← Chapters

ပန်ရှန်းနှင့် ထပ်မံတိုက်ခိုက်ခြင်း

Vol. 15 Ch. 168

ပန်ရှန်းနှင့် ထပ်မံတိုက်ခိုက်ခြင်း

Vol. 15 Ch. 168

အခန်း (၁၆၈) -

တောင်တန်းများနှင့် ကောင်းကင်ဖြစ်စဉ်ကြီး ဖိကျလာသည်နှင့်တစ်ပြိုင်နက် သွေးပေါက်ကွဲကူကောင်များသည်လည်း ငရဲမီးလျှံများအလား ခမ်းနားကြီးကျယ်စွာဖြင့် တမလွန်ပန်းများသဖွယ် ပွင့်လန်းလာခဲ့ချေပြီ။

"ဝုန်း"

ဒါကတော့ သိုင်းသူတော်စင်ကြီး သူ၏ နောက်ဆုံး သိုင်းကွက်ကို ထုတ်ဖော်အပြီး ရရှိလိုက်သော အချိန်တိုလေးတစ်ခု ဖြစ်သော်ငြားလည်း တစ်ခဏမျှသာ ခံ၏။

သို့သော်လည်း ဤအဆင့်ရှိ တိုက်ပွဲများတွင် အရာများစွာကို မျက်တောင်တစ်ခတ်အတွင်းမှာပင် အဆုံးအဖြတ် ပေးနိုင်သည်။

သွေးပေါက်ကွဲကူကောင် အမြောက်အမြား ဝုန်းခနဲ ပေါက်ကွဲသွားတော့၏။

“နောက်တစ်ခါ ထပ်လာပြန်ပြီလား”

ပထမအကြိမ် ပေါက်ကွဲမှုလှိုင်းကြောင့် နောက်သို့ လွင့်စင်သွားခဲ့ရသော သိုင်းသူတော်စင်မှာ ပြန်လည် နာလန်ထူရန် ကြိုးစားနေဆဲမှာပင် လေထဲတွင် ပြန့်ကျဲနေသော သိပ်သည်းလှသည့် သွေးများက ရေနွေးပူများအလား ရုတ်တရက် ထပ်မံ ပွက်ပွက်ဆူလာ၏။

သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။

ကာကွယ်ရန်အတွက် အလျင်အမြန် တုံ့ပြန်လိုက်ချိန်မှာပင် ပိုမိုကြမ်းတမ်းပြင်းထန်လှသော ပေါက်ကွဲမှုလှိုင်းလုံးကြီးတစ်ခုက ထပ်မံ ရိုက်ခတ်လာပြန်၏။

“ကျစ်... သောက်ကျိုးနည်း”

ဝဝဖိုင့်ဖိုင့် တောင်တန်းကြီးနှင့်တူသော သိုင်းသူတော်စင်မှာ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားပြီး ခေါင်းထဲ၌ အစီအစဉ်များကို အဆက်မပြတ် တွက်ချက်နေတော့သည်။

အစောပိုင်းက သူ့အား တိုက်ခိုက်ခဲ့သော ကူကောင် အမျိုးအစားပေါင်းစုံကို သူ ရေတွက်ကြည့်လိုက်ရာ မျိုးကွဲဆယ်မျိုးထက် မနည်းပါဝင်နေပြီး အမျိုးအစားတူသော်လည်း အဆင့်မတူညီသော ကောင်များပင် ပါဝင်နေသေး၏။

ဤအရေအတွက်က အဆင့် (၇) ကူသခင် တစ်ယောက် ထိန်းချုပ်နိုင်စွမ်းရှိသော ကန့်သတ်ချက်သို့ ရောက်ရှိနေသင့်ပြီပင်။

‘နောက်ထပ် ရှိနေသေးတာလား’

“အုန်း... အုန်း... အုန်း...”

ယခုတစ်ကြိမ်တွင်မူ ပန်ရှန်း သိုင်းသူတော်စင်မှာ ပေါက်ကွဲမှု၏ ဗဟိုချက်တည့်တည့်တွင် ရှိနေခဲ့ပြီး အလွှာလိုက် ပေါက်ကွဲမှုများကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရရာ အလွန်တရာ နာကျင်လွန်းလှသည်။

ကံကောင်းသည်မှာ ဤနေရာက ရန်သူ၏ အခြေစိုက်စခန်း ဖြစ်နေခြင်းပင်။

လီယွမ်သည် ယခင်တစ်ခေါက်ကဲ့သို့ ပေါက်ကွဲကူကောင် တစ်သိန်းကို တိုက်ရိုက် မဖောက်ခွဲရဲပေ။ သို့မဟုတ်ပါက သူသည် သာမန်ကူကောင်များ၏ လက်ချက်ဖြင့် အမှန်တကယ် အသက်ပျောက်သွားနိုင်ပြီး သိုင်းလောက၏ အရှက်ရဖွယ်ရာ တစ်ခု ဖြစ်လာပေလိမ့်မည်။

‘သူ့ရဲ့ အကြံအစည်တွေကို ဆက်လုပ်ဖို့ အခွင့်အရေး ထပ်ပေးလို့ မဖြစ်တော့ဘူး’

သိုင်းသူတော်စင်မှာ လုံးဝကို သွေးပျက်သွားခဲ့ပြီး ပေါက်ကွဲမှု၏ ဒဏ်ကို အံကြိတ်ခံကာ သူ၏ နောက်ဆုံး သိုင်းကွက်ကို တစ်ဖန် ထုတ်ဖော်လိုက်ပြန်၏။

“တောင်တန်းဖိနှိပ်ခြင်း ကောင်းကင်နှင့်မြေကြီး”

တောင်တန်းကြီးနှင့်တူသော နောက်ထပ် ပုံရိပ်တစ်ခုက အဟုန်ပြင်းစွာ ပစ်ချလိုက်ပြီး လီယွမ် ပေါက်ကွဲမှု ဗဟိုချက်တွင် ပိတ်မိနေစဉ် တောင်ခြေတွင် သူ့ကို ဖမ်းချုပ်ထားရန် ရည်ရွယ်လိုက်၏။

“ဟင်... တစ်ခုခုတော့ မှားနေပြီ”

နောက်တစ်ခဏတွင် သိုင်းသူတော်စင်၏ မျက်နှာသွင်ပြင်က သိသိသာသာ ပြောင်းလဲသွားတော့သည်။

လီယွမ်၏ ချီအငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။

တောင်တန်းများနှင့် ကောင်းကင်ဖြစ်စဉ်အောက်တွင် ဖိနှိပ်ခံထားရသော လီယွမ် မှာ အခွံချည်းသက်သက်သာ ဖြစ်နေပြီး အတုကြီးသာ ဖြစ်သည်။

တွေးကြည့်ရုံဖြင့်ပင် အသည်းခိုက်မတတ် ကြောက်ရွံ့ဖွယ် ကောင်းလှ၏။

ထိုအခါမှသာ လီယွမ်တွင် သူ၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်သော အဆင့်မြင့် ရတနာတစ်ခု ရှိနေပြီး သူ့အား အစစ်အမှန်ပုံစံကို မမြင်နိုင်စေရန် အလွှာလိုက် လှည့်စားထားကြောင်း သူ နားလည်သွားတော့၏။

အစစ်အမှန် လီယွမ်မှာ အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေပြီး သေစေလောက်သော တိုက်ကွက်တစ်ခု ဖော်ဆောင်ရန် ပြင်ဆင်နေခဲ့သည်သာပင်။

ပန်ရှန်းသည် အရာရာကို သေချာစွာ စဉ်းစားရန် ဟာကွက်များကို ရှာဖွေတွက်ချက်ဖို့ စွမ်းဆောင်နိုင်ခြင်း မရှိတော့ပေ။

အချို့သော အရာများက သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေ၏။

ပေါက်ကွဲမှု ဧရိယာ၏ အပြင်ဘက်တွင်မူ လီယွမ်က ဖြစ်ပျက်သမျှကို စောင့်ကြည့်နေသည်။ သူ၏ မျက်နှာတွင် အပြုံးရိပ် အနည်းငယ်မျှပင် မရှိတော့ဘဲ လုံးဝ မပေါ့ဆရဲပေ။

ထျန်းဝေ့ထျန်း မဟာပညာရှင်ကြီး၏ စွမ်းအားက သူ့အား အစွမ်းကုန် တိုက်ခိုက်ရန် ဖိအားပေးနေ၏။

သိုင်းသူတော်စင်၏ အခြေအနေမှာ သူ့ကြောင့် အကြိမ်ကြိမ် အားအင်ကုန်ခမ်းခဲ့ရပြီး သူ၏ သိုင်းတာအို ကောင်းကင်ဖြစ်စဉ်ဖြင့် တိုက်ခိုက်မှုများ အကြိမ်ကြိမ် လွဲချော်ခဲ့သော်ငြားလည်း လုံလောက်သော တိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

‘ဒီလောက်ဆို လုံလောက်ပြီ’

လီယွမ်အနေဖြင့် သိုင်းသူတော်စင်ကြီး တစ်ယောက်ကို အားအင်ကုန်ခမ်းစေရန် သာမန်ကူကောင် အမြောက်အမြားကို အဆက်မပြတ် ထိန်းချုပ်နေရန်မှာ မဖြစ်နိုင်ပေ။

ထိုသို့ ဆက်လုပ်နေမည်ဆိုပါက သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကသာ အရင်ဆုံး ကုန်ခမ်းသွားမည့် ရလဒ်ကိုသာ ရရှိပေလိမ့်မည်။

“ရှောင်ချိုက်... အဆင်သင့်ပြင်ထား”

မြင့်မားသော အဆင့်ရှိ အင်အားကြီး ပညာရှင်တစ်ဦးကို အမှန်တကယ် သတ်ဖြတ်နိုင်ရန် သက်စောင့်ကူကောင် တစ်ကောင်လည်း လိုအပ်သည်။

ရှောင်ချိုက်မှာ ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ချေ။

ဒေါသတကြီး လောင်ကျွမ်းနေသော မီးတောက်များက ၎င်း၏ ပါးစပ်ရှေ့တွင် စုစည်းလာပြီး ၎င်း၏ ခန္ဓာကိုယ်ထက် အဆရာပေါင်းများစွာ ကြီးမားသော ဧရာမ ရောင်စုံ မီးလုံးကြီး တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

စိတ်ကူးယဉ် သက်တံ့ ဝိညာဉ်မင်းသမီးလေး အဖြစ်သို့ ဆင့်ကဲတိုးတက်လာခဲ့သော ရှောင်ချိုက်သည် မှော်မန္တန်များကို ချက်ချင်း ဖန်တီးနိုင်ရုံသာမက စွမ်းအင်များကိုပါ စုဆောင်းနိုင်စွမ်းရှိပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။

သွေးပေါက်ကွဲကူကောင်၏ အာနိသင်များ ပြီးဆုံးသွားသည့် အခိုက်အတန့်တွင်

လီယွမ်သည် သူ၏ ကိုယ်ယောင်ကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်၏။

“ဝေါင်း...”

ရှောင်ချိုက် ဖန်တီးလိုက်သော ဧရာမ မီးလုံးကြီးက ကမ္ဘာဖျက်မတတ် အငွေ့အသက်များကို သယ်ဆောင်လျက် နေလုံးပုလဲလေး တစ်လုံးအလား သိုင်းသူတော်စင်ထံသို့ အဟုန်ပြင်းစွာ ကျဆင်းလာတော့သည်။

“အဲဒါ ဘာကြီးလဲ”

ပေါက်ကွဲမှုအတွင်းမှ ယခုလေးတင် လွတ်မြောက်လာခဲ့သော ပန်ရှန်း သိုင်းသူတော်စင်မှာ ထိုမြင်ကွင်းကို ပြူးပြဲကြည့်နေမိပြီး သူ၏ ရင်ထဲတွင် ပြင်းထန်သော အန္တရာယ် အငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။

ထိုသို့သော မီးတောက်များက ခန္ဓာကိုယ်နှင့် ထိတွေ့မိပါက သေချာပေါက် အသက်ပျောက်သွားမည်၊ သို့မဟုတ် ဒုက္ခိတ ဖြစ်သွားစေမည်သာပင်။

“တောင်တန်းတွေကို ကိုယ်ပေါ်မှာ တင်ထားရင် ပျက်စီးနိုင်စွမ်း မရှိတော့ဘူး”

“ကွဲစမ်း”

သိုင်းသူတော်စင်က သူ၏ ကောင်းကင်စွမ်းအားများကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ခန္ဓာကိုယ်တွင် ကပ်တွယ်စေ၏။ တဆက်တည်း၌ စွမ်းအားများကို အပြည့်အဝ စုစည်းလျက် သူ၏ အသားနှင့်သွေးများထဲတွင် ဖုံးကွယ်ထားလိုက်ပြီးနောက် လက်သီးချက်များကို အဆက်မပြတ် ထိုးသွင်းလိုက်တော့သည်။

ကောင်းကင်စွမ်းအားများ၏ အကူအညီဖြင့် အန္တရာယ်ကြီးမားလှသော မီးလုံးသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ရ၏။

သို့သော်လည်း ကောင်းကင်စွမ်းအားများကို အဆက်မပြတ် အသုံးပြုနေရခြင်းကြောင့် သူမှာ အတော်လေး အားအင်ကုန်ခမ်းနေပြီပင်။

ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကတော့...သူသည် ယခုအချိန်အထိ အကွက်ချ ခံထားရပြီး အဆက်မပြတ် အားအင်ကုန်ခမ်းအောင် ပြုလုပ်ခံထားရကာ သူ၏ အကြံအစည်များ အားလုံးကလည်း ကျရှုံးခဲ့ရခြင်းပင်။

သို့သော် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုက ယခုမှ စတင်ရုံသာ ရှိသေးသည်။

အသည်းခိုက်မတတ် ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအားများက ကောင်းကင်နှင့် မြေကြီးအနှံ့ ဖြာထွက်သွားပြီး ရုပ်သွင်ပြောင်းလဲသွားခဲ့ပြီဖြစ်သော လီယွမ်ထံသို့ အကြည့်များ တစ်ဖန် စူးစိုက်သွားပြန်၏။

မီးတောက်များအလား တောက်လောင်နေသော သွေးချီများက သူ့အား ဝန်းရံလျက် ပြင်းထန်စွာ လောင်ကျွမ်းနေ၏။

သူ၏ ဆံပင်ရှည်ကြီးများမှာ လောကကြီးသို့ ဆင်းသက်လာသော သွေးနတ်ဆိုး တစ်ပါးအလား အထက်သို့ ထောင်မတ်နေတော့သည်။

ယခုတစ်ကြိမ်တွင် မည်သည့် လှည့်ကွက်မျှ မပါဝင်တော့ဘဲ လီယွမ်သည် သေချာစွာ တွက်ချက်ထားသော အစီအစဉ်အားလုံးကို စွန့်လွှတ်ကာ သွေးဆူနေသော လူရိုင်းတစ်ယောက်အလား တည့်တည့်မတ်မတ် တိုးဝင်သွား၏။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ပန်ရှန်း သိုင်းသူတော်စင်မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားခဲ့ရသည်။

သူသည် ဒေသရှစ်ခုမှ နတ်ဆိုးများကို သတ်ဖြတ်ခဲ့ဖူးပြီး ပြင်ပသိုင်းပညာကို ကျင့်ကြံသော သိုင်းပညာရှင်များနှင့်လည်း ရင်ဆိုင်ခဲ့ဖူးသော်လည်း မည်သူကမျှ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သွေးချီစွမ်းအားကို မပိုင်ဆိုင်ခဲ့ကြချေ။

ယခင်တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက လီယွမ်သည် ယခုအခါတွင် များစွာ ပိုမို အစွမ်းထက်နေလေပြီ။

“မင်း သေတော့မှာ မဟုတ်ဘူးလား”

ပန်ရှန်း သိုင်းသူတော်စင်က လွှတ်ခနဲ မေးလိုက်မိသည်။

လီယွမ်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ကြွေးကြော်လိုက်သည်။

“ဗေဒင်ဆရာက ပြောတယ်...ကျုပ်ရဲ့ ကံကြမ္မာက အရမ်း ခိုင်မာလွန်းတယ်တဲ့... ကျုပ် ငရဲကို သွားရမယ်ဆိုရင် ငရဲမင်းဆယ်ပါးစလုံးကို သတ်ပစ်မယ်... နတ်ဘုရားတွေတောင် ကျုပ်ကို မခေါ်ရဲဘူး”

ဤအခိုက်အတန့်တွင် လီယွမ်၏ အငွေ့အသက်က ပန်ရှန်းကို လုံးဝ ဖုံးလွှမ်းသွားခဲ့၏။

“ဒါဆိုရင် ငါပဲ မင်းကို ခေါ်သွားပေးမယ်”

တစ်ခဏတာ အံ့အားသင့်သွားပြီးနောက် သိုင်းသူတော်စင်က ရှုံးနိမ့်လျှင်ပင် သိက္ခာမကျခံနိုင်ကြောင်း သဘောပေါက်သွားသည်။ သူသည် စိတ်ပိုင်းဆိုင်ရာအရ အရေးနိမ့်နေခဲ့ပြီ ဖြစ်ရာ အကယ်၍ သူသာ တည်ငြိမ်မှုကို ထပ်မံ ဆုံးရှုံးသွားပါက ယနေ့ ဤနေရာတွင် အမှန်တကယ် အရေးနိမ့်သွားတော့မည်ပင်။

သူတို့နှစ်ဦးမှာ အမုန်းတရားများဖြင့် တောက်လောင်နေသော မျက်လုံးများဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်ကြပြီး လက်သီးချက်ပေါင်း ရာချီ၍ အပြန်အလှန် ဖလှယ်လိုက်ကြရာ ထိုးချက်တိုင်းက ကွက်တိ ကျရောက်နေတော့သည်။

သီးသန့် ခွန်အားနှင့် ကျွမ်းကျင်မှုအရ သိုင်းသူတော်စင်က အသာစီးရနေဆဲ ဖြစ်၏။ သူက အခွင့်အရေးကို ဆုပ်ကိုင်ကာ လီယွမ်၏ ခေါင်းကို ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်၏။

“ဂွပ်...”

အရိုးများ ကျိုးကြေသွားပြီးနောက် လီယွမ်၏ ခေါင်းမှာ နောက်သို့ လန်ထွက်သွားမတတ် တုန်ခါသွားကာ မျက်နှာပေါက် ခုနစ်ပေါက်မှ သွေးများ ပန်းထွက်လာတော့သည်။

“ဒီလောက်ပါပဲလားကွ”

သိုင်းသူတော်စင်က အားရပါးရ ရယ်လိုက်ပြီး သူ၏ အသာစီးရမှုကို အသုံးချကာ လီယွမ်၏ ရင်ဘတ်ကို နောက်ထပ် တစ်ချက် ထိုးချလိုက်ရာ ရင်ခေါင်းထဲသို့ ချိုင့်ဝင်သွားစေတော့၏။

သူက တတိယမြောက် လက်သီးချက်ကို ထိုးသွင်းရန် ပြင်လိုက်ချိန်မှာပင် လီယွမ်၏ လက်သီးက လေကိုခွဲလျက် ပြန်လည် ရောက်ရှိလာ၏။

“အုန်း...”

သူတို့နှစ်ဦး လက်သီးချင်း အပြန်အလှန် ဖလှယ်လိုက်ကြသည်။

ပန်ရှန်းမှာ သူ ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ထားခဲ့သော လီယွမ်သည် အားနည်းသွားခြင်း မရှိသည့်အပြင် သူ၏ ခွန်အားများက သိသိသာသာ မြင့်တက်လာကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရတော့၏။

‘သောက်ကျိုးနည်း ..ဘာကြီးလဲ’

ထူးဆန်းလွန်းလှသည်။

“ဟားဟားဟား... သိပ်ကောင်းတာပဲ... အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

လီယွမ်က အရူးတစ်ယောက်အလား ရယ်လိုက်ပြီး ကြွေးကြော်လိုက်၏။

“အဲဒီလိုမှပေါ့... နောက်တစ်ခါ ထပ်လာခဲ့”

သူသည် သွေးထွက်သံယိုမှုများမှတစ်ဆင့် ပိုမို အစွမ်းထက်လာသော ရစ်ပတ်နတ်ဘုရားကူ ၏ ကြီးထွားနိုင်စွမ်းနှင့် ပြန်လည်ရှင်သန်ခြင်း ကူကောင် ၏ အဆုံးမဲ့ ကုသနိုင်စွမ်းကို အားကိုးကာ အစွမ်းကုန် တိုက်ခိုက်ခဲ့ပြီး သွေးချိုးခြင်းဖြင့် မိမိကိုယ်ကို အဆင့်မြှင့်တင်လိုက်၏။

သူ၏ စွမ်းအားများ အဆက်မပြတ် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားဖွယ် ခံစားချက်က သူ၏ ရုပ်ခန္ဓာကိုယ်၏ ယိုယွင်းပျက်စီးမှုများမှ သူ့အား ဆွဲထုတ်သွားသကဲ့သို့ ရှိနေပြီး သူ့ကို လူသားတစ်ဦးအဖြစ်မှ လုံးဝ ကင်းကွာသွားစေတော့သည်။

“တောင်တန်းဖိနှိပ်ခြင်း ကောင်းကင်နှင့်မြေကြီး”

လုံးဝ သွေးပျက်သွားခဲ့သော ပန်ရှန်း သိုင်းသူတော်စင်မှာ သိုင်းတာအို ကောင်းကင်ဖြစ်စဉ်ကို နောက်တစ်ဖန် ထုတ်ဖော်လိုက်ပြန်၏။ သူ၏ တောင်တန်းကြီးများအလား လက်သီးချက်များကို လီယွမ်အပေါ်သို့ အညှာအတာမဲ့စွာ ပစ်ချလိုက်ကာ ရှိသမျှ လှည့်ကွက် အားလုံးကို အသုံးပြုလိုက်တော့၏။

လီယွမ်မှာ အကြိမ်ကြိမ် လဲကျသွားခဲ့ရသော်လည်း သူက ချက်ချင်းပင် ပြန်လည် ထရပ်နိုင်ခဲ့သည်။

သွေးသံရဲရဲဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားအောင် ရိုက်နှက်ခံရလျှင်ပင် မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြန်လည် နာလန်ထူလာနိုင်စွမ်း ရှိနေ၏။

“ဟား ဟား ဟား ဟား”

လီယွမ်မှာ ဒေါသတကြီး ရူးသွပ်သွားခဲ့ပြီး ကာကွယ်မှုကို လုံးဝ စွန့်လွှတ်ကာ ပန်ရှန်း သိုင်းသူတော်စင်ကြီးအပေါ်သို့ အဆက်မပြတ် တိုက်ခိုက်မှုများကို ဆင်နွှဲလိုက်ရာ လက်သီးချက်တိုင်းက ယခင်တစ်ချက်ထက် များစွာ ပိုမို အစွမ်းထက်နေတော့သည်။

သူသည် သွေးစွန်းနေသော သွားများကို ဖော်ပြလျက် မဲ့ပြုံး ပြုံးပြရန် မမေ့လျော့ခဲ့ဘဲ ခနဲ့တဲ့တဲ့ စကားတစ်ခွန်းကို ဆိုလိုက်၏။

“တောင်တန်းတွေက စိုစွတ်ပြီး အေးစက်တယ်... မင်းရဲ့ လက်သီးသိုင်းက အတော်လေး ကောင်းပါတယ်... စိုထိုင်းဆတွေကို ဖယ်ရှားဖို့တောင် သုံးတတ်သေးတယ်... ကောင်းကင်အပြင်ဘက်ကမ္ဘာမှာ ဒီလောက် ကောင်းတဲ့ကောင်မျိုး ရှိနေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး”

"ဝုန်း"

လက်သီးနှစ်ဖက် တစ်ဖန် ထပ်မံ ရိုက်ခတ်သွားပြီးနောက် နောက်သို့ ယိုင်နဲ့သွားသူမှာ လီယွမ် မဟုတ်တော့ဘဲ ပန်ရှန်း သိုင်းသူတော်စင် ပင် ဖြစ်နေလေတော့သည်။

“မ... မဖြစ်နိုင်တာ”

နက်ရှိုင်းသော ကြောက်ရွံ့မှုတစ်ခုက သိုင်းသူတော်စင်၏ မျက်လုံးများတွင် ပေါ်လာတော့၏။ မည်ကဲ့သို့သော လူတစ်ယောက်က သတ်၍ မသေနိုင်ဘဲ နာကျင်မှုကို မခံစားရသော နတ်ဆိုးတစ်ကောင်အလား ပို၍ပို၍ အစွမ်းထက်လာနိုင်ရသနည်း။

ပြန်လည်ရှင်သန်ခြင်း ကူကောင် ၏ အာနိသင်ကြောင့် လီယွမ်မှာ ဝန်ပိမှုများကို ပိုမို ကြာရှည်စွာ ခံနိုင်ရည်ရှိခဲ့ပြီး ၎င်းက ရစ်ပတ်နတ်ဘုရားကူ အနေဖြင့် သူ၏ ကြီးထွားမှု ကန့်သတ်ချက်သို့ မရောက်ရှိသေးကြောင်း အဓိပ္ပာယ်သက်ရောက်၏။

တစ်ခဏတာမျှ သူ၏ ကန့်သတ်ချက်များကို စမ်းသပ်ရန်အတွက် အထွတ်အထိပ် အခြေအနေတွင် ရှိနေသော သိုင်းသူတော်စင်နှင့် မတိုက်ခိုက်ခဲ့ရခြင်းကိုပင် လီယွမ် နောင်တရသွားမိ၏။

ဤအခိုက်အတန့်တွင် သိုင်းသူတော်စင်သည် သူ၏ ယနေ့ ကံကြမ္မာမှ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်းကို ကောင်းစွာ သဘောပေါက်သွားချေတော့သည်။

All Chapters