အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း ၂၁၂
လောဘရမ္မက်သရဲနှင့် အသားမည်းသရဲတို့မှာ မျက်လုံးအစုံ ပြူးကျယ်လျက် ကြောင်အမ်းအမ်းဖြစ်ကာ တစ်ဦးကိုတစ်ဦး ဆွံ့အစွာ စိုက်ကြည့်နေမိကြသည်။
လူက... ဘယ်ရောက်သွားတာလဲ...
ကောင်းကောင်းမွန်မွန် ရှိနေတဲ့ လူတစ်ယောက်လုံးက ဘယ်လိုနည်းနဲ့ ရုတ်တရက်ကြီး ပျောက်ကွယ်သွားရတာလဲ...။
လွန်ခဲ့သည့် အနည်းငယ်မျှသော အချိန်က ကုယွမ်သည် ၎င်းတို့၏ နဂါးချုပ်ဗျူဟာအတွင်း၌ သေချာပေါက် ပိတ်မိနေခဲ့သည်ကို သူတို့နှစ်ဦးစလုံး အသေအချာ မြင်တွေ့ခဲ့ကြရသည်။
သို့သော်လည်း ယခုမူ ၎င်းတို့၏ မျက်စိရှေ့မှောက်တွင်ပင် ထိုလူ၏ ရုပ်သွင်က တစ်စစချင်း ဝေဝါးပျောက်ကွယ်သွားခဲ့ခြင်းပင်။
“ညီလေး... သတိထား ခုနကကောင်က ဒီကောင့်ရဲ့ ခန္ဓာကိုယ်အစစ် မဟုတ်လောက်ဘူး”
လောဘရမ္မက်သရဲက အခြေအနေကို လျင်မြန်စွာ ရိပ်မိသွားပြီးနောက် အနီးနားရှိ အသားမည်းသရဲကို သတိပေးလိုက်သည်။ သူသည် အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသွားသဖြင့် သူတို့ကိုယ်သူတို့ ပြန်လည်ကာကွယ်ရန် နဂါးချုပ်ဗျူဟာကို အလောတကြီး ထိန်းချုပ်ကာ မောင်းနှင်လိုက်တော့သည်။
နက်မှောင်သော သံမဏိတိုင်ကြီး ကိုးတိုင်မှာ တရွေ့ရွေ့ လှုပ်ရှားလာပြီး တစ်ပြိုင်နက်တည်းမှာပင် မျက်နှာပြင်ပေါ်ရှိ အင်းကွက် ဝိညာဉ်အလင်းတန်းများမှာလည်း တဖျတ်ဖျတ် လင်းလက်လာခဲ့သည်။
တိုင်တစ်တိုင်ချင်းစီမှ သံကြိုးများ တိုးထွက်လာကာ တောက်ပသောအလင်းများ ထုတ်လွှတ်
လျက် သူတို့နှစ်ဦးစလုံးကို ဝန်းရံ၍ ကာကွယ်လိုက်ကြသည်။
ဤနဂါးချုပ်ဗျူဟာသည် ရန်သူကို ပိတ်ဆို့ဖမ်းဆီးနိုင်ရုံတင်မကဘဲ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရာတွင်လည်း အသုံးပြုနိုင်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ လက်မခန့်သာရှိသော စိမ်းပြာရောင် လိပ်ပြာတစ်ကောင်သည် အထပ်ထပ်သော သံကြိုးအတားအဆီးများကို ဖောက်ထွက်လျက် ဓားအလင်းတန်းပေါင်း ရာချီကို ဘေးပတ်ပတ်လည်သို့ ဖြန့်ကျက်ပစ်လွှတ်လိုက်တော့သည်။
“ချောက် ချောက် ချောက်”
ထိုဓားအလင်းတန်းများသည် သေးငယ်လွန်းလှသော်လည်း အလွန်အမင်း ထက်မြက်လှပြီး ပြင်းထန်လှသော စွမ်းအားများ ပြည့်နှက်နေသဖြင့် ရှေ့မှောက်ရှိ သံကြိုးအတားအဆီးများကို တစ်စစီ ရိုက်ခွဲပစ်လိုက်ကြသည်။
လောဘရမ္မက်သရဲမှာမူ ကံကောင်းထောက်မစွာဖြင့် အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး အစီအရင်၏ တားမြစ်ချက်များကို ထိန်းချုပ်လျက် ကိုယ့်ကိုကိုယ် အကာအကွယ်ပေးနိုင်ခဲ့သည်။
သူ့ထံသို့ ဦးတည်လာသော သံကြိုးအမြောက်အမြားမှာ ဓားချီစွမ်းအင်ကြောင့် ပြတ်တောက်သွားခဲ့ရသော်လည်း နောက်ဆုံးတွင်မူ သူသည် ထိခိုက်ဒဏ်ရာရခြင်းမှ ကင်းလွတ်ခဲ့သည်။
သို့သော် အသားမည်းသရဲမှာမူ ကံဆိုးသွားခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ခုခံကာကွယ်ရေး အစီအရင်နှင့် မှော်ရတနာများမှာ ထိုဒဏ်ကို မတောင့်ခံနိုင်ခဲ့ဘဲ သူသည် အော်ဟစ်ညည်းတွားသံတစ်ချက်ပင် မပြုနိုင်လိုက်ဘဲ ဓားအလင်းတန်းများအောက်၌ပင် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ အပိုင်းပိုင်းပြတ်တောက်သွားခဲ့ရတော့သည်။
“ညီလေး”
လောဘရမ္မက်သရဲသည် မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ရပြီး အံကို ကြိတ်ကာ ထိုအဖြစ်အပျက်ကို လျစ်လျူရှုလိုက်ရင်း ကုယွမ်၏ တည်နေရာကို ရှာဖွေရန် သူ၏ စိတ်အာရုံစွမ်းအားကို ဘေးပတ်ပတ်လည်သို့ အပြည့်အဝ ဖြန့်ကျက်လိုက်တော့သည်။
သို့သော်လည်း နောက်တစ်ခဏ၌ သူ၏ အရေပြားများမှာ တင်းကျပ်လာပြီး စူးရှစွာ နာကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။
မကောင်းတော့ဘူး
လောဘရမ္မက်သရဲ၏ နှလုံးသားမှာ ဒိန်းခနဲ တုန်လှုပ်သွားခဲ့ရသည်။ ကောင်းကင်ယံ၌ ကုယွမ်သည် လက်ပိုက်လျက် သူ့ကို အေးစက်စက် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
တစ်ပြိုင်နက်တည်းမှာပင် ငွေရောင်ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ထက်မှ ဝုန်းခနဲ ဆင်းသက်လာခဲ့သည်။
“ရှဲ”
ထိုဓားအလင်းတန်းမှာ ဆံခြည်မျှင်တစ်မျှင်အလား လွန်စွာ သေးမျှင်လွန်းလှသော်လည်း စူးရှတောက်ပနေပြီး အနှိုင်းမဲ့ ထက်မြက်လှသော ဓားစိတ်ဆန္ဒကို သယ်ဆောင်လာခြင်းပင်။
ဓားအလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင်မူ တားဆီးထားသောအရာအားလုံး သပ်သပ်ရပ်ရပ် ပြတ်တောက်သွားခဲ့ရပြီး အစီအရင် ဝိညာဉ်အလင်းတန်းအဖြစ် ပြောင်းလဲထားသော သံကြိုးများပင်လျှင် ၎င်းကို အနည်းငယ်မျှပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
“ဓားချီမျှင်တန်း”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လောဘရမ္မက်သရဲမှာ အသည်းခိုက်မတတ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး လက်ထဲရှိ ဝိညာဉ်နှောက်ယှက်အလံကို မဆိုင်းမတွဘဲ အပြည့်အဝ နှိုးဆွလိုက်တော့သည်။
ဓားချီမျှင်တန်းဆိုသည်မှာ ဓားတာအို၏ အမြင့်ဆုံးနယ်ပယ်များထဲမှ တစ်ခုဖြစ်ပြီး ဓားချီမိုးကြိုးသံ၊ ဓားအလင်းစိတ်ဖြာခြင်းတို့နှင့်အတူ ကျော်ကြားလှသော စွမ်းရည်တစ်ခု ဖြစ်သည်။
ဓားချီမျှင်တန်းဟူသည်မှာ ဓားချီစွမ်းအင်များကို ချည်မျှင်အလား သေးမျှင်အောင် သိပ်သည်းစေခြင်း ဖြစ်ပြီး အလွန်အမင်း ထက်မြက်သည်။
၎င်းသည် ဓားတစ်လက်ဖြင့် နည်းဗျူဟာအပေါင်းကို ဖြိုခွင်းခြင်းဆိုသည့် နယ်ပယ်အောက်တွင်လည်း အကျုံးဝင်သည်။
ထို့ပြင် ကုယွမ် ထုတ်လွှတ်လိုက်သော ဤဓားချက်မှာ အဆင့်မြင့်မှော်ရတနာ ပျံသန်းနိုင်သောဓားဖြစ်သည့် ငွေရောင်နဂါးဓားမှ ပြောင်းလဲလာခြင်းပင်။
ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီး အများအပြားပင်လျှင် ဤကဲ့သို့သော ဓားသိုင်းပညာရပ်ကို တတ်မြောက်ရန် ခဲယဉ်းလှပေရာ ကုယွမ်၏ ဓားသိုင်းပညာမှာ ဤမျှအထိ မြင့်မားသော နယ်ပယ်သို့ ရောက်ရှိနေလိမ့်မည်ဟု လောဘရမ္မက်သရဲတစ်ယောက် ဘယ်လိုမှ ထင်မှတ်မထားခဲ့မိချေ။
လောဘရမ္မက်သရဲက အလံကို ခါယမ်းလိုက်သည်နှင့်အမျှ ဝိညာဉ်နှောက်ယှက်အလံထဲမှ ကတ္တရာစေးကဲ့သို့ နက်မှောင်သော ချီစွမ်းအင်များ လိပ်တက်လာပြီး ကောင်းကင်ယံဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွားတော့သည်။
ထိုအနက်ရောင် ချီစွမ်းအင်များအကြား၌ မရေမတွက်နိုင်သော သရဲတစ္ဆေရိပ်များ ဝဲပျံနေကြပြီး စူးရှလှသော အော်ဟစ်ညည်းတွားသံများကို ထုတ်လွှတ်နေကြသည်။
ထိုအသံမှာ ဆန်းကြယ်အေးစက်လွန်းလှပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံကာကွယ်ထားသည်။
တစ်ပြိုင်နက်တည်းမှာပင် ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်အလင်းတန်း သံကြိုးများသည်လည်း ဒိုင်းကာကြီးတစ်ခုအသွင် ပေါင်းစပ်လျက် ရှေ့မှောက်တွင် ပိတ်ဆို့ကာကွယ်လိုက်ကြသည်။
သို့သော်လည်း ထိုသေးမျှင်လှသော ဓားအလင်းတန်းအောက်၌မူ အနက်ရောင်ချီစွမ်းအင်များ ဖြစ်စေ၊ သရဲတစ္ဆေရိပ်များ ဖြစ်စေ သို့မဟုတ် ဖျက်ဆီးရန် မဖြစ်နိုင်ဟု ထင်ရသော ထိုဒိုင်းကာကြီး ဖြစ်စေ... အားလုံးမှာ စက္ကူကဲ့သို့ အလွယ်တကူပင် အဖြတ်ခံလိုက်ရတော့သည်။
အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်အေးစက်သွားခဲ့ရသည်။
လောဘရမ္မက်သရဲမှာ မည်သို့မျှ မလှုပ်ရှားနိုင်တော့ဘဲ ရပ်တန့်သွားခဲ့ရပြီး မျက်ဝန်းအစုံမှာ ဗလာဖြစ်သွားခဲ့ရသည်။ သူ၏ ဘေးပတ်ပတ်လည်ရှိ နဂါးချုပ်ဗျူဟာ သံမဏိတိုင်ကြီး ကိုးတိုင်မှာလည်း အရောင်အဝါများ ချက်ချင်း မှေးမှိန်သွားခဲ့ရသည်။
“မင်း...”
လောဘရမ္မက်သရဲ၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ရီနေပြီး တစ်စုံတစ်ခုကို ပြောဆိုချင်နေပုံရသော်လည်း သူ၏ မျက်ဝန်းများထဲရှိ ဝိညာဉ်အလင်းတန်းမှာမူ လုံးဝ ချုပ်ငြိမ်းသွားခဲ့ရပြီ ဖြစ်သည်။
ထို့နောက်တွင်မူ သူ၏ နဖူးအလယ်၊ နှာမောင်းနှင့် ရင်ဘတ်အလယ်တို့တွင် သွေးနီရောင် လိုင်းတစ်ခု ထင်ဟပ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ဘယ်ညာနှစ်ခြမ်း ကွဲထွက်လျက် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲပြိုကျသွားကာ ဖုန်မှုန့်များ လွင့်စင်သွားခဲ့တော့သည်။
ဤဓားချက်မှာ သူ၏ ခန္ဓာကိုယ်တွင်း ရှင်သန်ခြင်းစွမ်းအားများကို လုံးဝ ဥဿုံ ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ပြီး သူ၏ ဝိညာဉ်စွမ်းအားပင်လျှင် လေထဲ၌ တစ်စစီ ပျက်စီးကွယ်ပျောက်သွားခဲ့ရသည်။
ဓားအလင်းတန်းအဖြစ် ပြောင်းလဲထားသော ချည်မျှင်များသည် ငွေရောင်နဂါးဓားအဖြစ်သို့ ပြန်လည်စုစည်းသွားခဲ့ပြီး မြွေတစ်စင်းအလား လွန်စွာ သွက်လက်ချက်ချာစွာဖြင့် ကုယွမ်၏ ဘေးပတ်ပတ်လည်တွင် ဝဲပျံနေရင်း သာယာစူးရှသော ဓားမြည်ဟီးသံများကို ထုတ်လွှတ်နေတော့သည်။
“နဂါးချုပ်ဗျူဟာ... တကယ့်ကို ရတနာကောင်းပဲ”
ကုယွမ်သည် လောဘရမ္မက်သရဲ၏ အလောင်းကို စိတ်မဝင်စားသလို မြေပြင်ပေါ်၌ ကျန်ရစ်ခဲ့သော ဝိညာဉ်နှောက်ယှက်အလံနှင့် သိုလှောင်အိတ်တို့ကိုပင် တစ်ချက်မျှ လှည့်မကြည့်ဘဲ ဘေးနားရှိ နဂါးချုပ်ဗျူဟာ သံမဏိတိုင်ကြီး ကိုးတိုင်ဆီသို့ မဆိုင်းမတွ လက်လှမ်းလိုက်တော့သည်။
ခုနက နဂါးချုပ်ဗျူဟာအတွင်း၌ ပိတ်မိသွားခဲ့သူမှာ သဘာဝကျစွာပင် သူ၏ ခန္ဓာကိုယ်အစစ် မဟုတ်ပေ ၎င်းမှာ ကုယွမ်က မှန်ထဲကပန်း ရေထဲကလနတ်ဘုရားကျင့်စဉ်ကို အသုံးပြု၍ ဖြစ်တည်စေခဲ့သော ခန္ဓာခွဲမျှသာ ဖြစ်သည်။
သို့သော်လည်း ကုယွမ်သည် ထိုခန္ဓာခွဲနှင့် စိတ်ချင်းချိတ်ဆက်ထားသဖြင့် ဤမဟာအစီအရင်၏ ပြင်းထန်လှသော စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ အမိအရ ခံစားလိုက်ရသည်။
ဤမဟာအစီအရင်၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလှသော်လည်း လောဘရမ္မက်သရဲ၏ ကျင့်ကြံခြင်းပညာရပ်မှာမူ အစီအရင်နှင့် ကိုက်ညီမှုမရှိသဖြင့် ၎င်း၏စွမ်းအား ဆယ်ပုံပုံလျှင် တစ်ပုံခန့်ကိုပင် သေချာစွာ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ချေ။
ဤကဲ့သို့သော ရတနာမျိုးကို ကုယွမ်အနေဖြင့် အလွန်အမင်း အလိုရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ရပ်စမ်း”
ရုတ်တရက်ဆိုသလို လေထုထဲ၌ တိမ်တိုက်နှင့် မြူခိုးများ လိပ်တက်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ပတ်လောက်ကြီးမားသော လက်ဝါးကြီးတစ်ဖက်အသွင် စုစည်းသွားကာ အပေါ်မှနေ၍ ဝုန်းခနဲ ဖိနှိပ်ချလိုက်တော့သည်။
တစ်ပြိုင်နက်တည်းမှာပင် သြဇာအာဏာ ပြည့်နှက်နေသော အသံကြီးတစ်သံ ဟိန်းထွက်လာခဲ့သည်။
“ကောင်လေး... ဒီနဂါးချုပ်ဗျူဟာက မင်းလိုကောင် ကိုင်တွယ်နိုင်တဲ့ အရာမဟုတ်ဘူး။ အလိုက်တသိနဲ့ ငါ့လက်ထဲကို လွှဲအပ်စမ်း”
ထိုအသံနှင့်အတူ လှိုင်းတံပိုးအလား ပြင်းထန်လှသော ချီစွမ်းအင်များ ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်နှင့်မြေကမ္ဘာကို ပိတ်ဆို့နိုင်စွမ်းရှိသော မဟာစွမ်းအားကြီးတစ်ခုသည် ကုယွမ်၏ ဘေးပတ်ပတ်လည်ရှိ လေဟာနယ်အတွင်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာခဲ့တော့သည်။
ထိုဧရာမ လက်ဝါးကြီး၏ အောက်တွင်မူ ကုယွမ်သည် မည်သို့မျှ ခုခံနိုင်စွမ်းမရှိသော အားနည်းလှသည့် အင်းဆက်ငယ်တစ်ကောင်အလား ဖြစ်သွားခဲ့ရသည်။
ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီး...
ကုယွမ်သည် စိုးစဉ်းမျှ တွန့်ဆုတ်မနေဘဲ နဂါးချုပ်ဗျူဟာ သံမဏိတိုင် ကိုးတိုင်စလုံးကို သူ၏ လက်ဖဝါးအတွင်းသို့ သိမ်းဆည်းလိုက်သည်။
သူ၏ ဘေးနားရှိ ငွေရောင်နဂါးဓားသည်လည်း နဂါးဟောက်သံအလား ပြင်းထန်သော ဓားမြည်ဟီးသံကို ထုတ်လွှတ်လိုက်တော့သည်။
စူးရှတောက်ပလှသော ငွေရောင်ဓားအလင်းတန်းမှာ မျက်စိကျိန်းမတတ် ဖြစ်သွားစေပြီး ထိတ်လန့်ဖွယ် အဟုန်ဖြင့် အပေါ်သို့ ဝုန်းခနဲ ပျံတက်လျက် ဖိနှိပ်လာသော ဧရာမလက်ဝါးကြီးကို ထက်ပိုင်းဖြတ်ရန် ခုတ်ပိုင်းလိုက်သည်။
ဤဓားချက်အောက်တွင်မူ ဧရာမလက်ဝါးကြီး ပိတ်ဆို့ထားသော လေဟာနယ်အတွင်း၌ အက်ကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး အားနည်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဓားအလင်းတန်းသည် လက်ဝါးကြီးနှင့် ထိမှန်သွားသည်နှင့် ပိုမိုစူးရှတောက်ပသော အလင်းရောင်စုံကို ထုတ်လွှတ်လိုက်တော့သည်။
“ရှဲ”
ဓားအလင်းတန်းသည် ဧရာမလက်ဝါးကြီးကို ဆွဲဖြဲပစ်လိုက်ပြီး ၎င်းအတွင်း၌ ကိန်းဝပ်နေသော ဓားစိတ်ဆန္ဒသည်လည်း ထိုဖမ်းဆီးခြင်း လက်ဝါးပညာရပ်ကို တစ်စစီ ခြေမှုန်းဖျက်ဆီးပစ်လိုက်သည်။
ခပ်သဲ့သဲ့မျှ ကြားလိုက်ရသော ညည်းတွားသံနှင့်အတူ ဖမ်းဆီးရန် ပြင်ဆင်ထားသည့် ဧရာမလက်ဝါးကြီးမှာ တစ်စစီ ကွဲကြေသွားခဲ့ရပြီး လိပ်တက်နေသော မီးခိုးငွေ့များအဖြစ် ပြောင်းလဲလျက် လုံးဝ ကွယ်ပျောက်သွားခဲ့ရတော့သည်။
“ကောင်းတယ် တကယ့်ကို ထက်မြက်တဲ့ ဓားသိုင်းပညာပဲ”
ကောင်းကင်အထက်ဆီမှနေ၍ လှောင်ပြောင်သရော်မှုနှင့် အထင်မြင်သေးမှုတို့ ပြည့်နှက်နေသော အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။
“ဒါပေမဲ့ မင်းရဲ့ ဓားသိုင်းပညာက ဘယ်လောက်ပဲ ကောင်းနေပါစေ... နယ်ပယ်အဆင့်အတန်းတစ်ခုရဲ့ ကွာခြားချက်ကိုတော့ ဒီလောက်အလွယ်တကူနဲ့ ကျော်ဖြတ်လို့ ရမှာမဟုတ်ဘူး”
ကုယွမ်သည် ငွေရောင်နဂါးဓားကို ပြန်လည်ရုပ်သိမ်းလိုက်ရင်း တည်ငြိမ်သော မျက်ဝန်းအစုံဖြင့် ရောက်ရှိလာသူကို စိုက်ကြည့်လိုက်သည်။
လေထဲတွင် မြင့်မားထွားကျိုင်းသော လူရိပ်တစ်ရိပ် ပေါ်ထွက်လာခဲ့သည်။
ထိုသူသည် အရပ်အမောင်း မြင့်မားပြီး ကြမ်းတမ်းခက်ထန်သော ရုပ်သွင်ကို ပိုင်ဆိုင်ထားကာ နှာခေါင်းမှာ စွန်နှုတ်သီးကဲ့သို့ ကောက်ချိတ်နေသည်။ အထူးသဖြင့် ကောက်ကျစ်စဉ်းလဲသော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် တောက်ပသော ဝါးခြမ်းရောင် မျက်လုံးတစ်စုံ ရှိနေခြင်းပင်။
ကုယွမ်က တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
“မင်းက ဘယ်သူလဲ... လျှူကွမ်း ဖိတ်ခေါ်ထားတဲ့ ကူညီသူလား”
“မဟုတ်သေးဘူး... ဒါက မိစ္ဆာချီစွမ်းအင်ပဲ... မင်းက လူသားမဟုတ်ဘူး မိစ္ဆာကောင်ပဲ”
သို့သော်လည်း မကြာမီမှာပင် ကုယွမ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိသွားခဲ့သည်။ ထိုရောက်ရှိလာသူထံမှ သိမ်မွေ့လှသော မိစ္ဆာအငွေ့အသက် အနည်းငယ်ကို သူ အာရုံခံမိလိုက်သောကြောင့်ပင်။
ထိုမိစ္ဆာချီစွမ်းအင်မှာ မှေးမှိန်လွန်းလှသော်လည်း ပင်ကိုယ်သဘာဝအရ ပြင်းထန်ပြီး ရန်လိုသော စွမ်းအားများ ပြည့်နှက်နေသည်။
လောဘရမ္မက်သရဲနှင့် အသားမည်းသရဲတို့၏ လိုက်လံတိုက်ခိုက်မှုမှာ သူ၏ တွက်ချက်မှုအတွင်း၌ ရှိနေပြီးသား ဖြစ်သည်။
ထို့အတူ ယခုသူ့ရှေ့မှောက်ရှိ ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီး ပေါ်ထွက်လာခြင်းမှာလည်း ကုယွမ် ကြိုတင်မျှော်လင့်ထားသည့်အတိုင်းပင်။
“ငါက သခင်လေးလျှူ စေလွှတ်လိုက်တဲ့ ဧည့်သည်တော်အကြီးအကဲ ဟေးရှောင်ဇီပဲ”
ဟေးရှောင်ဇီ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့ပြီး ငြင်းဆန်ရန်မရနိုင်သော သြဇာအာဏာကြီးမားလှသည့် လေသံဖြင့် ပြောလိုက်သည်။
“မင်းက ငါ့ကို သခင်လေး စေလွှတ်လိုက်တာမှန်း သိနေပြီပဲ... ဘာဖြစ်လို့ အညံ့မခံသေးတာလဲ။ ခုနက အလကားကောင် နှစ်ကောင်ကို သတ်နိုင်ခဲ့ရုံနဲ့ ငါ့ရှေ့မှာ လာပြီး သောင်းကျန်းလို့ ရမယ်လို့ တကယ်ကြီး ထင်နေတာလား”