← Chapters

အခန်း ၂၇၆

Vol. 19 Ch. 276

အခန်း ၂၇၆

Vol. 19 Ch. 276

အပိုင်း ( 276 )

တော်တော်ကြီးကို ရက်စက်တာပဲ။ ငါသဘောကျတယ်ဟေ့

နတ်မိစ္ဆာနှင့် မြင့်မြတ်နယ်မြေများ ထိပ်တိုက်တွေ့နေခဲ့ပြီး အလင်းနှင့် အရိပ်များ လိမ်ယှက်နေလျက်ရှိကာ သွေးချီများ ကောင်းကင်ထက်သို့ ထောင်တက်သွားခဲ့သည်။

နှစ်ဖက်စလုံးက သူသေကိုယ်သေ ရင်ဆိုင်နေလျက်ရှိပြီး အခြေအနေများက တဖြည်းဖြည်း ပြင်းထန်ကာ သတ်ဖြတ်ခြင်းက အဆုံးမဲ့နေပုံရ၏။

အရှေ့ပိုင်းဒေသဘက်မှ လူပမာဏက တိုးမြင့်လာခဲ့ပြီး နတ်မိစ္ဆာတို့၏ အရေအတွက်မှာလည်း တစ်ဘက်က အားကောင်းလျှင် တစ်ဖက်က အားနည်းသွားလိမ့်မည်ဟု ဆိုသော်ငြားလည်း နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြသည်။

လူများသေဆုံးသွားကာ နတ်မိစ္ဆာများ ပျောက်ကွယ်သွားသည်ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ရ၏။

အဆုံးတွင် တစ်စုံတစ်ဦးက မအောင့်ထားနိုင်တော့ဘဲ ဟိန်းဟောက်လာခဲ့သည်။

“ ချီးပဲ။ ဘာတွေဖြစ်နေတာလဲဟ။ နတ်မိစ္ဆာတွေက ဘယ်လိုလုပ် ဒီလောက်တောင်များနေရတာလဲဟ “

ထိုအသံက ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားပြီး လူတိုင်း၏ မျက်လုံးများ နီရဲသွားခဲ့သည်။ သူတို့ထံတွင် ရွေးချယ်စရာ မရှိဘဲ အရှေ့သို့သာ ပြေးတက်သွားခဲ့ရသည်။

သိပ်သည်းသော အသံများ စုစည်းလာခဲ့ပြီး ကမ္ဘာမြေတစ်ခုလုံး လှုပ်ရမ်းသွားပုံရ၏။ ထိုကဲ့သို့သော တိုက်ပွဲများက အတော်ပင် ရှားပါးနေခဲ့ကာ သူတို့က ထိုကဲ့သို့သော စုဖွဲ့မှုမျိုးကို မည်သို့မျှ မမြင်တွေ့ခဲ့ရပေ။

အစတွင် လူတစ်ချို့က ကူညီချင်ခဲ့ကြသည်။ သို့သော် များပြားသိပ်သည်း‌သော အနက်ရောင်ပုံရိပ်များကို မြင်တွေ့သွားကာ လှည့်ပြန်သွားကြသည်။

သူတို့က မျက်နှာသာပေးလိုခြင်းသာ ဖြစ်ပြီး မသေချင်ကြပေ။

တစ်ချိန်တည်းမှာပင် စစ်မြေပြင်တွင် ဟင်းလင်းပြင်အတွင်းတွင် ပုံရိပ်တစ်ခု ပြေးလွှားနေလျက်ရှိ၏။ သူ့အောက်ရှိ မြေပြင်မှာလည်း အဆက်မပြတ် ဝေဝါးသွားခဲ့သည်။ သို့သော် နတ်မိစ္ဆာအုပ်ကြီးတစ်အုပ်က သူ့အနောက်သို့ ပြေးလိုက်လာကြသည်။

တစ်ကောင်ချင်းစီတိုင်းက အရပ်ရှည်ကာ ကြောက်မက်ဖွယ်ကောင်း၍ ရုပ်ဆိုးနေခဲ့သည်။ အထူးသဖြင့် သွားရည်များဖြင့် ပြည့်နှက်နေသည့် အစွယ်များပင် ဖြစ်သည်။

သို့ပေမည့် တစ်ချို့သော အစွယ်များက ကျိုးပဲ့ပျက်စီးနေခဲ့သည်။ ၎င်းက လုချန်ရှန်း၏ ပါးရိုက်ချက်ကြောင့်ပင် ဖြစ်သည်။

လူတစ်ချို့က မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး နတ်မိစ္ဆာများ ပေါ်လာသည်ကို မြင်လိုက်ရသောအခါတွင် ဒေါသတကြီးဖြစ်ကာ တိုက်ခိုက်ရန်အတွက် ကောင်းကင်ထက်သို့ ပြေးတက်သွားခဲ့သည်။ သို့သော် လေထုအတွင်းသို့ ရောက်ရှိသွားချိန်တွင် သူတို့အားလုံး မြေပြင်ပေါ်သို့ ချက်ချင်းခုန်ဆင်းလာခဲ့ကြ၏။

နတ်မိစ္ဆာများ အလွန်တရာ များပြားလွန်းလှပြီး မည်သူက ၎င်းတို့ကို အနိုင်ယူနိုင်မည်နည်း။

နတ်မိစ္ဆာတစ်ကောင်ကပင် သူတို့ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် အရှင်လတ်လတ် အရေခွံဆုတ်နိုင်ပေသည်။

“ ဘုရား ဘုရား အဲ့တာက ဘာအခြေအနေကြီးလဲဟ “

“ နတ်မိစ္ဆာတွေ များလှချည်လား။ သူတို့က ဘာလုပ်နေကြတာလဲ။ ပါတီလုပ်နေတာလား “

“ ကြည့်ကြဦး အရှေ့မှာ လူတစ်ယောက်ရှိနေတယ်။ နတ်မိစ္ဆာတွေက သူ့ကို လိုက်ဖမ်းနေကြတဲ့ပုံပဲ “

“ အဲ့လူက ကောင်းကင်ဘုံ စည်းမျဥ်းကို ချိုးဖောက်ခဲ့တာများလား။ နတ်မိစ္ဆာအများကြီးက သူ့ကို လိုက်ဖမ်းနေကြတယ် “

“ … “

သူတို့မြင်တွေ့လိုက်ရသည့် အရာကြောင့် အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူတို့က အရှိန်အဝါကို အဝေးကပင် ခံစားနေခဲ့ရသည်။ ထိုလူများသည် ကိုက်စားခံရမည်ကို ကြောက်ရွံ့သောကြောင့် တစ်ဦးပြီးတစ်ဦး ရှောင်ရှားနေကြတော့သည်။

ထို့နောက်တွင် လုချန်ရှန်းက တောင်တန်းဒေသနားသို့ ချဥ်းကပ်လာခဲ့သည်။ ဤပိုင်နက်က လုံးဝစုတ်ပြတ်သပ်နေပြီဖြစ်ကာ မြင်ကွင်းက အလွန်တရာ ဖရိုဖရဲဖြစ်နေခဲ့သည်။

သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ စစ်မြေပြင်အတွင်းသို့ တိုက်ရိုက်ခုန်ဆင်းသွားခဲ့သည်။

သူ၏လှုပ်ရှားမှုကြောင့် နတ်မိစ္ဆာများကပါ စစ်မြေပြင်အတွင်းသို့ ခုန်ဝင်လာခဲ့ကာ အခြေအနေကို ပို၍ပင် ဖရိုဖရဲဖြစ်သွားစေခဲ့၏။

“ မင်းမေကလွှား သူတို့တွေ ထပ်ရောက်လာပြန်ပြီ “

“ အများကြီးပဲ “

“ ဘာလို့ ဒီလောက်တောင်များနေရတာလဲ။ ငါထပ်ပြီးတော့ တောင့်မခံနိုင်တော့ဘူး “

“ … “

အသံများ အဆက်မပြတ် ပေါ်ထွက်နေခဲ့ကာ လုချန်ရှန်း ပေါ်ထွက်လာခဲ့၏။

အစတွင် သူသည် တိတ်တဆိတ် လစ်ထွက်သွားရန် ကြံရွယ်ထားခဲ့သည်။ သို့သော် အောက်ဘက်ရှိ နတ်မိစ္ဆများကို ဖိနှိပ်ရန် ရည်ရွယ်ထားသည့် မှော်ပစ္စည်းတစ်ခု ပျံတက်လာသည်ကို မြင်တွေ့သွားခဲ့သည်။ သို့ရာတွင် သူက မှော်ပစ္စည်းကို ပေါ့ပေါ့ပါးပါး ယူဆောင်သွားခဲ့သည်။

ထို့နောက်တွင် သူသည် လှည့်ထွက်ကာ ပျောက်ကွယ်သွားခဲ့သည်။

“ ငါ့ရဲ့ မှော်ပစ္စည်း ဘယ်နေရာမှာလဲ “

အသံသာ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။

ရှောင်ဟေးက စောင့်ကြည့်နေရင်းဖြင့် ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။ သူက ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ အမွေခံတစ်ဦးအဖြစ် မွေးဖွားလာခဲ့ခြင်း ဖြစ်ပြီး သူမမြင်တွေ့ဖူးသည့် ခမ်းနားသော မြင်ကွင်းမျိုးဆိုသည်မှာ အတော်ပင် ရှားပါးလွန်းလှသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူအမှန်ပင် အမြင်ကျယ်သွားခဲ့သည်။

လုချန်ရှန်းက ကောက်ကျစ်သည်ဆိုသည်ကို သူသိသော်လည်း နတ်မိစ္ဆာများကို အသုံးပြုကာ တစ်ခြားလူများကို သတ်ဖြတ်လောက်သည်အထိ ကောက်ကျစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ မင်းက ဘာကိုကြည့်နေတာလဲ “

ရှောင်ဟေးက အာရုံစူးစိုက်နေစဥ်အချိန်မှာပင် လုချန်ရှန်းရောက်လာခဲ့ကာ သူ၏ ပခုံးကို ပုတ်လိုက်သည်။

“ ငါဘာကိုကြည့်နေတယ်လို့ မင်းထင်လဲ “ ရှောင်ဟေးက အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေခဲ့ကာ ကိုယ့်ကိုကိုယ် စိတ်တည်ငြိမ်သွားစေရန် ကြိုးပမ်းလိုက်သည်။

လုချန်ရှန်းမှာလည်း နတ်မိစ္ဆာများ ဆွဲဆောင်နေခြင်းကို ရပ်တန့်လိုက်ကာ စိတ်လှုပ်ရှားဖွယ်ကောင်းသော ပြဇာတ်တစ်ခုကို ဤနေရာတွင် အနားယူနေရင်းဖြင့် စောင့်ကြည့်ရန် စီစဥ်နေတော့သည်။

လူနှစ်ဦးက တိတ်တဆိတ် စောင့်ကြည့်နေကြတော့သည်။ တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့ကာ အထွတ်အထိပ်သို့ပင် ရောက်ရှိသွားခဲ့သည်။ ကောင်းကင် ပြိုကျခြင်းကို မဆိုထားနှင့် ကမ္ဘာမြေ ပွင့်ထွက်သွားပြီး အက်ကြောင်းများ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားကာ သတ်ဖြတ်ခြင်းမှာလည်း အချိန်အတော်ကြာ မရပ်တန့်သွားခဲ့ပေ။

“ မင်းက အဲ့ဂိုဏ်းနှစ်ခုကို ဒီနေရာမှာ မြေမြှုပ်လိုက်ဖို့ ကြံနေတာလား “ ဟု ရှောင်ဟေးက မေးမြန်းလိုက်၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါ့ဆီမှာ အဲ့လို အကြံမျိုး မရှိပါဘူး “

“ အဲ့တာဆိုရင် မင်းဘာလုပ်နေတာလဲ “

“ အလားအလာတွေကို နှိုးဆွပေးနေတာလေ “

ရှောင်ဟေး : “ … “

လုချန်ရှန်းက လွမ်းမောနေပုံရပြီး တစ်စုံတစ်ခုကို မှတ်မိသွားကာ စကားထပ်ပြောနေတော့၏ “ ငါ ကန်းယွင်ဂိုဏ်းမှာ ရှိခဲ့တဲ့ အချိန်တုန်းကဆိုရင် အကြီးအကဲတစ်ချို့ရယ် တောင်ထွတ်သခင်တွေရယ် တပည့်တွေရယ် ဒါမှမဟုတ် ဂိုဏ်းခေါင်းဆောင်ပါအပါ သူတို့က ကျင့်ကြံရေးကို လျစ်လျူရှုထားတဲ့ အချိန်ကျရင် ငါက သူတို့ကို လှုံ့ဆော်ပေးပြီးတော့ သူတို့ရဲ့ အလားအလာတွေကို အကောင်းဆုံး ဆွဲထုတ်ပေးခဲ့တာ “

“ အဲ့တာဆိုရင် ဘာလို့ မင်းမျက်နှာကို ဖုံးထားပြီးတော့ တပည့်တွေကို လိုက်ရိုက်နေရတာလဲ “

ရှောင်ဟေးက သူ့ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ထိုကဲ့သို့ ဆန်းသစ်ကာ နက်နဲသော ကျင့်ကြံရေးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားသိလိုက်ရခြင်း ဖြစ်သည်။

လုချန်ရှန်းက စကားဆက်ပြောလာခဲ့သည် “ အခုလည်း စည်းမျဥ်းစည်းကမ်းတွေ တူနေတုန်းပါပဲ။ ငါက နတ်မိစ္ဆာတွေကို ကူစုပေးပြီးတော့ သူတို့ရဲ့ အလားအလာကို ဆွဲထုတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဖိအားကို ပေးလိုက်တာလေ။ သူတို့က သေခါနီး အခြေအနေမျိုးနဲ့ ဘက်ပေါင်းစုံမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီ။ ကံသာ နည်းနည်းလေး ပိုကောင်းမယ်ဆိုရင် သူတို့က အဆင့်တောင်တက်သွားလောက်တယ် “

“ တကယ်လို့ သူတို့က သူတို့ရဲ့ အလားအလာတွေကို မဆွဲထုတ်နိုင်ဘူးဆိုရင်ကော “

“ နှမြောစရာပဲပေါ့ “

“ … “

ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဒီကောင်က လူမှန်လူဖြောင့်တစ်ယောက်လို ဘယ်လိုလုပ် ပြောနေရတာတုန်း။

ထိုလူများက လုချန်ရှန်းကို အရင်ဦးဆုံး ပြဿနာရှာကာ လှုပ်ရှားခဲ့ကြသော်လည်း ဤမြင်ကွင်းမှာ အမှန်ပင် ရက်စက်လွန်းနေခဲ့ကာ သူ့ကိုပင် မကြည့်ဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားစေခဲ့၏။

ထိုကဲ့သို့‌ သွေးစွန်းသည့်မြင်ကွင်းက အတော်ပင် ရှားပါးလွန်းလှသည်။ သူသည် ထိုလူများက အမှန်တရားကို သိရှိသွားခဲ့သည့်နောက်တွင် ထိုလူများ၏ တာအိုနှလုံးသားက တည်ငြိမ်နေနိုင်ဦးမလားဆိုသည်ကို သိချင်သွားခဲ့သည်။

သူတို့က စကားပြောနေကြသည့် အချိန်မှာပင် အဝေးတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။

ပုံရိပ်နှစ်ခု ချဥ်းကပ်လာခဲ့ပြီး နှစ်ဦးစလုံးက မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်များဖြစ်နေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူတို့က နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့၏ လက်များကို မြှောက်လိုက်ရာ မှော်စွမ်းအားများ လိမ်ယှက်လာခဲ့ပြီး အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များအဖြစ် အသွင်ပြောင်းသွားကာ ရုတ်တရက် ကျဆင်းလာခဲ့၏။

အလင်းတန်းများ နိမ့်ဆင်းလာခဲ့ပြီး နတ်မိစ္ဆာများစွာ ပျောက်ကွယ်သွားခဲ့သည်။ အလင်းတန်းများက တံဆိပ်ပြားများအဖြစ် ပေါင်းစည်းသွားခဲ့ကာ သူတို့၏ မျက်ဝန်းများအတွင်းတွင် အေးစက်မှုတို့ဖြင့် ပြည့်နေခဲ့သည်။

“ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တွေ‌ ရောက်လာပြီ “ ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏။

သူတို့၏ ကြားဝင်စွက်ဖက်မှုကြောင့် ကောင်းမွန်သော အခြေအနေမှာ လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

“ ငါတို့ ဘာလုပ်သင့်လဲ “

ရှောင်ဟေးက ငေးကြည့်လာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဆင်‌ပြေပါတယ်။ လမ်းမှာတုန်းက အကောင်ကြီးတစ်ကောင်တွေ့ခဲ့တယ်။ သူ့ကိုပါ သွားခေါ်လိုက်မယ် “

ထို့နောက်တွင် သူသည် ကောင်းကင်ထက်သို့ ခုန်တက်သွားကာ မိုးကုပ်စက်ဝိုင်းအတွင်းသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။

အပြောင်းအလဲများကြောင့် မျှော်လင့်ချက်ကို မြင်တွေ့သွားသည့်အလား သူတို့၏ တိုက်ပွဲဝင်လိုစိတ်များ မြင့်တက်လာခဲ့၏။

မကြာခင်အချိန်မှာပင် လုချန်ရှန်းက ဤနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူ့အနောက်တွင် ဆယ်ပေတိတိ မြင့်မားသည့် နတ်မိစ္ဆာတစ်ကောင်က အနီးကပ်လိုက်ပါလာခဲ့သည်။ ၎င်းက လူသားပုံသဏ္ဍာန်ရှိသော်လည်း ရန်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အကြေးခွံမှ မရှိဘဲ လိမ်ယှက်နေသည့် ပုံစံကွက်များသာ ရှိနေခဲ့သည်။

၎င်း၏ဦးခေါင်းပေါ်တွင် ရှိနေသည့် ဦးချိုနှစ်ချောင်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေလျက်ရှိပြီး နောက်ကျောတွင် ရှိနေသည့် တောင်ပံတစ်စုံမှာလည်း မည်သည့် အမွှေးအတောင်မှ ရှိမနေဘဲ စိမ်းညိုရောင် တောက်နေခဲ့ပြီး အရိုးပုံစံကွက်များကိုပင် မြင်တွေ့နေခဲ့ရသည်။

လုချန်ရှန်းမှာ ယခင်ကကဲ့သို့ပင် လူအုပ်အတွင်းသို့ ခုန်ဆင်းသွားပြီး နတ်မိစ္ဆာမှာလည်း အနီးကပ် လိုက်ပါသွားခဲ့သည်။ ၎င်း၏ အရှိန်အဝါက လူတိုင်းကို ခြိမ်းခြောက်နေခဲ့၏။

“ မွေးရာပါ ဝိညာဥ် အဆင့်၉ “

အာမေဋိတ်သံများ ပေါ်ထွက်လာခဲ့ပြီး မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်နှစ်ဦး၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူတို့က အဆင့်တူနေကြသော်လည်း နတ်ဆိုး၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ ၎င်း၏ အသက်စွမ်းအားမှာလည်း ကြောက်ခမမ်းလိလိ ခိုင်ခံ့နေလျက်ရှိ၏။

၎င်းသာလျှင်မဟုတ်ဘဲ ထိုနေရာတွင် မွေးရာပါ ဝိညာဥ်အဆင့်၈ နတ်မိစ္ဆာတစ်ကောင်ပါ ရှိနေခဲ့သည်။ ၎င်းတို့၏ ရောက်ရှိလာမှုက လူတိုင်းကို ကြောက်လန့်တကြား ဖြစ်သွားစေရန် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။

“ အဲ့တာဆိုရင် လုံလောက်သင့်တယ် “

လုချန်ရှန်းကမူ စစ်မြေပြင်၏ အဝေးသို့ ပျံသန်းသွားကာ တိုက်ပွဲကို စောင့်ကြည့်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦး ရောက်ရှိလာသည်ကို သူအာရုံခံမိသွားခဲ့သည်။ ထိုလူက သူ၏ လမ်းကြောင်းကို ပိတ်ဆို့ကာ ပြေးပေါက်ကို ဖြတ်တောက်လာခဲ့၏။

ရောက်ရှိလာသူမှာ ကျက်သရေရှိသော အင်မော်တယ်တစ်ပါး၏ ကိုယ်ဟန်အနေအထားမျိုးနှင့် သေသပ်လှပသော မျက်နှာတို့ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ သူမနှင့်အတူ အေးစက်မှုတစ်ခုပါ အဖော်ပြုလိုက်ပါလာခဲ့ပြီး သူမက လနန်းတော်မှ နတ်သမီးတစ်ပါးကဲ့သို့ လူမဆန်လောက်အောင် လှပနေခဲ့၏။

၎င်းက စုမူယွဲ့ဖြစ်ပြီး သူမ၏ လှပသော မျက်လုံးလေးများအတွင်းတွင် အဆုံးမဲ့ ဒေါသများ ဖွဲ့တည်နေကာ လုချန်ရှန်းကို အေးစက်စွာ စိုက်ကြည့်နေလျက်ရှိသည်။

--

………………………………………………………………………………………………………………………………………..

All Chapters