← Chapters

အခန်း ၂၈၀

Vol. 19 Ch. 280

အခန်း ၂၈၀

Vol. 19 Ch. 280

အပိုင်း ( 280 )

အဲ့တာတွေ အကုန်လုံးက လှည့်ကွက်တွေချည်းပဲ

လုချန်ရှန်းသည် ပင်လယ်မျက်လုံးပေါ်တွင် ရှိနေသည့် ပစ္စည်းများကို လှည့်ပင်မကြည့်ဘဲ ပြတ်ပြတ်သားသား ထွက်ခွာသွားခဲ့သည်။

ရှောင်ဟေးကမူ ဇဝေဇဝါဖြင့် စိတ်မပါတပါ ဖြစ်သွားခဲ့သည်။ သူသည် ထိုပစ္စည်းနှစ်ခုစလုံးကို လုချန်ရှန်းအတွက် ယူပေးချင်နေခဲ့သည်။

သူတို့နှစ်ဦး ထွက်ခွာသွားချိန်တွင် ဤနေရာဆီသို့ လူပိုရောက်လာခဲ့သည်။ ဆွဲဆောင်မှုက အလွန်တရာ အားကောင်းနေသောကြောင့် ခေါင်းအေးအေးထားရန် အလွန်တရာ ခက်ခဲလှသည်။ ထို့အပြင် ဤနေရာသို့ ရောက်လာသူများက လေလွင့်ကျင့်ကြံသူများ မဟုတ်ပေ။

အများစုက အင်အားစုကြီးများထံမှ ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ ပြုစုပျိုးထောင်လာခဲ့သော သစ္စာရှိနောက်လိုက်များဖြစ်ပြီး အရေးကြီးသော အခိုက်အတန့်များတွင် အသုံးချရန်အတွက် ပျိုးထောင်ထားခဲ့ခြင်း ဖြစ်သည်။

လုချန်ရှန်းကမူ အတော်ဝေးဝေးသို့ ရောက်ရှိသွားမှသာလျှင် ရပ်တန့်သွားခဲ့သည်။

ရှောင်ဟေးက မေးမြန်းလာခဲ့သည် “ ဘာဖြစ်လို့လဲ “

“ ဘာကိုလဲ “

“ မင်းက ဓားကျမ်းစာနဲ့ မှော်ပစ္စည်းကို မလိုချင်ဘူးလား။ အဲ့တာက မင်းပုံစံ မဟုတ်ဘူးနော် “

လုချန်ရှန်းသည် တစ်ခဏခန့် လေးလေးနက်နက် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ အဲ့ဒီဓားကျမ်းစာက ငါ့ဆီမှာ ရှိတယ်လေ။ အဲ့တာကြောင့် သူတို့နဲ့ ပြိုင်စရာမလိုဘူးလေ “

“ မင်းဆီမှာ ရှိတာလား “

“ အင်းးး “

လုချန်ရှန်းက ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ မင်းကတော့ ယုံမှာမဟုတ်လောက်ဘူး။ ဒါပင်မဲ့ အဲ့ဒီဓားကျမ်းစာဆီက အရင်တုန်းက ငါရခဲ့တဲ့ ဓားကျမ်းစာနဲ့ အရှိန်အဝါတူနေတယ်။ အခုလေးတင်ပဲ ဓားဆန္ဒကို ကျင့်ကြံဖို့အတွက် အဲ့ဒီဓားကျမ်းစာကို သုံးခဲ့တယ်။ နှစ်ခုယှဥ်ကြည့်လိုက်တဲ့အချိန်မှာ သူတို့ရဲ့ အရင်းအမြစ်တွေက အတူတူပဲ “

ရှောင်ဟေးမှာ အံ့ဩမှင်သက်သွားခဲ့သည်။ အဆိုပါ သတင်းက အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။

လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏ “ အဲ့ကျမ်းစာက လောင်လျူငါ့ကို ပေးခဲ့တဲ့ဟာပဲ။ ရှင်းရှင်းလင်းလင်း ပြောမယ်ဆိုရင် လောင်လျူပေးခဲ့တဲ့ ဓားကျမ်းစာနဲ့ ပင်လယ်မျက်လုံးပေါ်က အဲ့ဒီဓားကျမ်းစာက အတူတူပဲ “

“ အဲ့တာက ………. “

ရှောင်ဟေးမှာ နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

ထို့နောက်တွင် လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏ “ အဲ့ဒီနတ်ပစ္စည်းအတွက်ကတော့ လူများလွန်းတယ်။ အဲ့တာအတွက် ငါဝင်ပြိုင်မှာ မဟုတ်ဘူး “

ရှောင်ဟေးက ခေါင်းတခါခါ ဖြစ်သွားခဲ့ကာ ပြန်ပြောလိုက်သည် “ အဲ့လို ကျမ်းစာတစ်ခုက ဒီကမ္ဘာကြီးမှာ ရှားတယ်ဆိုပင်မဲ့ အတူတူ ဖြစ်ရလောက်တဲ့အထိ ဘယ်လိုလုပ် တိုက်ဆိုင်နေရတာလဲဟ “

“ အဲ့တာကြောင့် ငါထွက်လာခဲ့တာလေ “

“ မင်းပြောချင်တာက အဲ့တာက လိမ်စဥ်ကြီးပေါ့။ လောင်လျူရဲ့ လှည့်ကွက်ပေါ့ “

ရှောင်ဟေးက သူ၏အတွေးများကို ထုတ်ပြောလာခဲ့သည်။ အဆိုပါ ကျမ်းစာက လောင်လျူအပြင် လုချန်ရှန်းထံတွင်သာ ရှိနေခဲ့သည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက သူ၏ကျင့်ကြံရေး နည်းလမ်းများဖြင့် ထိုကဲ့သို့ ပြုလုပ်ရန် မဖြစ်နိုင်လှပေ။ ထို့ကြောင့် လူတစ်ဦးသာလျှင် ကျန်နေတော့သည်။

ထိုအတိုင်းသာဖြစ်နေမည်ဆိုပါက ၎င်းက ‌အတော်ပင် အံ့ဖွယ်ကောင်းနေသေး၏။ လောင်လျူက ထိုလူများကို ကွက်ကျော်ရိုက်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

သို့ရာတွင် လုချန်ရှန်းက သူ၏ဦးခေါင်းကို ခါရမ်းကာ တုံ့ပြန်လိုက်သည် “ ဘာတွေဖြစ်နေလဲဆိုတာကို ငါမသိဘူးဆိုပင်မဲ့ သေချာတာ တစ်ခုတော့ရှိတယ် “

“ ဘာလဲ “

“ လောင်လျူက ဒေသလေးခုစလုံးက အင်အားစုတွေကို လိမ်ဖို့အတွက် သတ္တိရှိမှာမဟုတ်ဘူး။ နောင်တစ်ချိန်မှာတော့ မပြောတတ်ဘူးဆိုပင်မဲ့ အခုလက်ရှိ အချိန်မှာတော့ သူက အဲ့လောက်သတ္တိ မရှိဘူး “

သူတို့က တစ်ဦးနှင့်တစ်ဦး သိသည်မှာ သိပ်မကြာသေးသော်လည်း လုချန်ရှန်းက လောင်လျူ၏ စရိုက်ကို နားလည်နေသေး၏။

သူက အခြေအနေကောင်းမှ ပေါင်းသင်းဆက်ဆံတတ်ကာ ခြံစည်ရိုးပေါ် ခွထိုင်တတ်သည့် လူစားမျိုးဖြစ်၏။ သူသည် တစ်ခြားလူများကို လိမ်လည်လှည့်ဖျားနိုင်သော်လည်း ထိုကဲ့သို့ ကြီးကြီးမားမား ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ယုံကြည်မှု အလုံအလောက် မရှိဘူးဆိုပါက ထိုကဲ့သို့သော ကစားပွဲကြီးမျိုးကို စွန့်စားပြုလုပ်လိမ့်မည် မဟုတ်ပေ။

ထိုလူက လွန်ခဲ့သော နှစ်ငါးရာခန့်က လမ်းဆုံးအထိ အမဲလိုက်ခံခဲ့ရသည်။ သူက ထိုကဲ့သို့သော အတွေ့အကြုံမျိုးကို မည်သို့မျှ ပြန်ရချင်လိမ့်မည် မဟုတ်ပေ။

ရှောင်ဟေးက ထပ်မံ၍ မေးမြန်းနေတော့သည် “ တကယ်လို့ အဲ့တာက လောင်လျူမဟုတ်ဘူးဆိုရင် ဘယ်သူလဲ။ အဲ့ကျမ်းစာက ဘယ်သူ့ဆီမှာ ရှိသေးလို့လဲ “

“ ငါလည်း မသိဘူး။ ဒါပင်မဲ့ အဲ့လိုလုပ်ရဲပြီးတော့ လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို ငါတွေးမိတယ် “

“ ဘယ်သူလဲ “

“ မိုချင် “

လုချန်ရှန်းက သူ၏အတွေးများကို ထုတ်ပြောလိုက်၏။

မိုချင်ထံတွင် ထိုကဲ့သို့သော ကျမ်းစာမျိုးနှင့် လက်နက်များ ရှိနေခြင်းက ပုံမှန်သာလျှင် ဖြစ်သည်။ ထျန်းကျီစံအိမ်၏ ကြွယ်ဝချမ်းသာမှုက မြင့်မြတ်နယ်မြေတစ်ခု၏ ရှိသင့်ရှိထိုက်သည်ထပ်ပင် ကျော်လွန်နေခဲ့သည်။ ထိုလူ၏ လှည့်ကွက်များက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ အမျိုးအမည် မသိရသော နတ်ပစ္စည်းတစ်ခုကို ရှာဖွေကာ ထိုကဲ့သို့ လိမ်လည်ရန်က မဖြစ်နိုင်သော အရာ မဟုတ်ပေ။

ထိုလှည့်ကွက်က နဂါးနစ်မြုပ်ခြင်း နယ်မြေက လှည့်ကွက်နှင့် တူညီနေလျက်ရှိ၏။ ထိုစဥ်က မိုချင်သည် လူများကို ယဇ်ပုလ္လင်ပေါ်သို့ တက်လာစေရန်အတွက် ရတနာပစ္စည်းတစ်ခုကို အသုံးပြုခဲ့ဖူးပြီး ထိုနေရာမှာပင် ထိုလူများ၏ ကောင်းမှုကံ တစ်စွန်းတစ်စကို ထုတ်ယူခဲ့လေသည်။

သူသည် မိုချင်က မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ လုပ်ရလဲဆိုသည်ကို အဖြေမရှာနိုင်ခဲ့ပေ။ တစ်ခြားလူများ၏ အမှတ်အသားများကို လုယက်လိုခြင်း(သို့) တစ်ခြားသော ရည်ရွယ်ချက်တစ်ခုခု (သို့) ကမ္ဘာကြီးကို လက်စားချေလိုခြင်းတို့ ဖြစ်နေနိုင်ပေသည်။

သူက ဒုက္ခတွင်းတွင် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး အစတွင် ကောင်းကင်ဘုံက မျက်နှာသာပေးခဲ့သည့် သားတော်တစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ငယ်ရွယ်စဥ် အချိန်မှာပင် သူ၏ ကောင်းမှုကံ ခိုးယူခံလိုက်ရ၏။ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အနည်းငယ် ကောက်ကျစ်နေသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။ ၎င်းက နားလည်၍ ရပေသည်။

အဆုံးတွင် လုချန်ရှန်းကိုယ်တိုင်ကပင် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။ ၎င်းက သူ၏ခန့်မှန်းမှုများသာဖြစ်ပြီး မှန်မမှန်ဆိုသည်ကို အခိုင်အမာ မပြောနိုင်ခဲ့ပေ။

သို့သော် အကယ်၍ သူတွေးထင်ထားသည့်အတိုင်းသာ ဖြစ်လာခဲ့မည်ဆိုပါက သူက မိုချင်ကို ပြန်၍အကဲဖြတ်ရတော့မည် ဖြစ်သည်။

သို့ရာတွင် သူက အဆိုပါ အရှုပ်အထွေးထဲတွင် ပါဝင်မည် မဟုတ်သကဲ့သို့ ရလဒ်ကိုလည်း စိတ်ဝင်စားနေလိမ့်မည် မဟုတ်ပေ။ ထိုလူမျာ၏ သေခြင်းရှင်ခြင်းက သူနှင့်ဘာဆိုင်ပါသနည်း။ သူရှင်သန်ရန်သာ လိုအပ်ပေသည်။

ရှောင်ဟေးမှာလည်း ဘာမျှထပ်မပြောတော့ဘဲ လုချန်ရှန်းအနောက်သို့သာ လိုက်သွားတော့သည်။

ဤကာလအတွင်းတွင် ရှောင်ဟေးက တစ်ခါတစ်ရံမှသာ နောက်လိုက်သွားလေ့ရှိပြီး သူ၏ အချိန်အများစုအား ဒဏ်ရာများကို တိတ်တဆိတ် ထိုင်ကုရင်းဖြင့်သာ အသုံးပြုနေခဲ့၏။ ဤနေရာရှိ ပတ်ဝန်းကျင်မှာ အသူရာလမ်းစဥ်ကို နားလည်ဆင်ခြင်ရန်အတွက် အလွန်တရာ သင့်တော်နေခဲ့သည်။ ထို့ကြောင့် သူသည် အခွင့်အရေးကု အမိအရ ဖမ်းဆုပ်နေခဲ့၏။

လုချန်ရှန်းကမူ နတ်မိစ္ဆာဝိညာဥ်များကိုသာ အမဲလိုက်နေခဲ့သည်။

ပင်လယ်မျက်လုံးရှိ လှုပ်ခတ်မှုကမူ မည်သို့မျှ မငြိမ်သက်သွားခဲ့ပေ။ သိပ်မကြာခင် အချိန်ကမှ နောက်ထပ် ရတနာတစ်ခု ပေါ်ထွက်လာခဲ့သည်ဟု ဆိုကြသည်။ ၎င်းက ဆွဲဆောင်မှုကို ပိုမိုအားကောင်းသွားစေခဲ့ပြီး အဆိုပါ ပစ္စည်းများက ပင်လယ်မျက်လုံးအတွင်းမှ ရောက်ရှိလာသည်ဟု လူတိုင်းကို ပိုမိုယုံကြည်သွားစေခဲ့၏။

၎င်းက ရှေးခေတ်စစ်ပွဲတွင် သေဆုံးသွားသူများ၏ အကြွင်းအကျန် ပစ္စည်းများ ဖြစ်သည်။

ထိုသတင်းကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ အကယ်၍ သူကသာ အဆိုပါ ကျမ်းစာကို မရရှိထားဘဲ ရင်းနှီးနေသော ဓားဆန္ဒကို အာရုံမခံမိဘူးဆိုပါက သူကိုယ်တိုင်မှာလည်း ဤတစ်ကြိမ်တွင် ကြီးကြီးမားမား ဆုံးရှုံးသွားရနိုင်ပေသည်။

သူ့ကို အံ့အားသင့်သွားစေခဲ့သည့် တစ်ခုတည်းသော အရာမှာ လူတိုင်းက အသေအကြေ တိုက်ခိုက်နေကြစဥ် အချိန်တွင် ကောင်းကင်ဘုံ အကယ်ဒမီ၏ မည်သူကမှ အဆိုပါ ပစ္စည်းများအတွက် ဝင်ရောက်မယှဥ်ပြိုင်ကြခြင်းပင် ဖြစ်သည်။

သူတို့က သူတို့၏ တပည့်တပန်းများကို ခေါ်ဆောင်လာခဲ့သော်လည်း အဆိုပါ တပည့်များကပါ ထိုကဲ့သို့ ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။ သူတို့သည် နတ်မိစ္ဆာဝိညာဥ်များကို အဆက်မပြတ် အမဲလိုက်ကာ အမှတ်အသားများကို ဆက်တိုက်စုဆောင်းနေခဲ့၏။

“ ဒီလောက်တောင် ကြာနေပြီဆိုတော့ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ အမှတ်တွေက တော်တော်လေးကို များနေလောက်ပါပြီ။ ဒါပင်မဲ့ သူတို့က အရူးအမူး အမဲလိုက်နေကြတုန်းပဲ။ သူတို့ လဲလှယ်ချင်နေတာက ဘယ်လိုဟာမျိုးလဲ “

တစ်နည်းဆိုရသော် မည်ကဲ့သို့သော ပစ္စည်းမျိုးဖြစ်သောကြောင့် ထိုမျှများပြားသည့် အမှတ်အသားများကို လိုအပ်နေရသနည်း။

လုချန်ရှန်းမှာ အတော်ပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ အခါအခွင့်သင့်သဖြင့် သူသည် အသိအကျွမ်းဟောင်းတစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်။ ၎င်းမှာ ရှောင်ရှင်းမှတစ်ပါး အခြားလူမဟုတ်ပေ။ ထိုလူသည် သူက ကောင်းကင်ဘုံ အကယ်ဒမီဆီသို့ ပထမဦးဆုံး ရောက်ရှိသွားသည့် အချိန်တွင် သူ့ကို ပြဿနာလာရှာခဲ့ဖူးသည်။

သူက ထိုလူ့ကို ပြတ်ပြတ်သားသား အနိုင်ယူကာ ဒုက္ခိတဖြစ်သွားအောင် ပြုလုပ်ခဲ့သည်။ လုချန်ရှန်းဆိုသည့်သူက စိတ်သဘောထား ကျဥ်းမြောင်းကာ အငြိုးအတေးထားတတ်သည့် လူတစ်ဦး မဟုတ်ပေ။ သူက ကောင်းကင်ဘုံ အကယ်ဒမီက မည်သည့်ပစ္စည်းကို လဲလှယ်ချင်နေလဲဆိုသည်ကို သိချင်ရုံသာလျှင် ဖြစ်သည်။

ရှောင်ရှင်းကမူ သူမသိဘူးဟုသာ ပြောလာခဲ့သည်။ သူတို့နှစ်ဦးက အပြန်အလှန်ငြင်းခုံပြောဆိုနေစဥ် အချိန်မှာပင် တစ်ဖက်လူက ဒေါသတကြီး ဖြစ်သွားခဲ့ကာ အသက်ရှူကြပ်၍ သေဆုံးသွားခဲ့သည်။

လုချန်ရှန်းမှာ နောင်တတကြီး ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် သူသည် နတ်မိစ္ဆာဝိညာဥ်များကို ဆက်လက်၍ အမဲလိုက်နေခဲ့ပြီး အမှတ်အသားများ ရရှိရန်နှင့် ကိုယ့်ကိုကိုယ် ပြင်ဆင်ကာ သူ၏ တိုက်ခိုက်ရေးစွမ်းအားကို အတည်ပြုနိုင်ရန်အတွက် အစွမ်းထက် အကောင်များကို ဆက်တိုက်ရှာဖွေနေတော့၏။

သူသည် ဟွာရှုနယ်ပယ် ပညာရှင်များကို ရှာဖွေ၍ တိုက်ခိုက်ရန်အတွက်ပင် စဥ်းစားနေတော့သည်။ အကယ်၍ သူက ပိုမိုအစွမ်းထက်သူတစ်ဦးကို အနိုင်ယူနိုင်မလားဆိုသည်ကို မြင်တွေ့ချင်နေခဲ့သည်။ အကယ်၍ သူမနိုင်ဘူးဆိုပါက ထွက်ပြေးမည် ဖြစ်သည်။

ကံဆိုးစွာဖြင့် ဤနေရာတွင် မည်သည့်ဟွာရှုနယ်ပယ် ပညာရှင်မှ ရှိမနေခဲ့ပေ။ လုချန်ရှန်းသည် စစ်မြေပြင်၏ နေရာအနှံ့သို့ လျှောက်သွားနေခဲ့သည်။

နတ်မိစ္ဆာဝိညာဥ်တစ်ကောင်နှင့် တိုက်ခိုက်ခဲ့ပြီးသည့် အချိန်တွင် သူသည် ဆက်တိုက်အနိုင်ယူနေခဲ့ရသဖြင့် အလွန်တရာ ပျင်းရိသွားခဲ့သည်။ ထိုစဥ် ရှောင်ဟေးက သတင်းအပိုင်းအစတစ်ခုနှင့်အတူ သူ့ကို လာရှာခဲ့သည်။

“ စစ်မြေပြင်ဆီကို မြင့်မြတ်နယ်မြေရဲ့ သူတော်စင်တစ်ယောက် ရောက်လာပြီ “

ရှောင်ဟေးသည် ထိုစကားကို ပြောလာခဲ့ကာ လုချန်ရှန်းကို သတိပေးရန် ကြံရွယ်ရင်းဖြင့် သူ့ကို ငေးကြည့်နေခဲ့သည်။ သို့သော် လုချန်ရှန်းကမူ ထိုသတင်းကို ကြားလိုက်ရပြီးသည့်နောက်တွင် မျက်လုံးများ တောက်ပသွားခဲ့သည်။

“ ငါမင်းကို ဂရုစိုက်ဖို့အတွက် သတိပေးချင်နေတာလေ။ မင်းက ဘာကိစ္စ စိတ်လှုပ်ရှားသွားရတာလဲ “ ဟု ရှောင်ဟေးက ဇဝေဇဝါဖြင့် မေးမြန်းနေတော့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါ့ဘဝတစ်ခုလုံးက အသက်ရှည်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတာလေ။ ငါက အင်မော်တယ်တစ်ယောက်ဖြစ်ဖို့အတွက် ကံပါလာတာ။ ကြီးထွားတိုးတက်မှုဖြစ်စဥ်မှာ ပြုပြင်ပြင်ဆင်မှုတွေ သေချာပေါက် ရှိနေမှာပဲ။ အဲ့ဒီသူတော်စင်တွေက အပြင်ထွက်ခဲတယ်လေ။ အဲ့တာကြောင့် ငါစိတ်လှုပ်ရှားနေတာပေါ့ကွ “

ရှောင်ဟေးမှာ အံ့အားသင့်ကာ ဆွံ့အသွားခဲ့သည်။ ဒီကောင် ဘာကြံနေတာလဲဟ။

သို့ရာတွင် သူသည် စကားထပ်ပြောလိုက်သေးသည် “ တကယ်လို့ သူတို့ကို ဖိနှိပ်ပြီးတော့ ဝိညာဥ်ကျောက်တုံးတွေအတွက် လဲလှယ်ချင်တယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းတယ်။ အခုတစ်ခေါက်ရောက်လာတဲ့လူက မှော်နတ် ကိုယ်ပွားတစ်ခုလေ။ မူလကိုယ် မဟုတ်ဘူး “

“ မှော်နတ် ကိုယ်ပွားလား “

အဆိုပါ အသုံးအနှုန်းကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ကြောင်အမ်းအမ်းဖြစ်သွားခဲ့၏။ သူသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့သော်လည်း နားမလည်နိုင်ဖြစ်နေသေးသည်။ မှော်နတ်ကိုယ်ပွားလား။ အဲ့ဒီသူတော်စင်တွေက နတ်ဘုရားတွေဖြစ်လာတာလားဟ။

--

……………………………………………………………………………………………………………………………………….

All Chapters