ဆေးပေးဖို့အတွက် စစ်ပွဲဘုရင်ကို ရှာရမယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ရိုးရှင်းပါတယ်။ ဆရာက စစ်မြေပြင်အပြင်ဘက်မှာ ရှိတယ်။ ငါမင်းကို ခေါ်သွားပေးမယ် “
“ စစ်ပွဲဘုရင်က စစ်မြေပြင်အပြင်ဘက်မှာ ဘယ်လိုလုပ် ရှိနေရတာလဲ “ ရှောင်ဟေးမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက ဤနေရာတွင် ရှိနေခြင်းမှာ ပုံမှန်သာ ဖြစ်ပြီး ကူချန်ကျွင်းက ဤနေရာသို့ ရောက်ရှိနေခြင်းကမူ အနည်းငယ် ထူးဆန်းနေခဲ့သည်။
သို့ရာတွင် သူသည် အေးအေးလူလူပြန်ပြောလိုက်သည် “ သူက ကျင်းဝူရွှေ့ရဲ့ ဝိညာဥ်ခန္ဓာကို သတ်ဖို့အတွက် ရောက်လာတာလေ “
“ ဘာကြီး။ လှုပ်ရှားခဲ့တဲ့လူက စစ်ပွဲဘုရင်လား “
ထိုအခိုက်အတန့်တွင် ရှောင်ဟေးမှာ လုံးဝမှင်သက်သွားခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီ၏ ဂိတ်တံခါးဝတွင် ကျင်းဝူရွှေ့၏ ကိုယ်ပွားတစ်ခုက အပြင်ထွက်ရန် သွေးဆောင်ခံလိုက်ရကာ ချက်ချင်းသတ်ဖြတ်ခံခဲ့ရ၏။ ထို့နောက် နှစ်ရက်အကြာမှာပင် တစ်ခြားလူတစ်ဦးက စစ်မြေပြင်အပြင်ဘက်တွင် သူ၏ နောက်ထပ်ကိုယ်ပွားတစ်ခုကို ထပ်မံ၍ သတ်ဖြတ်ခဲ့လေသည်။
ရှောင်ဟေးသည် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။
--
…………………………………………………………………………………………………………………………………………