← Chapters

အခန်း ၂၈၃

Vol. 19 Ch. 283

အခန်း ၂၈၃

Vol. 19 Ch. 283

အပိုင်း ( 283 )

ဒီကတုံးက မေ့တတ်တာလားဟ

မြေပြင်ပေါ်တွင် ပုံရိပ်နှစ်ခု တိုက်ခိုက်နေခဲ့ပြီး သူတို့ထံမှ ဖြာထွက်လာသည့် အလင်းတန်းများက ပတ်ပတ်လည်ရှိ တောင်တန်းများကို ပြိုကျသွားစေခဲ့၏။

နတ်ဘုရားမ ဝမ်ရန်သည် ဤနေရာရှိ လှုပ်ခတ်မှု၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီး ယွင်ခုန်းကို မြင်လိုက်ရသောအချိန်၌ စိတ်လှုပ်ရှားဖွယ်ကောင်းသော အရာများ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ဘူးဟု ထင်သွားခဲ့သည်။ သို့သော် ယခုတွင်ကား အခြေအနေက ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်ပြီး သူ၏ ဓမ္မပုံရိပ်က ပြိုကွဲမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ယွင်ခုန်းမှာလည်း သတိတကြီး ဖြစ်သွားကာ သူရင်ဆိုင်နေရသည့် လူက မည်သူလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။ သူက ထိုလူ၏ပြိုင်ဘက်မဟုတ်ပေ။ မူလကိုယ်ကသာလျှင် ထိုလူနှင့်ယှဥ်နိုင်လိမ့်မည် ဖြစ်သည်။

သူသည် ၎င်းကြောင့် စိတ်ပျက်လက်ပျက် မဖြစ်သွားခဲ့ချေ။ မှော်နတ်ကိုယ်ပွားနှင့် မူလကိုယ်အကြားတွင် ကွာဟချက်တစ်ခု ရှိနေသောကြောင့် ထိုနှစ်ခုကို မည်သို့မျှ နှိုင်းယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

မှော်နတ်ကိုယ်ပွားကသာ ထိုကဲ့သို့ အားနည်းနေနိုင်ပေသည်။

လုချန်ရှန်းကမူ တိုက်ခိုက်ရာတွင် မည်သည့်နည်းစနစ်(သို့) မည်သည့်တာအိုနိယာမကိုမှ အသုံးမပြုခဲ့ပေ။ သူသည် ရုပ်ခန္ဓာ၏ ခွန်အားကိုသာ အသုံးပြုခဲ့ကာ သူ၏စွမ်းအား အပြည့်အဝ ထုတ်မပြလိုက်ပေ။

သူ၏ယခုလက်ရှိ တိုက်ခိုက်မှုများက မြင့်မြတ်နယ်မြေမှ ဆက်ခံသူများ၏ ခွန်အားကို တိုင်းတာရန်အတွက်သာ ဖြစ်သည်။

ထိန်ချန်ထားခြင်းမှာ သူ၏ သံမဏိ စည်းမျဥ်းတစ်ခုဖြစ်သည်။ မည်သည့်အတွက်ကြောင့် သူ၏ခွန်အားကို အကုန်အစင် ထုတ်ပြလိုက်သင့်ပါသနည်း။ ၎င်းက အလွန်တရာ အန္တရာယ်များလှသည်။

ယခုလက်ရှိ အခြေအနေများအရ ပေါ့ပါးသော တိုက်ကွက်လေးများနှင့်တင် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ သူသာ အနိုင်ရနိုင်သရွေ့ ထိုလူများကို အပြည့်အဝ ဖိနှိပ်ရန် လိုအပ်နေလိမ့်မည် မဟုတ်ပေ။

ဘုမ်း

သူက အတွေးများအကြားတွင် နစ်မြုပ်နေစဥ် အချိန်တွင် ကျယ်လောင်သော အသံတစ်သံ ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့ပြီး လက်သီးရာတစ်ခု နစ်ဝင်သွားကာ ဓမ္မပုံရိပ်ကို ပြိုကွဲသွားစေခဲ့၏။

အက်ကြောင်းများ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။ ဗုဒ္ဓရောင်ခြည်က ၎င်းကို ဖုံးအုပ်ကာ ပြန်လည်ပြင်ဆင်နေခဲ့သော်လည်း ထိန်းချုပ်ရခက်ခဲနေခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ယွင်ခုန်း၏ အမူအရာက ပိုမိုမည်းမှောင်သွားခဲ့သည်။

“ တာအိုရောင်းရင်း မင်းရဲ့ ခွန်အားက တကယ်ကို ထူးခြားတယ်။ နိမ့်ကျတဲ့ ဒီရဟန်းလေးက အထင်ကြီးမိပါတယ် “

ယွင်ခုန်းသည် ယခင်ကကဲ့သို့ တည်ငြိမ်သွားခဲ့သည်။ သို့သော် မည်သည့်မောက်မာမှုမှ ကျန်ရှိမနေတော့ပေ။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အမှန်ပဲ “

ယွင်ခုန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ သူသည် ထိုအဖြေကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာတွင် သူသည် စကားထပ်ပြောလိုက်သည် “ တိုက်ပွဲက ဒီအထိ ရောက်လာခဲ့ပြီးပြီဆိုမှတော့ လုံလောက်သင့်ပါပြီ “

ရှောင်ဟေးသည် ယွင်ခုန်းက နောက်ဆုတ်ရန်အတွက် အရင်ဦးဆုံး ပြောလာခဲ့သောကြောင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

ဟမ်

အနက်ရောင်ဝတ်စုံအောက်ရှိ လုချန်ရှန်းမှာလည်း မျက်ဝန်းများ မှေးကျဥ်းသွားကာ ပြန်ပြောလိုက်သည် ” လုံလောက်သင့်ပြီဆိုတာက ဘာကိုဆိုလိုတာလဲ။ မင်းက ကတိဖျက်တော့မလို့လား “

“ ဘာကြီး “

ရှောင်ဟေးမှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။

ယွင်ခုန်းမှာလည်း ဇဝေဇဝါ ဖြစ်သွားကာ ထပ်မံ၍ မေးမြန်းလာခဲ့ပြန်သည် “ တာအိုရောင်းရင်း ဘာကိုဆိုလိုတာလဲ “

“ အရာအားလုံးက ကံကြွေးနဲ့ သက်ဆိုင်တယ် သေချာစဥ်းစားပြီးပြီလားလို့ မင်းပဲ ပြောခဲ့တာလေ။ လှုပ်ရှားလိုက်တာနဲ့ ဖြေရှင်းဖို့ မလွယ်ဘူးဆို။ အခုတော့ မင်းက အဲ့တာကို ဖြေရှင်းချင်နေပြီလား “

လုချန်ရှန်းမှာ သူ့စိတ်ထဲမှ မေးခွန်းတစ်ခုကို ထုတ်မေးလိုက်သည်။

ဤနေရာတွင် ရှိနေသည့် လူတိုင်း မှင်သက်သွားခဲ့သည်။

ရှောင်ဟေးမှာ အချိန်အတော်ကြာ မှင်သက်သွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

နတ်ဘုရားမ ဝမ်ရန်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။

သို့ရာတွင် ယွင်ခုန်းကမူ သူ၏ ဆိုလိုရင်းကို နားလည်နေခဲ့သည်။ ကြည့်ရတာတော့ ဒီလူက ငါ့ကို မလွှတ်ပေးချင်ဘူးနဲ့တူတယ်။

သူသည် သူက ထိုလူ့ကို မယှဥ်နိုင်ဘဲ သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကသာလျှင် ထိုလူ့ကို အနိုင်ယူနိုင်သည်ဆိုသည်ကို သိနေခဲ့သည်။ သို့သော် သူ၏ အစစ်အမှန် ခန္ဓာကိုယ်က ဤနေရာတွင် ရှိမနေခဲ့ပေ။ သူသည် ဤကိုယ်ပွားကိုလည်း လက်မလွှတ်ချင်ပေ။ ထို့ကြောင့်ပင် သူက နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူက အသားစီးရနေသောကြောင့် ရပ်တန့်ချင်ပုံမရပေ။

လုချန်ရှန်းက အနိုင်မရလျှင် ထွက်ပြေးလေ့ရှိပြီး အသာစီးရနေသည့် အချိန်တွင်မူ မည်သို့မျှ မခွင့်လွှတ်တတ်ပေ။

“ တာအိုရောင်းရင်း ငါတို့က လက်ရည်ယှဥ်နေတာပဲလေ။ ဘာဖြစ်လို့ ……… “

“ စကားလျှော့ပြောပြီး အသင့်ပြင်ထားလိုက်။ မင်းရဲ့ ဓမ္မပုံရိပ်ကို ငါဖောက်ခွဲတော့မယ် “

လုချန်ရှန်းက ကြားဖြတ်ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတက်၍ အရိပ်များသာ ချန်ရစ်ထားခဲ့သည်။ သူသည် ဓမ္မပုံရိပ်ကို ချိန်ရွယ်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဘုမ်းးး

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခု ကျိုးပဲ့ပျက်စီးသွားသည့် အသံတစ်သံပါ ပျံ့လွင့်လာခဲ့သည်။ ဓမ္မပုံရိပ် ပေါက်ကွဲသွားကာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော အပိုင်းအစလေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရွှေရောင် အပိုင်းအစလေးများက အလင်းမှုန်လေးများအဖြစ် အသွင်ပြောင်းသွားခဲ့ကာ ပျောက်ကွယ်သွားခဲ့သည်။

“ မင်း ……. “

ယွင်ခုန်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။ သို့သော် လုချန်ရှန်းကမူ သူ၏မျက်လုံးများကို ချိန်ရွယ်ကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ယွင်ခုန်းက သူ၏လက်ကို မြှောက်ကာ ၎င်းကို တားဆီးပိတ်ဆို့ရန် ကြံရွယ်လိုက်သည်။ သူတို့၏ ရုပ်ခန္ဓာများ တိုက်မိသွားကာ အနောက်သို့ လွင့်ထွက်သွားခဲ့သည်။ စွမ်းအားက ကြီးမားလွန်းနေသောကြောင့် ရင်ခုန်သံရပ်တန့်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ စွမ်းအားမျိုးက မွေးရာပါ ဝိညာဥ်အဆင့်၈ ပညာရှင်တစ်ဦးထံမှ ပေါ်ထွက်လာသည်ဆိုသည်မှာ မှန်းဆရခက်လှပေသည်။

လူနှစ်ဦးက တိုက်ကွက်များ ဖလှယ်နေလျက်ရှိပြီး အလင်းတန်းများ ပြိုကွဲသွားခဲ့သည်။

လုချန်ရှန်းက တိုက်ခိုက်လာသည့် အချိန်တွင် ယွင်ခုန်းက မည်သို့မျှ မခုခံနိုင်တော့ပေ။ သူသည် ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရပြီး ခန္ဓာကိုယ် အနည်းငယ် လှုပ်ရမ်းသွားခဲ့သည်။ ကိုယ်ပွားက သူ၏ ခြောက်ဆယ်ရာခိုင်နှုန်းသော တိုက်ခိုက်ရေးစွမ်းအားကိုသာ ပိုင်ဆိုင်ထားခဲ့သည်။

ထို့အပြင် အစစ်အမှန်ခန္ဓာကိုယ်၏ နည်းစနစ်များကိုပါ အသုံးမပြုနိုင်ခဲ့ပေ။ သို့တိုင်အောင် သူသည် ကိုယ်ပွားကို မစွန့်လွှတ်ချင်သေးပေ။ သူသည် သူ့အရှေ့တွင် ရှိနေသည့်လူ၏ ဇစ်မြစ်က ဘာလဲဆိုသည်ကို မသိပေ။ သို့သော် ထိုလူက အတော်ပင် ကြမ်းတမ်းလွန်းလှကာ သူနှင့် ရန်သူဖြစ်ရမည်ကိုပင် မကြောက်ချေ။

သူအာရုံပျက်သွားသည့် တစ်ခဏလေးအတွင်းမှာပင် လုချန်ရှန်းက လက်မြှောက်လာခဲ့ကာ သူ့ကို ထပ်မံ၍ လွင့်ထွက်သွားစေခဲ့ပြန်သည်။ တစ်နေရာရာမှ ဧရာမလက်တစ်ဖက် ပေါ်ထွက်လာခဲ့ပြီး သူ့ခြေထောက်များအောက်တွင် ရှိနေသည့် ကြာပန်းပုလ္လင်ကို ဆွဲယူသွားခဲ့သည်။

ပြိုကွဲပျက်စီးသွားသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ကာ ကြာပန်းပုလ္လင် ပျက်စီးသွားခဲ့ပြီး တံဆိပ်ပြားတစ်ခု ပေါ်ထွက်လာခဲ့ကာ ၎င်းက အဝေးသို့ ယူဆောင်ခံလိုက်ရသည်။

ယွင်ခုန်းက အံ့ဩတုန်လှုပ်သွားကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် ငေးကြည့်နေမိတော့သည်။ သူသည် ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။

ရှောင်ဟေးမှာလည်း အံ့ဩမှင်သက်သွားခဲ့သည်။ ထိုအကောင်က ဤအတိုင်း သွားကြည့်မည်ဟု ပြောခဲ့သော်လည်း တစ်ဖက်လူ၏ တံဆိပ်ပြားကို ဆွဲလုနေသေး၏။

လုချန်ရှန်းက အဆိုပါ တံဆိပ်ပြားကို တမင်သက်သက် လိုက်ရှာနေခြင်း မဟုတ်ပေ။ ၎င်းကို နောက်မှ တွေးမိခဲ့ခြင်းဖြစ်သည်။ အဓိက ရည်ရွယ်ချက်မှာ ထိုလူများ၏ နည်းစနစ်များကို လေ့လာရန်ဖြစ်သည်။ သူက တံဆိပ်ပြားများ ကင်းမဲ့နေသည့် လူတစ်ဦးပါလော။

လုချန်ရှန်းသည် အနားယူချိန်မပေးဘဲ ထပ်မံ၍ ပြေးတက်သွားခဲ့ပြန်သည်။

ကြာပန်းပုလ္လင် ပြိုကွဲသွားကာ တံဆိပ်ပြားလည်း ရရှိခဲ့ပြီဖြစ်သောကြောင့် ရှင်းလင်းသတ်ဖြတ်ရတော့မည် ဖြစ်သည်။

ယွင်ခုန်းက စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ပြီး မည်ကဲ့သို့ တုံ့ပြန်ရမလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။ ထိုစဥ် အဝေးတစ်နေရာတွင် ပုံရိပ်နှစ်ခု ပေါ်ထွက်လာခဲ့၏။

၎င်းက အသက်နှစ်ဆယ်အရွယ် လူငယ်နှစ်ဦးဖြစ်သည်။ တစ်ဦးက ကျောက်စိမ်းကဲ့သို့ ချောမွေ့ကာ အံ့ဖွယ်ကောင်းသည့် အရှိန်အဝါ အကြောက်အလန့်ကင်းသော စိတ်ဓာတ်နှင့် အားကောင်းသော ယုံကြည်မှုတို့ကို ပိုင်ဆိုင်ထားခဲ့သည်။

တစ်ခြားလူကမူ မိုချင်ပင်ဖြစ်သည်။

လုချန်ရှန်းက ဖျတ်ခနဲ ငေးကြည့်ကာ တစ်ခဏခန့် အာရုံပျက်သွားခဲ့သည်။

ထို့နောက်တွင် သူသည် ဗုဒ္ဓသားတော်ကို ဖိနှိပ်၍ သတ်ဖြတ်ရန် ပြင်လိုက်သည်။

သို့ရာတွင် ယွင်ခုန်းက ထိုအခိုက်အတန့်တွင် ရုတ်တရက် အော်ပြောလာခဲ့သည်။

“ မင်းက ထျန်းကျီစံအိမ်နဲ့ ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ လူတွေကို ချောင်းတိုက်ပြီးတော့ သတ်ခဲ့တဲ့ လူပဲ “

အဆိုပါ စကားလုံးများက ရုတ်တရက် ပေါ်ထွက်လာခြင်းဖြစ်ပြီး လူတိုင်းကို အငိုက်မိသွားစေခဲ့၏။

လုချန်ရှန်းကပင် အေးခဲတောင့်တင်းသွားခဲ့သည်။ သူသည် ဇဝေဇဝါ ဖြစ်သွားသော အမူအရာမျိုးဖြင့် ဗုဒ္ဓသားတော်ကို ငေးကြည့်နေတော့သည်။

အဲ့တာကို ခုနကလေးတင် ပြောခဲ့ပြီးပြီ မဟုတ်ဘူးလား။

ဘာကိစ္စ ရုတ်တရက်ကြီး ထပ်ပြောနေရတာလဲဟ။ မေ့သွားတာလား (ဒါမှမဟုတ်) ထင်ယောင်ထင်မှား ဖြစ်သွားတာလား။

ထိုအခိုက်အတန့်တွင် ယွင်ခုန်းက အဝေးသို့ ဆုတ်ခွာသွားခဲ့သည်။

“ အမိတက္ဘ “

ယွင်ခုန်းက ဗုဒ္ဓ၏ အမည်ကို ရွတ်ဆိုကာ မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အလား လေးနက်တည်ကြည်သွားခဲ့သည်။

လုချန်ရှန်းက ဇဝေဇဝါ ဖြစ်နေစဥ်အချိန်တွင် သူသည် အသစ်ရောက်ရှိလာသူနှစ်ဦးကို ကြည့်ကာ စကားလှမ်းပြောနေတော့သည် “ တာအိုရောင်းရင်းတို့ မင်းတို့က ကိုယ်ဟာကိုယ် ကိုင်တွယ်သင့်တယ်။ ငါကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး “

လုချန်ရှန်း : “ … “

ထို့နောက်တွင် ရှောင်ဟေးက စကားဝင်ပြောလာခဲ့သည် “ အဲ့တာက ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ သူတော်စင် ရှောင်ထျန်ချန်း “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ရုတ်တရက် နားလည်သွားခဲ့သည်။

သူသည် ယွင်ခုန်းက ဘာလုပ်ချင်နေလဲဆိုသည်ကို နားလည်သွားခဲ့သည်။၎င်းက သူ့ကိုအပြစ်ပုံချကာ ထွက်ပြေးလွတ်မြောက်ရန် ကြံရွယ်ထားခဲ့သည်။

ထိုအခိုက်အတန့်တွင် ရှောင်ထျန်ချန်းက လုချန်ရှန်းကို အေးအေးလူလူ ကြည့်လာခဲ့သော်လည်း သူ၏ အမူအရာက မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။ တောက်လောင်နေသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့၏။

သူသည် ယွင်ခုန်းကို ငေးကြည့်ရုံသာ ကြည့်လိုက်ပြီး ဘာမှမမြန်းလိုက်ပေ။ ထို့အစား သူသည် သူ့ဘေးနားတွင် ရှိနေသည့် မိုချင်ကိုသာ ငေးကြည့်လိုက်၏။

မိုချင်ကမူ ယခင်ကဲ့သို့ ဖြူဖျော့နေလျက်ရှိပြီး အသက်ဓာတ်ကင်းမဲ့နေသည်။ သို့သော် သူ၏ မျက်ဝန်းများအတွင်းတွင် ဒေါသထွက်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့ကာ ဒေါကြီးမောကြီး တုံ့ပြန်လိုက်သည် “ တကယ်ကို ရွံဖို့ကောင်းတာပဲ။ ငါတို့ အရှေ့ဒေသမှာ ဘယ်သူမှ မရှိဘူးလို့ထင်နေတာလား “

လုချန်ရှန်းကမူ ငေးကြည့်နေရင်းဖြင့် စကားပြောရန်ပြင်လိုက်သည်။

သို့ရာတွင် မိုချင်က ရှောင်ထျန်ချန်းကို လှည့်ကြည့်ကာ စကားပြောနေတော့၏ “ ညီအစ်ကိုရှောင် ငါက ကလေးဘဝကတည်းက ချောင်းတိုက်ခံခဲ့ရပြီးတော့ ထိခိုက်သွားခဲ့တာ။ အခုလက်ရှိအချိန်မှာ ငါက အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်မှာပဲ ရှိနေသေးတယ်။ ငါ့ဆီမှာ စိတ်ဆန္ဒရှိတယ်။ ဒါပင်မဲ့ စွမ်းအားမရှိဘူး။ ကြည့်ရတာတော့ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်ယူပေးဖို့အတွက် မင်းကိုပဲ ဒုက္ခပေးရတော့မယ်နဲ့တူတယ် “

လုချန်ရှန်း၏ မျက်လုံးများ လှုပ်ခါသွားခဲ့သည်။ သူသည် ဗုဒ္ဓသားတော်ကို ငေးကြည့်နေခဲ့ကာ ထို့နောက်တွင် သူ၏အကြည့်က မိုချင်ထံသို့ ရောက်ရှိသွားခဲ့သည်။ သူသည် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။

နတ်ဘုရားမ ဝမ်ရန်မှာလည်း အံ့ဩတုန်လှုပ်သွားခဲ့သည်။ သို့သော် သူမသည် ဘာစကားမှမပြောဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။ ရှောင်ထျန်ချန်းက မေးမြန်းနေသော အကြည့်မျိုးဖြင့် ကြည့်လာသည့် အချိန်မှသာလျှင် ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှကြာတွင် ရှောင်ထျန်ချန်းက တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေ့တက်လာခဲ့သည်။

ရုတ်တရက်ဆိုသလိုပင် ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားပုံရသည်။ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့၏။ ထိုအခိုက်အတန့်တွင် သူသည် သူ့အရှေ့တွင် ရှိနေသည့် လူက ဗုဒ္ဓသားတော်ထပ် မည်သို့မျှ အားမနည်ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။

သူက အေးချမ်းတည်ငြိမ်မှုကို မပိုင်ဆိုင်ထားခဲ့ပေ။ သူ၏မျက်လုံးများက ကောင်းကင်ဘုံကိုးခု၏ အရှင်သခင်က သက်ရှိအားလုံးကို အထင်သေးနေသကဲ့သို့ တလက်လက် တောက်ပနေခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် သူ၏အသံ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်အကြား ပျံ့နှံ့သွားခဲ့သည်။

“ မင်းရဲ့ လုပ်ရပ်တွေအတွက် မင်းပြန်ပေးဆပ်ရမယ်။ ဒီနေ့မှာ ငါမင်းကို မသတ်ဘူး။ ဒါပင်မဲ့ မင်းရဲ့ ရှေးဦးဝိညာဥ်ကို ချုပ်နှောင်ထားပြီးတော့ တိုက်ပွဲအစေခံအဖြစ် ခေါ်ထားမယ်။ မင်းက ငါ့မြင့်မြတ်နယ်မြေရဲ့ ကျွန်လုပ်ပြီးတော့ မင်းကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်ပေးဆပ်ရမယ် “

ရှောင်ထျန်ချန်း၏ အသံ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူတို့အားလုံး မှင်သက်သွားကြသည်။ သူ၏ မောက်မာမှုနှင့် ယုံကြည်မှုက အလွန်တရာ မြင့်မားနေခဲ့ကာ လုချန်ရှန်းကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဆက်ဆံနေခဲ့သည်။

သူ၏ ရည်ရွယ်ချက်မှာ မြင့်မြတ်နယ်မြေနှင့် သူ့ကို ဆန့်ကျင်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်တို့အား တစ်ကမ္ဘာလုံးကို သိသွားစေရန်အတွက် ဖြစ်သည်။

သို့ရာတွင် လုချန်ရှန်းကမူ ထိုလူများကို ကြည့်ကာ မအောင့်ထားနိုင်တော့ဘဲ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။

“ ဒီလူတွေက တကယ်ကို ကျလိမ်ကကျစ်ကျတတ်တာပဲ “

--

……………………………………………………………………………………………………………………………………..

All Chapters