← Chapters

ချီလင်

Vol. 15 Ch. 175

ချီလင်

Vol. 15 Ch. 175

‘ဂုဏ်ပုဒ် အသစ်…’

လီယွမ် ဝမ်းသာသွားသည်။ အဘိုးဖြစ်သူက တကယ့်ကို အားကိုးရပြီး... ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် တိကျမြန်ဆန်လှ၏။

“ငါ့ရဲ့ ဂုဏ်ပုဒ် အသစ်က ဘာများလဲ...”

“ကူသခင် လမ်းစဉ်ရဲ့ အထွတ်အထိပ်... လောကမှာ တစ်ဦးတည်းသော အဆင့်ကိုး ကူသခင်... နဝမ ကူနန်းတော် သခင်ကြီး... ပြီးတော့ တံခါးပိတ် တပည့်ဖြစ်တဲ့ ချီလင် ဆိုတာ သူက လွဲပြီး တခြားမရှိဘူး...”

ဝမ်ကျောက်ကျောက် က ပြုံးရွှင်စွာ ပြောလိုက်သည်။

“တံခါးပိတ် တပည့် ဟုတ်လား... ဒီနာမည်က တော်တော်လေး စဉ်းစားထားတာပဲ...”

လီယွမ် အနည်းငယ် အံ့အားသင့် သွားရ၏။

လင် ဆိုသော အမည်ကား... သူ၏ ကူလမ်းစဉ် ကျင့်ကြံမှု ခရီးလမ်းတွင်... ပထမဆုံး ကျေးဇူးရှင် ဖြစ်ခဲ့သော... ရှောင်ကျောက် ၏ အဘိုး ဝမ်လင် ထံမှ ယူထားခြင်း ဖြစ်သည်။

“အစ်ကိုယွမ်... အစ်ကို တံခါးပိတ် ကျင့်ကြံနေတဲ့ ရက်တွေအတွင်းမှာ... ကျန်းဟူ တစ်ခွင်လုံး ကူသခင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်... ပါရမီရှင် တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာတဲ့ သတင်းက... တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့တယ်...”

“အထူးသဖြင့် အဲဒီ သိုင်းပညာရှင်တွေက... လုံးဝကို ဆူပူအုံကြွ

နေကြတာပဲ... သိုင်းပညာရဲ့ တန်ဖိုးကို သက်သေပြချင်လို့... လူငယ် သိုင်းပါရမီရှင် အများကြီးပဲ ..အစ်ကို့ကို စိန်ခေါ်ဖို့... ဆူညံပွက်လောရိုက် နေကြတာ...”

ဝမ်ကျောက်ကျောက် က ရယ်လိုက်၏။

“ဘိုးဘေးကြီး ရဲ့ ပစ္စည်းတွေကို ယူရတာ... တကယ်ကို မလွယ်ကူလှဘူး...”

လီယွမ် က သူ၏ နဖူးကို ပွတ်သပ်လိုက်သည်။

သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။ ဘိုးဘေးကြီး က သူ့ကို လှုပ်ရှားစေချင်ပြီး... လောကကြီးမှာ ကူသခင် လမ်းစဉ်ရဲ့ အာဏာကို... တည်ဆောက်စေချင်နေခြင်းပင်။

လမ်းစဉ် နှစ်ခုက အာဏာပြိုင်ဆိုင် နေကြပြီး... ဂုဏ်သတင်းက အရေးအကြီးဆုံး ဖြစ်ကာ... ၎င်းက ကံကြမ္မာအတွက် တိုက်ပွဲ တစ်ခုလည်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ကူအင်မော်တယ် ပေါ်ထွက်လာစဉ်က... ကူလှည့်ကွက် ကျင့်ကြံခြင်း ရေစီးကြောင်းကို ဖန်တီးခဲ့သလိုမျိုး... ထျန်းယွမ် တိုက်ကြီး တစ်ခုလုံးမှာ... အရွယ်အစားစုံ ကူလမ်းစဉ် အင်အားစုတွေနှင့် ပြည့်နှက်နေခဲ့၏။

သို့သော်လည်း ကူအင်မော်တယ် ၏ ဩဇာလွှမ်းမိုးမှု လျော့ကျလာသည်နှင့်အမျှ... သိုင်းတာအို ၏ ဖိနှိပ်မှုအောက်တွင်... တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရသည်။

အထွတ်အထိပ် အချိန်များတွင် ကူသခင် လမ်းစဉ်သည် သိုင်းတာအို ကို လုံးဝ မယှဉ်နိုင်သေးလျှင်ပင်... လောက၏ ဒုတိယ အင်အားအကြီးဆုံး ကျင့်စဉ်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သည်။

ဂုဏ်သတင်း တိုက်ပွဲနှင့် ကံကြမ္မာ တိုက်ပွဲ၏ အရေးပါမှုကို... လီယွမ် ကောင်းစွာ နားလည် သဘောပေါက်ထား၏။

ဂုဏ်သတင်း ကြီးမားလေလေ ဖြာထွက်မှု ကျယ်ပြန့်လေလေ... လူသိများလေလေပင်။

အလားအလာရှိသော ပါရမီရှင်များက ကျင့်ကြံခြင်း လမ်းကြောင်းသို့ ပူးပေါင်းလာမည် ဖြစ်ပြီး... ပါရမီရှင်များ ထွက်ပေါ်လာနိုင်ခြေ ပိုများလာမည်။

၎င်းတို့က ကျင့်ကြံခြင်း စနစ်တစ်ခုလုံးကို... အဆင့်သစ်တစ်ခုဆီသို့ ဦးဆောင်သွားနိုင်ခြေ ပိုများလာပြီး... အဆက်မပြတ် မြှင့်တင်ပေးနိုင်မည်ပင်။

ယနေ့ခေတ်တွင် ကူသခင် လမ်းစဉ်သည်... တောင်ပိုင်းနယ်စပ်တွင်သာ အနည်းငယ် ဂုဏ်သတင်း ကြီးမားသော်လည်း... အခြားနေရာများတွင် မှေးမှိန် ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေလေပြီ။ ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုက ပို၍ ပို၍ ကန့်သတ်ခံလာရ၏။

အကယ်၍ စွမ်းအား ကွာဟမှုများ ထပ်မံ ဖြစ်ပေါ်လာပါက... အနာဂတ်တွင် သမိုင်းမှပင် လုံးဝ ပျောက်ကွယ်သွားနိုင်သည်။

“ကျန်းဟူ က လူတွေက နယ်စပ်ကို ဝင်လာပြီး... အနောက်တောင်ပိုင်း ဒေသကို သိမ်းပိုက်ထားကြတယ်... ဘိုးဘေးကြီး က ကူသခင် လမ်းစဉ်ကို နာမည်ကြီးစေချင်နေတာ... ဒါက အကောင်းဆုံး အခွင့်အရေးပဲ...”

အချိန်အခါကောင်းနှင့် နေရာမှန်ကို ပိုင်ဆိုင်ထားလေပြီ လူသား ဟူသည့် တစ်ခုတည်းသော အရာသာ... လိုအပ်နေတော့သည်။

ဘိုးဘေးကြီး ၏ ရင်ထဲတွင် လီယွမ် သည်... ထျန်းယွမ် တိုက်ကြီး ဆီသို့ ကူသခင် အမည်ကို ပြန်လည်သယ်ဆောင်လာနိုင်မည့်... တစ်ဦးတည်းသော သူ ဖြစ်ကြောင်း ယုံမှားဖွယ် မရှိပေ။

ကူလမ်းစဉ် က လီယွမ် ကို ဘဝသစ်တစ်ခု ပေးခဲ့၏။

လီယွမ်သည် ဤတာအို လမ်းစဉ်၏ အကျိုးခံစားခွင့် ရသူ တစ်ဦး ဖြစ်ပြီး... သူ၏ ကိုယ်ပိုင် ကျင့်ကြံမှု ချဲ့ထွင်ခြင်း အတွက်... ပံ့ပိုးကူညီပေးရန် ဝန်လေးနေမည် မဟုတ်ပေ။

“အချိန်ကိုက် ဖြစ်ဖို့တော့ လိုတယ်...”

အရေးအကြီးဆုံးမှာ... လီယွမ် ဆိုသည့် အမည်ဖြင့် သူ လှုပ်ရှား၍ မရနိုင်ခြင်း ပင်တည်း။ ဒုတိယ အချက်အနေဖြင့် ညဇီးကွက်ဘုရင် ရှိနေသည့် အချိန်ကို... ရွေးချယ်၍ မရနိုင်ချေ။

လီယွမ် လုံးဝ အလျင်လိုမနေခဲ့ပေ။

ဤကိစ္စကို သေချာစွာ ထပ်မံ စဉ်းစားရန် လိုအပ်သေးသည်။ ယခုအချိန်က အကောင်းဆုံး အချိန် မဟုတ်သည်မှာ သေချာလှသည်။ ဒါက လူသိရှင်ကြား ဖြစ်စေရန် လှည့်ကွက်တစ်ခုသာ ဖြစ်၏။

သူ့ကို အမှန်တကယ် လှုပ်ရှားစေလိုသည့် အချိန်ရောက်ပါက... ဘိုးဘေးကြီး က သေချာပေါက် ထပ်မံ ရောက်ရှိလာဦးမည်။

နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားခဲ့လေပြီ။ ဝါးတောငယ်လေး ထံသို့ ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့၏။ ရောက်လာသူမှာ ဝတ်ရုံကြီး တစ်ထည်ဖြင့် လွှမ်းခြုံထားပြီး... သူ၏ မျက်နှာကို ကြည့်လိုက်ရာတွင်... မျက်နှာသွင်ပြင် လုံးဝ မရှိနေခြင်းက အလွန် အံ့အားသင့်ဖွယ် ကောင်းလှသည်။

သူသည် ဝမ်ကျောက်ကျောက် ကို သတင်းမပို့ဘဲ... ဝါးတောထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့၏။

လီယွမ် လျှို့ဝှက်နေရာမှ ချက်ချင်း ထွက်လာကာ သူ့ကို ဆီးကြိုလိုက်၏။

လီယွမ် ကို မြင်လိုက်ရသည်နှင့် ထိုသူက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ၏ မျက်နှာက သာမန်ရုပ်သွင်တစ်ခု အဖြစ် ပြောင်းလဲသွားပြီး... လူအုပ်ထဲ ရောနှောသွားပါက... အလွယ်တကူ မေ့ပျောက်သွားနိုင်သည့် ပုံစံမျိုး ဖြစ်သည်။

“စီနီယာ က...”

လီယွမ် က တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းလိုက်ကာ...

“ဆဌမ ကူနန်းတော် ရဲ့ သခင်... မျက်နှာတစ်ထောင် ယန်ဝူရုန် ပါလား...”

“ဟုတ်တယ်...”

ထိုလူက ခေါင်းညိတ်ပြလိုက်ပြီး...

“ဘိုးဘေးကြီး ရဲ့ အမိန့်အရ... မင်းအတွက် လူ့အရေခွံ မျက်နှာဖုံး တစ်ခု လုပ်ပေးဖို့နဲ့... အဲဒါကို သီးသန့် လာပို့ပေးတာပဲ...”

သူက ရှေ့သို့ လှမ်းလာပြီး ပစ္စည်းတစ်ခုကို ကမ်းပေးလိုက်သည်။

လီယွမ် က ၎င်းကို လက်ခံ ယူလိုက်၏။ ၎င်းမှာ အထူးပစ္စည်းဖြင့် ပြုလုပ်ထားသော... အလွန် သိမ်မွေ့လှသည့် လူ့အရေခွံ မျက်နှာဖုံးတစ်ခုပါပင်။

“ဒါက ငါ့ရဲ့ ကူကောင် ကနေ ထုတ်လုပ်ထားတာ... လောကမှာ ပြိုင်ဘက်ကင်းပဲ... မင်း ဒါကို တပ်ဆင်လိုက်တာနဲ့... မင်းရဲ့ ရုပ်သွင် ပြောင်းလဲသွားရုံသာမကဘဲ... အသက်ရှူသံနဲ့ အသံပါ ပြောင်းလဲသွားလိမ့်မယ်...”

ယန်ဝူရုန် က ရှင်းပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒေါ်လေး...”

လီယွမ် က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်တော့သည်။

ဤလူ့အရေခွံ မျက်နှာဖုံးနှင့်အတူ... သူ၏ ကြွယ်ဝလှသော စိတ်စွမ်းအားများနှင့်... ဆန်းကြယ်ပုံရိပ်ကူ ၏ ဖုံးကွယ်နိုင်စွမ်းတို့ ပေါင်းစပ်လိုက်ပါက... အပြစ်အနာအဆာ ကင်းစွာဖြင့် ရုပ်ဖျက်ထားနိုင်မည် ဖြစ်သည်။

ညဇီးကွက်ဘုရင် ကဲ့သို့သော အင်အားကြီး ပညာရှင်တစ်ဦးက... အနီးကပ် သေချာစွာ စောင့်ကြည့်ခြင်း မရှိလျှင်... မည်သူကမျှ သူ၏ အစစ်အမှန် စွမ်းအားကို... သိရှိနိုင်မည် မဟုတ်တော့ချေ။

“ဘိုးဘေးကြီး က ပြောတယ်... မင်းက ကူသခင် လမ်းစဉ်ရဲ့ အနာဂတ် မျှော်လင့်ချက်တဲ့... ပြီးတော့ ငါ့ကို မင်းကို ကာကွယ်ပေးဖို့နဲ့... မင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားလိုက်တယ်...”

ယန်ဝူရုန် က ဆက်ပြောလိုက်၏။

“နောင်အနာဂတ်မှာ မင်း သတင်းအချက်အလက် တစ်ခုခု လိုအပ်ရင်... ငါ့ဆီကို လာနိုင်တယ်... ဆဌမ ကူနန်းတော် က နဝမ ကူနန်းတော် ရဲ့... သတင်းထောက်လှမ်းရေး ဌာနပဲ...”

“အနောက်တောင်ပိုင်း နယ်စပ်ဒေသ ကြီးနှစ်ခုက... မင်း သိချင်တဲ့ ကိစ္စတော်တော်များများကို... ဆဌမ ကူနန်းတော် က သိထားတယ်...”

ဘိုးဘေးကြီး က ယန်ဝူရုန် ကို ဤသို့ ပြုလုပ်ရန် ညွှန်ကြားလိုက်ခြင်းမှာ... လီယွမ် သည် အကွက်ချ စီစဉ်ရာတွင်... မည်မျှ စွမ်းရည်ရှိကြောင်းကို သိရှိလို၍ ဖြစ်ပြီး... အနာဂတ်တွင် ကူသခင် လမ်းစဉ်၏ တာဝန်များကို... ထမ်းဆောင်နိုင်ခြင်း ရှိမရှိကို စမ်းသပ်ခြင်းပင်။

၎င်းက ပံ့ပိုးကူညီမှု တစ်ခုဖြစ်သလို... စမ်းသပ်မှု တစ်ခုလည်း ဖြစ်၏။

“ကောင်းပါပြီ...”

လီယွမ် က ခေါင်းညိတ်ပြလိုက်ပြီး...

“စီနီယာ ဒေါ်လေး ယန်... ကျွန်တော့်မှာ ဒေါ်လေးကို မေးစရာ မေးခွန်းတချို့ ရှိနေပါတယ်...”

မိမိ၏ အလားအလာကို ထုတ်ဖော်ပြသရခြင်း၏ အကျိုးကျေးဇူးများက... ဤအခိုက်အတန့်တွင် အပြည့်အဝ ပေါ်လွင်နေပြီး... ဆဌမ ကူနန်းတော် သခင် ကိုယ်တိုင်ကပင်... သူ့အား ပူးပေါင်းကူညီရန် ဆန္ဒရှိနေသည်။

တောင်ပေါ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော လီယွမ် အတွက်... ဆဌမ ကူနန်းတော် ထံမှ အကူအညီ ရရှိခြင်းမှာ... ကျားအား တောင်ပံတပ် သကဲ့သို့ တကယ့်ကို အင်အားကြီးမား သွားစေတော့သည်။

တောင်တန်းများ၏ ကန့်သတ်ချက်ကြောင့် မသိရှိနိုင်သော အရာများစွာကို... ဤမျက်လုံးများမှ တစ်ဆင့် ပိုမို နက်ရှိုင်းစွာ မြင်တွေ့နိုင်မည် ဖြစ်၏။

“ပြောလေ...”

ယန်ဝူရုန် က ဝင်ထိုင်လိုက်၏။

လီယွမ် က မေးလိုက်သည်။

“စီနီယာ ဒေါ်လေး... ကျွန်တော် သိချင်တာက... ညဇီးကွက်ဘုရင် က အခု ဘယ်မှာပါလဲ... ပြီးတော့ အရှေ့ပိုင်းယူနယ်မြေ ကို ကာကွယ်ဖို့ ဖိအားပေးခံရတဲ့... စီနီယာဦးလေး ယန်တျန် နဲ့ ရှီရွှမ်းတို့ရဲ့ အခြေအနေကရော... ဘယ်လိုရှိနေပါသလဲ...”

နောက်ဆုံးအကြိမ် လီယွမ် သည် စီနီယာအစ်မ နှင့်အတူ... အရှေ့ပိုင်းယူနယ်မြေ ရတနာစံအိမ်တော် မှ ပြန်လာစဉ်က... ကောင်းကင်ပြင်ပ ထံမှ လုပ်ကြံခံရပြီးနောက်... ထိုနေရာသို့ တစ်ခါမှ ပြန်မသွားဖြစ်ခဲ့ချေ။

ရတနာတိုက် အတွင်းရှိ နတ်ဆိုးပစ္စည်း ၏ အတိအကျ သဘာဝကို... မသိရသေးပေ။ သူက ရှောင်ကျောက် ကို အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း... အချည်းနှီးသာ ဖြစ်ခဲ့သည်။

ထိုကိစ္စက တော်ဝင်မိသားစု နှင့် နီးကပ်စွာ ဆက်စပ်နေပြီး... အစောကြီး မဟုတ်လျှင်တောင် နောက်ပိုင်းတွင်... သူပါ ပါဝင်ပတ်သက် လာရမည်ဟု လီယွမ် အမြဲတမ်း ခံစားနေရကာ... ထို့ကြောင့်ပင် သူက အထူး ဂရုစိုက်နေခဲ့ခြင်း ဖြစ်၏။

ယခုတော့ မေးမြန်း စုံစမ်းရန်... နောက်ဆုံးတွင် အခွင့်အရေး ရလာခဲ့ချေပြီ။

ယန်ဝူရုန် က လီယွမ် ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ လီယွမ် အနေဖြင့် ကူလမ်းစဉ် ကျင့်ကြံခြင်း ပြဿနာများကို... အရင်ဆုံး မေးမြန်းလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း... ဤလူငယ်လေးက ကြီးမားသော အခြေအနေ အရပ်ရပ်ကို... ဤမျှလောက် အာရုံစိုက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အရှေ့ပိုင်းယူနယ်မြေ ရတနာစံအိမ်တော် အတွင်းရှိ နတ်ဆိုးပစ္စည်းများ ကိစ္စက... နဝမ ကူနန်းတော်နဝမ ကူ နန်းတော် အပေါ် နက်ရှိုင်းသော သက်ရောက်မှု ရှိနေ၏။ ဘိုးဘေးကြီး ကိုယ်တိုင် ဂရုစိုက်ရသော... အရာအနည်းငယ်ထဲမှ တစ်ခုလည်း ဖြစ်သည်။

“ညဇီးကွက်ဘုရင် က မြောက်ပိုင်း ရေခဲပြင်နယ်မြေ မှာ ရှိနေလောက်တယ်... ဖုန်းလီဘုရင် နဲ့ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲနေတာ...”

“စီနီယာအစ်ကို ယန်တျန် ကတော့ အရှေ့ပိုင်းယူနယ်မြေ ရတနာစံအိမ်တော် ကို ကာကွယ်နေပြီး... လောလောဆယ်တော့ ဘေးကင်းပါတယ်... ရှီရွှမ်းကတော့ နယ်စပ်စစ်ပွဲမှာ ပါဝင်ဖို့ ထွက်သွားပြီ...”

“နတ်ဆိုးဝိညာဉ်တွေ ကိစ္စနဲ့ ပတ်သက်လို့တော့... ဆဌမ ကူနန်းတော် က စုံစမ်းစစ်ဆေး နေပေမဲ့... အခုချိန်ထိ တိကျတဲ့ ရလဒ်တွေ မရသေးဘူး... ယေဘုယျ ဦးတည်ချက် တစ်ခုကိုပဲ... အတည်ပြုနိုင်သေးတယ်...”

ယန်ဝူရုန် က တစ်ချက်ချင်းစီ ရှင်းပြလိုက်၏။

“အဲဒါက ဘာလို့လဲ...”

လီယွမ် က မေးလိုက်သည်။

“ဒါက သမိုင်းရဲ့ အကြွင်းအကျန် တစ်ခုပဲ... ထိုက်ဇူဧကရာဇ် က တာ့ယန်မင်းဆက် ကို မတည်ထောင်ခင် ကတည်းက... ရှိနေခဲ့တာလည်း ဖြစ်နိုင်ပေမဲ့... သူ့ရဲ့ ဇာစ်မြစ်ကိုတော့ မသိရသေးဘူး...”

ယန်ဝူရုန် က ပြန်ဖြေသည်။

“နားလည်ပါပြီ...”

လီယွမ် မျက်မှောင်ကြုတ် သွား၏။

ကိစ္စရပ်များက သူ တွေးထင်ထားသည်ထက်... ပိုမို ရှုပ်ထွေးနေပုံ ရသည်။

“နတ်ဆိုးဝိညာဉ် တွေအတွက် မင်း စိုးရိမ်နေစရာ မလိုပါဘူး... ဂိုဏ်းမှာ သူတို့ကို ဖြေရှင်းဖို့ ကိုယ်ပိုင် နည်းလမ်းတွေ ရှိတယ်...”

ယန်ဝူရုန် က ဆက်ပြောလိုက်သည်။

“ဒီကိစ္စက ညဇီးကွက်ဘုရင် တစ်ယောက်တည်းက... ငါတို့ကို အသုံးချနေတာ မဟုတ်ဘူး... ကူသခင် လမ်းစဉ် လောကထဲ ဝင်လာကတည်းက... အမြစ်တွယ်ပြီး ကြီးပွားတိုးတက်ဖို့ အတွက်... ပိုများတဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ လိုအပ်တယ်...”

“အရှေ့ပိုင်းယူနယ်မြေ က ရွေးချယ်မှုကောင်း တစ်ခုဖြစ်ပြီး... ကူသခင် လမ်းစဉ် လောကကြီးထဲ ချဲ့ထွင်ဖို့အတွက်... ပထမဆုံး ခြေလှမ်းလည်း ဖြစ်တယ်...”

လောကရှိ အရာအားလုံးတွင်... အပြန်အလှန် တွက်ချက်မှုများနှင့်... အကြံအစည်များ ရှိနေကြ၏။

နဝမ ကူနန်းတော် က မမိုက်မဲပါချေ။ အကျိုးအပြစ်များကို ချိန်ဆကာ... အထွေထွေ ရေစီးကြောင်းကို မဆန့်ကျင်ဘဲ... မှန်ကန်သော ရွေးချယ်မှု တစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အင်း...”

လီယွမ် ခေါင်းညိတ်လိုက်၏။

“စီနီယာ ဒေါ်လေး ယန်... ကျွန်တော့်ရဲ့ ဒုတိယ မေးခွန်းကတော့... မဟာကန္တာရ အကြောင်းပါပဲ…”

Book 15 end.

All Chapters