← Chapters

မုရုံစု၏ အကြံအစည်

Vol. 15 Ch. 171

မုရုံစု၏ အကြံအစည်

Vol. 15 Ch. 171

ကျန်းဟူမှ လူများနှင့် ညဇီးကွက်အစောင့်တပ်တို့ကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် မုရုံစု စနစ်တကျ အကွက်ချ စီစဉ်ထားခဲ့ခြင်းသာ ဖြစ်၏။

ရိုးရှင်းသော အကြံအစည်တစ်ခုဟု ထင်ရသော်ငြား ရှုပ်ထွေးလှသော လူသားတို့၏ ဆက်ဆံရေးများနှင့် အာဏာပြိုင်ဆိုင်မှုများကြောင့် ဖရိုဖရဲ အခြေအနေတစ်ခုအဖြစ်သို့ လွယ်ကူစွာ ကြီးထွားသွားနိုင်သည်။

“ခင်ဗျားကွာ...”

ရှောင်လျဲ့က သက်ပြင်းရှည်ကြီးချကာ ပြောလိုက်၏။

“ခင်ဗျား လုပ်ရပ်က နည်းနည်းတော့ လွန်သွားပြီ...”

“မင်းသားရှောင်... ကျွန်တော် လွန်သွားတာ မဟုတ်ပါဘူး... မင်းသားက သိပ်ပြီး စိတ်ထားပျော့ညံ့လွန်းနေလို့ပါ...”

မုရုံစုက ဝင်ရောက်ပြောဆိုလိုက်သည်။

“စိတ်ထားပျော့ညံ့ခြင်းရဲ့ အကျိုးဆက်တွေကို မင်းသားရှောင် အသိဆုံး ဖြစ်မှာပါ... ညဇီးကွက်ဘုရင်က သူများလက်ကိုငှားပြီး လူသတ်တဲ့အခါနဲ့ လူတွေရဲ့ အသက်တွေနဲ့ ကစားတဲ့အခါမှာ... သူက ဘယ်တော့မှ စိတ်မပျော့ခဲ့ဘူး...”

“ဒီအစီအစဉ်မှာ ကျွန်တော် သတ်ပစ်ခဲ့တဲ့ သူတွေအကုန်လုံးက ညဇီးကွက်အစောင့်တပ်တွေချည်းပါပဲ...”

“ညဇီးကွက်အစောင့်တပ်တွေထဲမှာ လူကောင်းတွေ ရှိနေသေးတယ်လို့ မင်းသားရှောင်က ယုံကြည်နေတုန်းပဲလား...”

“ဒါပေမဲ့...”

ရှောင်လျဲ့က တုံ့ဆိုင်းသွားပြီး...

“မြို့ကိုစောင့်နေတဲ့ စစ်သားအများစုက အပြစ်ကင်းကြပါတယ်...”

“ဘာက အပြစ်ကင်းတာလဲ...”

မုရုံစုက ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်၏။

“သူတို့က အစကတည်းက ညဇီးကွက်အစောင့်တပ်တွေဘက်က ရပ်တည်ခဲ့ကြတာလေ... လူ့အသက်တွေကိုလည်း နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ကြဘူး... သေသင့်တဲ့ ကောင်တွေချည်းပါပဲ...”

ရှောင်လျဲ့က သက်ပြင်းချလိုက်၏။

“ခင်ဗျားရဲ့ အကျိုးသင့်အကြောင်းသင့် ယုတ္တိတွေအရဆိုရင်... ဒီလောကကြီးထဲမှာ လူကောင်းဆိုတာ မရှိတော့ဘူးပေါ့...”

“မင်းသား... ကျွန်တော် မေးမယ်... ရတနာကို အရင်ဆုံး မျက်စိကျခဲ့တာ ညဇီးကွက်အစောင့်တပ်တွေ မဟုတ်ဘူးလား... ကျွန်တော်တို့လူတွေကို အရင်သတ်ဖို့ ကြိုးစားခဲ့တာ သူတို့ မဟုတ်ဘူးလား...”

မုရုံစုက ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။

“ကျွန်တော်တို့က ရိုးရိုးလေး ပြန်လည်ခုခံတာက ဘာမှားနေလို့လဲ... ညဇီးကွက်အစောင့်တပ်တွေက ကျွန်တော်တို့ ခေါင်းပေါ်တက်ပြီး ရမ်းကားနေတဲ့အထိ စောင့်နေပြီးမှ ကျွန်တော်တို့က ပြန်ချရမှာလား...”

သူက ရုတ်တရက် ဝုန်းခနဲ မတ်တပ်ရပ်လိုက်တော့သည်။

“မင်းသားရှောင်... အကယ်၍ အရှင့်မှာ လက်စားချေချင်တဲ့ ဆန္ဒမရှိဘဲ ညဇီးကွက်ဘုရင်ရဲ့ လက်အောက်မှာ ကျွန်တစ်ယောက်အနေနဲ့ ဆက်နေချင်သေးတယ်ဆိုရင်လည်း... ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ လမ်းခွဲကြတာပေါ့...”

“ကျွန်တော့်လိုပဲ အရှက်တကွဲ အကျိုးနည်းဖြစ်မှုတွေကို သည်းခံပြီး... ဆွေမျိုးသားချင်းတွေနဲ့ မိသားစုရဲ့ ဆန္ဒတွေကို ထမ်းပိုးပြီး အသက်ရှင်နေတဲ့ သတ္တိရှိတဲ့ ယောက်ျားတစ်ယောက်လို့ ကျွန်တော် ထင်ခဲ့တာ...”

“အခုကြည့်ရတာ သင်က အဲဒီလိုလူ မဟုတ်ဘူးပဲ... ညဇီးကွက်ဘုရင်နဲ့ ပတ်သက်ပြီး စိတ်ကူးယဉ် အိပ်မက်တွေ မက်နေတုန်းပဲကိုး...”

ထိုသို့ပြောပြီးနောက် မုရုံစုသည် လှည့်ထွက်သွားခဲ့၏။ ချန်းလန်ဘုရင်၏ စံအိမ်တော်မှ ထွက်ခွာလာပြီး ပို၍ပို၍ ဝေးကွာသော နေရာဆီသို့ လျှောက်လှမ်းသွားတော့သည်။

“သခင်လေး... သခင်လေး ပြောလိုက်တဲ့ စကားတွေက နည်းနည်းများ မလွန်သွားဘူးလား... ရှောင်လျဲ့ ကို နယ်ရုပ်တစ်ခုအနေနဲ့ တကယ်ပဲ စွန့်ပစ်လိုက်တော့မလို့လား...”

နောက်လိုက်ဖြစ်သူ အိုးရန်ရှန်းက မျက်လွှာချကာ မေးလိုက်၏။

“မဟုတ်ဘူး...”

မုရုံစုက ခေါင်းခါလိုက်ပြီး...

“ရှောင်လျဲ့က အတော်လေးကို နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေပြီပဲ... ကစားပွဲထဲ ရောက်လာပြီဆိုရင် ထွက်သွားနိုင်မလား မထွက်နိုင်ဘူးလား ဆိုတာက သူ့အပေါ် မူတည်မနေတော့ဘူး... သူ့ကို နောက်ထပ် ခဏလောက် ရုန်းကန်ပါစေဦး...”

“သူ့အတွက် နောက်ဆုတ်စရာလမ်း မရှိတော့ဘူးလို့ သူသဘောပေါက်သွားတဲ့အခါ... သူက ကျွန်တော်တို့ ခိုင်းသမျှ လုပ်ရတော့မှာပဲ...”

“ချန်းလန်က ရှောင်မိသားစုဆိုတာ ဖြောင့်မတ်မှန်ကန်မှု ကြီးမားပြီး ပြည်သူတွေကို တကယ်ချစ်တဲ့သူတွေချည်းပဲ... အကယ်၍ ရှောင်ယွမ်သာ နောက်ထပ် နှစ်အနည်းငယ်လောက်နေမှ သေခဲ့မယ်ဆိုရင်... ရှောင်လျဲ့ ကို ယဉ်ပါးအောင် သွေးဆောင်ဖို့ အခွင့်အရေး ရခဲ့မှာတောင် မဟုတ်ဘူး...”

“သခင်လေးရဲ့ အမြော်အမြင်က တကယ့်ကို ထက်မြက်လွန်းပါတယ်... ဒါက ကျွန်တော်တို့ ကျန်းအင်ပါယာကြီးကို ပြန်လည်တည်ထောင်ဖို့ လမ်းခင်းပေးနေတဲ့ ကောင်းကင်ဘုံရဲ့ အမိန့်တော်ပါပဲ...”

နောက်လိုက် အိုးရန်ရှန်းက မြှောက်ပင့် ပြောဆိုလိုက်၏။

“သေချာတာပေါ့...”

မုရုံစုက မာနတကြီးဖြင့် ကြွေးကြော်လိုက်သည်။

“ကျွန်တော်တို့ရဲ့ ကျန်းအင်ပါယာကြီးက ကံကြမ္မာကို ဆက်လက်သယ်ဆောင်နိုင်စွမ်းရှိတဲ့ ထျန်းယွမ်တိုက်ကြီးတစ်ခုလုံးမှာ တစ်ခုတည်းသော စည်းလုံးညီညွတ်တဲ့ အင်ပါယာကြီး ဖြစ်လာလိမ့်မယ်...”

“မျိုးဆက်ပေါင်း ထောင်ချီပြီး တည်တံ့သွားမယ့် အောင်မြင်မှုတွေ အားလုံးက ငါ... မုရုံစု ကိုယ်တိုင် ဖန်တီးခဲ့တာတွေချည်းပဲ... ညဇီးကွက်ဘုရင် က သေကိုသေရမယ်... တာ့ယန်ကလည်း... ပျက်သုဉ်းသွားရလိမ့်မယ်...”

“သခင်လေး... မြို့ကို ဖောက်ထွင်းဝင်ရောက်ပြီး လူသတ်ဖို့အတွက် နတ်ဆိုးတွေကို ကျွန်တော်တို့ကိုယ်တိုင် ပြန်ခေါ်လာခဲ့တယ် ဆိုတာကို ရှောင်လျဲ့က သံသယဝင်သွားနိုင်တယ်လို့ သခင်လေး ထင်လား...”

အိုးရန်ရှန်းက ထပ်မံ မေးလိုက်ပြန်၏။

“အို… သံသယရှိတာ မရှိတာတွေက အရေးမကြီးတော့ပါဘူး...”

မုရုံစုက ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး...

“ရှောင်လျဲ့က အခြေခံအားဖြင့် သတ္တိကြောင်တဲ့ ကောင်ပဲ... သူ ခန့်မှန်းမိရင်တောင်မှ ဖွင့်ဟဝန်ခံဖို့ မရဲပါဘူး... သူ့ကိုယ်သူပဲ ဖြေသိမ့်နေလိမ့်မယ်... သူ့အတွက် စိတ်ပူနေစရာ မလိုပါဘူး...”

“သခင်လေးက တကယ့်ကို ဉာဏ်ပညာ ကြီးမားလှပါတယ်...”

“အော်... ဒါနဲ့...”

မုရုံစုက သူ၏ ခေါက်ယပ်တောင်ကို ဟန်ပါပါ ဖြန့်လိုက်ပြီး မေးလိုက်၏။

“ပန်ရှန်း သိုင်းသူတော်စင်ဆီက သတင်းတစ်ခုခု ကြားရသေးလား... လီယွမ် ကို သုံးလကနေ ငါးလအတွင်း ရှင်းပစ်မယ်လို့ သူပြောခဲ့ပေမဲ့ အခုတော့ အချိန်တွေ ကြန့်ကြာနေပြီလေ...”

“အဲဒါက...”

အိုးရန်ရှန်းက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်...

“သခင်လေး... သိုင်းသူတော်စင် သေသွားပြီ ဆိုတဲ့ သတင်းကို ကျွန်တော် ခုလေးတင် ရခဲ့ပါတယ်...”

“သေသွားပြီ ဟုတ်လား...”

မုရုံစုမှာ လုံးဝကို အံ့အားသင့် တုန်လှုပ်သွားတော့သည်။

“သူ့ကို ဘယ်သူ သတ်လိုက်တာလဲ...”

ပန်ရှန်း သိုင်းသူတော်စင်မှာ ကောင်းကင်ပြင်ပမှ မဟာသိုင်းသူတော်စင်ကြီး တစ်ပါး ဖြစ်၏။ အထွတ်အထိပ် သူတော်စင်နှင့် အလွန်တရာ အစွမ်းထက်လှသော ထိပ်တန်း ပါရမီရှင် အချို့မှလွဲ၍ မည်သူက မဟာသိုင်းသူတော်စင်ကြီးကို ရင်ဆိုင်တိုက်ခိုက်နိုင်မည်နည်း။

“တောင်ပိုင်းနယ်စပ်က ကူသခင်တွေကြားမှာ... တစ်ခါမှ မပေါ်ထွက်ဖူးသေးတဲ့ ကူလမ်းစဉ် က ထွက်ပေါ်လာပြီဆိုတဲ့ ကောလာဟလတွေ ထွက်နေပါတယ်... ပြိုင်ဘက်ကင်း ကူလမ်းစဉ် ဗျူဟာတွေနဲ့ ပါရမီရှင် တစ်ယောက်က... သိုင်းသူတော်စင်ကို လုံးဝ အကွက်ချပြီး အနိုင်ယူသွားတယ်လို့ ဆိုပါတယ်...”

အိုးရန်ရှန်းက အစီရင်ခံလိုက်၏။

“အဲဒါ.. လီယွမ်များ ဖြစ်နေမလား...”

လီယွမ် ၏ အမည်ကို ကြားလိုက်ရုံဖြင့် မုရုံစု၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာပြီး အလွန်အမင်း မချင့်မရဲ ဖြစ်လာကာ တစ်ဖက်လူအား အခုချက်ချင်းပင် အစိမ်းလိုက် ဆွဲဖြဲပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ သူတို့နှစ်ဦးမှာ နှစ်ကြိမ်သာ ဆုံတွေ့ဖူးခဲ့သော်ငြားလည်း သူ၏ မှတ်ဉာဏ်ထဲမှ ထိုလူ၏ ပုံရိပ်က အချိန်ကြာလာသည်နှင့်အမျှ ပို၍ပို၍ ရွံရှာစရာ ကောင်းလာခဲ့ချေပြီ။

“ဖြစ်နိုင်ခြေ အရမ်းများပါတယ်...”

အိုးရန်ရှန်းက ခါးသီးစွာ ပြောဆိုလိုက်၏။

“အဲဒီ ကူသခင်ဆီမှာ အင်မတန် ကြောက်ဖို့ ကောင်းတဲ့ သွေးချီစွမ်းအားတွေ ရှိနေတယ်လို့ ကောလာဟလ ထွက်နေတယ်... သွေးချီအမျိုးအစား ထူးခြားကူကောင်ကို သန့်စင်ထားလို့များလား မသိဘူး... အဲဒါက လီယွမ် နဲ့ အလွန် ဆင်တူနေတယ်...”

မုရုံစုမှာ ဒေါသတကြီး ပေါက်ကွဲထွက်သွားတော့သည်။

“သူကများ ကံဆိုးတာကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲပစ်လိုက်တာလား... ပြင်းထန်တဲ့ ဒဏ်ရာတွေကနေ သက်သာလာရုံသာမကဘဲ... သူ့ရဲ့ သက်စောင့်ကူကောင်ကိုပါ အဆင့်ရှစ်ကို တိုးတက်ပြီး ဖောက်ထွက်သွားတာလား... တကယ့်ကို ရမ်းကားလွန်းလှတယ်... သာမန် ကူသခင်လေး တစ်ယောက်ကများ... သူ့ကိုယ်သူ သိပ်ပြီး ထူးခြားလှပြီလို့ ထင်နေတာလား...”

မုရုံစုမှာ ပြင်းထန်စွာ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

လီယွမ်အား ထပ်မံ သတ်ဖြတ်ရန်မှာ အလွန်တရာ ခက်ခဲသွားပြီဖြစ်ကြောင်းကို သူ ကောင်းစွာ နားလည်လိုက်၏။ အကယ်၍ လီယွမ်သည် သိုင်းသူတော်စင်ကို အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့သည်ဆိုပါက ၎င်းမှာ စနစ်တကျ အကွက်ချခြင်းနှင့် မြေပြင်အနေအထား၏ အားသာချက်ကို အသုံးပြုခဲ့ခြင်း ဖြစ်လျှင်ပင်... သူ၏ စွမ်းအားကို သက်သေပြရန် လုံလောက်နေခဲ့လေပြီ။

“သခင်လေး... ကျွန်တော့်မှာ အကြံ တစ်ခု ရှိတယ်...”

အိုးရန်ရှန်း၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွား၏။

“ပြောစမ်းပါဦး...”

အိုးရန်ရှန်းက ရှင်းပြလိုက်၏။

“ကန္တာရက ချီနျန်ချူ ဟာ လီယွမ် ကို ရှင်းပစ်ချင်နေပြီး... ဒီကောင်လေးက သူတော်စင်မလေး နင်ဟုန်ယွီ ကို မညစ်ညမ်းစေချင်ဘူး မဟုတ်လား... လီယွမ် က စင်ကြယ်သူ ရဲ့ သွေးကို သုံးပြီး... အဆင့်တက် ဖောက်ထွက်ကာ သူ့ရဲ့ မွေးရာပါ ထူးခြားကူကောင်ကို သန့်စင်လိုက်တယ်လို့... သခင်လေးက သူ့ကို သွားပြောလိုက်ပါ...”

“ဒါ့အပြင်... နင်ဟုန်ယွီ ရဲ့ သက်စောင့်ကူကောင်က စစ်မှန်သောချစ်ခြင်းကူ လို့ ကြားဖူးပါတယ်... အဓိပ္ပာယ်က သူမဟာ ဒီတစ်ဘဝလုံးမှာ လူတစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုး ချစ်သွားမှာဖြစ်ပြီး... အဲဒါ ပြောင်းလဲသွားဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး ဆိုတာပဲ... ကန္တာရက လူတွေက ဒီကိစ္စကို လျစ်လျူရှုပြီး ငြိမ်နေလိမ့်မယ် ဆိုတာကို ကျွန်တော် လုံးဝ မယုံဘူး...”

“အဲဒါ သဘာဝကျတယ်...”

မုရုံစုက ပြုံးလိုက်၏။

“မဟာကန္တာရရဲ့ လက်ရှိ အခြေအနေတွေအရဆိုရင်... သူတော်စင်မလေး နင်ဟုန်ယွီ က ရေစီးကြောင်းအတိုင်း လိုက်ပါသွားပြီး အင်ပါယာဧကရီကြီး ဖြစ်လာဖို့ ရာခိုင်နှုန်း အရမ်းများနေတယ်...”

“ကန္တာရက လူတွေက သူတို့ရဲ့ ဧကရာဇ်မကြီး က တာ့ယန်က ကူသခင် တစ်ယောက်နဲ့ လက်ထပ်မှာကို လုံးဝ လက်ခံနိုင်ကြမှာ မဟုတ်ဘူး... အကယ်၍ သူတို့နှစ်ယောက်သာ ကလေးရသွားခဲ့မယ်ဆိုရင်... အဲဒါက ကန္တာရ တစ်ခုလုံး ထာဝရ မှတ်လောက်သားလောက် ဖြစ်သွားမယ့် အရှက်ရဖွယ် ကိစ္စကြီး ဖြစ်သွားလိမ့်မယ်...”

ကျိုးကုန်းတောင်တန်းကြီး၏ အလွန်နက်ရှိုင်းသော အတွင်းပိုင်း တစ်နေရာ၌ ဖြစ်၏။ မြူခိုးများ လွှမ်းခြုံထားသော မြေနေရာ၊ နဝမ ကူနန်းတော်နဝမ ကူ နန်းတော် ၏ အတွင်းစည်းတွင် ဖြစ်သည်။ ရှေးဟောင်းပုံစံ ခေါင်းတလားကြီး တစ်ခုအတွင်း၌ အဘိုးအို တစ်ဦး လှဲလျောင်းနေပြီး သူ၏ ခန္ဓာကိုယ်ထက်တွင် ကင်းခြေများ၊ ဖားပြုတ်များ၊ ကင်းမြီးကောက်များ၊ မြွေများ၊ အိမ်မြှောင်များနှင့် ပင့်ကူများကဲ့သို့သော အဆိပ်ပြင်း သတ္တဝါများဖြင့် ဖုံးလွှမ်းနေတော့သည်။

အဘိုးအိုမှာ အသက်ရှူခြင်းပင် မရှိတော့ချေ။ သူသည် ကွယ်လွန်သွားခဲ့ပြီဟုပင် ထင်မှတ်ရ၏။ ကြီခနဲ မြည်သံနှင့်အတူ တံခါးပွင့်သွားပြီး အသက် သုံးလေးနှစ် အရွယ်ခန့်ရှိ မိန်းကလေး တစ်ဦး အခန်းထဲသို့ ဝင်ရောက်လာတော့၏။

“ဘိုးဘိုး...”

မိန်းကလေးငယ်က အသံကုန် ဟစ်အော်လိုက်ရာ သူမ၏ ကလေးဆန်ဆန် အသံလေးက အခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

အဘိုးအိုက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းကာ ပြင်းထန်သော အဆိပ်များကို မျက်တောင်တစ်ခတ်အတွင်းမှာပင် မျိုချပစ်လိုက်တော့သည်။ သူက ယိုင်တိယိုင်တိုင်ဖြင့် ထိုင်လိုက်ပြီး မိန်းကလေးငယ်ကို လှည့်ကြည့်လိုက်၏။

“ထောင်စု... မနက်စောစောစီးစီး ဘာတွေ အော်ဟစ်နေတာလဲ...”

“ဘိုးဘိုး... တကယ့်ကို သတင်းကောင်းကြီး တစ်ခု ရထားပါတယ်... ထောင်စုက ကျောင်းကနေ ခွင့်ယူပြီး ဘိုးဘိုးကို လာပြောပြတာပါ...”

မိန်းကလေးငယ်က နှုတ်ခမ်းလေးကို စူကာ ပြောလိုက်၏။

“ဘာသတင်းလဲ...”

ထိုအဘိုးအိုမှာ ကူသခင် လမ်းစဉ်၏ မဏ္ဍိုင်ကြီး တစ်ခုဖြစ်ပြီး ကူသခင်များက ဘိုးဘေးကြီးအဖြစ် လေးစားကြည်ညိုကြသော ပထမ ကူနန်းတော် ၏ သခင် ချီယန် ပင် ဖြစ်တော့သည်။

“နောက်ထပ် ထူးခြားကူကောင် တစ်ကောင် ထွက်ပေါ်လာပြန်ပြီ..ဘိုးဘိုး..”

မိန်းကလေးငယ်က ရယ်လျက် ပြောလိုက်၏။

“အလို...”

ချီယန် ၏ ရီဝေနေသော မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် လက်သွား၏။

“အဲဒါက ထူးခြားကူကောင် စာရင်းရဲ့ ဘယ်နေရာမှာ ရှိတာလဲ...”

ထူးခြားကူကောင် များ အားလုံးမှာ အလွန်တရာ အစွမ်းထက်ကြသော်ငြားလည်း သူတို့၏ စွမ်းအားများတွင် ကွာခြားချက်များ ရှိကြသည်။ အဆင့်နိမ့် ထူးခြားကူကောင် တစ်ကောင်က နဝမ ကူနန်းတော်နဝမ ကူ နန်းတော် ၏ လက်ရှိအခြေအနေအပေါ် သိသာထင်ရှားသော သက်ရောက်မှုမျိုး ရှိလာနိုင်မည် မဟုတ်ချေ။ နှလုံးသားမေးခွန်းကူကောင် သာလျှင် လုံလောက်သော အလားအလာ ရှိသည်။

မိန်းကလေးငယ်က ပြုံးရွှင်စွာဖြင့် ပြောလိုက်တော့၏။

“ထူးခြားကူကောင် စာရင်းမှာ နံပါတ်လေးနေရာ... ရုပ်ခန္ဓာ အထွတ်အထိပ်... သွေးချီစွမ်းအား အကောင်းဆုံး...ရစ်ပတ်နတ်ဘုရားကူ တဲ့…”

All Chapters