← Chapters

အလယ်ပိုင်းလွင်ပြင်မှ သူရဲကောင်းလေးဦး

Vol. 15 Ch. 174

အလယ်ပိုင်းလွင်ပြင်မှ သူရဲကောင်းလေးဦး

Vol. 15 Ch. 174

အဘိုးအို ချီယန် ထွက်သွားတော့၏။

သူက မြန်မြန်ဆန်ဆန် ရောက်လာသလို.. မြန်မြန်ဆန်ဆန်ပဲ ပြန်ထွက်သွားတော့သည်။

ချီယန်၏ ကိုယ်ပေါ်မှ နေဝင်ချိန် အငွေ့အသက်များကို လီယွမ် ခံစားလိုက်မိ၏။ အကြောင်းမူကား သူသည် သေလုမျောပါး ဖြစ်နေသော လူအိုကြီး တစ်ဦးသာ ဖြစ်နေလေပြီ။

သူ၏ သက်စောင့်စွမ်းအင်များမှာ အလွန်တရာ အားနည်းနေပြီး အသက်ရှူရန်ပင် မနည်း ကြိုးစားနေရပုံ ပေါ်နေသည်။

ထိုအခိုက်အတန့်၌ အဘိုးအိုသည် အမွေဆက်ခံမည့်သူ တစ်ဦးကို ပြုစုပျိုးထောင်ရန် အလွန်အမင်း အလိုရှိနေကြောင်း သူ အာရုံခံမိလိုက်၏။ အနာဂတ်တွင် ကူလမ်းစဉ်၏ တာဝန်များကို လွှဲပြောင်းယူနိုင်မည့် သူတစ်ယောက်ကို ရှာဖွေနေသည်။

သိုင်းလမ်းစဉ်နှင့် ယှဉ်လိုက်လျှင် ကူလမ်းစဉ်မှာ အလွန် ကျဉ်းမြောင်းလွန်းနေသေးသည်။ အထွတ်အထိပ် ပညာရှင် တစ်ဦး၏ ဦးဆောင်မှု မရှိပါက တောင်တန်းကြီးများ၏ အနက်ရှိုင်းဆုံး နေရာများတွင်သာ အထီးကျန်စွာ ပုန်းကွယ်နေရချေတော့မည်။

'ငါ့ဆီမှာသာ သွေးနတ်သမီး မျက်ရည် အပိုတွေ ရှိနေသေးရင်.. အဘိုးအိုကို စမ်းသောက်ကြည့်ဖို့ ပေးလိုက်လို့ ရမှာပဲ..'

လီယွမ် သည် ဤ ကူလမ်းစဉ်၏ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီး ပြိုလဲသွားမည်ကို မလိုလားပေ။

သွေးနတ်သမီး မျက်ရည် သည် အသက်ကို မရှည်စေနိုင်သော်ငြားလည်း အဘိုးအိုကို ထိုးထွင်းသိမြင်မှု ရရှိစေရန် အခွင့်အရေး တစ်ခု ပေးစွမ်းနိုင်လိမ့်မည်။ အကယ်၍ သူ၏ ကျင့်ကြံခြင်း အဆင့်သာ အနည်းငယ် တိုးတက်သွားပါက သူ နည်းနည်း ပိုပြီး အသက်ရှင်နိုင်ကောင်း ရှင်နိုင်ပါ၏။

အသက်ကို ရှည်စေသော ၊ ဒဏ်ရာများကို ကုသပေးသော အဖိုးတန် ဆေးဝါးများ နှင့် ပတ်သက်၍မူ.. အဘိုးအို၏ လက်ရှိ အခြေအနေ အရ ယခု သောက်သုံးပါကလည်း အာနိသင် ရှိမည် မဟုတ်တော့ချေ။

ချီယန် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လီယွမ် သည် ဝါးတောငယ်လေး အတွင်းသို့ ပြန်ဝင်လာ၏။

သူသည် အဘိုးအို ပေးခဲ့သော ဘူးသီးခြောက် ကို ဖွင့်ကာ အထဲသို့ စပ်စု ကြည့်လိုက်သည်။ ဘူးသီးခြောက် လေးမှာ အလွှာပေါင်း များစွာဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ ပိုင်းခြားထားပြီး အထဲတွင် ကူကောင် ဆယ်ကောင်ကျော်ကို ထည့်သွင်းထား၏။

၎င်းတို့ အားလုံးမှာ သူ တစ်ခါမှ မမြင်ဖူးသော အရာများ ဖြစ်ကြပြီး စာအုပ်များထဲတွင်လည်း မှတ်တမ်းတင်ထားခြင်း မရှိသော ရှားပါးကူ များ သာ ဖြစ်ကြသည်။

'တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်ပဲ..'

လီယွမ် မှာ ဝမ်းသာအားရ ဖြစ်သွားတော့၏။ လက်ရှိ ကူလမ်းစဉ်၏ အထွတ်အထိပ် ပုဂ္ဂိုလ် ဆိုသည့် ဂုဏ်ပုဒ် နှင့် အမှန်တကယ်ပင် ထိုက်တန်ပေသည်။ ရှားပါးကူ ဆယ်ကောင်ကျော် ကို အလွယ်တကူ ပေးကမ်းနိုင်လောက်အောင် သူက ရက်ရောလွန်းလှ၏။

သူ့အတွက်တော့ ဤအရာမှာ တကယ်ကို ရှားပါးသော ရတနာ တစ်ခု ဖြစ်နေသည်။ ဤလောကတွင် အဘိုးအို တစ်ဦးတည်းသာ ဤကဲ့သို့သော အရာမျိုးကို ထုတ်ပေးနိုင်စွမ်း ရှိပေလိမ့်မည်။

ထိုအခိုက် လီယွမ် သည် ဘူးသီးခြောက် ကို ပြန်ပိတ်ကာ သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက်.. ထူထဲသော စာအုပ်ကို ကောက်ယူကာ စူးစိုက် ကြည့်ရှုလိုက်တော့သည်။

စာအုပ် မျက်နှာဖုံး ကို သားရဲ အရေခွံ တစ်မျိုးဖြင့် ပြုလုပ်ထားပြီး ၎င်းပေါ်တွင် ရိုးရှင်းသော စာလုံးဆယ်လုံး ကို ထွင်းထုထား၏။

"ချီယန် ၏ ကူသန့်စင်ခြင်း ထိုးထွင်းသိမြင်မှုများ.. အတွဲ တစ်"

အကြောင်းမူကား လီယွမ် အလိုအပ်ဆုံးသော အရာမှာ ရတနာများပင် ဖြစ်နေသည်လေ။

ထို့အပြင် ကူသန့်စင်ခြင်း အတွေ့အကြုံ များကိုပါ လိုအပ်နေပါသည်။

သူသည် ကူလမ်းစဉ် သို့ စတင် ဝင်ရောက်လာကတည်းက နှစ်ပေါင်းများစွာ တိုင်အောင် ကူများကို ကြိုးစားပမ်းစား သန့်စင်ခဲ့ပြီး အတွေ့အကြုံများ စုဆောင်းမှုကို အရှိန်မြှင့်တင်ရန် အနက်ရောင် အိုး ရှိနေသော်ငြားလည်း.. သူ တစ်ခါမှ မစူးစမ်းဖူးသေးသော နယ်ပယ် များစွာ ကျန်ရှိနေသေးသည်။

အဘိုးအို၏ စာအုပ် က သူ့ကို ပိုမိုများပြားသော စိတ်ကူးသစ်များ ပေးစွမ်းနိုင်လိမ့်မည်။ ၎င်းမှာ အလွန်တရာ အဖိုးတန်လှပြီး လောကတွင် တန်ဖိုးအကြီးဆုံးသော ကူလမ်းစဉ် ကျမ်းစာများထဲမှ တစ်ခုဟု ခေါ်ဆိုနိုင်ပေသည်။

စာအုပ်ကို ဖွင့်လိုက်ပြီး စာမျက်နှာ အနည်းငယ် ဖတ်ရှုပြီးနောက် လီယွမ် သည် လျင်မြန်စွာပင် နစ်မြုပ်သွားပြီး အရာအားလုံးကို မေ့လျော့သွားတော့၏။

လဝက်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်၌ ဆူညံပွက်လောရိုက်သွားစေသော သတင်းတစ်ခု သည် ကူသခင် လမ်းစဉ် တစ်ခုလုံးသို့ ပွဲဆူစေခဲ့ပြီး ကျန်းဟူ သိုင်းလောက တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေကာ.. အင်အားစု အသီးသီး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့တော့၏။

ပျန်ချန် မြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဖြစ်သည်။

"အစ်ကို ချင်း.. ခင်ဗျား ကြားပြီးပြီလား.. ကူသခင် လမ်းစဉ် ရဲ့ အမြင့်ဆုံး အထွတ်အထိပ်.. လောကကြီး ရဲ့ တစ်ဦးတည်းသော နဝမအဆင့် ကူသခင်.. နဝမကူနန်းတော် ရဲ့ ပထမ နန်းတော်သခင် ချီယန် ရဲ့ တံခါးပိတ် တပည့် ဟာ လောကထဲကို ဝင်ရောက်လာပြီ တဲ့နော်.."

အလယ်ပိုင်း လွင်ပြင်မှ သူရဲကောင်း လေးဦး သည် ထူးခြားစွာပင် စားပွဲတစ်လုံးတည်း ၌ အတူတကွ ထိုင်ကာ ကိစ္စတစ်ခုကို ဆွေးနွေးနေကြခြင်း ဖြစ်၏။

သံမဏိတစ်ရာဂိုဏ်း မှ ဟင်္သာ ဓားသမား ယဲ့ကျင်းဟုန် သည် ဝိုင်ကို တစ်ငုံ သောက်လိုက်ပြီး ထျန်းဝေ့ထျန်း မှ ကျောက်စိမ်း မျက်နှာ အသူရာ ချင်းချန် ကို ပြုံးကာ ကြည့်လိုက်သည်။

"ခင်ဗျား ပြဿနာ ရှာချင်နေပြန်ပြီလား.."

ချင်းချန် က သူ့ကို မျက်စောင်းထိုး၍ မေးခွန်းထုတ်လိုက်၏။

ဤကိစ္စမှာ တောင်ပိုင်း နယ်စပ် တစ်ခုလုံးသို့ လေအလျင် ရိုက်ခတ်နေပြီး လူသိများနေသဖြင့် သူ သဘာဝကျကျ သိထားပြီး ဖြစ်သည်။

"အမှန်တရား ကို ပြောပြရုံ သက်သက်ပါဗျာ.."

ယဲ့ကျင်းဟုန် က ရယ်မောလိုက်ပြီး ဆက်ပြောလာ၏။

"ကူလမ်းစဉ် ရဲ့ သဘာဝ က ထူးခြားတော့ သူတို့ရဲ့ အဆင့်တက်မှု နှုန်းက နှေးကွေးတယ်.. ကူသခင် လမ်းစဉ် က လူငယ် မျိုးဆက် တွေ ကျန်းဟူ သိုင်းလောက ထဲကို ဝင်ရောက်ပြီး မယှဉ်ပြိုင်ကြတာ အတော်လေး ကြာခဲ့ပြီလေ.."

"ရှောင်ချင်အာ တောင်မှ အခုလောလောဆယ် မှာ အလယ်အလတ်အဆင့် လို့ပဲ သတ်မှတ်လို့ ရတယ်.. ငါတို့နဲ့တော့ ယှဉ်လို့ မရသေးပါဘူး.."

"ဒါပေမဲ့ ဒီ ချီယန် ရဲ့ တံခါးပိတ် တပည့် ကတော့ တောင်ပေါ်ကနေ ဆင်းလာတာနဲ့ သိုင်းလမ်းစဉ် က သိုင်းသူတော်စင် တစ်ယောက်ကို ဖိနှိပ် သတ်ဖြတ်ပစ်ခဲ့တယ်.. နယ်ပယ် ကျော်လွန်ပြီးတောင် သတ်ပစ်ခဲ့တာ ဆိုတော့ သူက တကယ့်ကို ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်တယ်နော်.."

ပြောပြောဆိုဆို သူသည် မျက်ခုံး တစ်ဖက် ပင့်ကာ ချင်းချန် ကို ကြည့်လိုက်၏။

"အစ်ကို ချင်း.. ဒီလူက လောကထဲကို ဝင်လာတာနဲ့ ကျန်းဟူ သိုင်းလောက မှာ နာမည် ရဖို့ အတွက် ခင်ဗျား တို့ရဲ့ ထျန်းဝေ့ထျန်း မျက်နှာ ကို နင်းဖြတ်သွားခဲ့တာနော်.. ခင်ဗျား သူ့ကို သွားမတွေ့ဘူးလား.."

"ထွက်သွားစမ်းပါ.."

ကျောက်စိမ်း မျက်နှာ အသူရာ ချင်းချန် က အေးစက်စက် တုံ့ပြန်လိုက်သည်။

"ခင်ဗျား က အရမ်း စွမ်းနေတယ် ဆိုရင်.. သူ့ကို အရင်သွားပြီး စမ်းသပ်ကြည့်ပါလား.. ဒါက သိုင်းလမ်းစဉ် နဲ့ ကူလမ်းစဉ် ကြားက ပြိုင်ပွဲ တစ်ခုပဲ.. ခင်ဗျား လည်း အဲ့ဒီထဲမှာ ပါဝင်နေတာပဲလေ.."

"ကျွန်တော်လည်း သွားချင်တာပေါ့ဗျာ.."

ယဲ့ကျင်းဟုန် က သွားဖြီးပြလိုက်သည်။

"ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ.. သိုင်းလမ်းစဉ် က အမြဲတမ်း ကြီးပွား တိုးတက်နေခဲ့ပြီး ပါရမီရှင် တွေလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာခဲ့တယ်.. လူကြီး မျိုးဆက် တွေက အကြိမ်အနည်းငယ် လောက် ဖိနှိပ်ခံခဲ့ရပေမယ့် လူငယ် မျိုးဆက် တွေ ကတော့ ကူလမ်းစဉ် ထက် နိမ့်ကျနေတယ် ဆိုတာ ရှားပါတယ်.."

"ငါတို့ လေးယောက် က သိုင်းလမ်းစဉ် ခေတ်ကြီး ရဲ့ အရှက်ရစရာ မှတ်တိုင် တွေလို ဖြစ်နေပြီ ဟုတ်ပါရဲ့.."

"ဒီနေ့ကစပြီး အလယ်ပိုင်း လွင်ပြင် ရဲ့ သူရဲကောင်း လေးဦး ဆိုတဲ့ အဖွဲ့ကို ဖျက်သိမ်းလိုက်ဖို့ ကျွန်တော် အကြံပြုချင်တယ်.. ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလို ခေါ်ရတာတောင် ရှက်စရာ ကောင်းနေပြီလေ.."

"တော်လောက်ပြီ.."

ဆုရှင်းစံအိမ် မှ ဆရာမ လျိုချင်း သည် စားပွဲကို ဘုန်းခနဲ ရိုက်ချလိုက်၏။

"ယဲ့ကျင်းဟုန်.. ရှင် ဘာတွေကို မရပ်မနား ပွစိပွစိ လုပ်နေတာလဲ.. ရှင့်ရဲ့ ဓားသိုင်း လိုမျိုး တိတ်တိတ်ဆိတ်ဆိတ် နဲ့ လှလှပပလေး နေလို့ မရဘူးလား.."

"ကျွန်တော် အတည် ပြောနေတာပါ.."

ယဲ့ကျင်းဟုန် က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"ကူသခင် လမ်းစဉ် က ဒါကို တမင်တကာ လုပ်နေတယ် လို့ ခင်ဗျား တို့ မထင်ဘူးလား.. လောကကြီး ရဲ့ ကျန်းဟူ သိုင်းလောက သားတွေ နယ်စပ် ကို ဝင်ရောက်လာမယ့် အခွင့်အရေး ကို အသုံးချပြီး သိုင်းလမ်းစဉ် ကို ဖိနှိပ်ဖို့ ဒီလို လှုပ်ရှားမှု မျိုး လုပ်လိုက်တာလေ.."

"ပြီးတော့ ဘာဖြစ်လဲ.."

လျိုချင်း က ပြန်လည် တုံ့ပြန်လိုက်၏။

"ကျွန်တော်တို့ကို လောကကြီး က သိုင်းလမ်းစဉ် ရဲ့ သူရဲကောင်း လေးဦး လို့ လေးစား ကြတဲ့ အတွက် သိုင်းလမ်းစဉ် ရဲ့ ဂုဏ်သတင်း ကို သေချာပေါက် တည်ဆောက်ရမှာပေါ့.. အစ်ကို ချင်း.. သူက သူ့ရဲ့ အစွမ်းကို ပြသဖို့ ခင်ဗျား တို့ရဲ့ ထျန်းဝေ့ထျန်း ကို အသုံးပြုသွားတာ.. ခင်ဗျား က ဦးဆောင်ပြီး ပြန်တိုက်ခိုက်လိုက်လေ.."

ယဲ့ကျင်းဟုန် က တိုက်တွန်းလိုက်သည်။

"သူ့ကို မနိုင်ဘူးလေ.."

ချင်းချန် မှာ အလွန် သတ္တိကြောင်နေ၏။

အစောပိုင်း အဆင့် သိုင်းသူတော်စင် တစ်ဦး ကို မရှုံးနိမ့်စေရဘူး ဟု သူ ယုံကြည်ချက် ရှိသော်လည်း.. သိုင်းလမ်းစဉ် မှ သိုင်းသူတော်စင် တစ်ဦး နှင့် ရင်ဆိုင်ရပါက သေချာပေါက် ရှုံးနိမ့်မည် ဖြစ်သည်။

"ဒါဆိုလည်း အဆင့်တက်လိုက်လေဗျာ.."

ယဲ့ကျင်းဟုန် က သူ့ကို အားပေးအားမြှောက် ပြုလိုက်သည်။

"ကူလမ်းစဉ် က လူတွေ ကျုပ်တို့ ခေါင်းပေါ်ကို တက်နင်းနေပြီ.. ငါတို့က ဒီမှာ အချင်းချင်း ရန်ဖြစ်နေပြီး အခြေခံ အုတ်မြစ် ကို စုဆောင်း ဖို့ ထိန်းချုပ်ထားတုန်းပဲလား.. လောက တစ်ခွင် က သိုင်းပညာရှင် တွေ အားလုံး ရဲ့ လှောင်ပြောင်တာကို ခံရမှာ မကြောက်ဘူးလား.."

အလယ်ပိုင်း လွင်ပြင်မှ သူရဲကောင်း လေးဦး လုံး မှာ အဆင့်တက်ရန် နီးကပ်နေပြီ ဖြစ်ကြ၏။

သို့သော် သူတို့ ကိုယ်တိုင် ၏ သန့်စင်မှု မှာ မလုံလောက်သေးဟု ခံစားရပြီး သူတို့၏ အခြေခံ အုတ်မြစ် ကို ပိုမို ခိုင်မာစေလိုကာ အဆင့်မတက်မီ သူတို့၏ အကန့်အသတ် သို့ ရောက်ရှိချင်ကြခြင်း ဖြစ်သည်။

"အရွယ်ရောက်ပြီးသား ယောက်ျားကြီး သုံးယောက် က ပွစိပွစိ လာလုပ်နေတယ်.."

လျိုချင်း သည် သူမ၏ အင်္ကျီလက်များကို ပင့်တင်လိုက်ရာ သူမ၏ လက်မောင်း ကြွက်သားများ ထောင်တက်လာ၏။

"နောက်တစ်ကြိမ် လောက် ထပ်ပြိုင်လိုက်တာက ပိုကောင်းမှာ မဟုတ်ဘူးလား.. ရှုံးတဲ့သူ က ကျွန်မတို့ သူရဲကောင်း လေးဦး ကို ကိုယ်စားပြုပြီး စိန်ခေါ်စာ ပို့ကာ ချီယန် ရဲ့ တံခါးပိတ် တပည့် ကို သွားတွေ့ရမယ်.."

"ကောင်းပြီလေ.."

လျိုချင်း ၏ ဤသို့ ပြောဆိုခြင်း ကို ခံရပြီးနောက် ချင်းချန်.. ယဲ့ကျင်းဟုန် နှင့် အချိန်အတော်ကြာ တိတ်ဆိတ် နေခဲ့သော ရွှီရှောင်ယောင် တို့မှာ သဘောတူရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

သူတို့၏ နှလုံးသား ထဲတွင်လည်း သိုင်းလမ်းစဉ် အတွက် ဂုဏ်သတင်း အချို့ကို အနိုင်ရယူ လိုကြသည်။

လမ်းစဉ် နှစ်ခု အကြား ပြိုင်ဆိုင်မှု များ နှင့် ပါရမီရှင် များ ၏ ပြိုင်ပွဲများ မှာ အများအားဖြင့် ဖြစ်လေ့ဖြစ်ထ ရှိသော အရာများ ဖြစ်၏။

သို့ဖြစ်သော်ငြားလည်း သိုင်းလမ်းစဉ် သည် အခြား လမ်းစဉ် မှ ကျင့်ကြံသူများ ကို စိန်ခေါ်သူ များ အဖြစ် ရင်ဆိုင်ရခဲလှသည်။

"သြော်.. ဒါနဲ့.. ငါတို့ ကျိုးဝူပင်း ကိုကော ခေါ်သင့်လား.."

ယဲ့ကျင်းဟုန် သည် အခြား လူတစ်ယောက် ကို သတိရသွား၏။

သူသည် သူရဲကောင်း လေးဦး စာရင်းတွင် မပါဝင်သော်လည်း ကျိုးဝူပင်း သည် ရွှီရှောင်ယောင် ကို သိုင်းကွက် တစ်ဝက် ဖြင့် အနိုင်ယူခဲ့ဖူးပြီး သူတို့၏ စိတ်ထဲတွင်တော့ သူသည် သူတို့နှင့် ယှဉ်ပြိုင် ရပ်တည်နိုင်သူ တစ်ဦး ဖြစ်သည်။

"သူ့ကိုလား.."

လျိုချင်း က နောက်ပြောင်လိုက်သည်။

"သူက ဆားနယ်ထားတဲ့ ငါး သေ တစ်ကောင် လိုမျိုး လေးလံထိုင်းမှိုင်း နေတာ.. သူ သွားမယ် ဆိုရင်တော့ တကယ့် အံ့ဖွယ် တစ်ခုပဲ.. သိုင်းလမ်းစဉ် ရဲ့ နာမည်ကို ပြန်ဆယ်ဖို့ ဆိုတာ ထားလိုက်ပါတော့.. ကောင်းကင်ကြီး ပြိုကျလာရင်တောင် ဒီလူက ဂရုစိုက်မယ့် လူမျိုး မဟုတ်ဘူး .."

"ဆရာမ လျို ပြောတာ မှန်ပါတယ်.."

လက်ဖက်ရည်ဆိုင် ၏ အနက်ရှိုင်းဆုံး နေရာရှိ ပက်လက်ကုလားထိုင် တစ်လုံး ပေါ်မှ ပျင်းရိ ငြီးငွေ့နေသော အသံတစ်ခု ထွက်ပေါ်လာ၏။

ယဲ့ကျင်းဟုန် ရယ်မောလိုက်သည်။

"အစ်ကို ကျိုး.. ခင်ဗျား တို့ရဲ့ လင်းရှောင် ဓားဂိုဏ်း က နဝမကူနန်းတော် နဲ့ မဟာမိတ်တွေ မဟုတ်ဘူးလား.. ခင်ဗျား တို့ ဓားဂိုဏ်း ရဲ့ လူငယ် မျိုးဆက် တွေရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ အဲ့ဒီ ကူသခင် ကို တွေ့ဖူးလား.. သူ့ရဲ့ အမှတ်အသား ကို ခင်ဗျား သိလား.."

"မသိပါဘူး.."

ကျိုးဝူပင်း က ခေါင်းခါပြလိုက်သည်။

သူသည် အဘိုးအို ချီယန် ၏ တံခါးပိတ် တပည့် အကြောင်း ကို တစ်ခါမှ မကြားဖူးသော်လည်း နဝမကူနန်းတော် ၏ လူငယ် မျိုးဆက် များထဲတွင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော လူတစ်ယောက် ရှိနေကြောင်း သူ သိထား၏။

လုံဝ သွားပြီး ရန်မစသင့်သော လူတစ်ယောက်ပင်။

သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးခွန်း တစ်ခုကို မေးလိုက်သေးသည်။

"အဲ့ဒီ ကူသခင် ရဲ့ နာမည်ကို ခင်ဗျား တို့ သိလား.."

ယဲ့ကျင်းဟုန် ခပ်တွေတွေ တွေးတောလိုက်၏။

"သူ့နာမည်က.. ချီလင် ဆိုလားပဲ.."

"မသိဘူး.."

ကျိုးဝူပင်း သည် ခေါင်းခါလိုက်ပြီး သူ့ဟာသူ တိုးတိုးလေး ရေရွတ်လိုက်၏။

'စီနီယာ အစ်ကို လီယွမ် မဟုတ်တာ တော်သေးတာပေါ့..'

ဝါးတောငယ်လေး အတွင်း၌ ဖြစ်သည်။

အဘိုးအို ၏ ကူသန့်စင်ခြင်း ထိုးထွင်းသိမြင်မှုများကို ဖတ်ရှုရာတွင် ဈာန်ဝင်စားနေသော လီယွမ် သည် အကျိုးကျေးဇူး များစွာ ရရှိခဲ့ပြီး ကူသန့်စင်ခြင်း အရသာ ကို ခံစားနေကာ ဆက်လက် ဖတ်ရှုလိုစိတ် များ ပြင်းပြနေဆဲပင်။

'ဘိုးဘေးက ငါ့ကို တမင်တကာ မြှူဆွယ်နေတာပဲ..'

လီယွမ် ၏ ရင်ထဲတွင် ယားကျိကျိ ဖြစ်သွားသည်။

'ငါ့ကို ပထမ အတွဲ တစ်ခုတည်း ပေးတယ် ဆိုတာ.. ငါ့ကို သူ့ဆီ လာပြီး ကျင့်ကြံစေချင်လို့ပဲ..'

ထိုသို့ဖြစ်သော်လည်း လီယွမ် ၏ စိတ်ထဲတွင် သံသယ အချို့ ရှိနေဆဲပါ။

အဘိုးအို ၏ အကြံအစည် များက ဤထက် ပိုမို နက်ရှိုင်းနေမည်ကို စိုးရိမ်နေသလို ဓားနတ်သမီး ကို ရှာဖွေတွေ့ရှိ သွားမည်ကိုလည်း စိုးရိမ်နေမိသည်။

"အစ်ကို ယွမ်.."

ခြံဝင်းငယ်လေး ထဲတွင် စောင့်ဆိုင်းနေသော ဝမ်ကျောက်ကျောက် သည် စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် ပြေးလာခဲ့သည်..

"အစ်ကို ယွမ်.. အစ်ကို့ အတွက် ဂုဏ်ပုဒ် အသစ် တစ်ခု ရလာပြီနော်..”

All Chapters