← Chapters

ဘိုးဘေးကြီး အလည်ရောက်လာခြင်း

Vol. 15 Ch. 172

ဘိုးဘေးကြီး အလည်ရောက်လာခြင်း

Vol. 15 Ch. 172

“ရစ်... ပတ်... နတ်... ဘုရား... ကူ”

ဘိုးဘေးကြီး ချီယန်က ခေါင်းတလားထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး မိန်းကလေးငယ် ထောင်စု ၏ ရှေ့သို့ ဒုန်းခနဲ ရောက်ရှိလာကာ...

“ထောင်စု... သေချာရဲ့လား... ဒီသတင်းက အမှန်ပဲလား”

“ဟင်...”

ထောင်စုက ရွံရှာဟန်ဖြင့် သူမ၏ လက်သီးဆုပ်လေးကို ပါးစပ်ရှေ့တွင် ဝှေ့ယမ်းလိုက်ပြီး...

“ဘိုးဘိုးက အဆိပ်တွေစားထားပြီး ပလုတ်မကျင်းထားဘူး... နံလိုက်တာ”

သူမက ချီယန် ၏ မျက်နှာကို အတင်း တွန်းဖယ်လိုက်ပြီးမှ...

“သတင်းက လုံးဝ အမှန်ပဲ... ဆရာက သမီးကို ပြောလိုက်တာ... ပြီးတော့ ထောင်စုကို ဘိုးဘိုးဆီ သတင်းလာပေးခိုင်းတာ”

“ကူလမ်းစဉ်က တကယ့်ကို အောင်မြင်တော့မှာပဲ”

အဘိုးအိုမှာ မိန်းကလေး၏ ရွံရှာမှုကို ဂရုမစိုက်နိုင်တော့ဘဲ မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်...

“ဘယ်ကူသခင်က ရစ်ပတ်နတ်ဘုရားကူ ကို သန့်စင်လိုက်တာလဲ”

“ဘယ်အိမ်တော်က အကြီးအကဲလဲ... တပည့်လား... ဒါမှမဟုတ် ဘယ်အိမ်တော်ရဲ့ အုပ်စိုးသူလဲ”

“အဲဒီလူက အတွင်းစည်းက မဟုတ်ဘူးလို့ ဆရာက ပြောတယ်...”

ထောင်စုက ခေါင်းခါပြလိုက်ပြီး...

“သတင်းက နဝမ ကူနန်းတော်နဝမ ကူ နန်းတော် ရဲ့ အပြင်ဘက် အမှတ် (၁၂) ဂူစံအိမ် ကနေ လာတာတဲ့... ဒါပေမဲ့ ဘယ်သူလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး”

“ရပါတယ်လေ...”

ချီယန်က ဝမ်းသာအားရ ပြုံးလိုက်၏။

မည်သူဖြစ်သည်ကိုတော့ ကိုယ်တိုင် သွားရောက် ကြည့်ရှုလိုက်ရုံသာ ရှိတော့သည်။

ကူသခင် လမ်းစဉ်မှ ဤမျှ အစွမ်းထက်သော ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခြင်းကို သူ ကိုယ်တိုင်ကိုယ်ကျ သက်သေပြုသင့်သည်။

“ဘိုးဘိုး... ဘိုးဘိုးရဲ့ နောက်ဆုံးကျန်တဲ့ သွားလေးလည်း ကျွတ်ကျသွားပြီ”

မိန်းကလေးငယ် ထောင်စုက သတိပေးလိုက်၏။

“ငါလည်း အိုနေပြီ... ဆက်သွားဖို့ သိပ်အိုမင်းနေပြီ... ကျန်တဲ့အချိန်တွေက မင်းတို့ လူငယ်တွေအပေါ်မှာပဲ မူတည်တော့တယ်”

ချီယန်က ထောင်စု၏ ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး တုတ်ကောက်ကို အားပြုလျက် ကုန်းကုန်းကွကွဖြင့် ထွက်ခွာသွားတော့သည်။

အမှတ် (၁၂) ဂူစံအိမ် အတွင်းရှိ ဝါးတောငယ်လေး တစ်နေရာ၌ ဖြစ်၏။

သိုင်းသူတော်စင် ကို သတ်ဖြတ်ပြီးနောက် လီယွမ် တစ်ယောက် ကူအိမ်တော် တည်ဆောက်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်တော့သည်။

အချိန်သိပ်မကြာမီမှာပင် ရစ်ပတ်နတ်ဘုရားကူ ကို ဗဟိုပြုထားသည့် တတိယမြောက် ကူအိမ်တော်ကို သူ တည်ဆောက်နိုင်ခဲ့ချေပြီ။

အချက်အလက် မျက်နှာပြင်တစ်ခု ထွက်ပေါ်လာတော့၏။

( ကူသခင် - လီယွမ် )

( အနက်ရောင်အိုးကြီး - အဆင့် ၇ ၊ ၁၉၀၁ / ၈၀ဝ၀ )

( ရောင်စုံအိုး - ၁၀၀၀ )

( နယ်ပယ် - သတ္တမအဆင့် )

( စိတ်စွမ်းအား - နယ်မြေအဆင့် ပြီးပြည့်စုံခြင်း )

( ပင်မကူကောင် - ရစ်ပတ်နတ်ဘုရားကူ ၊ ပြန်လည်ရှင်သန်ခြင်း ကူ ၊ အိပ်မက်ရောင်စုံ နတ်မိမယ် ၊ ဆန်းကြယ်ပုံရိပ်ကူ ၊ ပင့်ကူဘုရင်မကူ ၊ ဓားနတ်သမီး ၊ ရှစ်ခွင်လွှမ်း ကြမ္မာ ကူ )

( ကူအိမ်တော် - အိပ်မက်ရောင်စုံ နန်းတော် (သောင်း အဆင့်ကူအိမ်တော်) ၊ ပင့်ကူအိမ် လျှို့ဝှက်နယ်မြေ (သောင်း အဆင့်ကူအိမ်တော်) ၊ သွေးနတ်အိမ်တော် (ထောင် အဆင့်ကူအိမ်တော်) )

လီယွမ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

လျှို့ဝှက်နယ်မြေ အတွင်း၌ တတိယမြောက် ကူအိမ်တော်ကြီး မားမားမတ်မတ် ရပ်တည်နေပြီး ၎င်း၏ အမည်မှာ သွေးနတ်အိမ်တော် ပင် ဖြစ်တော့သည်။

သွေးနတ်အိမ်တော် သည် အနီရောင် လွှမ်းမိုးနေပြီး ပျက်စီးယိုယွင်းနေသော နန်းတော်စုကြီးတစ်ခုနှင့် တူနေကာ ပင်မတံခါးမကြီးမှသည် အတွင်းနန်းတော်အထိ ကျိုးပဲ့နေသော ဒေါက်တိုင်များနှင့် အမိုးတန်းများ ရှိနေ၏။

ကူအိမ်တော် အတွင်း၌ကား ထူးဆန်းသော လူပုံစံ သွေးကျောက်ရုပ်တုများ ထိုင်နေကြသည်။

အနီးကပ် သေချာစွာ ကြည့်လိုက်မည်ဆိုပါက ကျောက်တုံးတစ်ခုစီတိုင်းတွင် အမည်တစ်ခုစီ ရှိနေကြောင်း မြင်တွေ့နိုင်ပြီး နတ်ဘုရားများနှင့် အင်မော်တယ်များ၏ ထူးဆန်းအံ့ဩဖွယ်ရာ ဘွဲ့နာမများကို ပေးအပ်ထားကြောင်း တွေ့ရသည်။

“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ”

ကူအိမ်တော်၏ အသွင်သဏ္ဌာန်မှာ လီယွမ်၏ ယုံကြည်မှုများကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ သက်စောင့်ကူကောင် နှင့် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကြား သဟဇာတဖြစ်မှုကြောင့် အလိုအလျောက် ပုံဖော်ဖြစ်တည်လာခြင်းသာ ဖြစ်၏။

“တစ်ခါတလေကျရင်လည်း အပြင်လူတွေက ကူသခင် တွေကို မကောင်းဆိုးဝါးတွေလို့ ပြောတာကို အပြစ်တင်လို့မရပါဘူးလေ”

လီယွမ်က သက်ပြင်းချလိုက်ပြီး တစ်ခါတစ်ရံတွင် သူကိုယ်တိုင်ပင် တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားရသည်။

( သွေးနတ်အိမ်တော် (ထောင် အဆင့် ကူအိမ်တော်) မှ ထုတ်လုပ်နိုင်သော ဝိညာဉ်ပစ္စည်း - သွေးနတ် မျက်ရည် )

[သွေးနတ် မျက်ရည် - သက်ရှိသတ္တဝါများ မွေးဖွားချိန်တွင် ထွက်ပေါ်လာသော ကောင်းမြတ်သည့် နိမိတ်လက္ခဏာများနှင့် သေဆုံးချိန်တွင် ဖြစ်ပေါ်လာသော နာကြည်းချက်များမှ ပေါင်းစပ်ဖွဲ့စည်းထား၏။ ကျဆုံးသွားသည့် အင်မော်တယ်များ၏ မျက်ရည်ဟု လူသိများကြသည်။ ၎င်းကို စုပ်ယူလိုက်ပါက အင်မော်တယ်၏ ကောင်းချီးပေးမှု အာနိသင်ကို ရရှိစေပါမည်။]

၎င်းသည် ကျင့်ကြံသူများအား သဘာဝတရား၏ စည်းမျဉ်းများကို နားလည်သဘောပေါက်ရန် ကူညီပေးနိုင်ပြီး မွေးဖွားချိန်နှင့် သေဆုံးခါနီး အချိန်များတွင် အသုံးပြုပါက အထိရောက်ဆုံး ဖြစ်သည်။ ထပ်ခါတလဲလဲ အသုံးပြုပါက ၎င်း၏ အာနိသင် လျော့ကျသွားမည်သာပင်။

“ဟင်”

ကူအိမ်တော်မှ ထုတ်လုပ်ပေးသော သွေးနတ် မျက်ရည် ၏ အာနိသင်များကို ရှာဖွေတွေ့ရှိပြီးနောက် လီယွမ်မှာ လုံးဝ အံ့အားသင့်သွားရ၏။

သွေးနတ် မျက်ရည် မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိ အဖိုးတန်လွန်းသော အရာ တစ်ခုပင်။

အထူးသဖြင့် မိသားစု အမွေအနှစ်များကို တန်ဖိုးထားသူများအတွက်ရော... အဆင့်တစ်နေရာတွင် တစ်ဆို့နေပြီး သူတို့၏ တစ်သက်တာလုံး အဆင့်မတက်နိုင်တော့သည့် မျိုးဆက်ဟောင်း ထိပ်တန်းပညာရှင်များအတွက်ပါ.. အလွန်တရာ အသုံးဝင်လှသည်။

'ဒါက နတ်ဘုရားပစ္စည်းပဲ... ကောင်းကင်ဘုံကို အာခံသလိုမျိုး လူတစ်ယောက်ရဲ့ ကံကြမ္မာကိုတောင် ပြောင်းလဲပေးနိုင်စွမ်း ရှိလောက်တယ်'

ကံမကောင်းစွာဖြင့် ထိုအရာက လီယွမ် ကိုယ်တိုင်အတွက်တော့ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိလှချေ။

“ဘာမှမရှိတာထက် စာရင်တော့ တစ်ခုခု ရှိနေတာက ပိုကောင်းပါတယ်လေ”

လီယွမ်က သူ့ကိုယ်သူ ဖြေသိမ့်လိုက်ပြီး...

“သေချာ အသုံးချနိုင်မယ်ဆိုရင်... နတ်ဆိုးအိုကြီး တချို့ဆီကနေ ကြီးမားတဲ့ စည်းစိမ်တွေနဲ့ လဲလှယ်လို့ ရနိုင်တယ်”

သူ၏ အဘိုးဖြစ်သူ ချီလင်ဘုရင် အန်းထိုယွမ် ကို လီယွမ် သတိမရဘဲ မနေနိုင်တော့ချေ။

'အဘိုးက သူ့ရဲ့ သက်တမ်း ကုန်ဆုံးခါနီး ဖြစ်နေပြီမလား... အကယ်၍ သွေးနတ် မျက်ရည် က အဘိုးကို ကူညီပေးနိုင်ပြီး ပိုမြင့်တဲ့ အဆင့်တစ်ခုကို ရောက်သွားအောင် လုပ်ပေးနိုင်မယ်ဆိုရင်... အဘိုး နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ဆက်ရှင်နိုင်မှာပဲ'

လီယွမ်သည် သူ တစ်ခါမှ မဆုံတွေ့ဖူးသော အဘိုး ဖြစ်သူအပေါ် ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်လာ၏။

သူတို့၏ ပံ့ပိုးကူညီမှု အများစုမှာ သူ၏ မိခင် အန်းမူချိုး ၏ အတိတ်က စွမ်းဆောင်ချက်များကြောင့် ဖြစ်နေလျှင်ပင် အဒေါ်နှင့် အဘိုးဖြစ်သူတို့က သူ့ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့ကြောင်း အချိန်ကာလက သက်သေပြခဲ့ပြီး ဖြစ်သည်။

'ကူညီနိုင်ရင်တော့ ကူညီပေးသင့်တာပေါ့'

ဤအရာက သူ့အတွက်လည်း အကျိုးရှိစေသည်။ လီယွမ် အတွက် မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စုမှာ အလွန် အရေးပါသော အင်အားစုတစ်ခု ဖြစ်၏။

“ဒါကို အဘိုးဆီ ပို့ပေးဖို့ အခွင့်အရေး တစ်ခု ရှာမှဖြစ်မယ်”

ညဇီးကွက်ဘုရင် တောင်ပိုင်းနယ်စပ်တွင် မရှိကြောင်းကို လီယွမ် သေချာသွားသည်နှင့်တစ်ပြိုင်နက် အခြားသော ညဇီးကွက်အစောင့်တပ် များ၏ ထောက်လှမ်းမှုကို ရှောင်ကွင်းကာ အဘိုးနှင့် အဒေါ်ဖြစ်သူတို့ထံ အထူးနည်းလမ်းများဖြင့် ဆက်သွယ်နိုင်မည်ဟု သူ ယုံကြည်ချက် ရှိနေသည်။

“အစ်ကိုယွမ်... အစ်ကိုယွမ်”

ဤအခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက်နေသော ဝါးတောထဲသို့ ဝမ်ကျောက်ကျောက် သည် အပြေးအလွှား ရောက်ရှိလာပြီး လီယွမ်ကို ရှာမတွေ့သဖြင့် စိုးရိမ်တကြီး အော်ဟစ်နေတော့သည်။

လီယွမ်က လျှို့ဝှက်နေရာမှ ချက်ချင်း ထွက်လာခဲ့ပြီး...

“ရှောင်ကျောက်... ဘာဖြစ်လို့လဲ”

“အစ်ကိုယွမ်... ဘိုးဘေးကြီး... ဘိုးဘေးကြီး ရောက်နေတယ်”

ဝမ်ကျောက်ကျောက် က အံ့အားသင့်တကြီးဖြင့် အော်ပြောလိုက်၏။

“ဘိုးဘေးကြီး ရောက်နေတယ်”

လီယွမ်မှာ အံ့အားသင့်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားတော့သည်။ သိုင်းသူတော်စင် အား လုပ်ကြံရန် ရှေ့ထွက်လာခဲ့သည့် အချိန်ကတည်းက သူ၏ လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားရန်အတွက် သူ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ရစ်ပတ်နတ်ဘုရားကူ အကြောင်းကို သိသွားမည်ကို သူ မကြောက်ရွံ့ပေ။

သူ ကြောက်ရွံ့နေသည်မှာ ဘိုးဘေးကြီး က အခြားအရာတစ်ခုခုကိုများ သတိပြုမိသွားမည်လား ဆိုသည်ကိုပင်။

ဘိုးဘေးကြီး ကို သူ သတိထားနေရသည်။

လက်ရှိ ကူလမ်းစဉ် ၏ အထွတ်အထိပ် ပညာရှင်ကြီးမှာ ယခင်က လင်းယွဲ့ယူဘုရင် ထက် အဆင့်တစ်ဆင့် သေချာပေါက် သာလွန်နေပြီး ကြာပန်းနက် နတ်ဆိုးဧကရာဇ် နှင့်ပင် အချိန်တိုအတွင်း ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်၏။

ညဇီးကွက်ဘုရင် လောက် မစွမ်းဆောင်နိုင်လျှင်ပင် သူသည် အစစ်အမှန် နဝမနယ်ပယ် ပညာရှင် တစ်ဦးဖြစ်ပြီး ကူသခင် လမ်းစဉ် တစ်ခုလုံးတွင် တစ်ဦးတည်းသော အဆင့် (၉) ကူသခင်ကြီး ပင်။

“ဘိုးဘေးကြီး ဘယ်မှာလဲ... အစ်ကို့ကို ခေါ်သွားပေးပါ”

လီယွမ်.. လုံးဝ မပေါ့ဆရဲပေ။

ဘိုးဘေးကြီး သည် ဝါးတောထဲသို့ တိုက်ရိုက် မဝင်ရောက်လာဘဲ ရှောင်ကျောက် ကို သတင်းပို့ရန် စေလွှတ်လိုက်ခြင်းက သူ့အပေါ် လေးစားမှုကို ပြသလိုက်ခြင်းပင် ဖြစ်ရာ ထိုအချက်ကို သူ နားမလည်ချင်ယောင် ဆောင်နေ၍ မရနိုင်ချေ။

“ပင်မတောင်ထိပ်ပေါ်မှာပါ”

ဝမ်ကျောက်ကျောက် ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေ၏။ လက်ရှိ ကူသခင် လမ်းစဉ်၏ အထွတ်အထိပ် ပညာရှင်ကြီး ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခြင်း ဖြစ်ရာ သူမ ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။

မကြာမီမှာပင် သူတို့နှစ်ဦး ပင်မတောင်ထိပ်သို့ ရောက်ရှိသွားကြတော့သည်။

တောင်ပေါ်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် တုတ်ကောက်တစ်ချောင်းကို ကိုင်ဆောင်ကာ ကုန်းကုန်းကွကွဖြင့် ပန်းများကို ငေးမောကြည့်ရှုနေသော အဘိုးအို တစ်ဦးကို လီယွမ် မြင်လိုက်ရ၏။

ထိုဘိုးဘေးကြီး လှုပ်ရှားသည်ကို အဝေးမှနေ၍ သူ မြင်တွေ့ခဲ့ဖူးသည်။

ကျယ်ပြန့်ပြီး နက်ရှိုင်းလှသော အငွေ့အသက်ကြီးက သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့၏။ ဘိုးဘေးကြီး ၏ အငွေ့အသက်ကို အတန်ငယ် ထိန်းချုပ်ထားသော်ငြားလည်း လီယွမ်က တစ်ချက်ကြည့်ရုံဖြင့်ပင် သူ့ကို မှတ်မိနေတော့သည်။

“တပည့် လီယွမ်... ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်”

လီယွမ်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလျက် ဦးညွှတ်လိုက်၏။

ထိုအခါမှ ဘိုးဘေးကြီး ချီယန် က ဖြည်းညင်းစွာ လှည့်လာပြီး လီယွမ်ကို ကြည့်ကာ အတန်ကြာမှ ပြုံးလျက် ချီးကျူးလိုက်တော့၏။

“မင်းရဲ့ သွေးချီတွေက ပြည့်ဖြိုးနေပြီး စိတ်ဓာတ်တွေကလည်း မြင့်မားနေတယ်... မင်းက ဘဝရဲ့ အထွတ်အထိပ် အရွယ်ကို ရောက်နေပြီပဲ... မဆိုးပါဘူး”

“နှလုံးသားမေးခွန်းကူကောင် နဲ့ ရစ်ပတ်နတ်ဘုရားကူ ဆိုတဲ့ ထူးခြားကူကောင် နှစ်ကောင်က ခေတ်တစ်ခေတ်တည်းမှာ ထွက်ပေါ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”

“ကူသခင် လမ်းစဉ်ကတော့ ကြီးပွားတိုးတက်ဖို့ အဆင်သင့် ဖြစ်နေပြီပဲ”

ထိုသို့ပြောရင်း အဘိုးအိုက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး လက်ယပ်ခေါ်လိုက်သည်...

“လီယွမ်... လာ... ဒီမှာ လာထိုင်... အားနာမနေနဲ့”

“ဟုတ်ကဲ့ပါ ဘိုးဘေးကြီး”

လီယွမ်က ဝင်ထိုင်လိုက်၏။

ချီယန်က ပြုံးလျက် ပြောလိုက်၏။

“နဝမ ကူနန်းတော်နဝမ ကူ နန်းတော် က ဒီမျိုးဆက်မှာ ပါရမီရှင်တွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့တယ်... မင်းရဲ့ဆရာ ယွီဟန်ချွမ်း က တစ်ခါပြောဖူးတယ်... မင်းရဲ့ ဆေးဖော်စပ်တဲ့ စွမ်းရည်က လူငယ်မျိုးဆက်တွေကြားမှာ ပြိုင်ဘက်ကင်းတယ် တဲ့”

“ငါ အဲဒီတုန်းက လုံးဝ မယုံခဲ့ဘူး... အရေးတယူလည်း မလုပ်ခဲ့မိဘူး... အခုတော့ ငါ့ကိုယ်ငါ အရူးလုပ်သလိုပဲ ဖြစ်သွားပြီ... ဟားဟား”

“ဒီလို ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ဘီလူးဝိညာဉ်ကူကောင် ကို ရစ်ပတ်နတ်ဘုရားကူ အဖြစ် အောင်မြင်စွာ သန့်စင်နိုင်တာကို ကြည့်ရင်... မင်းရဲ့ ပါရမီက ချင်အာ ထက်တောင် သာလွန်နေသေးတယ်”

“ဘိုးဘေးကြီး က မြှောက်ပင့် ပြောနေပါပြီ”

လီယွမ်က နှိမ့်ချစွာဖြင့် လက်နှစ်ဖက်ကို ယှက်၍ အရိုအသေ ပေးလိုက်၏။

“ငါ သိသလောက်တော့... မင်းတို့ လမ်းစဉ်ကို လိုက်တဲ့သူတွေက သွေးချီစွမ်းအားရဲ့ လွှမ်းမိုးမှုကြောင့် အလွန် မာနကြီးပြီး ကြမ်းကြမ်းတမ်းတမ်း ပြုမူတတ်ကြတာပဲ... ဒီလိုမျိုး နှိမ့်ချမှု မရှိကြပါဘူး”

ချီယန်က မျက်လုံးများကို မှေးစင်းလိုက်ပြီး...

“ငါ မှန်းတာ မမှားဘူးဆိုရင်... လီယွမ်... မင်းရဲ့ စိတ်စွမ်းအားက အလွန်မြင့်မားတဲ့ နယ်ပယ်တစ်ခုကို ရောက်နေလောက်ပြီ... မင်း ကူအိမ်တော် ကို တည်ဆောက်ထားတာတောင် အတော်လေး ကြာနေလောက်ပြီ မဟုတ်လား”

All Chapters