← Chapters

အခန်း ၂၇၈

Vol. 19 Ch. 278

အခန်း ၂၇၈

Vol. 19 Ch. 278

အပိုင်း ( 278 )

ကြောက်မက်ဖွယ်ကောင်းသော ဓားကျမ်းစာ

လုချန်ရှန်းမှာ စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေခဲ့ပြီး အဆိုပါ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်က သူ့ကိုယ်သူ ဖောက်ခွဲကာ စုမူယွဲ့အား အဝေးသို့ ပို့ဆောင်လိုက်သည်ကို စောင့်ကြည့်နေခဲ့သည်။

ဖြစ်စဥ်တစ်ခုလုံးက ချောချောမွေ့မွေ့ပင် ပြီးဆုံးသွားခဲ့သည်။

လုချန်ရှန်းမှာလည်း ပေါက်ကွဲမှုကြောင့် တန်ကြေးတစ်ခု ပေးချေလိုက်ရသည်။ သူ၏ ချစ်လှစွာသော အနက်ရောင် ဝတ်စုံ ပျက်စီးသွားခဲ့ကာ အသစ်တစ်စုံဝယ်ယူရန်အတွက် ငွေသုံးရတော့မည် ဖြစ်သည်။

သို့ရာတွင် ရှောင်ဟေးကမူ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားကာ လုချန်ရှန်းက ဖုန်ခါနေသည်ကို စောင့်ကြည့်နေခဲ့သည်။ ထိုအကောင်မှာ အဝတ်အစား ပျက်စီးသွားခြင်းမှအပ မည်သည့်အရာမှ မဖြစ်ခဲ့ဘဲ အပြည့်အဝ အဆင်ပြေနေခဲ့ကာ လက်နက်တစ်လက်ထပ်ပင် ပိုမိုခံနိုင်ရည်ရှိနေခဲ့၏။

လုချန်ရှန်းမှာလည်း အစောပိုင်း အချိန်များအတွင်းက လူက မိုက်မဲလွန်းသည်ဟု ထင်နေခဲ့ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သူသည် သူက စုမူယွဲ့ကို မသတ်နိုင်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ အများဆုံးအနေဖြင့် သူက သူမကို ဖိနှိပ်ထားရုံသာ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။

အကယ်၍ သူမက ဖိနှိပ်ခံလိုက်ရမည်ဆိုလျှင်တောင်မှ ၎င်းက ကိစ္စကြီးတစ်ခု မဟုတ်ဘဲ ဝိညာဥ်ကျောက်တုံးများဖြင့် ဖြေရှင်းနိုင်သော ကိစ္စတစ်ခု ဖြစ်ပေသည်။ သူက သေလမ်းကိုသာ အတင်းအကြပ် ရွေးချယ်သွားခဲ့သောကြောင့် သူ၏ဦးခေါင်းက တစ်ခုခုမှားနေမည်မှာ သေချာလှသည်။

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းသည် သူ့အနောက်တွင် ရှိနေသည့် စစ်မြေပြင်ကို ငေးကြည့်နေတော့သည်။ နတ်မိစ္ဆာဝိညာဥ်များက အသာစီးရနေခဲ့ကာ လူသားများက လုံးဝဖိနှိပ်ခံလိုက်ရပြီး သူတို့ သေဆုံးသွားရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိသာ လိုအပ်တော့သည်။

လုချန်ရှန်းသည် သေဆုံးသွားသူများ၏ အမှတ်အသားများကို လိုက်လံသိမ်းဆည်းနေတော့သည်။

ကျန်ရှိနေသည့် လူနည်းစုက ဒေါသတကြီး အော်ငေါက်လာကြ၏ “ ခွေးသူတောင်းစားလေး ဘယ်လိုတောင် အတင့်ရဲနေတာလဲ “

“ မင်းတို့က စကားများလွန်းတယ် “

လုချန်ရှန်းက သူ၏လက်ကို မြှောက်လိုက်သည်။ တိုက်ခိုက်မှုတစ်ခုက စကားပြောခဲ့သည့် လူကို ထိုးဖောက်သွားကာ သူ၏တံဆိပ်ပြားကို ယူလိုက်သည်။

ဤအချိန်တွင် လူအနည်းငယ်သာ ကျန်နေခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့်၉ ကျင့်ကြံသူက တောင့်ခံနိုင်ရန် ရုန်းကန်နေသေး၏။ တစ်စုံတစ်ဦးက လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါတွင် သူကပါ ဒေါကြီးမောကြီး ဖြစ်သွားခဲ့သည်။

“ ငါတို့ဂိုဏ်းရဲ့ တပည့်တွေကို တိုက်ခိုက်နေတယ်ပေါ့။ မင်းသေချင်နေတာပဲ “

သူသည် အင်အားအပြည့် တိုက်ကွက်တစ်ခုကို ထုတ်လွှတ်ကာ နတ်မိစ္ဆာ ဝိညာဥ်ကို နောက်ဆုတ်သွားစေလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ လုချန်ရှန်းကို ခုန်အုပ်လိုက်သည်။ သူ၏ မှော်စွမ်းအားများ အဆက်မပြတ် လည်ပတ်နေကာ အလင်းတန်းများ လိမ်ယှက်လာခဲ့ပြီး ထိုနေရာသို့ နိမ့်ဆင်းသွားခဲ့သည်။

နတ်မိစ္ဆာဝိညာဥ်မှာလည်း သူ့အနောက်သို့ ပြေးလိုက်လာခဲ့၏။

လုချန်ရှန်းက ၎င်းတို့ကို ငေးကြည့်နေခဲ့ပြီး ခေါင်းတခါခါ ဖြစ်သွားကာ စကားလှမ်းပြောလိုက်သည် “ မင်းက သေမင်းတံခါးဝအထိ ရောက်နေတာကိုတောင်မှ ရုန်းကန်နေသေးတယ်ပေါ့။ ငါ့ကို အပြစ်ပုံချဖ်ု့ ကြံနေတယ်ပေါ့ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ထိုလူ၏ အမူအရာ ပြောင်းလဲသွားသည်။ တစ်ဖက်လူက သူ၏ရည်ရွယ်ချက်ကို ဖောက်မြင်နေခဲ့သည်။

သို့ရာတွင် သူ၏ မူလကနဦး ရည်ရွယ်ချက်က မည်သို့မျှ မပြောင်းလဲသွားဘဲ ထိုနေရာဆီသို့ ဆက်လက်၍ တိုးဝင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းမှ သူ၏လက်ကို မြှောက်လိုက်ရာ ဓားချီတစ်ခု ရုတ်တရက် ပိုင်းဖြတ်လာခဲ့၏။ အားကောင်းသော အရှိန်တစ်ခု ပေါက်ထွက်လာခဲ့ကာ အဆုံးမဲ့နေပုံရ၏။

ဘုမ်းးးး

ကြီးမားသော ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးသွားကာ လက်မောင်းတစ်ဖက် ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပွင့်ထွက်တော့မတတ် ဖြစ်သွားခဲ့၏။ သွေးများ စီးထွက်လာခဲ့ကာ သူ၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားများ ထင်ဟပ်လာခဲ့၏။

အဆိုပါ ဓားဆန္ဒက မည်မျှကြောက်မက်ဖွယ်ကောင်းလိုက်သနည်း။ ၎င်းက သူယှဥ်နိုင်သည့် အရာမဟုတ်ပေ။

သို့သော် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် လုချန်ရှန်းက သူ့အရှေ့သို့ ရောက်သွားခဲ့ပြီး သူ့ကို လည်ပင်းညှစ်နေတော့သည်။

ထိုလူ၏ မျက်ဝန်းများအတွင်းတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ သူသည် ချဥ်းကပ်လာသည့် နတ်မိစ္ဆာကို ဘေးတိုက်ငေးကြည့်ကာ ကျန်ရှိနေသည့် သူ၏လက်တစ်ဖက်ဖြင့် လုချန်ရှန်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။

“တကယ်လို့ ငါသေသွားရမယ်ဆိုရင်တောင်မှ မင်းလည်း ဘေးတွေ့စေရမယ် “

လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားကာ တုံ့ပြန်လိုက်သည် “ မင်းက ဇတော့ရှိသားပဲဟ။ ဒါပင်မဲ့ အဲ့တာက မလုံလောက်ဘူး “

ထန်

ထိုအခိုက်အတန့်တွင် ဓားအူသံတစ်သံ ပဲ့တင်ထပ်လာခဲ့ပြီး အဆုံးမဲ့ ဓားချီများ ပေါက်ထွက်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး အသွေးအသားများကို ဖြတ်တောက်သွားခဲ့၏။ သူ၏ နဖူးပြင် ထိုးဖောက်ခံလိုက်ရပြီး သူ၏ မျက်ဝန်းများအတွင်းတွင် ရှိနေသည့် အကြောက်တရားများက မည်သို့မျှ မလျော့ပါးသွားခဲ့ပေ။

ဓားချီက ကျန်လက်မောင်းတစ်ဖက်ကိုပါ ဖြတ်တောက်သွားပြီး သူ၏ခန္ဓာကိုယ်ကိုပါ လဲကျသွားစေခဲ့၏။

နတ်မိစ္ဆာ ဝိညာဥ်ကပါ ချဥ်းကပ်လာခဲ့ပြီး ၎င်း၏ မျက်လုံးလေးလုံးက ရက်စက်ကြမ်းကြုတ်နေလျက်ရှိကာ ဟိန်းဟောက်ရင်းဖြင့် အရှေ့သို့ ပြေးတက်လာခဲ့သည်။

လုချန်ရှန်းက လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ စွမ်းအားနှစ်ခု တိုက်မိသွားပြီး မှော်စွမ်းအားများ မြင့်တက်လာခဲ့၏။ နတ်မိစ္ဆာဝိညာဥ် နောက်ဆုတ်သွားခဲ့ရပြီး သူ၏ခန္ဓာကိုယ်မှာလည်း ယိမ်းထိုးသွားခဲ့သည်။ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်က အမှန်ပင်အံ့ဖွယ်ကောင်းလှသည်။

ကျန်ရှိနေသည့် လူများကမူ သူကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်ဘဲ စစ်မြေပြင်အတွင်းသို တဟုန်ထိုး ပြေးဝင်လာခဲ့သည့် နတ်မိစ္ဆာ ဝိညာဥ်များကြောင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ တံဆိပ်ပြားများက လုချန်ရှန်း စုဆောင်းခြင်းကို ခံလိုက်ရသည်။ ထိုအချိန်၌ သူ၏ ပတ်ပတ်လည်တွင် အဆုံးမဲ့ ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့၏။ ထောင်နှင့်ချီသော ဓားချီများ ပွင့်လန်းလာခဲ့ပြီး လေတိုးသံများ အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။

သတ်ဖြတ်လိုစိတ်တစ်ခု ဖုံးလွှမ်းလာခဲ့ကာ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားပြီး အရာအားလုံးကို ဖျက်စီးသွားခဲ့သည်။

လုချန်ရှန်းကမူ အဆိုပါ အလင်းတန်းများ စုစည်းလာသည်ကို စောင့်ကြည့်နေရင်းဖြင့် သူ၏လက်ကို မြှောက်ကာ နောက်ဆုံးသော နတ်မိစ္ဆာဝိညာဥ်ဖြင့် တိုက်ခိုက်နေတော့သည်။ ကျယ်လောင်သော အသံများ အဆက်မပြတ် ဟိန်းထွက်လာခဲ့ပြီး ဟင်းလင်းပြင်ကပင် အနည်းငယ် တုန်ခါသွားခဲ့သည်။

ပလွှားကြီးစိုးသော စွမ်းအားတစ်ခုပါ ပေါ်ထွက်လာခဲ့၏။ ၎င်းက နတ်ဘုရားများနှင့် နတ်မိစ္ဆာတို့၏ စွမ်းအားဖြစ်ပြီး ဓားဆန္ဒနှင့် ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်။

တိုက်ပွဲက အထွတ်အထိပ်အထိ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံးအလင်းတန်းက တံဆိပ်ပြားနှင့် ပေါင်းစည်းလာသည့် အချိန်တွင် ထိုဧရိယာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တိုက်ပွဲ၏ အဆုံးသတ် ကျရောက်လာခဲ့ပြီဖြစ်ပြီး လုချန်ရှန်းမှာလည်း စစ်မြေပြင်ကို စတင်၍ ရှင်းလင်းနေတော့သည်။ သူ့လက်အတွင်းသို့ မှော်ပစ္စည်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။

ဤတစ်ကြိမ် ရိတ်သိမ်းမှုက အတော်ပင် ကောင်းမွန်နေခဲ့သည်။

ဂရုတစိုက် ကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်တွင် တံဆိပ်ပြားအားလုံးအတွင်းရှိ အမှတ်အသားများက အခုတစ်ထောင်ပင် ကျော်နေခဲ့သည်။ ၎င်းက များပြားလှသော ပမာဏတစ်ခုဖြစ်ပြီး အကယ်၍ သူကိုယ်တိုင် တိုက်ခိုက်နေခဲ့မည်ဆိုလျှင်တောင်မှ သူက ထိုပမာဏကို ရရှိရန်အတွက် မည်သည့်အချိန်အထိ သတ်ဖြတ်ရမလဲဆိုသည်ကို မသိပေ။

ရှောင်ဟေးကမူ အဝေးတွင် မတ်တပ်ရပ်နေလျက်ရှိကာ ထူးထူးခြားခြား ငြိမ်သက်နေခဲ့၏။ သူမှင်သက်ဆွံ့အနေခဲ့သည်မှာ အတော်ပင် ကြာနေခဲ့သည်။

သူ့အရှေ့ရှိမြင်ကွင်းက အလွန်တရာ စုတ်ပြတ်သပ် စကားလုံးတို့ဖြင့်ပင် ဖော်ပြ၍ မရချေ။ တောင်တန်းများ ပြိုကျသွားကာ ကမ္ဘာမြေ ကွဲအက်သွားပြီး လတ်ဆတ်သော သွေးတို့ဖြင့် စွန်းထင်းနေလျက်ရှိကာ ၎င်းကို ပိုမိုထိတ်လန့်ဖွယ်ကောင်းသွားစေခဲ့၏။

လေထုအတွင်းရှိ သွေးနီရောင် အရောင်များ ပျောက်ကွယ်သွားသည့်နောက်တွင် လုချန်ရှန်း ပြန်ရောက်လာခဲ့သည်။

ရှောင်ဟေးသည် သူ့အရှေ့ရှိ လူငယ်လေးကို ငေးကြည့်ကာ သက်မကြီးချ၍ ဖြည်းဖြည်းချင်း စကားပြောလိုက်သည် “ မင်းက လူတိုင်းကို ရန်စရဲပြီးတော့ ဘယ်သူကမှ မင်းကို ရန်မစရဲဘူးဆိုတာက အမှန်ပဲကိုး။ ပေးဆပ်ရတာ များလွန်းတယ် “

“ အဲ့တာက ဘာစကားကြီးလဲ။ တကယ်လို့ ဘယ်သူကမှ ငါ့ကို ရန်မစရဲဘူးဆိုရင် ငါလှုပ်ရှားဖို့အတွက် အကြောင်းပြချက်ကို ဘယ်တွင်းကနေ သွားနှိုက်ရမှာလဲ “

“ အမ် ……… “

ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်သွားကာ မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ငေးကြည့်ကာ ဤနေရာမှ ထွက်သွားခဲ့သည်။

ထို့နောက် သိပ်မကြာခင် အချိန်မှာပင် ဤနေရာသို့ လူအများအပြား ရောက်ရှိလာခဲ့သည်။ သူတို့အရှေ့တွင် ရှိနေသည့် မြင်ကွင်းကြောင့် သူတို့အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဤနေရာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲက မည်မျှပြင်းထန်လဲဆိုသည်ကို မှန်းဆရခက်လှပေသည်။

သတင်းများ ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် စစ်မြေပြင်အတွင်းရှိ လူတိုင်း ကျောချမ်းသွားကြသည်။

တစ်စုံတစ်ဦးက ထျန်းကျီစံအိမ်နှင့် ထျန်းရီ မြင့်မြတ်နယ်မြေတို့၏ မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူတစ်စုကို ထောက်ချောက်ဆင်၍ သတ်ဖြတ်ခဲ့သည်။ ထိုလူများနှင့် နတ်မိစ္ဆာဝိညာဥ် နှစ်ဖက်စလုံးက ကြီးလေးသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။

ထျန်းကျီစံအိမ်နှင့် ထျန်းရီ မြင့်မြတ်နယ်မြေနှစ်ခုစလုံး ဒေါကြီးမောကြီး ဖြစ်သွားခဲ့သည်။ သူတို့၏ တပည့်များ သတ်ဖြတ်ခံလိုက်ရပြီး အမှတ်အသားများ အခိုးခံခဲ့ရကာ တစ်ခြားလူများအတွက် ခြေနင်းတုံးများ ဖြစ်သွားခဲ့သည်။ မည်သူက ထိုကိစ္စကို လက်လွှတ်ပေးနိုင်မည်နည်း။ သူတို့က ထိုလူ့ကို ရှာဖွေရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူတို့ ပေးဆပ်ခဲ့ရသည့် တန်ကြေးမှာ အလွန်တရာ ကြီးမားနေခဲ့ပြီး ဒါဇင်နှင့်ချီသော ကျင့်ကြံသူများ ပျောက်ကွယ်သွားကာ လူတိုင်းကို အထိတ်တလန့် ဖြစ်သွားစေခဲ့၏။

ထိုဂိုဏ်းကြီးနှစ်ခုသာလျှင် မဟုတ်ဘဲ တစ်ခြားသော ဂိုဏ်းများတွင်ပါ အကြံအစည်များ ရှိနေခဲ့သည်။ ထိုတိုက်ပွဲက ဖန်တီးခဲ့သည့် အမှတ်အသားများက အံ့ဖွယ်ကောင်းနေခဲ့ကာ သေးငယ်သော ပမာဏတစ်ခု မဟုတ်ပေ။

၎င်းက လူတော်တော်များများကို မနာလိုအားကျ ဖြစ်သွားစေခဲ့သည်။

ကြွယ်ဝချမ်းသာမှုက အန္တရာယ်နှင့်အတူ ရောက်လာသည်ဆိုသည့် ဆိုရိုးစကားအတိုင်း ထိုလူက ထိုမျှလောက် သောင်းကျန်းခဲ့သော်လည်း သူတို့၏ ကံတရားကို စမ်းသပ်ချင်နေသည့် ရဲတင်းသော လူတစ်ချို့ ရှိနေသေးသည်။ အကယ်၍ သူတို့သာ အောင်မြင်သွားမည်ဆိုပါက ညတွင်းချင်း ချမ်းသာသွားလိမ့်မည် ဖြစ်သည်။

လူတိုင်းက အဆိုပါ အမှတ်အသားများအတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ နတ်မိစ္ဆာများက ကမ္ဘာလောကကို ထိခိုက်အောင်လုပ်ခြင်းမှ ကာကွယ်တားဆီးလိုသည့် ဖြောင့်မတ်တည်ကြည်သော စိတ်ထားမျိုးဖြင့် လှုပ်ရှားခဲ့သူက မည်မျှ ရှိနေမည်နည်း။

အကယ်၍ ထိုလူများကကသာ စုမူယွဲ့ ပြောခဲ့သည့်အတိုင်း ဖြောင့်မတ်နေခဲ့မည်ဆိုပါက စစ်မြေပြင်က လူများ လှုပ်ရှားလာရန်အတွက် အခွင့်အလမ်းများနှင့် လဲလှယ်ပေးရန် လိုအပ်ခဲ့လိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် လုချန်ရှန်းက ရှောင်ဟေးနှင့်အတူ စစ်မြေပြင်၏ အတွင်းပိုင်းသို့ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။ အစတွင် သူတို့က နတ်မိစ္ဆာဝိညာဥ်များကို ဆက်လက်သတ်ဖြတ်ကာ အမှတ်အသားများ ပိုမိုစုဆောင်းရန် စဥ်းစားခဲ့ကြသည်။

သို့သော် သူတို့က အတွင်းသို့ ရောက်ရှိလာသည့် အချိန်တွင် လုချန်ရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တောင့်တင်းသွားခဲ့သည်။ သူသည် အဝေးရှိ ကုန်းမြေကို ငေးကြည့်နေခဲ့ကာ ပုံမှန်မဟုတ်သည့် ခံစားချက်တစ်ခုကို ခံစားသွားခဲ့ရသည်။

“ ဘာဖြစ်လို့လဲ “

“ အဲ့နေရာကနေ တော်တော်လေးကို ကြောက်စရာကောင်းတဲ့ ဓားဆန္ဒတစ်ခု ပေါ်ထွက်လာတယ်လို့ ငါခံစားနေရတယ်။ အဲ့နေရာမှာ ထူးခြားတဲ့ ပစ္စည်းတစ်ခု ပေါ်လာသလိုပဲ “

ရှောင်ဟေးက ထိုနေရာသို့ ငေးကြည့်နေတော့သည်။ လုချန်ရှန်းကပင် ထိုကဲ့သို့ ပြောလာခဲ့ပြီဖြစ်သောကြောင့် ထိုနေရာတွင် ရှိနေသည့် ပစ္စည်းက သေချာပေါက် ရိုးရှင်းနေလိမ့်မည် မဟုတ်ပေ။ ကြီးမားသော အခွင့်အလမ်းတစ်ခု အမှန်တကယ် တည်ရှိနေလိမ့်ပေမည်။

ထို့နောက်တွင် လူနှစ်ဦးက အာရုံခံစားမှုနောက်သို့ တဟုန်ထိုး ပြေးလိုက်သွားကြသည်။

ပိုနီးလာလေလေ သတ်ဖြတ်လိုစိတ်က ပိုမိုအားကောင်းလာလေလေ ဖြစ်နေခဲ့သည်။ သူတို့က အကွာအဝေးတစ်ခုအထိ ရောက်ရှိလာသည့် အချိန်တွင် အဆိုပါ အရှိန်အဝါက ထိတွေ့ကိုင်တွယ်၍ ရသော ပုံစံတစ်ခုအဖြစ်ပင် ဖွဲ့စည်းသွားပုံရ၏။

လေထုအတွင်းတွင် အနက်ရောင် မြူခိုးများ ပျံ့လွင့်နေလျက်ရှိ၏။

သူတို့၏ အကြည့်များ လှုပ်ခတ်သွားကာ ရေကန်ကဲ့သို့သော အရာတစ်ခုကို မြင်တွေ့သွားခဲ့သည်။ ရေကန်အလယ်တွင် ကြီးမားသော ဝဲဂယက်တစ်ခု ရှိနေခဲ့ပြီး အဝေးသို့ ငေးကြည့်လိုက်မည်ဆိုပါက လည်ပတ်နေသည့် မျက်လုံးတစ်လုံးနှင့် တူညီနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

“ အဲ့တာက နတ်ဘုရားတွေနဲ့ နတ်မိစ္ဆာတွေကို မြှုပ်နှံထားတဲ့ ဒဏ္ဍာရီလာ ပင်လယ်မျက်လုံးလား “

လုချန်ရှန်းက မေးမြန်းလာခဲ့ကာ ထိုနေရာသို့ စူးစူးရဲရဲ စိုက်ကြည့်နေတော့သည်။ သို့ရာ၌ ပင်လယ်မျက်လုံး၏ အလယ်ဗဟိုတည့်တည့်တွင် ရွှေရောင်အလင်းတန်းတစ်ခု စီးဆင်းနေလျက်ရှိပြီး ၎င်း၏ အတွင်းပိုင်းတွင် စာလိပ်တစ်လိပ် မျောလွင့်နေလျက်ရှိ၏။ ၎င်း၏ ပတ်ပတ်လည်တွင် ပြိုင်ဘက်ကင်း ဓားဆန္ဒတစ်ခု လွင့်မျောနေကာ မည်သို့မျှ အားမလျော့သွားခဲ့ပေ။

--

…………………………………………………………………………………………………………………………………..

All Chapters