အခန်း ၂၇၅
Vol. 19 Ch. 275
အပိုင်း ( 275 )
ကြောင်အသွားသော ငှက်တစ်ကောင်
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားပုံရကာ သတ်ဖြတ်လိုစိတ်တစ်ခုသာလျှင် ကျန်နေခဲ့၏။
လူတိုင်း၏ မျက်နှာများပေါ်တွင် အကြောက်တရားများ ထင်ဟပ်လာခဲ့ကာ သူတို့၏ စိတ်နှလုံးသားအတွင်းတွင် ကြောက်ရွံ့မှုတို့ဖြင့်သာ ပြည့်နှက်သွားခဲ့သည်။
ဤနေရာတွင် ထိုကဲ့သို့သော လူတစ်ဦးနှင့် ဆုံတွေ့ရသည့် အချိန်တွင် သူတို့၏ ဂိုဏ်းကြီးများနှင့် မြင့်မြတ်နယ်မြေများကပင် အသုံးဝင်ပုံမရချေ။
အဆုံးတွင် သူတို့သည် အံတကြိတ်ကြိတ်ဖြင့် သူတို့၏ တံဆိပ်ပြားများကို လွှဲပေးလာကြ၏။ သူတို့၏ မျက်ဝန်းများအတွင်းတွင် မလိုလားမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသော်လည်း သူတို့၏ အသက်များကို ကယ်တင်ရန်အလို့ငှာ တစ်ခြားသော ရွေးချယ်စရာ မရှိတော့ပေ။
အကယ်၍ သူတို့ကသာ သူတို့၏ လူများ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေမည်ဆိုပါက သူတို့က သတ်ဖြတ်ခံလိုက်ရကာ တံဆိပ်ပြားများမှာလည်း တစ်ဖက်လူ၏ လက်အတွင်းသို့ ကျရောက်သွားခဲ့မည် ဖြစ်သည်။ ယခုလက်ရှိအချိန်နှင့် ကွဲပြားနေသည့် တစ်ခုတည်းသော ကွာခြားချက်ကမူ သူတို့က သူတို့၏ အသက်များကို ဆုံးရှုံးသွားရခြင်းပင် ဖြစ်သည်။
အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် သူတို့အားလုံး လှည့်ထွက်သွားကြသည်။
ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ အစတွင် သူတို့က အမှတ်အသားများ လုယက်နိုင်ရန် မျှော်လင့်ရင်းဖြင့် လုချန်ရှန်းကို လိုက်ဖမ်းနေကြခြင်းဖြစ်၏။ သို့သော် ယခုတွင်မူ သူတို့ကသာ လုယက်ခံလိုက်ရသည်။
သူတို့က ကြက်ကို ခိုးယူရန် ကြိုးပမ်းခဲ့ကြသော်လည်း ထမင်းကိုပါ ဆုံးရှုံးသွားခဲ့ရာ သူတို့၏ ဇနီးမယားများက တစ်ခြားလူများနှင့် လိုက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းကမူ လူတိုင်း ထွက်ခွာသွားသည်ကို စောင့်ကြည့်နေရင်းဖြင့် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ပြီး တိုးပွားလာသော ရိုသေလေးစားမှုများနှင့်အတူ သူ၏ ဆရာဖြစ်သူကို ငေးကြည့်နေမိတော့သည်။
ယခုလေးတင် ဖြစ်ပွားခဲ့သည့် မြင်ကွင်းက အမှန်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည်။ ကြွားဝါရမည့် ကိစ္စများတွင် တပည့်တစ်ယောက်ဖြစ်သည့် သူက အတော်ပင် ဝါနုနေသေးကာ သင်ယူရန် လိုအပ်နေသေးပြီး ပိုမိုကျွမ်းကျင်လာအောင် လေ့ကျင့်ရဦးမည် ဖြစ်သည်။
ရှောင်ဟေးမှာလည်း ဂုဏ်သိက္ခာကြီးမားသည့် စစ်ပွဲဘုရင် ထိုကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက အဲ့လူယုတ်မာတပည့်ကို ဘယ်လောက်တောင်တန်ဖိုးထားတာလဲဟ။
လုချန်ရှန်းကမူ သူ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ စကားလှမ်းပြောလိုက်သည် “ ဆရာ ကျွန်တော် အရင်သွားတော့မယ်နော် “
“ အင်းးး “
ကူချန်ကျွင်းက တုံ့ပြန်လိုက်သည်။ လုချန်ရှန်းဆီသို့ တံဆိပ်ပြား အားလုံး လွှဲပေးခဲ့ပြီးသည့်နောက်တွင် သူသည် တောင်စောင်းပေါ်သို့ ပြန်သွားကာ တိတ်တဆိတ် ထိုင်ချလိုက်၏။
သူက ကျင်းဝူရွှေ့၏ ဝိညာဥ်ခန္ဓာကိုယ်တစ်ခုကို သတ်ဖြတ်ရန် ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ပို၍ အရေးကြီးသော အရာမှာ ၎င်းက လုချန်ရှန်း၏ တာအိုကို ကာကွယ်ပေးရန်အတွက် ဖြစ်ပြီး သူ၏တပည့်က မည်သည့်ကိစ္စကိုမဆို လုပ်ခဲ့ပါစေ(သို့) မည်သည့်တည်ရှိမှုမျိုးကိုမဆို ဆန့်ကျင်ခဲ့မိပါစေ။ သူကာကွယ်ပေးမည် ဖြစ်သည်။
သူသည် မှန်လားမှားလားဆိုသည်နှင့် ကံကြွေးအကြောင်းများကိုပင် မမေးမြန်းခဲ့ပေ။ သူကသာ သူ၏တပည့်ဖြစ်နေသရွေ့ သူက ထိုကလေး၏ တာအိုကို ကာကွယ်ပေးမည်ဖြစ်ပြီး အကယ်၍ အဆုံးမဲ့ အင်အားစုများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ တွေဝေတုံ့ဆိုင်းနေမည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ရှောင်ဟေးက လုချန်ရှန်းအနောက်သို့ လိုက်သွားကာ စစ်မြေပြင်ဆီသို့ ပြန်လည်ဦးတည်သွား၏။
လုချန်ရှန်းမှာလည်း သူ၏ပခုံးပေါ်တွင် ရှိနေသည့် အမှတ်အသားကို ဖယ်ရှားရန် လှုပ်ရှားနေခဲ့ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
သူတို့က ထွက်သွားသည့် လူများကို လိုက်မှီလာခဲ့ပြီ ဖြစ်သည်။
အဘိုးအို၏ အမူအရာက မည်းမှောင်နေလျက်ရှိပြီး ထိုကဲ့သို့သော ရလဒ်မျိုးကို လက်ခံရခက်နေခဲ့၏။
“ ချီးပဲကွာ “
တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုက အနီးအနားရှိ လူများကို တုန်ရင်သွားစေခဲ့၏။
“ ဘယ်သူလဲ။ ငါတို့ဂိုဏ်းကို ဘယ်သူက လှောင်ပြောင်ရဲတာလဲ။ သေချင်နေတာပဲ “
“ ဒီကိစ္စကို ဂိုဏ်းဆီ သတင်းပြန်ပို့လိုက်သင့်လား “ ဟု တစ်စုံတစ်ဦးက မေးမြန်းလာခဲ့၏။
အဘိုးအိုက တုံ့ပြန်လိုက်သည် “ မပို့နဲ့ “
“ ဘာဖြစ်လို့လဲဗျ “
“ ဂိုဏ်းဆီ သတင်းပြန်ပို့မယ်ဆိုတော့ မင်းက အပြစ်ပေးခံချင်နေလို့လား။ အမှတ်အသားတွေ အများကြီး ဆုံးရှုံးလိုက်ရတဲ့ တာဝန်ကို ဘယ်သူက ခေါင်းခံမှာလဲ “
“ အဲ့တာဆိုရင် ကျွန်တော်တို့က ဘာလုပ်သင့်လဲ “
အဘိုးအိုက အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လာခဲ့၏ “ နတ်မိစ္ဆာဝိညာဥ်တွေကို အားကုန်သုံးပြီး သတ်တော့။ တကယ်လို့ အမှတ်အသား အများကြီးရမဲ့ ကောင်တွေကို ရှာတွေ့မယ်ဆိုရင် မြန်မြန်ဆန်ဆန် ပြန်ဖြည့်နိုင်လိမ့်မယ် “
မည်သူကမှ မငြင်းပယ်ခဲ့ကြပေ။ ယခုတွင် ထိုနည်းလမ်းတစ်ခုသာ ကျန်ရှိနေတော့သည်။ မည်သူကမှ အဆိုပါ အပြစ်ပေးမှုကို မခံယူလိုကြပေ။
လုချန်ရှန်းကမူ အဝေးမှ နားထောင်နေရင်းဖြင့် ပြုံးစိစိ ဖြစ်သွားခဲ့သည်။
“ သွားမယ် “
ရှောင်ဟေးက တုံ့ပြန်လိုက်ကာ သူ့အနောက်သို့ လိုက်သွားတော့သည်။ သူ၏အမြင်တွင် ထိုလူများက လုချန်ရှန်းကို အကွက်ဆင်ကာ တိုက်ခိုက်ခဲ့ပြီး ထိုကောင့်၏ ရန်ငြိုးထားတတ်တဲ့ သဘောထားအရသာဆိုပါက ထိုလူများက မသေမချင်း ဒုက္ခရောက်တော့မည် ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းက ဘာမှမလုပ်ဘဲ ထိုအတိုင်းသာ ထွက်သွားခဲ့သည်။
ရှောင်ဟေး၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များအောက်မှာပင် သူက အဝေးရှိ နတ်မိစ္ဆာဝိညာဥ်များ လှည့်လည်သွားလာနေသည့် နေရာဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာတွင် နတ်မိစ္ဆာ ဝိညာဥ်ဆယ်ကောင်ထပ်မနည်း ရှိနေခဲ့ကာ အများစုက မွေးရာပါ ဝိညာဥ်အဆင့် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။
သူက တစ်စုံတစ်ခုကို မေးမြန်းရန် ပြင်လိုက်သည့် အချိန်မှာပင် လုချန်ရှန်းက ခြေတစ်လှမ်းလှမ်းကာ ထိုနေရာဆီသို့ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။
နတ်မိစ္ဆာဝိညာဥ်များကပင် မည်သို့မျှမတုံ့ပြန်နိုင်ခဲ့ပေ။ လုချန်ရှန်းကမူ ထိုနေရာသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် နတ်မိစ္ဆာတစ်ကောင်ကို တိုက်ရိုက်ကန်ကျောက်လိုက်ပြီး မီတာ ဒါဇင်နှင့်ချီ၍ လွင့်ထွက်သွားစေခဲ့၏။ ၎င်းက တောင်တန်းတစ်ခုနှင့် တိုက်မိသွားကာ ဟိန်းဟောက်သံများနှင့် ပြိုကျပျက်စီးသံများ အဆက်မပြတ် ပေါ်ထွက်လာခဲ့၏။
ထို့နောက်တွင် သူသည် သူ၏လက်ကို မြှောက်ကာ နောက်ထပ် နတ်မိစ္ဆာဝိညာဥ်၏ ဦးခေါင်းကို ဖြတ်ရိုက်လိုက်ပြီး ရိုက်ချက်တစ်ချက်တည်းဖြင့် ဦးခေါင်းကို ပေါက်ကွဲလုမတတ် ဖြစ်သွားစေခဲ့၏။
အချိန်တိုအတွင်းမှာပင် နတ်မိစ္ဆာဝိညာဥ်တစ်စုက သူ၏ ရိုက်နှက်မှုကို တစ်ကောင်ပြီးတစ်ကောင် ခံနေခဲ့ရသည်။
နတ်မိစ္ဆာဝိညာဥ်များထံတွင် ဦးနှောက်မရှိကြသော်လည်း သူတို့အားလုံး ဒေါသထွက်သွားကြကာ သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။
ရှောင်ဟေးကမူ ၎င်းကို စောင့်ကြည့်နေရင်းဖြင့် မိန်းမောသွားခဲ့သည်။ သူနားမလည်နိုင်ဖြစ်နေသည့် အချိန်မှာပင် လုချန်ရှန်းက ထပ်မံ၍ မတိုက်ခိုက်တော့ဘဲ နောက်ပြန်လှည့်ကာ လာရာလမ်းအတိုင်း လှည့်ပြန်သွားခဲ့သည်။
နတ်မိစ္ဆာဝိညာဥ်များကမူ သူ့နှင့် သေသည်အထိ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားကြကာ သူ့အနောက်သို့ ပြေးလိုက်သွား၏။
ရှောင်ဟေးကမူ ထိုနေရာတွင် မတ်တပ်ရပ်နေရင်းဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ကာ သူဘာလုပ်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သူကပါ လုချန်ရှန်းအနောက်သို့ ပြေးလိုက်သွားခဲ့သည်။
သို့သော် မိုင်တစ်ရာ ကျော်လွန်လာခဲ့သည့်နောက်တွင် လုချန်ရှန်းက နောက်ထပ်နေရာတစ်ခုဆီသို့ ဦးတည်သွားပြီး ဧရာမ လက်ကြီးကို လွှဲရမ်းကာ နတ်မိစ္ဆာဝိညာဥ် ခုနစ်ခု(သို့)ရှစ်ခုခန့်ကို ပါးဖြတ်ရိုက်လိုက်ပြီး ထို့နောက်တွင် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် တစ်ဒါဇင်ကျော်သော နတ်မိစ္ဆာဝိညာဥ်များက သူ့အနောက်သို့ ပြေးလိုက်နေလျက်ရှိ၏။
ရှောင်ဟေးတစ်ဦးတည်းကသာ သူ့ကို အမှီလိုက်နိုင်ခဲ့သည်။
အဆိုပါ နတ်မိစ္ဆာဝိညာဥ်များမှာလည်း မမောမပန်း ပြေးလိုက်နေလျက်ရှိ၏။ လုချန်ရှန်းက မည်သို့မျှ အလျင်လိုမနေခဲ့ဘဲ ၎င်းတို့ကို လိုက်ခွင့်ပေးထားခဲ့ပြီး ရိုက်နှက်ခြင်းနှင့် နောက်ကောက်ချခြင်းတို့ကို တစ်လှည့်စီပြုလုပ်နေခဲ့ကာ ၎င်းတို့၏ ဒေါသများကို ဆွဆွပေးနေခဲ့၏။
တောင်တန်းဒေသတစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့သည့်နောက်တွင် လုချန်ရှန်း၏ ခြေရာလက်ရာများ ပျောက်ကွယ်သွားကာ သူ၏ အရှိန်အဝါကပင် အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။
ရှောင်ဟေး ရောက်ရှိလာခဲ့သည့် အချိန်တွင် သူကပင် မည်သည့်သဲလွန်စကိုမှ မရှာနိုင်ခဲ့ဘဲ နတ်မိစ္ဆာဝိညာဥ်များက တောင်တန်းဒေသအတွင်းသို့ ပြေးဝင်သွားကာ လူခုနစ်ဦး(သို့) ရှစ်ဦးကို ဝိုင်းရံလိုက်သည်ကိုသာ မြင်တွေ့သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် တောင်တန်းဒေသတစ်ခုလုံး ပြိုကျပျက်စီးသွားကာ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး ပုံရိပ်ခုနစ်ခု (သို့) ရှစ်ခုခန့်က ဒါဇင်နှင့်ချီသော နတ်မိစ္ဆာ ဝိညာဥ်များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေခဲ့ရ၏။
ထိုလူများက ထျန်းကျီစံအိမ်နှင့် ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူများပင် ဖြစ်သည်။
သူတို့ထံတွင် မွေးရာပါ ဝိညာဥ်အဆင့်၈ ပညာရှင်တစ်ဦး ရှိနေခဲ့မည်ဆိုလျှင်တောင်မှ သူတို့က ၎င်းကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။ အချိုးအစားက အလွန်တရာ ကွာခြားလွန်းလှသည်။
အရှေ့က တစ်ကောင်ကို တွန်းထုတ်လိုက်သည့် အချိန်မှာပင် နောက်မှာ ရှိနေသည့် လက်သည်များ၏ ကုတ်ဆွဲခြင်းကို ခံနေခဲ့ရသည်။ အဆိုပါ နတ်မိစ္ဆာဝိညာဥ်များက မျှမျှတတ ကစားနေခြင်း မဟုတ်ဘဲ အုပ်စုဖွဲ့၍ ဝိုင်းတိုက်နေခြင်း ဖြစ်သည်။
ရှောင်ဟေးကမူ ၎င်းကို စောင့်ကြည့်နေရင်းဖြင့် လုံးဝမှင်သက်သွားခဲ့သည်။
သူသည် လုချန်ရှန်းက ထိုကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်လိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။ နတ်မိစ္ဆာဝိညာဥများကို ရန်စ၍ ထွက်ပြေးသွားခဲ့သောကြောင့် ၎င်းတို့က သူတို့၏ ဒေါသများကို ထိုလူများအပေါ်သို့ ပုံချနေကြတော့၏။
“ ဘယ်လိုတောင် အဆိပ်ပြင်းလိုက်တဲ့ လှည့်ကွက်လဲ “
ရှောင်ဟေးမှာ တအံ့တဩ ဖြစ်နေသကဲ့သို့ သူ၏စိတ်ထဲတွင်လည်း သံသယတစ်ခုပါ ဖြစ်တည်လာခဲ့သည်။
တကယ်လို့ သူတို့က နိုင်သွားမယ်ဆိုရင်တောင်မှ တန်ကြေးကြီးကြီး ပေးဆပ်လိုက်ရမှာ သေချာတယ်။ တကယ်လို့ ပေါ့မိသွားရင် သေပါသေသွားနိုင်တယ်။ လုချန်ရှန်းက လိုက်ဖမ်းခံနေခဲ့ရတော့ သူ့ဒေါသကို ဖြေဖျောက်ဖို့ ကြိုးစားနေတာလားဟ။
တကယ်လို့ သူ့ဒေါသကို ဖြေဖျောက်ချင်တယ်ဆိုရင်လည်း သူကိုယ်တိုင် သွားရိုက်သင့်တယ်မဟုတ်ဘူးလား။ သူ့ဆီမှာ အဲ့လိုလုပ်နိုင်စွမ်းရှိတယ်လေ။
သူအတွေးများနေစဥ် အချိန်မှာပင် အသံတစ်သံ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ကာ သူ၏ သံသယများကို ဖြေရှင်းပေးသွားခဲ့သည်။
“ မြန်မြန် အချက်ပြလိုက်။ လူတွေ ထပ်လာခိုင်းလိုက် “
အဘိုးအိုက စကားပြောလာခဲ့သည်။ ထို့နောက်တွင် ကောင်းကင်ထက်သို့ အလင်းတန်းတစ်ခု ပျံတက်သွားပြီး ၎င်း၏တောက်ပမှုက နေ့အလင်းရောင်ကိုပင် မှိန်ဖျော့သွားစေခဲ့၏။
သူတို့က တောင့်ခံနိုင်ရန် ရုန်းကန်နေခဲ့ကြသည်။ အမျိုးမျိုးသော မှော်ပစ္စည်းများ ဖြစ်တည်လာကာ သတ်ဖြတ်လိုစိတ်များ ပေါက်ထွက်လာခဲ့၏။ သို့သော် နတ်မိစ္ဆာဝိညာဥ်များက အလွန်တရာ ခေါင်းမာလွန်းနေခဲ့ကာ အပြည့်အဝ/အလုံးစုံ မပြိုကွဲသွားမချင်း လက်တစ်ဖက်သာ ကျန်နေသည့် အချိန်မျိုးမှာပင် တွားသွားသွား၍ တိုက်ခိုက်နေခဲ့ကြသည်။
အဆုံးတွင် လူများ ထပ်မံ၍ ရောက်ရှိလာခဲ့သည်။ ထိုလူအားလုံးက ထျန်းကျီစံအိမ်နှင့် ထျန်းရီ မြင့်မြတ်နယ်မြေတို့၏ လူများဖြစ်ကာ လူတိုင်းက မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်များသာ ဖြစ်နေခဲ့သည်။
၎င်းသာလျှင် မဟုတ်ဘဲ ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရသည့် တစ်ခြားသော အင်အားစုများကပါ အဆိုပါ အင်အားစုနှစ်ခုကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် တစ်ဦးပြီးတစ်ဦး ဝင်ရောက်တိုက်ခိုက်လာကြသည်။
တိုက်ပွဲ၏ ရေစီးကြောင်းက လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ အဆိုပါ နတ်မိစ္ဆာဝိညာဥ်များ ဖိနှိပ်ခံလိုက်ရပြီး တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံလိုက်ရကာ အလင်းတန်းများက အမှတ်အသားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
အစောပိုင်း အချိန်များအတွင်းက ခေါင်းမာမာဖြင့် ခုခံခဲ့ကြသည့် လူများက ဒဏ်ရာဒဏ်ချက်များဖြင့် ဖုံးလွှမ်းနေပြီဖြစ်ပြီး သူတို့ပတ်ပတ်လည်တွင် ရှိနေသည့် လူများမှာလည်း စိတ်သက်သာရာရစွာဖြင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့၏။ သူတို့က ရှေ့တက်ကာ မေးမြန်းနှုတ်ဆက်ရန် ပြင်လိုက်သည်။ ထိုစဥ် အကောင်သုံးဆယ်(သို့) ထို့ထပ်ပိုသော နတ်မိစ္ဆာဝိညာဥ်များက သူတို့ဆီသို့ တဟုန်ထိုး ဦးတည်လာနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ အဲ့တာက ……. “
“ ဘာတွေ ဖြစ်နေတာလဲဟ “
“ ဘာဖြစ်တာလဲ “
တစ်လှိုင်းကို တိုက်ထုတ်ပြီးကာစဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်လှိုင်းရောက်ရှိလာခဲ့သည်။ ၎င်းက ယခင်တစ်ကြိမ်ကထပ်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ အစွယ်များ ဖြဲပြနေခဲ့၏။
အခြေအနေက တစ်ခဏလေးအတွင်းမှာပင် ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်သည်။ လူတစ်စုက ထပ်မံ၍ ဝိုင်းရံခံလိုက်ရကာ တောင်တန်းဒေသမှာလည်း လုံးဝပြိုကွဲပျက်စီးသွားခဲ့ရသည်။ သူတို့အရှေ့ရှိ မြင်ကွင်းမှာ ဖရိုဖရဲ တိုက်ပွဲတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
ရှောင်ဟေးသည် စောင့်ကြည့်နေရင်းဖြင့် အံ့ဩတကြီးဖြစ်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ထိုလူစုကို ကယ်ဆယ်သည့် လူများ အဆက်မပြတ် ရောက်ရှိလာမှုနှင့်အတူ နတ်မိစ္ဆာဝိညာဥ် အရေအတွက်မှာလည်း ဆက်တိုက်မြင့်တက်လာသည်ကို မြင်လိုက်ရသောအခါတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားခဲ့သည်။
“ သူက အဲ့အင်အားစုက လူတွေ အကုန်လုံးကို ဒီနေရာမှာ ထောက်ချောက်ဆင်သတ်ဖို့ ကြံနေတာလားဟ “
--
…………………………………………………………………………………………………………………………………………..