← Chapters

အခန်း ၂၇၇

Vol. 19 Ch. 277

အခန်း ၂၇၇

Vol. 19 Ch. 277

အပိုင်း ( 277 )

ငါက မိန်းမတွေကို မရိုက်ဖူးဘူးလို့ နင်ထင်နေတာလား

စုမူယွဲ့သည် လနန်းတော်မှ နတ်သမီးတစ်ပါးကဲ့သို့ အထက်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး လုချန်ရှန်းကို ငုံ့ကြည့်ကာ သူမ၏အကြည့်များက ဒေါသတို့ဖြင့် တောက်နေလျက်ရှိပြီး လုချန်ရှန်းက အစွမ်းထက် နတ်မိစ္ဆာနှစ်ကောင်ကို ဆွဲဆောင်၍ စစ်မြေပြင်ဆီသို့ ခေါ်ဆောင်သွားသည်ကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေခဲ့ရသည်။

ထိုကဲ့သို့သော လုပ်ရပ်မျိုးကို မည်သူက သည်းခံနိုင်မည်နည်း။

“ နင်ဘယ်သူလဲ “

စုမူယွဲ့က ကြည်လင် အေးစက်သော လေသံမျိုးဖြင့် စကားပြောလာခဲ့၏။

လုချန်ရှန်းကမူ အနက်ရောင် ဝတ်စုံအောက်တွင် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကာ ပြန်ပြောလိုက်သည် “ နင်နဲ့ဘာဆိုင်လို့လဲ “

စုမူယွဲ့က စကားထပ်ပြောလာခဲ့၏ “ ငါတို့က နင်နဲ့ ရန်ငြိုး‌တွေ မကျေနပ်ချက်တွေ မရှိပါဘူး။ ဒါပင်မဲ့ နင်က ဒီလိုလုပ်ရပ်မျိုးကို တကယ်ကြီး လုပ်နေခဲ့တယ်။ နောက်ဆက်တွဲအကျိုးဆက်တွေကို နင်သိလား “

“ ရန်ငြိုးတွေ မကျေနပ်ချက်တွေ မရှိတာလား။ နောက်ဆက်တွဲ အကျိုးဆက်လား “ လုချန်ရှန်းသည် မအောင့်ထားနိုင်တော့ဘဲ ရယ်မောကာ လှောင်ပြောင်လိုက်သည် “ နင်တို့ရဲ့ ထျန်းကျီစံအိမ်နဲ့ ထျန်းရီ မြင့်မြတ်နယ်မြေတွေက ငါ့ရဲ့ အမှတ်အသားကို သိမ်းယူဖို့ ပေါင်းကြံနေခဲ့တဲ့ အချိန်တုန်းကရော အဲ့လုပ်ရပ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို စဥ်းစားခဲ့လို့လား “

“ ပေါက်ကရတွေ။ အဲ့လိုလှည့်ကွက်မျိုးတွေ လာမသုံးနဲ့ “

စုမူယွဲ့က သူ့ကို အော်ငေါက်လာခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဒါဆိုရင်လည်း နင့်ဘာသာ သူတို့ကို မေးကြည့်လိုက်လေ “

ထို့နောက်တွင် သူသည် ချီစွမ်းအားလက်ကြီးကို ဆန့်ထုတ်လိုက်ကာ လူအုပ်အတွင်းရှိ အဘိုးအိုတစ်ဦးကို ဆွဲယူလိုက်သည်။ ထိုလူက အစောပိုင်းအချိန်များအတွင်းက လုချန်ရှန်းကို လှည့်စားရန် ကြိုးပမ်းခဲ့သည့် အဘိုးအိုပင် ဖြစ်သည်။

“ အကြီးအကဲလီ “

စုမူယွဲ့မှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

စုမူယွဲ့ကို မြင်လိုက်ရသောအခါတွင် အဘိုးအို၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော် လုချန်ရှန်းကို ကြည့်နေသည့် အချိန်တွင် သူသည် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။ သူသည် လုချန်ရှန်းကို မှတ်မိနေခဲ့သည်။

“ မင်းပဲ မင်းက စစ်မြေပြင်ကနေ ထွက်သွားပြီ မဟုတ်ဘူးလား “

ထိုစကားကို ကြားလိုက်ရသောအချိန်၌ စုမူယွဲ့၏ စိတ်ထဲတွင် ဆိုးရွားသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

“ အကြီးအကဲလီ ရှင်က သူ့ကို တကယ်ကြီး တိုက်ခိုက်ခဲ့တာလား “

အဘိုးအို၏ အမူအရာမှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်သည်။

သူက မတုံ့ပြန်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားဝင်ပြောနေတော့၏ “ စကားမပြောဘူးဆိုတာနဲ့ ဒုက္ခက လွတ်မယ်လို့ မထင်လိုက်နဲ့။ တကယ်လို့ မင်းစကားမပြောဘူးဆိုရင် မင်းရဲ့ ရှေးဦးဝိညာဥ်ကို ဆွဲထုတ်ပြီးတော့ မင်းရဲ့ မှတ်ဉာဏ်တွေထဲမှာ ရှာပေးမယ် “

“ မင်း ………… “

အဘိုးအိုမှာ အထိတ်တလန့်ဖြစ်သွားကာ အံကြိတ်၍ ပြန်ပြောလိုက်သည် “ အင်း အဲ့လိုပဲ “

“ တွေ့လား။ ငါ့ကို အပြစ်တင်လို့မရဘူး “

လုချန်ရှန်းသည် သူမကို ငေးကြည့်လိုက်ကာ သူမ၏ တုံ့ပြန်မှုကို သိချင်သွားခဲ့သည်။

စုမူယွဲ့၏ ပြစ်ချက်ကင်းသော မျက်နှာပေါ်တွင် ရှိနေသည့် အမူအရာ ပြောင်းလဲသွားခဲ့သည်။ တစ်ခဏခန့် ရုန်းကန်နေခဲ့ပြီးသည့်နောက်တွင် သူမက စကားထပ်ပြောလာခဲ့၏ “ ကျွန်မတို့က အရင်မှားခဲ့တာပါ။ ဒါပင်မဲ့ ရှင်က အဲ့လို သတ်ပွဲကြီးကို မဖန်တီးလိုက်သင့်ဘူး။ ကျွန်မတို့က နတ်မိစ္ဆာဝိညာဥ်တွေကို သတ်ပြီးတော့ ဒီကမ္ဘာကြီးကို သန့်စင်သွားအောင် လုပ်ပေးဖို့ လာခဲ့ကြတာ။ ရှင့်ရဲ့ လုပ်ရပ်တွေက နတ်မိစ္ဆာတွေကို ကူညီပေးတာနဲ့ ဘာကွာတော့မှာလဲ “

“ ဖွီ “

လုချန်ရှန်းသည် မည်သို့မျှ သည်းမခံနိုင်တော့ဘဲ တိုက်ရိုက်တံတွေးထွေးလိုက်သည်။

“ နင်တို့က တကယ်ကို အရှက်မရှိဘူး။ သူတို့က ကောင်းမှုကံနှင့် နတ်မိစ္ဆာအရင်းအမြစ်ကို လဲလှယ်ဖို့အတွက် အမှတ်အသားတွေ ရဖို့အတွက် အဲ့တာတွေကို သတ်နေကြရုံပဲ။ ကိုယ့်ကိုကိုယ် အရမ်းမြင့်မြတ်နေတယ်လို့ မထင်လိုက်နဲ့။ မြင့်မြတ်နယ်မြေလို့ ခေါ်လိုက်တာနဲ့ တစ်ခုခု ထူးခြားနေပြီလို့ ထင်နေတာလား။ ဟာသပဲ။ ဘယ်လောက်တောင် ရွံဖို့ကောင်းလိုက်လဲ “

လုချန်ရှန်း၏ စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် စုမူယွဲ့၏ အမူအရာမှာ ဒေါသတို့ဖြင့် ဖြူဖျော့သွားခဲ့သည်။

သူမက မြင့်မြတ်သည့် နတ်ဘုရားမတစ်ပါးအဖြစ် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ နှိမ့်ချခံနေရမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

“ နင် …… “

“ ဘာကိုနင်လဲ။ တစ်ခြားလူတွေက နတ်ဘုရားမလို့ ခေါ်လိုက်တာနဲ့ ကိုယ့်ကိုကိုယ် နတ်ဘုရားတစ်ပါးဖြစ်နေပြီလို့ တကယ်ထင်နေတာလား။ နင်က တစ်ခြားလူတွေရဲ့ ကောင်းမှုကံတွေကို မှီခိုနေခဲ့ပြီးမှ ဒီလိုအခြေအနေမျိုးအထိ ရောက်လာခဲ့တာ။ နင့်ကိုယ်နင် အံ့ဖွယ်ကောင်းနေတယ်လို့ ထင်နေပြီးတော့ ငါ့ကို လက်ချာလာရိုက်နေတယ်ပေါ့လေ။ နင့်ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ။ အဲ့တာကို ထပ်မလိုချင်တော့ဘူးလား “

ချက်ချင်းဆိုသလိုပင် စုမူယွဲ့မှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။

အဘိုးအို၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူအော်ငေါက်ရန် ပြင်လိုက်သည့် အချိန်မှာပင် မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ကာ သူ့ကို ချေမှုန်းသွားခဲ့သည်။ တံဆိပ်ပြားတစ်ခုက လုချန်ရှန်း၏ လက်အတွင်းသို့ ကျဆင်းသွားခဲ့သည်။

“ မင်းရဲ့ အပေါက်ကို ပိတ်နေခဲ့ပြီးမှ စကားထပ်ပြောချင်နေသေးတာလား “

လုချန်ရှန်းက အေးစက်စွာ လှောင်ပြောင်လိုက်ကာ အနောက်သို့ ငေးကြည့်နေတော့သည်။ တိုက်ပွဲအခြေအနေက သူ့ကြောင့် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အရှေ့ပိုင်းဒေသ၏ လူများက တဖြည်းဖြည်း နောက်ဆုတ်နေခဲ့ရပြီး မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်မှာလည်း ကြီးကြီးမားမား ပွင့်ထွက်နေကာ သွေးများ အဆက်မပြတ် စီးထွက်လာနေခဲ့ပြီး သေလု‌မျောပါးဖြစ်နေခဲ့သည်။

နတ်မိစ္ဆာ ဝိညာဥ်များမှာလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သည်။ အကယ်၍ မည်သူမှ ထပ်မရောက်လာဘူးဆိုပါက တိုက်ပွဲက ပြီးဆုံးသွားဖို့သာ များပေသည်။

သို့ရာတွင် သူသည် မည်သို့မျှ ပျင်းရိမနေခဲ့ပေ။ သူ၏မှော်စွမ်းအားများ မြင့်တက်လာခဲ့ကာ တိုက်ပွဲတွင် သေဆုံးသွားသူများ၏ ခါးတွင် ရှိနေသည့် တံဆိပ်ပြားများကို သူ၏လက်အတွင်းသို့ ဆွဲယူလိုက်၏။

“ အတင့်ရဲလိုက်တာ “

စုမူယွဲ့က ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။

လုချန်ရှန်းကမူ သူ၏အကျ်ီ လက်များကို လိပ်တင်ကာ ပြန်ပြောလိုက်သည် “ ဒီမှာ လာအော်မနေနဲ့။ တစ်ခြားလူတွေကတော့ နင့်ရဲ့ ရုပ်ရည်ကို ကြည့်ပြီး နင့်ကို နတ်ဘုရားမလို့ခေါ်ပြီးတော့ မျက်နှာသာ ပေးကြမယ်ဆိုပင်မဲ့ နင်က မျက်နှာကြီးတယ်လို့ တကယ်ထင်နေတာလား။ ငါက မိန်းမတွေကို မရိုက်ဖူးဘူးလို့ ထင်နေတာလား “

သူ၏ စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့၏။

စုမူယွဲ့မှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူမသည် ဤလူက ထိုမျှလောက် ရက်စက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် ချက်ချင်းလှုပ်ရှားကာ သူမ၏ နည်းစနစ်ကို ထုတ်ပြလိုက်သည်။

ထိုစဥ် လုချန်ရှန်းသည် သူမက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေပြီဆိုသည်ကို သိရှိသွားခဲ့သည်။ အဆိုပါ အမြန်နှုန်းက အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။ လုချန်ရှန်းကပင် ၎င်းကို အမှီလိုက်နိုင်မည် မဟုတ်ပေ။

သို့ရာတွင် ၎င်းက မည်သည့်အရာကိုမှ မပြောင်းလဲပေးနိုင်ခဲ့ပေ။

စုမူယွဲ့မှာ တိုက်ကွက်တစ်ခုတည်းဖြင့် လွင့်ထွက်သွားကာ တောင်ကုန်းတစ်ခုနှင့် တိုက်မိသွားခဲ့သည်။ လေထုအတွင်းတွင် ဖုန်မှုန့်တို့ဖြင့် ပြည့်နှက်သွားပြီး လုချန်ရှန်းသည် ရှေ့သို့ ခုန်တက်သွားကာ ထပ်မံ၍ တိုက်ခိုက်နေတော့သည်။

ထိုမိန်းမကို မသတ်နိုင်ဘူးဟု ကူချန်ကျွင်းက ပြောခဲ့သော်လည်း ဒေါသဖြေဖျောက်သည့်အနေဖြင့် သူမကို လွတ်လွတ်လပ်လပ် ရိုက်နှက်နိုင်ပေသည်။

တောက်ပသော အလင်းတန်းတစ်ခုက ကောင်းကင်ပြင်ကို လင်းထိန်သွားစေခဲ့ပြီး သတ်ဖြတ်လိုစိတ် တစ်ခုအဖြစ် ဖွဲ့တည်သွားကာ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့၏။

သို့သော် ၎င်းက နီးကပ်သွားသည့် အချိန်တွင် အစိမ်းရောင် အလင်းတန်းတစ်ခု ထောင်တက်လာခဲ့ကာ တိုက်ခိုက်မှုကို ဖြိုခွင်းလိုက်သည်။ လေထုအတွင်းတွင် အစိမ်းရောင်လမင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး စုမူယွဲ့သည် ၎င်း၏ အရှေ့တွင် မတ်တပ်ရပ်ကာ အံ့ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

“ နင်ဘယ်သူလဲဆိုတာကို ငါဂရုမစိုက်ဘူး။ ဒါပင်မဲ့ သူတို့က မှားနေတယ်ဆိုရင်တောင်မှ နင်က အဲ့လိုသတ်ပွဲကြီးကို ပေါ့ပေါ့တန်တန် မဖန်တီးလိုက်သင့်ဘူး “

အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး အစိမ်းရောင် လအလင်းတန်း ကျဆင်းလာခဲ့ကာ သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့သည်။

လုချန်ရှန်းကမူ ခြေတစ်လှမ်းလှမ်း၍ ကောင်းကင်ထက်သို့ ပြေးတက်သွားပြီး ထိုနေရာသို့ ထပ်မံ၍ တိုက်ခိုက်ကာ တစ်ချိန်တည်းမှာပင် စကားလှမ်းပြောနေခဲ့သည်။

“ နင်ပြောတာက လူစကားဟုတ်ရဲ့လားဆိုတာကို နင်ကိုယ်တိုင်ရော ပြန်နားထောင်ဖြစ်ရဲ့လား “

ဘမ်းးး

ချက်ချင်းဆိုသလိုပင် တုန်ခါသံတစ်သံ ပဲ့တင်ထပ်လာခဲ့ပြီး လုချန်ရှန်းက အစိမ်းရောင်လမင်း၏ အရှေ့သို့ ရောက်ရှိသွားခဲ့သည်။

သူသည် လက်သီးချက်တစ်ချက်တည်းဖြင့် အစိမ်းရောင်လကို ခါရမ်းသွားစေပြီး အက်ကြောင်းများ ထသွားစေခဲ့၏။ စုမူယွဲ့ကမူ ခုခံရန် ကြိုးပမ်းနေခဲ့ကြသည်။ သို့သော် သူမသည် အစိမ်းရောင်လမင်းနှင့်အတူ ပေပေါင်းဒါဇင်နှင့်ချီ၍ နောက်ဆုတ်သွားခဲ့ရသည်။

စုမူယွဲ့၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

လုချန်ရှန်းက ထပ်မံ၍ ရောက်ရှိလာခဲ့ကာ လက်သီးများကို တစ်လုံးပြီးတစ်လုံး ပစ်သွင်းနေခဲ့ကာ သူမကို ဆက်တိုက်နောက်ဆုတ်သွားစေခဲ့၏။

သူမသည် ထပ်ခါတလဲလဲ အံ့အားသင့်သွားခဲ့ရပြီး အတွေးများ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

ယုတ္တိရှိရှိ ပြောရမည်ဆိုပါက သူမ၏ ယခုလက်ရှိ ကျင့်ကြံရေးနှင့်သာဆိုပါက မွေးရာပါ ဝိညာဥ်နယ်ပယ်ရှိ မည်သူကမှ သူမကို မလှုပ်ခတ်နိုင်သင့်ပေ။ သို့သော် ယခုတွင်မူ သူမက ခုပင်မခုခံနိုင်ဘဲ ရိုက်နှက်ခံနေခဲ့ရသည်။

စုမူယွဲ့၏ လှပသော မျက်နှာလေးမှာ အေးစက်စက် ဖြစ်သွားခဲ့သည်။ သူမက လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ သူမ၏အနောက်တွင် ရှိနေသည့် အစိမ်းရောင်လက ရုတ်တရက် လှုပ်ရှားလာခဲ့ပြီး လုချန်ရှန်းဆီသို့ ပျံသန်းသွားကာ သူ့ကို ဖိနှိပ်ရန် ကြံရွယ်နေတော့သည်။

သို့သော် လုချန်ရှန်း၏ မှော်စွမ်းအားများ စုစည်းလာခဲ့ပြီး ၎င်းထံသို့ ပြေးတက်သွားကာ ကျဆင်းလာသည့် အစိမ်းရောင်လနှင့် ထိပ်တိုက်ရင်ဆိုင်နေတော့၏။ သူ၏ ခြေထောက်များက လေထုအတွင်းသို့ ကျဆင်းလာသည့် အချိန်တွင် တုန်ခါသံများ အဆက်မပြတ် ပေါ်ထွက်လာခဲ့ပြီး သူ၏ခြေလှမ်းများနှင့်အတူ လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာခဲ့၏။

၎င်းတို့သာလျှင် မဟုတ်ပေ။ သူသည် အစိမ်းရောင်လ၏ ထိပ်ဖျားကို လက်နှစ်ဖက်စလုံးဖြင့် ဆွဲကိုင်လိုက်၏။ သူ၏လက်နှစ်ဖက်မှ တောင်တန်းများနှင့် ပင်လယ်တို့ကိုပင် မှောက်ခုံဖြစ်သွားစေနိုင်သည့် မှော်စွမ်းအားများ မြင့်တက်လာခဲ့သည်။ အစိမ်းရောင်လမှာ လွှဲရမ်းခံလိုက်ရကာ မိုးကုပ်စက်ဝိုင်းဆီသို့ ပစ်လွှတ်ခံလိုက်ရ၏။

“ ဘာကြီး “

စုမူယွဲ့မှာ အလွန်တရာ ထိတ်လန့်သွားခဲ့သည်။

လုချန်ရှန်းက ထပ်မံ၍ တိုက်ခိုက်နေတော့ပြန်သည်။ သူ၏လက်သီးများက မုန်တိုင်းတစ်ခုအလား ကျရောက်နေခဲ့၏။ သူမက တိုက်ခိုက်မှုများနှင့် ဆုံတွေ့သွားပြီး အဆက်မပြတ် နောက်ဆုတ်သွားခဲ့ရသည်။ သို့သော် သူမ၏ မျက်ခုံးများအကြားတွင် ရှိနေသည့် ရုန်းက အစိမ်းရောင်အလင်းတန်းနှင့်အတူ ဆက်တိုက်လင်းလက်နေကာ တိုက်ခိုက်မှုကို တားဆီးပိတ်ဆို့ခဲ့သည်။

“ အရင်ကလိုမျိုး ဘယ်လောက်တိုက်တိုက် ခံနိုင်ရည်ရှိနေတုန်းပဲ။ နင်က ပစ်မှတ်အထားခံရဖို့အတွက် မွေးဖွားလာခဲ့တာပဲ “

လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။ သို့သော် သူ၏လှုပ်ရှားမှုများက မည်သို့မျှ မနှေးကွေးသွားခဲ့ပေ။ သူသည် အရှေ့သို့ ထပ်မံ၍ ပြေးတက်သွားခဲ့ပြန်သည်။ ထိုအခိုက်အတန့်တွင် မှော်စွမ်းအားများ ဆင်းသက်လာခဲ့ကာ ပတ်ဝန်းကျင်ကို ချုပ်နှောင်သွားခဲ့သည်။ သူသည် သူမနှင့် ထပ်မတိုက်ချင်တော့ဘဲ သူမကို ဖိနှိပ်၍ ခေါ်ဆောင်သွားချင်ခဲ့၏။

စုမုယွဲ့မှာလည်း သူ၏ ရည်ရွယ်ချက်ကို သတိပြုမိသွားကာ လွတ်မြောက်ရန် ရုန်းကန်နေတော့သည်။ မှော်ပစ္စည်းများ ဆက်တိုက် ပေါ်ထွက်လာခဲ့ကာ အရှေ့သို့ အဆက်မပြတ် တိုက်ခိုက်နေခဲ့သော်လည်း မည်သို့မျှ အသုံးမဝင်ခဲ့ပေ။

သူမအရှေ့တွင် ရှိနေသည့် လူက သားရဲရိုင်းတစ်ကောင်းအလား ဖြစ်နေခဲ့ပြီး မှော်ပစ္စည်းများကို လက်ဗလာဖြင့် တိုက်ခိုက်ချေမှုန်းဖျက်စီးကာ ဟင်းလင်းပြင်ကိုပင် ခါရမ်းသွားစေခဲ့သည်။ မှော်ပစ္စည်းများသည် အစိမ်းရောင်လကဲ့သို့ တစ်ခုပြီးတစ်ခု လွင့်ထွက်သွားပြီး တောင်တန်းများနှင့် ဝင်ဆောင့်မိသွားကာ ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် သူမက အပြည့်အဝ ဖိနှိပ်ခံလိုက်ရ၏။

သို့သော် ဒေါသတကြီး အော်ဟစ်လိုက်သည့် အသံတစ်သံက အနောက်ဘက်မှ ပေါ်ထွက်လာခဲ့သည်။

“ ဘယ်လိုတောင် အတင့်ရဲနေတာလဲ “

ထိုအသံနှင့်အတူ ‌မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တစ်ဦးပါ ရောက်ရှိလာခဲ့သည်။ ထိုလူက နတ်မိစ္ဆာဝိညာဥ်ကြောင့် ဒုက္ခိတဖြစ်သွားခဲ့သည့်လူပင် ဖြစ်သည်။

သူသည် အတားအဆီးများကို အရူးအမူး ထိုးဖောက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပင် ထပ်မံ၍ စုတ်ပြတ်သပ်သွားခဲ့ပြီး သွေးများအဆက်မပြတ် စီးထွက်လာကာ သွေးနီရောင်ဖြစ်သွားခဲ့သည်။

“ သွား “

သူသည် သူ၏ခွန်အားကို အကုန်အစင် အသုံးပြုကာ သူမကို အဝေးသို့ ပစ်လွှတ်လိုက်သည်။ နောက်ပြန်လှည့်လာခဲ့သည့် အချိန်တွင် လုချန်ရှန်းက ထပ်မံ၍ လိုက်ဖမ်းနေမည်ကို စိုးရိမ်သွားကာ ကျယ်လောင်စွာ ဟိန်းဟောက်၍ ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်သည်။

ထိုနေရာမှာ ပြင်းထန်သော စွမ်းအင်လှိုင်းများ ပေါက်ထွက်လာခဲ့ပြီး ဆူဆူညံညံ ဖြစ်သွားကာ အဝေးသို့ပင် ပျံ့လွင့်သွားခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တစ်ဦး၏ ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်းက မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။ ၎င်းက ကမ္ဘာမြေကို လှုပ်ခါသွားစေခဲ့ပြီး ကောင်းကင်ပြင်ကို လွှမ်းခြုံသွားကာ သွေးနှင့် အရာအားလုံး ရောယှက်သွားပြီး ဟင်းလင်းပြင်ကိုပင် နီဆွေးသွားစေခဲ့၏။

ရှောင်ဟေး၏ စိတ်နှလုံးသား တင်းကြပ်သွားခဲ့သည်။ သို့သော် မီးခိုးလုံးနှင့် ဖုန်မှုန့်များ လွင့်ပါးပျောက်ကွယ်သွားသည့် အချိန်၌ ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ပုံရိပ်တစ်ခု ရှိနေသေးသည်ကို သူမြင်တွေ့သွားခဲ့သည်။ အနက်ရောင်ဝတ်စုံက လေထုနှင့်အတူ ယိမ်းနွဲ့နေခဲ့သော်လည်း ၎င်း၏ အစိတ်အပိုင်း တော်တော်များများက ပျက်စီးနေခဲ့ပြီဖြစ်သည်။

လုချန်ရှန်းက ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့ကာ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည်။

“ ဒီနေ့ခေတ် လူငယ်တွေက ဒီလောက်တောင် ဇွတ်တရွတ်နိုင်လွန်းတာလား “

--

…………………………………………………………………………………………………………………………………………

All Chapters