← Chapters

အခန်း ၂၇၄

Vol. 19 Ch. 274

အခန်း ၂၇၄

Vol. 19 Ch. 274

အပိုင်း ( 274 )

ကောင်းကင်ဘုံက ကရုဏာကြီးတယ်

လုချန်ရှန်းက မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ ရှောင်ဟေး၏ ဒဏ်ရာများကို တည်ငြိမ်သွားစေခဲ့ပြီးသည့်နောက်တွင် သူသည် သူ့ကို မီးဖိုအတွင်းသို့ ပစ်ထည့်လိုက်ကာ ကူချန်ကျွင်းကို ရှာဖွေနေတော့၏။

စစ်မြေပြင်တွင် အဆုံးမဲ့ သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေလျက်ရှိ၏။

အခွင့်အလမ်းများအတွက် အမှတ်အသားများအတွက် ပွက်ပွက်ညံနေခဲ့ပြီး စစ်မီးလျှံများ တောက်လောင်နေခဲ့၏။

လုချန်ရှန်းက ကဆုန်ပေါက်ပြေးနေခဲ့ပြီး စစ်မြေပြင်၏ အစွန်းဖက်သို့ ရွေ့လျား‌သွားခဲ့သည်။ သူသည် မျက်လုံးများ မှိတ်၍ အနားယူနေသော ကူချန်ကျွင်းကို တွေ့ရှိသွားခဲ့သည်။

“ အစွမ်းထက် ရန်သူတစ်ယောက်နဲ့ တွေ့ခဲ့ရလို့လား “ ကူချန်ကျွင်းက သူ့ကို ငေးကြည့်ကာ မေးမြန်းလိုက်သည်။

“ ဆရာ ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ဆရာရဲ့ တပည့်လေ။ ဘယ်သူက ကျွန်တော့်ကို လာပြိုင်ရဲမှာလဲ “

လုချန်ရှန်းက ချက်ချင်းချီးကျူးပြောဆိုနေတော့သည်။

ကူချန်ကျွင်းက ခေါင်းငြိမ့်ပြလိုက်ကာ ပြန်ပြောလိုက်သည် “ မင်းမှန်တယ် “

ထိုစကားတစ်ခွန်းက စကားဝိုင်းကို တိတ်ဆိတ်သွားစေခဲ့၏။

လုချန်ရှန်းမှာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သို့သော် ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ ဘာဖြစ်တာလဲ “

လုချန်ရှန်းသည် အခြေအနေကို ရှင်းပြလိုက်ကာ မီးဖိုကို ထုတ်ယူလိုက်၏။ ထိုစဥ် ရှောင်ဟေး ပေါ်ထွက်လာခဲ့သည်။

“ စစ်ပွဲဘုရင် “

ရှောင်ဟေးက အတော်ပင် ယဥ်ကျေးနေခဲ့ကာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေးလေးစားစား ဦးညွတ်၍ အရိုအသေပေးနေတော့သည်။

ကူချန်ကျွင်းက သူ၏လက်ကို မြှောက်၍ ရှောင်ဟေး၏ မျက်ခုံးများကြားသို့ လက်ညှိုးညွှန်ကာ ပြန်ပြောလိုက်သည် “ မင်းရဲ့ စိတ်ကို ဖြေလျော့ထားလိုက်။ ငါမင်းကို စစ်ဆေးကြည့်မယ် “

“ အိုကေ “

ရှောင်ဟေးက မည်သို့မျှ မခုခံလိုက်သကဲ့သို့ တစ်စုံတစ်ခု ဖြစ်ပျက်လာမည်ကိုလည်း မည်သို့မျှ ပူပန်မနေခဲ့ချေ။

အကယ်၍ ကူချန်ကျွင်းကသာ သူ့ကို အမှန်တကယ် သတ်ချင်သည်ဆိုပါက ကောင်းကင်ဘုံ အကယ်ဒမီကပင် သူ့ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

တစ်ခဏအကြာတွင် ကူချန်ကျွင်းက သူ၏လက်ညှိုးကို အေးအေးလူလူ ဖယ်ရှားလိုက်သည်။ အစမှအဆုံးအထိ သူ၏ အမူအရာက မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။

“ ဆရာ ဘယ်လိုလဲ။ ရှောင်ဟေးက သေမှာလား မသေဘူးလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။

ရှောင်ဟေးမှာ အံ့ဩမှင်သက်ကာ ဆွံ့အသွားခဲ့သည်။ ဒီကောင့်ပါးစပ်ထဲက လူစကားရော ထွက်ရဲ့လားဟ။ အဲ့လိုစကားမျိုးကို ဘယ်လိုလုပ်ပြောရဲနေရတာလဲ။

သို့သော် ကူချန်ကျွင်းက ခေါင်းခါပြကာ တုံ့ပြန်လာခဲ့၏ “ သူသေလိမ့်မယ် “

ထိုစကားတစ်ခွန်း လူနှင့် ငှက်တစ်ကောင်ကို မှင်သက်သွားစေခဲ့၏။

“ ဘာဖြစ်လို့လဲ “

“ ရှောင်ဟေးရဲ့ အာရုံခံမှုက မှန်တယ်။ သူ့ကိုယ်ပေါ်မှာ သူနဲ့မသက်ဆိုင်တဲ့ စွမ်းအားတစ်ခု တကယ်ရှိနေတယ်။ ကျင်းဝူရွှေ့က သူ့ကိုယ်ပေါ်မှာ အမှတ်အသားတစ်ခု ထားထားခဲ့တာ။ တကယ်လို့ သူသာလုပ်ချင်တယ်ဆိုရင် သူက မင်းရဲ့ စိတ်ကို အချိန်မရွေး သိမ်းပိုက်လိုက်လို့ရတယ် “

လုချန်ရှန်းက မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ အဲ့လောက်တောင် စက်ဆုပ်ဖို့ကောင်းတာလား “

ကောင်းကင်ဘုံ အကယ်ဒမီ ဖြစ်လင့်ကစား သူတို့က ထိုကဲ့သို့သော နည်းလမ်းများကို အမှန်တကယ် အသုံးပြုခဲ့ကြသည်။ ရှောင်ဟေး၏ မျက်ခုံးတို့မှာလည်း တင်းကြပ်စွာ ကျုံ့ဝင်သွားခဲ့သည်။

ထို့နောက်တွင် ကူချန်ကျွင်းမှ လက်ညှိုးညွှန်လာခဲ့ရာ အလင်းစီးကြောင်းတစ်ခုက ရှောင်ဟေး၏ မျက်ခုံးများ အကြားသို့ တိုးဝင်သွားခဲ့သည်။ ရောင်ခြည်တစ်ခု လိမ်ယှက်လာခဲ့ကာ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

“ ဖြေရှင်းလိုက်ပြီလား “

“ အင်း ပြီးပါပြီ။ အခု သူ့အသက်က ငါ့လက်ထဲမှာ ရှိတယ် “

ရှောင်ဟေး : “ … “

သူသည် တစ်ခဏခန့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ဘဝ၏ အတက်အကျများက အလွန်တရာ မြန်ဆန်နေခဲ့သည်။ သူက ယခုလေးတင် ကျင်းဝူရွှေ့၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ကူချန်ကျွင်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပြန်သည်။

ကူချန်ကျွင်းက စကားဆက်ပြောလာခဲ့၏ “ အဲ့ဒီအမှတ်အသားကို ငါပိတ်ဆို့လိုက်ပြီ။ သူက အဲ့တာကို အသက်သွင်းနိုင်မှာ မဟုတ်ဘူး “

“ စစ်ပွဲဘုရင် ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် ဖယ်ရှားပေးပါဦး “ ရှောင်ဟေးက ဦးညွတ်လိုက်သည်။

သို့ရာတွင် လုချန်ရှန်းက နားလည်နေခဲ့ကာ စကားဝင်ပြောနေ‌တော့သည် “ တကယ်လို့ အဲ့တာကို ဖြတ်ချလိုက်မယ်ဆိုရင် ကျင်းဝူရွှေ့က အာရုံခံမိသွားနိုင်တယ်။ အဲ့တာဆိုရင် လှည့်ကွက်တွေ ပေါ်သွားလိမ့်မယ်။ အဲ့အချိန်ကျရင် သူက အမွေအနှစ်ကို လွှဲပေးဖို့အတွက် ငါတို့က ဘယ်လိုလုပ် လှည့်စားနိုင်တော့မှာလဲ “

“ ဟုတ်တယ် “

ကူချန်ကျွင်းမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

ရှောင်ဟေးမှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့သည်။ ဒီဆရာတပည့်နှစ်ယောက်က နားလည်မှုအပြည့်ရှိတာပဲ ဒီလောက်တောင် မြန်မြန်ဆန်ဆန်ကြီး နားလည်သွားတယ်ပေါ့။

၎င်းသာလျှင် မဟုတ်ပေ။ ကူချန်ကျွင်းကလည်း ရှောင်ဟေး၏ ကိုယ်ပေါ်တွင် အရံအစီအစဥ်တစ်ခု ချန်ရစ်ထားခဲ့သည်။ အကယ်၍ ကျင်းဝူရွှေ့က လှုပ်ရှားလာမည်ဆိုပါက ၎င်းက တိုက်ခိုက်မှုတစ်ခုကို တားဆီးပိတ်ဆို့နိုင်ကာ ရှောင်ဟေးကို အဝေးသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။

လုချန်ရှန်းမှာ စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။

ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ မင်းရော လိုချင်တာလား။ မင်းဆီမှာလည်း အရံအစီအစဥ်လေးတွေ ချန်ပေးခဲ့ရမလား “

“ ဆရာ ကျွန်တော်ကတော့ အဲ့လိုလုပ်ဖို့ မလိုအပ်ဘူးလို့ ထင်တယ်။ လူတစ်ယောက်က ကိုယ့်ကိုကိုယ်အားကိုးရမယ်လေ။ ဂိုဏ်းရဲ့ အကာအကွယ်ကို ဘယ်လိုလုပ် ယူရမှာလဲဗျ။ အဲ့လိုလုပ်လိုက်ရင် အထွတ်အထိပ်ကို ဘယ်လိုလုပ် ရောက်နိုင်တော့မှာလဲ “

ကူချန်ကျွင်းကမူ စကားမပြောသကဲ့သို့ မည်သို့မျှ မတုံ့ပြန်လာခဲ့ဘဲ ခပ်ပြုံးပြုံးသာ ဖြစ်သွားခဲ့သည်။

သို့ရာတွင် ရှောင်ဟေးကမူ မေးခွန်းထုတ်ချင်လွန်းသဖြင့် လျှာယားသွားခဲ့သည်။ ဒီကောင်က အဲ့စကားကို ဘယ်လိုတောင် ပြောရဲနေရတာလဲ။ အရင်တုန်းက စစ်ပွဲဘုရင်ရဲ့ နာမည်ကို သုံးပြီးတော့ မောက်မောက်မာမာနဲ့ လုပ်ချင်သလို လုပ်ခဲ့တာက ဘယ်ကောင်တုန်း။

မြင့်မြတ်နယ်မြက ခွေးဖြတ်သွားရင်တောင်မှ လိုက်ကန်တဲ့အထိ မောက်မာနေတဲ့ ကောင်ကများကွာ။

လူသုံးဦး စကားပြောနေကြစဥ်အချိန်မှာပင် လုချန်ရှန်း၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ ဘာဖြစ်တာလဲ “ ရှောင်ဟေးက သတိပြုမိကာ မေးမြန်းလိုက်သည်။

“ ထျန်းရီနဲ့ ထျန်းကျီစံအိမ်တွေက ငါ့အပေါ်မှာ လှုပ်ရှားလာကြတော့မယ် “

“ ဘာကိုဆိုလိုတာလဲ “

လုချန်ရှန်းသည် အစောပိုင်း အချိန်များအတွင်းက ဖြစ်ပျက်ခဲ့သည့် အရာများကို စတင်၍ ပြောပြလိုက်သည်။

သို့ရာတွင် ရှောင်ဟေးကမူ ၎င်းက ထူးဆန်းသည်ဟု မည်သို့မျှ မခံစားရတော့ပေ။

ကူချန်ကျွင်းက စကားဝင်ပြောလာခဲ့၏ “ ကောင်းတယ်။ သူတို့ကို ငါမင်းအတွက် ရှင်းပေးမယ်။ ငါတို့က တံဆိပ်ပြား နည်းနည်းလောက် ထပ်ရနိုင်တယ် “

ရှောင်ဟေးမှာလည်း ၎င်းက ဖြစ်နိုင်ခြေရှိသည်ဟု ထင်သွားခဲ့သည်။

ကူချန်ကျွင်းက ဤနေရာတွင် ရှိနေသောကြောင့် ထိုလူများကို ချေမှုန်းရန်မှာ ထမင်းစားရေသောက်ရသကဲ့သို့ လွယ်ကူနေမည် ဖြစ်သည်။

သို့ရာတွင် လုချန်ရှန်းကမူ တစ်ခဏခန့် လေးလေးနက်နက် တွေးတောစဥ်းစားနေခဲ့ပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ကောင်းကင်ဘုံက အသက်တွေကို တန်ဖိုးထားတယ်လို့ ကျွန်တော်ထင်တယ်။ သူတို့ကို သတ်ဖို့ မလိုပါဘူး “

“ အဲ့တာဆိုရင် မင်းက ဘာလုပ်မှာလဲ “ ဟု ရှောင်ဟေးက မေးမြန်းလိုက်သည်။

လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏ “ ဆရာ သူတို့ဆီကနေ တစ်ခေါက်လောက် ပစ္စည်းလုလိုက်ကြတာပေါ့ဗျာ။ ပြီးရင် သူတို့ကို လွှတ်ပေးလိုက်မယ်။ ကျွန်တော့်ဆီမှာ အကြံတစ်ခုရှိတယ် “

ကူချန်ကျွင်းသည် ထိုတပည့်လေး၏ ကိစ္စများကို များများစားစား ဝင်မစွက်ဖက်ခဲ့ပေ။

ရှောင်ဟေးကမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ဒီကောင်က သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီးတော့ ထပ်ခါတလဲလဲ လုဖို့ကြံနေတာလားဟ။

သူသည် ၎င်းမှတစ်ပါး တစ်ခြားသော အရာများကို စဥ်းစား၍ မရခဲ့ပေ။

ထို့အပြင် လုချန်ရှန်းဆိုသည့် အကောင်မှာ ထိုကဲ့သို့သော ကိစ္စများကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်။

ထိုစဥ် လုချန်ရှန်းက နောက်ဆုတ်သွားခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပုံရိပ်များစွာက ဤနေရာဆီသို့ အရှိန်ကုန်တင်လာကြ၏။

သူတို့ကို ဦးဆောင်လာသူမှာ ယခင်က လုချန်ရှန်းကို ခေါ်ယူစုဆောင်းရန် ကြိုးပမ်းခဲ့ဖူးသည့် အဘိုးအိုပင် ဖြစ်သည်။

အဘိုးအိုက စကားထပ်ပြောလာခဲ့၏ “ သူက အရှေ့မှာရှိတယ်။ စစ်မြေပြင်ရဲ့ အစွန်းဘက်ကို ရောက်နေပြီ “

“ သူက ထွက်သွားဖို့ ကြိုးစားနေတာလား “

“ စစ်မြေပြင်ရဲ့ စိတ်ဆန္ဒကို ဆင့်ခေါ်ဖို့အတွက် ဘယ်သူကမှ ယဇ်ပုလ္လင်ဆီကို မသွားရသေးဘူး။ ဆိုတော့ သူက ဘာကိုမှမလဲရသေးဘူး။ သူက အမှတ်အသားတွေနဲ့ အတူထွက်သွားချင်နေတာပဲ။ ငါတို့က သူ့ကို ထွက်သွားခွင့်ပေးလို့ မဖြစ်ဘူး။ မြန်မြန်တားကြ “ ဟု အဘိုးအိုမှ စကားဆက်ပြောနေတော့၏။

သူသည် လုချန်ရှန်း၏ တည်နေရာ ပြောင်းလဲသွားသည်ကို ယခုလေးတင် အာရုံခံမိခဲ့သည်။ ၎င်းက စစ်မြေပြင်မှ အပြင်ကမ္ဘာဆီသို့ ရွေ့လျားသွားလာနေလျက်ရှိ၏။ ထို့ကြောင့်ပင် သူက လုချန်ရှန်းကို တားဆီရန်အတွက် ဤလူများကို ချက်ချင်းခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သူတို့က သူ့အနောက်သို့ လိုက်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး သူ့ကိုယ်ပေါ်တွင် အမှတ်အသားများစွာ ရှိနေသည်ကို သိနေကြသည်။ ထိုကဲ့သို့ အများအပြား ရရှိခြင်းက မည်သို့မျှ လွယ်ကူမနေခဲ့ဘဲ ကြီးမားသောတန်ကြေးတစ်ခုကို အမြဲလိုလို လိုအပ်နေခဲ့သည်။

အကယ်၍ လုချန်ရှန်းကသာ နာနာခံခံဖြင့် လိမ္မာခဲ့မည်ဆိုပါက သူက ၎င်းတို့ကို ပစ္စည်းများဖြင့် လဲလှယ်နိုင်ရုံတင်မဟုတ်ဘဲ မြင့်မြတ်နယ်မြေတစ်ခုနှင့်ပါ ပူးပေါင်းနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် သူက ၎င်းကို မည်သို့မျှ တန်ဖိုးမထားခဲ့ပေ။

လုချန်ရှန်း၏ အမြင်တွင်မူ ထိုလူများက အမှတ်အသားများနှင့် လူကိုပါ လိုချင်နေခြင်းဖြစ်ပြီး ထိုလူများက အလွန်တရာ လောဘကြီးလွန်းနေခဲ့သည်။

“ သူက အဝေးကို မရောက်သေးဘူး။ ဒီအနီးအနားမှာပဲ ရှိနေသေးတယ် “

အဘိုးအိုက ထပ်မံ၍ အာရုံခံနေခဲ့ပြီး အလိုအလျောက် အရှိန်ထပ်တင်နေတော့သည်။

သို့သော် သူတို့က သူတို့အရှေ့တွင် ရှိနေသည့် သဲကန္တာရကို ကျော်ဖြတ်တော့မည့် အချိန်တွင် ထိုနေရာတွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ဦး ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ရပ်လိုက် “

ထိုအခိုက်အတန့်တွင် သက်လတ်ပိုင်းလူတစ်ဦးက အော်ပြောလာခဲ့သည်။

သူ၏ လက်ကို မြှောက်လိုက်ရာ မှော်စွမ်းအားများက ဧရာမ လက်ကြီးတစ်ဖက်အဖြစ် အသွင်ပြောင်းကာ ထိုနေရာသို့ ဖမ်းဆုပ်လိုက်၏။

အနားသို့ ရောက်ရှိသွားသည့် အချိန်တွင် မှော်စွမ်းအားတို့ဖြင့် ဖွဲ့တည်ထားသည့် လက်ကြီးတစ်ဖက်က ပြိုကွဲသွားခဲ့ကာ အားကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့ပြီး ထိုနေရာကို ဖုံးလွှမ်းသွားခဲ့သည်။

“ အဲ့တာက ……. “

လူတိုင်း၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် အသံတစ်သံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

“ ထျန်းကျီစံအိမ်မှာ ကြီးမားတဲ့ ဂုဏ်သတင်းရှိတယ်။ မင်းတို့က ငါ့ကို ဒီနေရာမှာ ဖိနှိပ်ပြီးတော့ သတ်ဖို့အတွက် ကြံနေကြတာလား “

လေသံက အေးဆေးတည်ငြိမ်နေလျက်ရှိသော်လည်း ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ပေါက်ထွက်လာခဲ့၏။

ထိုအသံကို ကြားလိုက်ရသောအခါတွင် အဘိုးအိုမှာ ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

“ စီနီယာ ကျွန်တော်တို့က မင်းကို တစ်ခြားတစ်ယောက်ယောက်နဲ့ လူမှားသွားလို့ပါ။ ဆန့်ကျင်ဖို့ မရည်ရွယ်ထားပါဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ “

“ မရည်ရွယ်ထားဘူးလား “

“ ဟုတ်ပါတယ် “

ဘမ်းးးးးးး

မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး အစောပိုင်း အချိန်များအတွင်းက လှုပ်ရှားခဲ့သည့်လူက ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။ ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ခန္ဓာကိုယ်က သွေးမြူထုအဖြစ် ပေါက်ကွဲသွားကာ ချက်ချင်းပျက်စီးသွားခဲ့သည်။

သွေးမြူထုက သူတို့အရှေ့တွင် မျောလွင့်နေစဥ်အချိန်မှာပင် အနက်ဝတ်လူက ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ ငါလည်း သူ့ကို မရည်ရွယ်ဘဲ သတ်မိသွားတယ်။ မင်းတို့က ငါ့ကို အပြစ်မတင်ကြဘူးမလား “

“ ခင်ဗျား ……… “

အားလုံး၏ အမူအရာများ ဖြူဖျော့သွားခဲ့သည်။ သူတို့သည် ထိုကဲ့သို့ ဖြစ်လာလိမ့်မည် မထင်မှတ်ထားပေ။

တစ်ဖက်လူက သူတို့၏ဇစ်မြစ်ကို သိနေခဲ့သော်လည်း ပေါ့ပေါ့ဆဆ လှုပ်ရှားဝံ့နေသေး၏။

ထိုအခိုက်အတန့်တွင် နှစ်ဖက်စလုံးက ရှေ့မတိုးသာနောက်မဆုတ်သာသော အခြေအနေမျိုးတွင် ရှိနေပုံရသည်။

အနက်ဝတ်လူက စကားထပ်ပြောလာခဲ့၏။

“ မင်းတို့ကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး။ တံဆိပ်ပြားတွေ ထားခဲ့လိုက်။ ငါမင်းတို့ကို သွားခွင့်ပေးမယ် “

အသံက အေးဆေးတည်ငြိမ်နေသော်လည်း ခြိမ်းခြောက်နေသည့် အရိပ်အငွေ့များကို သယ်ဆောင်ထားကာ လူတိုင်းကို တုန်ရင်သွားစေခဲ့၏။

အဘိုးအိုက ပြန်ပြောလိုက်သည် “ ကျုပ်တို့က ထျန်းကျီနဲ့ ထျန်းရီစံအိမ်က လူတွေပါ။ ဒီလုပ်ရပ်က မသင့်တော်ဘူးမလား။ ကျုပ်တို့အင်အားစုတွေက အပြင်ဘက်မှာ ရှိနေတယ်။ စီနီယာ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ အရှေ့ပိုင်းဒေသကို မျက်နှာသာပေးပါ “

သို့ရာတွင် အနက်ဝတ်လူက ဖြည်းဖြည်းချင်း တုံ့ပြန်လာခဲ့သည် “ အပြင်ဘက်မှာလား “

“ ဟုတ်ပါတယ် “

“ ဒါဆိုရင်လည်း မင်းတို့တွေ ကြိုးစားကြည့်လို့ရတယ်။ မင်းတို့ကို အရင်သတ်ရမလား(ဒါမှမဟုတ်) အပြင်က ရောက်လာတဲ့ မင်းတို့လူတွေကို အရင်သတ်ရမလား “

--

………………………………………………………………………………………………………………………………………..

All Chapters