← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

“အညံ့ခံရမယ် ဟုတ်လား... ပြီးတော့ ငါ့ရှေ့မှာ လာပြီး ဆရာကြီးလုပ်နေသေးတယ်”

ကုယွမ်က နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်သည်။

“မင်းက ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်နေရုံနဲ့ ငါ့ကို အသာအယာ နှိမ်နင်းနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား”

သူ့စကားလုံးများက ရဲရင့်ပြတ်သားလှသော်လည်း ကုယွမ်၏ ရင်ထဲ၌မူ လေးလံမှုကို ခံစားနေရသည်။

ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီးဟူသည် ခန္ဓာကိုယ်တွင်းရှိ အနှစ်သာရ၊ ချီစွမ်းအင်နှင့် ဝိညာဉ်ဆိုသည့် အဖိုးတန်ရတနာသုံးပါးကို တစ်သားတည်း ပေါင်းစပ်ထားနိုင်သူများ ဖြစ်သည်။ သူတို့၏ ဇီဝလက္ခဏာ အသက်ဓာတ်ကို ရွှေအမြုတေအတွင်း၌ သော့ခတ်ထားနိုင်ပြီး မပျက်စီးနိုင်သော ရွှေရောင်သဘာဝဓာတ် အနည်းငယ်ကို မွေးဖွားပေးနိုင်သဖြင့် ရှည်လျားသော အသက်သက်တမ်းနှင့် ကျယ်ပြောလှသော နတ်ဘုရားကျင့်စဉ်များကို ပိုင်ဆိုင်ထားကြသည်။

ပြောရလျှင် ရွှေအမြုတေနယ်ပယ်သို့ ရောက်ရှိသွားပြီဆိုပါက လူသားတို့ဘောင်မှ ကျော်လွန်သွားပြီဖြစ်ကာ မသေမျိုးတို့၏ ထူးခြားချက်အချို့ကို ပိုင်ဆိုင်သွားပြီဟု ဆိုနိုင်သည်။

ထို့ကြောင့် ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီးတစ်ဦးနှင့် ကောင်းကင်ဘုံလူသားနယ်ပယ် ကျင့်ကြံသူတစ်ဦးအကြား ကွာခြားချက်မှာ သာမန်ကွာခြားချက်မျှသာ မဟုတ်ဘဲ အလွန်တရာ ကျယ်ပြောလှသည့် ကောင်းကင်နှင့်မြေကြီးပမာ ကွာခြားခြင်းပင်။

သို့သော်လည်း ကုယွမ် ကောင်းစွာ သိမြင်နားလည်ထားသည်မှာ သူ့ရှေ့မှောက်ရှိ ဟေးရှောင်ဇီသည် သူ၏ ဆရာကြီးဟယ်လင်း၊ ဦးလေးဖြစ်သူ စီမာယန်သို့မဟုတ် လီချန်ရှန်းတို့ကဲ့သို့ အဆင့်မြင့် ရွှေအမြုတေအဆင့်၊ သန့်စင်သော ကျင့်စဉ်ထူးများ ပိုင်ဆိုင်ထားသူမျိုး မဟုတ်ပေ

အလွန်ဆုံးရှိလှ ဆေးတောင့်အရည်အသွေး အလယ်အလတ်အဆင့်မျှသာ ရှိသော ကျင့်ကြံသူကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဟေးရှောင်ဇီထံမှ ထွက်ပေါ်နေသော ဖိအားမှာ သူ့ကို လုံးဝ မယှဉ်နိုင်လောက်အောင် ထိတ်လန့်ခြောက်ခြားသွားစေခြင်းမျိုး မရှိသောကြောင့်ပင်။

ဤစကားကို ကြားလိုက်ရသောအခါ ဟေးရှောင်ဇီ၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်

“ကောင်လေး... ငါ မင်းကို သင်ခန်းစာတစ်ခု ပေးရသေးတာပေါ့။ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရှေ့မှောက်မှာ ရိုသေမှုမရှိဘဲ လာပြီး စောင့်ကြွားစောင့်ကြွား လုပ်မနေနဲ့ မဟုတ်ရင် မင်းကိုယ်မင်း ဘေးဒုက္ခရှာရာ ရောက်လိမ့်မယ် ပြီးတော့...”

သူသည် ကုယွမ်၏ ပခုံးပေါ်တွင် ဝဲပျံကခုန်နေသော စိမ်းပြာရောင် ဓားလိပ်ပြာကို လောဘတကြီး စိုက်ကြည့်ရင်း “ဒီလို ဆန်းကြယ်တဲ့ အဖိုးတန်သတ္တဝါက မင်းလို ကောင်လေးတစ်ယောက်နဲ့ ထိုက်တန်တဲ့အရာ မဟုတ်ဘူး”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူ၏ နောက်ကျောဘက်တွင် အနက်ရောင် ဆေးတောင့်တစ်လုံး ပေါ်ထွက်လာခဲ့ပြီး ၎င်းမှာ အိမ်တစ်လုံးခန့် ကြီးမားလှသော အနက်ရောင် သရဲဇီးကွက်ကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားကာ စူးရှလှသော မကောင်းဆိုးဝါး အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်တော့သည်။

ထိုအသံလှိုင်းအောက်၌ ဝိညာဉ်ကို တုန်လှုပ်ခြောက်ခြားစေနိုင်သော ဆန်းကြယ်လှသည့် စွမ်းအားများ ပြည့်နှက်နေသည်။

တစ်ပြိုင်နက်တည်းမှာပင် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်လိုက်ရာ မရေမတွက်နိုင်သော အနက်ရောင် အမွေးအတောင်များသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားပြီး ကုယွမ်၏ ခန္ဓာကိုယ်ဆီသို့ ထူထပ်သိပ်သည်းစွာ ပစ်လွှတ်လိုက်တော့သည်။

“ရှူး... ရှူး... ရှူး”

ထိုအမွေးအတောင်များမှ အနက်ရောင် အလင်းတန်းများကို ထုတ်လွှတ်နေပြီး ထက်မြက်လှသော အဟုန်ဖြင့် ဓားအလင်းတန်းများအလား တဖျတ်ဖျတ် လည်ပတ်နေကြသည်။ ၎င်းတို့ထဲမှ အမွေးတစ်ခုချင်းစီ၏ စွမ်းအားမှာ စိမ်းပြာရောင် ဓားလိပ်ပြာ ထုတ်လွှတ်လိုက်သော ဓားချီစွမ်းအင်ထက် မနိမ့်ကျသည့်အပြင် ပိုမိုပြင်းထန်ရင် ပြင်းထန်နေပေလိမ့်မည်။

မရေမတွက်နိုင်သော အနက်ရောင် အမွေးအတောင် ပျံသန်းနိုင်သောဓားများ စုပြုံပြေးဝင်လာခြင်းကြောင့် ကုယွမ်သည် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

ကုယွမ်သည် ငွေရောင်နဂါးဓားကို လျင်မြန်စွာ ဖမ်းကိုင်လိုက်ပြီးနောက် ရှေ့သို့ ပြင်းထန်စွာ တစ်ချက် ဝှေ့ယမ်း၍ ခုတ်ပိုင်းလိုက်သည်။

ဤဓားချက်မှာ ယခင်က ထုတ်လွှတ်ခဲ့သော အပြင်းထန်ဆုံး ဓားချက်များနှင့် နှိုင်းယှဉ်ပါက အဟုန်ချင်း မတူညီဘဲ မှေးမှိန်လွန်းလှသော်လည်း ၎င်းအတွင်း၌ ယင်နှင့်ယန် ပြောင်းလဲခြင်းသဘောတရားများ ကိန်းဝပ်နေကာ အရာအားလုံးကို ချေဖျက်ပစ်နိုင်စွမ်း ရှိသည်။

မှေးမှိန်လှသော ဓားအလင်းတန်းမှာ တဖျတ်ဖျတ် လင်းလက်သွားခဲ့ပြီး စွမ်းအား သိပ်မရှိပုံရသော်လည်း ပြေးဝင်လာကြသော အနက်ရောင် အမွေးအတောင် ပျံသန်းနိုင်သောဓားများသည် သူတို့၏ အနှစ်သာရ၊ ချီစွမ်းအင်၊ ဝိညာဉ်ဓာတ်များ လုံးဝ ဆုံးရှုံးသွားသကဲ့သို့ မြေပြင်ပေါ်သို့ တစ်စစီ ကြွေကျပျက်စီးသွားခဲ့ရပြီး မီးခိုးပြာရောင်အဖြစ် ပြောင်းလဲကာ ကွယ်ပျောက်သွားခဲ့ရတော့သည်။

“ဟွန်း”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟေးရှောင်ဇီက အေးစက်စက် နှာခေါင်းရှုံ့လိုက်ရာ သူ၏ ဦးခေါင်းထက်ရှိ အနက်ရောင် သရဲဇီးကွက်ကြီးမှာ စူးရှစွာ အော်ဟစ်လိုက်ပြီး အတောင်ပံများကို ဝှေ့ယမ်းလျက် ကောင်းကင်ပြင်ကြီးတစ်ခုလုံးကို ကောင်းကင်ဓားမကြီးအလား ဆွဲဖြဲပစ်ရန် ထိုးနှက်လာတော့သည်။

ဤတိုက်ကွက်မှာ လွန်စွာ ခက်ထန်ပြင်းထန်လွန်းလှသဖြင့် ကုယွမ်သည် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ကြောင်း ဆုံးဖြတ်လိုက်ပြီး ကိုယ့်ကိုကိုယ် ဓားနှင့်တစ်သားတည်း ပေါင်းစပ်လျက် လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

“ရှူး... ရှူး... ရှူး”

ထို့နောက် စိတ်အာရုံတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် နဂါးချုပ်ဗျူဟာ သံမဏိတိုင် ကိုးတိုင်စလုံး လေထဲသို့ ပျံတက်သွားခဲ့ပြီး နန်းတော်ကိုးခုဗျူဟာအခင်းအကျင်းအတိုင်း ဟေးရှောင်ဇီကို အလယ်တွင် ပြန်လည်ပိတ်ဆို့လိုက်တော့သည်။

“နဂါးချုပ်ဗျူဟာ... တကယ်ကို လည်ပတ်ကောက်ကျစ်တဲ့ ကောင်လေးပဲ”

ဟေးရှောင်ဇီ၏ မျက်နှာမှာ အလွန်ဆိုးရွားသွားခဲ့ရပြီး ကုယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ထိုမျှလောက်တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် ကုယွမ်တစ်ယောက် ဤအစီအရင် မှော်ရတနာကို စိတ်ကြိုက် သန့်စင်ကာ ထိန်းချုပ်နိုင်သွားပြီးသူကို ပြန်လည်တိုက်ခိုက်သည့် လက်နက်တစ်ခုအဖြစ် အသုံးချနိုင်လိမ့်မည်ဟု သူ ဘယ်လိုမှ ထင်မှတ်မထားခဲ့မိချေ။

ဤနဂါးချုပ်ဗျူဟာသည် ကုယွမ်၏ လက်ထဲရှိ စိမ်းပြာရောင် ဓားလိပ်ပြာကို လုယူရန်အတွက် သခင်လေးလျှူက အနောက်တောင်ကုန်းသရဲထံသို့ အထူးတလည် လွှဲအပ်ပေးလိုက်သော ဝှက်ဖဲတစ်ခုဖြစ်ကြောင်း သူ သေချာပေါက် သိရှိထားသည်။

ပိုမိုစိတ်ချသေချာစေရန်အတွက်သာ သူ့ကိုပါ တစ်ပါတည်း လိုက်ပါကူညီရန် စေလွှတ်ခဲ့ခြင်းပင်။

ဤအစီအရင်ဗျူဟာသည် ရန်သူကို ပိတ်ဆို့ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခြင်း သဘာဝများသာ ရှိသော်လည်း ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ပါက ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူကြီး အပြတ်အသတ်ကိုပင် အသာအယာ ပိတ်လှောင်ထားနိုင်စွမ်း ရှိသည်။

ယခုအခါ ၎င်းမှာ ကုယွမ်၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်ရာ အစီအရင်၏ စွမ်းအားတစ်ခုလုံးကို ရာနှုန်းပြည့် မထုတ်ဖော်နိုင်သေးလျှင်ပင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆမတန် မြှင့်တင်ပေးရန်အတွက်မူ လုံလောက်သည်။

အနက်ရောင် သရဲဇီးကွက်ကြီးသည် စူးရှစွာ အော်ဟစ်ညည်းတွားလျက် အတောင်ပံများကို တဖြတ်ဖြတ် ခတ်ခါကာ နဂါးချုပ်ဗျူဟာကို အတင်းအဓမ္မ ဖောက်ထွက်ရန် ကြိုးစားနေတော့သည်။

သို့သော်လည်း ယခင်က လောဘရမ္မက်သရဲ ထိန်းချုပ်ခဲ့စဉ်ကထက် ယခုကုယွမ် ထိန်းချုပ်မောင်းနှင်နေသော အစီအရင်ဗျူဟာမှာ လုံးဝ တခြားစီ ဖြစ်နေသည်။

အစစ်အမှန်သဖွယ် ထင်မှတ်ရသော သံကြိုးများသည် လေဟာနယ်ကို ဖြတ်သန်းလျက် ပတ်ဝန်းကျင်တစ်ခုလုံးကို ချုပ်နှောင်လိုက်ပြီး မူလချီစွမ်းအင်များကိုပါ ပိတ်ဆို့ကာ ဖြတ်တောက်လိုက်ကြသည်။

အစီအရင်၏ ဖိအားပေးနိုင်စွမ်းမှာ အနည်းဆုံး နှစ်ဆခန့် ပိုမိုပြင်းထန်လာခဲ့သည်။

သရဲဇီးကွက်ကြီး၏ တိုက်ကွက်များနှင့် စူးရှသော အော်ဟစ်သံများမှာ အစီအရင်၏ တားမြစ်ချက်စွမ်းအားများအကြား ပိတ်မိသွားခဲ့ရပြီး အလွှာလိုက် အားလျော့သွားခဲ့ရရာ ဆယ်ပုံပုံလျှင် သုံးပုံ၊ လေးပုံခန့်သာ ကျန်ရှိတော့သည်။

သို့သော်ငြားလည်း ထိုကျန်ရှိနေသေးသော သုံးလေးပုံခန့်သော စွမ်းအားမှာ ကုယွမ်အတွက် အန္တရာယ်ပေးနိုင်ဆဲပင်။

ဤအခြေအနေတွင် ကုယွမ်သည် ရန်သူအပေါ် ညှာတာထောက်ထားနေတော့မည် မဟုတ်ဘဲ ငွေရောင်နဂါးဓားကို မဆိုင်းမတွ ဝှေ့ယမ်းလျက် ဟေးရှောင်ဇီနှင့် အကြိတ်အနယ် စတင်တိုက်ခိုက်တော့သည်။

ငွေရောင်နဂါးဓားသည် ဆယ်ပေကျော် ရှည်လျားသော ငွေရောင်နဂါးကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်း၏ လက်သည်းများကို ဖြန့်ကျက်လျက် အနက်ရောင် သရဲဇီးကွက်ကြီးနှင့် ပြင်းထန်စွာ လုံးထွေးကာ သတ်ပုတ်ကြတော့သည်။

“ဝုန်း... ဒိန်း... ဝုန်း...”

ဟေးရှောင်ဇီ၏ ခန္ဓာကိုယ်တွင်း ကျင့်ကြံခြင်းဆေးတောင့်မှ ပြောင်းလဲလာသော သရဲဇီးကွက်ကြီးသည် မဟာစွမ်းအားများ ပြည့်နှက်နေသည်။ ၎င်း၏ အတောင်ပံတစ်ချက် ခတ်လိုက်ခြင်း သို့မဟုတ် နှုတ်သီးဖြင့် တစ်ချက် ဓားဆိတ်လိုက်ခြင်း တိုင်းတွင်ပင် အလွန်အမင်း ပြင်းထန်လှသော အရှိန်အဝါများ ပါဝင်နေသဖြင့် ငွေရောင်နဂါးကြီးကို အသာအယာ ဖိနှိပ်ထားနိုင်သည်။

သို့သော်လည်း ကုယွမ်၏ ထက်မြက်လှသော ဓားစိတ်ဆန္ဒအောက်၌ အသက်ဝင်လှုပ်ရှားနေသည့် ထိုငွေရောင်နဂါးကြီးမှာလည်း ခက်ထန်ကာ ရဲရင့်လှသည်။

၎င်းသည် တောင်တန်းများနှင့် မြစ်ချောင်းများကိုပင် ဖြိုခွင်းနိုင်မည့် အဟုန်ဖြင့် လှုပ်ရှားနေသည့်အပြင် အဆင့်မြင့်ဆုံး မှော်ရတနာအမျိုးအစား ဖြစ်သဖြင့် ဖိနှိပ်ခြင်းကို ခံနေရလျှင်ပင် စိုးစဉ်းမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ

နဂါးတစ်ကောင်နှင့် ဇီးကွက်တစ်ကောင်တို့၏ ပြင်းထန်လှသော တိုက်ပွဲကြောင့် ၎င်းတို့ ဖြတ်သန်းသွားရာ မြေပြင်တစ်ခုလုံးမှာ ချက်ချင်းပင် မြေစာပုံအတိ ဖြစ်သွားခဲ့ရသည်။

ထိုစဉ် ကွက်တိ၌ပင် ကုယွမ်က ကျယ်လောင်စွာ အော်ဟစ် ဆင့်ခေါ်လိုက်သည်

“အားဝူ... ရှောင်ချင်း... အောင်းကြီးနဲ့ ပါးစပ်ကြီး... မင်းတို့အားလုံး ထွက်လာပြီး တိုက်ခိုက်ကြစို့”

အားဟွမ်မှာမူ ရတနာရှာဖွေတတ်သော ကြွက်ငယ်လေးမျှသာ ဖြစ်ပြီး အလျင်အမြန် ပြေးလွှားနိုင်ခြင်းနှင့် ရတနာများကို အာရုံခံနိုင်ခြင်း သဘာဝသာ ရှိသဖြင့် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်ပေ

ဆေးဝိညာဉ်လေး ချိုင်ယွန်းအကြောင်းကိုမူ ပြောနေစရာပင် မလိုတော့ပေ။

ဘေးကင်းစေရန်အတွက် ကုယွမ်သည် ထိုဝိညာဉ်အိမ်မွေးတိရစ္ဆာန် နှစ်ကောင်ကို တိုက်ပွဲအတွင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့ချေ။

သို့သော်လည်း ကျန်ရှိနေသော အခင်းအကျင်းမှာပင် အလွန်အမင်း ခန့်ညားထည်ဝါသည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

အနည်းဆုံးတော့ ဟေးရှောင်ဇီတစ်ယောက် အားဝူ၊ ရှောင်ချင်း၊ ပါးစပ်ကြီးနှင့် အောင်းကြီးဟူသော ဝိညာဉ်အိမ်မွေးတိရစ္ဆာန် လေးကောင်ကို မြင်လိုက်ရချိန်တွင် ဆောက်တည်ရာမရ မှင်တက်သွားခဲ့ရပြီး မျက်လုံးအစုံပင် ပြူးထွက်မတတ် ဖြစ်သွားခဲ့ရသည်။

စိမ်းပြာရောင် ဓားလိပ်ပြာကိုတော့ ငါ မှတ်မိပေမဲ့... အခု မျက်စိရှေ့မှာ ငွေရောင်တဖျတ်ဖျတ် တောက်ပနေတဲ့ ကင်းခြေများကြီးကကျတော့... ဘာကြီးလဲ...

ဟေးရှောင်ဇီသည် ရွှေအမြုတေနယ်ပယ်ရှိ မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦး ဖြစ်သည့်အားလျော်စွာ လျှူကွမ်း၏ လက်အောက်သို့ မဝင်ရောက်မီကပင် အသက် ခုနစ်ရာ၊ ရှစ်ရာခန့် ရှင်သန်ခဲ့သူဖြစ်၍ အမြင်ကျယ်ပြီး ဗဟုသုတ ကြွယ်ဝလှသည်။

သူ့အမြင်အရ ဤကင်းခြေများမှာ သေချာပေါက် ရှားပါးလှသော မိစ္ဆာအင်းဆက်မျိုးစိတ်တစ်ခု ဖြစ်သည့် ငွေကျောကင်းခြေများဖြစ်ပြီး ၎င်း၏ အစွမ်းထက်မှုမှာ စိမ်းပြာရောင် ဓားလိပ်ပြာထက် နည်းနည်းမှ လျော့နည်းမည်မဟုတ်ချေ။

ထို့တင်မကသေးဘဲ ထိုနက်မှောင်သော ရွှေရောင်မြွေကြီးနှင့် ကတ္တရာစေးကဲ့သို့ နက်မှောင်လှသော လိပ်ကြီးတို့သည်လည်း သူ့ကို အလားအလာ အလွန်အမင်း ကြီးမားလှသော ဝိညာဉ်မိစ္ဆာသတ္တဝါများ ဖြစ်ကြောင်း ထင်ရှားစွာ အာရုံခံမိစေသည်။

ဤအခြေအနေကြောင့် ဟေးရှောင်ဇီမှာ ထိတ်လန့်ဒေါသထွက်ရုံတင်မကဘဲ ရင်ထဲ၌ လောဘရမ္မက်များလည်း တားမနိုင်ဆီးမရ ပေါ်ပေါက်လာခဲ့ရသည်။

သူကိုယ်တိုင်လည်း မိစ္ဆာမျိုးနွယ်စုဝင် ဖြစ်သည့်အပြင် သူ၏ခန္ဓာကိုယ်မှာ ထူးခြားဆန်းပြားသော သရဲငှက်တစ်မျိုးနှင့် ရှားပါးမိစ္ဆာသတ္တဝါ ဖြစ်သည့် အနက်ရောင် သရဲဇီးကွက် ဖြစ်သည်။

မိစ္ဆာမျိုးနွယ်စုများအကြားတွင် တိုက်ခိုက်ရေးစွမ်းရည် တင်မကဘဲ သွေးမျိုးဆက်၏ မြင့်မြတ်မှုကိုလည်း အလွန်အမင်း တန်ဖိုးထားကြသည်။

ဥပမာအားဖြင့် နဂါးအစစ်အမှန်မျိုးနွယ်၊ မြေခွေးနတ်မျိုးနွယ်နှင့် စိမ်းပြာရောင်ငှက်မျိုးနွယ်တို့မှာ မိစ္ဆာလောက၏ ဘုရင်ခံ မင်းစိုးရာဇာများ ဖြစ်ကြသည်။

သဘာဝကျစွာပင် နဂါးအစစ်အမှန်မျိုးနွယ်စုများသည် သူတို့ကိုယ်သူတို့ မိစ္ဆာများဟု မည်သည့်အခါမျှ သတ်မှတ်ခြင်းမရှိကြဘဲ မိစ္ဆာမျိုးနွယ်များနှင့် သီးခြားစီ ခွဲထွက်လျက် မြင့်မြတ်သောအဆင့်အတန်းတွင် ကိန်းဝပ်နေကြခြင်းပင်။

အကယ်၍ မိစ္ဆာတစ်ကောင်က ရှေးဟောင်းသွေးမျိုးဆက် အနည်းငယ်မျှ ပါဝင်နေခြင်း သို့မဟုတ် ထူးခြားဆန်းပြားသော သဘာဝပြောင်းလဲမှုတစ်ခု ရှိနေခြင်းမျိုး ဆိုပါက ၎င်း၏ အဆင့်အတန်းမှာ အလိုအလျောက် မြင့်မားသွားမည်ပင်။

ဟေးရှောင်ဇီသည် သူ၏ ထူးခြားလှသော သွေးမျိုးဆက်နှင့် မျိုးနွယ်စုကို အမြဲတစေ ဂုဏ်ယူဝင့်ကြွားနေခဲ့သော်လည်း ယခုသူ့ရှေ့မှောက်ရှိ ဝိညာဉ်အိမ်မွေးတိရစ္ဆာန် လေးကောင်နှင့် နှိုင်းယှဉ်ပါက စိမ်းပြာရောင် ဓားလိပ်ပြာနှင့် ငွေကျောကင်းခြေများတို့ကို ခေတ္တချန်ထားလျှင်ပင် ထိုနက်မှောင်လှသော လိပ်ကြီးတစ်ကောင်တည်း၏ သွေးမျိုးဆက်ကပင် သူ့ထက် များစွာ ပိုမိုမြင့်မားပြီး အစွမ်းထက်နေချေပြီ ဖြစ်သည်။

All Chapters