← Chapters

အခန်း ၂၈၄

Vol. 19 Ch. 284

အခန်း ၂၈၄

Vol. 19 Ch. 284

အပိုင်း ( 284 )

ငါကတော့ မလိုချင်ဘူး

သူတို့သုံးဦးက နောက်ဆုတ်သွားခဲ့ကာ ရှောင်ထျန်ချန်း ရှေ့တက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

သူတို့အားလုံးထံတွင် ကွဲပြားသော အတွေးများ ရှိနေပုံရသည်။

အကြိမ်ကြိမ်အခါခါ အပြစ်ကျူးလွန်နေသူ မိုချင်အကြောင်းကို အထူးတလည် ပြောဆိုနေရန်မလိုအပ်ပေ။ သို့သော် နတ်ဘုရားမ ဝမ်ရန်မှာလည်း မည်သည့်အရာကိုမှ မပြောပြရန် စီစဥ်ထားခဲ့သည်။ ယွင်ခုန်းကမူ ဤအခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်ကာ အဝေးသို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။

အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေသည့် ဝမ်ရန်နှင့် ယွင်ခုန်းမှာ ရှောင်ထျန်ချန်းက ရှုံးနိမ့်သွားဖို့သာ များသည်ဆိုသည်ကိုပါ သိနေခဲ့ကြသည်။ သို့သော် သူတို့သည် စကားတစ်ခွန်းမှ မပြောဘဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခဲ့ပြီး သူ့ကို အမြှောက်စာဖြစ်သွားစေရန် တွန်းပို့လိုက်ကြသည်။

၎င်းက နားလည်၍ ရပေသည်။ အဆိုပါ သူတော်စင်က လူကောင်းတစ်ဦး မဟုတ်ပေ။ ဘုန်းကြီးက မုသာဝါဒ မပြောရဘူး သတ္တဝါအားလုံးကို ကယ်တင်ရမည်ဆိုတဲ့ ဆိုဆုံးမမှုတွေက ဘယ်ရောက်သွားတာလဲဟ။ မင်းက ဒီလိုမျိုး ကယ်နေတာလား။ နောင်လာနောင်သားတွေက မင်းကို ရိုက်သတ်ပြီးတော့ ပြန်ကယ်လောက်တယ်။

လုချန်ရှန်းကမူ ဘာစကားမှမပြောဘဲ အဆိုပါ သူတော်စင်ကိုသာ ရင်ဆိုင်လိုက်သည်။

သူ၏ မျက်ဝန်းများအတွင်းတွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အငွေ့များ ရှိနေသေး၏။

ထိုလူက ပါးစပ်ဖွင့်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို တိုက်ပွဲအစေခံအဖြစ် ခေါ်သွားမည် ပြောဆိုခဲ့သည်။ ၎င်းက အလွန်တရာ မောက်မာလွန်းလှသည်။

“ ကောင်လေး မင်းက တော်တော်လေးကို မောက်မာနေတာပဲ။ မင်းက သူတော်စင်တစ်ယောက်ဖြစ်တာကြောင့် ငါမင်းကို မရိုက်ဘူးလို့တော့ မထင်လိုက်နဲ့။ ဒီနေ့မှာ မင်းကို ငါ့ရဲ့ စီးတော်ယာဥ်အဖြစ် ခေါ်သွားမယ် “

လုချန်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်။ သူတော်စင်တစ်ဦးနှင့် ရင်ဆိုင်နေရသော်လည်း သူသည် မည်သည့်အရာကိုမှ ဂရုစိုက်မနေခဲ့ပေ။ ကိုယ်ပွားကို မဆိုထားနှင့် အစစ်အမှန် ခန္ဓာကိုယ် ရောက်လာမည်ဆိုလျှင်တောင်မှ ရိုက်နှက်မည် ဖြစ်သည်။

“ ဟက် “

ရှောင်ထျန်ချန်းမှ လှောင်ပြောင်လာခဲ့၏။ သူ၏အမြင်တွင် ၎င်းက အဓိပ္ပါယ် မရှိသော အရာတစ်ခုမျှသာ ဖြစ်နေခဲ့သည်။

သူသည် လေကုန်ခံရန်အတွက် အလွန်တရာ ပျင်းရိနေခဲ့သည်။ သူ၏ အရှိန်အဝါတစ်ခုလုံး မြင့်တက်လာခဲ့ပြီး မှော်စွမ်းအားများနှင့်အတူ ကောင်းကင်ကိုပင် လှုပ်ရမ်းသွားစေနိုင်သည့် သတ်ဖြတ်လိုစိတ်ပါ ပေါက်ထွက်လာခဲ့၏။ ရဟန်းငယ်၏ ငြိမ်းချမ်းသော ဟန်ဆောင်မှုနှင့် ယှဥ်လိုက်မည်ဆိုပါက အတော်ပင် အထက်စီးဆန်နေပုံရ၏။

ဝှစ်

လက်ဝါးရိုက်ချက်ကို ထုတ်လွှတ်လိုက်သည့် အချိန်တွင် ၎င်းက ဘက်ပေါင်းစုံကို လှုပ်ခတ်သွားစေခဲ့ပြီး အားကောင်းသော လေပြင်းတစ်ခုက သူတို့ကို ဖုံးလွှမ်းသွားခဲ့သည်။

လုချန်ရှန်းက ရန်သူနှင့် ရင်ဆိုင်ရန်အတွက် လက်သီးဆုပ်လိုက်သည်။ လက်သီးနှင့်လက်ဝါးတို့ကို ရိုက်ခတ်မိသွားကာ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့၏။ မှော်စွမ်းအားများက လှိုင်းတွန့်လေးများအဖြစ် ပျံ့လွင့်သွားကာ အဝေးသို့ အဆက်မပြတ် စီးဆင်းသွားခဲ့သည်။

ရှောင်ထျန်ချန်း၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ သို့သော် အဆုံးတွင် ၎င်းက မထီမဲ့မြင်ပြုနေသည့် အကြည့်အဖြစ်သာ ပြောင်းလဲသွားခဲ့သည်။ သူ့အတွက် ၎င်းတို့အားလုံးက တစ်ခဏမျှသာ ဖြစ်ပြီး အဆုံးသတ်ရလဒ်ကမူ အတူတူသာ ဖြစ်နေသေးသည်။

“ မင်းဆီမှာ စွမ်းရည်တစ်ချို့ရှိတယ်။ မင်းက ငါ့ရဲ့ တိုက်ပွဲအစေခံလုပ်ဖို့အတွက် ပိုပြီးတော့တောင် သင့်တော်သွားပြီ “

ရှောင်ထျန်ချန်း၏ လေသံမှာ ဝင့်ကြွားစိုးမိုးနေစဲဖြစ်ပြီး အစမှအဆုံးအထိ လုချန်ရှန်းကို မည်သို့မျှ အလေးအနက်မထားခဲ့ပေ။

လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်၏ “ မင်းရဲ့ စွမ်းအားကတော့ သာမန်ပါပဲ။ ငါ့ရဲ့ စီးတော်ယာဥ်ဖြစ်ဖို့တောင် မလုံလောက်သေးဘူး။ ဒါပင်မဲ့ သူတော်စင်ဆိုတဲ့ ဂုဏ်ပုဒ်ကို စဥ်းစားမိတော့ မင်းကို ချွင်းချက်ထားပေးမယ်လေ “

ဟစ်

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

အဆိုပါ စကားလုံးများက ရှောင်ထျန်ချန်းထပ်ပင် ပိုမိုမောက်မာရိုင်းစိုင်းနေခဲ့သည်။

“ သေချင်နေတာပဲ “

ရှောင်ထျန်ချန်းက အေးစက်စွာ အော်ဟစ်လာတော့သည်။ ယခင်က မည်သူကမှ သူ့ကို ထိုကဲ့သို့ စကားမပြောဝံ့ခဲ့ပေ။ တစ်ခြားသော သူတော်စင်များကပင် ထိုမျှလောက်မောက်မာမနေခဲ့ပေ။

ဝှစ်

ချက်ချင်းဆိုသလိုပင် မှော်စွမ်းအားများ ကြောက်ခမမ်းလိလိ မြင့်တက်လာခဲ့၏။ ရှောင်ထျန်ချန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့ရာ ကောင်းကင်နှင့်မြေပြင်ပင် တုန်ခါသွားခဲ့သည်။ သူ၏လက်အတွင်းတွင် သတ်ဖြတ်လိုစိတ်တစ်ခု ဖွဲ့တည်လာခဲ့ကာ အရှေ့သို့ ပစ်လွှတ်လိုက်သည်။

အဆိုပါ တိုက်ခိုက်မှုက အတော်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

လုချန်ရှန်းကမူ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်။ သူက စိတ်သဘောကျဥ်းမြောင်းသည့် လူတစ်ဦး မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက အလွန်တရာ ကြင်နာတတ်ပေသည်။ ရှောင်ထျန်ရှန်းက စကားကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ကာ သူ့ကို သတ်ဖြတ်ချင်နေခဲ့သော်လည်း သူက မည်သည့်သတ်ဖြတ်လိုစိတ်မှ မရှိသည့် စိတ်စေတနာကောင်းသော စိတ်နှလုံးသားကိုသာ ထိန်းသိမ်းထားခဲ့၏။

ထို့အပြင် သူသည် ထိုလူ့ကို အခွင့်အရေး တစ်ခု ပေးချင်နေသေးကာ သူက မည်မျှကြင်နာတတ်လဲဆိုသည်ကို ပြသရာရောက်ရန်အတွက် သူ့ကို ဖိနှိပ်၍ သူ၏ စီးတော်ယာဥ်အဖြစ်သာ ခေါ်ဆောင်ရန် ကြံရွယ်ထားခဲ့သည်။

ဘုမ်းးး

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ထိုနှစ်ဦးစလုံးထပ်မံ၍ ထိပ်တိုက်တွေ့နေကြတော့သည်။

မရေမတွက်နိုင်လောက်အောင် များပြားသော အလင်းတန်းများ လွင့်စင်သွားကာ သတ်ဖြတ်လိုစိတ် အပိုင်းအစများ စုတ်ပြဲသွားခဲ့သည်။ ရှောင်ထျန်ချန်း၏ ပုံရိပ်မှာ အဆက်မပြတ် နောက်ဆုတ်သွားခဲ့ရသည်။

“ ဘာကြီး “

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်မှာ မည်သို့မျှ မထိခိုက်သွားဘဲ ရှိရင်းစွဲနေရာမှာပင် အေးအေးလူလူ မတ်တပ်ရပ်နေခဲ့သည်။

ရှောင်ထျန်ချန်းသည် သူ၏ သတ်ဖြတ်လိုစိတ်က တစ်ဖက်လူကို ထိခိုက်သွားအောင် မလုပ်နိုင်ဘဲဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့အစား ၎င်းက တိုက်ကွက်တစ်ခုတည်းဖြင့် ပြိုကွဲသွားခဲ့သည်။

ဘေးတစ်ဖက်မှ စောင့်ကြည့်နေသည့် မိုချင်မှာလည်း မည်သည့်တုံ့ပြန်မှုမှ မပြဘဲ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။

နတ်ဘုရားမ ဝမ်ရန်ကမူ အစမှအဆုံးအထိ စကားတစ်ခွန်းမှ မပြောသကဲ့သို့ အဆိုပါ ရလဒ်ကြောင့် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။ သူမက ဗုဒ္ဓသားတော်၏ ဓမ္မပုံရိပ် ပျက်စီးသွားသည်ကို ကိုယ်တိုင် မြင်တွေ့ထားခဲ့ဖူးသည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက ရှောင်ထျန်ချန်းကို ကြည့်ကာ စကားပြောနေတော့သည် “ မင်းရဲ့ စိတ်အခြေအနေက လုံလုံလောက်လောက် မသန်မာသေးဘူး။ မင်းက အဲ့ဒီကတုံးလေးလောက်တောင် မမာဘူးပဲ “

ဟမ်

ရှောင်ထျန်ချန်းမှာ မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားကာ မေးခွန်းထုတ်နေသော အကြည့်မျိုးဖြင့် ယွင်ခုန်းကို လှမ်းကြည့်နေတော့၏။

“ အမိတက္ဘ “

ယွင်ခုန်းက လက်အုပ်ချီ၍ ဗုဒ္ဓဂါထာကိုသာ ရွတ်ဆိုနေခဲ့ကာ စကားတစ်ခွန်းမှ ပြန်မပြောလိုက်ပေ။

သူသည် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားသွားခဲ့ရသည်။ သို့သော် လုချန်ရှန်းက သူ့ကို မည်သည့်အခွင့်အရေးမှ မပေးခဲ့ချေ။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အနားသို့ ရောက်ရှိလာခဲ့ကာ သူ့ကို ဖိနှိပ်ရန်အတွက် သူ၏လက်ကို မြှောက်လိုက်သည်။

ရှောင်ထျန်ချန်း၏ အမူအရာ မည်းမှောင်သွားကာ တားဆီးပိတ်ဆို့ရန် ပြင်လိုက်သည်။ လက်နှစ်ခု တွေ့ဆုံသွားမှုနှင့်အတူ သူသည် လက်ဟန်များကို အဆက်မပြတ်ပြုလုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ သတ်ဖြတ်လိုစိတ်များ ပြန်လည်ဖြစ်တည်လာခဲ့ပြီး အလင်းတန်းတစ်ခု ပြောင်းလဲသွားကာ လုချန်ရှန်း၏ မျက်ခုံးများအကြားသို့ တိုးဝင်သွားခဲ့သည်။

အုမ်းးးး

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး အလင်းတန်းမှာ ထပ်မံ၍ ပြိုကွဲသွားခဲ့ကာ အလင်းရောင် မိုးအဖြစ် ပြန့်ကျဲသွားခဲ့သည်။

ထိုစဥ် ရှောင်ထျန်ချန်းက နောက်ထပ်လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး အားကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့၏။ ငွေရောင်ငှက်တစ်ကောင် ဖြစ်တည်လာပြီး ကျယ်လောင်သော တွန်မြည်သံတစ်ခုကို ပြုလုပ်လာခဲ့သည်။ ၎င်း၏ တောင်ပံများကို ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် မိုးကြိုးများ ကျဆင်းလာခဲ့သည်။

၎င်းက မိုးကြိုးငှက်တစ်ကောင်ဖြစ်ပြီး သူသည် အဆိုပါ မျိုးနွယ်စု၏ နည်းစနစ်များကို ဖော်ထုတ်ပြသလာခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် မိုးကြိုးလျှပ်စီး အမြောက်အများက ဤဒေသကို ဖုံးလွှမ်းလာခဲ့သည်။ အကယ် သက်ရှိသတ္တဝါများကသာ မိုးကြိုးချီကို ပိုင်ဆိုင်ထားမည်ဆိုပါက မိုးကြိုးကို မည်သူက ကြောက်လန့်နေကြတော့မည်နည်း။

“ ငါနဲ့လာကစားနေတာလား။ နည်းနည်းလောက် အားစိုက်စမ်းပါကွာ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ထျန်ချန်းက မျက်မှောင်ကြုတ်သွားကာ ပြန်လည်တုံ့ပြန်ရန် ပြင်လိုက်သည်။ သို့သော် သူသည် ဧရာမီ လက်သီးတစ်လုံးက သူ၏မျက်နှာဆီသို့ ပြေးဝင်လာနေသည်ကိုသာ မြင်တွေ့လိုက်ရသည်။

အဆိုပါ လက်သီးထိုးချက်က သူ၏မျက်နှာကို တိုက်ရိုက်ထိမှန်သွားကာ သူ၏ ချောမောသော မျက်နှာကို အနည်းငယ် ပုံပျက်သွားစေခဲ့၏။

သို့ရာတွင် ရှောင်ထျန်ချန်းက တိုက်ကွက်တစ်ခုကြောင့် အလျားလိုက်လွင့်ထွက်သွားကာ မြေပြင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားခဲ့သည်။

တစ်ခြားလူများ အံ့ဩမှင်သက်နေစဥ် အချိန်မှာပင် လုချန်ရှန်း၏ ပတ်ပတ်လည်တွင် ရုန်းအမြောက်အများ ဖြစ်တည်လာခဲ့ပြီး ၎င်းတို့၏ ဖြစ်တည်လာမှုနှင့်အတူ အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုပါ ထပ်မံ၍ ပေါ်ထွက်လာခဲ့၏။

“ သတ် “

ရှောင်ထျန်ချန်း၏ အသံသည် အဝေးမှ ပေါ်ထွက်လာခဲ့သည်။ သူ၏ လက်ဟန်များ ပြောင်းလဲသွားပြီး ဟင်းလင်းပြင် တွန့်ခေါ်သွားပုံရ၏။ စွမ်းအားများသည် အချုပ်အနှောင်များကဲ့သို့ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့ပြီး အဆက်မပြတ် လိမ်ယှက်နေလျက်ကာ သူ့ကို လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းနေခဲ့သည်။

လုချန်ရှန်းသည် ထိုပစ္စည်းများက သူ၏ခန္ဓာကိုယ်အား တွယ်ကပ်နေသည်ကို စောင့်ကြည့်နေရင်းဖြင့် တအံ့တဩဖြစ်သွားခဲ့သည်။

“ မင်းဆီမှာ လှည့်ကွက်လေးတွေ အတော်ရှိတာပဲ “

သူတို့တိုက်ခိုက်နေသည်မှာ တစ်ခဏမျှသာ ရှိသေးသော်လည်း တစ်ဖက်လူက နည်းစနစ်အမျိုးမျိုးကို ဆက်တိုက်ချပြခဲ့ပြီးပြီ ဖြစ်သည်။ အဆုံးမဲ့ နည်းလမ်းများကို ပိုင်ဆိုင်ထားသည်ဟု ညွှန်းဆိုမည်ဆိုလျှင်တောင်မှ ၎င်းက ချဲ့ကားပြောဆိုရာရောက်လိမ့်မည် မဟုတ်ပေ။

ရှောင်ထျန်ချန်းသည် ဖုန်မှုန့်များအတွင်းမှ မည်းမှောင်နေသော အမူအရာမျိုးဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့၏။ သူသည် မည်သို့မျှ မတုံ့ပြန်လိုက်ဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ မင်းကလည်း တော်တော်လေးကို မောက်မာတာပဲ “

လုချန်ရှန်းက ထိုစကားကို ပြော၍ အရှေ့သို့ ‌ခြေတစ်လှမ်းတိုးလိုက်ရာ သူ့ခြေထောက်တွင် ရှိနေသည့် ချိန်းကြိုး ပြိုကွဲပျက်စီးသွားခဲ့သည်။ သူ၏ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ ချိန်းကြိုးအားလုံး အက်ကြောင်းထသွားပြီး ထို့နောက်တွင် အပြည့်အဝ ပျက်စီးသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှောင်ထျန်ချန်းမှအပ မည်သူကမှ စိတ်မလှုပ်ရှားသွားခဲ့ပေ။

သူတို့က ၎င်းကို ယခင်ကတည်းက မြင်တွေ့ထားခဲ့ပြီးသား ဖြစ်သည်။ အထူးသဖြင့် ယွင်ခုန်းဖြစ်သည်။ အကယ်၍ သူ၏ အစစ်အမှန် ခန္ဓာကိုယ် ရောက်ရှိလာမည်ဆိုလျှင်တောင်မှ သူသည် ထိုလူ့ကို ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ပေ။

၎င်းက အလွန်တရာ ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်သည်။

မိုချင်ကမူ မျက်နှာပိုမို ဖြူဖျော့သွားခြင်းမှအပ အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်။

ထိုစဥ် လုချန်ရှန်းက ရှောင်ထျန်ချန်း၏ မှော်နည်းစနစ်များကို လျစ်လျူရှုထားကာ ကောင်းကင်ထက်သို့ ခုန်တက်သွားခဲ့သည်။ လက်သီးတစ်လုံးကို ထပ်မံ၍ ပစ်သွင်းလိုက်ရာ ၎င်းက ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ တစ်ဖက်လူ၏ မျက်နှာပေါ်သို့ ထပ်မံ၍ ကျဆင်းသွားခဲ့ပြန်သည်။

ရှောင်ထျန်ချန်းမှာလည်း သူ့အရှေ့တွင် ရှိနေသည့်လူက အလွန်တရာ အံ့ဖွယ်ကောင်းကာ ကိုယ်ပွားတစ်ခုက တစ်ဖက်လူကို မဖိနှိပ်နိုင်ဘူးဆိုသည်ကို နားလည်သွားခဲ့သည်။

သို့သော် ပြိုင်ဘက်က သူ့ကို မသတ်ဖြတ်ဘဲ မျက်နှာကိုသာ အဆက်မပြတ် ထိုးနှက်နေခဲ့၏။ တစ်ခါထိုးခဲ့ပြီးသည့် အချိန်တိုင်းတွင် စွမ်းအားက သူ၏ဦးခေါင်း ပေါက်ကွဲသွားမည်ကို စိုးရွံ့နေသည့်အလား လျော့ပါးသွားခဲ့သည်။

“ မင်းက ငါ့ကို ဘယ်လိုတောင် အရှက်ခွဲရဲနေရတာလဲ “

ရှောင်ထျန်ချန်းသည် တစ်ဖက်လူက ၎င်းကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည်ကို သိရှိနေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းက ပါးစပ်ဟလိုက်တာနဲ့ ငါ့ကို အစေခံအဖြစ် ခေါ်မယ်လို့ ပြောလာခဲ့တာလေ။ မင်းတစ်ယောက်တည်းကပဲ မျက်နှာကို ဂရုစိုက်နေတဲ့လူလို့ ထင်နေတာလား “

“ ဘာကိုဆိုလိုတာလဲ “

“ မျောက်ကို ခြောက်ဖို့အတွက် ကြက်ကို သတ်တယ် ကျားကို ခြောက်ဖို့အတွက် တောင်တန်းကို လှုပ်ရမ်းစေတယ်။ ဟိုမှာ စောင့်ကြည့်နေတဲ့ လူတွေကို နည်းနည်းလောက် လိမ္မာသွားအောင် လုပ်ပေးနေတာ “

လုချန်ရှန်းက ၎င်းကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။

နတ်ဘုရားမ ဝမ်ရန် : “ … “

ယွင်ခုန်း : “ … “

လူနှစ်ဦးမှာ အံ့ဩမှင်သက်ကာ ဆွံ့အသွားခဲ့သည်။ သို့သော် မိုချင်၏ မျက်ဝန်းများအတွင်းတွင် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စိတ်ခံစားချက် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့၏။ သူသည် တိတ်တဆိတ် စောင့်ကြည့်နေရင်းဖြင့် ပြုံးစိစိဖြစ်သွားခဲ့သည်။

ရှောင်ထျန်ချန်းကမူ လုံးဝဒေါသထွက်သွားခဲ့သည်။

“ မင်းလုပ်ရပ်တွေက အဲ့လိုဆိုရင် သေချာပေါက် ………. “

“ စကားမပြောနဲ့။ အသင့်ပြင်ထားလိုက် “

“ ဘာကို အသင့်ပြင်ရမှာလဲ “ ရှောင်ထျန်ချန်းသည် အံ့အားသင့်သွားကာ မသိစိတ်အရ အလိုအလျောက် မေးမြန်းမိသွားခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းကို ဖိနှိပ်ပြီးတော့ ငါ့ရဲ့ စီးတော်ယာဥ်အဖြစ် ခေါ်သွားတော့မယ်လေ “

လူတိုင်း : “ … “

ထိုအပြောနှင့် အကြည့်များကို စောင့်ကြည့်နေရင်းဖြင့် သူတို့သည် မည်သူက အမှန်တကယ် မောက်မာလဲဆိုသည်ကို ဝေခွဲမရ ဖြစ်သွားကြသည်။

--

……………………………………………………………………………………………………………………………………………

All Chapters