← Chapters

အခန်း ၄၁၅

Vol. 42 Ch. 415

အခန်း ၄၁၅

Vol. 42 Ch. 415

အခန်း။ ၄၁၅

ပထမမျိုးဆက် ဆီးနှင်းနတ်ဆိုးဘုရင်မ၏ သားဖြစ်သူ အထွတ်အထိပ်အဆင့်ရှိ ဒုတိယမျိုးဆက် ဆီးနှင်းနတ်ဆိုးဘုရင်မှာ ရေခဲမြေပြင်၏ အစွမ်းကို အသုံးချနိုင်ခြင်းကြောင့် ထာဝရအသက်ရှည်ခြင်းအဆင့်၏ အနှစ်သာရအချို့ကို ပိုင်ဆိုင်ထားပြီး အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသူ ဖြစ်သည်။

သို့သော် ထိုသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်ကြီးပင်လျှင် ဤ ရေခဲမြေပြင်မှ ထွက်ခွာနိုင်ခြင်း မရှိခဲ့ပေ။

တုနှိုင်းမဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားတာတောင်မှ ထုတ်သုံးခွင့် မရှိဘဲ ရေခဲမြေပြင်ဆိုတဲ့ လှောင်အိမ်ကြီးထဲမှာ ပိတ်လှောင်ခံထားရတာက ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်မလဲ...

"ကလေး... မင်း သဘောပေါက်သွားပြီ မဟုတ်လား"

ချန်ကျီရှင်း၏ မျက်လုံးထဲမှ သနားဂရုဏာစိတ်ကို ခံစားမိလိုက်သည့် ဒုတိယမျိုးဆက် ဆီးနှင်းနတ်ဆိုးဘုရင်သည် ချန်ကျီရှင်းကို ကြည့်ကာ ပြုံးလျက် ခေါင်းခါပြလိုက်သည်။

"တကယ်တော့ ဒါက ဒီလောက်လည်း ဆိုးရွားတာမျိုး မဟုတ်ပါဘူး။ ငါ ငယ်ငယ်တုန်းကတော့ ဒီရေခဲပြင်ကနေ ထွက်သွားဖို့ ရည်မှန်းချက်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသက်ကြီးလာပြီး ငါသိကျွမ်းတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားတဲ့အခါမှာတော့ ငါ့ရဲ့ စိတ်နေစိတ်ထားက တဖြည်းဖြည်း တည်ငြိမ်လာခဲ့တယ်။ အပြင်လောကကိုလည်း အခုတော့ မတောင့်တတော့ပါဘူး"

"ဘာကြောင့်လဲ"

ချန်ကျီရှင်းသည် ထိုသို့သော အမြင့်ဆုံးအဆင့် ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မညီညွတ်ဘူးဟု ခံစားမိသည်။

"ကလေး... ဒီလောကမှာ ဘာကြောင့်လဲဆိုတဲ့ အမေးတွေ ဒီလောက် မများပါဘူး။ ငါ့အတွက်တော့ ဒီလောကဆိုတာ ဒီ ရေခဲမြေပြင်ပါပဲ။ ငါချစ်ခင်ရတဲ့သူတွေ မရှိတော့တဲ့အခါ ဒီရေခဲပြင်ကြီးက ငါ စိတ်အေးချမ်းသာစွာနဲ့ နေထိုင်နိုင်တဲ့ တစ်နေရာတည်းသော နေရာပဲ ဖြစ်လာတယ်"

စိတ်တည်ငြိမ်ခြက်းဆိုတာက အိမ်နဲ့ တူတယ်။

ဒါက ရိုးရှင်းတဲ့ ဒဿနတစ်ခုပါပဲ။

အဘိုးအိုသည် ပြုံးလျက် ချန်ကျီရှင်း၏ သံသယကို ဖြေရှင်းပေးလိုက်ပြီး လူငယ်လေး၏ သဘောပေါက်နားလည်သွားသည့် မျက်နှာကို ကြည့်ကာ မျက်လုံးများထဲတွင် ချီးကျူးသည့် အရိပ်အယောင်များ ပေါ်လာသည်။

"အမှန်တရားကို သိပြီးတဲ့နောက်မှာလည်း မင်း ဆက်လုပ်ဦးမှာလား"

"ဟုတ်တာပေါ့။ ကျွန်တော်က အဘိုးနဲ့ မတူဘူး။ ကျွန်တော်က ငယ်သေးတယ်။ အပြင်မှာ ချစ်ခင်မြတ်နိုးရမယ့် လူတွေနဲ့ အရာတွေ အများကြီး ကျန်နေသေးတယ်။ အဘိုးလိုမျိုး ဒီနေရာမှာ ကျွန်တော် ဆက်မနေနိုင်ဘူး။ ကျွန်တော် ထွက်သွားရုံတင်မကဘဲ ကျွန်တော့်အမေကိုပါ ခေါ်သွားမှာ"

ချန်ကျီရှင်းက ပြတ်သားစွာ ပြောလိုက်သည်။

"အဲ့ဒီလိုလား ကလေး... ရှေ့ဆက်ရမယ့် လမ်းက လွယ်ကူမှာ မဟုတ်ဘူး။ သေချာပြင်ဆင်ထားပါ"

အဘိုးအိုသည် တားဆီးခြင်းမပြုဘဲ ခေါင်းညိတ်လိုက်ပြီး သူ၏လက်စွပ်ထဲမှ စိမ်းလန်းသော အစို့အနားလေးတစ်ခုကို ထုတ်ယူကာ ချန်ကျီရှင်းအား ပေးလိုက်သည်။

"ကဲ... ဒါကို ယူသွားပါ။ ဒါက ရေခဲကျောက်ရတနာပင်က အစို့အနားလေးပဲ။ မင်းအတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်ကောင်းဖြစ်လိမ့်မယ်"

ရေခဲကျောက်ရတနာပင်၏ အစို့အနားသည် ကျင့်ကြံခြင်းကို တိုးတက်စေနိုင်သည့် အဖိုးတန်ပစ္စည်းတစ်ခုဖြစ်ပြီး ချန်ကျီရှင်း အရင်က ရရှိခဲ့သည့် အဇူရာဆီးနှင်းနတ်ဘုရားကျောက်တုံးထက်ပင် ပို၍ တန်ဖိုးကြီးမားသည်။

ချန်ကျီရှင်းက ၎င်းကို လက်ခံလိုက်သည်ကို မြင်သောအခါ အဘိုးအိုက ပြုံးကာ ချန်ကျီရှင်း၏ ပုခုံးကို ပုတ်လိုက်သည်။

"ကလေး... မှတ်ထားပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘာပဲ ကြုံတွေ့ရပါစေ... မင်း စိတ်မအေးချမ်းဘူးလို့ ခံစားရတဲ့အခါတိုင်း ဒီနေရာကို ပြန်လာနိုင်ပါတယ်။... ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ အိမ်ပဲလေ"

ချန်ကျီရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူ့ရှေ့တွင် ရှိနေသည့် ထာဝရအသက်ရှည်ခြင်းအဆင့်အောက်တွင် တုနှိုင်းမဲ့သော အဘိုးအို၏ ကတိစကားဖြစ်ကြောင်း သူသိသည်။

အကယ်၍ အနာဂတ်တွင် မကျော်လွှားနိုင်သည့် အခက်အခဲနှင့် ကြုံတွေ့ရပါက ဤအဘိုးအိုထံမှ အကာအကွယ်ရရန် ရေခဲမြေပြင်သို့ ပြန်လာနိုင်သည်။

ထာဝရအသက်ရှည်ခြင်းအဆင့်သို့ နီးကပ်နေသည့် ကျွမ်းကျင်သူတစ်ဦး၏ အကာအကွယ်

ဒုတိယမြောက်ခန်းမဆောင် ပြိုကျမသွားသည်ကို မြင်ရသောအခါ ဆီးနှင်းနတ်ဆိုးဘုရင်မသည် သက်ပြင်းချနိုင်ခဲ့သည်။

သူမသည် ချန်ကျီရှင်းအနေဖြင့် ဒုတိယမြောက်နယ်မြေတွင် ဘိုးဘေးနှင့် ပဋိပက္ခဖြစ်မည်ကို အမှန်တကယ်ပင် စိုးရိမ်နေခဲ့ခြင်းပင်။

ဆီးနှင်းနတ်ဆိုးဘုရင်မသည် ဒုတိယမျိုးဆက် ဘိုးဘေးအပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိသော်လည်း ချန်ကျီရှင်းမှာ ထာဝရအသက်ရှည်ခြင်းအဆင့်လက်နက်နှစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။

အကယ်၍ ထိုနှစ်ဦးကြား တိုက်ခိုက်မှုဖြစ်ပွားပါက ခဏတာမျှပင်ဖြစ်စေ ဒုတိယမြောက်ခန်းမဆောင်တွင် နေထိုင်နေကြသော ဆီးနှင်းနတ်ဆိုးမျိုးနွယ်စုဝင်များထဲမှ အသက်ရှင်နိုင်သူ နည်းပါးမည်ပင်။

ယခုမူ ချန်ကျီရှင်းသည် ဒုတိယမြောက်ခန်းမဆောင်မှ အောင်မြင်စွာ ထွက်ပေါ်လာပြီဖြစ်ရာ ၎င်းမှာ အလွန်ပင် ဝမ်းမြောက်ဖွယ်ရာ ရလဒ်ပင်။

"ဒီကလေး ဘာတွေ နားလည်သဘောပေါက်သွားမလဲဆိုတာတော့ မသိဘူး"

ဆီးနှင်းနတ်ဆိုးဘုရင်မသည် ရေရွတ်လိုက်မိသည်။

လက်ရှိ ဆီးနှင်းနတ်ဆိုးဘုရင်မတစ်ဦးအနေဖြင့် သူမတွင် ရှေးဟောင်းနယ်မြေဆိုင်ရာ အခွင့်အရေးအချို့ ရှိသည်။

ထိုအခွင့်အရေးများမရှိလျှင် သူမ၏သမီး ယင်ရွှမ်းရွှမ်းကို ရေခဲမြေပြင်မှ အပြင်သို့ စေလွှတ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဆီးနှင်းနတ်ဆိုးမျိုးနွယ်စု၏ နောက်ကွယ်တွင် ဝှက်ထားသည့် လျှို့ဝှက်ချက်များစွာကို သူမ သိရှိသည်။

အမွေခံမြေထဲသို့ ဝင်ရောက်သွားပြီး ပြန်မထွက်လာကြသည့် ဆီးနှင်းနတ်ဆိုးများမှာ အပြင်လူများ ထင်နေသလို သေဆုံးသွားခြင်း မဟုတ်ပေ။

သူတို့သည် ဘိုးဘေးများ ဖန်တီးထားသည့် အပြင်လောကပုံစံ လျှို့ဝှက်နယ်မြေတွင် နေထိုင်ရန် ရွေးချယ်သွားကြပြီး ဆီးနှင်းနတ်ဆိုးမျိုးနွယ်စု၏ မသိနားမလည်သော အမွေဆက်ခံသူများ ဖြစ်သွားကြခြင်းသာ ဖြစ်သည်။

အဆုံးမှာတော့ အဲဒီလျှို့ဝှက်နယ်မြေက အပြင်လောကရဲ့ အရာအားလုံးကို ပုံတူကူးထားတာမို့ အပြင်မှာ နေထိုင်ရသလိုမျိုးပါပဲ။

စိတ်ကူးယဉ်သက်သက်ပဲ ဆိုရင်တောင်မှပေါ့...

ဒါကြောင့်မို့လို့... ဒီအမှန်တရားအားလုံးကို သိသွားခဲ့တဲ့ ချန်ကျီရှင်းက ဘာကို ရွေးချယ်သွားမှာလဲ...

"အမေ... အမေ ခုနက ပြောလိုက်တာက..."

ချန်ကျီရှင်း ဒုတိယမြောက်ခန်းမဆောင်မှ ထွက်လာသည်ကို မြင်လျှင် ယင်ရွှမ်းရွှမ်းသည် သူမ၏မိခင်ကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"ကိစ္စမရှိပါဘူး။ အရာအားလုံးက ဒီကလေးရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်ပါတယ်"

ဆီးနှင်းနတ်ဆိုးဘုရင်မသည် အသေးစိတ် ရှင်းမပြခဲ့ပေ။

ဆီးနှင်းနတ်ဆိုးမျိုးနွယ်စု၏ အတွင်းရေးများမှာ သူမ၏သမီး သိသင့်သည့် အရာများ မဟုတ်သေးပေ။

အနည်းဆုံးတော့ သူမ ဆီးနှင်းနတ်ဆိုးဘုရင်မအဖြစ် ရှိနေသရွေ့ သူမ၏သမီးကို ဤရက်စက်သော အမှန်တရားအား သိစေချင်စိတ် မရှိသေးပေ။

"ကြည့်စမ်း အဲဒီကလေးက တတိယမြောက် ခန်းမဆောင်ဆီကို ထပ်သွားနေပြန်ပြီ"

"သူ တတိယမြောက် စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ပါ့မလား"

"အဘိုးအိုတွေရဲ့ ပြောစကားအရဆိုရင် အမွေခံမြေထဲကို ဝင်သွားတဲ့ ဆီးနှင်းနတ်ဆိုးတွေထဲမှာ တတိယမြောက် စမ်းသပ်ချက်ကို အောင်မြင်သူက တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ အဲဒီ တတိယမြောက် စမ်းသပ်ချက်ထဲမှာ အရမ်းကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ရှိတယ်။ ငါတို့ လုံးဝ မယှဉ်ပြိုင်နိုင်တဲ့ အရာတွေပါ"

"လီရွှမ်း အထဲမှာ တကယ်ပဲ ဘာတွေရှိနေတာလဲ"

"ငါလည်း မသိဘူး"

"မင်းတောင် မသိဘူးလား"

"ဟုတ်တယ်။ ကြားဖူးနားဝပဲ ရှိတာ။ အမွေခံမြေရဲ့ တတိယမြောက် စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်တဲ့ ဆီးနှင်းနတ်ဆိုးတိုင်းက ငါတို့ မျိုးနွယ်စုရဲ့ ထင်ရှားသူတွေပဲ။ ငါတို့ မျိုးနွယ်စုခေါင်းဆောင် အများစုတောင် တတိယမြောက် စမ်းသပ်ချက်ကို အောင်မြင်ထားကြတာ။ ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့အတွက် အခြေခံအချက်က ရေခဲပြင်ရဲ့ တတိယမြောက် စမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ပဲ"

"အခုလက်ရှိ ခေါင်းဆောင်ကလည်း အောင်မြင်ထားတာလား"

"ဟုတ်တယ်"

"ဒါဆိုရင်... နေဦး လီရွှမ်း မင်းပြောတဲ့အတိုင်းဆိုရင် ဒီအပြင်လူက တတိယမြောက် စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ရင် သူက ဆီးနှင်းနတ်ဆိုးမျိုးနွယ်စုရဲ့ ခေါင်းဆောင်၊ ဆီးနှင်းနတ်ဆိုးဘုရင်သစ် ဖြစ်မလာဘူးလား"

"ဘိုးဘေးက ဒီအပြင်လူကို ခေါင်းဆောင်နေရာ ပေးဖို့ ရည်ရွယ်ချက်နဲ့ အမွေခံမြေထဲကို လွှတ်လိုက်တာလား"

"ဘာပဲဖြစ်ဖြစ် သူက ရွှမ်းရွှမ်းရဲ့သားပဲ။ အပြင်လူဖြစ်ပေမဲ့ ဘိုးဘေးရဲ့ မြေးတစ်ယောက်ပဲ မဟုတ်လား လီရွှမ်း"

လီရွှမ်းသည် တိတ်ဆိတ်နေပြီး စိတ်ထဲမှသာ ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်သည်။

အကယ်၍ ရွှမ်းရွှမ်းရဲ့သားသာ ဆီးနှင်းနတ်ဆိုးဘုရင်သစ် ဖြစ်လာခဲ့ရင် ဆီးနှင်းနတ်ဆိုးမျိုးနွယ်စုအတွက်တော့ ဒါက တကယ်ပဲ ကောင်းတဲ့အရာ ဖြစ်လာနိုင်ပါ့မလား...

All Chapters