← Chapters

အခန်း ၂၈၅

Vol. 19 Ch. 285

အခန်း ၂၈၅

Vol. 19 Ch. 285

အပိုင်း ( 285 )

တော်တော်ရက်စက်တဲ့ကောင်ကွာ

ဤနေရာရှိ မိစ္ဆာစွမ်းအင်နှင့် သတ်ဖြတ်လိုစိတ်များ အတော်အတန် လျော့ပါးသွားကာ ဤလေထု၏ အခြေအနေက ပိုမို တည်ငြိမ်လာပုံရ၏။

ထိုအခိုက်အတန့်တွင် ရှောင်ထျန်ချန်း၏ အမူအရာ ဖြူဖျော့သွားခဲ့သည်။ ထျန်းရီ မြင့်မြတ်နယ်မြေ၏ သူတော်စင်တစ်ဦးဖြစ်သည့် သူက ထိုကဲ့သို့သော အရှက်ခွဲမှုမျိုးကို မည်ကဲ့သို့ သည်းခံနေနိုင်မည်နည်း။

ဘမ်းးးး

လုချန်ရှန်းက အရှေ့သို့ တက်လာခဲ့ပြီး သူ၏ လက်ကိုမြှောက်၍ အရှေ့ရှိ ဧရိယာတစ်ဝိုက်ကို တိုက်ရိုက်ဖိနှိပ်လိုက်သည်။

တိုက်ကွက်တစ်ခုတည်းဖြင့် ဟင်းလင်းပြင် တစ်ခုလုံး အနည်းငယ် တုန်ခါသွားကာ အလင်းတန်းများ ပေါက်ထွက်လာခဲ့၏။ သူသည် ရှောင်ထျန်ချန်း၏ ခံစစ်များကို ဖြိုခွင်းကာ သူ၏ မျက်နှာပေါ်သို့ လက်သီးတစ်လုံး တင်ပေးလိုက်သည်။

သူအထိုးခံလိုက်ရသည်ကို မြင်လိုက်ရသောအခါတွင် ရှောင်ထျန်ချန်းက အမုန်းတရားဖြင့် အံကြိတ်နေတော့သည်။

လုချန်ရှန်းက ဘာမှထပ်မပြောမနေတော့ပေ။ သူ၏ပတ်ပတ်လည်တွင် မှော်စွမ်းအားများ ဖြစ်တည်လာခဲ့ပြီး ဧရာမလက်ကြီးတစ်ဖက်အဖြစ် အသွင်ပြောင်းသွားကာ ‌ရှောင်ထျန်ချန်းကို ဆွဲယူ၍ ဖိနှိပ်ရန် ကြံရွယ်နေတော့သည်။

“ ဘယ်လိုတောင် အတင့်ရဲနေတာလဲ “

ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဒီလိုတောင် ဖြစ်နေပြီကို ငါလုပ်ရဲလားလို့ မေးနေတာလားဟ “

ရုတ်တရက်ဆိုသလိုပင် ရှောင်ထျန်ချန်း၏ ဒေါသများ လောင်ကျွမ်းသွားကာ စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နေတော့‌၏။ သူ၏ မှော်စွမ်းအားများ မြင့်တက်လာခဲ့ကာ ဧရာမလက်ကြီးကို ဖြိုခွင်းလိုက်သည်။ သူ၏မျက်ဝန်းများက ဒေါသတို့နှင့်အတူ ပြူးကျယ်နေကာ အရှေ့သို့ စူးစူးရဲရဲ စိုက်ကြည့်နေလျက်ရှိ၏။

သို့ရာတွင် သူသည် လုချန်ရှန်း ပျောက်ကွယ်သွားပြီဆိုသည်ကိုသာ သိရှိလိုက်ရသည်။ သူသတိဝင်လာသည့် အချိန်တွင် လုချန်ရှန်းက သူ့အနောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး သူ၏ပခုံးပေါ်သို့ လက်ဝါးတစ်ခု ဆင်းသက်လာခဲ့ကာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက သူ့ကို စတင်၍ ချုပ်နှောင်လာခဲ့၏။

မှော်စွမ်းအားနှစ်ခု တိုက်မိသွားကာ တိုးညှင်းသော အသံပေါင်းများစွာ အဆက်မပြတ် ပေါ်ထွက်လာခဲ့သည်။

ရှောင်ထျန်ချန်းက မည်မျှပင်ရုန်းကန်နေခဲ့ပါစေ အရာအားလုံး အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။ သူသည် ချုပ်နှောင်မှုကို မည်သို့မျှ မချိုးဖျက်နိုင်ခဲ့ပေ။ ပြိုင်ဘက်၏ မှော်စွမ်းအားများက သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက်စီးဝင်လာခဲ့ပြီး ချိန်းကြိုးများအဖြစ် အဆက်မပြတ် အသွင်ပြောင်းသွားကာ သူ့ကို ဖြည်းဖြည်းချင်း ချုပ်နှောင်နေခဲ့သည်။

အဆုံးတွင် သူစကားထပ်ပြောလာခဲ့သည် “ မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ကစပြီးတော့ ငါမင်းကို သေတဲ့အထိတိုက်မယ် “

သူ၏ စကားပြောဆိုမှု ပြီးဆုံးသွားသည့်နောက်၌ သူခန္ဓာကိုယ်အတွင်းတွင် အပြောင်းအလဲများ ဖြစ်တည်လာခဲ့သည်။

“ သူက ကိုယ့်ကိုကိုယ် ဖျက်စီးဖို့ လုပ်နေပြီ “

မိုချင်က စကားဝင်ပြောလာခဲ့၏။ နတ်ဘုရားမ ဝမ်ရန်ကမူ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။ ရှောင်ထျန်ချန်းက အရှက်ခွဲခံရခြင်းထပ် သေဆုံးခြင်းကိုသာ ပိုမိုလိုလားနေခဲ့၏။

ဤတိုက်ပွဲက အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယွင်ခုန်းက ခြေတစ်လှမ်းလှမ်းကာ ဤနေရာမှ ထွက်ပြေးသွားခဲ့သည်။

လုချန်ရှန်းကမူ ရှောင်ထျန်ချန်းကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည် “ မင်းကို ငါ့ရဲ့ စီးတော်ယာဥ်အဖြစ် ခေါ်မယ်လို့ ပြောခဲ့တယ်လေ။ မင်းက ကိုယ့်ကိုကိုယ် ဖောက်ခွဲပြီးတော့ ငါ့ကို မျက်နှာပျက်သွားရအောင် လုပ်ချင်နေတာလား “

ဝှစ်

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားများ တဟုန်ထိုး စီးဆင်းလာခဲ့ကာ ဟင်းလင်းပြင် တုန်ခါသွားပြီး အလင်းတန်းများ လိမ်ယှက်လာကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပိုမိုအားကောင်းသည့် စွမ်းအားတစ်ခု တိုးဝင်လာခဲ့၏။ ထို့နောက်တွင် ၎င်းက ရှောင်ထျန်ချန်း၏ အသိစိတ်ကို ဖြတ်တောက်သွားခဲ့သည်။

ရှောင်ထျန်ချန်း၏ ရှေးဦးဝိညာဥ် အပိုင်းအစတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းတွင် ချုပ်နှောင်ခံလိုက်ရပြီး ထိုခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း ဆွဲထုတ်ခံနေခဲ့ရကာ အဆုံးတွင် ထိန်းချုပ်မှုကင်းမဲ့သွားခဲ့သည်။

ယခုတွင် သူသေချင်နေသည်ဆိုလျှင်တောင်မှ ကိုယ့်ကိုကိုယ် ဖောက်ခွဲနိုင်တော့မည် မဟုတ်ပေ။ သူသည် လုချန်ရှန်းက ထိန်းချုပ်နေသည့် သူ၏ ခန္ဓာကိုယ်ကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေခဲ့ရသည်။

“ မင်း …… “

“ ဘာကိစ္စ စကားများနေရတာလဲ။ ငရဲကို သွားလိုက်တော့ “

လုချန်ရှန်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ကာ သူ့လက်ထဲတွင် ချုပ်နှောင်ထားသည့် ရှေးဦးဝိညာဥ် အပိုင်းအစကို ချေမွဖျက်စီးလိုက်သည်။

ဤအချိန်တွင် ရှောင်ထျန်ချန်းက ရုပ်သေးတစ်ခုဖြစ်လာခဲ့ပြီ ဖြစ်သည်။ လုချန်ရှန်းက သူ့ကို အထက်အောက်စုံချည်ဆန်ချည် ကြည့်ရှုစစ်ဆေးနေခဲ့ပြီး မနေနိုင်တော့ဘဲ နှစ်ကြိမ်တိတိ လမ်းပတ်လျှောက်နေကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

နတ်ဘုရားမ ဝမ်ရန်နှင့် မိုချင်တို့မှာလည်း မရေရာမသေချာဖြစ်နေသော အမူအရာမျိုးဖြင့် ငေးကြည့်နေခဲ့ကြသည်။

ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ ဘာဖြစ်လို့လဲ “

“ ပြဿနာတစ်ခု ဖြစ်နေတဲ့ပုံပဲ “

“ ဘာပြဿနာလဲ “

လုချန်ရှန်းက လေးလေးနက်နက် ပြန်ပြောလိုက်သည် “ ဒါက လူတစ်ယောက်လေ။ ငါက သူ့ကို စီးတော်ယာဥ်အဖြစ် သုံးလိုက်မယ်ဆိုရင် ငါက ဘယ်နားမှာ သွားထိုင်ရမှာလဲ “

ရှောင်ဟေး : “ … “

လုချန်ရှန်းက ရှောင်ထျန်ချန်း၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်ကာ သူ့ကို ကျောပိုးခိုင်းက ကြည့်ရဆိုးသည်ဟု ခံစားသွားခဲ့ရ၏။ သူက ထိုလူ၏ဂုတ်ပေါ်သို့ ခုန်တက်လိုက်သော်လည်း ထူးဆန်းသည်ဟု ခံစားနေရသေး၏။

သူသည် အဆိုပါ စီးတော်ယာဥ်ကို ကိုင်ကာ ဘယ်နေရာတွင် ထိုင်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

၎င်းက တစ်ခြာလူများကို ငေးငေးငိုင်ငိုင် ဖြစ်သွားစေခဲ့၏။

အဆုံးတွင် သူသည် တံဆိပ်ပြားနှင့် တစ်ခြားသော အရာများကို သိမ်းယူကာ စကားပြောနေတော့သည် “ အခုတော့ မင်းအလှည့်ပဲ “

သူသည် စကားပြောနေရင်းဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ ယွင်ခုန်းကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ သို့ရာ၌ သူခေါင်းလှည့်ကြည့်လိုက်သည့် အချိန်တွင် ထိုလူက အစအနပင် ရှာမရဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ သူက ဘုန်းကြီးရော ဟုတ်ရဲ့လားဟ “

လုချန်ရှန်းမှာ တအံ့တဩဖြစ်သွားခဲ့သည်။ ဘယ်လိုဘုန်းကြီးမျိုးက အဲ့လောက်မြန်မြန်ကြီး ပြေးသွားလို့လဲဟ။ ခုနတုန်းက သတ္တိတွေနဲ့ ကိစ္စကို ဒီတိုင်းလက်မလွှတ်ဘူးဆိုတာတွေက ဘယ်မြောင်းထဲရောက်သွားတာလဲဟ။

ရှောင်ထျန်ချန်းကို လှည့်စားပြီးတာနဲ့ တန်းပြေးသွားတယ်ပေါ့။

သူသည် အနည်းငယ် ကူရာကယ်ရာမဲ့သွားကာ နတ်ဘုရားမ ဝမ်ရန်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည် “ ငါကြားတာတော့ နင့်ရဲ့ ကိုယ်ပွားကို မီးတာအို အပိုင်းအစကနေ ဖွဲ့စည်းခဲ့ပြီးပြီဆို “

နတ်ဘုရားမ ဝမ်ရန် : “ … “

သူမ၏ မျက်ဝန်းများအတွင်းတွင် ဇဝေဇဝါဖြစ်နေမှုနှင့် အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။ သူ့စကားက ဘာကိုဆိုလိုတာလဲဟ။

သူမက ဤနေရာသို့ ရောက်ရှိလာသည့် အချိန်ကတည်းက မည်သည့်အရာကိုမှ မပြုလုပ်ခဲ့ပေ။ စကားတစ်ခွန်းပင် မပြောသကဲ့သို့ ကြည့်ပင်မကြည့်ခဲ့ပေ။ ဒီလူက ငါ့ကိုပါ တိုက်ခိုက်ချင်နေတာလားဟ။ ဘယ်လောက်တောင် ယုတ္တိမရှိလိုက်သလဲ။

လုချန်ရှန်းမှာလည်း တစ်ခဏခန့် လေးလေးနက်နက် အတွေးနက်သွားခဲ့သည်။ ၎င်းက အနည်းငယ် လွန်နေပုံရသည်။ နတ်ဘုရားမ ဝမ်ရန်က မည်သည့်အရာကိုမှ မပြုလုပ်ခဲ့သည့်အပြင် သူနှင့်လည်း မည်သည့်ရန်ငြိုးမှ မရှိပေ။ ထို့အပြင် သူမ၏ မောင်ဖြစ်သူက သူ့ဆရာ၏ ပရိတ်သတ်တစ်ဦးဖြစ်နေခဲ့သည်။

အကယ်၍ သူကသာ သူမကို ဖိနှိပ်လိုက်မည်ဆိုပါက ၎င်းက မှန်ကန်နေမည် မဟုတ်ပေ။

“ ကောင်းပြီလေ။ ငါက ဒီအတိုင်း မေးကြည့်တာပါ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်သည်။

နတ်ဘုရားမ ဝမ်ရန်သည် မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိဖြစ်သွားကာ အလိုအလျောက် ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။

“ အင်း “

၎င်းက သူတို့၏ တစ်ခုတည်းသော စကားပြောဆိုမှုဖြစ်သည်။

လုချန်ရှန်းသည် မိုချင်ကို လှည့်ကြည့်နေတော့သည်။ ထိုလူက အစောပိုင်းအချိန်များအတွင်းက စကားပြောဆိုခဲ့သည်။ ထို့ကြောင့် မနက်ဖြတ်တွင် ဆဲရဲလာမည်ဖြစ်ပြီး သဘက်ခါ၌ သူ့ခေါင်းပေါ်မှာပင် ချီးတက်ပါလာနိုင်ပေသည်။

သူက ၎င်းကို အောင့်အီးသည်းခံမည်လော။ မည်သို့မျှ သည်းခံမည် မဟုတ်ပေ။

ထို့အပြင် သူက ထျန်းရီမြင့်မြတ်နယ်မြေ၏ အဆိုပါ သူတော်စင်အကြောင်းကို စိတ်ဝင်စားနေခဲ့သည်မှာ အတော်ပင် ကြာနေခဲ့ပြီ ဖြစ်သည်။ ဤမျှကောင်းမွန်သော အခွင့်အရေးကို သူလက်လွှတ်ခံမည် မဟုတ်ပေ။

“ အခုတော့ မင်းအလှည့်ပဲ “

လုချန်ရှန်းက စကားထပ်ပြောနေတော့၏။

မိုချင်ကမူ အေးအေးလူလူသာ ဖြစ်နေခဲ့ကာ သူ၏ မျက်နှာမှာလည်း ယခင်ကကဲ့သို့ပင် ဖြူဖျော့နေသေးကာ သူ၏အပြုံးက ပိုမိုကြီးမားသွားခဲ့သည်။

“ အဲ့လောက်တောင် ယုံကြည်မှုရှိတာလားဟ “ ရှောင်ဟေးက မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။

မိုချင်ကမူ စကားတစ်ခွန်းမှ မပြောဘဲ လုချန်ရှန်းက လှုပ်ရှားလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့၏။ ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ဘမ်းဟူသော အသံတစ်သံနှင့်အတူ ပေါက်ကွဲသွားပြီး အလင်းမှုန်လေးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

လုချန်ရှန်း : “ … “

သူသည် ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အစတွင် သူသည် ထိုလူက ခေါင်းမာမာဖြင့် ခုခံလာလိမ့်မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအကောင်မှာ ချက်ချင်းအသေခံသွားခဲ့သည်။ ၎င်းက ကြောက်ခမမ်းလိလိ ပြတ်သားလှသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ကိုယ့်ကိုကိုယ်တောင် ရက်စက်တာလားဟ။

ကိုယ်ပွားတစ်ခုမျှသာဖြစ်သော်လည်း အနိမ့်ဆုံး အနေဖြင့် ကိုယ့်ကိုကိုယ် ကယ်တင်ရန် ကြိုးပမ်းသင့်ပေသည်။ ငါဘာပစ္စည်းမှ မရသေးဘူးလေ။ မင်းက တန်းသေသွားတယ်ပေါ့။

“ မင်းက တော်တော်ကြီးကို ရက်စက်တာပဲ “

အဆုံးတွင် လုချန်ရှန်းက အံကြိတ်၍ စကားပြောလိုက်သည်။ သူ၏လေသံထဲတွင် နှမြောတသဖြစ်နေသည့် အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

နတ်ဘုရား ဝမ်ရန်မှာလည်း လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။

“ ဟူး “

လုချန်ရှန်းမှာ အသာအယာ သက်ပြင်းချနေတော့သည်။ ကတုံးလေးက ထွက်ပြေးသွားခဲ့ပြီဖြစ်ပြီး နတ်ဘုရားမ ဝမ်ရန်က ပြပွဲကိုသာ စောင့်ကြည့်နေခဲ့ကာ မိုချင်က ကိုယ့်ကိုကိုယ် ဖောက်ခွဲသွားခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူက မည်သည့်အရာကိုမှ မရသလောက်နီးပါးပင် ဖြစ်ခဲ့ရသည်။

သူရရှိခဲ့သည့် အရာဟူ၍ မည်ကဲ့သို့ စီးရမလဲမသိသည့် စီးတော်ယာဥ်တစ်ခုနှင့် အမှတ်အသား တစ်ရာဝန်းကျင်တို့သာ ရှိနေခဲ့သည်။

“ မေ့လိုက်တော့။ သွားကြမယ် “

“ ဘယ်ကိုလဲ “

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ပစ္စည်းတွေ သွားလဲကြမယ်လေ “

သူ့ထံတွင် အမှတ်အသား နှစ်ထောင်ဝန်းကျင်သာ ရှိသော်လည်း သူလိုချင်သည့်အရာကို လဲလှယ်နိုင်မည်ဖြစ်သည်။ သူသည် မည်သည့်မထင်မှတ်ထားသော ဖြစ်ရပ်ကိုမှ မလိုချင်တော့ပေ။

အဓိကအချက်မှာ ပင်လယ်မျက်လုံးက သူ့ကို စိတ်မသက်သာဖြစ်စေခြင်းပင် ဖြစ်သည်။

အဆုံးတွင် သူသည် ရှောင်ထျန်ချန်း၏ ကိုယ်ပွားကို ထိန်းချုပ်ကာ အဝေးသို့ ဦးတည်သွား၏။

သူတို့ထွက်သွားသည့်နောက် သိပ်မကြာခင် အချိန်မှာပင် အဝေးမှ ပုံရိပ်နှစ်ခု ချဥ်းကပ်လာခဲ့သည်။

ထိုလူများက ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများပင် ဖြစ်သည်။

“ ဒီလောက်တောင်မြန်တယ်လား “

လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ တစ်ခဏခန့်သာ ရှိသေးပြီး သူကပင် စီးတော်ယာဥ်ကို မစီးရသေးပေ။ သို့သော် ထိုလူများ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုနှစ်ဦး ရောက်ရှိလာခဲ့ပြီး သူအဆင်သင့်မဖြစ်သေးခင် အချိန်မှာပင် သူတို့က သူ့ကို ဦးညွတ်၍ အရိုအသေးပေးလာကြသည်။

“ သူတော်စင် “

ဟမ်

လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားကာ သူ့ဘေးနားတွင် မလှုပ်မယှက်တည်ရှိနေသည့် ရှောင်ထျန်ချန်းကို ငေးကြည့်နေမိတော့သည်။

ထိုလူနှစ်ဦးက လေကုန်ခံမနေဘဲ အနားသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့ရရှိထားသည့် တံဆိပ်ပြားများကို လက်လွှဲပေးလာခဲ့၏။

“ သူတော်စင် ဒါက အခုလေးတင် ကျွန်တော်တို့ စုဆောင်းထားခဲ့တဲ့ အမှတ်အသားတွေပါ ”

လုချန်ရှန်းသည် ၎င်းတို့ကို ကြည့်နေရင်းဖြင့် မျက်လုံးများ တောက်ပသွားသည်။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှောင်ထန်ချန်းက အေးအေးလူလူ ငေးကြည့်ကာ အသာအယာ တုံ့ပြန်လိုက်သည်။

“ အင်း “

ထိုအခိုက်အတန့်တွင် သူသည် သူ၏လက်ကို မြှောက်ကာ တံဆိပ်ပြားအားလုံးကို သိမ်းယူလိုက်သည်။

“ သွားကြတော့ “

လူနှစ်ဦးက မော့ကြည့်လာခဲ့ပြီး တစ်ခုခု မှားယွင်းနေသည်ဆိုသည်ကို သတိပြုမိပုံမရဘဲ ထပ်မံ၍ ဦးညွတ်ကာ လှည့်ထွက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းက အဆိုပါ တံဆိပ်ပြား အားလုံးကို ထုတ်ယူကာ ပြုံးဖြဲဖြဲ ဖြစ်သွားတော့သည်။

သူသည် ထိုကဲ့သို့သော လက်ဆောင်မျိုး ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းက အိမ်တွင် ထိုင်နေစဥ်အချိန်တွင် ကောင်းကင်ထက်မှ ငွေပုံကျလာခြင်း ဖြစ်သည်။

ရှောင်ဟေးမှာလည်း တအံ့တဩဖြစ်သွားခဲ့သည်။

“ ဒီလိုကိစ္စကောင်းမျိုးလေးတွေ ရှိတယ်ပေါ့ …….. “

သူသည် မိန်းမောငေးငိုင်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ထျန်းရီမြင့်မြတ်နယ်မြေက လုချန်ရှန်းကို အပြည့်အဝ လုပ်ကျွေးခဲ့သည်။

--

……………………………………………………………………………………………………………………………

All Chapters